နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Thursday, July 13, 2017

အန္တာတိကအနောက်ဘက်တွင် တန်ချိန် တစ်ထရီလီယံ ကျော်သော ရေခဲတောင်ကြီး ပဲ့ထွက်




ပဲရစ် ၁၃-၇-၂၀၁၇

အန္တာတိက ဒေသ အနောက် ဘက်၌ အကြီးမားဆုံး ရေခဲတောင် အဖြစ် စံချိန်တင် ထားသည့် တန်ချိန် တစ်ထရီလီယံ ကျော် ရှိသော ရေခဲတောင်ကြီး ပဲ့ထွက် လာပြီဖြစ်ကြောင်း ရေခဲတောင် အက်ကွဲရာကို နှစ်ပေါင်း များစွာကြာ စောင့်ကြည့်နေသော သိပ္ပံ ပညာရှင်များက ဇူလိုင် ၁၂ ရက်တွင် ပြောသည်။

စတုရန်းကီလိုမီတာ ၅၈ဝဝ ရှိသော Larsen C ရေခဲတောင် အကန့်ကွဲထွက်မှုသည် ဇူလိုင် ၁ဝ နှင့် ၁၂ ရက်အကြားတွင် ဖြစ်ပွားခြင်း ဖြစ်ကြောင်း ဆွမ်ဆီး တက္ကသိုလ်က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

အဆိုပါ ရေခဲတောင်ကြီးသည် အမေရိကန်ပြည်ထောင်စု ဒီလာဝဲပြည်နယ် ထက်ပိုကြီးပြီး ကြီးမားသော ရေကန်များအနက် တစ်ခုဖြစ်သော အဲရီးရေကန်ထက် ထုထည်နှစ်ဆရှိကာ အထူမီတာ ၃၅ဝ (ပေ ၁၁ဝဝ) ခန့်ရှိကြောင်း တာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။

ယင်းရေခဲတောင်သည် တန်ချိန်တစ်ထရီလီယံ ကျော်ရှိသော်လည်း အဝေးသို့ပဲ့မထွက်မီ ရေတွင်ပေါလော ပေါ်နေသောကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုအပေါ် ချက်ချင်းသက်ရောက်မှု မရှိကြောင်း သိပ္ပံပညာရှင် များက ပြောသည်။

အဆိုပါရေခဲတောင် ပဲ့ထွက်မှုသည် သဘာဝအားဖြင့် ဖြစ်ပွားလေ့ ရှိသော်လည်း ကမ္ဘာကြီးပူနွေးလာမှု ဖြစ်စဉ်သည် အချို့သော ဒေသများတွင် အရှိန်မြင့်လာမည်ဟု ယူဆရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

From : ပြည်ချစ်သား

Originally http://www.pyichitthar.com/2017/07/blog-post_41.html

No comments:

smy909@gmail.com