နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Monday, June 26, 2017

လေဖိအားနည်း ရပ်ဝန်း အိန္ဒိယ ကမ်းခြေ အနီးရွှေ့လျား ၀င်ရောက်




ဘင်္ဂလား ပင်လယ် အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိ အားနည်း ရပ်ဝန်းဟာ အိန္ဒိယနိုင်ငံ၊ သြရိဿ ကမ်းခြေ အနီးမှ ရွေ့လျား ဝင်ရောက် ခဲ့ပြီလို့ မိုးဇလ ဌာနက ဒီကနေ့ မနက် သတင်း ထုတ်ပြန် ပါတယ်။

လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ ဆက်စပ်နေ တဲ့ အိန္ဒိယနိုင်ငံ၊ သြရိဿ ကမ်းခြေနဲ့ အနောက်ဘင်္ဂလား ကမ်းခြေတွေမှာ ဖြစ်ပေါ်နေ တာလို့ ဆိုပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေတယ်လို့ လည်းဆိုပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တခါတရံ မိုးသက် လေပြင်းတွေကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေဟာ တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် မြန်မာ့ ကမ်းရိုးတန်းတလျှောက် ၇ ပေမှ ၁၀ ပေခန့် ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/214460

No comments:

smy909@gmail.com