နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Thursday, April 27, 2017

ဆရာမ မညာနဲ့နော်




လွန်ခဲ့တဲ့ သုံးလေး ရက်က ပုသိမ်မြို့မှာ rape case တစ်ခု ဖြစ်သွားတာ မြို့သူ မြို့သားတွေ သိကြပါတယ် ကောင်မလေးက ၁၁နှစ် လောက်ပဲ ရှိပါသေးတယ် တရားခံ ကိုလည်း မိထား ပါတယ် ပုသိမ်မြို့မ ရဲစခန်း စခန်းမှုးက ကလေးမလေး အတွက်အန္တရယ် ဖြစ်မှာ စိုးတာကြောင့် ကျမတို့ ဆီမှာ ခေါ်ယူစောင့်ရှောက် ပေးဖို့ ပြောပါတယ်။

အဲ့ဒါနဲ့ကလေးမလေး ရဲစခန်းမှာ ပေးထားတဲ့ လိပ်စာ အတိုင်း သွားရှာပါတယ် ဒါပေမဲ့ အဲ့ဒီ နေရာမှာ မရှိပါဘူး ကျမလည်း အဆင့်ဆင့် စုံစမ်းရင်းနဲ့ လိုက်ရှာတဲ့ အခါ မမျော်လင့် ထားတာတွေ တွေ့ရပါတယ်။

ကလေးလေးဟာမှိုင်တွေနေမလား ကျန်းမာရေးကော ဘယ်လိုရှိမလဲ ကြောက်နေ မှာလား လူတွေကို ရှက်နေ မှာလား လားပေါင်းစုံနဲ့ပေါ့၊ ကမ်းနား လမ်းက ရေဆင်းတန်စောင်းရှေ့မှာ ကော်ဗူး ကိုယ်စီနဲ့ ကလေးတစ်စုကို သွားတွေ့ပါတယ်။

သူတို့ အုပ်စုထဲက များလား ဆိုပြီး လှမ်းခေါ် မေးကြည့်တော့ ကောင်မလေး တစ်ယောက်က ရဲရဲတင်းတင်းပဲ ဟုတ်တယ် ဆိုပြီး ထွက်လာ ပါတယ်။ သူ့ကို ကြည့်ရတာ အေးအေး ဆေးဆေးပါပဲ ဘာပြသနာမှ မရှိခဲ့သလိုမျိုး အဲ့ဒီ အချိန်မှာပဲ ကောင်လေး တစ်ယောက်က သူ့လက်ကို လာဆွဲပါတယ်။

ဟဲ့ ငါဟိုကိစ္စ ပြောနေတာ ဆိုပြီး ကျမဘက်ကို ပြန်လှည့် လာတယ် အဲ့ဒါ သူ့ယောက်ကျားပါတဲ့ ဘုရားတဖို့တောင် မလုံလောက် ပါဘူး နှစ်ယောက် စလုံး သေရော ကျေရော ဆယ်နှစ် ဝန်းကျင်ပါပဲ။ ကျမမြင်ရသလောက် အပျိုမဖြစ်လောက် သေးပါဘူး။

အဲ့ဒီနားက ဈေးသည်တွေ ဆိုက်ကား ဆရာတွေရဲ့ အပြောအရဆို အဲ့ဒါမျိုးတွေ အဲ့ဒီ ကမ်းနား တစ်လျှောက် အများကြီးပဲတဲ့ သူတို့ အုပ်စုထဲက ကလေးလေး တစ်ယောက်ဆို ကျမရှေ့မှာပဲ ကော်ဗူးကို ရှုလိုက် ကျန်လက် တစ်ဘက်နဲ့ ဆေးပေါ့လိပ်ကို ဖွာလိုက် လုပ်နေရင်း ကျမကို ပြောပါတယ်။

ဆရာမ သားကို ခေါ်သွား ပါလား တဲ့

သေချာပါတယ် အဲ့ဒီ ကလေးက ၁၀နှစ် မကျော်သေး ပါဘူး

ကျမက ခုချက်ချင်း ခေါ်သွားဖို့က မဖြစ်နိုင်သေးဘူးလေ

ခုလက်ရှိ ကျမ စောင့်ရှောက် ထားတဲ့ ကလေးတွေနဲ့ type ချင်းမတူဘူး၊ ပီးတော့ အဲ့ဒီ ကလေး တစ်ယောက်ထဲ မဟုတ်ပဲ အဲ့ဒီ နေရာက ကလေးတွေ အားလုံး အတွက် ကျမ စဉ်းစား ပါတယ်။ နောက်တော့ လာခေါ်မှာပေါ့လို့ ပြောတော့

တကယ်နော်တဲ့

ဘယ်နှစ်ရက် စောင့်ရမလဲတဲ့ ပြီးတော့ကျမ ပြန်ခါနီး သူထပ်ပြောတယ်။

ဆရာမ မညာနဲ့ နော်တဲ့

သူ့ အမူ အရာနဲ့ သူ့စကားသံ ကျမ စိတ်ထဲမှာ ဖျောက်မရပါဘူး

ပုသိမ်သူ ပုသိမ်သား အပေါင်းတို့

လူဆိုးတွေ အလုံး အရင်းနဲ့ ထွက်ပေါ် လာမှာကို လစ်လျူ မရှုကြပါနဲ့

မီးရောင်စုံ ထိန်လင်းပြီး ဧည့်သည်လာရင် မဖြစ်မနေ လိုက်ပို့ ကြတဲ့ ပုသိမ်ရဲ့အထင်ကရ ရေပေါ်ဈေး အောက်တည့်တည့်က ဂလိုင် ဖြစ်နေတဲ့ နေရာမှာ အဲ့ဒီ ကလေးတွေ အလုံးအရင်း ရှိနေပါတယ်။

sex ဆိုတာ အဲ့ဒီ နေရာမှာ ထမင်းစား ရေသောက်ပါပဲ။

မည်သူ တစ်ဦး တစ်ယောက် ကမှ စိတ်မဝင်စားဖူး ဆိုရင်တောင် ကျမ သူတို့ကို စဉ်းစားနေပါပြီ။

တစ်ချိန်ချိန်မှာ မရရအောင် ကျမသွားခေါ်မှာပါ။

သူတို့ကို စောင့်ရှောက်ဖို့ လိုအပ်တာတွေ ဖြည့်ဆည်းပြီးရင် ခေါ်မှာပါ။

ဆရာမ မညာဘူး ဆိုပေမဲ့ နဲနဲလေးတော့ကြာမှာပေါ့။

တာဝန်ရှိသူများရဲ့ ပံ့ပိုးမှု ရခဲ့ရင်တော့ မြန်နိုင် ပါတယ်။

ဆရာမ မညာပါဘူးကွယ်။

Ngwekyawl Sin

From : Ngwekyawl Sin

Originally published at - https://www.facebook.com/ngwekyawl.sin?ref=br_rs

No comments:

smy909@gmail.com