နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Friday, August 25, 2017

နတ်ချောင်း ရဲကင်းကို အကြမ်းဖက် အင်အား ၃၀၀ ခန့် ၀ိုင်းဝန်း တိုက်ခိုက်




ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက် သမား တွေက ဒီနက် နံနက် ၉ နာရီ ၄၅ မိနစ်မှ ယခု အချိန် အထိ နတ်ချောင်း ရဲကင်း စခန်းကို အင်အား ၃၀၀ ခန့်နဲ့ ၀ိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက် နေလို့ တပ်မတော် စစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့ ၀င်တွေ ပူးပေါင်း ခုခံ ကာကွယ်နေ ရတယ်လို့ တပ်မတော်က ထုတ်ပြန် ပါတယ်။

နယ်မြေလုံခြုံရေးဆောင်ရွက် နေတဲ့ တပ်မတော် စစ်ကြောင်းတွေကို မောင်တော မြို့နယ်၊ ကြိမ်ချောင်းကျေးရွာနဲ့ ၀က်ကြိမ်းကျေးရွာတွေမှာ ဘင်္ဂါလီ အကြမ်းဖက် သမားတွေက ဆွဲမိုင်းတွေနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့လို့ စစ်သည် ၂ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာ ရရှိခဲ့ တယ်လို့ လည်းဆိုပါတယ်။

ဒီမနက် ၇ နာရီ ၄၅ မိနစ်မှစတင်ပြီး ကျားခေါင်းတောင်ရဲကင်းစခန်းကို ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်တွေက ၀ိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်ရာမှာ မွန်းတည့် ၁၂ နာရီမှာ တပ်မတော်စစ်ကူစစ်ကြောင်းတွေ ရောက်ရှိပူးပေါင်းနိုင်ခဲ့လို့ အကြမ်းဖက်သမားတွေ ဆုတ်ခွာထွက်ပြေးသွားတယ်လို့လည်း တပ်မတော် ထုတ်ပြန်ချက် အရ သိရပါတယ်။

ဓာတ်ပုံ-CINCDS

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/225769

No comments:

smy909@gmail.com