နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Friday, October 20, 2017

မီးရထားပေါ်မှ လူတဦးပြုတ်​ကျ သေဆုံး




မကွေးတိုင်း ဒေသကြီး၊ မြို့သစ် မြို့နယ်၊ တလုပ်ပင် ကျေးရွာအုပ်စု၊ ကံကြီး ကျေးရွာ အနီးမှာ အောက်တိုဘာ ၁၈ ရက်က မီးရထား ပေါ်က လူတဦး ပြုတ်ကျ သေဆုံး ခဲ့တယ်လို့ မြို့သစ် မြို့မ ရဲစခန်း တာဝန်မှူး ဒုရဲအုပ် ဝင်းကျော်က ပြောပါတယ်။

ဖြစ်စဉ်မှာ နေပြည်တော်ကနေ ချောက်ကို မောင်းနှင်လာတဲ့ မီးရထား စက်ခေါင်းအမှတ် DF-1239 စက်ခေါင်းမောင်း စက်ဗိုလ် ထွန်းထွန်းဝင်း မောင်းနှင်လာတဲ့ စာပို့ရထားဟာ မြို့သစ်ဘူတာက ထွက်လာခဲ့ မိုင်တိုင် အမှတ် (၃၁၀)-(၁၀/၁၁) ကြား အရောက်မှာ ဦးတင်မောင်ဦးဟာ မီးရထား စက်ခေါင်းတွဲ ကနေ အထူးတန်း ခရီးသည်တင် တွဲပေါ်ကို ဖြတ်ကူးစဉ် ခြေချော်ကာ ပြုတ်ကျ ခဲ့ပြီး ရရှိတဲ့ ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံး သွားခဲ့တာပါ။

မြို့သစ်ရဲစခန်းက ဒုရဲအုပ်ဝင်းကျော်နဲ့အတူ တလုပ်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်သက်၊ ဆယ်အိမ်မှူး ဦးခင်မောင်ရွှေတို့နဲ့ သတင်းအရ သွားရောက် စစ်ဆေးပြီး အခင်းဖြစ်ရထားပေါ်ပါ မီးရထားရဲတပ်ဖွဲ့က သန်းထိုက် ပါ (၂) ဦးတို့နဲ့အတူ သေဆုံးသူ ဦးတင်မောင်ဦးရဲ့ အလောင်းကို မြို့သစ်ပြည်သူဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

မြို့သစ်မြို့မရဲစခန်းက ဦးတင်မောင်ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဖို့ သေမှုသေခင်းအမှတ်စဉ် (၁၀/၂၀၁၇) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သားကြီး (တောင်တွင်းကြီး)

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/234467

No comments:

smy909@gmail.com