နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Thursday, July 13, 2017

အမေရိကန်နှင့် သံတမန် ဆက်ဆံရေးတွင် ရုရှား၏ သည်းခံမှု ကုန်ဆုံးပြီ ဟုဆို




မော်စကို ၁၃-၇-၂၀၁၇

၂ဝ၁၆ ခုနှစ်တွင် အမေရိကန် အစိုးရက နိုင်ငံ အတွင်းရှိ ရုရှား သံတမန် အဆောက် အအုံကို သိမ်းယူကာ ရုရှား သံတမန် များကို နိုင်ငံမှ နှင်ထုတ်မှုနှင့် ပတ်သက်၍ အမေရိကန် အစိုးရနှင့် သံတမန်ရေး တင်းမာမှုတွင် ရုရှား အစိုးရ၏ သည်းခံမှု ကုန်ဆုံး သွားပြီဟု ကရင်မလင် နန်းတော်က ဇူလိုင် ၁၂ ရက်တွင် ပြောသည်။

အမေရိကန် အစိုးရအနေဖြင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ အပြန်အလှန် ဆောင်ရွက်ချက် တစ်စုံတစ်ရာ မလုပ်ဆောင်ဘဲ ပစ်ထားမှုအပေါ် ရုရှားအစိုးရက အချိန်အတော်ကြာ သည်းခံသွားမည် မဟုတ်ကြောင်း ကရင်မလင် နန်းတော်မှ ဒီမီထရီပက်စကော့က သတင်းထောက်များအား ပြောသည်။

ထို့ပြင် အမေရိကန်နိုင်ငံရေး သမားများအနေဖြင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်သော အဆိုပါလုပ်ရပ်များကို ပြန်လည်ပြုပြင်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းကဆက်လက် ပြောသည်။

သို့သော် ရုရှားအစိုးရအနေဖြင့် လက်တုံ့ပြန်မှုကို မည်သည့်အချိန်တွင် ပြုလုပ်သွားမည် နှင့်ပတ်သက်၍ ၎င်းကထုတ်ဖော် ပြောထားခြင်းမရှိကြောင်း သိရသည်။

From : ပြည်ချစ်သား

Originally http://www.pyichitthar.com/2017/07/blog-post_45.html

No comments:

smy909@gmail.com