နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Wednesday, July 05, 2017

ရေကြီးနေချိန် စာမေးပွဲ ကျင်းပခဲ့သည့် အိန္ဒိယ စာသင်ကျောင်း




အိန္ဒိယ နိုင်ငံမှာ ရေကြီး ရေလျှံ မှုတွေ ဖြစ်နေတဲ့ ကြားက မိုးထဲ လေထဲ စာမေးပွဲ ကျင်းပ နေတဲ့ အစိုးရ စာသင်ကျောင်း တကျောင်းရဲ့ ရုပ်သံ ဗွီဒီယို ဖိုင်ဟာ အင်တာနက် လူမှု ကွန်ရက် စာမျက်နှာ တွေပေါ်မှာ ပျံ့နှံ့နေ ပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ စာသင်ကျောင်းရဲ့ နေရာအနှံ့ ရေတွေကြီးနေခဲ့တာဖြစ်ပြီး ကျောင်းသားတွေဟာ ရေတွေထဲကနေဖြတ်ကာ ကျောင်းတွင်း ဝင်ရောက်နေ ကြရတာကို တွေ့ရပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် လူဦးရေ ၁ သိန်းနီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းစေ ခဲ့ရတာဖြစ်ပြီး ခုလိုအခြေအနေမှာ စာမေးပွဲကျင်းပခဲ့တဲ့အတွက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဝေဖန်နေကြတာပါ။

ကျောင်းသားတဦးက “ကျနော်တို့ကျောင်းမှာ ရေကြီးနေချိန်တောင် စာမေးပွဲဖြေဖို့ ဖိအားပေးခံခဲ့ရတယ်။ ကျောင်းက ၂ ပတ်လောက် ပိတ်ထားခဲ့ ရတာ ဆိုတော့ အဲဒီအချိန် အိမ်မှာ စာလုပ်ခဲ့ရတာပါ” လို့ ပြောပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကျောင်းသူ မိန်းကလေးတွေဟာ ကျောင်းရဲ့အပြင်ဘက် ရေထဲမှာချထားခဲ့တဲ့ ခုံတွေမှာ ထိုင်ပြီး စာမေးပွဲဖြေနေခဲ့ကြတာကို တွေ့ရပါတယ်။

ခုလို မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ကျေးရွာစုစုပေါင်း ၄၉၈ ရွာ နစ်မြုပ်ခဲ့ပြီး ကောက်ပဲသီးနှံ ဟက်တာ ၈၀၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/216185

No comments:

smy909@gmail.com