နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Thursday, September 21, 2017

ARSA ကို အန္တရာယ်ရှိတဲ့ အဖွဲ့အစည်းအဖြစ် Facebook ပိတ်ပင်




မြန်မာ အစိုးရက အကြမ်းဖက် အဖွဲ့ အစည်း အဖြစ် သတ်မှတ် ထားတဲ့ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့ ARSA ကို အန္တရာယ် ရှိတဲ့ အဖွဲ့အစည်း အဖြစ် Facebook လူမှုရေး စာမျက်နှာက ပိတ်ပင် လိုက်ကြောင်း Facebook ကုမ္ပဏီ ပြောခွင့် ရသူက ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်း သတင်းစာကို အတည်ပြု ပြောကြား လိုက် ပါတယ်။

ARSA အဖွဲ့ဟာ အကြမ်းဖက်ဖို့၊ အစုအဖွဲ့အလိုက် ပြစ်မှုကျူးလွန်ဖို့၊ လူတွေကို သတ်ဖြတ်ဖို့၊ ဒါမှမဟုတ် အမုန်းတရား စနစ်တကျဖြန့်ဖို့ လုပ်ဆောင်နေတဲ့အဖွဲ့ ဖြစ်ကြောင်း၊ ဒါ့ကြောင့် Facebook လူမှုရေးစနစ်တွေနဲ့ ဆန့်ကျင်နေတဲ့ အတွက် Facebook အနေနဲ့ ARSA ကို ထောက်ခံချီးကျူးတဲ့ စာတွေ၊ ဓာတ်ပုံဗီဒီယို တင်တာတွေကို ပိတ်ပင်သွား မယ်လို့လည်း သိရပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese

No comments:

smy909@gmail.com