နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Wednesday, June 21, 2017

မုန်တိုင်းဖြစ်ဖို့ အလားအလာရှိနေဟု မိုးဇလပညာရှင် ဒေါက်တာ ဦးထွန်းလွင် ခန့်မှန်း




ဘင်္ဂလား ပင်လယ်အော်၊ တောင် တရုတ် ပင်လယ် ပြင်နဲ့ ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်း ရေပြင်တို့မှာ မုန်တိုင်း ဖြစ်လာနိုင်တဲ့ လေထု မတည်ငြိမ်မှုတွေ စတင် ဖြစ်ပေါ် လာနေပြီလို့ မိုးလေ၀သ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ခန့်မှန်း ထုတ်ပြန် ထားပါတယ်။

ဇွန်လ ၂၀ရက်နေ့ ည ၆း၃၀ နာရီမှ နောက် ၄၈ နာရီ အတွက် ခန့်မှန်းချက်ကို ဒီကနေ့ မနက် ထုတ်ပြန် ထားတာ ဖြစ်ပါတယ်။

မိုးဇလဌာနကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်မှာ မုတ်သုံလေ အားကောင်း နေတယ်လို့ ဒီကနေ့ မနက် ခန့်မှန်း ထုတ်ပြန် ထားပါတယ်။

မြန်မာကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်း အသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေဟာ တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် ၆ ပေမှ ၉ ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဓာတ်ပုံ – U Tun Lwin Facebook

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/213652

No comments:

smy909@gmail.com