နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Friday, August 25, 2017

ရခိုင်လုံခြုံရေးအဆို ပြည်သူ့လွှတ်တော် မှတ်တမ်းတင်




ရခိုင် ပြည်နယ်မှာ ပိုမို ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေး အစီအမံတွေ ချမှတ် အကောင် အထည် ဖော်ဖို့ အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ဒီကနေ့ ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးပြီး မဲခွဲ ဆုံးဖြတ်ရာမှာ အတည် ပြုမယ့် ဘက်က ရှုံးနိမ့်သွားတဲ့ အတွက် မှတ်တမ်း အဖြစ်သာ ထားရှိ လိုက်ပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်က ဒေါ်ခင်စောဝေ တင်သွင်းတဲ့ အဲဒီအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၄ ဦးက ၂ ရက်တာဆွေးနွေး အပြီး မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၅၀၊ ကန့်ကွက်မဲ ၂၃၂ မဲသာရတဲ့အတွက် မှတ်တမ်းအဖြစ်သာ ထားရှိလိုက်တာပါ။

တပ်မတော်သား သုံးဦးအပါအ၀င် အဆိုကိုထောက်ခံတဲ့ ကိုယ်စားလှယ်တွေက ရခိုင်အရေးဟာ တရားဥပဒေ စိုးမိုးရေးပြဿနာထက် အချုပ်အခြာအာဏာကို ထိပါးလာတဲ့အကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ အရ ဆောင်ရွက်သင့်တယ်ဆိုပြီး အဆိုကို ထောက်ခံဆွေးနွေးကြပါတယ်။

အဆိုကိုမှတ်တမ်းအဖြစ်ထားဖို့ ဆွေးနွေးသူအချို့က ရခိုင်အရေးကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်နေတဲ့အကြောင်း၊ အစိုးရ၊ တပ်မတော်၊ ပြည်နယ်အစိုးရ အားလုံးပူးပေါင်းဆောင်ရွက်နေတယ် လို့ ဆွေးနွေးကြပါတယ်။

ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ရခိုင်အရေးကို ပြည်ထောင်စုအစိုးရ၊ ပြည်နယ် အစိုးရတို့ လိုအပ်တဲ့ကော်မတီတွေ ဖွဲ့စည်းဆောင်ရွက်နေသလို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ကလည်း ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် မှတ်တမ်းအဖြစ်သာထားဖို့ ပြောကြားခဲ့ပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese

No comments:

smy909@gmail.com