နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Friday, May 05, 2017

သံမဏိနှင်းဆီ လူသတ်မှုမှ ဖမ်းဆီးထားသူ သုံးဦးကို ရုံးထုတ်




ရန်ကုန်၊ မေ ၎

ပုဇွန်တောင် မြို့နယ်ရှိ သံမဏိ နှင်းဆီ ဂျာနယ်တိုက် ရုံးခန်းတွင် ဂျာနယ် ထုတ်ဝေသူ ကိုဝေယံဟိန်း ဓားဖြင့် ဆင့်ထိုး အသတ်ခံ ရမှုမှ ဖမ်းဆီး ထားသည့် သုံးဦးကို မေလ ၄ ရက်နေ့က ပုဇွန်တောင် မြို့နယ် တရားရုံးတွင် ဒုတိယ အကြိမ်မြောက် ရုံးထုတ်ပြီး ချုပ်ရမန် ယူခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဒီနေ့ရုံးထုတ် ချုပ်ရမန် ယူတယ်၊ လာမယ့် ၁၈ ရက်နေ့ကျ အရှေ့ပိုင်း ခရိုင် တရားရုံးမှာ တရား စစွဲဆိုမယ်၊ တရားစွဲဆို တင်ဖို့ အတွက် ဥပဒေ ဘက်က အကြံပြုချက် စောင့်နေတယ်” ဟု ရဲအရာရှိက ပြောသည်။

မင်္ဂလာတောင်ညွန့် မြို့နယ်တွင် နေထိုင်သည့် အောင်ကိုကိုနှင့် ၎င်း၏ ဇနီး၊ ပြစ်မှု ကျူးလွန် ရာတွင် ပါဝင်ခဲ့သည်ဟုဆိုသော တာမွေမြို့နယ်တွင် နေထိုင်သူ ပြည့်သူနိုင် (ခ) ဘုရားပွဲ (ခ) ဖြိုးသော်တို့ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့် ဖမ်းဆီး စစ်ဆေး နေခြင်း ဖြစ်သည်။

“အမျိုးသမီးက လူသတ်မှု ဖြစ်စဉ်မှာ မပါခဲ့ ပေမယ့် သုံးယောက် လုံးကို ပုဒ်မ ၃၀၂/၁၁၄ နဲ့ လက်ရှိ အမှုဖွင့် ထားတယ်။ တရားစွဲ တင်မယ့် နေ့ကျမှ ဥပဒေ အကြံပြုချက် အရ သူ့ကို ပြန်လွှတ် မလွှတ်ဆိုတာ သိရမယ်” ဟု ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိက ပြောသည်။

ဖမ်းဆီးထားသည့် အောင်ကိုကိုနှင့် ၎င်း၏ သူငယ်ချင်း ပြည့်သူနိုင် (ခ) ဘုရားပွဲ (ခ) ဖြိုးသော်တို့မှာ ဧပြီလ ၁၄ ရက် (သင်္ကြန် အကျနေ့) က ပုဇွန်တောင် မြို့နယ်ရှိ သံမဏိနှင်းဆီ ဂျာနယ်တိုက် ရုံးခန်းတွင် ဂျာနယ် ထုတ်ဝေသူ အသက် ၂၇ နှစ် အရွယ် ကိုဝေယံဟိန်းကို ဓားဖြင့် အချက်ပေါင်း များစွာ ဆင့်ထိုး သတ်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ချက် အရ ရဲတပ်ဖွဲ့က သိရသည်။

လူသတ်မှု စွပ်စွဲခံရသည့် အသက် ၃၁ နှစ်အရွယ် နိုင်ငံခြားသင်္ဘောသား အောင်ကိုကိုမှာ ၎င်း၏ ဇနီးနှင့် လူမှုရေး ဖောက်ပြန်နေ သည်ဟု ဆိုသော ကိုဝေယံဟိန်းကို သတ်ပြီးနောက် ဇနီးနှင့် လေးနှစ် အရွယ် သားဖြစ်သူကို ခေါ်ဆောင်ပြီး ပြင်ဦးလွင်မြို့နယ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့စဉ် ဧပြီလ ၁၉ ရက် ညနေပိုင်းက ဖမ်းဆီး ခံရခြင်း ဖြစ်သည်။

ယင်းလူသတ်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် အခင်းဖြစ်စဉ် ဂျာနယ်တိုက် ရုံးခန်းရှိ စားပွဲပေါ်မှ ဓားဖြင့် သေဆုံးသူမှာ ထိုးသွင်း အသတ်ခံရကြောင်းနှင့် ထိုးသွင်းဒဏ်ရာ ဖော်ပြမှုတို့မှာ လွဲမှားမှုများ ရှိနေကြောင်း ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းက သေဆုံးသူ ကိုဝေယံဟိန်း၏ မိသားစုဝင်များက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လစဉ် လူသတ်မှု ၁၀ မှုနီးပါး ဖြစ်ပွားခဲ့ရာမှ မဟာ သင်္ကြန်ကာလ ဧပြီလတွင် သံမဏိနှင်းဆီ ဂျာနယ်တိုက် ထုတ်ဝေသူ အသတ်ခံ ရမှု အပါအဝင် လူသတ်မှုပေါင်း ၂၀ မှု စံချိန်တင် ဖြစ်ပွား ခဲ့သည်။

From : The Vice Myanmar

Originally published at - http://thevoicemyanmar.com/latest-news/8245-tmt

No comments:

smy909@gmail.com