နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Tuesday, October 17, 2017

ဗိုလ်တထောင် ကမ်းနားတွင် အရက်သေစာ သောက်စားပါက အရေးယူမည်




ဗိုလ်တထောင် ကမ်းနားနဲ့ တခြား အများ ပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ အရက်သေစာ သောက်စား တာတွေ၊ မူးယစ်ဆေးဝါး သုံးစွဲ တာတွေ လုပ်ရင် ထိရောက်စွာ အရေးယူ ဆောင်ရွက် မှုတွေ လုပ်ဆောင် သွားတော့မယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ပြောပါတယ်။

အခုလို လုပ်ဆောင်ရတာဟာ အများပြည်သူ အနားယူ အပန်းဖြေတဲ့နေရာမှာ အနှောင့်အယှက် မဖြစ်စေဖို့အတွက်နဲ့ မန္တလေးတိုင်းဒေသကြီးလိုမျိုး အပန်းဖြေ နေရာ အနေနဲ့ပဲ အနားယူနိုင်ဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

ခုလို လူငယ်တွေ ဝိုင်းဖွဲ့ပြီး အရက်သေစာ သောက်စားတာတွေ၊ မူးယစ်ဆေးဝါး သုံးစွဲတာတွေ မလုပ်ဖို့အတွက် အောက်တိုဘာ ၁၅ ရက်နေ့က သက်ဆိုင်ရာ နယ်မြေအလိုက် ရဲတပ်ဖွဲ့တွေနဲ့ ရပ်ကွက်တာဝန်ရှိသူတွေက လိုက်လံပြီး နှိုးဆော်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခုလို လိုက်လံနှိုးဆော်ထားပေမယ့်လည်း ကမ်းနားနဲ့ အများပြည်သူပိုင် နေရာတွေမှာ အရက်သေစာ သောက်သုံးခွင့် မရှိတဲ့အကြောင်းကို သိရှိမှု အားနည်းနေ သေးတယ်လို့ ပြည်သူတွေက ပြောပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/233978

No comments:

smy909@gmail.com