နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Wednesday, October 04, 2017

၂၀၁၆ ခုနှစ်က ရောက်သွားသူတွေကိုပဲ မြန်မာဘက်က ပြန်ခေါ်ဖို့ စဉ်းစားမည်




ဘင်္ဂလားဒေ့ရှ်ကို မြန်မာနိုင်ငံ ဘက်ကနေ ထွက်ပြေး သွားတယ် ဆိုသူတွေ ထဲမှာ ၂၀၁၆ ခုနှစ်က ရောက်သွားတဲ့သူ တွေကိုပဲ ပြန်ခေါ်ဖို့ စဉ်းစား မယ်လို့ မြန်မာ ကိုယ်စားလှယ် ဘက်က ပြောဆိုတဲ့ အကြောင်း နှစ်နိုင်ငံ ကိုယ်စားလှယ် တွေရဲ့ ဆွေးနွေးပွဲ တက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် အရာရှိ တစ်ဦးက AFP သတင်း ဌာနကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကတော့ သူ့ဆီမှာရောက်နေတဲ့ ရိုဟင်ဂျာမွတ်စလင် ၉ သိန်းလောက်ရှိနေပြီး အဲဒီလူတွေအားလုံး ကိုပြန်ခေါ်ဖို့ တောင်းဆိုထားတယ်လို့ဆိုပါတယ်။ အဲဒီ ၉ သိန်းထဲမှာ ၅ သိန်းက လတ်တလောဖြစ်ရပ်ကြောင့် ရောက်လာသူတွေဖြစ်ပြီး၊ မနှစ်က ရောက်လာသူက ၁ သိန်း၊ ၁၉၉၀ နောက်ပိုင်းရောက်နေသူ က ၃ သိန်း လောက်ရှိတယ်လို့ ဆိုပါတယ်။

အစောပိုင်းရောက်နေသူတွေ ပြန်ခေါ်ဖို့အတွက် သူတို့မှာဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့ အခုဆွေးနွေးပွဲတက်လာတဲ့ မြန်မာကိုယ်စားလှယ်တွေက ပြောဆိုတယ်လို့လည်း သူကပြောပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese

No comments:

smy909@gmail.com