နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Friday, August 25, 2017

ရခိုင် အကြံပေး ကော်မရှင်ရဲ့ အစီရင်ခံစာ အချက်လက်အချို့ လွဲမှားမှုနဲ့ လိုအပ်ချက်တွေ ရှိ




မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အစီရင် ခံစာပါ အချက် အလက် အချို့ လွဲမှားမှုနဲ့ လိုအပ်ချက်တွေ ရှိနေ တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား လိုက်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ် က မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ကို သြဂုတ်လ ၂၄ ရက်နေ့က လက်ခံ တွေ့ဆုံစဉ် အဲ့ဒီလို ပြောကြားလိုက်တာပါ။

ကော်မရှင်အနေနဲ့ အချိန်ကန့်သတ်ချက်၊ သွားလာမှုကန့်သတ်ချက်တွေကြောင့် အကြောင်းအရာ အချက်အလက်ပိုင်းမှာ မပြည့်စုံနိုင်ဟု ယူဆတယ်လို့လည်း ပြောကြားလိုက်တာပါ။

ဒါ့အပြင် ကော်မရှင်ရဲ့ အကြံပြုချက်မှာ တရားဝင် အစီရင်ခံစာဖြစ်တာကြောင့် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိမှာဖြစ်ကြောင်းနဲ့ ရခိုင်တိုင်းရင်းသားတွေ လက်မခံပါက ဖြေရှင်းဆောင်ရွက်ရန် ခက်ခဲ မယ်လို့လည်း ပြောကြားလိုက်တာဖြစ်ပါတယ်။

From : Myanmar Cable News by Aung Thu

Originally published at - v

No comments:

smy909@gmail.com