နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, February 20, 2016

ဗိုလ်အောင်ကျော်နတ်သံ




၁။ စာအုပ်ကယ်မှ ကလောင်လေ

သိပ္ပံအပေါင်း၊ ဝိဇ္ဇာအောင်းသည့်

ကျောင်းများခေါင်က

ဗိုလ်အောင်ငယ်မှ မည်တင့်

ကျော်တဆင့်နှင့်၊

မင်းမင့်နောင်ညီ . . .။

ငါ ...ဇာနည်ကို လာပြီကြိုကြ

သပြေပန်းနှင့် ရေချမ်းဆောင်ကာ

အောင်စည်စလော့။

နှမငယ်မှ ဖြူဖြူ . . .

ပညာစီးပွား၊ စွမ်းအင်အားနှင့်

အင်းလျားသူတို့၊ ငါမူအစ

ရှေးဘဝက၊ နှမတို့နှယ် . . .

ပျော်ပျော်ပါးပါး ဟိုသည်သွားလို့

ကြွားခဲ့တယ်။ ။

၂။ နောင်ဝယ်သောခါ

ငါ့မိ ငါ့ဘ၊ ကျွန်ဘဝကို

မြင်ရမလျော်၊ စိတ်မပျော်၍

ရဲဘော်အများ၊ သစ္စာအားနှင့်

ကြိုးစားရာတွင်၊ ကြမ္မာငါ့ကံ ...။

တလူ့ဘဝ၊ ရှုမလှအောင်

ငါ့ကိုခံ၍...၊ ရန်သူ့လက်နက်

ဆံတိုဆံတောင်း၊

ဘာမဆောင်းသည့်

ငါ့ခေါင်းထက်မှာ၊

ဆက်ကာ ဆက်ကာ . . .။

ဝင်းဝင်းလျှံတောက်၊

မူးမော်နောက်အောင်

ကျရောက်လှာသော်၊ ငါ့မှာမချိ..။

ဘုရားကယ်ပါ၊ အော်မြည်ပါလဲ

ကွာသတိနှင့် . . .။

ငါ့မိရင်ခွင်၊ ဤမြေပြင်တွင်

ငါလျှင်လဲ၍၊ အောင်ပွဲခံသည်

နိုင်ငံသာကြောင်း

ငါဆုတောင်းမည်

သိန်း သောင်း သန်းကျော်

တို့ရဲဘော်တို့။ ။

မင်းသုဝဏ်

(ရန်ကုန်တက္ကသိုလ်၊ နှစ်ငါးဆယ် စာစောင်မှ)

ဗိုလ်အောင်ကျော် ၁၂၇၇၊ တပို့တွဲ လပြည့်ကျော် ၉ ရက်။ ၁၉၁၆ ဖေဖော်ဝါရီ ၂၇ ရက်မှာ အဖ ဦးကျော်ထင်၊ အမိ ဒေါ်ရွှေကျော် တို့က ဟင်္သာတ ခရိုင် အင်္ဂပူ မြို့နယ် မယ်ဇလီကုန်း ဒေသ ရုံးဇင်ရွာ ဖွားပြီး မယ်ဇလီကုန်းရွာ အမျိုးသား ကျောင်းက ၁၉၃၁ မှာ သတ္တမတန်း အောင်။ ဆယ်တန်း ကို ဟင်္သာတမြို့ ကမ္မင်း အထက်တန်း ကျောင်းက အောင်ပြီး ၁၉၃၅ မှာ ရန်ကုန် တက္ကသိုလ်ကို ရောက် ပါတယ်။

၁၉၃၇-၃၈ အိုင်အေ ဒုတိယနှစ် (ဥပစာတန်း ဒုတိယ နှစ်) တက်ဆဲ ၁၉၃၈ ကျောင်းသား သပိတ်မှာ ဂေါ်ရာ ပုလိပ်များက နံပါတ်တုတ်နဲ့ ရိုက်သတ်လို့ ကျဆုံး ခဲ့ရတယ်။

ရန်ကုန်တက္ကသိုလ် ဂျပ်ဆင် ကောလိပ်မှာ ယုဒဿန် မြန်မာ အသင်းကြီးရဲ့ အမှုဆောင်၊ တက္ကသိုလ် ကျောင်းသား သမဂ္ဂမှာ အမှုဆောင်။ တစ်ဖက် ကလည်း ရပ်ကွက်ထဲမှာ ကြီးပွားရေး ဦးလှ (နောင်လူထုဦးလှ)ရဲ့ အခမဲ့ ညကျောင်း မှာလည်း ကူညီ စာပြ ခဲ့ဖူး ပါတယ်။

၁၉၃၈ မှာ ကျောင်းသား သမဂ္ဂမှာ ကိုအောင်ဆန်းက ဥက္ကဋ္ဌ အဖြစ်က ထွက်ပြီး တို့ဗမာ အစည်းအရုံး ‘သခင်’ဖြစ်သွားလို့ ကိုဗဟိန်း ဥက္ကဋ္ဌ ဖြစ်လာတယ်။ အတွင်းရေးမှူးက ကိုဗဆွေ။ သူတို့နှစ်ဦး ရေနံမြေ သပိတ်မှာ အမျိုးသားရေး ကိစ္စ အဖြစ် ပါဝင် ဟောပြောလို့ အဖမ်း ခံရတယ်။

သမဂ္ဂဦးဆောင်ပြီး အတွင်းဝန်ရုံးကို ဝိုင်းဝန်း ဆန္ဒပြပြီး ကိုဗဟိန်း၊ ကိုဗဆွေတို့ လွတ်ဖို့ တောင်းဆိုတယ်။

၁၉၃၈ ဒီဇင်ဘာ ၂၀ ရက် နေ့မှာ ဗိုလ်အောင်ကျော် ဂေါ်ရာ ပုလိပ်များရဲ့ လက်ချက်နဲ့ ကျဆုံး ခဲ့တယ်။ သူကျဆုံးတဲ့နေ့ကို ‘မြန်မာနိုင်ငံ ကျောင်းသားများနေ့’ လို့ သတ်မှတ်ခဲ့ ပါတယ်။

ဗိုလ်အောင်ကျော်ဟာ ၁၉၁၆ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ မွေးဖွား ပါတယ်။ ဗိုလ်အောင်ဆန်းထက် တစ်နှစ် ငယ်ပါတယ်။ မနှစ်က ‘အောင်ဆန်း ရာပြည့်’ဖြစ်ပါ တယ်။ ဒီနှစ်ဟာ ဗိုလ်အောင်ကျော် ရာပြည့်ပါ။ အမှတ်တရ အဖြစ် ကဗျာ စာဆိုကြီး မင်းသုဝဏ် ရေးဖွဲ့ခဲ့တဲ့‘ဗိုလ်အောင်ကျော် နတ်သံ’ ကဗျာကို ဖော်ပြ လိုက်ပါတယ်။

By - မောင်စွမ်းရည်

Originally published at - http://www.7daydaily.com/story/58487


Read More »

Sunday, May 12, 2013

မိခင်များနေ့  (Mother”s Day) ဆုတောင်း


မိခင်များနေ့ဆုတောင်း

“ကျွေးမွေးသုတ်သင် သက်ဆုံးပင်
ချစ်ခင်ရှာပေ တို့မေမေ။

ငယ်စဉ်ကာလ စည်းကမ်းပြ
ဆုံးမခဲ့ပေ တို့မေမေ။

အရွယ်ရောက်လာ ကျောင်းအပ်ကာ
ပညာပေးပေ တို့မေမေ။

ကျန်းမာဖို့ရေး သင်ရာကျွေး
လေးစားအပ်ပေ တို့မေမေ။

ဝတ်စားဆင်ယင် မြတ်နိုးကြင်
ချစ်ခင်အပ်ပေ တို့မေမေ”

ယနေ့  ကျရောက်တဲ့ မိခင်များနေ့  (Mother’s Day) ရောက်ခါနီးမှာ မိခင်ကွယ်လွန်သွားရှာကြတဲ့ တူလေး တူမလေးအပါအ၀င် မိခင်မဲ့သွားကြရရှာသော ကျန်ရစ်သော သားသမီးများအတွက် အထူးကြေကွဲဝမ်းနည်း
ရပါတယ်။

ထို့ အတူ နာဂစ်မုန်တိုင်းအတွင်းမှာ မိခင်မဲ့သွားခဲ့ရရှာသော သားသမီးအပေါင်းတိုအား ပြန်လည်စာနာမှုနဲ့
အတူ၊ ယခု နောက်နောင် ကျရောက်မည့် သဘာဝဘေးအန္တရာယ်များနှင့် ကင်းဝေးပြီး မိသားစုအပေါင်း ဥ
မကွဲ သိုက်မပျက်ဘဲ အတူတစ်ကွ နေထိုင်နိုင်ကြပါစေလို့  ဆုတောင်းအပ်ပါတယ်။

မိခင်များနေ့  ဆုတောင်း

ကြောက်မက်ဖွယ် နာဂစ်မုန်တိုင်းနဲ့  သဘ၀ဘေးအန္တရာယ်များကြောင့် ဝေးကွာသွားခဲ့ကြရတဲ့ မိခင်များနဲ့ သားသမီးများအတွက် မိခင်များနေ့ မှာ -

ယုတ်မာသူ ရမ်းကားသူ အာဏာရူးအုပ်စုရဲ့  မတရားဖိနှပ်ညဉ်းပမ်းအုပ်စိုးမှုအောက်မှာ ရှင်ကွဲကွဲ သေကွဲ
ကွဲကြရတဲ့ မိခင်များနဲ့  သားသမီးများအတွက် မိခင်များနေ့ မှာ -

အကြပ်အတည်းမျိုးစုံနဲ့  ရင်ဆိုင်နေကြရတဲ့ ခေတ်စနစ်ဆိုးအောက်မှာ ခက်ခဲကြမ်းတမ်းစွာနဲ့  ရုန်းကန်ဖြတ်
သန်းလှုပ်ရှားနေကြလို့  ဝေးကွာနေကြရတဲ့ မိခင်များနဲ့  သားသမီးများအတွက် မိခင်များနေ့ မှာ -

တိုင်းပြည်နဲ့  လူမျိုးအကျိုးအတွက် ကိုယ်ကျိုးစွန့် လွှတ်ပြီး ခိုင်မာသော ယုံကြည်ချက်ဖြင့် အခက်အခဲမှန်သမျှ အချုပ်အနှောင်မှန်သမျှ ညဉ်းပမ်းသတ်ဖြတ်မှုမှန်သမျှ ရင်ဆိုင်ကြုံတွေ့ နေကြပြီး ဝေးကွာနေကြရတဲ့ မိခင်
များ သားသမီးများအတွက် မိခင်များနေ့ မှာ -

အမိမြန်မာပြည်နှင့် အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ရေခြားမြေခြားဒေသများသို့ရောက်ရှိကာ
ဝေးကွာနေကြရသော မိခင်များ သားသမီးများအတွက် မိခင်များနေ့ မှာ - ကိုယ်ချင်းစာတရား ထားတတ်
ကြမယ်ဆိုရင် - နေ့ စဉ်နေ့ တိုင်း မိခင်များနေ့ အဖြစ် အောက်မေ့အသိအမှတ်ပြုကြပြီး -

မြန်မာပြည်က မိခင်တွေ ဘ၀အခြေအနေကို ဘယ်လို စောင့်ရှောက်ကူညီသင့်ကြသလည်း။
  • "မိခင်တွေကို ကျေးဇူးဆပ်ကြပါ။"
  • "မိခင်တွေကို ပြုစုစောင့်ရှောက်ကြပါ။"
  • "မိခင်တွေကို အကာအကွယ်ပေးကြပါ။"
  • "မိခင်တွေ ဘ၀ကို တန်ဖိုးထား မြတ်နိုးကြပါ။"
  • "မိခင်တွေကို လေးစားသမှု ပြုကြပါ။"
  • "မိခင်တွေ ပညာရေးအဆင့်အတန်း လူနေမှုအဆင့်အတန်း ကျန်းမာရေးအဆင့်အတန်း မြင့်မားတိုးတက်အောင် ဆောင်ရွက်ပေးကြပါ။"

(မေလ ၁၂ ရက်၊ ၂၀၁၃ ခုနှစ် - မိခင်များနေ့  Mother’s Day)။

from Burma ( The Power of People) by Niknayman
Read More »

Thursday, February 14, 2013

ဟပ်ချိုး ဆိတ်ဖွား အသက်တစ်ရာ အနာမရှိ




ခေတ်သစ် သင်ပုန်းကြီး (၃၂)
  • နိုင်ငံအတွင်းမှာ ခေတ်စားသည်က ပြဿနာ။
  • ဖြေရှင်းနည်းက ကော်မရှင်ဖွဲ့ခြင်း။
  • ကော်မရှင် ရှင်းသည်က ထုတ်ပြန်ချက်။
  • အစီရင်ခံစာဟူသည် လွယ်လွယ်နှင့် မထွက်။
  • ထွက်လာသည့် ထုတ်ပြန်ချက်ကား
  • ကြားဖြတ်အစီရင်ခံစာဖြစ်သဖြင့် ထုတ်ပြန်ခြင်း မပြုရန်တဲ့။

အစီရင်ခံသည့် အကြောင်းများက
  • ထိုင်းသွားပြီး ငွေကုန်လူနွမ်း ဒုက္ခထမ်းသံဃာများအကြောင်း မပါ
  • သက်သာပြီး ဆေးရုံက ဆင်းသည့် သံဃာများအကြောင်းသာ
  • ကော်မရှင့်လုပ်ပိုင်ခွင့်မှာ မြန်မာနယ်နိမိတ်ကို ကျော်ဟန်မတူ
  • ပြဿနာများသာ နယ်ကျော်နိုင်ဘိအလား
  • နောင်တော့်နောင်တော် ကော်မရှင်များ၏ ခြေရာအား
  • ထပ်ချပ်မကွာ လိုက်ပါစွာဖြင့် မိုဟာ(MOHA ministry of home affairs) နံ့သင်းသင်း
  • သတင်း ထုတ်ပြန်ချက်နှင့် မဆလ၊ နအဖနံ့မကင်းမကင်း အစီရင်ခံစာတို့အား
  • နိုင်ငံသားများက အံ့ကြီးပင် အောကြကုန်၏။

ဟပ်ချိုး ဆိတ်ဖွား အသက်တစ်ရာ အနာမရှိဆိုသော်လည်း
  • ဆိတ်ဖွားခင်မျာ ကော်မရှင်ဖွဲ့၍ပင် ထောက်လှမ်းခံနေရ
  • ဥပဒေအထက်မှာ မည်သူမျှ မရှိဆိုသော်လည်း
  • ဥပဒေပြုရေးမဏ္ဍိုင်သားများ၏ လက်တွင်မူ
  • ကော်မရှင်ဖွဲ့ အရေးယူခွင့်က ရှိနေရာ
  • လှည်းနေလှေအောင်း မြင်းဇောင်းမကျန်
  • လေလှိုင်းကြား ဖိုင်ဘာအော့ပတစ်ကြား
  • ဘယ်အကြိုအကြားမှ မကျန်ရလေအောင်
  • အွန်လိုင်းပင် သုံးလေ့မရှိသော ခေါင်းပေါင်းတော်များက
  • မောင်စံရှားမှန်ဘီလူး ငှားကူပြီး ရှာလေတော့မည်။
  • အသင် ဆိတ်ဖွား သက်တော်ရာကျော် ရှည်ပါစေသတည်း။

အံ့သြရပါ၏။

နိုင်ငံကြီးသားများလည်း မြန်မာ့မီဒီယာအဖုံးအဖွင့်ကို
  • အံ့အားတွေ သင့်ကြ။
  • လွတ်လပ်စွာ ထုတ်ပြောခွင့်မရသဖြင့်
  • ပြဿနာဖြစ်ရဟုဆိုလျက်က
  • လွတ်လပ်စွာ ရေးသားခွင့်ဆိုကာ
  • ပြဿနာဖြစ်ရာဖြစ်ကြောင်းတွေ ပေါ်ထွက်လာပြန်ရာ
  • သတင်းမရေးတတ်သူများနှင့်
  • သတင်းမဖတ်တတ်သူများအကြား
  • သတင်းမှန်နှင့် အတွေးမှား
  • အတွေးမှန်နှင့် သတင်းမှား
  • လုံးလားထွေးလား ခရီးဆက်သွားနေလေ၏။

အံ့သြရပါသည်။

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဥပဒေက ပူပူနွေးနွေး
  • စီမံကိန်းတကာက တစ်ပတ်နွမ်းရော ဖုတ်ပူမီးတိုက်ပါ ပေါများ
  • မြေသိမ်းဇယားက အတောမသတ်
  • အမှုပတ်ခံရသူတွေလည်း များသထက်များလာ
  • လယ်သမားက အားကိုးရှာ
  • လှုပ်ရှားသူက ကယ်တင်ရှင်ရှာသူကို ရှာ
  • ကုမ္ပဏီက စီမံကိန်း ရှာ
  • အိုးအိမ်က ဆိတ်ငြိမ်စွာ
  • နိုင်ငံခြားသားက ဈေးကွက်ရှာ
  • သည်နှယ်သာ ဆက်ဖြစ်
  • တိုင်းပြည်တိုးတက်ရစ်စေဖို့
  • မည်သူက မည်သို့ကူညီကြမည်နည်း
  • အဖြေက အချည်းအနှီး ဖြစ်မှာစိုး
  • ကိုယ်ကျိုးနည်းဥပဒေများ မပြဋ္ဌာန်းကြပါနှင့်
  • အံ့အားမသင့်နိုင်ပါတော့အံ့။

မည်သို့ပင်ဖြစ်စေ နိုင်ငံသားများ
ဥပဒေအကျိုးကို ကော်မရှင်တန်ခိုးမပါ
ခပ်ရိုးရိုးသာလျှင် ခံစားနိုင်ကြပါစေ။ ။

ပြောင်းဖူးရိုး

The Myanmar Independent News Journal
Read More »

Wednesday, April 11, 2012

၂၀၁၂ နှစ်သစ် ဆုမွန် - သျှီ



Read More »

Wednesday, April 04, 2012

Naing Oo Nyo (Phoe Zero) - Poem



ကျုပ်တို့နိုင်ငံ ကျုပ်တို့ပြန်မလာရင်
နိုင်ဦးညို (ဖိုးဇီးရိုး)
ဧပြီ ၄၊ ၂၀၁၂


(တချို့တွေက တွေးတယ် ... အရိုင်းစကားမပြောစမ်းနဲ့
တိုင်းတပါးမှာ မင်း ရှင်ဘုရင်မဖြစ်နိုင်ဘူး … တဲ့)
ခင်ဗျားတို့ကဗျာ ခပ်ကောင်းကောင်း
ခင်ဗျားတို့အတွေး ခပ်ကောင်းကောင်း
ဒါပေမဲ့
လွဲနေတဲ့အတွေးလွဲ
ကျုပ်တို့တိုင်းတပါး
ထွက်ခဲ့ရတဲ့အကြောင်းရင်းက
ရှင်ဘုရင်ဖြစ် မင်းလုပ်ဖို့မဟုတ်ဘူး ...။
Read More »

Wednesday, March 07, 2012

မသူတော့် ကြောက်တွေး (ကဗျာရှင် နေရဲနီ)




မသူတော့် ကြောက်တွေး
(ကဗျာရှင် နေရဲနီ)

အင်း....ဘယ်လိုဖျက်ဖျက်
မပျက်တဲ့အပြင် တို့လုပ်အမျှ အဖျက်တရား
သူတို့အတွက် ကောင်းကျိုးတွေအဆင့်ဆင့်ဝေဖြာလို့
ကောင်းချီးသြဘာသံတွေ သောသောညံနေတာ
တလောကလုံး ပြုံးပျော်နေလိုက်ကြတာ။

ပုသိမ်မှာလည်း မုန့်ဟင်းခါး
ပိဿာ ၆ဝဝ အလကားဖြစ်တဲ့အပြင်
အဆာပြေအတွက်ကျေးဇူးတင်ပါတယ်ဆိုပြီး
ငေါ့တော့တော့ ပြောလိုက်သေးတယ်။

တက္ကသိုလ်ကျောင်းတွေကို
စာမေးပွဲနဲ့ ညစ်တွန်းတွန်းတာတောင်
နာမည်ပျက်တာဘဲ အဖတ်တင်တယ်။

ဖျာပုံမှာ ကွင်းမငှားလိုက်တာလည်း
မှားတာဘဲ။
ငှားလိုက်ရင် လာတဲ့ပရိတ်သတ်နဲ့
ကျပ်ညပ်ပြီး တခုခုဖြစ်ရင်
အပြစ်ရှာလို့ရသေးတယ်။

Read More »

အမေနဲ့အတူ (ကဗျာရှင် နေပြည်တော်သား)



အမေစုနဲ့ နေပြည်တော်သားများ (ဓာတ်ပုံ Getty Images)

Read More »