နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ကူညီကြရန်. Show all posts
Showing posts with label ကူညီကြရန်. Show all posts

Tuesday, June 20, 2017

ဝေဒနာတွေ ခံစားနေရတဲ့ ကလေးကို ကူညီပေးကြပါ




ယခု ပုံတွင် ​​ဖော်​ပြ ထား​သော က​လေးမှာ ​မောင်​​အောင်​​ ကျော်​​စော ဖြစ်​ပြီး အသက်​၂နှစ် ​၆လ ရှိပါပြီ…​ရှမ်းပြည်​နယ်​ တာချီလိတ်​ ခရိုင်​ အနီးရွာမှ (တာ့လီရွာ ဆိုလား သိပ်​မမှတ်​မိ) ဖြစ်​ပါသည်​​။

မွေးရာပါ စအို​ပေါက် ​ကျဉ်း​သော​ ရောဂါ ခံစား​နေ ရ၍ မစင်​စွန့့်​ရန်​ ဗိုက်​တွင်​ အ​ပေါက်​​ဖောက် ထား​သော ​နေရာမှ ယခု အူကျွံ​နေ သည်​မှာ ၁နှစ်​ခန့့်ကြာပါပြီ။

စအိုချဲ့​သော ခွဲစိတ်​မှုကိုလည်း ၆ ကြိမ်​တိုင်​ မန်း​လေး​ ဆေးရုံကြီးတွင်​ လုပ်​ခဲ့ ပြီးဖြစ်​၍​ ဗိုက်​​ပေါ်က အူကျွံ​နေ​သော ​နေရာ ပြန်​ထည့်​၍​ ဗိုက်​​ပေါ်က အ​​ပေါက်​ကို ပြန်​ပိတ်​ရန်​ အချိန်​​ ရောက်ပြီ ဖြစ်​​သော်​လည်း ​ငွေ​ကြေး အခက်​ အခဲ​ကြောင့်​ မန်း​လေး​ဆေးရုံသို့ ပြန် ​မပြနိုင်​ပါ။

သဘာဝ ဆရာ​တော်​ ဘုရားမှ ရှမ်းပြည်​ကြွ​သော ခရီးတွင်​ ​တွေ့၍ ​သန်လျင်သို့​​ ခေါ်​ဆောင်​ လာခဲ့ပြီး ၅.၆.၂၀၁၇ တွင်​ ဟယ်​လ်​ပင်​ က​လေး​ ဆေးရုံကြီး တိုးချဲ့ ခွဲစိတ်​​ဆောင်​ ၃ထပ်​သို့ ကျမ ကိုယ်​တိုင်​ သွား၍ တင်​​ပေးခဲ့ပါသည်​။

က​လေး​လေး သည်​​ဆေးရုံတွင်​ ကုသချိန်​ အတန်​ငယ်​ ကြာမြင့်​မည်​ ဖြစ်​သည့်​ အတွက်​ ခွဲစိတ် ကုသစားရိတ်​နှင့်ေ ဆးကုသ စားရိတ် ​အချို့တဝက်​ကို နိုင်​ငံ​ တော်မှ စားရိတ်​ခံလျင်​ပင်​..​ဆေးရုံတွင်​​ ကုသရန်​ နေထိုင်​ချိန် ​ကြာမြင့်​နိုင်​သည့်​ အတွက်​ လိုအပ်​ချက်​များ ဖြည့်​ဆည်းရန်​ အလှူ​ငွေ ​ကောက်​ခံ​ ပေးချင်​ပါတယ်​…

က​လေးကို​ စောင့်​​ရှောက်​ရန်​ အဖိုးနှင့်​ အဖွားသာ ပါလာ ပါတယ်​…အဖိုးက မြန်​မာစကား အနည်းငယ်​​ ပြောတတ်​ ပါတယ်​…အဖွားက​တော့ မတတ်​ပါ…​တော်​​တော်​ ရိုးကြပါတယ်​…​ဆေးရုံ ​ရောက်​​တော့ ကျမနား ကပ်​ပြီး..ဒါရန်​ကုန်​လား ဟု​တောင်​​ မေးပါတယ်​…

ကိုယ်​တိုင်​ သွားလှူ ချင်​ရင်​​တော့ ဟယ်​လ်​ပင်​ က​လေး​ဆေးရုံကြီး တို့ချဲ့ ခွဲစိတ်​​ဆောင်​ သုံးထပ်​မှာ..လူနာ နာမည်ေ အာင်​​ကျော်​​စော..အသက်​၂နှစ်​ခွဲပါ…

DrMyatThant
မြင့်​မိုရ်​​မေတ္တာ ခိုနားရာ

Source : https://www.facebook.com/myat.thant

From : Buzz Myanmar

Originally published at - http://www.buzzmyanmar.com/2017/06/archives/124649

Read More »

Sunday, December 04, 2016

အကူအညီ လိုနေပါတယ် ၀ိုင်း ကူပေးကြပါ




ကလေးမလေးရဲ့ အမည်က မအေးမီချို..
အသက်က ၄ နှစ်အရွယ်ပါ ..
- တည်နေရာကတော့ မြစ်ဖျားကျေးရွာ၊ ငဖဲမြို့နယ်၊ မကွေးတိုင်း ဒေသကြီး ဖြစ်ပါသည်။

- အဖ ဦးဟန်ထွေး + အမိ ဒေါ်နီနီသန်း တို့မှ ၂၀၁၁ ခုနှစ်တွင် မွေးဖွား ခဲ့ပြီး မွေးဖွားစဉ် ကတည်းက အဆိုပါ မှဲ့နက်ကြီးက ပါလာသည်ဟု သိရပါသည်။ မွေးဖွားစဉ်က အမှတ်ကြီး တစ်ခုအဖြစ် ပါလာသည်ဟု ထင်မှတ် ထားခဲ့ ပေမယ့် တစ်နေ့ တစ်ခြား ပိုပြီး ကြီးမားလာသည် ကို တွေ့မြင်ခဲ့ရ ပါသည်။

- မကွေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ပြသခဲ့သော်လည်း ရန်ကုန်ဆေးရုံကြီးသို့သာ သွားရောက် ကုသရန် ညွှန်ကြားခဲ့ပါသည်။ ထိုသို့ညွှန်ကြားပေးခဲ့သော်လည်း ဆင်းရဲချို့တဲ့သော မိသားစုဖြစ် သဖြင့် ငွေကြေး အခက်အခဲ ဖြစ်နေပါသည်။

- အဖေဖြစ်သူမှာ လယ်စာရင်းငှားနှင့် ရရာအလုပ်များကို လုပ်ကိုင်ပြီး မိသားစု ကို ရှာဖွေ ကျွေးမွေးနေ ပါသည်။

- လက်ရှိ ကလေးငယ်ရဲ့ အခြေအနေမှာ ကျောပြင်တစ်ခုလုံးကို အမည်းရောင် မှဲနက်ကြီးက နေရာယူ ထားသဖြင့် ယားယံ လွန်းသောကြောင့် အမြဲငိုကြွေးနေ ရကြောင်းနှင့် မိခင်ဖြစ်သူမှာ အယားပြေအောင် အမြဲတမ်း ကုတ်ပေး နေရကြောင်းလည်း သိရှိရပါသည်။

- အထက်ပါ အကြောင်းအရာများအား သမီးလေး မအေးမီချို ကို မွေးဖွားပေး ခဲ့သော ကျေးလက် ကျန်းမာရေး သူနာပြုဆရာမ ဒေါ်အေးတု မှ ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ နေရာသည် တယ်လီဖုန်းလိုင်း မမိခြင်း တို့ကြောင့် ဆက်သွယ်ရန် အလွန် ခက်ခဲသော နေရာဖြစ်ပါသည်။

- ထို့ကြောင့် သမီးငယ်လေး မအေးမီချို အား ရန်ကုန်မြို့ရှိ ရန်ကင်းကလေးဆေးရုံကြီး တွင် ပြသ ကုသနိုင်ရေး ဆောင်ရွက်ပေး သွားရန် စီစဉ်ထားရှိသဖြင့် ကလေးငယ်မိသားစုကို နိုဝင်ဘာလ ပထမပတ်အတွင်း ရန်ကုန်မြို့သို့ ခေါ်ဆောင် ထားရှိပါသည်။

- သို့ဖြစ်ပါ၍ သမီးငယ်လေး မအေးမီချို ဆေးကုသရေး အတွက် လှူဒါန်းလိုသူများ အနေဖြင့် အောက်ဖော်ပြပါ အကျိုးတော်ဆောင်များ၏ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်း လှူဒါန်းနိုင်ပါသည်။
  • ကိုကြီး 09 519 5420 ( ရန်ကုန် )
  • ကိုမျိုးကြီး 09 201 1888 ( မန္တလေး )
  • ကိုဖိုးစီ 09 420 746 023 ( နေပြည်တော် )
( သိလိုသော အကြောင်းအရာ များအား မေးမြန်းနိုင်ပါသည်။ )

လေးစားမှုများစွာဖြင့်

ဖိုးစီ(ရွှေညောင်မြေ)

From : အရှင် ရေဝတ

Originally published at - https://www.facebook.com/profile.php?id=100008482424134

Read More »

Friday, September 09, 2016

ကုသိုလ်လမ်းညွှန်




စာဖတ် ပရိသတ် တွေကို ကုသိုလ်ပြု နိုင်ဖို့ လမ်းညွှန် ပေးချင် တာကတော့ ကျောင်းဆောင်သစ် ဆောက်လုပ် ရာမှာ ပါဝင် လှူဒါန်း နိုင်ဖို့ပါ။

မန္တလေး တောင်ခြေမှာ တည်ရှိတဲ့ ကျောင်းလေး ဖြစ်ပြီး ရဟန်း သုံးပါး၊ ကိုရင်ငယ် လေးပါး သီတင်းသုံး နေထိုင်လျက် ရှိပြီး ရေမရရှိ သလို လျှပ်စစ်မီးလည်း မရဘူးလို့ သိရ ပါတယ်။

ဒီနှစ် ကထိန်မှာ ကျောင်းဆောင်သစ် ဆောက်လုပ်ဖို့ ရှိပြီး တတ်အား သရွေ့ ပါဝင် လှူဒါန်း လိုတဲ့ အလှူရှင်တွေ ဖိတ်ခေါ် ထားတာပါ။

Online ပရဟိတ Family အဖွဲ့က ဦးဆောင် ပြုလုပ် သွားမှာ ဖြစ်ပြီး အသေးစိတ် သိလိုတယ်၊ ဆက်သွယ် လှူဒါန်း လိုတယ် ဆိုရင် ကိုဟန်ဇော် ဖုန်း ၀၉- ၂၀၁၃၉၅၇၊ ကိုအောင်စိုးဦး ဖုန်း ၀၉-၇၉၇၂၂၈၆၅၄၊ ကိုအောင်နိုင် ၀၉- ၉၇၂၇၁၇၀၀၇ ကို ဆက်သွယ် စုံစမ်း လှူဒါန်း နိုင်ပါတယ်။

From : The Voice

Originally published at - https://www.facebook.com/thevoicemyanmar.mm

Read More »

Wednesday, March 30, 2016

သရုပ်ဆောင် နှင့် မော်ဒယ် ဂန္တ၀င်ရဲ့ ခင်ပွန်းဟောင်း (၁၉) နှစ် အရွယ် မိန်းခလေးအား လိမ်လည် ခိုးယူ ပေါင်းသင်း




သရုပ်ဆောင် နှင့် မော်ဒယ် ဂန္တ၀င် ရဲ့ ခင်ပွန်းဟောင်း သန်းဇော်အောင်မှ အသက် (၁၉) နှစ် အရွယ် မိန်းခလေးအား လိမ်လည် ခိုးယူ ပေါင်းသင်း ထားကြောင်း၊ သမီးဖြစ်သူကို လုံးဝ မမြင်တွေ့ ရတာ တစ်လကျော် ပြီမို့ သမီးရဲ့ အသက် အန္တရယ်ကို စိုးရိမ်နေ ရကြောင်း၊ သမီးငယ်အား ကူညီ ရှာဖွေ ပေးကြရန် အတွက် မိခင်ဖြစ်သူ မသီတာက Facebook မှ တစ်ဆင့် လူမှု ကွန်ယက် (Social Media) သို့ တင်ပြ အကူအညီ တောင်းခံ

>

Originally published at - https://www.facebook.com/MyanmarCelebrity/videos/10154023413873988/


Read More »

Saturday, January 23, 2016

GOLD FOR WHAT?




မြန်မာ ရေကူးမယ်လေး တစ်ယောက်ဟာ လက်နှစ်ဖက် မပါဘဲ မွေးဖွားလာ ခဲ့ပေမယ့် ၂၅ ကြိမ်မြောက် မြန်မာ အမျိုးသား အာကစား ပွဲတော် မှာ ရွှေတံဆိပ် တစ်ခု ၊ ငွေတံဆိပ် သုံးခုနဲ့ ကြေးတံဆိပ် တစ်ခု ဆွတ်ခူး ခဲ့ပါတယ်။

ဒါပေမယ့် မိသားစုကို ထောက်ပံ့နိုင်ဖို့ အာစီယံ ပြိုင်ပွဲ ဝင်ဖို့ အစီအစဉ်ကို စွန့်လွှတ်ပြီး လမ်းပေါ်မှာ ပိုက်ဆံ တောင်းတဲ့သူ အဖြစ်လုပ်ကိုင်နေ ရပါတယ်။

GOLD FOR WHAT?
A young swimmer born with no arms has won one gold, three silver and one bronze medals at the 25th Myanmar National Para Games. But she had to stop training and could not compete at the ASEAN Para Games because she needs to work as a beggar to take care of her family.

video



‎သိချင်တာရှိရင်ကျွန်တော်ကို‬ ‪‎ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်‬။

https://www.facebook.com/ye.zaw.5682

Ph-09 787 989589, 09 450 989589

ရဲဇော်ဖြိုး(ZOOM)
၂၃,၁,၂၀၁၆(၉:၄၅)

ဓါတ်ပုံဇာတ်လမ်း-ရဲဇော်ဖြိုး
A story by Yei Zaw Phyo

Originally published at - https://www.facebook.com/yangonmediagroup


Read More »

Thursday, January 07, 2016

စာနာမှုနဲ့ ဖေးကူပေးကြပါ ခင်ဗျာ




ကလေး အတွက် အကူအညီများ ရအောင် တင်ပေး လိုက်ပါတယ် ကူညီချင်သူများ သွားရောက် ကူညီနိုင်ပါတယ်။

ရန်ကုန်တိုင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) သုံးခွ ကျေးရွာတွင် အခုလို လူမမယ်ကလေး တစ်ယောက်၏ ဝေဒနာကို စာနာပေးကြပါ။

ဒီကလေးရဲ့အဖေနဲ့ အမေက ဒီကလေး မမွေးခင် ကတည်းက ကွဲသွားကြတာ သူ့ အမေကလဲ သူ့ကို မွေးပြီး ဆုံးသွားတယ် အခုလက်ရှိ အသက် ၈၀ ကျော်ပြီ ဖြစ်တဲ့ အဖိုးနဲ့ နေတာ
ဖြစ်ပါတယ်။

ဒီကလေးက မွေးကတည်းက ဖင်စအိုပေါက် မပါလို့ ဗိုက်ဖေါက်ပြီး အူထုတ် မစင်စွန့်ရတဲ့ အဖြစ် အခု၂ နှစ် အရွယ် ရောက်နေပြီ အခုသူ့ကို ဆေးရုံ တက်ပြီး စအိုပြန်ဖေါက် ရမှာဆိုတော့ ဆေးဝါး စရိတ်ကတော့ ကိုကျော်သူက မျှခံတာပေါ့

ဒါပေမယ့် သူ့ရဲ့အပေါ်ယံ စရိတ်က မရှိဘူး ဖြစ်နေတယ် ဆေးရုံသွားတဲ့ စရိတ် လိုက်စောင့်မယ့် သူရဲ့ စားစရိတ်တွေက အစပေါ့။

ဆေးရုံ ကတော့ အဲဒီ စရိတ်တွေ မခံဘူးလေ အသက် ၈၀ကျော် အဖိုးနဲ့ ဆင်းဆင်း ရဲရဲနေရတော့ အဲဒီ စရိတ် မတတ်နိုင်လို့ တတ်နိုင်သည့် သူများ ရှိရင် လာရောက် လှူဒါန်းနိုင် ပါကြောင်း သုံးခွကျေးရွာ ဒဂုံမြို့သစ် (အရှေပိုင်း)မြို့နယ်သို့ လာရောက် လှူဒါန်း နိုင်ပါကြောင်း ဖုန်းနဲ့ ဆက်သွယ်ရင်တော့ ၀၉၃၁၉၁၇၅၉၆/ 09420240719 သို့ မေးမြန်းနိုင်သည်။



Originally published at - https://www.facebook.com/permalink.php?


Read More »

Wednesday, September 23, 2015

ကလေး ပျောက်ကြသလား ?




ကျေးဇူးပြု၍ Share ပေးပါ...

မိဘ အမှန်များဆီ အမြန်ဆုံး ပြန်ရောက် စေချင်ပါသည်..။

ပုံမှာပါတဲ့ ကလေးလေးကို.. အမျိုးသမီး တစ်ဦးက ရိုက်နှက် ခေါ်ဆောင်နေရာမှ.. ရပ်ကွက်သူ ရပ်ကွက်သား များက မေးမြန်း ရာမှ... ကလေးရဲ့ အမေ မဟုတ်မှန်း သိရပါတယ်...

ခေါ်ဆောင် လာတဲ့ အမျိုးသမီး ရဲ့ စကားများ ဟာလဲ ရှေ့နောက် မညီ ပြောနေ ပါတယ်..။

ကလေးက ယောက်ျားလေးပါ.. ခေါ်ဆောင်လာသူ အမျိုးသမီးကို သူ့ အမေ မဟုတ် ဘူးတော့ ကလေး ကပြောနိုင်ပါတယ်။

သားသားက ဘယ်မှာနေလဲမေးတော့ ရန်ကုန်မှာ လို့တော့ ပြောတတ်ပါတယ်...။ ခုရပ်ကွက် ရုံးမှာ မေးမြန်း နေပါတယ်...။

သင်္ကန်ကျွန်း စံပြဈေး နားမှာပါ...။

Original link - https://www.facebook.com/kkyaw.thiha?fref=photo

Read More »

Friday, September 18, 2015

မွေးရာပါ အလုံးအကျိတ် ဝေဒနာ ခံစားနေရသည့် ဆင်းရဲချို့တဲ့ ကလေးငယ်အား ကူညီပါ




ပုသိမ် စက်တင်ဘာ ၁၇

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ် မြို့နယ် ရွှေမြင်တင် ကျေးရွာ ချောင်း ကြီးပိုင်း ရပ်ကွက်တွင် မိဘများနှင့် အတူ နေထိုင်သည့် အသက် သုံးနှစ် အရွယ် ကလေးငယ် မဝင်းလဲ့လဲ့ဖြိုးမှာ မျက်နှာပေါ်ရှိ မွေးရာပါ အလုံး အကျိတ်ကြီး ဝေဒနာ ခံစားနေ ရသော ကြောင့် ၄င်းကို ခွဲစိတ် ကုသရန် မိဘ များမှ ငွေကြေး မတတ်နိုင်ကြ၍ အလှူ ရှင်များ လိုအပ်လျက် ရှိကြောင်း ONE TO ONE ပြည်သူ့ ကူညီရေးအဖွဲ့မှ သိရသည်။

အဆိုပါဝေဒနာ ခံစားနေရသော ကလေးငယ်၏ မျက်နှာပေါ်ရှိ မွေး ရာပါ အလုံးအကျိတ်မှာ ယခုအခါ တဖြည်းဖြည်း ကြီးထွား လာသဖြင့် ပုသိမ်မြို့ ရှိ မြတ်စေတနာ လူမှုရေး အသင်းနှင့် ONE TO ONE ပြည်သူ့ ကူညီရေး အဖွဲ့တို့က တာဝန်ယူ ဆေးကုသပေးရန် အတွက် လုပ်ဆောင်နေ ကြကြောင်း သိရ ပြီး အဆိုပါ မွေးရာပါ အလုံးအကျိတ် ကြီးဝေဒနာ ခံစားနေ ရသည့် မဝင်း လဲ့လဲ့ဖြိုး အား ဆေးရုံတင် ခွဲစိတ်ကုသရန် အတွက် ကုန်ကျစရိတ် လွန်စွာ များပြားသောကြောင့် လှူဒါန်းလိုသော စေတနာရှင် အလှူရှင်များအနေ ဖြင့် ONE TO ONE ပြည်သူ့ ကူညီရေး အဖွဲ့မှ ကိုဝမ်း ဖုန်း- ဝ၉-၂၅၃၆၄၄၄၅၅၊ ဝ၉-၉၆၂၃၆၅၅၇၇ နှင့် မောင်လူပျော် ဖုန်း-ဝ၉-၄ဝ၂၅၇၇၁၄၃၊ ဝ၉-၇၉၇၁၁၂ဝ၅ဝ တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ONE TO ONE ပြည်သူ့ ကူညီရေးအဖွဲ့မှ သိရသည်။

တင်လှမောင်
Myanmaalinn

Original link - https://www.facebook.com/MYANMAALINNNEWS

Read More »

Monday, September 07, 2015

သူဘာကြောင့် ၀နေတာလဲ



အသက် ၈ နှစ်အရွယ် မောင်ညီညီမင်းခန့် (ဓာတ်ပုံ - ကောင်းမြတ်မင်း/ The Irrawaddy)

မွေးတုန်းက ၇ ပေါင်ခွဲ မွေးပြီး ၆ လကြာတော့ ၃၃ ပေါင်အထိ ကိုယ်အလေးချိန် တဖြည်းဖြည်းမြင့်လာပြီး အခုဆိုရင် ကိုယ်အလေးချိန် ၂၁၈ ပေါင်အထိ ရှိနေပြီ ဖြစ်တဲ့ မောင်ညီညီမင်းခန့် တယောက် ၈ နှစ်ပြည့်ဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။

နေရပ်ကတော့ ဧရာဝတီတိုင်း ကြံခင်းမြို့နယ်နဲ့ ရွှေတောင်မြို့နယ်ကြားက ရေလယ်ကျွန်းဆိုတဲ့ ဧရာဝတီမြစ်လယ်က မြေနုကျွန်းလေးပေါ်က အလယ်ကျွန်းဆိုတဲ့ ရွာကလေးမှာ နေထိုင်ကြပြီး မိဘအဘိုးအဖွားတွေဟာလည်း အဲဒီ ကျွန်းကြီးပေါ်မှာပဲ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကနေ အစဉ်အဆက် ကိုင်းလုပ်တောင်သူတွေအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေထိုင်ခဲ့ကြသူတွေပါ။

အခုလို အရွယ်နဲ့မလိုက်အောင် အဝလွန်နေတဲ့ ကလေးကို အမြန်ဆုံးဆေးဝါးကုသပေးချင်ပေမယ့် ဒုက္ခမျိုးစုံ ကြုံတွေ့ နေရလို့ တနှစ်ပြီးတနှစ် အချိန်ကုန်လာခဲ့ရတယ်လို့ ညီညီမင်းခန့်ရဲ့ ဖခင်ဖြစ်သူ ဦးမျိုးကြီးက ပြောပါတယ်။

“ဒါရောဂါဆိုတာ ကျနော်တို့သိတယ်။ ပြည်မြို့အထိတက်ကုဖူးတယ်။ ကလေးအထူးကုတွေကလည်း ဘာရောဂါလို့ မပြောဘူး၊ ရန်ကုန်သွား ဆေးရုံတင်ပြီး ကုဖို့ပဲ ပြောနေတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရန်ကင်း ကလေးဆေးရုံအထိ သွားပြီးကုတယ် ရက်ရှည်တက်ရမှာနဲ့ ဆေးရုံတင်ဖို့ ငွေမရှိတာရယ်ကြောင့် သားလေးကို ပြန်ခေါ်လာတာ။ ဒီနှစ်တော့ ဆေးကုဖို့မပြောနဲ့ စိုက်ခင်းတွေလဲ အကုန်ပြောင်၊ ဝမ်းစာတောင် ရေဘေးလာလှူတဲ့ လူတွေကျွေးလို့ စားနေရတာ။ အလှူရှင်တွေရှိရင်တော့ သားလေးကို ကုပေးချင်တယ်” လို့ ဦးမျိုး ကြီးက ပြောပါတယ်။



နေ့စဉ် အစားအစာကိုလည်း အတိုင်အတာနဲ့ (ဆန်နို့ဆီဗူး ၂ လုံးထက်ပိုမကျွေး) ကျွေးမွေးရသလို လိုအပ်တဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေကိုလည်း စနစ်တကျပြုလုပ်ပေးရကြောင်း အဘိုးဖြစ်သူ ဦးကျင် ကဆိုပါ တယ်။

“ သူဝတာ အစားအသောက်ကြောင့် ဝတာမဟုတ်ဘူး။ မွေးတုန်းက ၇ ပေါင်ခွဲ၊ ၆ လသားအရွယ်မှာ ၃၃ ပေါင်ဖြစ်သွားပြီး၊ ဘာအားဆေးမှလည်း မတိုက်ဘူး မိခင်နို့ကလွဲပြီး အပြင် အစားဘာမှ မစားခင်အချိန်ကတည်းက ဝတာ။ အဲဒီလိုနဲ့ တဖြည်းဖြည်း ကိုယ့်အလေးချိန်တက်ပြီး ဝဝလာတာ။ နောက်ပိုင်းတော့ ထမင်းကို တနေ့လုံးအတွက် နို့ဆီးဗူး ၂ လုံး ထက်မပိုဘူး။ စားချင်သလောက်စား လွှတ်ပေးလို့တော့ မရဘူး။ စားတာတော့ အရမ်းစားနိုင်တယ်။ နေ့တိုင်း အိမ်ရှေ့မှာပဲ တမိုင်ကျော်ကျော်လောက်အကွာအဝေးကို ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်လေ့ကျင့်ခိုင်းတယ်။ ဆေးကုပေးချင်တယ် ရန်ကုန်သွားမယ်ဆိုရင် လူနာတင်ကားနဲ့သွားမှရမှာ လိုင်းကားနဲ့လည်း မဖြစ်ဆိုတော့ အဲဒီမှာတင် စရိတ်က အတော် ကုန်နေပြီ။” လို့ ဦးကျင်က ဆိုပါတယ်။

အခုဆို မောင်ညီညီမင်းခန့်ဟာ အလယ်ကျွန်းရွာ မူလတန်းကျောင်း ဒုတိယတန်းမှာ ပညာသင်ကြားနေပြီး ညဏ်ရည်ညဏ်သွေးနဲ့ပတ်သက်ပြီးတော့လည်း ချို့ယွင်းချက်မရှိဘူးလို့ သူရဲ့ဆရာမက ပြောပါတယ်။ သူ့အနေနဲ့လည်း တခြားကလေးငယ်တွေလို ပြေးလွှားစော့ကစားချင်ကြောင်းနဲ့ ၊ စာသင်တဲ့အခါ ကြာကြာထိုင်ပြီး မသင်ကြားနိုင်တဲ့အတွက် မပျော်ဘူးလို့ ဧရာဝတီကို ပြောပါတယ်။

အလှူရှင်ရှိရင် ဆေးကုချင်တဲ့ မောင်ညီညီမင်းခန့်ရဲ့မိဘတွေကိုဆက်သွယ်ချင်တယ်ဆိုရင် ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စု၊ အလယ်ကျွန်းကျေးရွာ( ရေလယ်ကျွန်းပေါ် တွင်ရှိသည်)ဖြစ်ပြီး ဖုန်းနံပါတ်ကတော့ 09250431301 ဦးမျိုးကြီး ဖြစ်ပါတယ်။

ကောင်းမြတ်မင်း

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/09/blog-post_7.html

Read More »

အမျိုးသမီး ရွှေသူခိုး




အမျိုးသမီး ရွှေသူခိုးကို တွေ့ရှိတဲ့ သူများ သိရှိတဲ့ သူများ အကြောင်းကြား ပေးပါရန် မေတ္တာ ရပ်ခံ အပ်ပါသည်။

ကူညီပြီး share ပေးကြပါဗျာ



5-9-2015 ရက် နေ့လည် ၁၂ နာရီခန့် အင်းစိန်ဈေးကြီး အတွင်းရှိ အောင်ထူးစိန် ရွှေရတနာ ဆိုင်မှ ရွှေ ၂ ကျပ် ၁ပဲ ၄ရွေး အလေးချိန်ရှိ ဟန်းချိန်း တစ်ခု
ခိုးယူ သွားတဲ့ ရွှေသူခိုး အမျိုး သမီးရဲ့ ပုံကို CCTV မှ တစ်ဆင့် ကူးယူပြီး လူများ သိရှိအောင် တင်ပြ လိုက်ပါသည်။

တွေ့ရှိ ပါက ဆက်သွယ်ရန် ဖုန်း 09-5155565

ခိုးယူပုံလေးကို အောက်က ဗွီဒီယိုမှာ ကြည့်နိုင်ပါတယ်။

video

Original link - https://www.facebook.com/ongtaminn.ongtaminn/videos/1133332700027814/

Read More »

Sunday, July 26, 2015

သိမ် အလှူ ရှင် ပေါ်ပေါက်ရန် Share ပေးကြပါ




ဒါလေးကို ဖတ်ပြီးရင် Like / Share လေး လုပ်ပေး ပါနော်

ဓမ္မ မိတ်ဆွေ သူတော်စင် အပေါင်းတို့ ဘုရားမှာ စိန်၊ အလှူ မှာ ကထိန်၊ ကျောင်းမှာ သိမ် ဆိုသည်နှင့် အညီ ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာ မြို့နယ်၊ လှော်ကား ဝါးတရာ လမ်းမကြီး ၇၉- ကားဂိတ် အနီးရှိ မိဘဂုဏ်ရည် ကုဏ္ဍလာ ရာမ ဓမ္မ ရိပ်သာ ကျောင်းတိုက် အတွင်း၌ ဆရာတော် သံဃာတော် အရှင်သူမြတ် များ မှ သမုတ် ထားအပ်ပြီး ဖြစ်သော မြေတလင်း တွင်သာ ရဟန်း ခံခြင်း အမှု သိက္ခာ ထပ်ခြင်း အမှုတို့ကို သံဃာတော်များ ဆင်းရဲ ပင်ပန်းစွာ ပြုလုပ်နေ ရပါသည် သို့အတွက်ကြောင့် သာသန ဝေပုလ္လ နှစ်ထပ် သိမ်တော်ကြီး တည်ဆောက်ရန် အတွက်
သိမ် အလှူ့ ဒကာ အလှူ့ ဒကာမ လိုအပ်နေ ပါသဖြင့် သိမ်တော်မြတ် ကုသိုလ် ဒါန အလှူ ကို ပြုလုပ် လိုသော အလှူ့ ရှင် အနေဖြင့် လူ ကိုယ်တိုင် လာရောက်၍ ဖြစ်စေ၊ ဖုန်း-ဖြင့် ဖြစ်စေ

အောက်ပါ လိပ်စာများကို ဆက်သွယ် မေးမြန်း လျှောက်ထား နိုင်ပါသည်။

မိဘဂုဏ်ရည် ကုဏ္ဍလာရာမ ဓမ္မရိပ်သာကျောင်းတိုက်
ကျောင်းထိုင် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုဏ္ဍလ (ဓမ္မာစရိယ) MA-Ph.D(Thesis)
ဖုန်း-09-401599903 – 09 792234221- 09 262329246

မိဘဂုဏ်ရည် ကုဏ္ဍလာရာမ ဓမ္မရိပ်သာကျောင်းတိုက် -နေ
အရှင်ဝိလာသက္က ဖုန်း-09 423708052- 09 796454197

မေတ္တာအလင်းရောင် လူငယ်ယဉ်ကျေးမှု အဖွဲ့ ခေါင်းဆောင်များ ဖြစ်ကြသော
  • ကိုနိုင်ဦး -ဖုန်း-09 799693321
  • ကိုတရုပ် - ဖုန်း 09 250172484
အထက်ပါ ဖုန်း နံပါတ်တို့ကိုဆက်သွယ်မေးမြန်း လှူဒါန်း နိုင်ပါသည်။



Original link - https://www.facebook.com/ashin.kundala

Read More »

Saturday, July 18, 2015

မိဘကို လုပ်ကျွေးနေတဲ့ သားလေး အတွက် ကူညီ ကြပါ




အရိုးဆေးရုံက ခါးရိုး တီဘီ jဖစ်လို့ ခွဲစိတ်ရမယ့် မအေးကို လှူရင်း အကူ အညီ လိုအပ်နေတဲ့ လူနာ ရှိပါတယ်လို့ ဆရာမ aတွက အကူအညီ aတာင်းတာနဲ့ ညီလေး aနာင်နောင်နဲ့ အတူ သွားကြည့် ကြတဲ့ အခါ ...

ဒီလူနာလေး နာမည်က မောင်အောင်စိုးမိုးပါ။ အသက်က ၁၇နှစ် ထီးလင်းမြို့နယ် ဇီးတောရွာမှာ နေပါတယ်။
မိဘတွေက စီးပွားရေး အဆင်မပြေ အလုပ် အကိုင် ကလည်း မရှိကြ ဆိုတော့ မောင်အောင်စိုးမိုး aလးက ၉တန်း တက်နေရင်းနဲ့ ကျောင်းထွက်ပြီး ထန်းပင် တက်ကာ မိဘကို လုပ်ကျွေးနေ တာပါ။

ပြီးခဲ့တဲ့လ ၁၆ရက်နေ့က ထန်းပင် တက်ရင်း အပင်ပေါ်က ပြုတ်ကျပြီး ခါးရိုးကျိုး သွားပါတယ်။ ကံကောင်း ချင်တော့ ခါးရိုး ကျိုးပေမယ့် အောက်ပိုင်းတွေက အကုန် သိပြီး လှုပ်လို့ ရနေပါတယ်။
ဆရာဝန်တွေ ကလည်း ခွဲစိတ်လိုက် မယ်ဆိုရင် ပြန်ကောင်းဖို့ သေချာတယ်လို့ ပြောပါတယ်။

ခွဲစိတ်ခ မပါပဲ ပစ္စည်းဖိုးနဲ့ ဆေးဖိုး အားလုံးပေါင်း ၁၂သိန်း ကျော်ကျော် လောက် ကျမယ်လို့ ပြောပါတယ်။ မိဘတွေ ကလည်း ဆင်းရဲ ရှာတော့ ရှိသမျှ ပစ္စည်းလေးတွေ ရောင်းချပြီး ယူလာတာ ၅သိန်းလောက်ပဲ ပါပါ တယ်တဲ့။

အဲဒါကြောင့် လောလော ဆယ်တော့ ခွဲစိတ်ခ အတွက် အလှူငွေ ၁သိန်း လှူပေးခဲ့ ပါတယ်ခင်ဗျာ။ အလှူရှင် ကတော့ မသက်စုအောင်ရဲ့ မွေးနေ့ အလှူ ဖြစ်ပါတယ် ခင်ဗျာ။

မိဘကို လုပ်ကျွေးရင်း ခါးရိုးကျိုး သွားရှာတဲ့ သားလေး မောင်အောင် စိုးမိုးကို ဝိုင်းဝန်း ကူညီပေးကြ ပါဦးလို့ မေတ္တာ ရပ်ခံအပ် ပါတယ်ခင်ဗျာ။

မွေးနေ့ရှင် ညီမလည်း ကျန်းမာချမ်းသာ လိုရာဆန္ဒပြည့် ပါစေလို့ ပန်းပျိုးသူ တွေက ဆုတောင်းပေး ပါတယ်ခင်ဗျာ။

အားလုံးကျန်းမာချမ်းသာကြပါစေခင်ဗျာ...

မေတ္တာဖြင့် မျိုးကြီး ပန်းပျိုးသူ



လှူဒါန်းလိုသူများဆက်သွယ်ရန်
  1. ကိုဝမ်း 09 - 253644455
  2. ကိုမျိုးကြီး 09-798811888
  3. ကိုထွဋ် 09 - 972574887
  4. မနှင်းဆီ 09-401563127
  5. မောင်လူပျော် 09 - 402577143
  6. နောင်နောင် 09-974471670

Original link - https://www.facebook.com/ko.htut.7545

Read More »

Tuesday, June 30, 2015

ဝိုင်ဝန်း ကူညီ ရှာဖွေ ပေးကြ ပါရန် အကူအညီ တောင်းခံ အပ်ပါသည်။




မွန်ပြည်နယ် ချောင်းဆုံ မြိုနယ် ကလွီ ကျေရွာနေ အဘ ဦမြင့်ဝင်း အမိ ဒေါ်လှလှမော် တို့၏ သမီး အထက်ပုံပါ မလဲ့လဲ့ဝင်းသည် ချောင်းဆုံ ကမ္ဘေ္ဘာဇ ဘဏ်တွင် အလုပ် လုပ်နေစဉ် လွန်ခဲ့သော
တစ်လခန့်က ပျောက်ဆုံး သွားပြီး အမေဖြစ်သူ ဒေါ်လှလှမော်မှာ သမီး စိတ်ကြောင့် လိုက်လံ ရှာဖွေ နေစဉ် ဆိုင်ကယ် တိုက်မိရာ ခါးတွင် အရိုးအက် ဒဏ်ရာ နှစ်ချက် ရှိပြီး နေအိမ်တွင် ဒဏ်ရာ များနှင့် သမီး ဖြစ်သူအား နေစဉ် ပြန်လာနိုး မျှော်၍ စောင့်ရင်း ပူဆွေး ငိုကျွေး နေသည်မှာ မြင်တွေ့ ရသူ အပေါင်း စိတ်မကောင်း ဖြစ်နေ ရပါသည်။



ထိုကြောင့် ဤဓါတ်ပုံ ထဲမှ သမီး ဖြစ်သူ မလဲ့လဲ့ဝင်းအာ တွေ့ရှိ ပါက အောက်ပါ ဖုန်းနံပါတ်သို့ ဆက်သွယ် အကြောင်းကြား ပေးကြ ပါရန် မေတ္တာ ရပ်ခံ အပ်ပါသည်။

Phone :
  • 0931330539
  • 09252815834
  • 09791493981
  • 098703174

ဤ အကောင့် ပိုင်ရှင်ထံ သို့လည်း ဆက်သွယ် အကြောင်းကြား နိုင်ပါသည်။

https://www.facebook.com/profile.php?id=100009311974830

Original link - https://www.facebook.com/profile.php?id=100009311974830

Read More »

Friday, May 22, 2015

အရေးပေါ် အကူအညီ တောင်းခံ ပါသည် ...





မြန်အောင်မြို့နယ်၊ ကျွဲတဲကုန်း ကျေးရွာက ၁၅ နှစ် သမီးလေး မမြင့်မြင့်မော်ပါ ...

ရင်ဘတ်က အဖုလေးကို တောကု ကုရာမှ ယခုလို အခြေအနေ ဖြစ်နေ ပါတယ် ...

အမေက ကိုယ်ဝန်ကြီးနဲ့ ... အခု ပြည်မှာ ပြတော့ ရန်ကုန် ဆေးရုံ ကြီးကို လွှဲပါတယ် ...

ငွေကြေး မတတ်နိုင်၊ လူနာစောင့်လည်း မရှိလို့ ရွာက အဒေါ်ကြီး နှစ်ဦးက တာဝန်ယူပြီး လိုက်မှာပါ ....

ဒီည ရန်ကုန်ကားလက်မှတ် ဖြတ်ထားပါတယ် ....

သူ့အတွက် တတ်စွမ်း သမျှ ကူညီပေး ကြဖို့ အကူအညီ တောင်းခံ ပါတယ် ....

ဒီည ရန်ကုန်သွားရင် အလှူငွေ ထည့်ပေး လိုက်မှာပါ ...

ကူညီကြပါဦး ....

ပရဟိတ မိသားစု ပြည်

wunna win
999-307-99907278001
KBZ ATM Card

OR

Dr Wunna Win 095368461

၇/ပမန နိုင် ၁၁၉၉၅၉ ပြည် ရိုး မ ဘဏ် ပါ

Ko Shwe Thway Facebook



Original link - https://www.facebook.com/00014445wssgrtDDF

Read More »

Sunday, August 31, 2014

ကျေးဇူးပြု၍ Share ပေးပါ



မောင်နေလင်းအောင်

ကျေးဇူးပြု၍ Share ပေးပါ


တာမွေမြို့နယ် အမှတ် ၅၁ - ၆လွှာ - ၁၅၆ လမ်း နေ မောင်နေလင်းအောင် အဘ ဦးခင်မောင်ဦး သည် ဒီနေ့ နေ့လယ်
11:00am က အိမ်မှ ကျူ ရှင် သွားမယ်ဟု ထွက်သွားရာ မှ ပျောက်သွား ပါသဖြင့် တွေ့ရှိ သူများ အကြောင်းကြားပေး
ပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည် ။


ဆက်သွယ်ရန် ဖုန်းနံပါတ်
  • 0943057614
  • 09450011534

Read More »

Thursday, June 12, 2014

မွေးရာပါ နှလုံး ရောဂါသည် ကလေး အတွက် အသနား ခံခြင်း



အထက်တွင် ဖော်ပြ ထားသော ဝေဒနာရှင် မြတ်သီရိမွန် (၁၁ နှစ်) ၏ အသက် ရှင်နိုင်ရန် အားသွန် ခွန်စိုက်
ကြိုးစားပေး နေသော ကျွန်တော် ကိုတင်ထွန်းအောင် (ဖုန်း-0930210935 / tintunaung.stw@gmail.com)
မှ ပရဟိတ စေတနာရှင် များသို့ ငွေကြေးဖြင့် ဖြစ်စေ ( သို့ ) အောက်တွင် ဖော်ပြ ထားသော ပရဟိတ အဖွဲ့
များသို့ ယ္ခု ပို့လိုက်သော E-Mail အား ဖုန်းဖြင့် ဖြစ်စေ E-Mail ဖြင့် ဖြစ်စေ တဆင့်ပြန်ပွား ပေးစေလိုကြောင်း
အကူအညီတောင်းခံအပ်ပါသည်။

( 21.5.2014, 30:00pm ) အချိန်တွင် ဒေါက်တာ ဒေါ်နီနီမှ (Ph-09-401623106) ၏ ညွှန်ကြားချက်အရ၊
ရန်ကင်း ဆေးရုံ အုပ်ကြီး ( ဒေါက်တာ ဦးအောင်မြင့်လွင် - ဖုန်း - 01-8550690 ) နှင့် သွားရောက် တွေ့ဆုံ
ဆွေးနွေး ရာတွင် ဆရာကြီးမှ ဝေဒနာရှင်၏ ရောဂါ လက္ခဏာမှာ စိုးရိမ်စရာ အခြေ အနေသို့ ရောက် ရှိနေ
ပြီဖြစ်ကြောင်း၊ ဒီရက်ပိုင်း အတွင်း ရန်ကင်း ကလေး ဆေးရုံသို့ အမြန်ဆုံး လာရောက် စေချင်ကြောင်း၊ ငွေ
ကြေးပြသနာ အခက်အခဲ များအား စဉ်းစားမနေဘဲ တတ်နိုင် သလောက် ကိုသာ ရိုးသားစွာ ပြေားပြီး လာ
ခဲ့ စေလိုကြောင်း ရန်ကင်းဆေးရုံတွင် ( ဧရာဝတီ ဖောင်ဒေးရှင်း ) မှလည်း အကူအညီများ ပေးနေကြောင်း
မြန်မာပြည် တွင်းမှ ဆရာဝန်များဖြင့် ကုသရန် အခက်အခဲရှိပါက နိုင်ငံခြားတွင်လည်း အဆက်အသွယ်များ
ရှိကြောင်း အားပေးစကား ပြောလိုက်ပါတယ်၊ ဝေဒနာရှင်၏ မိဘများကို ဒီရက်ပိုင်း အတွင်း ရန်ကုန်သို့ အ
ရောက် လာခဲ့ရန် ကျွန်တော် ကိုတင်ထွန်းအောင်မှ ဖုန်းဖြင့်ဆက်သွယ်လိုက်သဖြင့် မိဘများမှ(23.5.2014)
နေ့တွင် ရန်ကုန်သို့ လာပြီး ရန်ကင်း ကလေး ဆေးရုံတွင် အရေးပေါ် ခွဲစိပ်ရန် အတွင်း လူနာ အဖြစ် စီစဉ်
နေပါသည်။

ဒေါက်တာ ဒေါ်နီနီ ဆေးရုံ မှလည်း တတ်နိုင် သလောက် အလှူ ငွေအား လှူ ဒါန်း မယ်လို့ အားပေး စကား
ပြော ထားပါသည်။ ပရဟိတ စေတနာရှင် များအနေဖြင့် ဝေဒနာရှင် မြတ်သီရိမွန်၏ ရောဂါနှင့် ပတ်သက်
သော အချက်အလက် အသေးစိပ်ကို သိရှိလိုပါက အောက်တွင် ဖော်ပြထားသော ဖုန်းနံပါတ်များသို့ အချိန်
မရွေး ဆက်သွယ်မေးမြန်းနိုင်ပါသည်။


    (၁) ဆုတောင်းပြည့် (ဖုန်း 095680582)
    (၂) သီရိမင်္ဂလာ ဘုန်တော်ကြီးကျောင်း (ဖုန်း-0943082166)
    (၃) ကုမာရ ရမ ( ဖုန်း- 0973031857 )
    (၄) ပါရမီဖြည့် ( ဖုန်း-0973092415 )
    (၅) အောင်ဇေယျာမင်း (ဖုန်း-01-613665)
    (၆) ဆုထူးပန် (ဖုန်း-098628494)
    (၇) အေးရိပ်သာ (ဖုန်း-094305660)
    (၈) ရွှေမင်းဇံကျောင်း (ဖုန်း-098631709)
    (၉) တေဇရာမ (ဖုန်း-0973166405)
    (၁၀) မေတ္တာဝါဒီကျောင်းတိုက် (ဖုန်း-095418515)
    (၁၁) အဖြူရောင်မေတ္တာ (ဖုန်း-095112416)
    (၁၂) ဗန်မော် ( ဖုန်း-0947019021)
    (၁၃) ဖြူစင်ဝင်း (ဖုန်း-09420068642)
    (၁၄) အွန်လိုင်းပရဟိတ (ဖုန်း-0943197541)
    (၁၅) မေတ္တာစမ်းရေ (ဖုန်း-09425315010)
    (၁၆) ရေကြည်တစ်ပေါက် (ဖုန်း-0973020695)
    (၁၇) ဂရုဏာ (ဖုန်း-09420055240)
    (၁၈) စိမ်းလမ်းမြေ/ ဖောင်ကြီးမြို့ (ဖုန်း-0973034500)
    (၁၉) အောင် (ဖုန်း-098612292)
    (၂၀) ကွက်လပ်ဖြည့် (ဖုန်း-0973145427)
    (၂၁) ပြွန်တန်ဆာ (ဖုန်း-09421075045)
    ကျေးဇူးတင်ပါတယ်။

ကိုတင်ထွန်းအောင်
09-30210935 / E-Mail- tintunaung.stw@gmail.com
အမှတ် ၄၇၊ ဦးအေး ၁လမ်း၊ ၁၆ရပ်ကွက်၊ လှိုင်မြို့နယ် ရန်ကုန်မြို့




Read More »

Saturday, May 03, 2014

လူမှု ကူညီရေး အသင်း အဖွဲ့များ ကူညီပေးကြ စေချင်



အွန်လိုင်းပေါ်မှ ပရဟိတ အသင်း အဖွဲ့များ နှင့် လူမှု ကူညီရေး အသင်း အဖွဲ့များ ကူညီပေးကြ စေချင်ပါ
တယ် ဒီကလေးလေးကို ရှဲလ်ပေးခြင်း like လုပ်ပေးခြင်းဖြင့် အကူညီပေးကြပါလို့ တောင်းဆိုပါတယ်။


ဒီ ကလေးရဲ့နာမည်က မောင်ကျော်စွာဝင်း သူ့အသက် တစ်နှစ်ကျော် လောက် တည်းက ဗိုက်ထဲ ကနေ
အစာအိမ် အူကို ခွဲထုတ် ထားရ တာပါတဲ့။ ၀မ်းသွားလဲ ဒီနေရာ ကနေ သွားရတယ်။ အစား အသောက်
လဲ စားရတာ အဆင်မပြေ ဖြစ်နေပါတယ် လောလောဆယ်မှာတော့ အသက်က ခြောက်နှစ် ရှိနေပါပြီ။

ကျောင်း မတက်ရ သေးပါဘူး။ သူမှာ အမေ တစ်ယောက်တည်း ရှိပါတယ်။ အမေကလဲ သားလေးကို မကြည့်ရက်လို့ ဆေးကုသ ပေးချင်လွန်းလို့ နှစ်လုံးသုံးလုံး ရောင်းပြီး ပိုက်ဆံ ရှာရင်းက အဖမ်းခံလိုက်
ရပါတယ်။

ဒီကလေးလေး ခွဲစိပ် ကုသပေးဘို့ အတွက် သုံးသိန်းကျော်လောက် ကုန်ကျမယ်လို့ ဆရာဝန်ကပြောပါ
တယ်တဲ့ သုံးသိန်းငွေကို မတတ်နိုင်လို့ ဒီအတိုင်းနေ နေရပါတယ်။ မိတ်ဆွေများ မိမိတို့ မုန့်ဘိုးထဲကပဲ
ဖြစ်ဖြစ် အတတ်နိုင်ဆုံး ဒီကလေးလေးကို ကူညီလှူဒါန်းပေး ကြပါဦးလို့ ကြားကနေတစ်ဆင့် တောင်းခံ
ပေး အပ်ပါတယ်။

ကျေးဇူးလည်း တင်ပါတယ်။ အကူညီပေးနိုင်မယ် ဆိုရင်တော့ ဆက်သွယ်ကြပါ။

  1. မနိုင် (သာကေတ) ဖုန်း 09254065262
  2. ဦးဝိမလ ( ဒဂုံဆိပ်ကမ်း ) ဖုန်း 09-250004894 သို့ ဆက်သွယ်နိုင် ပါတယ်။

ကိုယ်တိုင်သွားရောက် ချင်တယ် ဆိုရင်တော့
သာကေတ (၇) အရှေ့ရပ်ကွက် အိမ်နံပါတ် ၅၀၅ ခိုင်ရွှေဝါလမ်း သို့ သွားရောက်နိုင် ပါတယ်။

Read More »

Saturday, November 09, 2013

စင်္ကာပူရောက် မြန်မာတချို့ သခင် လှကြိုင်ကို ထောက်ပံ့မယ်



Facebook မှာ အများအပြား စိတ်ဝင်စားနေကြတဲ့ ပဲခူးမြို့က သခင်လှကြိုင်ကို စင်္ကာပူရောက် မြန်မာ
တချို့က ထောက်ပံ့လှူဒါန်းမယ်လို့ သိရပါတယ်။


စင်္ကာပူမှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့ အချက်အလက် တချို့ကို https://www.facebook.com/
mgmoo00
ဖော်ပြထားပါတယ်။

သခင်လှကြိုင် အကြောင်းကို ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေးရဲဘော်
ကြီး ဆိုပြီး အွန်လိုင်းမှာ Facebook သုံးသူ မြန်မာပြည်သား ရာထောင်ချီက လက်ဆင့်ကမ်း ဖြန့်ဝေ
နေကြတာပါ။

မဖတ်ရသေး သူများ အတွက် အပိုင်း ၃ ပိုင်းကို စုစည်း ဖော်ပြပေး လိုက်ပါတယ်။ ဦးကြည်လင်းရဲ့
Facebook မှာ ပထမဆုံး ဖော်ပြခဲ့ခြင်း ဖြစ်ပြီး ဆိုခဲ့သလိုပဲ ... နောက်ပိုင်းမှာ စာဖတ်သူ အများအ
ပြားက ထပ်ဆင့် ဖြန့်နေကြတာဖြစ်ပါတယ်။

သခင်လှကြိုင် (၁)

ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်း စားနေတဲ့ အဖိုးကြီးတစ်ယောက်ကို အင်တာ သွားဗျူးတာလေး
တင်ပေးလိုက်ပါတယ်။

မေး။ ။အဘနံမည်ဘယ်လို ခေါ်ပါသလဲ?အသက်ဘယ်လောက်ရှိပြီလဲ ?
ဖြေ။ ။သခင်လှကြိုင်ပါ။အသက်က ၉၃ နှစ်ကွဲ့။

မေး။ ။အဘကစစ်မှု့ထမ်းဟောင်းလား?
ဖြေ။ ။တော်လှန်ရေးရဲဘော်ပါ။ဗိုလ်ရန်နိုင်ရဲ့ တစ်ပည့်ပါ။

မေး။ ။ဘယ်မှာနေလဲ ?ဘယ်သူနဲ့နေလဲ?
ဖြေ။ ။အိုးလေးစုထဲမှာနေတယ်။မုဆိုးမသမီးနဲ့ မြေးနဲ့နေပါတယ်။

မေး။ ။ဘာလို့ပိုက်ဆံတောင်းတာလဲ?ဘယ်လောက်ကြာပြီလဲ?
ဖြေ။ ။အဆင်မပြေလို့ပါ။ တစ်နှစ်လောက်ရှိပြီ။

မေး။ ။နိုင်ငံတော်က မထောက်ပံဘူးလား?။ မော်ကွန်းဝင်လက်မှတ်တွေ ဘာတွေ မရှိဘူးလား?
ဖြေ။ ။မထောက်ပံပါဘူး။ဦးနေ၀င်း ပေးခဲ့တဲ့ ဂုဏ်ပြုလွှာတော့ရှိပါတယ်။

မေး။ ။မျက်စီတစ်လုံးက ဘာဖြစ်တာလဲ?။
ဖြေ။ ။မမြင်ရတော့ဘူး။

မေး။ ။တစ်နေ့ဘယ်လောက်ရလဲ?။
ဖြေ။ ။သုံးထောင်လောက်ရပါတယ်ကွယ်။


သခင်လှကြိုင် (၂)

မနေ့က ဆရာတစ်ယောက် facebook ပေါ်တင်သင့်တဲ့ သတင်းလေးတစ်ပုဒ် လမ်းစပေးလို့ တင်လိုက်
တာ အလဇ္ဇိ ရဟန်းတွေ အကြောင်းချည်းဘဲ ကျနော်ရေးနေတာကို အပြစ်လို့မြင် (ကုသိုလ်အလုပ်မှန်းမ
သိ/အကုသိုလ်အလုပ်မှန်းမသိ) နေသူတွေရော။ အာဏာပိုင်တွေ လစ်ဟာချက်ကို စောင့်ကြည့်ပြောချင်
ကြသူတွေရော၊ တိုင်းပြည်အတွက် တော်လှန်ရေးလုပ်သူတစ်ယောက် ဒီလိုဖြစ်တာ စိတ်မကောင်းဖြစ်
သူတွေရော၊ တချို့ကျတော့ အချောင်ရလို့လုပ်တယ်ပေါ့။ ကော့မက် တွေတော်တော်တက်ပြီး စိတ်ဝင်စား
တာတွေ့ရတဲ့ အတွက် သတင်း အပြည့်အစုံ အတိအကျ ဆက်လိုက်ဘို့စဉ်းစားမိပါတယ်။

ဒီလိုစဉ်းစားနေတုန်းမှာ ရန်ကုန် “ မဇ္ဇျိ မ”သတင်းစာက သတင်းထောက် “ဖိုးစိုးသူ”ကလဲ သခင်လှကြိုင်
ဆီလိုက်ပို့ ပါ ဆိုပြီး ပဲခူးရောက်လာတာနဲ့ နှစ်ယောက်အတူတူ ပဲခူးတံတားဆီကို ဒီနေ့နေ့လည်(၂)နာရီ
မှာ သွားကြည့်တော့ အဘက မရှိတော့ဘူး။

ဒါနဲ့ အဘနေတယ်ဆိုတဲ့ အိုးလေးစုရပ်ကွက် ရွှေစေတီ လမ်းသွယ်ဆီ ရောက်သွားခဲ့တယ်။

အဘဟာ သူမှာရှိတယ်ဆိုတဲ့ (သူ့ဘ၀အတွက် အမှတ်တရ ရည်ရွယ်ချက်နဲ့) သိမ်းထားပုံရတဲ့ (တို့ဗမာ
အစည်းအရုံး ငွေရတုပွဲ ဖိတ်ကြားလွှာ ၁၉၃၅-၁၉၈၅ နဲ့ လွပ်လပ်ရေး မော်ကွန်းဝင်လျှောက်ထားလွှာ)
တွေကို ထုတ်ပြပါတယ်။

၁၉၈၅ မှာမှ လျှောက်ထားခဲ့တဲ့ သူ့လျှောက်လွှာဟာ ၁၉၈၈ -မ.ဆ.လ ပါတီ နှင့် အတူ တခန်းရပ်သွားခဲ့
ပါတယ်။ ရွှေတိဂုံ ဘုရားခြေရင်းမှာ လုပ်ခဲ့တဲ့ တို့ဗမာအစည်းအရုံးငွေရတု ပွဲကိုတော့ တက်ဖြစ်ခဲ့တယ်
လို့ ပြောပါတယ်။

အဘဟာ အင်္ဂလိပ်ကိုတော်လှန်တဲ့ ရွှေတောင်တိုက်ပွဲမှာပါခဲ့ပြီးဂျပန် ကိုတိုက်ခဲ့တဲ့ သာယာဝတီ အ
နောက်ခြမ်းတိုက်ပွဲမှာလည်း ပါခဲ့ကြောင်း သူ့ရဲ့တပ်ခွဲဗိုလ်ဖြစ်တဲ့ မော်ကွန်းဝင်(ပ)အဆင့် သခင်စော
က ထောက်ခံထားပါတယ်။

သခင်လှကြိုင်ဟာ တော်လှန်ရေးပြီးလို့ လွပ်လပ်ရေးရပြီးတဲ့ အခါမှာဟင်္သာတ မှာရှိတဲ့ တပ်ကထွက်ပြီး
ဇာတ်အဖွဲ့ ထဲလိုက်ရာကနေ ပဲခူးရောက်ပြီး အိမ်ထောင်ကျရာက သမီးနှစ်ယောက်မွေးခဲ့ပါတယ်။

သခင်လှကြိုင်ဟာ မိသားစုကို အရွယ်ကောင်းစဉ်မှာ မိမိလုပ်အားနဲ့သမာအာဇိဝ ကျတဲ့ ဆေးဆိုးလုပ်ငန်း၊
ဖိနပ်ချုပ်လုပ်ငန်းတွေနဲ့ ရှာဖွေကျွေးမွေးခဲ့ပြီး နိုင်ငံတော်ထောက်ပံ့မှု့ရရှိဘို့ မကြိုးစား(သူ့အတွက်လဲ မလို
ဘူးထင်ခဲ့ပုံရလို့) ခဲ့ပါဘူး။

အခုတော့ ဒီအရွယ်ကျမှ ဒီလို လုပ်စားနေရတာဟာ အရချောင်လို့မဟုတ်ဘဲ (တချို့ ကွန်မက်ပေးသလို)
သားသမီးမြေးတွေ အသုံးမကျ/အချောင်ခိုစားနေတာမဟုတ်ဘဲ အမှန်တစ်ကယ် ဒုက္ခ ရောက်နေတာ။
မိသားစု အတွက် တိုက်ပွဲ တစ်ခု ၀င်နေတာလို့……. ကိုယ်တွေ့ မျက်မြင်သုံးသပ်မိလို့ စိတ်မကောင်းဖြစ်
ခဲ့ရပါတယ်။

သခင်လှကြိုင် (၃)

အဘဟာ တပ်ထဲမှာနေစဉ်က စစ်သားချင်းချင်း မတော်တဆဖြစ်တဲ့ လက်ကဒါဏ်ရာနဲ့ တိုက်ပွဲမှာဖြစ်ခဲ့
တဲ့ ညာဘက်ခြေထောက် ခြေကျင်းဝတ်ဒါဏ်ရာတစ်ခုသာရခဲ့ပါတယ်။ မျက်လုံးကတော့ လွန်ခဲ့တဲ့တစ်
နှစ်ခန့်က ခြင်ထောင်ကြိုးတန်းနဲ့ထိပြီး ဆေးမကုနိုင်ရာက ကွယ်ခဲ့တာလို့သိရပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်ခန့်က ရွှေသာလျောင်း လေးမျက်နှာ ဘုရားနားမှာ ကားတစ်စီးနဲ့ ပွတ်မိလို့ ခါးနာသွားပြီး
အကြောပြင်ဆရာ (ဦးမွန်သီး) ဆီမှာ ကုသလို့ သက်သာခဲ့တယ် ပြောပါတယ်။

သခင်လှကြိုင်ရဲ့ဇနီး ဟာ လွန်ခဲ့တဲ့ (၁၅)ကျော်ခန့်က ဆုံးပါးခဲ့ပြီး သမီးအကြီးယောင်္ကျားဟာ မနှစ်က ဆုံး
ပါးခဲ့သလို အတူနေ သမီးအငယ်ကတော့ ကလေး(၃)ယောက် တစ်ခုလပ်ဖြစ်တာ ကြာခဲ့ပါပြီ။ မြေးမလေး
တစ်ယောက်အိမ်ထောင်ကျပြီး သူတို့လိုဘဲ ကျူးကျော်မှာ တဲထိုးနေပါတယ်။

အရွယ်ရောက် ယောင်္ကျားလေးမြေးတစ်ယောက် ဆိုင်ကယ်တိုက်မှု့နဲ့ ထောင်ကျခဲ့လို့ အိုးလေးစုထဲက ပိုင်
ခဲ့တဲ့ အိမ်လေးကို ရောင်းခဲ့ရပြီး သမီးအကြီးလို အိုးလေးစု ချောင်းကမ်းဘေးမှာ ကျူးကျော်နေရတဲ့ဘဝ
ရောက်နေပါတယ်။ မြေး ယောင်္ကျားလေးတစ်ယောက်ရဲ့ ရတစ်လှည့် မရတစ်လှည့် ပန်းရံ လူကြမ်းဝင်ငွေ
လေးနဲ့ မစားလောက်တဲ့အခါမှာ တို့ဗမာ အစည်းအရုံးဝင် တော်လှန်ရေးသမားကြီး သခင်လှကြိုင်ဟာ မိ
သားစု (ထမင်းမငတ်) တော်လှန်ရေးတိုက်ပွဲ အတွက် (လွန်ခဲ့သောတစ်နှစ်မှစ၍) မိသားစု မသိအောင် ပဲ
ခူးတံတားမှာ နံနက် (၆)နာရီလောက်မှ (၁၀)နာရီ အထိ လက်ရှိ အလုပ်ကို စလုပ်ပါတယ်။

မိသားစုကသိသွားကြတဲ့အခါမှာ ၀မ်းနည်းပြီး ငိုကြရုံကလွဲပြီး (ငါ့မိသားစုကို ရိုးသားစွာ တောင်းရမ်းကျွေး
တာ) ဆိုတဲ့ တော်လှန်ရေးရဲဘော်ကြီး၊ သခင်လှကြိုင်ရဲ့ စကားကို ထမင်းနပ်မမှန်ရှာတဲ့ မိသားစုတွေ ရင်
နာနာနဲ့ လက်ခံခဲ့ရပါတယ်။ (သူတို့ကိုယ်တိုင်လဲငတ်နေရှာတော့) အသက်(၉၃)နှစ်ရှိပြီ ဆိုတဲ့ သခင်လှကြိုင်
ဆိုတဲ့ အဘဟာ ခုနှစ်သက္ကရာဇ်တွေ သေချာမပြောနိုင်ပေမယ့် သူဘ၀ရဲ့ အမှတ်တစ်ရဖြစ်ခဲ့တဲ့ အချက်လေး
တွေ တော့ သေချာပြောနိုင်ခဲ့ပါတယ်။

ဒီဇာတ်လမ်းဟာ ဇာတ်နာအောင် တမင်လုပ်ရေးတာ မဟုတ်သလို အာဏာပိုင်တွေကို ဝေဖန်စရာဖြစ်အောင်
(ဝေဖန်စရာတွေက အများကြီးရှိပြီးသားပါ) လုပ်ကြံထားတာ မဟုတ်ပါဘူး။ သခင်လှကြိုင်ဟာ ခောတ်ရဲ့လို
အပ်ချက်အရ သူပါဝင်ထမ်းဆောင်ခဲ့တဲ့ နိုင်ငံသား တစ်ယောက် လုပ်သင့်လို့ လုပ်ခဲ့တဲ့ အလုပ်တစ်ခု အပေါ်မှာ
ဘာအခွင့်အရေးမှ မျှော်လင့်ထားပုံမရပေမယ့် ကျနော်ကတော့ သူမသေခင်လေးမှာ (သူဖုန်းစား) ဘ၀ကနေ
လွတ်မြောက်စေချင်တာလေး တစ်ခုတော့ ဖြစ်မိပါတော့တယ်…..။

The Irrawaddy's Blog by zarny win
Read More »

Sunday, November 03, 2013

MPT ဆန့်ကျင် ပွဲကြီး စပါပြီ



ပြည်ပက ညီအစ်ကို မောင်နှမတွေ ကတော့ သိမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ မြန်မာပြည် တွင်းက အင်တာနက် အသုံးပြု သူများ အားလုံး သိပါတယ်။ အထူး သဖြင့် ကျွန်တော်
တို့ Mobile Data အသုံးပြု သူတွေ ပိုဆိုးပါတယ် ရန်ကုန်လို မြို့ကြီးတွေမှာလည်း မကောင်းသလို နယ်မြို့လေး
တွေလည်း မကောင်းပါဘူး။

ဒါပေမယ့် ပုံမှန် အားဖြင့် တစ်မိနစ်ကို GSM (2G) ဆိုရင် မြန်မာငွေ ၂ ကျပ် WCDMA, CDMA(800) ဆိုရင် မြန်
မာငွေ ၄ ကျပ် ကျပါတယ်။ အင်တာနက် အသုံးပြု ခ ကုန်ကျငွေအားဖြင့် အရမ်းကို များလွန်းတဲ့ အပြင် အင်တာ
နက်လိုင်း ကလည်း ကျွန်တော်တို့ လူ အများသုံး နေကြတဲ့ facebook တောင် မပွင့်တာတွေ ရှိပါတယ်။

ဒါပေမယ့် အင်တာနက်ဖိုး ကတော့ လုံးဝလျော့ မသွားခဲ့ပါ။ ကျွန်တော်တို့ မြန်မာပြည်သူတွေ အပေါ် လုံးဝ
အမြတ်ကြီး စားပြီး မသထာ ရေစာ စားနေတဲ့ မြန်မာ့ဆက်သွယ်ရေး MPT ကို ဆန့်ကျင်ဖို့ အချိန်တန်ပြီလို့
ထင်ပါတယ်။

ဘယ်လိုဆန့်ကျင်ကြမလဲ?

အပေါ်က ပေးထားတဲ့ MPT Dislike photo လေးကို Facebook profile ပုံလေး အဖြစ်ပြောင်း ပေးခြင်းဖြင့်
ကျွန်တော်တို့တတွေ ဆန့်ကျင်မှု လုပ်ရပါလိမ့်မယ်။ ဒါမှ အစိုးရ အနေနဲ့ ကျွန်တော်တို့ အတွက် တစ်နည်း
နည်းဆောင်ရွက်ပေး မှာပါ။ အင်တာနက်လိုင်း ပိုမကောင်းလာဘူး ဆိုခဲ့ရင်တောင် အင်တာနက် အသုံးပြုခ
စရိတ်ကို လျော့ချပေးဖို့ တောင်းဆို ရပါလိမ့်မယ် ခင်ဗျာ။

အားလုံး ပူးပေါင်းဆန့်ကျင်ကြ တာပေါ့။

အောင်ကျော်ခိုင်(ပုသိမ်) by Aung Kyaw Pathein
Read More »