နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Thursday, June 15, 2017

YBS ကားသစ် တွေပေါ်က လိမ္မော်ရောင်ထိုင်ခုံများ အကြောင်း




မသိသေးသူများ သိကြ ပါစေရန် ပြန်လည် မျှဝေပါသည်။

YBS စီးကြတဲ့ ခရီးသည် တွေ အနေနဲ့ အသစ် ရောက်ရှိ လာပြီး လက်ရှိ ပြေးဆွဲ ပေးနေတဲ့ YBS City Bus ကားသစ် တွေမှာ တပ်ဆင် ထားတဲ့ ထိုင်ခုံ အပြာ ရောင်တွေ အများကြီး အထဲကမှ ကားရဲ့ ဘယ်ဘက်ခြမ်းမှာ ပါတဲ့ ထိုင်ခုံ လိမ္မော်ရောင် လေးတွေကို မြင်မိ ကြမယ် ထင်ပါတယ်။

အဲ့ဒီထိုင်ခုံ လိမ္မော်ရောင် လေးတွေက ( သက်ကြီး ရွယ်အို၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင် မိခင် နှင့် ရဟန်း သံဃာတော် ) တို့ စီးဖို့ သီးသန့် သတ်မှတ် ပေးထားတဲ့ ခုံလေးတွေ ဖြစ်ပါတယ်။

အဲ့ဒီနေရာမှာ ထိုင်နေတဲ့ ခရီးသည် တွေဟာ အထက်ပါ ပုဂ္ဂိလ်များ ကားပေါ် တတ်လာရင် မိမိထိုင်နေတဲ့ နေရာကနေ ထပေး ရမယ် ဆိုတဲ့ အသိလေး ရှိဖို့ လိုအပ် ပါတယ် ။

တချို့ ခရီးသည် တွေက ကားပေါ် တက်လာတဲ့ အခါ ထိုင်ခုံ အပြာရောင် လေးတွေ နေရာလွတ်နေ တာတောင် ထိုင်ခုံ လိမ္မော်ရောင် မှာ သွားထိုင် ကြတာတွေ့နေ ရလို့ပါ ။

ထိုင်တာကို အပြစ်မပြော လိုပါ ကိုယ်က လိမ္မော်ရောင် ခုံလေးတွေမှာ ထိုင်မယ် ဆိုင်ရင် (သက်ကြီး ရွယ်အို၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင် မိခင် နှင့် ရဟန်း သံဃာတော်) တွေထဲက တစ်စုံ တစ်ဦး ကားပေါ် တတ်လာရင် ကိုယ့် အသိစိတ်နဲ့ ကိုယ် ထပေးဖို့ လိုပါတယ် ။

သူများပြောမှ ထပေးရတာ လူကြီး လူကောင်းတွေ အတွက် ရှက်စရာပါ ။ မထပေးသောသူတွေ ရှက်တတ်ကြပါ ။

လိမ္မော်ရောင် ခုံလေးတွေက အလှ တပ်ဆင် ထားခြင်းမဟုတ်ပါ၊ သူမှာ အဓိပ္ပါယ် သတ်မှတ်ချက် ရှိနေပါတယ်။

ကိုယ်က သွားရမယ့် ခရီးဝေးတယ် ဆိုရင် ကားချောင်းတဲ့ အခါထဲက ထိုင်ခုံ အပြာရောင် လေး တွေကိုဘဲ ရွေးထိုင်ကြဖို့ အကြံပြုပေးချင်တာပါ ။

ထိုင်ခုံ လိမ္မော်ရောင်လေးတွေရဲ့ ဘေးဘက်မှာလည်း ပုံလေးနဲ့ စာကပ် ထားပါတယ် ။ တချို့တွေက ရဟန်းသံဃာ အတွက်ဘဲ ထားတယ်လို့ ထင်ပြီး ရဟန်း သံဃာတွေ လာမှ နေရာ ထပေး တတ်ကြပါတယ်။

အဲ့ဒါမဟုတ်ပါ သက်ကြီး ရွယ်အိုး ၊ မသန်စွမ်း ၊ ကိုယ်ဝန်ဆောင် မိခင်တွေ ကားပေါ် တက်လာရင်လည်း ထိုင်ခုံ လိမ္မော်ရောင်လေးမှာ ထိုင်နေတဲ့ ခရီးသည် များက ကိုယ်ရဲ့ အသိစိတ်ဓာတ်လေးနဲ့ ထိုင်နေရာမှ ထပေးဖို့ တာဝန်ရှိ ပါတယ် ။

ဒါက နိုင်ငံတကာ သတ်မှတ်ချက်ပါ ။ ထိုင်ခုံ လိမ္မော်ရောင် လေးတွေက ထိုင်ခုံ အပြာရောင်တွေ ကြားမှ အလှ တပ်ဆင် ထားခြင်း မဟုတ်ပါ။ ‎

From : Lwin Pyin

Originally published at - http://www.lwinpyin.com/2017/06/on-ybs-city-bus-orange-chair-about.html

1 comment:

smy909@gmail.com