နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Friday, August 25, 2017

မောင်တောတိုက်ခိုက်မှုတွင် စစ်သည် ၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးဟု တပ်မတော် ထုတ်ပြန်




ရခိုင် ပြည်နယ်တွင်း အကြမ်းဖက် တိုက်ခိုက် ခံရမှု ဖြစ်စဉ်တွေမှာ တပ်မတော်မှ စစ်သည် ၁ ဦး၊ ရဲတပ်ဖွဲ့ဝင်၁၀ ဦးကျဆုံးကာ လက်နက်ငယ် ၅ လက် ပါသွားပြီး ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမား အလောင်း ၁၅ လောင်း ရရှိခဲ့တယ်လို့ တပ်မတော်က သတင်း ထုတ်ပါတယ်။

မောင်တောမြို့နယ်၊ ပဒင်းခေါင်းတကာ ကျေးရွာရှိ ရဲစခန်း တစ်ခုကို ဒီမနက် အစောပိုင်း ၁ နာရီမှာ ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက် သမားတွေက လက်လုပ်မိုင်းတွေ ဖောက်ခွဲကာ လက်နက်ငယ်တွေနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး ဘူးသီးတောင်နဲ့ မောင်တောနယ်မြေအတွင်းရှိ လုံခြုံရေး ရဲကင်းစခန်း ၁၉ ခုကို တစ်ချိန်တည်း တုတ်၊ ဓားကိုင်ဆောင်တိုက်ခိုက် တံတားတွေ မိုင်းဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။

ဒီကနေ့ မနက် ၁ နာရီ ၂၀ မိနစ်ခန့်မှာ ပညောင်ပင်ကြီးနဲ့ သရေကုန်းဘောင် aကျးရွာအကြားမှာ မိုင်း ၁ လုံးပေါက်ကွဲခဲ့ပြီး မနက် ၃ နာရီ ၂၅ မိနစ်မှာ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားတွေက လောင်းဒုံ၊ နံ့သာတောင်၊ နံ့သာတောင်ချောင်းဝ၊ ကွမ်းသီးပင်ချောင်းဝ၊ နတ်ချောင်းနဲ့ သီဟို၌ရဲကင်း စခန်းတွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မနက်၎ နာရီမှာလည်း ကညင်တန်းကျေးရွာအထွက်မှာ ဆွဲမိုင်း ၁ လုံးဖောက်ခွဲပြီး ဘူးသီးတောင်မြို့နယ်၊ ဖောင်တော်ပြင်ရဲကင်းစခန်း၊ ဇင်ပိုင်ညာ၊ တမန်းသား၊ ဇီးပင်ချောင်းဝ၊ မီးတိုက်၊ သင်္ဘောကွေ့၊ မြင်းလွတ်၊ အလယ်သံကျော်၊ သ၀င်ချောင်း၊ ဥဒေါင်းတံကား၊ ပညောင်ပင်ကြီးနဲ့ ကျီးကျွန်းရဲကင်း စခန်းတွေကို တချိန်တည်းဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။

အလားတူ နံနက် ၃ နာရီခန့်မှာ ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာရှိ နယ်မြေခံ တပ်ဌာနချုပ်ကို အင်အား ၁၅၀ ခန့်နဲ့ နှစ်ဖွဲ့ခွဲပြီး ၀င်ရောက် တိုက်ခိုက်ဖို့ ကြိုးစားပေမယ့် တပ်ရင်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်များနှင့် ရဲမေတွေက ပြန်လည် ပစ်ခတ်ခဲ့လို့ နံနက် ၅ နာရီလောက်မှာ အကြမ်းဖက်အဖွဲ့မှ အလောင်း ၆ လောင်းကျန်ရှိ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့နယ်၊ ချိန်ခါလီ ကျေးရွာမှာလည်း ဒီမနက် ၉ နာရီ ၄၅ မိနစ်မှာ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားတွေက ၎င်းတို့ရဲ့ နေအိမ်တွေကို ကိုယ်တိုင် မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးသွားကြောင်းနဲ့ ကျားခေါင်းတောင်နဲ့ နတ်ချောင်း ရဲကင်း စခန်းတွေမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတယ် လို့လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-CINCDS

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/225758

No comments:

smy909@gmail.com