နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Tuesday, August 08, 2017

သမိုင်းဝင် ဓာတ်ပုံထဲက ဒေါ်ခင်သီတာထွန်းနှင့် တွေ့ဆုံခြင်း


ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် ပထမဆုံး မိန့်ခွန်း ပြောကြား နေသော ဒေါ်အောင်ဆန်း စုကြည်ကို ခြံရံ၍ တွေ့ရသော စာရေးဆရာ မောင်သော်က၊ ရုပ်ရှင် မင်းသမီး ခင်သီတာထွန်း ဓာတ်ပုံ − ဆန်နီညိမ်း


ရှစ်လေးလုံး အရေးတော်ပုံ ကာလ သမိုင်း မှတ်တမ်း များတွင် ထင်ရှားသော ဓာတ်ပုံ မှတ်တမ်းများ အနက် ရန်ကုန် ဆေးရုံကြီး ရှေ့တွင် ဒေါ်အောင်ဆန်း စုကြည်နှင့် အတူ စာရေးဆရာ မောင်သော်က၊ သရုပ်ဆောင် ခင်သီတာထွန်း တို့နှင့် အတူ မတ်တတ်ရပ်၍ တစ်နေရာ သို့ လှမ်းမျှော်ကြည့်နေသည့် အဖြူ အမည်း ဓာတ်ပုံလည်း ပါဝင်သည်။

အဆိုပါဓာတ်ပုံတွင် ပါဝင်သူ သုံးဦးအနက် ဆရာမောင်သော်က သည် ကွယ်လွန် ခဲ့ပြီဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်သည် လက်ရှိတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် တိုင်းပြည်ကို ဦးဆောင်နေသည်။ ရုပ်ရှင်မရိုက် ကူးတော့သော သရုပ်ဆောင် ခင်သီတာထွန်းအား ရှစ်လေးလုံး အရေးတော်ပုံ ကာလ အမှတ်တရ များကို 7Day Daily က မေးမြန်း ခဲ့သည်များမှ ပြန်လည်ဖော်ပြ အပ်ပါသည်။

ရှစ်လေးလုံးအရေးတော်ပုံကာလ သမိုင်းဝင် ဓာတ်ပုံတစ်ပုံဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ စာရေးဆရာ မောင်သော်ကတို့နဲ့အတူ တွဲရပ်နေတဲ့ အန်တီရဲ့ ဓာတ်ပုံနဲ့ ပတ်သက်လို့ ဒီနေ့အရေးတော် ပုံကာလ ၂၉ နှစ်ပြည့်ချိန်မှာ အမှတ်တရတစ်ခုခုလောက် ပြောကြားပေးပါလား။

၂၄.၈.၈၈။ အဲဒီနေ့က ကျွန်မအသက်(၃၂)နှစ်ပြည့်တဲ့နေ့ပေါ့။ တိုက်တိုက်ဆိုင်ဆိုင် အန်တီစုနဲ့အ တူတူ တွဲပြီးတော့ မှတ်တမ်းအ ဖြစ်နဲ့ တိုင်းပြည်ရဲ့တစ်ထောင့် တစ်နေရာကနေ အရေးကြီးတဲ့အ ချိန်မှာ ပါဝင်ခွင့်ရခဲ့တာ အထူးပဲ ဝမ်းသာပါတယ်။ ကျွန်မ ၂၄.၈.၅၆မှာ မွေးတာ။ အဲဒီနေ့က (၃၂)နှစ် ပြည့်တဲ့နေ့မှာ၊ တိုက် တိုက်ဆိုင် ဆိုင် အရေးကြီးတဲ့နေ့မှာ အန်တီ စုနဲ့ ပါဝင်ဆင်နွှဲခွင့်ရခဲ့တယ်။ အဲဒါ ကို အထူးပဲ ဝမ်းသာဂုဏ်ယူမိပါ တယ်။

အဲဒီတုန်းက ဒေါ်အောင်ဆန်းစု ကြည်ကို ဘယ်လိုဝန်းရံဖြစ်ခဲ့တာ ပါလဲ။

အဲဒါက ကျွန်မတို့ရုပ်ရှင်အ ဖွဲ့တွေက ဘားလမ်းမှာ လက်မှတ် ထိုးကြမယ်။ သီဟတင်စိုးတို့မိသားစုရဲ့ထုတ်လုပ်ရေး၊ စံပယ်ဦးတို့၊ ဘားလမ်းထဲက နှစ်နေရာမှာ လက်မှတ်ထိုးကြမယ်ပေါ့။ နောက် တော့ ကျွန်မက မသွားဖြစ်ဘူး။ လက်မှတ်ကလည်း ထိုးချင်တော့ တစ်လမ်းတည်းနေတဲ့ မင်းသား ကြီး လေးလေး ဦးထွန်းဝေနဲ့က ရုပ်ရှင်က သုံးလေးငါးကားရိုက် နေပြီ။ ခင်နေတော့ လေးလေး သမီးလက်မှတ်ထိုးဖို့ရှိတယ်လို့ ပြောတော့ အဲဒီနေ့ကို သူလာခေါ် မယ်ပေါ့။ မြန်မာပီပီသသလေး ဝတ်စားပြီး စောင့်နေတဲ့။ တစ်ဖက် က သူတို့က စီစဉ်ထားတာပေါ့။

အန်တီစုအတွက်လည်း အဆင် ပြေအောင် သူတို့က တစ်ဖက်က အန်တီစုနဲ့ အစည်းအဝေးတွေ လုပ်ကြပြီးတော့ စီစဉ်ပေးတာပေါ့ လေ။ မနက်ကျတော့ လေးလေး ဦးထွန်းဝေခေါ်တော့ ဘားလမ်းအ ရင်မရောက်ဘဲနဲ့ အန်တီစုနဲ့ ရန် ကုန်ဆေးရုံကြီးကို ရောက်သွား တယ်။ အဲဒါပြီးတော့မှ အန်တီစု အိမ်ကို ပြန်ရောက်သွားကြပြန် ရော။

အဲဒါပြီးမှ ကျွန်မက ဘား လမ်း(လက်မှတ်ထိုးမယ့်နေရာ)ကို ပြန်ရောက်သွားတာ။ ဘား လမ်းမှာ ကိုဇာဂနာနဲ့တွေ့လို့ တောင် စကားပြောဖြစ်သေး တယ်။ သူ့ကိုတောင် နောက်လိုက်သေးတယ်။ အသံကြီးက အရမ်း ကျယ်တာပဲနော်လို့။ အဲဒါဆိုရင် တော့ မလွယ်ဘူးထင်တယ်။ နည်း နည်းတိုးလိုက်မှ ရမယ်ဆိုပြီး နောက်လိုက်သေးတယ်။

အဲဒါနဲ့ ဘားလမ်းမှာ စင်ရှိတော့ စင်ပေါ် တက်ပြီးတော့ စည်းကမ်းရှိမှပဲ ကိုယ်လိုချင်တဲ့ တိုင်းပြည်ဖြစ် မယ်။ စည်းကမ်းမရှိလို့ကတော့ မဖြစ်ဘူး။ အဲဒီစကားကို ကျွန်မ လည်း သဘောကျတယ်။ ဦးဝင်း ငြိမ်းက နောက်သေးတယ်။ အမေစုသမ္မတဖြစ်ရင် ပြန်ကြားရေးဝန် ကြီးခန့်မယ်တဲ့။ ပြီးတော့ ကျွန်မ က ဘားလမ်းကနေ တစ်လမ်း ကျော်ကို သွားပြီး စင်ပေါ်တက် လိုက်သေးတယ်။

အဲဒီနေ့က အဲဒါပြီးတော့ ပြန်လာတယ်။ ၂၆ မနက်မှာ ရွှေတိဂုံကို ထပ်ခေါ်တော့ ဦး ဝင်းငြိမ်းနောက်ထားတာရှိတော့ ဘာရာထူးမှ မလိုချင်ဘူး။ ဘာမှ လည်း နားမလည်ပါဘူး။ အောက် ကနေပဲ အားပေးမယ်ဆိုပြီး ပြော လိုက်တယ်။ ကျွန်မက မြို့နယ် ခန်းမရှေ့ကနေ လမ်းလျှောက် မယ်ဆိုတော့ အရင်လိုပဲ သူ့ဘေး ကနေ ဝန်းရံဖို့ခေါ်တာပေါ့။ ဝန်းမ ရံတော့ လေးလေးဦးထွန်းဝေပဲ ရပ်ဖြစ်လိုက်တယ်။ ကျွန်မက အောက်ကရွှံ့တောထဲမှာ ထိုင်ပြီး အားပေးခဲ့ကြတယ်။ မှတ်မိသ လောက် ပါတဲ့ အနုပညာရှင်တွေ က မိတ်ကပ်စိုးစိုးတို့၊ အန်တီပွင့် လည်း ပါတယ်။ ကျန်တဲ့သူတွေ လည်း ပါမယ်။ သိပ်မမှတ်မိတော့ ဘူး။ ၂၄ ရက်နေ့ကလည်း အရေး ပါတဲ့နေ့၊ ၂၆ ရက်နေ့ကတော့ လူ အုပ်အများကြီးနဲ့ပွဲကြီးပေါ့။ အဲဒါ က ဒုတိယအကြိမ်မြောက် အကြီး ကျယ်ဆုံး စပြီး ဟောပြောတဲ့ပွဲ ပေါ့။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲဒီ နောက်ပိုင်းမှာကော အဆက်အ သွယ်ရှိခဲ့သေးလား။

မရှိခဲ့ဘူး။ မရှိခဲ့ဘဲနဲ့ ၂၀၁၃ ဆီးဂိမ်းပွဲတော်မှာ ကျွန်မတို့က မြန်မာနိုင်ငံ မြင်းစီးအားကစားအ ဖွဲ့ချုပ် မြင်းစီး အားကစား ပြိုင်ပွဲကို အန်တီစုက လာပြီး အားပေး တယ်။ အဲဒီကျမှ ဒုတိယ အကြိမ် ပြန်တွေ့ ဖြစ်တယ်။ အဲဒါပြီးတော့ မတွေ့ ဖြစ်သေးဘူး။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ မြန်မာ့နိုင်ငံရေး အပေါ်မှာ အန်တီဘယ်လိုသုံးသပ် ထင်မြင်ပါသလဲ။

နိုင်ငံရေးက တိုင်းရင်းသား အားလုံးကလည်း ကိုယ့်လူမျိုး ကိုယ်စွဲလမ်းနေကြတယ်။ အဲဒီ တော့ ညှိလို့က သိပ်မရဘူးဖြစ်နေ တာပေါ့။ မလွယ်တာကိုလည်း တတ်နိုင်သလောက် ထိန်းနေ တယ်။ လူတွေကလည်း စည်း ကမ်းက မရှိဘူး။ သည်းခံနိုင်တဲ့သူ က သည်းခံနိုင်တယ်။ သည်းမခံ နိုင်တဲ့သူက သည်းမခံနိုင်ဘူး။ မငြိမ်းချမ်းဘူးဖြစ်နေတာပေါ့နော်။

သူ (ဒေါ်အောင်ဆန်းစုကြည်) လည်း ငြိမ်းချမ်းစေချင်တယ်။ ကျွန်မတို့အားလုံးလည်း လွတ်မြောက် စေချင်တယ်။ ဒါပေမဲ့ အဖြစ်ဆိုး တွေက များနေသလားလို့။ ဒါပေ မဲ့ တဖြည်းဖြည်းနဲ့ ကြိုးစားရင်း ကြိုးစားရင်းနဲ့ ပြေလည်သွားမယ် လို့ ထင်ပါတယ်။ မကြိုးစားရင် တော့ မပြေလည်ဘူးပေါ့။

တကယ်လို့ ဒေါ်အောင်ဆန်းစု ကြည်ကိုသာ ပြန်လည်ဝန်းရံကူညီ ခွင့်ရမယ်ဆိုရင် ဘယ်နေရာ၊ ဘယ်ကဏ္ဍကနေ ကူညီချင်ပါသ လဲ။

အမေစုက ကျွန်မကို အိမ် ထောင်ရှင်၊ နောက်ပြီးတော့ အိမ် မှာ သားသမီးရော၊ မြေးရောရှိ တယ်ဆိုတော့ ပြန်တွေ့တုန်းက ဘာမှ မပြောပါဘူး။ ကျန်းမာရေး ကောင်းအောင်နေတဲ့။ အဲဒါပဲ ပြောသွားတယ်။ သူက ကျေနပ် သွားပြီလေ။ အခု ဒီမိုကရေစီရုပ် ရှင်ပွဲတော်လုပ်ကြမယ်လို့ ကြား တယ်။ အန်တီတို့ အနုပညာ သမား ကတော့ ပွဲတော်မှာ ပါဝင်ဖို့ လောက်ပဲ တာဝန်ရှိတယ်ပေါ့။ အဲဒီမှာ အခွင့်ရမယ်ဆိုရင် နိုင်တဲ့ ဘက်က တာဝန်ထမ်းချင်ပါ တယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီး အ ခုလို (၂၉)နှစ်ပြည့်မြောက်လာတဲ့ အပေါ်မှာ အန်တီရဲ့အမှတ်တရ ခံစားချက်ရှိရင် သိလိုပါတယ်။

ကျွန်မရဲ့ အရေးကြီးတဲ့ ပုဂ္ဂိုလ်(ဒေါ်အောင်ဆန်းစုကြည်) နဲ့ တွဲဖြစ်တဲ့ အချိန်လေးမှာ ပုံလေးက အမှတ်တရအမြဲရှိနေတော့ လည်း ဒါလေးကိုတော့ ဂုဏ်ယူမိ ပါတယ်။ အတိတ်ဟောင်းတွေက အတိတ်ကိုပဲ နာကြည်းဖော်ထုတ် နေမှာမဟုတ်ဘူး။ အကုန်လုံးက ခံစားမှုစိတ်ဒုက္ခတွေပဲ ရောက်နေ လိမ့်မယ်။ အရှေ့ကို လန်းလန်း ဆန်းဆန်းနဲ့ ညီညီညွတ်ညွတ်အား လုံးပညာရှင်အချင်းချင်း လက်တွဲ ကြ၊ တစ်ယောက်နဲ့ တစ်ယောက် မုဒိတာပွားဖို့က အရေးကြီးပါ တယ်။ တိုင်းရင်းသားအချင်းချင်း၊ လူအချင်းချင်း၊ မြန်မာအချင်းချင်း ရောပေါ့။ အဲဒီဟာ ငြိမ်းချမ်းရေးကို ပဲ ဖြစ်စေချင်တာပါ။ ကျန်တာ အတိတ်တွေလည်း သိပ်သဘော မကျဘူး။ ကောင်းတဲ့ အတိတ် ဆိုရင်တော့ သဘောကျတယ်။ မကောင်းတာကျတော့ ဂရုမစိုက်တော့ဘူး။

ကျေးဇူးတင်ပါတယ်။


From : 7 day daily news - By: ခင်ဆွေသက်

Originally published at - http://www.7daydaily.com/story/104011


No comments:

smy909@gmail.com