နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Friday, April 21, 2017

စီးပွားကူးသန်း ပြည်ထောင်စု ဒုဝန်ကြီးကို လိုအပ်ချက်အရ ခန့်အပ်ဟု ဦးဝင်းထိန်ပြော




စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနရဲ့ ပြည်ထောင်စု ဒုတိယ ဝန်ကြီး အဖြစ် ဦးအောင်ထူးကို သမ္မတ ဦးထင်ကျော်က ခန့်အပ် တာဝန်ပေး လိုက်တဲ့ အကြောင်း နိုင်ငံတော် သမ္မတ ရုံးက ဧပြီလ ၁၉ ရက်နေ့မှာ အမိန့် ထုတ်ပြန် ပါတယ်။

စီးပွားကူးသန်း ပြည်ထောင်စု ဒုဝန်ကြီး အဖြစ် ခန့်အပ် ခံရသူဟာ အင်ဒိုနီးရှား နိင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဟောင်း တဦး ဖြစ်တယ်လို့ သိရပါတယ်။

ဒုတိယ ဝန်ကြီးတွေ ခန့်အပ် ရာမှာ ဝန်ကြီး ဌာနရဲ့ လိုအပ်ချက် အရ ခန့်အပ်တာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

“ဒုဝန်ကြီးက လိုအပ်ချက်အရပဲ ခန့်ပါတယ်။ လိုအပ်ချက်ဆိုတာ သက်ဆိုင်ရာ ဝန်ကြီးတွေက သူတို့လုပ်တဲ့နေရာမှာ ဒုဝန်ကြီးလိုပါတယ်ဆိုတာကို ဒေါ်အောင်ဆန်း စုကြည်ကို တင်ပြမယ်။ တင်ပြတဲ့ အခါမှာ ရွေးပြီးတော့ အဆင်ပြေ သလို ခန့်တာပေါ့။ လုပ်ငန်းများတယ်၊

ဥပမာ – ဒေါက်တာအောင်သူဆို စိုက်ပျိုးရေးရော၊ မွေးမြူရေးရော၊ ဆည်မြောင်းရော အင်မတန်ကျယ်ပြန့်တယ်။ နောက် စွမ်းအင်တို့ လျှပ်စစ်တို့ဆိုလည်း များတဲ့ အခါကျတော့၊ လုပ်ငန်းများတယ်ဆိုတာ အဲဒါကိုပြောတာ။ မနိုင်နင်းဘူးပေါ့။ အဲတော့ ဝန်ကြီးတွေက လိုအပ်တယ်ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြ၊ ဒေါ်အောင်ဆန်းစုကြည်က ဒီလူ အရည်အချင်း ရှိတယ်၊ အကျင့် စာရိတ္တကောင်းတယ်၊ နောက်ပြီးတော့ ဝန်ကြီးနဲ့ ပြေလည်မယ် ဆိုရင်တော့ ခန့်တာ သူ ခန့်တာပေါ့။”

သမ္မတ ဦးထင်ကျော် ခေါင်းဆောင်တဲ့ အစိုးရ အဖွဲ့ စတင် ဖွဲ့စည်း စဉ်က နိုင်ငံဘဏ္ဍာငွေ ချွေတာတဲ့ အနေနဲ့ ဒုဝန်ကြီးတွေကို မခန့်အပ်ဘူးလို့ ပြောထားတာ ဖြစ်ပေမယ့် အခု ခန့်အပ် လိုက်တဲ့ ဒုဝန်ကြီးနဲ့ပါ ဆိုရင် မြန်မာအစိုးရ အဖွဲ့ထဲမှာ ပြည်ထောင်စု ဒုဝန်ကြီး ၁၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

From : ဒီဗွီဘီ by နေဖြိုးဝင်း

Originally published at - http://burmese.dvb.no/archives/202395

No comments:

smy909@gmail.com