နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Thursday, August 24, 2017

မလေးရောက် မြန်မာတွေ သတိဝီရိယနဲ့ နေဖို့ မြန်မာအစိုးရ သတိပေး နှိုးဆော်




မလေးရှား နိုင်ငံရောက် မြန်မာ နိုင်ငံသားတွေ သတိ ဝီရိယနဲ့ လှုပ်ရှား သွားလာ နေထိုင်ကြဖို့ ကွာလာလမ်ပူမြို့ အချေစိုက် မြန်မာ အစိုးရက သတိပေး နှိုးဆော် လိုက်ပါတယ်။

သြဂုတ်လ ၂၃ ရက်နေ့က ရက်စွဲနဲ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အခြေစိုက် မြန်မာသံရုံးက အဲ့ဒီလို အသိပေးနှိုးဆော်ထားတာပါ။

ဒါအပြင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် မလေးရှားအစိုးရ လုံခြုံရေး အဖွဲ့အစည်းတွေဆီကိုလည်း အကူအညီတောင်းခံထားတယ်လို့လည်း ပြောကြားထားတာပါ။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပလျက်ရှိနေတဲ့ (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲရဲ့ သြဂုတ်လ (၂၁) ရက်နေ့ ညပိုင်းက ကျင်းပခဲ့တဲ့ မြန်မာ-မလေးရှား ဘောလုံးပွဲစဉ်အား လာရောက်ကြည့်ရှုအားပေးခဲ့ကြတဲ့ မြန်မာနိုင်ငံသားအချို့ Stadium Shah Alam ဘောလုံးကွင်းအနီးမှာ ရိုက်နှက်၊ လုယက်ခံရတာတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာအစိုးရက အဲ့ဒီလို သတိပေးနှိုးဆော်လာ တာဖြစ်ပါတယ်။

From : Myanmar Cable News by Aung Thu

Originally published at - http://www.mcntv.biz/news

No comments:

smy909@gmail.com