နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Wednesday, October 04, 2017

လတ်စ်ဗီးဂတ်စ်တွင် ပစ်ခတ်ခဲ့သူ၏ နေအိမ်မှ လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ ရှာတွေ့


လတ်စ်ဗီးဂတ်စ်တွင် ပစ်ခတ်ခဲ့သည့် သေနတ်သမား စတီဖင် ပက်ဒ်ဒေါ့။ (ဓာတ်ပုံ - စီအန်အန်)


လတ်စ်ဗီးဂတ်စ် ဂီတ ဖျော်ဖြေပွဲမှာ ပစ်ခတ် တိုက်ခိုက် ခဲ့သူရဲ့ မစ္စကီ (Mesquite) မြို့က နေအိမ်ကို ရှာဖွေရာမှာ လက်နက် ၁၈ လက် အပါ အဝင် ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ကျည်ဆံ ထောင်ပေါင်း များစွာ ရှာဖွေတွေ့ရှိ ခဲ့တယ်လို့ လက်စ်ဗီးဂတ်စ် ရဲတပ်ဖွဲ့က အောက်တိုဘာ ၂ ရက်မှာ ပြောကြားပါတယ်။

“ကျနော်တို့ ပြီးမြောက်အောင်လုပ်နေတဲ့ အရာနှစ်ခုရှိပါတယ်။ တခုက အခင်းဖြစ်တဲ့နေရာကို ပြီးအောင် စစ်ဆေးနေပါတယ်။ နေရာ ၄ ခုကိုလည်း ရှာဖွေ စစ်ဆေးနေပါတယ်။ သူ သေနတ်နဲ့ပစ်ခဲ့တဲ့ မန္တလေးဘေးဟိုတယ် ၃၂ ထပ်ကို စစ်ဆေးနေပါတယ်” လို့ ကလာ့ခ် (Clark) နယ်က ရဲအရာရှိတဦးဖြစ်သူ ဂျိုးဇက်လွန်ဘာဒိုက ပြောသွားပါတယ်။

အခင်းဖြစ်တဲ့နေရာ၊ သေနတ်သမားရဲ့ မစ္စကီမြို့က နေအိမ်နဲ့ နဗားဒါးပြည်နယ် မြောက်ပိုင်းက အိမ်ကိုလည်း SWAT အထူးရဲတပ်ဖွဲ့က ဝင်ရောက်ဖို့ အသင့်ဖြစ်နေပြီး လောလောဆယ် မစ္စကီမြို့ အိမ်ကနေ လက်နက် ၁၈ လက်၊ ဖောက်ခွဲရေးပစ္စည်းတချို့နဲ့ ကျည်ဆန်ထောင်နဲ့ချီပြီး သိမ်းဆည်းရမိခဲ့ပြီး အီလက်ထရောနစ်ပစ္စည်း တချို့ကိုလည်း သိမ်းဆည်းရမိကာ အဲဒီပစ္စည်းတွေကို စစ်ဆေးနေတုန်းပဲလို့လည်း ဂျိုးဇက်လွန်ဘာဒိုက ဆက်ပြောပါတယ်။

“SWAT အထူးရဲတပ်ဖွဲ့က နဗားဒါးပြည်နယ်မြောက်ပိုင်းက အိမ်ကို ချိုးဖျက်ဝင်ရောက်ဖို့ အသင့်ဖြစ်နေကြပါပြီ။ နောက်ဆုံးအခြေအနေအရ ဒဏ်ရာရသူ ၅၂၇ ဦး၊ သေဆုံးသူ ၅၉ ဦးထိ ရှိပါတယ်” လို့လည်း ကလာ့ခ်နယ်က ရဲအရာရှိ ဂျိုးဇက်လွန်ဘာဒိုက ပြောပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/231887

No comments:

smy909@gmail.com