နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ကား-ဆောင်းပါး. Show all posts
Showing posts with label ကား-ဆောင်းပါး. Show all posts

Tuesday, February 23, 2016

Nissan Juke




အရွယ်အစား သေးငယ် တယ်လို့ ထင်ရပေမယ့် SUV ကိုယ်ထည် ကားတစ်စီး အဖြစ် ပေါ့ပေါ့ ပါးပါး အသုံးပြု နေကြတဲ့ နစ်ဆန်း Jukeကို အခု တစ်ပတ်မှည ရွေး ချယ် ဖော်ပြပေး လိုက်ပါတယ်။



နစ်ဆန်း Juke ကို ၂၀၁၀ မှာ စတင် ထုတ်လုပ်ပြီး အင်ဂျင် အရွယ်အစား နှစ်မျိုးကို Sport Type ကား အဖြစ်ပါ သုံးနိုင်အောင် တပ်ဆင် ထုတ်လုပ် ထားပါတယ်။

CVT ဂီယာအမျိုးအစားကို တပ်ဆင် ထုတ်လုပ်ထားတဲ့ကားတစ် စီးဖြစ်ပြီး ပြည်တွင်းဈေးကွက်ထဲမှာလည်း လူကြိုက်များကားတစ်စီးအဖြစ်ရပ်တည်နေပါတယ်။

Chassis ID အလိုက်ခွဲခြား မယ်ဆိုရင်တော့ F15, NF15, YF15 ဆိုပြီး သုံးမျိုးခွဲခြားထုတ် လုပ်ပါတယ်။



F15-2WD-1600CC / NF15-4WD-1600CC / YF15-2WD-1400CC ဆိုပြီး Chassis ID အလိုက်ခွဲခြား ထုတ်လုပ် ပါတယ်။ ဂရိတ်တွေ ကိုတော့ 15RS, 15RX, 16GT နဲ့ Nismo ဆိုပြီး မူရင်းဂရိတ် လေးမျိုးကို ထုတ်လုပ် ပါတယ်။

မူရင်းဂရိတ်လို့ ခွဲခြားဖော်ပြ ရတာကတော့ မူရင်း ဂရိတ် တစ်ခုမှာ ဂရိတ်ခွဲတွေ ထပ်မံ ခွဲခြား ထုတ်လုပ် ထားတာ ဖြစ်လို့ပါ။ မူရင်း ဂရိတ်တွေ ကို သိသွားရင် ဂရိတ်ခွဲတွေ ကိုလည်း ခွဲခြား နားလည်နိုင်ပြီ ဖြစ်လို့ မူရင်း ဂရိတ်တွေရဲ့ ကွဲလွဲချက် တွေကို ဖော်ပြ ပေးပါမယ်။

15RS

ဒီဂရိတ်မှာဂရိတ်ခွဲတွေဖြစ်တဲ့ RS Type V ,RS Personalize Package, RS UrbanSelection, ဆိုပြီး တွေ့ရပါတယ်။

ဂရိတ်ခွဲတွေ ရဲ့ ဒီဇိုင်းပိုင်းကထုတ်လုပ်တဲ့ ခုနှစ်ပေါ်မူတည်ပြီး ကွဲလွဲချက်ရှိနေပါတယ်။

RS Type က မော်ဒယ် အမြင့်ဆုံးဂရိတ်ဖြစ်တာကြောင့် နောက်ဆုံး ပုံပြောင်းဒီဇိုင်းဖြစ်တဲ့ LED ပရိုဂျက်တာမီးခွက်နဲ့ ထုတ်လုပ်ပါတယ်။



နောက်မီးခွက်နဲ့ နောက် Spoiler တွေကလည်း ပုံပြောင်း မီးခွက်ဒီဇိုင်းတွေ ဖြစ်လာ ပါတယ်။ RS Personalize Package ကို တော့ ၂၀၁၃ မှာ စတင် ထုတ်လုပ် ခဲ့ပြီးနှစ်ကုန် ပိုင်းမှာ ထုတ်လုပ်မှု ကို ရပ်နား ထားခဲ့ပါတယ်။

ရှေ့ ရှဲလ်နဲ့ ရှေ့ Fog Light အကြီး တပ်ဆင်ထုတ်လုပ်တဲ့ မော်ဒယ်ဖြစ်ပြီး ပြည်တွင်းမှာ တင်သွင်းနှုန်း အများဆုံးဂရိတ်နဲ့ မော်ဒယ်ဖြစ်ပါ တယ်။



RS Urban Selection ကို တော့ စတင် ထုတ်လုပ်ချိန် ၂၀၁၀ မှာ စတွေ့ရပြီး အရောင် အလိုက် ဂရိတ်ခွဲ အသေးလေးတွေ ကိုပါ သတ်မှတ် ပါသေးတယ်။ Black Stylish ဆိုတဲ့ အရောင် အစွဲပြု ဂရိတ်တွေ ကိုပါ ထုတ်လုပ် ပါသေးတယ်။

အလွိုင်းခွေနဲ့ ရှေ့မီးချွန် ချွန်လေးဖြစ်နေတဲ့ ပုံစံက ဒီဂရိတ် ရဲ့ ထူးခြားတဲ့ ရုပ်ပိုင်း ဖြစ်ပါတယ်။ RS ဂရိတ်တွေကို YF15 မှာသာ ထုတ်လုပ် ပါတယ်။ အဲဒါကြောင့်၁၅၀၀ စီစီ/ 2WD နဲ့ ထုတ်လုပ် ပါတယ်။ အဲဒါကြောင့် ၁၅၀၀ စီစီ ဆိုရင် RS ဂရိတ်လို့ အလွယ် မှတ်သားနိုင်ပါတယ်။

15RX

ဒီဂရိတ်မှာတော့ ဂရိတ်ခွဲ တွေ များလွန်း တာကြောင့် မူရင်း ဂရိတ်ရဲ့ ပါဝင် တပ်ဆင် ထုတ်လုပ် တာတွေကို ဖော်ပြ ပေးပါမယ်။ F15 Chassis ID မှာထုတ်လုပ်တဲ့ ဂရိတ်ဖြစ်ပြီး ဂရိတ်ခွဲ အမျိုးအစား ရှစ်မျိုးခန့် ထုတ်လုပ် ပါတယ်။ အတွင်းခန်း အဲကွန်း ပတ်လည်ဖြစ် တာနဲ့ စပီကာ ရှစ်လုံး ပါဝင်တာက ဒီဂရိတ်ရဲ့ ထူးခြားချက်ဖြစ်ပါ တယ်။ အတွင်းခန်း လေအိတ်တွေ ကတော့ ဂရိတ်ခွဲ တွေပေါ် မူတည် ပြီး အနည်းဆုံး လေးလုံး ကနေ ရှစ်လုံး အထိ ပါဝင် ပါတယ်။

အပြင်ပိုင်းရုပ်ကတော့ ၂၀၁၃ မော်ဒယ်မှာ တခြားဂရိတ် တွေလိုပဲ မီးခွက်ပုံပြောင်းနဲ့ ကိုယ်ထည်ဖောင်းလိုင်းတွေ ပါဝင်လာ ပါတယ်။ ဂရိတ်ခွဲတွေထဲမှာလည်း Premium White Package ပါဝင်ပြီး အဖြူရောင်တစ်မျိုး တည်းသာ ထုတ်လုပ်တဲ့ ဂရိတ်ခွဲ တစ်မျိုးအဖြစ် တွေ့ရပါတယ်။

16GT

16GT ကတော့ Sport Typeကားအဖြစ် ထုတ်လုပ်တဲ့ ဂရိတ် ဖြစ်ပါတယ်။ ၂၀၁၂ မှာ စတင် ထုတ်လုပ်တဲ့ ဂရိတ်ဖြစ်ပါတယ်။အတွင်းခန်းနဲ့ ကိုယ်ထည်ပိုင်း အပြင်ဆင်တွေကတော့ မော်ဒယ် အလိုက် 15 RX ဂရိတ်ပုံစံအ တိုင်းပြောင်းလဲပါတယ်။ အင်ဂျင် ပိုင်းတည်ဆောက်ပုံကလွဲပြီး ကျန်တဲ့ အစိတ်အပိုင်းတွေကတော့ 15 RX ဂရိတ်နဲ့ တူညီပါတယ်။

Nismo

Sport Type ကားကိုဂရိတ် တစ်ခုအနေနဲ့ ထုတ်လုပ်တဲ့အပြင် Nismo ဂရိတ်ကိုလည်း ဇိမ်ခံကား SUV အဖြစ်လည်း ထုတ်လုပ်ပါတယ်။ အတွင်းခန်းထိုင်ခုံတွေက Leather ထိုင်ခုံတွေအဖြစ် ထုတ်လုပ်ပြီး ထိုင်ခုံတွေအားလုံး က ပါဝါထိုင်ခုံတွေဖြစ်ကြပါ တယ်။ အတွင်းခန်းကိုဇိမ်ခံကား တစ်စီးလိုထုတ်လုပ်တာကလွဲပြီး ကျန်တာကတော့ ၂၀၁၃ 15 RSType V နဲ့ တူညီပါတယ်။ NF15Chassis ID နဲ့ ထုတ်လုပ်ပြီး အင်ဂျင်ပါဝါ ၁၆၀၀ စီစီ ဖြစ်ပါ တယ်။

ပြည်တွင်းဈေးကွက်ထဲက နစ်ဆန်း Juke ၂၀၁၀ မော်ဒယ် ဆိုရင် ကျပ် ၂၆၅ သိန်းဝန်းကျင် လောက် ပေါက်ဈေးရှိနေပြီး ၂၀၁၃ မော်ဒယ်ဆိုရင်တော့ ကျပ်သိန်း ၄၅၀ လောက်အထိ ပေါက်ဈေးရှိပါတယ်။

Originally published at - http://www.7daycars.com/story/213


Read More »

Thursday, February 11, 2016

တိုယိုတာ Belta ရဲ့ ဂရိတ်တွေ အကြောင်း




ရန်ကုန်၊ ဖေဖော်ဝါရီ

တိုယိုတာက ထုတ်လုပ်တဲ့ ကားတွေ ထဲက ပြည်တွင်းမှာ လူကြိုက်များ ကားတစ်စီး ဖြစ်တဲ့ တိုယိုတာ Belta ရဲ့ ဂရိတ် အလိုက် ကွဲလွဲ ချက်တွေ၊ ထုတ်လုပ်မှု မူကွဲတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

တိုယိုတာက ထုတ်လုပ်တဲ့ ၁၃၀၀ စီစီ အင်ဂျင် တပ်ဆင် ထားတဲ့ကားတွေ ထဲမှာတော့ လူကြိုက်များတဲ့ ဆလွန်း ကား တစ်စီး ဖြစ်ပါတယ်။



အင်ဂျင် အရွယ်အစား အသေးနဲ့ အလတ်စား ကားတွေထဲက Corolla Axio, Tida Latio, Premio တို့တွေထဲမှာ Belta က လူကြိုက် အများဆုံးနဲ့ ပြည်တွင်းမှာ ရောင်းအား အကောင်းဆုံး ကားတစ်စီးဖြစ် လာပါတယ်။

တိုယိုတာ Belta ကို ၂၀၀၅ ခုနှစ်ကစတင်ထုတ်လုပ်ပြီး Chassis ID သုံးမျိုးခွဲခြားသတ်မှတ်နိုင်ပါတယ်။ SCP92- 1300 cc, 2WD NCP96- 1300cc,4WD KSP92-1000cc,2WD တို့ဖြစ်ပါတယ်။ Chassis ID သုံးမျိုးထဲမှာလူကြိုက်အများဆုံးကတော့ SCP92 ဖြစ်ပါတယ်။



တချို့ ကတော့ ဈေးသက်သာပြီး အင်ဂျင် အရွယ်အစား သေးတဲ့ KSP92 1000cc ကို လူကြိုက်များ ကြပါတယ်။ မော်ဒယ် အလိုက် ခွဲခြားထုတ်လုပ် မှုတွေ ကတော့ ၂၀၀၅ ခုနှစ် ၁၁လပိုင်းမှာစတင်ထုတ်လုပ်တဲ့ တိုယိုတာ Belta ကို ၂၀၀၈ ခုနှစ် ၈လပိုင်းမှာပထမပုံပြောင်းကိုထုတ်လုပ်ပါတယ်။



ရှေ့ရှဲပုံပြောင်းနဲ့ ဘေးဘက် နောက်ကြည့်မှန် တွေမှာ မီးတန်း ပါဝင်လာ ပါတယ်။ Belta ရဲ့ ရှေ့ရှဲကိုမှာ ကန့်လန့်တန်း တစ်ခု ပါနေရင် မော်ဒယ် နိမ့်ဖြစ်ပြီး ၊ ဇကာပေါက်ပုံ ဖြစ်နေရင်တော့ မော်ဒယ် မြင့်ဖြစ်ပါတယ်။

Belta ရဲ့ဂရိတ်တွေကို ခွဲခြားမယ်ဆိုရင်တော့ Business Package, X, XL Package, G ဆိုပြီး (၄)မျိုး ခွဲခြား ထုတ်လုပ် ပါတယ်။

Business Package ဒီဂရိတ်ကိုတော့ တက္ကစီဂရိတ်လို့လူသိများကြပြီး Side Mirror နဲ့ တံခါး လက်ကိုင်တွေက အနက်ရောင် ဖြစ်ပါတယ်။



အလယ် အလတ်တန်း ဂရိတ်တွေမှာ ပါဝင်နေကျ ဖြစ်တဲ့ ရှေ့တခါး ပါဝါ ၀င်းဒိုးလို Feature မျိုးတွေတောင် မပါဝင်ဘဲ အတွင်းခန်း ဂရိတ်ရော အပြင် ဂရိတ်ပါ သိသိသာသာ လျော့နေတာ တွေ့ရပါတယ်

။ဒါပေမယ့် ဈေးသက်သာ တဲ့ဂရိတ်ဖြစ်လို့ ၀ယ်ပြီးမှ လိုချင်တဲ့ အတိုင် ဂရိတ်အမြင့် နီးပါး ပြန်ပြင်ပြီး သုံးကြတာတွေ လည်း ရှိပါတယ်။ X Grade ဒီဂရိတ်ကတော့ Belta ဂရိတ်တွေထဲမှာ အလတ် တန်းစား ဂရိတ်တစ်ခု အဖြစ်တွေ့ရ ပါတယ်။



ပါဝါ၀င်းဒိုးတွေ ပါဝင် လာပေမယ့် စပီကာကတော့ ရှေ့မှာပဲ ပါပြီးနောက်ခန်း စပီကာ မပါဝင်ပါဘူး။ အဲကွန်ကလည်း အော်တိုမဖြစ်ဘဲ Manual ဖြစ်နေတာ တွေ့ရပါတယ်။

X L Package ဒီဂရိတ်မှာတော့ အဲကွန်းက အော်တို မဖြစ်သေးပေမယ့် Button အမျိုးအစား ဖြစ်လာပါတယ်။ သော့စနစ်၊ စက်နှိုး စနစ်တွေက Push Start စနစ် မဖြစ်သေး တာကလွဲပြီး ကျန်တဲ့ ဂရိတ်တွေ အားလုံး အမြင့်တွေ ပါဝင် လာပါတယ်။

G grade ဒီဂရိတ်ကတော့ Belta ဂရိတ်တွေထဲမှာ အမြင့်ဆုံးဖြစ်ပြီးPush Start နဲ့ အခြား အဲကွန်း ပတ်လည်၊ အော်တို အဲကွန်း၊ စပီကာ ပတ်လည်ဖြစ်တာ တွေ့ရပါတယ်။

Belta ရဲ့ဂရိတ်အမြင့်တွေဖြစ်တဲ့ XL နဲ့ G grade တွေကို SCP92 နဲ့ NCP96 Chassis တွေမှာသာတွေ့ရပါ တယ်။ X grade တွေကိုတော့ KSP92 ,1000cc မှာသာတွေ့ရပါတယ်။

_အောင်ဖြိုးမွန်

Originally published at - http://www.7daycars.com/story/160


Read More »

Monday, December 14, 2015

Vigo တွေ အတွက်ပြိုင်ဖက်ကောင်း ဖြစ်လာတဲ့ Nissan Navara Double Cab



photo- motortrends.com

ကျနော်တို့ ပြည်တွင်း ဈေးကွက်မှာတော့ Toyota ရဲ့ Vigo မော်ဒယ်တွေကို လူကြိုက် အများဆုံးလို့ သတ်မှတ်မယ် ဆိုရင်တောင် ရနိုင်လောက်အောင် လူစီးများ တာတွေ့နိုင် ပါတယ်နော်။

ရုပ်ထွက်ကလှတယ် ဆိုတာထက် ကြွတယ်၊ လမ်းကြမ်းပိုင်းစွမ်းဆောင်ရည် ရတယ်၊ ခရီးဝေးလည်း မောင်းနိုင်တယ်၊ ဆီစားလည်းသင့်တယ်ဆိုတော့ လူကြိုက်များတာပေါ့။

ဒါပေမယ့် အခု ကျနော် မိတ်ဆက်ပေးချင်တဲ့ Navara ကတော့ အရင် ကျနော်တို့ဆီကို Single Cap နဲ့ EXT Cap တွေလောက်ကိုပဲ အတွေ့ရများပေမယ့် အခု Double Cap အဖြစ်ပါ မြင်လာရတာတော့ ကျနော်လည်း စိတ်ဝင်စားမိတာ အမှန်ပါ။

Vigoနဲ့ ကွဲသွားတဲ့ တချက်ကတော့ ရုပ် ထွက်ပိုင်းမှာတည်ငြိမ်တဲ့ ရုပ်ထွက်မျိုး ဖြစ်လာတာပါပဲ။ ဆိုလိုတာကတော့ လူငယ်ဆန်တယ်ဆိုတာထက် တည်ငြိမ်တဲ့ သဘောပါ။ ဒီနေရာမှာ Navara တွေရဲ့ အားသာချက် တချက်ကVigo တွေထက် ဈေးနှုန်းမှာသိသိသာသာချိုနေတာပဲ ဖြစ်ပါတယ်။

နောက်ပြီးမော်ဒယ် အနေနဲ့က နိုင်ငံတကာဈေးကွက်မှာလည်း အခြေအနေမကောင်းတာမျိုး၊ ပြစ်ချက်များတယ် ဆိုတာမျိုး သိပ်မရှိလှ ပါဘူး။ ဈေးကွက်တိုင်းမှာ လက်ခံနေတဲ့ မော်ဒယ် ဖြစ်ပြီးတော့ အရည် အသွေးပိုင်းမှာ ကလည်းလမ်းကြမ်းပိုင်း စွမ်းဆောင်ရည် အထူးကောင်းမွန် တာတွေ့နိုင်ပါတယ်။

အခု ပြည်တွင်းဈေးကွက်ထဲမှာအတွေ့ရများတဲ့ Double Cab တွေဆိုရင် ဒီဇယ်ဆီစနစ်နဲ့ပါ ရနိုင်တာက စိတ် ကြိုက်ပါပဲ။ ၂.၅ လီတာသုံး အင်ဂျင်စနစ်ကိုပဲ တပ်ဆင်ထားတာဖြစ်ပေမယ့် အင်ဂျင်ပိုင်းစွမ်းဆောင်ရည်က ရုန်အားကို အလေးပေးထားတာကြောင့် လမ်းကြောင်းစုံ မောင်းနှင်နိုင်မှာပါ။

နောက်ပြီး ခရီးဝေးမောင်းနှင်မှုတွေ အတွက်လည်း လေအေးပေးစက်နဲ့ဖျော်ဖြေရေးစနစ်တွေ စိတ်ကြိုက် အသုံးပြု သွားလာနိုင်ပါလိမ့်မယ်။

မော်ဒယ်အနေနဲ့ကတော့ အရောင်ပိုင်းရွေးချယ်နိုင်မှုအတွက် တည်ငြိမ်တဲ့ အရောင်ဖြစ်တဲ့ အနက်ရောင်တွေ ဈေးကွက်ဝင်တာတွေ့ရပြီး အဖြူလည်းတခါတလေတွေ့ရပါတယ်။ ဒါပေမယ့် အဲဒီအဖြူဆိုတဲ့ အရောင်လေးအတွက်ပဲ အနက်ရောင်နဲ့ စာရင် ဈေးဆယ်သိန်းလောက်မြောက်သွားတာတွေ့ဖူးပါတယ်။

ဒါပေမယ့် ကျနော့် အမြင်မှာတော့ မော်ဒယ်ကအနက်ရောင်နဲ့ ပိုလှသလို တည်ငြိမ်မှုလည်း ပေးနိုင်တာတွေ့ရပါတယ်။

မော်ဒယ်က ၂၀၁၄ ခုနှစ် ၀န်းကျင်ထုတ် မော်ဒယ်အနေနဲ့ အတွေ့ရများပြီးတော့ သူ့ထက် မော်ဒယ် နိမ့် တာတွေလည်း ၀င်ပါတယ်။ အဲဒီလိုမော်ဒယ် နည်းနည်း နိမ့်သွားပြီ ဆိုရင်တော့ မော်ဒယ်က ဈေးနှုန်း ပိုင်းမှာသိန်း ၂၀ကျော်လောက်ထိအောင် ကျသွားပြီးမောင်းနှင်ပြီး ကီလိုနဲ့ ဈေးစကား သွားပြောတာ တွေ့ရပါတယ်။

အဆိုပါမော်ဒယ်နိမ့်လေးတွေကိုတော့ စိတ်ကြိုက်မဖြစ်မိပါဘူး။ Auto စနစ်နဲ့ ဖြစ်ပြီးတော့ မောင်းနှင်ရတာ၊ ဂီယာချက် ပြောင်းလဲ အသုံးပြုရတာ အဆင်ပြေကောင်းမွန်ပါတယ်။

ဈေးကွက်ထဲမှာတော့ ကျနော်စိတ်ကြိုက်တွေ့မိတဲ့ ၂၀၁၄ ခုနှစ် မော်ဒယ်တွေဆိုရင် သိန်း ၂၈၀ လောက် အခေါ်ရှိပေမယ့် အရောင် အ၀ယ်ပိုင်းမှာတော့ အကျဘက်မှာရှိပါတယ်။ ဒါပေမယ့် အတွင်းခန်းအပြင်အဆင်နဲ့ တပ်ဆင် ပစ္စည်းပါရှိမှုအပိုင်းမှာမူလပစ္စည်းလား၊ ပြန်ဆင် ပစ္စည်းလားအပေါ်ကို မူတည်ပြီးတော့ ဈေးနည်းနည်း မာချင်တာလေးတွေ တွေ့ရပါတယ်။

မော်ဒယ်မြင့် ဖြစ်တာကြောင့် ဈေးအရမ်းကျဖို့ မရှိလို့ စိတ်ဝင်စားမယ် ဆိုရင် လေ့လာပါ၊ ဈေးညှိပါ၊ စိတ်ကြိုက်ဈေးဆိုတာထက် အရောင်းအ၀ယ် ဖြစ်ဖို့ ကြားဈေးတခုသတ်မှတ် ၀ယ်ယူတာ အကောင်ဆုံးပဲ ဖြစ်ပါလိမ့်မယ်။

လင်းထက်(IA)

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.com/2015/12/vigo-nissan-navara-double-cab.html


Read More »

Friday, December 04, 2015

Mercedes-Benz GLC 250 နဲ့ BMW X5 M


ဒီတစ်ပတ် အတွက်တော့ ကျွန်တော်က ပြိုင်ဖက်ကောင်း တွေကို ရွေးထား ပါတယ်နော်။

ကမ္ဘာ့ ကားလောကရဲ့ ဆရာကြီးတွေ ဖြစ်တဲ့ ဂျာမနီ အခြေစိုက် ကုမ္ပဏီကြီး နှစ်ခုရဲ့ အကောင်းဆုံး လူကြိုက် များနေတဲ့ မော်ဒယ် နှစ်ခုပါ။

ဒီမော်ဒယ်တွေမှာ ဘာတွေထူးခြားချက် ရှိနေပါသလဲ။

အသေးစိပ်ကိုတော့ ကျွန်တော် အောက်ဖက်မှာ ဆက်ပြောပါ့မယ်နော်။ အရင်ဆုံး မော်ဒယ်တွေရဲ့ ဆန်းသစ်မှုတွေကို နည်းနည်းလောက် ပြောပြ ချင်ပါ တယ်။ ဒါမှလည်း စာဖတ်သူတို့ ဇာတ်ရည်လည်မှာ ဖြစ်လို့ပါ။

ပုံမှန်ဆိုရင် Mercedes ရဲ့ မော်ဒယ်က ဇိမ်ခံ တန်းဝင် မော်ဒယ်ပါ။ SUV တန်းဝင် ဆိုတော့ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်လည်း ကောင်းမယ် ဆိုရင် ဈေးကွက်မှာ ပြိုင်ဖက်တွေကို အသာရနိုင်ချေ ပိုမယ်ဆိုပြီး အခုနှစ် မော်ဒယ်မှာမှ Mercedesကနေ လမ်းကြမ်းပိုင်းပါ စွမ်းဆောင်ရည် ကောင်းမွန်တဲ့ ဇိမ်ခံ မော်ဒယ် အနေနဲ့ မိတ်ဆက်လာတာပါ။

နောက်ထပ် BMW ရဲ့ မော်ဒယ်ကို ကြည့်တော့ ပုံမှန်ဆိုရင် X5 အနေနဲ့ ဈေးကွက်မှာ လူကြိုက်များနေပြီး ဖြစ်တာကိုမှ သူက မြန်နှုန်းမြင့် မောင်းနှင်နိုင်မှု အားကောင်းအောင် M တန်းဝင် အနေနဲ့ပါ ဖန်တီးလာပြီး စွမ်းဆောင်ရည်မြင့် ဇိမ်ခံအနေနဲ့ ထွက်ရှိလာတာပါ။

ဒါဆိုရင် မော်ဒယ် နှစ်ခုရဲ့ အားသာချက်ကိုယ်စီကို သိလောက်ပြီ ထင်ပါရဲ့နော်။ ကောင်းပါပြီ၊ ကျွန်တော်တို့ ဆက်ကြည့်လိုက်ရအောင်ပါ။


BMW X5 M (photo - edmunds.com)

အားသာချက် …

X5 နဲ့ ပတ်သတ်လို့ ပထမဆုံး ပြောချင်တာကတော့ တန်းတူပြိုင်ဖက် မော်ဒယ်တွေ ထက် ကိုယ်ထည် ကြီးမား တာကြောင့် အတွင်းခန်း ကျယ်ဝန်းပြီး သက်တောင့် သက်သာ လိုက်ပါ စီးနင်းနိုင်မှာပဲဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ M တန်းဝင် မော်ဒယ်လည်း ဖြစ်နေတာကြောင့် စွမ်းဆောင်ရည် အထူးမြင့်မား ကောင်း မွန်တာပဲဖြစ်ပြီး အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းတွေစိတ်ကြိုက်ဖြစ်ပါတယ်။

နောက်တစ်ချက်က မော်ဒယ်ရဲ့လက်ကိုင်ပိုင်း အားကောင်းတာဖြစ်ပြီး လမ်းကြောင်းပေါ်မှာ တည်ငြိမ်မှုအရှိဆုံး မော်ဒယ်တစ်ခု ဖြစ်သလို မြန်နှုန်းမြင့်မောင်းနှင်မှုတွေအတွက်ပါ စိတ်ကြိုက် ထိန်းချုပ်မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

GLC 250 မှာတော့ မော်ဒယ်ရဲ့ သိသာတဲ့ ရုပ်ထွက်ပိုင်းက ပြိုင်ဖက်တွေထက် ပေါ်လွင်စေမှာပါ။ Mercedes ကနေပဲ ထုတ်လုပ်တဲ့တခြား SUV တွေနဲ့လည်း ရုပ်ထွက်ချင်း ကွဲပြားတာ တွေ့ရပါတယ်။

လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်ရဲ့ နောက်ထပ်အရေးကြီးတဲ့ တစ်ချက်ဖြစ်တဲ့ ယုံကြည်စိတ်ချရမှု မြင့်မားကောင်းမွန်တာလည်း တွေ့ရသလို အသက်ကယ်စနစ်တွေ အဆင့်မြင့်လှပါတယ်။

နောက်ပြီး ဇိမ်ခံအနေနဲ့ ဖြစ်လို့ စီးနင်းရတာ သက်တောင့်သက်သာ ရှိတယ်၊ အတွင်းခန်း ကျယ်ဝန်းတာကြောင့် ခရီးဝေး မောင်းနှင်စီးနင်မှု အတွက်ပါ အဆင်ပြေစေနိုင်တာ တွေ့ရပါတယ်။


BMW X5 M

အားနည်းချက် …

X5 Mမှာပါရှိတဲ့ Drive Mode စနစ်တွေက Sport မော်ဒယ် မဟုတ်ပေမယ့် Mode တွေ များနေတာ တစ်ချက်ကို သိပ်ပြီး သဘော မကျမိပါဘူး။ နောက် တစ်ချက်က လက်ကိုင်ပိုင်း စနစ်မှာ အားကောင်းတယ် တည်ငြိမ်တယ်လို့ ဆိုခဲ့ပေမယ့် လက်ကိုင်ပိုင်း ထိန်းချုပ်မောင်းနှင် ရမှုအပိုင်း တစ်နည်းပြောရရင် လက်ကိုင်ဘီးက မပြေပြစ် ချင်သလို ခံစားမိတာပါပဲ။

နောက်ဆုံးပြောချင်တဲ့ အားနည်းချက်ကတော့ ကိုယ်ထည်ပိုင်း ကြီးမားအောင် ဖန်တီးထားတာ မှန်ပေမယ့် Sport ဆန်အောင် ကိုယ်ထည်ကို နှိမ့်ပြီး ဖန်တီးထားတာမျိုး မတွေ့ရပဲ ပုံမှန်ထက် နည်းနည်း မြင့်နေသေးသလို ဖြစ်နေတာ တစ်ခုက ရုပ်ထွက်ပိုင်း ဆွဲဆောင်မှုများ အားနည်းသွားစေမလားပါ။

အင်ဂျင်စနစ်အပိုင်းမှာ 220d အနေနဲ့ ထုတ်လုပ်ထားတဲ့မော်ဒယ်တွေက အခု 250d နဲ့ အရွယ်တူပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းတာ တွေ့ရပါတယ်။ အထူးသဖြင့် အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းတွေ သိပ်ပြီးတော့ အားမရချင်ပါဘူး။

ဂီယာချက် အပိုင်းမှာက ဥရောပ ဈေးကွက်အတွက် အဓိက ရည်ရွယ်ပြီး ထွက်ရှိလာတာ ဖြစ်လို့ Auto စနစ်နဲ့ ဂီယာချက် ၉ ချက် သုံးနိုင်အောင် ဖန်တီးထားပေမယ့် လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်ပါ ရရှိအောင် ဖန်တီးထားတဲ့ မော်ဒယ်အနေနဲ့ ဂီယာချက် အရေအတွက် များချင်နေသလို ခံစားမိပါတယ်။


BMW X5 M

ကိုယ်ထည်ပိုင်း …

X5 ရဲ့ ကိုယ်ထည်က သံမဏိကို ဦးစားပေး သုံးထားပြီး monocoque အထိုင် ပုံစံနဲ့ မော်ဒယ်ကို အောက်ဖက် အထိုင်ချထားပြီး မော်ဒယ်က အလေးချိန် ၂၃၅၀ ကီလိုဂရမ် ရှိမှာပါ။

စိတ်ကြိုက်အဖြစ်ဆုံးကတော့ ၂၁ လက်မ ဘီးတွေနဲ့ ဖြစ်ပြီးတော့ Suspension ပိုင်းမှာတော့ ရှေ့ဖက်မှာ Double wishbone ကို ပင်မအနေနဲ့ ထိုင်ထားပြီး Coil-spring နဲ့ anti-roll bar တွေ ကူထားပါတယ်။

နောက်ဖက်ကတော့ Multi-linkကို တွေ့ရပြီး Air Spring တွေကို ထပ်ကူထားတာ ဖြစ်ပါတယ်။ အတွင်းခန်း တည်ဆောက်ပုံ ကောင်းမွန်ပြီးတော့ တတိယ ဂီယာချက်နဲ့ အင်ဂျင်ရဲ့ လည်ပတ်အားကို အမြင့်ဆုံး တင်ပြီး မောင်းမယ် ဆိုရင် အင်ဂျင်သံ အကျယ်ဆုံး ထွက်လာမယ့် အချိန်မှာတောင် အတွင်းခန်းဆီကို ဆူညံသံ ၇၅ dB ထိအောင်ပဲ သက်ရောက်စေမယ့် တစ်ချက်ကတော့ စိတ်ကြိုက်ဖြစ်စရာပါ။

250 မှာတော့ C-Class မော်ဒယ်တွေနဲ့ တူညီတဲ့ Platform ပိုင်း တည်ဆောက်မှုကို တွေ့ရပြီး ထူးခြားသွားတာက အတွင်းခန်း ကျယ်ဝန်းအောင် ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြား ပမာဏကို ၃၃ မီလီမီတာ ပိုပြီး ချဲ့ထားတာပဲ ဖြစ်ပါတယ်။

ကားရဲ့ အလျားက ၄.၆၅၆ မီတာ၊ မျက်နှာစာ အကျယ်က ၁.၈၉၀ မီတာနဲ့ အမြင့်က ၁.၆၃၉မီတာပဲ ရှိမှာ ဖြစ်ပါတယ်။ အနေတော် အရွယ်အစား SUV တန်းဝင် မော်ဒယ်ဖြစ်ပြီးတော့ ကားက ၁၇၇၀ ကီလို ဂရမ်ပဲအလေးချိန်ရှိမှာလည်း ဖြစ်ပါတယ်။

ဒါဟာ GLK လို အကြမ်းခံ မော်ဒယ်တွေထက် ၈၀ ကီလို ဂရမ် ပိုမိုပေါ့ပါးအောင် ဖန်တီးထားနိုင်တာလည်း ဖြစ်ပါတယ်။ ဒါဟာရှေ့ဖက် Wing၊ စက်ဖုံးနဲ့ အမိုးတွေကို အလူမီနီယမ်နဲ့ ဖန်တီးလိုက်နိုင်လို့လည်း ဖြစ်ပါတယ်။


Merdedes-Benz GLC 250

အင်ဂျင်ပိုင်း …

X5 M မှာ ရှေ့ဖက်အင်ဂျင်အထိုင်နဲ့ twin-turbo စနစ်ကို ထည့်သွင်းထားတဲ့ ဓါတ်ဆီသုံး ၄.၄ လီတာအရွယ် V8 အင်ဂျင်စနစ်ပဲ ဖြစ်ပါတယ်။

ဒီအင်ဂျင်က အခြေခံလည်ပတ်အား တစ်မိနစ် အပတ်ရေ ၂၂၀၀ မှာတင် ရုန်းအား ၅၅၃ ပေါင်-ပေထိအောင် ထုတ်ပေးနိုင်ပြီးတော့ စွမ်းအင်ကတော့ မြင်းကောင်ရေ ၅၆၇ ကောင်အားထိအောင် ထွက်ရှိမှာ ဖြစ်ပါတယ်။ အင်ဂျင်ရဲ့အမြင့်ဆုံး လည်ပတ်နိုင်မယ့် နှုန်းကတော့ တစ်မိနစ် အပတ်ရေ ၆၅၀၀ ထိအောင်ပဲဖြစ်ပြီး ကားရဲ့ အလေးချိန် တစ်တန် အပေါ်မှာ သက်ရောက် စွမ်းအင် ပမာဏက မြင်းကောင်ရေ ၂၄၁ ကောင်အားထိအောင် ရှိနေတာ ဖြစ်ပါတယ်။

250 မော်ဒယ်မှာတော့ ၂.၁ လီတာသုံး Turbodiesel စနစ် ပါရှိတဲ့ ပုံမှန် လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာတွေ့ရပြီး အင်ဂျင်က အခြေခံလည်ပတ်အား တစ်မိနစ် အပတ်ရေ ၁၆၀၀ မှာတင် ရုန်းအား ၃၆၉ပေါင်-ပေထိအောင် ရှိလာမှာပါ။

ဒါကြောင့်လည်း ရုန်းကန်နိုင်မှု အပိုင်းမှာရော အမြန်နှုန်းမြှင့်တင်နိုင်မှု အပိုင်းမှာပါ အားကောင်းသွားစေတာ ဖြစ်ပြီးတော့ စွမ်းအင်ထွက်ရှိမှုကလည်း မြင်းကောင်ရေ ၂၀၁ ကောင်း ဖြစ်လို့ အရမ်းမနည်းလှပါဘူး။ အင်ဂျင်ရဲ့အမြင့်ဆုံး လည်ပတ်နိုင်မယ့်နှုန်းကတော့ တစ်မိနစ်ကို အပတ်ရေ ၃၈၀၀ ထိအောင်ပဲဖြစ်ပြီး ဆီစားနှုန်း နည်းအောင် လည်ပတ်အားကို လျော့ချထားပုံ ရပါတယ်။


Merdedes-Benz GLC 250

မောင်းနှင်နိုင်မှု …

X5 M အနေနဲ့ လေးဘီးယက်စနစ်နဲ့ ဖန်တီးထားတာဖြစ်ပြီးတော့ သူက Transmssion ပိုင်းမှာဆိုရင် ဂီယာချက် ၈ချက်ကို Auto စနစ်နဲ့ မောင်းနိုင်မှာပါ။ အင်ဂျင်က အရွယ်အလတ်တန်းစား ဖြစ်ပြီး လည်ပတ်အားပိုင်းမှာ နည်းနည်းများတာကြောင့် ဆီစားအပိုင်းမှာတော့ ဒီလောက်ကြီး မကောင်းလှပဲ ပျမ်းမျှ ဆီတစ်ဂါလံကို ၂၅.၄ မိုင်လောက်ထိအောင်ပဲ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

တပ်ဆင် ဆီတိုင်ကီကတော့ ၈၅ လီတာ ဆံ့ဝင်ပြီး တစ်ဆက်တည်း မောင်းနှင်နိုင်မှုကတော့ ၃၉၇ မိုင်ပဲ ဖြစ်ပါတယ်။ တစ်နာရီမိုင် ၆၀နှုန်းကို အချိန် ၄.၂ စက္ကန့်တည်းနဲ့ ရောက်အောင် မောင်းနှင်နိုင်တဲ့ မော်ဒယ်က ပြိုင်ဖက် မော်ဒယ်တွေထဲမှာ အမြန်ဆုံးနှုန်းပါ။

GLC 250 ရဲ့ အမြန်နှုန်းမြှင့်တင်နိုင်မှုကို ကြည့်မယ်ဆိုရင် တစ်နာရီ ကီလိုမီတာ တစ်ရာနှုန်းအတွက် အချိန် ၈.၃ စက္ကန့်ထိအောင်ပဲ ယူတာဖြစ်လို့ တန်းတူ မော်ဒယ်တွေနဲ့စာရင် မဆိုးပါဘူး။

မော်ဒယ်က အင်ဂျင်ရဲ့ အမြင့်ဆုံး လည်ပတ်နိုင်မှုနှုန်း ချထားပေမယ့် အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်းလည်း တစ်နာရီ ၁၃၁ မိုင်နှုန်းထိအောင် ရမယ် ဆိုတော့ မဆိုးပါဘူး။ မော်ဒယ်ရဲ့ ဆီစားနှုန်းအပိုင်းမှာတော့ ဆီတစ်ဂါလံကို ပျမ်းမျှ ၅၇ မိုင် နီးပါး လောက်ထိအောင် မောင်းနှင်နိုင်မယ့် အနေအထားက ပြိုင်ဖက်တွေကို နောက်ကောက်ချထားနိုင်မယ့် အချက်ပါပဲနော်။


Merdedes-Benz GLC 250

သုံးသပ်ချက် …

ဒါဆိုရင်တော့ ကျွန်တော်တို့ အဖြေ ထွက်လာ ပါပြီနော်။ မော်ဒယ် နှစ်ခုလုံးက ဇိမ်ခံ တန်းဝင်တွေ ဖြစ်တယ်၊ နည်းပညာ မြင့်မား ကောင်းမွန်တယ်၊ စိတ်ချ ယုံကြည်ရမှု အပြည့်ရှိတယ်၊

ဒါဆိုရင် နောက်ထပ် စွမ်းဆောင် ရည်တွေကို ကြည့်ရမယ်၊ X5 M က မြန်တယ်၊ မြို့တွင်းနဲ့ ခရီးဝေး ကောင်းမယ်၊ GLC 250ကတော့ ပြိုင်ဖက်ထက် စာရင် နှေးမယ်၊ ဒါပေမယ့် လမ်းကြမ်းပိုင်း စိတ်ကြိုက်ဖြစ်မယ်၊ ခရီးဝေးလည်း ရမယ်၊ ဒီနေရာမှာ X5 M က ပြိုင်ဖက်ထက် ဆီစားတော့ သိသိ သာသာ များနေတာ တစ်ခုက သိပ်မကြိုက်ချင်ပါဘူး။

ဒါပေမယ့် ထိပ်တန်းအဆင့်ရှိတဲ့ စွမ်းဆောင်ရည် တစ်ခုကို လိုချင်ရင်တော့ တစ်ဖက်က ပြန်ပြီး ပေးရမှာပေါ့နော်။ ဒါဆို ကျွန်တော် မပြောပါဘူး။ ကိုယ်တိုင် ရွေးချယ်ပါ။ မြန်တာ လိုချင်တာလား၊ လမ်းကြောင်းစုံ မောင်းနှင်နိုင်တဲ့ မော်ဒယ်မျိုး လိုချင်တာလား။ အဖြေက သင့်လက်ထဲမှာပါ … ။

လင်းထက် (IA)

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/12/mercedes-benz-glc-250-bmw-x5-m.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Thursday, November 19, 2015

နေရာတိုင်းမှာ တွေ့နိုင်တဲ့ Toyota Alphard



photo-edmunds.com

ကျွန်တော်တို့ ပြည်တွင်း မှာတော့ ဇိမ်ခံ မော်ဒယ် လည်းဖြစ်၊ နောက်ပြီး အတွင်းခန်း ကျယ်ကျယ်၊ စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ နေရာတိုင်းမှာ တွေ့နိုင်တဲ့ မော်ဒယ် ကတော့ အခုပြောမယ့် ဂျပန် အခြေစိုက် Toyota ရဲ့ မော်ဒယ် ဖြစ်တဲ့ Alphard ပဲ ဖြစ်ပါတယ်။ MPV တန်းဝင် မော်ဒယ် ဖြစ်ပြီးတော့ အကြီးစား အနေအထား အဖြစ် သတ်မှတ်နိုင် သလို ဇိမ်ခံမော်ဒယ် အနေနဲ့လည်း သတ်မှတ်
နိုင်ပါသေးတယ်။

ဒီမော်ဒယ်တွေက အင်ဂျင်ပိုင်း မှာလည်း ကားတစ်စီး လုံးရဲ့ ဖျော်ဖြေရေးနဲ့ တခြား ဆက်စပ် စနစ်တွေကို စိတ်ကြိုက် သုံးနိုင်အောင် အင်ဂျင် စနစ်ကို ကြီးမား ထားတာကြောင့် ခရီးဝေး မောင်းနှင်မှုတွေ အတွက်ပဲ ဖြစ်ဖြစ် အဆင်ပြေ ကောင်းမွန်တာ တွေ့ရပြီး များသော အားဖြင့်တော့ ပြည်တွင်းမှာ ဈေးနှုန်း သင့်တင့် တာကြောင့်ရယ်၊ အတွင်းခန်း ကျယ်ဝန်း တာကြောင့်ရယ်၊ ဆီစားလည်း မဆိုး တာရယ်နဲ့ နောက်ဆုံး ဇိမ်ခံ အနေနဲ့ သုံးနိုင်မှု၊ မောင်းနှင်ရ လွယ်ကူမှုနဲ့ နည်းပညာမြင့်မား မှုတွေကြောင့် လူကြိုက် များတယ်လို့ သိရပါတယ်။

ကောင်းပါပြီ၊ ကျွန်တော်တို့ အခု မော်ဒယ်ကို နည်းနည်းလောက် ဆက်ပြီး လေ့လာကြည့် ရအောင်ပါနော်။



ဘယ်လိုမော်ဒယ်လဲ …

Alphard ဆိုတာက တချို့ဈေးကွက်မှာဆိုရင် Vellfire ဆိုတဲ့ နာမည်နဲ့လည်း လူသိများတာပါ။ ၂၀၀၂ ခုနှစ်ကနေ စတင်ထုတ်လုပ်လာခဲ့တာဆိုတော့ သက်တမ်းအနေနဲ့ ၁၄ နှစ် ထဲကို ရောက်လာပြီ ဖြစ်ပြီး မျိုးဆက်ပြောင်းလဲ အဆင့်မြှင့် ထုတ်လုပ် မှုတွေလည်း ရှိပါတယ်။

ဂျပန်နိုင်ငံမှာပဲ အများဆုံး တပ်ဆင် ထုတ်လုပ်တာဖြစ်ပြီး ကိုယ်ထည်ပိုင်း တည်ဆောက်ပုံမှာ အဓိကအနေနဲ့ အတွင်းခန်း ထိုင်ခုံအရေအတွက် အပေါ်မူတည်ပြီး ရွေးချယ်စရာ နှစ်မျိုး ရနိုင်ကာ တစ်မျိုးက ခုနစ်ယောက်စီး မော်ဒယ်နဲ့ နောက်တစ်မျိုးက ရှစ်ယောက်စီး မော်ဒယ်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဆီမှာတော့ minivan လို့ Alphard ကို ခေါ်ကြပြီး Grade အနေနဲ့ ဆိုရင်လည်း သုံးမျိုးပဲထွက်ရှိပါတယ်။ အဲဒါတွေကတော့ G, V နဲ့ Hybrid မော်ဒယ်ခွဲတွေပါ။ ဒါနဲ့ Alphard နဲ့ ပတ် သက်လို့ တစ်ခု ပြောစရာရှိတာက မော်ဒယ်ကို Toyota က ဂျပန်မှာပဲ ရောင်းချဖို့ ထုတ်လုပ်ခဲ့တာဖြစ်ပြီး မိသားစုစီး မော်ဒယ်အနေနဲ့ ဖန်တီးခဲ့ပေမယ့် ဈေးကွက်အောင်မြင်မှုမှာတော့ တဖြည်းဖြည်းနဲ့ အောင်မြင်လာတာ ဖြစ်ပြီး လက်ရှိမှာ ဘာရိန်း၊ ဘင်္ဂလားဒေရှ့်၊ ဘီလာရုစ်၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အိုမန်၊ ဖိလစ်ပိုင်၊ ရုရှ၊ စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ထိုင်နိုင်ငံတွေ ထိအောင် နောက်ပိုင်းမှာ တင် ပို့ရောင်းချလာတာလည်း ဖြစ်ပါတယ်။

ပြီးတော့ Alphard ကို လေးယောက်စီး မော်ဒယ်အနေနဲ့လည်း ထုတ်လုပ်သေးတာတွေ့ရပြီး ၂၀၀၆ ခုနှစ်အတွင်းက Royal Lounge Alphard မော်ဒယ်ကို မိတ်ဆက်ခဲ့တာဖြစ် ပြီး သူက Nissan Elgrand မော်ဒယ်ကို ဈေးကွက်ပြိုင်ဖို့ ဖန်တီးခဲ့တာပါ။ ဒါ့အပြင် ပုံမှန် Alphard ထက် စွမ်းဆောင်ရည်မြှင့်ထားတဲ့ Vellfire ကိုလည်း ထုတ်လုပ်သေးပြီး Alphard ရဲ့ နောက်ဆက်တွဲဖြစ်ပေမယ့် တ ကယ်ကတော့ Alphard ပါပဲ။

ပထမ မျိုးဆက် …

၂၀၀၂ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့တဲ့ Alphard မော်ဒယ်တွေကိုတော့ ပထမမျိုးဆက်အဖြစ်နဲ့ သတ်မှတ်တာပါ။ ဂျပန်နိုင်ငံမှာပဲ တပ်ဆင်ထုတ်လုပ်ပြီးတော့ တံခါးလေးပေါက် ဒါမှမဟုတ် ငါးပေါက်စနစ် မော်ဒယ်တွေကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒီမျိုးဆက်မှာတော့ အင်ဂျင်စနစ် နှစ်မျိုး ရွေးချယ် နိုင်အောင် ထုတ်လုပ်တာတွေ့နိုင်ပြီး မြင်းကောင်ရေ ၁၆၀ အားထွက်ရှိတဲ့ ၂.၄ လီတာသုံး အင်ဂျင်စနစ်နဲ့ မြင်းကောင်ရေ ၂၂၀ အား သုံးနိုင်မယ့် ၃.၀ လီတာသုံး အင်ဂျင်စနစ်တွေပဲ ဖြစ်ပါတယ်။ ရှေ့ပိုင်းကျတဲ့ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်း ထုတ်လုပ်တဲ့ မော်ဒယ်တွေမှာတော့ ဂီယာချက်က ၄ ချက်ကိုပဲ သုံးနိုင်တာ ဖြစ်ပြီး Auto နဲ့ သွားပေမယ့် ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ ဂီယာချက် ၅ ချက်ထိအောင် သုံးလာနိုင်တာ လည်း ဖြစ်ပါတယ်။

ပထမမျိုးဆက် အနေနဲ့ အလေးချိန် ပျမ်းမျှ ၁၇၉၀ ကီလို ဂရမ်ရှိပြီး အလျားက ၁၉၁ လက်မ၊ မျက်နှာစာ အကျယ် ၇၁.၁ လက်မနဲ့ အမြင့် ၇၆.၂ လက်မ ရှိပြီးတော့ အတွင်းခန်း အကျယ်အ၀န်း အတွက် အရေးပါလှတဲ့ ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြား ပမာဏဟာဆိုရင် ၁၁၀ လက်မထိအောင် ရှိတာလည်း ဖြစ်ပါတယ်။

မော်ဒယ်ကို ဈေးကွက် စတင်ထုတ်လုပ်ချိန်က Nissan Elgrand မော်ဒယ်နဲ့ Honda Elysion မော်ဒယ်တွေကို ဈေးကွက်ပြိုင်ဖို့ ရည်ရွယ်လာတာဖြစ်ပြီး မော်ဒယ်ရဲ့အားကောင်းမှုက လက်ရှိမှာ Toyota ထုတ်လုပ်သမျှ MPV တွေထဲမှာ ဂျပန်ဈေးကွက်အတွင်း ရောင်းအား အကောင်းဆုံး မော်ဒယ် ဖြစ်လာပါတယ်။

၂၀၀၅ ခုနှစ်အတွင်း ရုပ်ထွက်ပိုင်း ပြင်ဆင်မှုရှိခဲ့ပေမယ့် အကြီးစား ပြောင်းလဲမှု မဟုတ်တာ ကြောင့် မျိုး ဆက်မပြောင်းလဲခဲ့သလို Hybrid မော်ဒယ်တွေလည်း ပထမမျိုးဆက်မှာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။



ဒုတိယ မျိုးဆက် …

၂၀၀၇ ခုနှစ်ကနေ ဒုတိယမျိုးဆက်ကို ပြောင်းလဲထုတ်လုပ်လာပြီးတော့ အခုနှစ် အစောပိုင်းထိအောင် ဒုတိယ မျိုးဆက်ကို ဈေးကွက်တင်ခဲ့ပါတယ်။ Vellfire လို စွမ်းဆောင်ရည်မြင့် မော်ဒယ်တွေလည်း ထုတ်လုပ်လာလို့ ဈေးကွက်နေရာ ရရှိမှုများလာ သလို ၂၀၀၇ခုနှစ်မှာ စထုတ်ပေမယ့် ၂၀၀၈ခုနှစ် မော်ဒယ် အနေနဲ့ ဈေးကွက်တင်လာတာပါ။

ဂျပန်နိုင်ငံ၊ အီချီမှာ ရှိတဲ့ Inabe စက်ရုံမှာ တပ်ဆင်ထုတ်လုပ်တာဖြစ်ပြီး ဒီ မျိုးဆက်မှာလည်း ကိုယ်ထည် တည်ဆောက်ပုံက ပထမမျိုးဆက်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ အင်ဂျင်ပိုင်းမှာ အရွယ်အစား ပြောင်းလဲထုတ်လုပ်မှု ရှိလာပြီးတော့ မြင်းကောင်ရေ ၁၆၈ ကောင်အားထုတ်ပေးနိုင်မယ့် ၂.၄ လီတာသုံး အင်ဂျင်တပ်မော်ဒယ်နဲ့ မြင်းကောင်ရေ ၂၆၆ ကောင်ကနေ ၂၇၆ ကောင်အားအတွင်း ထုတ်ပေး နိုင်မယ့် ၃.၅ လီတာသုံး အင်ဂျင်တပ်မော်ဒယ်တွေ ဖန်တီးလာပါတယ်။

Transmission ပိုင်းမှာ ပြောင်းလဲမှု ကြီးကြီးမားမား တွေ့လာရပြီး ၂.၄ လီတာသုံး မော်ဒယ်တွေမှာဆိုရင် ဂီယာချက် ၇ ချက်သုံးနိုင်မယ့် Super CVT-I စနစ်နဲ့ တွေ့လာရသလို ၃.၅ လီတာသုံး မော်ဒယ်တွေမှာတော့ Auto စနစ်နဲ့ ဂီယာချက် ၆ ချက်သုံး မော်ဒယ်တွေ ဖြစ်လာပါတယ်။ ဒုတိယမျိုးဆက်မှာ အတွင်းခန်း ပိုမို ကျယ်ဝန်းလာပြီး ရှေ့ဘီးနဲ့ နောက် ဘီးထောက်ကြား ပမာဏလည်း ၁၁၆ လက်မထိအောင် ရှိလာပြီး ကိုယ်ထည် အလေးချိန်က ၁၉၁၀ ကီလိုကနေ ၂၀၇၀ ကီလို ဂရမ်အကြားလေးလာပေမယ့် ကိုယ်ထည် အရွယ်အစားကတော့ သိသာလောက်အောင် ပြောင်းလဲမှု မရှိလာခဲ့ပါဘူး။

တတိယမျိုးဆက် …

မော်ဒယ်ရဲ့ တတိယ မျိုးဆက်ကတော့ အခုနှစ်မှာ စတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် Alphard အနေနဲ့ပဲ တတိယ မျိုးဆက် ဖြစ်ပေမယ့် နောက်ဆက်တွဲ Vellfire အတွက်တော့ ဒုတိယမျိုးဆက်အနေနဲ့ပဲ ရှိနေပါသေးတယ်။

ဒီမျိုးဆက်မှာ ထူးခြားလာတာ တစ်ခုကတော့ ရုန်းအားယူစနစ်မှာ ရှေ့ဘီးယက်စနစ်နဲ့လည်း ရွေးချယ်နိုင်သလို လေးဘီးယက်မော်ဒယ် အနေနဲ့ပါ ရနိုင်လာတာပဲ ဖြစ်ပါတယ်။

အင်ဂျင်အရွယ်အစား နှစ်မျိုးပဲ ရွေးချယ်နိုင်တာ မှန်ပေမယ့် ၂.၅ လီတာသုံး အင်ဂျင်စနစ်နှစ်မျိုးရနိုင်ပြီး Hydrid အင်ဂျင်စနစ်က မြင်းကောင်ရေ ၁၅၀ အား ထွက်ရှိမှာဖြစ်ကာ ပုံမှန်မော်ဒယ်ကတော့ မြင်းကောင်ရေ ၁၈၀ အား သုံးနိုင်ပါလိမ့်မယ်။

၃.၅ လီတာသုံး အင်ဂျင်တပ်မော်ဒယ်မှာတော့ မြင်းကောင်ရေ ၂၇၆ ကောင်အား ထုတ်ပေးနိုင်မှာဖြစ်ကာ အခုမျိုးဆက်မှာ အရမ်းကြီး ထူးခြားတဲ့ပြောင်းလဲ အဆင့်မြှင့်မှုမျိုး တွေ့ရတာ အားနည်းသလိုပါ။ ပုံမှန် ၂.၅ လီတာသုံး မော်ဒယ် တွေကတော့ ဂီယာချက် ၇ ချက်ကို Super CVT-I စနစ်နဲ့ပဲ သွားပြီး ၃.၅လီတာသုံး မော်ဒယ်မှာက ဂီယာချက် ၆ ချက်သုံး Super ECT စနစ်နဲ့  သွားသလို Hybrid မော်ဒယ်မှာတော့ ဂီယာချက် ၆ ချက်သုံး CVT စနစ်နဲ့ ဖြစ်ပါတယ်။

ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြားပမာဏ သိသိသာသာ ထပ်တိုးလာပြီး လက်မ ၁၂၀ ထိအောင် ရှိလာသလို ကိုယ်ထည်ပိုင်းက အရင်က မော်ဒယ်တွေထက် ပျမ်းမျှ သုံးလက်မလောက်ထိအောင် ကြီးလာ ပါတယ်။ ကားရဲ့အလေးချိန်လည်း များလာပြီး မော်ဒယ်ခွဲ အပေါ်မူတည်ပြီးတော့ ၁၉၂၀ ကီလိုကနေ ၂၂၂၀ ကီလိုဂရမ်ကြား ရှိပါတယ်။

သိကောင်းစရာများ …

အခု နောက်ဆုံးထုတ်မော်ဒယ်ကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ Alphard ကို ပုံမှန်ရောင်းချနေတဲ့ နိုင်ငံတိုင်းမှာတော့ မရသေးပါဘူး။

သိရသလောက် ဂျပန် အပါအ၀င် အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ ဟောင်ကောင်တွေမှာပဲ မော်ဒယ်သစ်ကို ရနိုင်နေသေးပြီး လက်ရှိမှာတော့ ရုရှမှာ မိတ်ဆက်နေတယ်လို့ သိရသလို အခု နောက်ဆုံး မျိုးဆက်ကို အာရှ ဈေးကွက်ထက် ဥရောပ ဈေးကွက်မှာ အောင်မြင်မှု ပိုမို ရရှိအောင် မျှော်မှန်းထုတ်လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

မော်ဒယ်သစ်မှာ လက်ရှိ Toyota Crown တွေက ရှေ့ဖက်လေခွင်းပေါက်နဲ့ ဆင်တူတဲ့ အချက်တွေ ပါရှိနေသလို အလျား ၆၀ မီလီမီတာနဲ့ မျက်နှာစာ အကျယ် ၂၀ မီလီမီတာ တိုးထားပြီး အမြင့်မှာပဲ ၁၀ မီလီမီတာ လျော့ထားတာတွေ့ရပါတယ်။ နောက်ဆုံးထုတ် မော်ဒယ်ရဲ့ အဓိက ပြိုင်ဖက်တွေကတော့ Nissan Elgran နဲ့ Honda Odysseyတွေ ဖြစ်ပါတယ်။

မော်ဒယ်ရဲ့ ဆီစားနှုန်းတွေကို ကြည့်မယ်ဆိုရင် ပျမ်းမျှအနေနဲ့ Hybrid တွေဆိုရင် ဆီတစ်ဂါလံကို ၄၂ မိုင်လောက်ထိအောင် စီးနင်းလာနိုင်တာတွေ့ရပြီး တခြား မော်ဒယ် တွေကတော့ ကိုယ့်ရဲ့နည်းပညာ အသုံးချမှုအပေါ်နဲ့ အင်ဂျင် အရွယ်အစားပေါ်မူတည်ပြီး နည်းနည်း ပိုများနိုင်ပါတယ်။

ဒါဆိုရင်တော့ ကျွန်တော်တို့ မျက်စိရှေ့မှာ ခဏခဏ တွေ့နေရတဲ့ Alphard တွေအကြောင်း တော်တော်လေး စုံလောက်ပါပြီနော်။ သူက ရှင်းပါတယ်၊ မော်ဒယ်နှစ်နဲ့ အင်ဂျင် အရွယ်ကို သိလိုက်တာနဲ့ ဘယ်လို စွမ်းဆောင်ရည်ရှိမယ်ဆိုတာ သိသာပါတယ်။ မော်ဒယ်ခွဲ ထုတ်လုပ်မှုလည်း နည်းလို့ ဆိုရမှာပေါ့နော်။

လင်းထက် (IA)

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/11/toyota-alphard.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Thursday, November 12, 2015

ဥရောပမှာလူကြိုက်များနေတဲ့ Peugeot 308 နှင့် Volvo V60



Peugeot 308 (photo-edmunds.com)

ဥရောပ ကားဈေးကွက်မှာ Peugeot ရဲ့ မော်ဒယ်တခု ဖြစ်တဲ့ 308 ရဲ့ ဈေးကွက် အောင်မြင်မှုက ထိပ်ဆုံးမှာ ရပ်တည် နေနိုင်တာ မဟုတ်ပေမယ့် လူကြိုက်များ မော်ဒယ်တွေ ထဲမှာ နှစ်ပေါင်း များစွာကြာအောင် ထိပ်တန်း စာရင်းဝင်အနေနဲ့ နေလာနိုင် ခဲ့တာပါ။

အခုတော့ သူ့အတွက် နောက်ထပ် ပြိင်ဖက်ကောင်းတခု ဈေးကွက်မှာ မြင်လာရပါတယ်။ သူကတော့ Volvo ရဲ့ မော်ဒယ်သစ် V60 ဖြစ်ပါတယ်။ အောက်ဖက် အထိုင်စနစ်ကို ကမ္ဘာ့အရိုးရှင်းဆုံးပုံစံအဖြစ် အခုနှစ်ထဲမှာ ဖန်တီးထုတ်လုပ်လာနိုင်ပြီး ဒီစနစ်ရဲ့အားသာချက်နဲ့ အတူမော်ဒယ်တွေလည်း ရောင်းအားကောင်းလာပါတယ်။

အခု V60 လည်း ဈေးကွက်မှာ အချိန်တိုအတွင်း ဈေးကွက် နေရာရရှိလာမှုက 308 အတွက်တော့ စိုးရိမ်စရာပါ။ ဒါပေမယ့်တခုရှိတာက Volvo ရဲ့ မော်ဒယ်တွေက ပုံမှန်ပြိုင်ဖက် မော်ဒယ်တွေထက် ဈေးနည်းနည်းများနေတာ တခုကချက်ချင်းကြီးတော့ ဈေးကွက်အနေအထားကို ပြောင်းလဲမပြစ်နိုင်ပါဘူး။ ဟုတ်ပါပြီ၊ ဒါကတော့ ကျွန်တော်က ဈေးနှုန်းအနေအထား ဘက်ကနေကြည့် ပြီး သုံးသပ်ပြတာဖြစ်ပေမယ့် အောက်ဖက်မှာတော့ ကျွန်တော်တို့ သူတိုရဲ့ စွမ်းဆောင်ရည် အပိုင်းလေးတွေကို အလေးထားလေ့လာ ကြည့်ရအောင်ပါနော်။

အားသာချက် …

V60 မော်ဒယ်မှာ ဆန်းသစ်တဲ့ထူးခြားချက် တချက်တွေ့ရတာကတော့ အင်ဂျင်စနစ်တခုပါ၊ ရွေးချယ်နိုင်စရာ မော်ဒယ်ခွဲတော်တော်များများ ထုတ်လုပ်ထားတာတွေ့ရပေမယ့် Drive-E အင်ဂျင်စနစ်နဲ့ တပ်ဆင် ထုတ်လုပ် ထားတဲ့ မော်ဒယ်တွေဆိုရင် စက်သုံးဆီအသုံးပြုမှုအပိုင်းမှာရော နောက်ပြီးစွမ်းဆောင်ရည် အပိုင်းမှာပါ ကောင်းမွန်တာတွေ့နိုင်သလို အင်ဂျင်ရဲ့ ၀န်တင်ရုန်းကန်ရမှုလည်း အားနည်းတာကြောင့် ရေရှည်အတွက်ပါ စိတ်ချရမှာ ဖြစ်ပါတယ်။

မောင်းနှင်ရမှုအပိုင်းမှာရော နောက်ထပ်လက်ကိုင်ပိုင်းမှာပါ ဟန်ချက်ညီတာ တွေ့နိုင်ပြီးအထူးသဖြင့် အဝေးပြေးလမ်းတွေပေါ်မှာ ကိုယ်ထည်ရဲ့ လိုက်ပါ ရွေးလျားမောင်းနှင်နိုင်မှု အထူးသိသာကောင်းမွန်တာပဲဖြစ်ပါတယ်။ ထိုင်ခုံပိုင်းတည်ဆောက်မှုလည်း ကောင်းမွန်ပြီးသက်တောင့် သက်သာရှိတာ ပြိုက်ဖက်မော်ဒယ်တွေထက် ကောင်းနေပြန်ပါတယ်။ သိသာပေါ်လွင်တဲ့ ဒီဇိုင်းလည်း ရှိသလိုအသက်ကယ်စနစ်နဲ့ လုံခြုံစိတ်ချရမှုအပိုင်းတွေမှာရမှတ်ကောင်းတွေ ပိုင်ဆိုင်ထားတာတွေ့ရပြန်ပါတယ်။

308 မော်ဒယ်ရဲ့ ကိုယ်ထည်ပိုင်းအထိုင်တည်ဆောက်မှုက စိတ်ကြိုကအနေအထား ဖြစ်ပြီးတော့ သံမဏိကို ဦးစားပေးပြီး Monocoque ပုံစံနဲ့ ဖန်တီးထားတာဖြစ်သလို ကားရဲ့အလေးချိန်ကိုလည်း ၁၃၉၅ ကီလိုဂရမ်ပဲ ရှိအောင် ဖန်တီးထားတာပါ။ Drag လုပ်ဆောင်နိုင်မှု အထူးကောင်းမွန်ပြီး အများဆုံးနှုန်းက ၀.၃၀ ဖြစ်သလို တကယ်လို့ ၁၈ လက်မ ဘီးတွေကို တပ်ဆင် စီးနင်းမယ်ဆိုရင် ပတ်လမ်းမောင်း မော်ဒယ်အနေနဲ့ပါ အပျော်စီးနိုင်မှာဖြစ်ပါတယ်။

Suspension စနစ်မှာရှေ့ဖက်ကို MacPherson အထိုင်ထားပြီး Coil Springs နဲ့ Anti-Roll တွေကို အကူထိုင်ထားဖန်တီးထားတာ တချက်ကအားရစရာပါ။ နောက်ဖက်ဆိုရင်လည်း Torsion Beam ကိုထိုင်ထားတာကပုံမှန် အိမ်စီးကားမော်ဒယ်တွေမှာ အတွေ့ရနည်းတာဖြစ်ပေမယ့် လမ်း ကြမ်းပိုင်း စွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေတဲ့ အားသာချက်တချက်တော့ ရလာပါလိမ့်မယ်။

အားနည်းချက် …

V60 မော်ဒယ်က တန်ကြေးပိုင်းမှာတော့ ပြိုင်ဖက်မော်ဒယ်တွေထက် နည်းနည်းများနေတာ တချက်က လူ
ကြိုက်နည်းစေတာတွေ့နိုင်ပြီး ဘီးစုံယက်စနစ်နဲ့ မော်ဒယ်တွေက လမ်းကြမ်းပိုင်းစွမ်းဆောင်ရည်မှာ အထူးကောင်းမွန်ပေမယ့် အမြန်နှုန်း မြှင့်တင်မောင်းနှင်မှုလို အပိုင်းတွေကအစ အားနည်းသွားတာ တွေ့ရသလို တခြားမော်ဒယ်တွေထက် ဆီစားလည်းများချင်နေတာ တွေ့ရပါတယ်။ နောက်ပြီး အဲဒီမော်ဒယ်တွေမှာပဲ လက်ကိုင်ပိုင်းက တခြားပြိုင်ဖက်မော်ဒယ်တွေထက် မြန်နှုန်းမြင့်မြင့် မောင်းနှင်နေချိန်တွေမှာ အားနည်းတာ တွေ့ရတာပဲ ဖြစ်ပါတယ်။

308 ရဲ့ အားနည်းချက်တခုက လက်ကိုင်ပိုင်းဖြစ်ပြီးတော့ သူကအမြန်နှုန်းမြင့်မြင့် မောင်းနှင်မှုတွေမှာတည်ငြိမ်မှု အားနည်းတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီအနေနဲ့ကတော့ အိမ်စီးမော်ဒယ်အနေနဲ့ ဖန်တီးထားတာဖြစ်လို့ ပြစ်ချက်လို့တော့ ပြောလို့ မရပါဘူး။ နောက်တချက်က စွမ်းဆောင်ရည်ပိုင်းဖြစ်ပြီးတော့ အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းတွေမှာ အားနည်းချင်တာ ဖြစ်ပါတယ်။ ပြီးတော့ အင်ဂျင်လည်ပတ်အားများများနဲ့ မောင်းနှင် နေချိန်တွေမှာဆူညံသံပေးတာတချက်က အဆင့်မြင့်မော်ဒယ်တွေနဲ့ ကွဲထွက်သွားစေတာဖြစ်ပါတယ်။

အင်ဂျင်ပိုင်း …

V60 ရဲ့ အလေးချိန် ၃၅၂၇ ပေါင်နဲ့ ၀န်တင်ဆောင် ရုန်းကန်နိုင်မှု ပေါင် ၁၁၀၀ အတွက်ပါ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်က ပုံမှန်လေးလုံးထိုး အင်ဂျင်စနစ်ပဲဖြစ်ပြီး ၂.၀ လီတာသုံး အရွယ်ပါ။ အင်ဂျင်လည်ပတ်အား တမိနစ်ကို အပတ်ရေ ၁၅၀၀ မှာ ရုန်းအား ၁၅၈ ပေါင်-ပေထိအောင် ရှိနေပြီး မြင်းကောင်ရေ ၂၄၀ အားထိအောင် ထွက်ရှိမှာပါ။ ဒီအနေအထားက အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုအတွက်ပါ အား ကောင်းအောင် အခြေခံအင်ဂျင်လည်ပတ်အားကို နှိမ့်ထားတာဖြစ်ပေမယ့် အမြင့်ဆုံးလည်ပတ်နှုန်းမှာတော့ ဆီစားကို ချိုချင်တာကြောင့် အပတ်ရေ ၅၆၀၀ ထိပဲ လည်ပတ်စေမယ့် အနေအထားက အမြန်ဆုံး မောင်းနှင်နိုင်မှုအပိုင်းမှာ အားနည်းသွားစေတာလည်း ဖြစ်ပါတယ်။

V60 ကတော့ ရှေ့ဖက်အင်ဂျင်ထိုင်စနစ်နဲ့ ၁.၆ လီတာသုံး မပြည့်တဲ့ ပုံမှန် လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာတွေ့ရပြီး Turbo စနစ်ကိုလည်း ထည့်သွင်းထားပါသေးတယ်။ ဒီဇယ်ဆီစနစ်သုံးအင်ဂျင်စနစ် ဖြစ်တာကြောင့် နောက်ပိုင်းဥရောပမှာ ဒီဇယ်ကားတွေ ကန့်သတ်ချက်များလာရင် အခု 308 လို မော်ဒယ်တွေ စွမ်းဆောင်ရည် ပိုကောင်းရင်ကောင်း၊ မကောင်းရင် အာရှနဲ့ အခြားဈေးကွက်တွေဖက် အများအပြား ရောက်ရှိလာနိုင်သလို ဈေးနှုန်းလည်း ကျလာပါလိမ့်မယ်။ ဒါပေမယ့် အင်ဂျင်စနစ်ကတော့ ဓါတ်ငွေ့ ထုတ်လွှတ်မှုနှုန်းပါ လက်ရှိအနေအထားကတော့ အပြစ်ပြောစရာတချက်မှ မတွေ့ရပါဘူး။


Volvo V60

မောင်းနှင်နိုင်မှု …

V60 မော်ဒယ်က အခုဥရောပမှာ လူကြိုက်များတဲ့ ဂီယာချက် အများအပြားသုံးနိုင်တဲ့ မော်ဒယ် ဖြစ်အောင် ဖန်တီးထားတာတွေ့ရပြီးဂီယာချက် ၈ ချက်ကို Auto စနစ်နဲ့ မောင်းနှင်နိုင်
မှာလည်း ဖြစ်ပါတယ်။

အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာတော့ အထက်မှာပြောခဲ့ပြီးသလို လည်ပတ်အားနည်းနည်းနဲ့ စွမ်းအင်ထွက်ရှိမှု ကောင်းတာကြောင့် တနာရီမိုင် ၆၀ နှုန်းကို အချိန် ၆.၄ စက္ကန့်တည်းနဲ့ ရောက်ရှိအောင် မောင်းနှင်နိုင်မှာ ဖြစ်ပြီး ဒါဟာနာမည်ကြီး BMW 328i နဲ့ Audi Allroad တွေထက်ကိုပဲ နည်းနည်းပိုမြန်ချင်နေသေးတာလည်း ဖြစ်ပါတယ်။

အခုကျွန်တော် ပြောနေတဲ့ ၂.၀ လီတာသုံး အင်ဂျင်တပ်မော်ဒယ်တွေထက် အင်ဂျင်စနစ် ပိုကြီးတဲ့ မော်ဒယ်ခွဲတွေလည်းရှိသေးပြီး သူတို့ကတော့ လမ်းကြမ်းပိုင်းအတွက် ပိုပြီးအလေးထားထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

308ရဲ့ အင်ဂျင်ကနေ ထုတ်လုပ်ပေးနိုင်မယ့် စွမ်းအင်ပမာဏကရုန်းအား ၁၉၉ပေါင်-ပေမှာ မြင်းကောင်ရေ ၁၁၄ ကောင်အား ဖြစ်ပြီးတော့ မိသားစုသုံးငါးယောက်စီး မော်ဒယ်အတွက်ကတော့ အနေတော်လောက်ပါပဲ။ Transmission အပိုင်းမှာကြည့်မယ်ဆိုရင် ဂီယာချက် ၆ ချက်ကို အသုံးပြုမောင်းနှင်နိုင်မယ့် Manual စနစ်ကို ထည့်သွင်းတပ်ဆင်ထားတာတွေ့ရပြီး ဆီစားနှုန်း အပိုင်း သက်သာစေနိုင်မယ့် စနစ်ဖြစ်ပေမယ့် ပြည်တွင်း မှာတော့ ဒီစနစ်က လူကြိုက်နည်းစေနိုင်ပါတယ်။

အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုအပိုင်းမှာတော့ တနာရီမိုင် ၆၀ နှုန်းကို အချိန် ၁၀.၁ စက္ကန့်ထိအောင် ယူမယ်ဆိုတဲ့ အနေအထားကတော့ တခြားအိမ်စီးမော် ဒယ်တွေထက် နှေးနေတာပါ။

သုံးသပ်ချက် …

ကျွန်တော်တို့ အနေနဲ့ ဇိမ်ခံမော်ဒယ်တစီးကို ဆီတဂါလံ ဘယ်လောက်စီးရမယ်ဆိုရင် ကျေနပ်နိုင်ပါ့မလဲဗျာ၊ သေချာတာကတော့ အင်ဂျင် အရွယ်ကိုထည့်မတွက်ပဲ ဇိမ်ခံမော်ဒယ်ဆိုရင် ပျမ်းမျှ မိုင် ၂၀ ကျော်လောက် စီးရမယ်ဆိုရင် မဆိုးပါဘူး။ အခု V60 ကတော့ ဆီတဂါလံကို ပျမ်းမျှ ၃၂ မိုင်လောက်ထိအောင် စီးနင်းနိုင်မယ် ဆိုတော့ ဟုတ်ပါပြီ၊ ကျွန်တော်တို့ ဒီတချက်ကို အမှတ်ပေးလိုက်ပါပြီနော်၊

နောက်တချက် ဘရိတ်ပိုင်း၊ မော်ဒယ်က အသက်ကယ်စနစ်စုံ၊ ကိုယ်ထည်ပိုင်းအကြမ်းခံနိုင်မှု ထိပ်တန်းအဆင့်နဲ့ ဘရိတ်ပိုင်း စွမ်းဆောင်ရည်က တနာရီမိုင် ၆၀ နှုန်းကနေရပ်တန့်မယ်ဆိုရင် ပေ ၁၁၀ ပဲ ယူမယ် ဆိုတာက အကောင်းဆုံးအနေအထားဖြစ်နေပြန်ပါတယ်။

ဟုတ်ပါပြီ၊ ကျွန်တော်တို့ 308 ကို တချက်လောက် ပြန်ကြည့်ရအောင်ပါ။ ဆီတဂါလံကို ပျမ်းမျှ ၄၈ မိုင်လောက်ထိအောင် မောင်းနှင်နိုင်မယ်ဆိုတဲ့ မော်ဒယ်က လုံခြုံစိတ်ချရမှုအပိုင်းမှာလည်း နိုင်ငံတကာကားစစ်ဆေးမှုအဖွဲ့တခု ဖြစ်တဲ့ Euro NCAP ရဲ့ အကြမ်းခံမှု ဆိုင်ရာစစ်ဆေးချက်မှာ ကြယ်ငါး ပွင့်လုံးအပြည့်ရထားတာတချက်ကတော့ အားရစရာပါ။

ဒါဆိုရင်တော့ ဟုတ်ပါပြီ၊ V60 က ဈေးမြင့်မယ်၊ ဇိမ်ခံတန်းဝင်မယ်၊ 308 က ဈေးချိုမယ်၊ ပုံမှန် အိမ်စီးမော်ဒယ်လောက်ပဲ ဖြစ်မယ်။ ဒါဆိုရင် အရည်အသွေး ပိုင်းတွေမှာတော့ ထူးပြီးပြောစရာမရှိတော့ပါဘူး။ ကိုယ်တိုင်ပဲဇိမ်ခံလိုချင်သလား၊ ပုံမှန် လိုချင်သလားရွေး ချယ်ရတော့မှာပါနော်။

လင်းထက်(IA)

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/11/peugeot-308-volvo-v60.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Wednesday, October 28, 2015

Honda ရဲ့ ရောင်းအားအကောင်းဆုံးမော်ဒယ်တခု ဖြစ်တဲ့ Insight …



photo- autoexpress.com

ပြည်တွင်း ဈေးကွက် မှာတော့ Honda ဆိုတာ ဒုတိယ လူကြိုက် အများဆုံး အမှတ်တံဆိပ် တခုလို့ ဆိုနိုင်မယ့် အနေအထား ဖြစ်ပြီးတော့ Toyota ပြီးရင် လူစီး အများဆုံး လောက်ပါပဲ။ Honda Fit လို မော်ဒယ်တွေက ရန်ကုန်လို နေရာမှာတင် မဟုတ်ပဲ နယ်ဘက်တွေ ထိအောင်ပါ လူကြိုက်များ သလို Honda Civic တွေ ဆိုရင် လည်းအခု နှစ်နှစ် အတွင်းမှာ လူကြိုက် အများဆုံး တန်းဝင်တွေ ဖြစ်လာပါတယ်။

Insight ကတော့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ လူကြိုက်အများဆုံး ဖြစ်ခဲ့ပြီး ဈေးကွက်မှာလည်း နေရာရခဲ့ပေမယ့် အခု နောက်ပိုင်း ကာလမှာတော့ လူကြိုက်နည်းချင်လာသလိုပါ။

ဒါပေမယ့် ရောင်းအားအကောင်းဆုံး မော်ဒယ်အနေနဲ့လည်း ရပ်တည်နိုင်ခဲ့သေးသလို အခုချိန်မှာလည်း အစီးရေပေါင်းများစွာ ပြည်တွင်းမှာရှိနေတာကြောင့် Insight တွေ နေရာတကာမှာ မြင်တွေ့နေရဆဲပါ။ အခုတပတ်မှာတော့ ကျနော်က လူကြိုက်များ Insight ရဲ့ သိကောင်း စရာလေးတွေ တချို့ကို ဗဟုသုတအနေနဲ့ ပြောပြပြီး မှတ်သားစရာလေးတွေ ပေးချင်ပါတယ်နော်။

Insightဆိုတာ …

အရင်ဆုံး ကျနော်ကမော်ဒယ်ရဲ့ သမိုင်းကြောင်းအကျဉ်းလေးကို ပြောပြချင်ပါတယ်။ ဂျပန် အခြေစိုက် Honda ရဲ့ ထုတ်လုပ်ဖန်တီးမှုဖြစ်ပြီးတော့ မော်ဒယ်က ထုတ်လုပ်မှုအပိုင်းမှာ ထူးခြားချက်လေးတွေ ရှိနေတာပါ၊

အဲဒါက ဘာလဲဆိုတော့ မော်ဒယ်ကို ၁၉၉၉ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပြီးတော့ ပထမအ ကြိမ် ထုတ်လုပ်မှုကို ၂၀၀၆ ခုနှစ်မှာ ရပ်ဆိုင်းခဲ့တာကြောင့်ပါ၊ ဒါပေမယ့် မော်ဒယ်က ဒုတိယအကြိမ် ပြန်လည်ထုတ်လုပ်မှုကို ၂၀၀၈ ခုနှစ်မှာ ပြန်လည်စတင်ခဲ့ပြီး ဒုတိယအကြိမ်အနေနဲ့ ၂၀၁၄ ခုနှစ်မှာ ထုတ်လုပ်မှု ပြန်လည်ရပ်နားခဲ့ပြန်တာပါ။

ဒီလိုမျိုးမော်ဒယ်ကို ထုတ်လုပ်မှုရပ်နားခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်းဆိုတာ မော်ဒယ်တိုင်းမှာ ဖြစ်လေ့မရှိတဲ့ ဖြစ်ရပ်မို့ ထူးခြားခြင်းပါပဲနော်။ ဒါ့အပြင် ပထမအကြိမ် ရပ်နားပြီး ပြန်လည်ထုတ်လုပ်ခဲ့တာကြောင့် Honda အနေနဲ့ မော်ဒယ်ကို လာမယ့်နှစ်တွေမှာ ပြန်လည်ထုတ်လုပ်လာနိုင်တယ်လို့လည်း သုံးသပ်မိပါတယ်နော်။

ဂျပန်နိုင်ငံ၊ ဆူဇူကာမှာပဲ မော်ဒယ်တွေကို အများဆုံးတပ်ဆင်ထုတ်လုပ်တာ တွေ့ရပြီး ပထမမျိုးဆက်လို့ ခေါ်နိုင်မယ့် ပထမအကြိမ် ထုတ်လုပ်မှု မရပ်နားခင်ထိအောင် ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေက Subcompact တန်းဝင်လို့ ဆိုနိုင်မယ့် အရွယ်တော် အသေးစားမော်ဒယ်တွေဖြစ်ပြီး နောက်ပိုင်းပြန်လည်ထုတ်လုပ်လာချိန်မှာတော့ Compact တန်းဝင် အရွယ်တော် အနေအထားဖြစ်အောင် ကိုယ်ထည်ပိုင်းကို ပိုမို ကြီးမား အောင် ထုတ်လုပ်လာခဲ့ပါတယ်။

ပြီးတော့ Insight အနေနဲ့က Hybrid မော်ဒယ်အနေနဲ့ အလေးပေးပြီး ထုတ်လုပ်ခဲ့တာဖြစ်ပြီး Honda ရဲ့ Integrated Motor Assist နည်းပညာကိုသုံးပြီး ပထမဆုံးထုတ်လုပ်ခဲ့တဲ့ မော်ဒယ်လည်း ဖြစ်ပါတယ်။



ပထမမျိုးဆက် …

၁၉၉၉ ခုနှစ် ဒီဇင်ဘာလကနေ စတင်ပြီးမော်ဒယ်နှစ် ၂၀၀၀ အနေနဲ့ ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေကို ပထမမျိုးဆက်လို့ သတ်မှတ်ပါတယ်။ သူတို့က ၂၀၀၆ ခုနှစ် စက်တင်ဘာလထိအောင် ထုတ်လုပ်ခဲ့ပြီး ပထမမျိုးဆက်ရဲ့ ထူးခြားချက်ကတော့ တံခါးပေါက် သုံးပေါက်စနစ် Hatchback အနေနဲ့ ပွဲထွက်လာတာ ဖြစ်သလို ခရီးသည် ၂ယောက်ပဲ လိုက်ပါစီးနင်းနိုင်တာ ဖြစ်ပါတယ်။ အနေတော် အသေးစား တန်းဝင် Hatchback မော်ဒယ်ဖြစ်ပြီးတော့ အင်ဂျင်စနစ်က တမျိုးတည်းကိုပဲ တပ်ဆင် ထုတ်လုပ်ခဲ့တာတွေ့ရပြီး ၁.၀လီတာသုံး ECA1 I3 အင်ဂျင်စနစ်ပဲ ဖြစ်ပါတယ်။

Hybrid အနေနဲ့ ထုတ်လုပ်ထားတာကြောင့် တွဲဖက် ဘက်ထရီစနစ်ပါရှိပြီး အဆိုပါစနစ်မှာတော့ ၁၄၄ ဗို့ စွမ်းအားရှိဘက်ထရီကို ထည့်သွင်းထားသလို အဆိုပါ ဘက်ထရီက မြင်းကောင်ရေ ၁၃ ကောင်အား ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ပထမဆုံးထုတ်လုပ်တဲ့ မော်ဒယ်မှာတော့ ဂီယာချက် ၅ ချက်ကို Manual စနစ်နဲ့ပဲမောင်းနှင်နိုင်အောင် ထုတ်လုပ်ခဲ့ပေမယ့် ၂၀၀၁ ခုနှစ် မော်ဒယ်ကနေစတင်ပြီးတော့ CVT စနစ်ကိုပြောင်းလဲထည့်သွင်းခဲ့တာပါ။ ပထမ မျိုးဆက်မှာ မော်ဒယ်ရဲ့ အတိုင်းအတာက အလျား ၁၅၅.၃ လက်မ၊ မျက်နှာစာအကျယ် ၆၆.၇ လက်မနဲ့ အမြင့် ၅၃.၃လက်မရှိပြီး Manual မော်ဒယ်တွေမှာတော့ အလေးချိန် ၁၈၄၇ ပေါင်ပဲ ရှိပေမယ့် CVTစနစ်နဲ့ မော်ဒယ်တွေကတော့ ၁၉၆၄ ပေါင်ထိအောင်လေးပါတယ်။

ပထမမျိုးဆက်ရဲ့ နောက်ဆက်တွဲအောင်မြင်မှုအနေနဲ့တော့ သူ့ရဲ့အထိုင်ကို ကြည့်ပြီးထုတ်လုပ်ခဲ့တဲ့ ဒုတိယမျိုးဆက် Insight ထွက်လာသလို နာမည်ကြီး CR-Z မော်ဒယ်လည်း ထွက်ရှိလာခဲ့တာပါ။ Toyota Prius ကိုဈေးကွက်ပြိုင်ဆိုင်ဖို့ ထုတ်လုပ်ခဲ့တာ ဖြစ်သလို မြောက်အမေရိက ဈေးကွက်မှာဆိုရင် Prius ဈေးကွက်ဝင်ပြီး ၇လ အကြာမှာ ချက်ချင်းဈေးကွက်တင်နိုင်ခဲ့တာပါ။

ပြီးတော့ မော်ဒယ်ကို အမေရိကဈေးကွက်မှာလည်း ဆီစားနှုန်းနည်းပါးတာကြောင့် လူသိများခဲ့ပြီး အမေရိကန်အခြေစိုက် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကနေ သတ်မှတ်စစ်ဆေးချက်တွေအရ ပထမမျိုးဆက်က အဝေးပြေးလမ်းကြောင်းမှာ ဆီတဂါလံကို ၆၁ မိုင်နဲ့ မြို့တွင်း၊ မြို့ပြင် အနေအထားမှာ ၅၃ မိုင်လောက်ထိအောင် စီးနင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒုတိယမျိုးဆက် …

၂၀၀၆ ခုနှစ်မှာ ထုတ်လုပ်မှုရပ်နားခဲ့တဲ့ Insight ကတော့ ၂၀၀၉ခုနှစ်မှာ ပြန်လည် ပြင်ဆင်ထွက်ရှိလာပါတယ်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီမှာ ဂျပန်ဈေးကွက်နဲ့ မတ် ၂၄ရက်မှာ အမေရိကန်ဈေးကွက်တွေကို ပြန်လည် မိတ်ဆက်ခဲ့တာဖြစ်သလို ကနဦးဈေးနှုန်းကဒေါ်လာ ၁၉၈၀၀ပဲ ဖြစ်လို့ အမေရိကန် ဈေးကွက်မှာ ဈေးအချိုဆုံး Hybrid ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၁ ခုနှစ်မှာလည်း ဈေးနှုန်းကို ဒေါ်လာ ၁၈၂၀၀ ထိအောင် လျော့ချခဲ့လို ဈေးအချိုဆုံးမော်ဒယ်အနေနဲ့ ဆက်လက်ရပ်တည်နိုင်နေခဲ့သလို အင်္ဂလန် ဈေးကွက်မှာလည်း ၂၀၀၉ ခုနှစ်က တည်းက ပေါင် ၁၅၄၉၀ နဲ့ ရောင်းချခဲ့တာကြောင့် တခြား Hybrid မော်ဒယ်တွေထက် ပေါင် ၂၀၀၀ လောက် ဈေးချိုခဲ့တာ ဖြစ်ပါတယ်။ မော်ဒယ်နှစ်အနေနဲ့ ၂၀၁၀ ခုနှစ်ကနေ ပြန်လည်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ် ထိအောင်ထုတ်လုပ်ခဲ့ပါတယ်။

အနေတော် အရွယ်အစား တန်းဝင်အောင် ထုတ်လုပ်လာခဲ့ပြီး ပထမမျိုးဆက်ရဲ့ အဓိကအားနည်းချက်တချက်ဖြစ်တဲ့ ခရီးသည် လိုက်ပါနိုင်မှု အပိုင်းကို မြှင့်လိုက်ပြီးခရီးသည် ငါးယောက် ထိအောင် လိုက်ပါနိုင်မယ့် တံခါးငါးပေါက်စနစ် Hatchback အနေနဲ့ ထုတ်လုပ်ခဲ့တာပါ။ Honda Jazz, City, CR-Z နဲ့ Freed မော်ဒယ်တွေနဲ့ တည်ဆောက်ပုံအထိုင်ချင်းဆင်တူပြီးတော့ ကိုယ်ထည်ပိုင်းမှာပါ ကြီးမား လာတာကြောင့် အင်ဂျင်စနစ်လည်းအနည်းငယ် ကြီးမားထုတ်လုပ်ခဲ့တာ တွေ့နိုင်သလို ၁.၃ လီတာသုံးတွေ အဖြစ်နဲ့ ဈေးကွက်ဝင်လာပါတယ်။

ဒီအင်ဂျင်စနစ်က မြင်းကောင်ရေ ၉၈ ကောင်အား ထုတ်လုပ် ပေးနိုင်ပြီး တွဲဖက်လျှပ်စစ်မော်တာကတော့ မြင်းကောင်ရေ ၁၃ကောင်အား ထုတ်လုပ်ပေးမှာပါ။ CVTစနစ်နဲ့ပဲ ထုတ်လုပ်တော့တာတွေ့နိုင်ပြီးကိုယ်ထည်က အလျား ၁၇၃လက်မ၊ မျက်နှာစာ ၆၆.၇ လက်မနဲ့ အမြင့်က ၅၆.၁လက်မတွေထိအောင် ကြီးမားလာသလို အလေးချိန်ကလည်း ၂၇၂၇ပေါင် လေးလာခဲ့ပါတယ်။

ဒုတိယမျိုးဆက်ရဲ့ နောက်ဆက်တွဲအနေနဲ့ကတော့ ဂျပန်မှာပဲ ဖြန့်ဖြူးရောင်းချတဲ့ Grace မော်ဒယ် ထွက်ရှိလာခဲ့သေးတာ ဖြစ်ပါတယ်။ ဒုတိယမျိုးဆက် Insight ကို ကမ္ဘာတလွှားမှာ အစီးရေ ၁၄၃၀၁၅ စီး ထိအောင် ရောင်းချနိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ Honda ကနေ Insight ကိုဆက်လက် ထုတ်လုပ်တော့မှာ မဟုတ်ကြောင်း တရားဝင်ကြေငြာခဲ့တာပါ။

ဒါကလည်း ဥရောပဈေးကွက်ဘက်မှာ ရောင်းအားကျဆင်း မှုကြောင့် ဖြစ်ပြီး Honda ကတော့ Hybrid မော်ဒယ်တွေနဲ့ ပတ်သက်ပြီးထုတ်လုပ်မှုတွေ ဆက်လက် လုပ်ဆောင်ဦးမှာ ဖြစ်တယ်လို့ဆိုတာကြောင့် မကြာခင်မှာ တကျော့ပြန် Insight ကို မြင်တွေ့နိုင်ဖို့လည်း မျှော်လင့်နေရတာ ဖြစ်ပါတယ်။


ဆုရရှိမှု …

မော်ဒယ်ရဲ့ ပထမမျိုးဆက်မှာတော့ ၂၀၀၀ ခုနှစ်အတွက် အကောင်းဆုံးတနှစ်စာ အင်ဂျင်ဖန်တီးမှု အကောင်းဆုံးဆုကို ရရှိခဲ့သလို အဲဒီနှစ်မှာပဲ အမေရိကန် ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးအဖွဲ့က ပေးအပ်တဲ့ပတ်ဝန်းကျင် ကာကွယ်မှုပေးနိုင်တဲ့ မော်ဒယ်ဆုကိုလည်း ရရှိခဲ့တာပါ။ နောက်ပြီး အမေရိကန် စက်သုံးဆီအသုံးပြုမှုဆိုင်ရာအဖွဲ့အစည်းရဲ့ ဆီစားနည်းပါးမှု မှတ်တမ်းဝင်မှု အပိုင်းမှာလည်း ၂၀၀၀၊ ၂၀၀၂၊ ၂၀၀၃ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်တွေမှ ထိပ်တန်း စာရင်းဝင်ခဲ့ပါတယ်။

၂၀၀၁ ခုနှစ်ရဲ့ မြောက်အမေရိကတိုက် အကောင်းဆုံးကားအဖြစ်လည်းသတ်မှတ်ခံရသလို ၂၀၀၁ခုနှစ်မှာဆီစားအနည်းဆုံးမော်ဒယ် အဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ ဒုတိယမျိုးဆက်မှာက ၂၀၀၉ ခုနှစ် မော်ဒယ်ကို ဒီဇိုင်းပိုင်း အကောင်းဆုံး မော်ဒယ်အဖြစ်နဲ့လည်းကောင်း၊ ၂၀၁၀ ခုနှစ် EX မော်ဒယ်က လုံခြုံစိတ်ချရမှု အမြင့်ဆုံးမော်ဒယ် အနေနဲ့ လည်းကောင်း၊ ၂၀၁၀ ခုနှစ်မှာပဲဓါတ်ငွေ့ ထုတ်လွှတ်မှုအနည်းဆုံး ထိပ်တန်း ဆယ်စီးစာရင်းဝင်အနေနဲ့ လည်းကောင်း၊ အမေရိကန်အခြေစိုက် စက်သုံးဆီအသုံးပြုမှုဆိုင်ရာ အဖွဲ့အစည်းရဲ့ ဓါတ်ငွေ့ထုတ်လွှတ်မှု အနည်းဆုံးမော်ဒယ်အဖြစ် ၂၀၁၀၊ ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ သတ်မှတ်ခံခဲ့ရပါတယ်။

၂၀၁၂ ခုနှစ် မော်ဒယ်ကတော့ ဈေးနှုန်းအသက်သာဆုံးနဲ့ ပိုင်ဆိုင်ဖို့ အထိုက်တန်ဆုံးမော်ဒယ်အနေနဲ့လည်းသတ်မှတ်ခံခဲ့ရတာတွေ ဖြစ်ပါ တယ်။


သိကောင်းစရာတချို့ …


လူကြိုက်များ ဒုတိယမျိုးဆက်မှာ မော်ဒယ်ရဲ့ ဆီစားနှုန်းအပိုင်း သိသိသာသာ ကောင်းမွန်လာတာ တွေ့နိုင်ပြီး အမေရိကန် EPA ရဲ့ စစ်ဆေးချက်အရ ၂၀၀၉ ခုနှစ် မော်ဒယ်တွေမှာ ဆီတဂါလံကို ပျမ်းမျှ မိုင် ၄၀ လောက်ထိ အောင် စီးနင်းနိုင်ပြီး ၂၀၁၂ ခုနှစ် မော်ဒယ်အရောက်မှာတော့ ၄၄ မိုင်လောက်ထိအောင် ဖြစ်လာပါတယ်။

အင်္ဂလန်ဈေးကွက်အတွက် တင်ပို့ရောင်းချတဲ့ မော်ဒယ်တွေမှာတော့ ဆီစားနှုန်းပိုမိုချိုသာတာတွေ့ရပြီးပျမ်းမျှ ၆၁.၄ မိုင်လောက်ထိအောင် စီးနင်းနိုင်တာလည်း ဖြစ်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာလည်း အဓိကပြိုင်ဖက် Toyota Prius နဲ့ ယှဉ်ကြည့်မယ်ဆိုရင် အမြန်နှုန်း မြှင့်တင်နိုင်မှုအပိုင်းမှာ Insight က မိုင် ၆၀နှုန်းအတွက် အချိန် ၁၀.၃ စက္ကန့် (Prius-၁၀စက္ကန့်) ဖြစ်ပါတယ်။

ခရီးဝေးမောင်းနှင်မှု မိုင် ၆၀၀ အတွက် Insight က ဆီစားနှုန်း ပျမ်းမျှတဂါလံ ၃၈မိုင်နှုန်းမှာ Prius က ၄၂ မိုင်ထိအောင် ရခဲ့ပါတယ်။ ကားရဲ့ အကြမ်းခံနိုင်မှုနဲ့ ယုံကြည်စိတ်ချရမှုဆိုင်ရာစစ်ဆေးချက်တွေမှာတော့ ရှေ့ဖက်ပိုင်းအကြမ်းခံနိုင်မှု ကောင်းမွန်စိတ်ချရခြင်း၊ ဘေးဘက်ဆိုင်ရာစိတ်ချယုံကြည်ရမှု ကောင်းမွန်ခြင်းနဲ့အတူ ကားတစီးလုံးဆိုင်ရာ စစ်ဆေးမှုမှာ ဥရောပ NCAP ရဲ့ မှတ်ချက်မှာ ကြယ်ငါးပွင့်ထိအောင် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

လင်းထက်(IA)

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/10/honda-insight.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Wednesday, October 14, 2015

Insight ပုံစံနဲ့ ပွဲထွက်လာတဲ့ Honda Civic Type R



photo-autocar.com

ကျနော်တို့ ပြည်တွင်းမှာဆိုရင် လမ်းကြောင်းနေရာတော်တော်များများမှာ Honda Civic တွေကို မြင်နိုင်၊ တွေ့နိုင်ပေမယ့် သေချာတာကတော့ Hatchback ပုံစံCivic ကတော့ ရှိဖို့မလွယ်ပါဘူး။

တကယ်လို့ Hatchback အနေနဲ့ဆိုရင်တော့ Fastback တန်းဝင် တည်ဆောက်ပုံချင်းဆင်တဲ့ Honda Insight တွေပဲများတာပေါ့နော်။ ဒီမှာ Honda ကနေ ထူးခြားတဲ့ ဖန်တီးမှုတခုခုလုပ်ဆောင်ပြီး မော်ဒယ်သစ် တခုမျိုး ဖန်တီးလာတာကို တွေ့ရတယ်လေ။

ဘယ်လိုမျိုးလဲဆိုတော့ Civic ရဲ့ လက်ရှိစွမ်းဆောင်ရည်ထက် ပိုမိုကောင်း မွန်အောင် Type R တန်းဝင်အောင် မော်ဒယ်ကိုဖန်တီးတယ်၊ ဒါပေမယ့် ကိုယ်ထည်ပိုင်း တည်ဆောက်မှုမှာတော့ Insight လိုပဲ Hatchback တန်းဝင်အောင် ဖန်တီးလာတာမျိုးပါ။ မော်ဒယ်ကို ပုံမှန်လမ်းကြောင်းမှာ မြန်နှုန်းမြင့် မောင်းနှင်နိုင်မှုအပြင် လမ်းကြောင်းစုံမောင်းနှင်နိုင်အောင် ဖန်တီးထားတာတချက်ကတော့ သဘောကျစရာပါ။

ပတ်လမ်းမှာလည်း ဖြစ်တယ်၊ လမ်းကြမ်းလည်းသင့်တယ်၊ ပုံမှန်လမ်းမှာလည်း ကွက်တိပါပဲ။ ဒါပေမယ့် Sport မော်ဒယ် မဟုတ်လို့ ပတ်လမ်းမှာတော့ ဆရာမကျပါဘူး။ ဒါပေမယ့် ပတ်လမ်းပိုင်း စွမ်းဆောင်ရည်ကလည်း တော်တော်လေး သဘောကျစရာပါ။ ဟုတ်ပါပြီ၊ ကျနော်တို့ Type R အကြောင်း ဆက် ကြည့်ရအောင်ပါနော်။

အားသာချက် …

မော်ဒယ်ရဲ့ အားသာချက်က စွမ်းဆောင်ရည် အထူးမြင့်မားအောင် ဖန်တီးထားနိုင်မှုပဲ ဖြစ်ပါတယ်။ ဇိမ်ခံတန်းဝင် မော်ဒယ်တွေအတွက်လောက်ပဲ မြင်းကောင်ရေ ၃၀၀အားလောက်ထိအောင် စွမ်းဆောင်ရည် မြှင့်ထားတတ်တဲ့ အနေအထားမှာ မော်ဒယ်က မြင်းကောင်ရေ ၃၀၆ကောင်အားထိအောင် အသုံးပြု မောင်းနှင်နိုင်အောင် ဖန်တီးထားတာတွေ့ရပါတယ်။

နောက်တချက်ကတော့ Chassis ပိုင်းအထိုင်ကျမှု ဖြစ်ပါတယ်၊ ပုံမှန် အိမ်စီးမော်ဒယ်ကနေ အင်ဂျင်ပိုင်းစွမ်းရည်မြင့် တပ်ဆင်လိုက်ပေမယ့် မော်ဒယ်ကို လမ်းကြောင်းပိုင်းတည်ငြိမ်မှု အပြည့်ရှိအောင် ခံထားပေးတဲ့ အထိုင်စနစ်ကို အကောင်းဆုံးဖန်တီးထားနိုင်တာ တွေ့ရပါတယ်။ နောက်ဆုံးပြောချင်တဲ့ တချက်ကတော့ လေခွင်းစနစ်ဖြစ်ပြီး မြန်နှုန်းမြှင့်တင်မှုအတွက်တင် မဟုတ်ပဲ မြေဆွဲအားလျော့နည်းစေမှုအတွက်ပါ ကူညီပေးနိုင်တာပဲ ဖြစ်ပါတယ်။



အားနည်းချက် …

မော်ဒယ်အနေနဲ့ လက်ကိုင်ပိုင်းမှာ ဒီလောက်ကြီးစိတ်ကြိုက် မတွေ့မိတဲ့ တချက်က မြန်နှုန်းမြင့် မော်ဒယ် တခုခုအတွက် သိပ်မဟုတ်လှတဲ့ အချက်ပါ။ လေးချင်တာလည်းမဟုတ်ပါဘူး၊ လားရာစိတ်ကြိုက် ပြောင်းလဲ မောင်းနှင်နိုင်မှု မရှိတာလည်း မဟုတ်ပဲ မောင်းနှင်နေရသူအနေနဲ့ စိတ်ကျေနပ်မှုအပြည့် မပေးနိုင်တဲ့ သဘောပဲ ဖြစ်ပါတယ်။ နောက်တချက်ကတော့ +R Mode ကိုထည့်သွင်းထားတာတွေ့ရပေမယ့် အဆိုပါစနစ်နဲ့ မောင်းနှင် တဲ့ အချိန်မှာ မော်ဒယ်ကသိသာတဲ့၊ ကွဲပြားတဲ့ စွမ်းဆောင်ရည် ပြသနိုင်ရမှာ ဖြစ်ပေမယ့် ဒီလောက် ကြီး ကောင်းမလာတာ တချက်ကိုတော့ မကြိုက်မိပြန်ပါဘူး။


ထူးခြားလာမှု …


မော်ဒယ်ရဲ့ အတွင်းခန်းမှာ Honda ရဲ့ နောက်ဆုံးဖျော်ဖြေရေးနဲ့ အချက်အလက်ပြစနစ် i-MID စနစ်ကို ထည့်သွင်းထားတာတွေ့ရပြီး သူကလက်ရှိ Civic မော်ဒယ်တွေက စနစ်ထက် ပိုမြန်သလို ပိုကောင်းပါတယ်။ နောက်တခုက Timer စနစ်ကိုထည့်ထားပြီး ပတ်လမ်းမောင်းနှင်ချိန်အတွက်ရောတခု နာရီမိုင် ၆၀နှုန်း မြှင့်တင်မှု အတွက်ပါ အချိန်တွေကို မှတ်ထားပေးနိုင်တာဖြစ်ပါတယ်။

ပြီးတော့ ထိုင်ခုံပိုင်းမှာ ထည့်သွင်း တည်ဆောက်ထားမှုမှာ Sport ထိုင်ခုံစနစ်တွေကို ထည့်ထားတာတွေ့ရပြီး မောင်းနှင်ရမှုအတွက်ရော လိုက်ပါ စီး နင်းရမှုအတွက်ပါ အဆင်ပြေစေပါတယ်၊ ဒါပေမယ့် ထိုင်ခုံဘောင်တွေ နည်းနည်းထူချင်နေတာတချက် ကတော့ အမြင်ပိုင်းဆိုးချင်သလိုပါ။ နောက်ဖက် Exhaust စနစ်ကို နှစ်ပေါက်စနစ်နဲ့ ဖန်တီးထားပြီး အင်ဂျင်သံတည်ငြိမ်မှု ပိုကောင်းအောင် လုပ်ဆောင်ထားတာလည်း တွေ့ရပါတယ်။

အင်ဂျင်ပိုင်း …

မော်ဒယ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်ကို ကြည့်မယ်ဆိုရင် ၂.၀ လီတာသုံး VTEC အင်ဂျင်စနစ်ကို တပ်ဆင်ထားတာတွေ့ရပြီး ဓါတ်ဆီစနစ်နဲ့ဖြစ်ကာ လေးလုံးထိုးတန်းဝင် ဖြစ်ပါတယ်။ အင်ဂျင်က အခြေခံလည်ပတ်အားတခု မိနစ်အပတ်ရေ ၂၅၀၀-၄၅၀၀မှာ ရုန်းအား ၂၉၅ ပေါင်-ပေထိအောင် ရှိမှာ ဖြစ်ပြီးစွမ်းအင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၃၀၆ ကောင်အား ထိအောင်ရှိနေတာပါ။

အင်ဂျင်က တမိနစ် အတွက် အမြင့်ဆုံးအပတ်ရေ ၆၅၀၀ ထိအောင် လည်ပတ်နိုင်မှာဖြစ်ပေမယ့် တကယ်တမ်း မောင်းမယ် ဆိုရင် တော့ အပတ်ရေ ၇၀၀၀ အရောက်မှာ မီးနီကို ရောက်ပါလိမ့်မယ်။ ကားရဲ့အလေးချိန် တတန်အတွက် စွမ်းအင် သက်ရောက်မှုက မြင်းကောင်ရေ ၂၂၂ ကောင်အား ဆိုတာကတော့ သူ့နဲ့ ဈေးနှုန်းတူ မော်ဒယ်တွေထဲမှာ မရှိ သလောက်ရှားတဲ့ စွမ်းဆောင်ရည်လည်း ဖြစ်နေပါတယ်။



စွမ်းဆောင်ရည် …

မော်ဒယ်အနေနဲ့က ဂီယာချက် ၆ချက်ကို သုံးပြီး Manual စနစ်နဲ့ မောင်းနှင်နိုင်မှာ ဖြစ်ကာ တကယ်တမ်းဆိုရင်တော့ ဂီယာချက် ၇ ချက်လောက်ထိအောင် သုံးနိုင်သင့်တယ်လို့ထင်မိပါတယ်။ ဒါပေမယ့် Manual အတွက်တော့ အခုလောက် ဂီယာချက်က အဆင်ပြေပေမယ့် Auto နဲ့ဆိုရင်တော့ အခုထက်များဖို့ ကောင်းပါလိမ့်မယ်။

ရှေ့ဘီးယက်စနစ်နဲ့ ဖြစ်တာကြောင့် မြန်နှုန်းမြှင့်တင်နိုင်မှုအပိုင်းမှာ သင့်ပေမယ့် လမ်းကြောင်းပေါ်မှာ တည်ငြိမ်မှုအတွက်တော့ နောက်ဘီးယက်စနစ်နဲ့ဆိုရင် ပိုပြီးကောင်းမယ်လို့ ထင်မိပါတယ်။

မော်ဒယ်ရဲ့ အမြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်မှုကတော့ တနာရီမိုင် ၆၀နှုန်းအတွက် အချိန် ၅.၅ စက္ကန့်ပဲ ဖြစ်ပြီး တနာရီမိုင် ၁၄၀နှုန်းအတွက်ဆိုရင် အချိန် ၃၀.၃ စက္ကန့်တည်းနဲ့ ရောက်ရှိမှာဖြစ်လို့ အရမ်းကိုကောင်းတဲ့ စွမ်းဆောင်ရည်လို့ ဆိုရမှာပါ။

သိထားသင့်တာလေးတွေ …

မော်ဒယ်အနေနဲ့ အင်ဂျင်စနစ် အလယ်အလတ်ဖြစ်ပေမယ့် Turbo စနစ်ထည့်ထားတာကြောင့် စွမ်းဆောင်ရည် ကောင်းမွန်တာဖြစ်ပြီး ရှေ့ဘီးယက်စနစ်လည်းဖြစ်၊ Manual လည်းဖြစ်၊ လည်ပတ်အားလည်းနည်းတာကြောင့် ဆီစားလည်းမဆိုးတာ တွေ့ရပါတယ်။

ပျမ်းမျှအနေနဲ့ ဆီတဂါလံကို ၃၁.၈ မိုင်ထိအောင် စမ်းသပ် မောင်းနှင်မှုမှာ တွေ့ရပြီးတော့ Honda ကတော့ ၃၈ မိုင်လောက်ထိအောင် မောင်းနှင်နိုင်မယ်လို့ ဆိုထားတာပါ။ Suspension စနစ်မှာမော်ဒယ်ကို လမ်းကြမ်းဒဏ် ပိုပြီးခံနိုင်အောင် ဖန်တီးထားတဲ့အနေနဲ့ MacPherson ကို Dual အနေနဲ့ ထိုင်ထားတာတွေ့ရသလို Anti-Roll Bar တွေလည်းထိုင်ထားပါတယ်။

လုံ ခြုံစိတ်ချရမှုအတွက်ကတော့ အရွယ်ရောက် ခရီးသည်တွေအတွက် ၉၄ ရာခိုင်နှုန်း၊ ကလေးငယ်တွေအတွက် ၈၃ ရာခိုင်နှုန်း၊ သက်ကြီးပိုင်းတွေအတွက် ၆၉ ရာခိုင်နှုန်းနဲ့ အကူစနစ်တွေရဲ့စိတ်ချရမှု ၈၆ ရာခိုင်နှုန်းရှိတာတွေ့ရပြီး ကျနော်တို့ အတွက်တော့ ဈေးနည်းနည်းနဲ့ ရနိုင်မယ့် စွမ်းဆောင်ရည်မြင့် မော်ဒယ် တခုခု ဈေးကွက်ထဲရောက် လာတာ ကျေနပ်စရာ ဖြစ်နေပါပြီနော်။

လင်းထက်(IA)

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/10/insight-honda-civic-type-r.html


Read More »

Friday, October 09, 2015

Nissan March လို့ခေါ်တဲ့ Micra




ပြည်တွင်းမှာတော့ Nissan March တွေဆိုတာ တန်ကြေးနည်း City တန်းဝင် မော်ဒယ် တွေထဲမှာ လူစီးများတဲ့ မော်ဒယ် တစ်ခုပါပဲ။ မော်ဒယ် အနေနဲ့က Toyota Passo, Mazda Demio နဲ့ Suzuki Swift တွေနဲ့ ဈေးကွက်မှာ ယှဉ်နေ ရပေမယ့် ဈေးနှုန်းပိုင်း ချိုသာမှု ဆိုတဲ့ တစ်ချက်ပဲ အားကောင်းတာ တွေ့ရပြီး အရည် အသွေးနဲ့ စွမ်းဆောင်ရည်လို အပိုင်းမှာ ပြိုင်ဖက် မော်ဒယ် တွေထက် လူကြိုက် နည်းတာပါ။

ဒါပေမယ့် တကယ်တမ်း သက်တမ်းပိုင်း အနေ အထားကို ကြည့်မယ် ဆိုရင် March အနေနဲ့ တော်တော်ကို ကြာနေပြီ ဖြစ်တဲ့ အပြင် အဆင့်မြှင့်တင် မျိုးဆက် ပြောင်းလဲ ထုတ်လုပ်မှု
တွေလည်း များနေပြီ ဖြစ်လို့ နောက်ပိုင်းမှာ ထွက်ရှိလာတဲ့ မော်ဒယ်တွေ ကတော့ တော်တော်လေး ကောင်းမွန်လာတာ တွေ့ရပါတယ်။

ပြီးတော့ အခုမော်ဒယ် March ကို ကျနော်တို့ဆီမှာသာ March အနေနဲ့ လူသိများပေမယ့် တစ်ကမ္ဘာလုံးအတိုင်းအတာမှာတော့ Micra ဆိုပြီး တင်သွင်းတာတွေ့ရပါတယ်။ ထားပါတော့၊ မော်ဒယ်ကဘယ်လိုပဲနာမည်ခေါ်ခေါ် ဒီမော်ဒယ်က ဒီ မော်ဒယ်ပါ ပဲနော်၊ ဒီတော့ ကျနော်တို့ သိနေပြီးဖြစ်တဲ့ March အနေနဲ့ပဲ သူ့ အကြောင်းကို ဆက်ကြည့် ရအောင်ပါနော်။

March အစ

မော်ဒယ်ကို ဂျပန်အခြေစိုက် Nissan ကထုတ်လုပ်ရောင်းချတာဖြစ်ပြီးတော့ Micra ဆိုတဲ့ နာမည်ကွဲအပြင် Mitsuoka Viewt လို့လည်းခေါ်ပါသေးတယ်။ ဒါပေမယ့် ဒီမော်ဒယ်ကတော့ တော်တော်လေးကို လူသိနည်းတာလည်း ဖြစ်ပါတယ်။

၁၉၈၂ ခုနှစ်ကတည်းကနေစတင် ထုတ်လုပ်ရောင်းချလာတာဖြစ်ပြီးတော့ အခုချိန်ထိအောင် ထုတ်လုပ်နေဆဲပါ။ Supermini တန်းဝင်အနေနဲ့ ထုတ်လုပ် ထားတာဖြစ် ပြီးတော့ ရှေ့ဘက် အင်ဂျင်ထိုင်စနစ်၊ ရှေ့ဘီးယက်စနစ်နဲ့ အခြေခံထုတ်လုပ်တာ ဖြစ်ပါတယ်။ သူနဲ့ တည်ဆောက်ပုံချင်းဆင်တူတဲ့ မော်ဒယ်ကတော့ ဂျပန်မှာပဲ ထုတ်လုပ်ရောင်း ချတဲ့ Nissan Cherry မော်ဒယ်ပဲဖြစ်ပါတယ်။

လက်တင် အမေရိက ဈေးကွက်အတွက် အဓိကရည်ရွယ်ပြီး မော်ဒယ်ကိုထုတ်လုပ်တာဖြစ်သလိုအဆိုပါ ဈေးကွက်မှာ Micra လို့ လူသိများတာဖြစ်ပြီး အာရှတ၀ှမ်းမှာတော့ March ပါပဲ။ ဒီနေရာမှာ Marchရဲ့ မှတ်တမ်းဝင် အချက်တစ်ချက်ကတော့ Nissan ကနေထုတ်လုပ်တဲ့ မော်ဒယ်တွေထဲမှာ ကိုယ်ထည်ပိုင်း အသေး ဆုံးမော်ဒယ်လည်း ဖြစ်ပါတယ်။



ပထမ မျိုးဆက် …

မော်ဒယ်ရဲ့ ပထမမျိုးဆက်ကတော့ Datsunနဲ့ Nissanနဲ့ ပူးပေါင်းလုပ်ကိုင်နေသေးတဲ့ အချိန်ဖြစ်တာကြောင့် Datsun Micra လို့လည်းလူသိများကြပါတယ်။ ဒါပေမယ့် အဆိုပါ နာမည်ကတော့ ၁၉၈၃ခုနှစ်နဲ့ ၁၉၈၄ ခုနှစ်တွေမှာပဲလူသိလိုက်တာပါ။

၁၉၈၂ခုနှစ် အောက်တိုဘာလကနေစတင်ထုတ်လုပ်ခဲ့ပြီး ၁၉၉၂ခုနှစ် ဒီဇင်ဘာလထိအောင် ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေပါ။ ကနေဒါ ဈေးကွက်မှာစတင်ရောင်းချခဲ့ပြီးမော်ဒယ်နှစ် အနေနဲ့ကတော့ ၁၉၈၄ခုနှစ် မော်ဒယ်ကနေစတင် ထုတ်လုပ်ခဲ့သလို ၁၉၉၂ခုနှစ် မော်ဒယ်ထိအောင် ပထမမျိုးဆက်ဝင် ဖြစ်လာပါတယ်။

ပြည်ပဈေးကွက်ကိုအဓိကရောင်းချတာ ဖြစ်ပေမယ့် မော်ဒယ်ကိုတော့ ဂျပန်မှာပဲတပ်ဆင်ထုတ်လုပ်ပြီးဒီဇိုင်နာNaganoriItoကရေးဆွဲပေးတဲ့ အတိုင်းထုတ်လုပ်ခဲ့တာပါ။

ပထမမျိုးဆက်မှာ March က တံခါးသုံးပေါက်၊ ငါးပေါက်စနစ် Hatchbackအနေနဲ့ရောတံခါးသုံးပေါက်စနစ် Van အနေနဲ့ပါ ရနိုင်ခဲ့ပြီးအဆိုပါ အချိန်ကNissanရဲ့ တခြားမော်ဒယ်တွေ ဖြစ်တဲ့ Nissan Figaro, Be-1နဲ့ Paoမော်ဒယ်တွေနဲ့ တည်ဆောက်ပုံချင်းဆင်တူပါတယ်။

တပ်ဆင် အင်ဂျင်အပိုင်းမှာဝ.၉လီတာသုံး၊ ၁.၀လီတာသုံးနဲ့ ၁.၂လီတာသုံး အင်ဂျင်စနစ်တွေကိုထည့်သွင်းတပ်ဆင်ခဲ့ပြီးTransmissionပိုင်းကတော့ ၄ချက်၊ ၅ချက် Manualစနစ်နဲ့ ၃ချက် Autoတွေကိုရွေးချယ်နိုင်တာပါ။ အဆိုပါ အချိန်က VW ရဲ့ မော်ဒယ်တွေကို အသေးစားဈေးကွက်မှာကောင်းကောင်းယှဉ်နိုင်ခဲ့ပြီးကားရဲ့ အလေးချိန်က ၆၃၅ ကီလိုပဲရှိတာကြောင့် လူ ကြိုက်များခဲ့ပါတယ်။



ဒုတိယ မျိုးဆက် …

မော်ဒယ်ရဲ့ ဒုတိယမျိုးဆက်ကတော့ ရွေးချယ်နိုင်စရာတော်တော်များလာတဲ့ မျိုးဆက်ပါ။ ဆီဒင်၊ အမိုးဖွင့်နဲ့ Wagonတန်းဝင် မော်ဒယ်တွေပါ ထွက်ရှိလာပြီးတော့ ဆီဒင် အနေနဲ့ ဆိုရင် Boleroအနေနဲ့၊ ဖိလစ်ပိုင်မှာဆိုရင် Veritaအနေနဲ့၊ တချို့ဈေးကွက်တွေမှာMuji Car 1000အမည်နဲ့ လူသိများလာပါတယ်။

၁၉၉၂ခုနှစ်ကနေ ၂၀၀၃ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေ ဖြစ်ပြီးတော့ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင် ဈေးကွက်အတွက်ကတော့ ၂၀၀၇ခုနှစ်ထိအောင် ဒုတိယမျိုးဆက်ကိုဆက်လက် ထုတ်လုပ်ခဲ့ပါတယ်။

မော်ဒယ်နှစ်မှာတော့ ၂၀၀၃ခုနှစ် မော်ဒယ် အနေနဲ့ပဲထုတ်လုပ်ခဲ့တာတွေ့ရပြီးအဲဒီနောက်ပိုင်းမော်ဒယ်တွေကတော့ တတိယမျိုးဆက်ထဲပါသွားတာပါ။ ဂျပန် အပြင် ဥရောပဈေးကွက်အတွက် အင်္ဂလန်မှာပါ တပ်ဆင် ထုတ်လုပ်မှုတွေ လုပ်ဆောင်လာခဲ့သလိုကိုယ်ထည်ပိုင်းကတံခါးသုံးပေါက်၊ ငါးပေါက် Hatchback၊ တံခါးနှစ်ပေါက်စနစ် အမိုးဖွင့်၊ တံခါးလေးပေါက်စနစ် ဆီဒင်နဲ့ တံခါးငါးပေါက်စနစ် Wagonမော်ဒယ်တွေ ထုတ်လုပ်ပါတယ်။

Nissan Cubeလို့ လူသိများတဲ့ Z10မော်ဒယ်နဲ့ တည်ဆောက်ပုံချင်းတူလာပြီးအင်ဂျင်ပိုင်းမှာဆိုရင် ၁.၀လီတာသုံး၊ ၁.၃လီတာသုံး၊ ၁.၄လီတာသုံးနဲ့ ၁.၅လီတာသုံး အင်ဂျင်စနစ်တွေထိအောင် ထုတ်လုပ်လာခဲ့ပါတယ်။ ဂီယာချက် ပိုင်းကတော့ ၅ချက် Manualစနစ်၊ ၄ချက် Autoနဲ့ CVTစနစ်တွေထိအောင်ပါ ရွေးချယ်လာနိုင်ခဲ့တာပါ။



တတိယ မျိုးဆက် …

၂၀၀၃ ခုနှစ် မော်ဒယ် အနေနဲ့ စတင် ထွက်ရှိလာတဲ့ မော်ဒယ်တွေကိုတော့ တတိယမျိုးဆက်လို့ စခေါ်ပါပြီ။ သူကတော့ ၂၀၁၀ခုနှစ်ထိအောင် ထုတ်လုပ်တာတွေ့ ရပြီး ကျနော်တို့ ပြည်တွင်း မှာတော့ ဒုတိယ မျိုးဆက်နဲ့ တတိယ မျိုးဆက်တွေ အများဆုံး ရှိနေတာပါနော်။

ဂျပန်နဲ့ အင်္ဂလန်မှာပဲဆက်လက်ထုတ်လုပ်တာတွေ့ရသလိုဆီဒင်နဲ့ Wagonတွေကအောင်မြင်မှု မရတာကြောင့် ကိုယ်ထည်ပိုင်းရွေးချယ်နိုင်မှု ပြန်လည် လျော့ချပြီးတံခါးသုံးပေါက်၊ ငါးပေါက် Hatchbackနဲ့ တံခါးနှစ်ပေါက်စနစ် နှစ်ယောက်စီးအမိုးဖွင့် မော်ဒယ်တွေကိုပဲထုတ်လုပ်ပါတော့တယ်။

တည်ဆောက်ပုံချင်းဆင်တူတဲ့ မော်ဒယ်တွေ များလာခဲ့ပြီးအဆိုပါ အချိန်ကNissanရဲ့ အောင်မြင်တဲ့ Platformဖြစ်တဲ့ Bကိုသုံးထားတာပါ။

ကျနော်တို့ ပြည်တွင်းမှာကိုပဲတွေ့နိုင်နေတဲ့ Nissan Tiida(Versa), Note, Cube, Juke, NV200, Renault Clio III, Renault Modus နဲ့ DuesenMayernRitzမော်ဒယ်တွေနဲ့ ဆင်တူလာပါတယ်။ အဆိုပါ PlatformကိုNissanနဲ့ နည်းပညာမိတ် ဆက် ကုမဏီတွေကိုပေးသုံးခဲ့တာကြောင့် အခုလိုဆင်တူမော်ဒယ်တွေ များလာတာလည်း ဖြစ်ပါတယ်။

အင်ဂျင်ပိုင်းမှာက ၁.၀လီတာသုံး၊ ၁.၂လီတာသုံး၊ ၁.၄လီတာသုံး၊ ၁.၅လီတာသုံးနဲ့ ၁.၆လီတာသုံး ဓါတ်ဆီအင်ဂျင်တွေ အပြင် ၁.၅လီတာသုံး ဒီဇယ် အင်ဂျင်စနစ် တစ်ခုလည်းရနိုင်ပါသေးတယ်။ ဂီယာပိုင်းက ၅ချက် Manualစနစ်နဲ့ ၄ချက် Autoစနစ်တွေကိုသုံးနိုင်တာတွေ့ရပြီးAutoတွေမှာဂီယာချက် နည်းလွန်းတယ်ဆိုတဲ့ အားနည်းချက် တွေ့ခဲ့ရပါတယ်။



စတုတ္ထ မျိုးဆက် …

Renault Pulseအနေနဲ့ပါ လူသိများလာတဲ့ အခုနောက်ဆုံးမျိုးဆက်ကိုတော့ ၂၀၁၀ခုနှစ်ကနေစတင် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီးမော်ဒယ်နှစ်ကတော့ ၂၀၁၁ခုနှစ်မှာစပါတယ်။

ဂျပန်အပြင် အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ မက္က ဆီကိုနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာပါ ထုတ်လုပ်မှုတွေ များလာပြီးတော့ တံခါးငါးပေါက်စနစ် Hatchback တန်းဝင် မော်ဒယ် အနေနဲ့ပဲထုတ်လုပ်တော့တာပါ။ Nissan V Platformကိုပြောင်းလဲအသုံးပြု ထုတ်လုပ်လာသလို Nissan Tiida, Sunny, Mitsuoka Viewt, Datsun GoနဲပVenucia R30မော်ဒယ်တွေနဲ့ တည်ဆောက်ပုံ ချင်းဆင်တူပါတယ်။

အင်ဂျင်စနစ်က ၁.၂လီတာသုံး၊ ၁.၅လီတာသုံးနဲ့ ၁.၆လီတာသုံး ဓါတ်ဆီ အင် ဂျင်တွေအပြင် ၁.၅လီတာသုံး ဒီဇယ် အင်ဂျင်စနစ်နဲ့ ရနိုင်သလိုAutoစနစ်ကဂီယာချက် နည်းတာကြောင့် CVT ကိုပြောင်းလဲထုတ်လုပ်လာသလိုဒီစနစ်ကအသေးစားမော်ဒယ်တွေအနေနဲ့ မောင်းနှင်ရအထူးလွယ်ကူတာကြောင့် လူကြိုက်များ
လာတာလည်းတွေ့ရပါတယ်။

Manual စနစ်ကိုလည်း ဆက်လက် ထုတ်လုပ်သေး ပြီးဂီယာချက် ၅ချက်ကို သုံးစွဲမောင်းနှင်နိုင်တာပါ။ ဈေးကွက် အနေအထားနဲ့ မော်ဒယ်ရဲ့ အရည်အသွေးပိုင်း
မြင့်မားကောင်းမွန်လာမှုကတော့ အခုနောက်ဆုံးထုတ် မော်ဒယ်မှာ တွေ့ရပြီးတတိယမျိုးဆက်ထိအောင် အားနည်းချက်တွေ ရှိနေသေးတဲ့ မော်ဒယ်က အခုနောက်ဆုံး
မော်ဒယ်မှာတော့ ဥရောပဈေးကွက်ထိအောင်ပါ နေရာရလာတာတွေ့ရပါတယ်။

လင်းထက်(IA)

photo- autoworld.com

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/10/nissan-march-micra.html


Read More »

Thursday, October 01, 2015

တန်ကြေးသင့် အနေနဲ့ ရနိုင်မယ့် ဇိမ်ခံမော်ဒယ် Buick Encore နဲ့ Lincoln MKX


ဒီတပတ် မှာတော့ ကျနော်တို့ အမေရိကန် အခြေစိုက် ကုမ္ပဏီ နှစ်ခု ကနေ ထုတ်လုပ် လာတဲ့ မော်ဒယ်တွေကို လေ့လာ သုံးသပ်ကြည့် ရအောင် ပါနော်။

မော်ဒယ် တွေက ဇိမ်ခံ အနေနဲ့ ထုတ်လုပ် ထားတာ ဖြစ်ပေမယ့် ဈေးကွက် အတွင်း အာရှနဲ့ ဥရောပ ထုတ် မော်ဒယ်တွေက တန်ကြေးသင့် အနေနဲ့ ရအောင် ထိုးဖောက်
ရောင်းချ လာတာကြောင့် သူတို့လည်း ဈေးလျော့ ပြီးတော့ အခု မော်ဒယ်နှစ်ခုကို တန်ကြေးသင့် အနေနဲ့ ရအောင် ထုတ်လုပ် ထားတာ တွေ့ရ ပါတယ်။

အမေရိကန် အခြေစိုက်ချင်း တူပေမယ့် Buick ကတောင် အမေရိက ဈေးကွက်မှာ နေရာကောင်း ရပြီး Licoln ကတော့ ဒေသခံ ဈေးကွက်မှာ နေရာ ရနေတာ တွေ့ရပါတယ်။ ပြီးတော့ အရင်တုန်းက ဆိုရင် အခုကုမ္ပဏီ နှစ်ခုက SUV တွေကို ထုတ်လုပ်မှု များတာ မဟုတ်ပေမယ့် အခုနောက်ပိုင်းမှာ SUV နဲ့ အတူ Crossover တွေ ခေတ်စား လာတာကြောင့် သူတို့လည်း လိုက်ပြီး ထုတ်လုပ် လာတာကြောင့် အခု မော်ဒယ်တွေကို ဘယ်လောက်ထိ ကောင်းမွန်အောင် ဖန်တီးထားနိုင် သလဲဆိုတာ စိတ်ဝင် စားစရာ ကောင်းနေ ပါတယ်နော်။

ဟုတ်ပါပြီ၊ ကျနော်တို့ ဆက်ပြီးလေ့လာကြည့် ရအောင်ပါနော်။


Buick Encore (photo - www.edmunds.com)

အားသာချက် …

Encore ရဲ့ ပထမဆုံးပြောရမယ့် အားသာချက်ကတော့ အတွင်းခန်းတည်ဆောက်မှုဖြစ်ပြီးတော့ ရိုးရှင်းတယ်၊ အဆင့်မြင့်တယ်၊ အရည်အသွေးကောင်းတယ်၊ အသုံးပြုရလွယ်ကူမယ့် အထိုင်တွေနဲ့ အတွင်းခန်းကို ပြင်ဆင်ထားတာတွေ့ရပါတယ်။ နောက်တချက်ကတော့ ဆီစားနှုန်းသက်သာကောင်းမွန်တာပဲ ဖြစ်ပြီး ဒေသတွင်းအခြေစိုက် မော်တော်ကားကုမ္ပဏီတွေရဲ့ ထုတ်လုပ်မှု မော်ဒယ်တွေထက်လည်း ဆီစား ကောင်းမွန်တာ တွေ့ရပါတယ်။ နောက်တချက်ကတော့ ထည့်သွင်းထားတဲ့ အသုံးပြုနိုင်မှု နည်းပညာတွေ များပြားတာ ဖြစ်ပြီးတော့ အဆင့်မြင့် ဇိမ်ခံမော်ဒယ်တွေလောက်ထိအောင် ပြိုင်နိုင်တဲ့ အနေအထား တွေ့ရပါတယ်။ ပြီးတော့ မော်ဒယ်ရဲ့ အသက်ကယ် စနစ်နဲ့ လုံခြုံစိတ်ချရမှု အပိုင်းကလည်း ထိပ်တန်း အဆင့်မှာရှိနေတာတွေ့ရတာပဲ ဖြစ်ပါတယ်။

Lincoln MKX အနေနဲ့ကဇိမ်ခံမော်ဒယ်တွေကိုအကောင်းဆုံး ပြင်ဆင် ဖန်တီးထုတ်လုပ်နေကျ ကုမ္ပဏီတခုအတွက် အရည်အသွေးအနည်းငယ် လျော့ထားတာကလွဲလို့ အပြင်အဆင်အပိုင်းမှာတော့ ထိပ်တန်းအဆင့်လောက်ထိအောင် ရှိနေတာတချက်က မော်ဒယ်ကိုလူကြိုက်များစေနိုင်ပါတယ်။
နောက်တချက်ကမောင်းနှင်ရမှု အပိုင်းမှာရော လိုက်ပါ စီးနင်းရမှုအပိုင်းအပါအ၀င် ခရီးဝေး မောင်းနှင်မှုတွေ အတွက်ထိအောင်ပါ သက်တောင့်သက်သာ ဖြစ်စေသလို အတွင်းခန်းလည်း ကျယ်ဝန်းတာ တွေ့ရပါတယ်။ နောက်ဆုံးပြောရမယ့် တချက်ကတော့ မော်ဒယ်ရဲ့ ရုပ်ထွက်ကသိသာပေါ်လွင်တာပဲ ဖြစ်ပြီး တခြားမော်ဒယ်တွေနဲ့စာရင် တံဆိပ် မမြင်ရသည့်တိုင်အောင် ထင်သာမြင်သာတာပဲ ဖြစ်ပါတယ်။

အားနည်းချက် …

Encore က အင်ဂျင်စနစ်ကိုအသေးစားဖြစ်အောင် ဖန်တီးထားတာတွေ့ရလို့ပုံမှန် အမေရိကန်ထုတ် မော်ဒယ်တွေလိုကောင်းမွန်တဲ့ လမ်းကြမ်းပိုင်းစွမ်းဆောင်ရည်နဲ့ အတူမြန်နှုန်းမြင့် မောင်းနှင်နိုင်မှုတွေ အားနည်းတာတွေ့ရပါတယ်။ နောက်တချက်ကတော့ အတွင်းခန်းအပြင်အဆင် ကောင်းမွန်တာမှန်ပေမယ့် ပုံမှန်အနေအထားထက် အတွင်းခန်း အကျယ်အ၀န်းကျဉ်းတာဖြစ်ပြီး ခရီးဝေးသွားလာမှုအတွက် အနည်းငယ် အခက်တွေ့စေသလို တဆက်တည်းဖြစ်တဲ့ နောက်ဖက်ဝန်တင်ခန်းလည်း ကျဉ်းတာတွေ့ရပါတယ်။

MKX မှာထည့်သွင်းတပ်ဆင်ထားတဲ့ MyLincoln ဆိုတဲ့ ဖျော်ဖြေရေးစနစ်ကို ကုမ္ပဏီကသူ့ရဲ့ မော်ဒယ်တိုင်းမှာ ကိုယ်ပိုင်စနစ်အနေနဲ့ ထည့်သွင်းတပ်ဆင် ထုတ်လုပ်တာတွေ့နိုင်ပေမယ့် အခု MKX မှာတော့ အဆိုပါစနစ်ရဲ့ Touchအပိုင်းက တော်တော်လေးအားနည်းနေတာ တွေ့ရပါတယ်။ ပြီးတော့ မော်ဒယ်အနေနဲ့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုအပိုင်းမှာလည်း အားနည်းချင်သလိုအမြန်နှုန်းထိန်းချုပ်မှုရဲ့ ဘရိတ်ပိုင်းစနစ်မှာလည်း အားနည်းပါသေးတယ်။ နောက်ဆုံးတချက်ကတော့ Auto စနစ်နဲ့ မော်ဒယ်တွေက ဂီယာချက် ပြောင်းလဲ အသုံးပြုရမှု အားနည်းချင်တာပဲ ဖြစ်ပါတယ်။

ကိုယ်ထည်ပိုင်း …

Encore က Crossover တန်းဝင်အောင် ဖန်တီးထားတာဖြစ်ပြီးအပြင်ဘက် အရောင်အပိုင်းမှာ အခုနောက်ပိုင်းဥရောပနဲ့ အာရှဈေးကွက်အကြိုက်တည်ငြိမ်တဲ့ အရောင် ၈ ရောင်ပဲ ထုတ်လုပ်ထားပြီး အတွင်းပိုင်းအပြင်အဆင်က အထည်နဲ့ တိုက်တမ်နီယမ်ဦးစားပေးပုံစံ နှစ်မျိုးရပါတယ်။ မော်ဒယ်ကအလျား ၁၄ပေနဲ့ ၀.၄လက်မပဲ ရှိပြီး မြို့တွင်းမောင်းမော်ဒယ်အနေနဲ့ အကောင်းဆုံး ဖြစ်သလိုမျက်နှာစာအကျယ်က ၅ပေနဲ့ ၉.၉၈လက်နဲ့ အမြင့်ကတော့ ၅ပေနဲ့ ၅.၃လက်မပဲ ရှိမှာ ဖြစ်ပါတယ်။ အာရှထုတ် မော်ဒယ်တွေနဲ့ ဆင်တူတဲ့ ရုပ်ထွက်မျိုးကိုထုတ်လုပ်ထားတာတွေ့ရပြီးအတွင်းခန်းတွေကတော့ ရှေ့ဖက်ခန်းက ၅၄.၂လက်မနဲ့ နောက်ဖက်ခန်းက ၅၂.၆လက်မရှိပြီးတော့ ပုံမှန် အတွင်းခန်းအနေအထားထက် ၄လက်မလောက်ထိအောင် ကျဉ်းနေတာလည်း ဖြစ်ပါတယ်။

MKX ကလည်းအမေရိကဈေးကွက်အတွက်တင် မဟုတ်ပဲဥရောပဈေးကွက်ထိအောင် ခြေဆန့်လာတာကြောင့် အရောင်ပိုင်းမှာစုစုပေါင်းအရောင် ၈ရောင်ထိအောင် ထုတ်လုပ်ထားသလိုအတွင်းပိုင်းကလည်းသားရေ၊ အထည်၊ ကတ္တီပါ ပုံစံနဲ့ ၆မျိုးထိအောင် ရွေးချယ်နိုင်ပါတယ်။ ကိုယ်ထည်က Crossoverတန်းဝင်လို့ ဆိုနိုင်အောင် အလျားက ၁၅ပေနဲ့ ၆.၇လက်မပဲ ရှိသလိုမျက်နှာစာအကျယ်က ၆ပေနဲ့ ၄လက်မနဲ့ အမြင့်ကတော့ ၅ပေနဲ့ ၇.၃လက်မထိအောင် ရှိနေမှာ ဖြစ်ပါတယ်။ ကိုယ်ထည်ကိုမြေပြင်နဲ့ ၈လက်မထိအောင် ခွာထားပြီးအတွင်းခန်း ကျယ်ဝန်းမှု ကောင်းအောင်လို့ ရှေ့ခန်းက ၅၈.၉လက်မ အထိုင်နဲ့ နောက်ဖက်ခန်းက ၅၈.၇လက်မထိအောင် ဖွဲ့ထားပါတယ်။



Buick Encore

အင်ဂျင်ပိုင်း …

Encoreကို မြင်မိသလောက်တော့ အမေရိကန်ထုတ် မော်ဒယ်တွေထဲမှာအင်ဂျင်အသေးစားစနစ်တပ် မော်ဒယ်ဖြစ်ပြီးတော့ ပုံမှန် လေးလုံးထိုးအင်ဂျင်ကိုTurboတွေ Chargerတွေ တခုမှ ကူမထားပါဘူး။ အင်ဂျင်ကအခြေခံလည်ပတ်အားတမိနစ် အပတ်ရေ ၁၈၅၀မှာ ရုန်းအားက ၁၄၈ပေါင်-ပေထိအောင် ရှိနေပြီးစွမ်းအင် ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၁၃၈ကောင်အားပါ။ ရုန်းအားများတဲ့ မော်ဒယ် ဖြစ်ပေမယ့် ကိုယ်ထည်ကမြေပြင်နဲ့ ၆လက်မကျော်လေးပဲ လုပ်ဆောင်ထားသလိုအင်ဂျင်စနစ် သေးတာကြောင့် လမ်းကြမ်းပိုင်းစွမ်းဆောင်ရည်မကောင်းလှပါဘူး။ အင်ဂျင်ရဲ့ အများဆုံးလည်ပတ်နိုင်မယ့် နှုန်းကတော့ တမိနစ် အပတ်ရေ ၄၉၀၀ထိအောင်ပဲ ဖြစ်လို့ ပုံမှန်ထက် သိသိသာသာနည်းတာ ဖြစ်ပြီးအမြန်ဆုံးမောင်းနှင်နိုင်မှုလည်း အားနည်းတာတွေ့ရပါတယ်။

MKX ရဲ့ တပ်ဆင် အင်ဂျင်အပိုင်းကို ကြည့်မယ်ဆိုရင် ၃.၇ လီတာသုံး V6 တန်းဝင် အင်ဂျင်ကို တပ်ဆင်ထားတာကြောင့် V6 တန်းဝင်ထဲမှာလည်း အကြီးဆုံးဖြစ်နေသလို ကိုယ်ထည်အရွယ်နဲ့စာရင် အင်ဂျင်စနစ်ကပိုပြီး ကြီးချင်နေသလိုပါ။ အခြေခံလည်ပတ်အားတမိနစ် အပတ်ရေ ၄၀၀၀ မှာ ရုန်းအားက ၂၈၀ ပေါင် -ပေရှိပြီးတော့ စွမ်းအင်ထွက်ရှိမှုက မြင်းကောင်ရေ ၃၀၅ကောင်အားပါ။ အခြေခံရုန်းအားများပေမယ့် စွမ်းအင်ထွက်ရှိမှု ကောင်းမွန်နေတာ တချက်ကမော်ဒယ်ကိုလမ်းစုံမောင်းနှင်နိုင်မှာဖြစ်ပေမယ့် ဆီစားနှုန်းတော့ များသွားစေတာပါ။ အင်ဂျင်ရဲ့ အမြင့်ဆုံးလည်ပတ်နိုင်မယ့် နှုန်းကတော့ တမိနစ် အပတ်ရေ ၆၅၀၀ ထိ ဖြစ်ပါ တယ်။



Lincoln MKX


မောင်းနှင်နိုင်မှု …


Encore ရဲ့ အလေးချိန် ပေါင် ၃၂၃၇ ထိအောင် ရှိနေတာကအင်ဂျင်ကို မနိုင်ဝန် ထမ်းခိုင်းနေသလိုပါ၊ ၀န်တင်ဆောင် ရုန်းကန်နိုင်မှု ၁၀၁၈ပေါင်နဲ့ ဆိုရင် မော်ဒယ်ကအင်ဂျင်လည်းသေးတော့ အပြေးသန်မယ် မထင်ရတော့ပါဘူး။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုကို ကြည့်မယ်ဆိုရင် တနာရီကီလိုမီတာတရာနှုန်း အတွက် အချိန် ၉.၈ စက္ကန့်လောက်ထိအောင် ယူနေတာတွေ့နိုင်ပြီးဂီယာချက်စနစ်မှာ Auto စနစ်နဲ့ ဖြစ်ပေမယ့် ဂီယာချက် ၆ ချက်ထိအောင်ပဲ သုံးနိုင်မယ့်အနေအထားကတော့ လူကြိုက်နည်းစေပါတယ်။ ကျနော်တို့ အာရှ ဈေးကွက်အတွက်တော့ အဆင်ပြေပေမယ့် အခုနောက်ပိုင်းမော်ဒယ်က ဥရောပဈေးကွက်ဘက်မှာ နေရာသိပ်မရလှတာ တွေ့ရပါတယ်။

MKX မော်ဒယ်က ရှေ့ဘီးယက်စနစ်နဲ့လည်း ရနိုင်သလိုဘီးစုံယက်စနစ်နဲ့လည်းရနိုင်ပေမယ့် ကျနော်ကတော့ အင်ဂျင်ကြီးကြီးမှာ ဆီစားပြန်ချိုမယ့် ရှေ့ဘီးယက်စနစ်နဲ့ မော်ဒယ်ကိုပိုကြိုက်ပါတယ်။ Auto စနစ်နဲ့ ဂီယာချက် ၆ ချက်ကိုပဲသုံးပြီးမောင်းနှင်မယ့် အနေအထားက ဥရောပမှာတော့ မျက်နှာပန်းမလှပေမယ့် ကျနော်တို့ ဆီမှာတော့ အဆင်ပြေပါတယ်။ မော်ဒယ်အနေနဲ့ အင်ဂျင်လည်းကြီးသလို အခြေခံလည်ပတ်အား လည်း များတာကြောင့် ဆီစားနှုန်းအပိုင်းမှာ ပျမ်းမျှဆီတဂါလံအတွက် ၂၁ မိုင်လောက်ပဲရမှာပါ။ ဘီးစုံယက်စနစ်နဲ့ ဆိုရင်တော့ ၁၉ မိုင်လောက် မောင်းနှင်နိုင်မှာဖြစ်ပြီးတပ်ဆင် ဆီတိုင်ကီတွေကတော့ ၁၈.၃ ဂါလံထိအောင် ဆံ့ဝင်လို့ အရမ်းကြီးမဆိုးပေမယ့် နည်းနည်းသေးချင်ပါတယ်။


သုံးသပ်ချက် …

Encore အနေနဲ့က တန်ကြေးပိုင်းမှာ အသင့်လောက်ရှိတဲ့ မော်ဒယ်ဖြစ်ပြီးတော့ ဈေးကွက်မှာအမေရိကန်ရဲ့ အင်ဂျင်အသေးစားတပ်မော်ဒယ်အနေနဲ့ အစမ်းထွက်လာတဲ့ သဘောပါ။ ဆီစားနှုန်းအပိုင်းမှာဆိုရင် ဆီတဂါလံကိုပျမ်းမျှ ၂၆ မိုင်လောက်ထိအောင် မောင်းနှင်နိုင်မယ် ဆိုတော့ မဆိုးပါဘူး။ ဒါပေမယ့် အာရှထုတ် မော် ဒယ်တွေနဲ့စာရင်တော့ နည်းနည်းများနေသေးတာပါ။ နောက်ပြီးအသက်ကယ်စနစ်နဲ့ ကိုယ်ထည်ရဲ့ လုံခြုံစိတ်ချရမှု မြင့်မားသလိုဘရိတ်ပိုင်းမှာလည်းတနာရီမိုင် ၆၀နှုန်းကနေရပ်တန့်မယ် ဆိုရင် ၁၂၃ပေလောက်ထိပဲ ယူတဲ့ အနေအထားကပုံမှန်ပါပဲ။

MKX ကတော့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုအပိုင်းမှာတနာရီမိုင် ၆၀နှုန်းအတွက် ရှေ့ဘီးယက် စနစ်နဲ့ ဆိုရင် ၉စက္ကန့် နီးပါးလောက်ထိအောင် ကြာမှာ ဖြစ်လို့ ပုံမှန်လောက်ပဲ ဖြစ်ပေမယ့် ဘီးစုံယက် စနစ်နဲ့ ဆိုရင်တော့ ၇.၃စက္ကန့်ပဲ ဖြစ်လို့ အင်ဂျင်စနစ် အကြီးစားတပ်ဆင်ထားရှိမှုရဲ့ အရသာကိုခံစားရမှာ ဖြစ်သလိုဒီလို တန်းဝင် မော်ဒယ်တွေထဲမှာလည်းလက်ချိုးရေတွက်လို့ ရလောက်အောင် စွမ်းဆောင်ရည် အကောင်းဆုံးမော်ဒယ် တန်းဝင် ဖြစ်နေတာပါ။ တနာရီမိုင် ၆၀နှုန်းကနေရပ်တန့်မယ် ဆိုရင် အကွာအဝေး ၁၃၃ပေထိအောင် ယူနေတာတချက်က ပြိုင်ဖက်မော်ဒယ်တွေထက် သိသာတဲ့ အားနည်းချက် ဖြစ်နေတာပါ။

ဒီတော့ ကျနော့် အနေနဲ့ ပြောရမယ် ဆိုရင် ဈေးနှုန်းပိုင်းမှာကိုပဲ ကြည့်ပြီးရွေးချယ်ရမယ့် သဘော ဖြစ်သလို ပြိုင်ဖက် မော်ဒယ်တွေထက် ဈေးများနေမယ် ဆိုရင်တော့ အရည်အသွေးကောင်းတာမှန်ပေမယ့် Encoreကနောက်မှာကျန်နေခဲ့နိုင်ပါတယ်။ ဒါဆိုရင်တော့ MKXကကျနော်တို့ အတွက် ဈေးနှုန်းကသင့်သင့်၊ မော်ဒယ်ရဲ့ စွမ်းဆောင်ရည်ကသင့်သင့်နဲ့ တခြားမော်ဒယ်တွေထက် ထူးခြားပေါ်လွင်တဲ့ မော်ဒယ်တခုအဖြစ်နဲ့ မျက်စိရှေ့ရောက်လာတယ်လို့ ဆိုရရင် ပိုမှန်ပါလိမ့်မယ်။ ဒီတော့ ကိုယ်ထည်လည်းမာတယ်၊ ဆီစားလည်းသင့်တယ်၊ Brandကတော့ မြင့်တယ်၊ စိတ်ချရတယ်၊ ဈေးကချိုတယ်၊ သင့်တယ်၊ ဒါဆိုကျနော်တို့ အရွေးမမှားဖို့ပဲလိုတော့မှာပါဗျာ။

လင်းထက်(IA)

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/10/buick-encore-lincoln-mkx.html

Read More »