နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ကွန်ပြူတာသတင်း. Show all posts
Showing posts with label ကွန်ပြူတာသတင်း. Show all posts

Friday, August 21, 2015

Sony ရဲ့ VAIO စီးရီး laptop တစ်မျိုး အောက်တိုဘာလ မှာ ပြန်လာမည်




Sony ကုမ္မဏီက PC စီးပွားရေးမှာ တစ်ခေါက်ပြန် ခြေချမယ်လို့ ကြေညာပြီး တဲ့နောက် ရောင်းအား အကောင်းဆုံး စာရင်းမ၀င် ခဲ့ရှာတဲ့ VAIO စီးရီးကိုပဲ အားလုံးက ပြေးမြင် လိုက်ကြ ပါတယ်။

Sony ကုမ္မဏိ ဟာ ဂျပန် နိုင်ငံ အသစ်တစ်ဖန် ပြန်စမှာ ဖြစ်ပြီး ဂျပန်မှာ ဒီဇိုင်း ရေးဆွဲ ထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ Sony ကုမ္မဏီ ရဲ့ VAIO စီးရီး ပြန်လည် စတင်ဖို့ အတွက် Z Canvas ဆိုတဲ့ laptop တစ်လုံးကို ထုတ်လုပ်တော့မှာဖြစ်ပါတယ်။

VAIO ရဲ့ Z Canvas ဟာတော့ အွန်လိုင်း နဲ့ အမေရိက မှာရှိတဲ့ Microsoft စတိုးတွေက တစ်ဆင့် အောက်တိုဘာလ မှာ စတင်ဝယ်ယူရရှိနိုင်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ၂၂၀၀ ကနေ စတင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ပါဝင်ပစ္စည်းတွေရဲ့ အရည်အသွေး အရလည်း ဈေးနှုန်းက ပြောင်းလဲနိုင်တယ်လို့ သိရပါတယ်။

Wall Street Journal နဲ့ အင်တာဗျူးမှာတော့ CEO အသစ်တစ်ယောက်ဖြစ်တဲ့ Yoshimi Ota ဆိုသူက ဆယ်လူလာ လို လုပ်နိုင်စွမ်းတွေရှိပြီး အခြား laptop တွေနဲ့ တူညီတဲ့ ထုတ်ကုန် တစ်ခုကို ထုတ်လုပ်မှာ ဖြစ်တယ်လို့ တော့ဆိုထားပါတယ်။

ဒါ့အပြင် Sony ကုမ္မဏီက ကိုယ်ပိုင်စက်ရုပ် ဖန်တီးထုတ်လုပ်မှုတွေကိုလည်း စတင်လုပ်ကိုင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

Ref : Engadget

( Mario ) - သစ်ထူးလွင်

Original link - http://www.thithtoolwin.com/

Read More »

Friday, July 31, 2015

Windows 10 အသုံးပြုသည့် ကွန်ပျူတာ ၁၄ သန်းကျော် ရှိကြောင်း Microsoft ပြောကြား




လက်ရှိတွင် Windows 10 operating system သစ်ကို အသုံး ပြုသည့် ကွန်ပျူတာ ၁၄ သန်းကျော် ရှိကြောင်း Microsoft က ဆော့ဖ်ဝဲကို အခမဲ့ download အနေဖြင့် ဖြန့်ချိပြီး နှစ်ရက် အကြာတွင် ပြောကြား လိုက်သည်။

၎င်း အရေ အတွက်သည် သုံးနှစ် အတွင်း Windows 10 ထုတ်ကုန် ၁ ဘီလီယံ ရှိရန် မျှော်မှန်း ထားသော Microsoft ၏ ရည်မှန်းချက်နှင့် အလှမ်းဝေး နေဆဲဖြစ်သည်။

Microsoft သည် Windows ဗားရှင်း အဟောင်းများ အသုံးပြု ထားသော ကွန်ပျူတာ များတွင် Windows 10 ကို အခမဲ့ upgrade ပြုလုပ်ရန် တောင်းဆိုသူ တိုင်းအား ထောက် ပံ့ပေးခြင်း မရှိ သေးကြောင်း ကုမ္ပဏီက ဆိုခဲ့သည်။။

လက်ရှိ ထုတ်ပြန်ခဲ့သော Windows 10 အသုံးပြုသည့် ကွန်ပျူတာ ၁၄ သန်းတွင် စတိုးများမှ ရောင်းချသည့် ကွန်ပျူာတာ သစ်များ ပေါ်၌ အသုံးပြု ထားသော ကော်ပီ အချို့ ပါဝင်ကြောင်း Microsoft မှ ပြောကြား ခဲ့သည်။

Ref: AP

By: နောင်နောင်

Original link - http://www.internetjournal.media/news/3556

Read More »

Friday, July 24, 2015

iPad အရွယ် Galaxy Tab S2 ကို Samsung မိတ်ဆက်




Samsung သည် ၉.၇ လက်မနှင့် ၈ လက်မ အမျိုး အစား များဖြင့် ရရှိနိုင်မည့် tablet သစ် တစ်မျိုးကို မိတ်ဆက် ပေးခဲ့ပြီး ၎င်းကို သြဂုတ် လတွင် ကမ္ဘ္ဘာ တစ်ဝန်းသို့ တင်ပို့ ရောင်းချရန် စီစဉ် ထားကြောင်း ပြောကြား ခဲ့သည်။

အဆိုပါ ထုတ်ကုန်သစ်သည် ပေါ့ပါးပြီး ပါးလွှာသည့် သတ္တုဘောင်များဖြင့် တည်ဆောက်ထားသည်။ အထူမှာ ၉.၇ လက်မအတွက် ၅.၆ မီလီမီတာသာရှိပြီး အလေးချိန်မှာ ၃၈၉ ဂရမ်သာရှိသည်။

၈ လက်မအမျိုးအစားမှာ ၂၆၅ ဂရမ်သာရှိသည်။ ၎င်းတို့တွင် 20148 x 1536 resolution ဖြင့် သုံးနိုင်မည့် Super AMOLED display များနှင့်အတူ Quad 1.9GHz နှင့် Quad 1.3GHz octacore ပရိုဆက်ဆာများကို အသုံးပြုထားသည်။ ထပ်ဆောင်းသိုလှောင်မှုပမာဏ 128GB အထိ သိမ်းဆည်းနိုင်ရန်အတွက်လည်း microSD slot တစ်ခု ပါဝင်သည်။



၈ လက်မ Galaxy Tab S2 WiFi အမျိုးအစားကို ယူရို ၃၉၉ ဖြင့်လည်းကောင်း၊ LTE အမျိုးအစားကို ယူရို ၄၆၉ ဖြင့် လည်းကောင်း ရောင်းချမည် ဖြစ်ပြီး ၉.၇ လက်မ WiFi အမျိုးအစားကို ယူရို ၄၉၉ နှင့် LTE အမျိုးအစားကို ယူရို ၅၆၉ ဖြင့်လည်းကောင်း ရောင်းချသွားမည်ဟု SamMobile မှ ဖော်ပြခဲ့သည်။

၎င်း tablet များကို အဖြူရောင် အနက်ရောင်တို့ဖြင့် ရရှိနိုင်ပြီး သြဂုတ်လတွင် တင်ပို့ရောင်းချမည်ဟု သိရသည်။

By: နောင်နောင်

Ref: The Verge

Original link - http://internetjournal.media/news/3457

Read More »

Sunday, July 19, 2015

ကွန်ပျူတာမှာ Stick ထိုးစရာမလိုဘဲ Wireless အသုံးပြုနိုင်တဲ့ USB Stick




ကွန်ပျူတာမှာ Stick မထိုးချင် သူတွေ ၊ Stick ထိုးရမှာ ပျင်းသူတွေ ၊ Stick တစ်ချောင်း ထဲနဲ့ ဖုန်း ၊ Tablet ၊ ကွန်ပျူတာ ၂ လုံး ၃ လုံးလောက်ကနေ
တစ်ပြိုင်တည်း Data အထည့် အသွင်း လုပ်ချင် သူတွေ အတွက် အဆင်ပြေ စေမယ့် USB Stick လေး ထွက်ရှိ လာပြန်ပါပြီ။

SanDisk Connect Wireless Stick လို့ ခေါ်ပါတယ်။



Wifi ကွန်ရက်ကနေ တစ်ဆင့် ချိတ်ဆက် အသုံးပြု ရမှာဖြစ်ပြီး ဒီ Stick လေးမှာ Wifi လွှင့်ဖို့ အတွက် လိုအပ်တဲ့ Built-in Wifi Antenna နဲ့ Built-in Battery လည်း ပါဝင် ပါသေးတယ်။

၎ နာရီလောက် သုံးလို့ရပြီး ပြန်ပြီး အားသွင်း နိုင်ပါတယ်။ SanDisk Connect Wireless Stick ရဲ့ဈေးနှုန်းတွေ ကတော့ 32GB base model ကို $39.99, 64GB model $59.99 နဲ့ 128GB model ကတော့ $99 ဖြစ် ပါတယ်။ ဈေးနှုန်းလေးတွေ ကလည်း မဆိုးပါဘူး ။ နိုင်ငံခြားမှာ နေတဲ့ သူတွေ ကတော့ Amazon Website ကနေ တဆင့် ၀ယ်ယူလို့ ရနေပါပြီ။

Author: သက်နိုင်စိုး

Original link - http://www.myanmarmobileapp.com/

Read More »

Thursday, July 16, 2015

Microsoft က ဈေးသက်သာသော Surface Pro 3 အသစ်ကို ရောင်းချ




Microsoft က ဆဌမ မြောက် Surface Pro 3 Tablet ကို ရောင်းချ ပေးလိုက် ပါသည်။ တက်ဘလက် အသစ်တွင် 1.7GHz Core i7 Processor, 8GB Storage အပြင် 128GB ကို ရွေးချယ် နိုင်ပါသည်။

သို့သော် i7 Model အဟောင်းများကဲ့သို့ 256GB နှင့် 512GB များကို ရွေးချယ် နိုင်ခြင်း မရှိပါ။ ကောင်းသည့် အချက်မှာ ဈေးနှုန်း သက်သာ လာပြီး 128GB i7 Surface Pro 3 ကို ဒေါ်လာ ၁၂၉၉ ဖြင့် ၀ယ်ယူ နိုင်ပြီ ဖြစ်သည်။ ထိုဈေးနှုန်းမှာ 256GB Core i5 နှင့် တူညီ ပါသည်။

Surface Pro 3 သည် တစ်နှစ်သား အရွယ် ရှိပြီ ဖြစ်ပြီး ယခု မော်ဒယ် အသစ်သည် Surface Pro 4 မထုတ် လုပ်မီ Microsoft ၏ ဈေးသက် သာသော နောက်ဆုံး Pro 3 မော်ဒယ် ဖြစ်နိုင် ပါသည်။

ယခု ဈေးသက် သာသော မော်ဒယ်အသစ်ကို Microsoft က ကျောင်းသားများ အတွက် ရည်ရွယ်ပုံ ပေါ်ပါသည်။ တစ်ချိန်တည်း မှာပင် Microsoft က ဂျာမနီနှင့် ဗြိတိန်တွင် ယခု တစ်ပတ် အတွင်း၌ အဆင့်မြှင့် ထားသော LTE Surface 3 Models များကို မိတ်ဆက် နေပါသည်။

ယခုမော်ဒယ် အသစ်များကို ဂျပန်တွင် ရောင်းချပေးနေပြီး လာမည့် ရက်သတ္တပတ်များအတွင်းတွင် အမေရိကန်၌ ရောင်းချမည် ဖြစ်သည်။

Myanmar DigitalLife Journal

Original link - https://www.facebook.com/MyanmarDigitalLife

Read More »

Wednesday, April 01, 2015

ပေါ့ပါးပြီး ဈေးနှုန်း သက်သာသည့် Surface 3 ကို Microsoft မိတ်ဆက်




Microsoft သည် Surface 3 ကို မိတ်ဆက် ပေးခဲ့ပြီး အဆိုပါ tablet ကို အမေရိကန် ဒေါ်လာ ၄၉၉ ဖြင့် မေလ ၅ ရက်တွင် ဖြန့်ချိ ရောင်းချ သွားမည် ဖြစ်ကြောင်းနှင့် ကြိုတင် မှာယူမှု များကို အင်္ဂါနေ့မှ စတင် ပြုလုပ် နိုင်ကြောင်း ကြေညာ ခဲ့သည်။

Microsoft ၏ Surface 3 သည် ယခင် Surface ထုတ်ကုန်များ ကဲ့သို့ app များ အားလုံး ထောက်ပံ့မှု မရ ရှိသည့် Windows RT ဗားရှင်းကို အသုံးပြု ထားခြင်း မရှိပေ။ ယခင်က Microsoft Surface Pro မော်ဒယ်များတွင် ပုံမှန် အသုံးပြု နေသည့် Windows ပါဝင် လာချိန်တွင် Surface ၌ Windows RT ကို အသုံးပြု ခဲ့သည်။

Surface 3 သည် အပါး လွှာဆုံး tablet ဖြစ်ကြောင်း Microsoft က ညွှန်းဆို ခဲ့ပြီး ၎င်း tablet တွင် Office 365 တစ်နှစ် အခမဲ့ အသုံးပြုခွင့် ထည့်သွင်းပေး ထားကြောင်း ပြောကြား ခဲ့သည်။

Surface Pro 3 ကဲ့သို့ပင် Surface 3 တွင် Microsoft က kickstand ကို ထည့်သွင်း ပေးထားပြီး stylus ထောက်ပံ့မှု ပါဝင် လာသော်လည်း Surface Pen ကို သီးခြား ဝယ်ယူ ရမည် ဖြစ်ကြောင်း သိရသည်။

၎င်း tablet ၏ မျက်နှာပြင် အကျယ်မှာ ၁၂ လက်မ အရွယ် Pro မော်ဒယ် များထက် သေးငယ်ပြီး အရွယ်မှာ ၁၀.၈ လက်မ သာ ရှိသည်။ Surface 3 ကို Windows 8.1 နှင့် အတူ တင်ပို့ရောင်းချ သွား မည် ဖြစ်သော်လည်း ယခုနှစ်နှောင်း ပိုင်းတွင် ထွက်ရှိမည့် Windows 10 update ကိုရရှိ နိုင်မည် ဖြစ်သည်။

Ref: BusinessInsider
Internet Journal
http://www.facebook.com/InternetJournal

Read More »

Thursday, March 26, 2015

ကျပ် ၁၅၅,၀၀၀ တန်သည့် - Inhon Tablet




၇.၈၅ လက်မ အရွယ် Capacitive Touch screen ဖြင့် Inhon အမှတ် တံဆိပ် မော်ဒယ်သစ် Tablet ဖြစ် သည်။ မှန် ငါးမျိုး ရော၍ ပြုလုပ် ထားသည့် အတွက် အဆင်း / အခြစ်ရာ များကို လွယ်ကူစွာ ဖြစ်ပေါ်ခြင်းမှ ကာကွယ် ပေးမည်ဟု သိရသည်။

Built-in memory 16 GB ပါဝင်ပြီး Android v4.2.2 OS ကို အသုံးပြု ထားသည်။ Cortex A9 1.6 GHz CPU နှင့် RAM 1GB DDR3 ထည့်သွင်း အသုံးပြု ထားပြီး 802.11 b/g/n Wi-Fi စနစ်ဖြင့် အသုံးပြု နိုင်မည် ဖြစ်သည်။ 5.0 MP ရှိသည့် နောက် ကင်မရာနှင့် 2.0MP ရှိသည့် ရှေ့ကင်မရာ များ ပါဝင်သည်။

Built in Myanmar font ပါဝင်သည်။ Resolution မှာ 768 x 1024 ဖြစ်သည်။ HDMI mini port နှင့် Audio jack ပါဝင်သည့် အတွက် TV ဖြင့် ချိတ်ဆက်၍လည်း အသုံးပြု နိုင်မည် ဖြစ်သည်။

3500 mAh Lithium battery ကို ထည့်သွင်း အသုံးပြု ထားသည်။ အာမခံ ၁ နှစ်ပေး ထားသည်။ ဝယ်ယူ အသုံးပြုသူများ အတွက် 3G+WiFi modem နှင့် Ooredoo ဆင်းမ်ကတ်ကို ပူးတွဲ ထည့်သွင်း ပေးထားသည်။

တန်ဖိုးမှာ ၁၅၅,၀၀၀ ကျပ်ဖြစ်ပြီး Ko Beno ဖုန်း - ၃၈၀၅၃၆ နှင့် ၀၉-၇၃၂၂၄၉၈၉ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။

Internet Journal
http://www.facebook.com/InternetJournal

Read More »

Thursday, February 26, 2015

၇ လက်မအရွယ် display ဖြင့် - Wi-Fi Tablet




Wi-Fi စနစ်ဖြင့် ချိတ်ဆက် အသုံးပြု နိုင်ကာ ဂိမ်းသီးသန့် ဆော့ ကစား ချင်သော ကလေးများနှင့်
လူငယ်များ အတွက် သင့်တော်သည့် ဈေးနှုန်းသင့်တင့်ပြီး ၇ လက်မအရွယ် display ဖြင့် Tablet
တစ်မျိုး ဖြစ်သည်။

မော်ဒယ်မှာ C705 ဖြစ်ပြီး ရှေ့/နောက် ကင်မရာပါဝင်သည်။ Built-in Storage memory 4GB ပါ
ဝင်ပြီး Micro SD card ဖြင့် ထပ်တိုးအသုံးပြု နိုင်မည် ဖြစ်သည်။ Tablet ဝယ်ယူသည့်အခါ လို
အပ်သော ဆော့ဖ်ဝဲ၊ ဂိမ်းနှင့် App များကို စိတ်တိုင်းကျအခမဲ့ ထည့်သွင်းပေးမည်ဖြစ်သည်။

အရောင်အနေဖြင့် အမည်းနှင့် အဖြူ နှစ်မျိုးရှိမည်ဖြစ်ပြီး ၄၉,၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည်
ဖြစ်သည်။

Ko Beno IT, Mobile, Game Sale & Service ဖုန်း - ၃၈၀၅၃၆ နှင့် ၀၉၇၃၂၂၄၉၈၉ ၌ ဆက်သွယ်
ဝယ်ယူနိုင်မည် ဖြစ်သည်။

Internet Journal
http://www.facebook.com/InternetJournal

Read More »

Friday, February 13, 2015

Lenovo Notebook ဝယ်ယူသူတိုင်းအား လက်ဆောင် ပစ္စည်းများ ပေးအပ်မည်



ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ Lenovo Notebook ဝယ်ယူသူတိုင်းအား မေတ္တာ လက်ဆောင် များ
ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်ဆောင်အစီအစဉ်ကို အပိုင်းသုံးပိုင်းခွဲထားပြီး ပထမ အစီအစဉ်အဖြစ် Lenovo Pentium
Series Notebook ဝယ်ယူ သူတိုင်း အတွက် Original Lenovo Earphone နှင့် Original Lenovo
Pendrive (OTG) အား လည်းကောင်း၊ ဒုတိယ အစီအစဉ်အဖြစ် Lenovo Intel Core i7 ဝယ်ယူသူတိုင်း
အတွက် Original Lenovo External Hard Disk 1TB အားလည်းကောင်း၊ တတိယ အစီအစဉ်အဖြစ်
Lenovo Intel Core i5 Series Notebook ဝယ်ယူသူတိုင်းအတွက် ပြန်အမ်းငွေ ဒေါ်လာ ၃၀ အား
လည်းကောင်း ပြန်လည်ပေးအပ်မည် ဖြစ်သည်။

အရေအတွက် ကန့်သတ်ထားပြီး ဖုန်း - ၀၁ -၂၄၅၁၈၀၊ ၃၈၁၀၃၅၊ ၃၈၁၇၇၆ နှင့် ၃၈၄၁၀၉ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည် ဖြစ်သည်။

Internet Journal
http://www.facebook.com/InternetJournal

Read More »

Friday, January 23, 2015

319$ တန်သော - Asus X453MA Notebook




Asus X453MA-WX026D Notebook တွင် Intel Cel N2830U - 2.16GHZ Processor နှင့် Memory
2GB ထည့်သွင်းအသုံးပြုထားသည်။ အချက်အလက် သိမ်းဆည်း ရန် အတွက် 500GB Hard Disk
ပါဝင်သည်။

Asus ၏ Feature ဖြစ်သည့် ICE Cool Technology ပါဝင်သည့်အတွက် အပူချိန်လွန်ကဲမှုမဖြစ်အောင်
ကာကွယ်ပေး မည် ဖြစ်သည်။ Power 4 Gear နည်းပညာလည်းပါဝင်ပြီး အဆိုပါ နည်းပညာကြောင့်
Battery သက်တမ်းကို ပုံမှန်ထက်အချိန် ပိုကြာမြင့်စွာ အသုံးပြုနိုင်မည် ဖြစ် သည်။ Wifi စနစ်နှင့် အ
သံပိုင်းဆိုင်ရာအတွက် Sonic Master Speaker များ ထောက်ပံ့ပါဝင်သည်။

အာမခံသက်တမ်း ၂ နှစ်၊ (ပစ္စည်း နှင့်လက်ခအခမဲ့ ) ပေးထားပြီး တန်ဖိုးမှာ ကန်ဒေါ်လာ ၃၁၉ ဖြစ်
သည်။ Golden Power Technology ဖုန်း - ၂၃၀၄၈၄၈၊ ၂၃၀၄၈၄၉ နှင့် ကွန်ပျူတာဆိုင်များအများ
စု၌ ဝယ်ယူ ရရှိနိုင်မည် ဖြစ်သည်။

တန်ဖိုး - USD 319
ဖုန်း - ၂၃၀၄၈၄၈

Internet Journal
http://www.facebook.com/InternetJournal

Read More »

Tuesday, December 16, 2014

မမ်မိုရီ စတစ်အရွယ် Intel ကွန်ပျူတာများ ပြည်တွင်း၌ စတင်ရောင်းချမည်



မော်နီတာ တစ်လုံး ရှိရုံဖြင့် ကွန်ပျူတာ တစ်ခုကဲ့သို့ တွဲဖက် အသုံးပြု နိုင်မည့် Memory Stick အရွယ်သာ ရှိ
သည့် ဈေးသက်သာသော ကွန်ပျူတာအသေးစား Compute Stick များကို ၂၀၁၅ အတွင်း၌ Intel က မြန်မာ
နိုင်ငံသို့ စတင် ရောင်းချပေး သွားမည် ဖြစ်ကြောင်း သတင်းရ ရှိသည်။

‘‘ဒါက အရင်က သုံးနေကျ CPU ပုံးကြီးတွေနေရာမှာ အစားထိုးပေးမယ့် ကွန်ပျူတာတစ်လုံးပဲ။ ကွန်ပျူတာ
တစ်လုံးသုံးဖို့အတွက် ပစ္စည်းတွေအများကြီးတပ်နေစရာမလိုတော့ပါဘူး။ အလွယ်တကူလည်း သယ်သွား
နိုင် ပါမယ်’’ဟု Intel ၏ ထုတ်ကုန် အရောင်းပိုင်း ဆိုင်ရာဌာနမှ ဒါရိုက်တာဖြစ်သူ Ms. Chantana Suwanna
wong က ဆိုသည်။

Intel မှ ရောင်းချပေးသွားမည့် ကွန်ပျူတာအသေးစား Compute Stick များသည် HDMI အပေါက် ပါသော
မော်နီတာ၊ တီဗီ (သို့မဟုတ်) နည်းပညာထုတ်ကုန်အားလုံးဖြင့်တွဲဖက်အသုံးပြုနိုင်မည်ဖြစ်ပြီး Bluetooth၊
Wifi စသည့် စနစ်များအပြင် USB အပေါက်များလည်း ထည့်သွင်းပေးထားသည်။ Keyboard Mouse များနှင့်
တွဲဖက်အသုံးပြုနိုင်သကဲ့သို့ external hard disk များဖြင့် လည်းတွဲဖက်အသုံးပြုနိုင် မည်ဖြစ်ကြောင်း သ
တင်းရရှိသည်။

Compute Stick များသည် ကွန်ပျူတာတစ်လုံးတွင်ပါဝင် သော လုပ်ဆောင်ချက်အားလုံးကို ထည့်သွင်းပေး
ထားပြီး Window OS နှင့် Linux OS ဟူ၍ ဗားရှင်းနှစ်မျိုးကို ထုတ်လုပ်ပေးသွားမည်ဖြစ်ပြီး ကြိုက်နှစ်သက်
သည့် အမျိုးအစားကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Intel အနေဖြင့် အဆိုပါ ထုတ်ကုန်များကို ဈေးသက်သာ စွာဖြင့် အသုံးပြုစေရန် ရည်ရွယ် ၍ တန်ဖိုးနည်း
ထုတ်ကုန်တစ်ခု အနေဖြင့် ထုတ်လုပ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

7 Day Daily News မှ ကူးယူမျှဝေသည်။
http://7daydaily.com/story/27123#.VJE9ziyObCM

Read More »

Wednesday, December 26, 2012

ဘာသာစကား ၃၂ မျိုးကို အပြန်အလှန် ဘာသာပြန်ပေးနိုင်သော အဘိဓာန်ထွက်ရှိ




Read More »

Friday, December 21, 2012

iPad ကို စိန်ခေါ်မယ့် Surface တက်ဘလတ်




windows 8 နဲ့အတူ intel ဒါမှမဟုတ် ARM processors တွေကို သုံးထားမှာဖြစ်ပါတယ်


Read More »

Thursday, December 20, 2012

iPhone, ကွန်ပျူတာများနဲ့ ချိတ်ဆက်နိုင်မယ့် Bluetooth ကီးဘုတ်




Read More »

Thursday, November 29, 2012

MSI CX 41 1AC နေပြည်တော်ဈေးကွက်ထဲ ၀င်ရောက်




Read More »