နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Friday, October 20, 2017

ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်မီးလောင်မှု ၁ ဦး သေဆုံး




ရန်ကုန်မြို့၊ မင်္ဂလာ တောင်ညွန့် မြို့နယ်က ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်မှာ ဒီကနေ့ မနက် ၃ နာရီ ခွဲ အချိန်လောက် က မီးလောင်မှု ဖြစ်ပွား ခဲ့ပါတယ်။

အဲဒီ မီးလောင်မှုကြောင့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် ပင်မအဆောက်အအုံမှာရှိတဲ့ အခန်းပေါင်း ၁၈၅ ခန်းထဲက အများစု မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းဆဲဖြစ်တယ်လို့ ဟိုတယ် တာဝန်ရှိသူတွေက ပြောပါတယ်။

မီးလောင်မှုကြောင့် အဲဒီဟိုတယ်မှာ တည်းခိုနေတဲ့ ဧည့်သည်တစ်ယောက် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် မီးလောင်မှုကို ကြောက်လန့်ပြီး ဟိုတယ်(၄)လွှာကနေ ခုန်ချခဲ့တာကြောင့် ခါးဒဏ်ရာရသွားတဲ့ မကာအို နိုင်ငံသား ဧည့်သည် တစ်ယောက်နဲ့ မီးငြှိမ်း သတ်ရင်း မီးခိုးမွှန်ပြီး သတိလစ်သွားတဲ့ ရွှေပြည်သာမီးသတ်စခန်းက ဦးစီးအရာရှိ တစ်ဦးတို့ကိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese

No comments:

smy909@gmail.com