နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Wednesday, June 21, 2017

ဒေသ ငါးခုတွင် ရေနှင့် လေဘေး အန္တရာယ် သတိပြုရန် ဒေါက်တာ ထွန်းလွင် သတိပေး




တိုင်း ဒေသ ကြီးနှင့် ပြည် နယ်ငါး ခုတွင် ရေဘေးနှင့် လေ ပြင်းဘေး ရင်ဆိုင်နေ ရကာ နေရာ ကွက်မိုးကြီးမှုနှင့် လေပြင်း အန္တရာယ် ကြီးမား နေကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးသည်။

ဇွန်လဆန်းရက်များက စ တင်ကာ ရခိုင်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်မိုးသည်းထန်စွာ ရွာခဲ့ ပြီး ရေ လွှမ်းမိုးမှု ဖြစ်စဉ်များ မကြာခဏ ရင်ဆိုင်ရပြီး ရေဘေးနှင့် လေပြင်းအန္တရာယ်ကြောင့် လူသေဆုံးမှုအချို့ရှိခဲ့သည်။

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေ၍ မိုးဆက်လက်အားကောင်းနေကာ လေပြင်းအန္တရာယ်လည်း သတိပြုရန် လိုအပ်နေကြောင်း ဒေါက်တာ ထွန်းလွင်က သတိပေးထားသည်။

‘‘မိုးက ကောင်းနေဦးမယ်ဆို တော့ ရေဘေးကို သတိထားဖို့ လို မယ်။ အရင်ရက်တွေကလည်း မိုး ကောင်းခဲ့တယ်။ အခုထိ မရပ် သေးဘူးဆိုတော့ ရေလွှမ်း မိုးမှု ဘေးက ဂရုစိုက်ရမယ်။ လေပြင်း အန္တရာယ်ပါ တွဲပါနေတာ’’ဟု ၎င်းက ပြောသည်။

ဇွန်လ ၁၉ ရက်က စစ်ကိုင်း တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တွင် နေရာကွက်မိုးကြီးခဲ့သည်။ လေ ပြင်းနှင့် မိုးကြိုးလည်း တစ်ပြိုင် နက်ကျရောက်ခဲ့ပြီး ဖောင်းပြင်မြို့ နယ်တွင် မိုးကြိုးပစ်ခံရ၍ နွားတစ် ကောင်သေဆုံးခဲ့သည်။

ပဲခူးမြို့ နယ် ဥဿာမြို့သစ်တွင် လေပြင်း ကြောင့် စာသင်ကျောင်းဆောင် ပြိုကျခဲ့သည်။ ဧရာဝတီတိုင်းဒေ သကြီး ငပုတောမြို့နယ်တွင် လေပြင်းကြောင့် စာသင်ကျောင်းတစ် ဆောင်ပျက်စီးခဲ့ကြောင်း လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ကယ်ဆယ်ရေးဦးစီးဌာနမှ သတင်း ရရှိသည်။

ကချင်ပြည်နယ် တွင် နေရာကွက် မိုးကြီးနေကာ မိုးမောက်မြို့နယ်ရှိ တရုတ်နိုင်ငံ နယ်စပ်နှင့်ကပ်လျက် အင်ခေါင်းပါ စစ်ဘေးရှောင်စခန်းအနီးမှ အင်ခေါင်း ချောင်းရေလျှံမှု ဇန်နဝါရီ ၁၉ ရက်ကဖြစ်ခဲ့၍ စစ်ဘေးရှောင် စာသင်ကျောင်း ယာယီပိတ်ခဲ့ရ ကြောင်း စစ်ဘေးရှောင်စခန်းတာ ဝန်ခံက ပြောသည်။

ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်က ကချင်ပြည် နယ် ဖားကန့်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်း၍ ဒေသခံများ ရေကြီးနစ်မြုပ်မှုရင်ဆိုင်ရသည်။

လတ်တလောမိုးကောင်းနေ သည့် ဒေသများဖြစ်သော ရခိုင် ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက် ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန် ကုန်တိုင်း၊ ဧရာဝတီတိုင်းဒေသ ကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက သတင်းထုတ်ပြန် ထားသည်။

From : 7 Day daily news By: အောင်သစ်လွင်

Originally published at - http://www.7daydaily.com/story/99516

No comments:

smy909@gmail.com