နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Friday, August 25, 2017

ထိခိုက် ဒဏ်ရာရသူများ ဘူးသီးတောင် ဆေးရုံသို့ ရောက်လာ




ရခိုင် ပြည်နယ် မောင်တော ခရိုင် အတွင်း ရဲကင်းစခန်း တွေကို ဘင်္ဂါလီ အကြမ်းဖက် သမားတွေက ၀င်ရောက် တိုက်ခိုက်လို့ သေကျေ ကျဆုံးမှုတွေ ရှိခဲ့ပြီးတဲ့နောက် ဖောင်တော်ပြင်ရွာက ထိခိုက် ဒဏ်ရာရသူတွေ ဘူးသီးတောင် ဆေးရုံကို ဒီကနေ့မနက်က ရောက်ရှိ လာခဲ့ ပါတယ်။

ဘူးသီးတောင်မြို့နယ် ဆရာဝန်ကြီးက “ဒဏ်ရာရသူ အားလုံး ၃ ဦးပါ။ ကျန်းမာရေးဌာနက ပိုလီယိုတိုက်ဖို့သွားတဲ့ ကျန်းမာရေး ၀န်ထမ်းတယောက် ဒဏ်ရာ ရပါတယ်။ ဘယ်ဘက် လက်သန်း ပြတ်သွားတာပါ။ နောက်ထက် ရဲတပ်ဖွဲ့ဝင် ၂ ယောက် ဒဏ်ရာရထားတာကို အရေးပေါ် ကုသပေးနေပါတယ်” လို့ ပြောပါတယ်။

ဒီမနက်အရုဏ်မတက်ခင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေက ရဲကင်း၊ ရဲစခန်းတွေကို တချိန်တည်း တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၈ ဦး၊ ဒုလဝကမှူး ၁ ဦး ပေါင်း ၉ ဦးကျဆုံး၊ လက်နက်ငယ် ၆ လက်၊ လက်ကိုင် ဆက်သွယ်ရေးစက် ၁ လုံး ဆုံးရှုံးကာ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၁၆ လောင်း ရရှိထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း၊ဓာတ်ပုံ-ကိုအောင်

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/225744

No comments:

smy909@gmail.com