နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ကွန်ပြူတာဆောင်းပါး. Show all posts
Showing posts with label ကွန်ပြူတာဆောင်းပါး. Show all posts

Thursday, April 16, 2015

သင့် Laptop မှာ Keyboard ကောင်းစွာ အလုပ် မလုပ် ဖြစ်နေ ပါသလား ?




သင့် Laptop မှာ Keyboard ကောင်စွာ အလုပ် မလုပ် ဖြစ်နေ ပါသလား ?

1. Microsoft word သို့မဟုတ် notepad ကဲ့သို့ စာစီ စာရိုက် လုပ်ငန်းသုံး ပရိုဂရမ် တစ်ခု ကို သုံး၍ စာပိုဒ် ရိုက်ကြည့်ပါ။

2. အကယ်၍ သုံးနေကျ မရပါက မရသည့် ခလုတ်ကို မှတ်ထားပြီး လေမှုတ် ဘူးဖြင့် ကီးဘုတ်အောက် ဘက်သို့ မှုတ်ပါ။

3. အကယ်၍ သုံးနေကျ မဟုတ်သည့် အက္ခရာ များကို ရိုက်လို ပါက Start > Control Panel > Clock, Language and Region ကိုရွေးပါ။ Region and Language ကိုရွေးပါ။

4. Change Keyboard ခလုတ်ကိုနှိပ်ပါ။ Keyboard တွင် သင်အသုံးပြုနေကျ Keyboard Language ကိုရွေးထားကြောင်း သေချာပါစေ။

5. မှတ်ကန်သည့် Language ကိုရွေးထားကြောင်းသေချာပါစေ။ Start > Control Panel> Ease of Access ကိုရွေးပါ။ Ease of Access Center ခေါင်းစဉ်အောက်မှ Change How Your Keyboard Works ကိုရွေးပြီး၊ Turn on Mouse Key, filter Keys နှင့် Sticky Keys ဘေးရှိ အမှန်ခြစ်ကို ဖြုတ်ပါ။

6. အကယ်၍ အထက်တွင် ဖော်ပြထားသည့်အဆင့်များဖြင့် အလုပ်မလုပ်ပါက ပြင်ပ ကီးဘုတ်တစ်ခုတပ်၍ ၄င်းကီးဘုတ်ဖြင့် အလုပ်လုပ်သလား စမ်းကြည့်ပါ။ ပြင်ပ ကီး ဘုတ်တွင် ပုံမှန် အလုပ်လုပ် ပါက သင့် Laptop ၏ ကီးဘုတ်တွင် ပြဿနာရှိနေပြီးဖြစ်သည်။ ကျွမ်းကျင်သည် ပညာရှင်နှင့် တိုင်ပင်ပြီးလဲလှယ်သင့်ပါကြောင့် အကြံပြုချင်ပါတယ်။

မှတ်ချက်။ ။Mouse Keys, Filter Keys, နှင့် Sticky Keys တို့၏ အလုပ်လုပ်ပုံကို အမှတ်တကယ် နားလည်ပြီး အသုံးပြုရန် လိုအပ်မှသာ အမှတ်ခြစ်ပါ။

လေးစားစွာဖြင့်…

IT-Guide..(N..L..H)

Ref:http://www.winkabarkyaw.net/


Read More »

ဒါဖတ်ပြီးမှ Latop, Computer ဝယ်ပါ




ကျွန်တော် ဒီ အကြောင်း လေးကို ရေးချင် နေတာ တော့ ကြာပါပြီ .. ဒါပေမယ့် အကြောင်း အမျိုးမျိုး ကြောင့် အရှိန် ယူလိုက် ပျက်သွား လိုက်နဲ့ မရေးဖြစ် ဖြစ်နေ တာပါ .. တကယ် တော့ ဒါက ရေးသင့် တဲ့ အကြောင်း အရာလေး တစ်ခုပါပဲ .. အခုနောက် ပိုင်းမှာ ကျွန် တော်တို့ မြန်မာ လူမျိုးတွေ တော်တော် များများ ကွန်ပျူတာနဲ့ အကျွမ်း တ၀င် ရှိလာ သလို ကွန်ပျူတာကို အသုံးပြုတဲ့ အခါ မှာလည်း အိမ်မှာ ထိုင်ပြီးတော့ တစ်နေရာ ထဲမှာပဲ အသုံးပြုနိုင်မဲ့ Destop Computer အစား ပေါ့ပေါ့ ပါးပါးနဲ့ အသုံးပြုနိုင် သလို သွားလေ ရာ ယူဆောင် သွားနိုင်တဲ့ Latop Computer တွေကိုသာ ပိုပြီးတော့ အသုံးများ လာ တာ တွေ့ရပါတယ် .. အဲ့ဒီ အတွက် အများစု အသုံးများတဲ့ Latop Computer တွေဝယ် တော့မယ် ဆိုရင် မ၀ယ်ခင် သိထား သင့်တဲ့ လေ့လာ ထားသင့်တဲ့ အချက် လေးတွေကို နားလည်အောင် အကြမ်း မျဉ်းရေးပေး သွားပါမယ် ..

ဒီနေရာမှာ အသေးစိတ် မရေးပဲနဲ့ ဘာလို့ အကြမ်းမျဉ်း ရေးပေးရလည်း ဆိုတာကို ရှင်း ပြချင်ပါတယ် .. ကွန်ပျူတာနဲ့ အရမ်းကြီး အကျွမ်းတ၀င် မဖြစ်သေးတဲ့ သူတစ်ယောက် အနေနှင့် ကွန်ပျူတာနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာ တစ်ခုကို အသေးစိတ်ကျကျ ရှင်းပြနေတဲ့ အခါမှာ သူအနေနှင့် ဖတ်ရတာ တွေများလာရင် ဆိုလိုရင်းကို နားမလည် တော့ပဲ လည်ထွတ်သွားတက်ပါတယ် .. ဒါကြောင့် အများစု နားလည်နိုင်မဲ့ ပုံစံမျိုးနဲ့ ကျွန်တော် ရေးပေးသွားမှာ ဖြစ်ပါတယ် ..ကျွန်တော် ခေါင်းစဉ် နှစ်ခု ထားပြီး ရေးပေး သွားပါမယ် ..

(၁ ) မ၀ယ်မှီဆန်းစစ်လေ့လာခြင်း
(၂) Latop ၀ယ်ရန်ရွေးချယ်ခြင်း တို့ဖြစ်ပါတယ် ..

(၁) မ၀ယ်မှီဆန်းစစ်လေ့လာခြင်း

နံပါတ် (၁) အချက်လေးက အားလုံးအတွက် လိုအပ်ပါတယ်.ဘာကြောင့်လည်းဆိုတော့ ကျွန်တော် တို့ မြန်မာနိုင်ငံမှာ လူတန်းစား ပေါင်းစုံရှိပါတယ် .. ချမ်းသာတဲ့သူ၊ အလယ် အလတ် တန်းစား၊ ဆင်း ရဲ တဲ့သူ စသည်ဖြင့် အမျိုးမျိုး ရှိပါတယ် .. ဒါကြောင့် လက် တော့ မ၀ယ်မှီမှာ မိမိကိုယ်ကိုယ် အရင်ဆုံး ဆန်းစစ်ဖို့ လိုအပ်ပါတယ် .. ဈေးကြီးပေးရမှ ဒီပစ္စည်းက ကောင်းမယ် ဆိုတာလည်း မမှန်ပါဘူး ..

ဒီပစ္စည်းကတော့ ဘာကြောင့် ဈေးကြီးနေတာ (ဥပမာ ။ ။ဒီဇိုင်းပိုင်းမှာ ပိုပြီးတော့ ဆန်း သစ်နေလို့ အဲ့ဒီအတွက် တန်ဖိုး ပိုကြီးနေတာလား၊ ဒါမှမဟုတ် အထဲမှာ ပါဝင်တဲ့ Hard ware ပိုင်းဆိုင်ရာ ဆက်စပ်ပစ္စည်း တွေကပဲ ကောင်းနေလို့ ဈေးကြီးနေတာလား) ဒါမှမ ဟုတ် ဘာကြောင့် ဈေးသက်သာ နေတာ လည်း (ဥပမာ ။ ။ အထဲမှာဆင်ထားတဲ့ Hardware ဆိုင်ရာ ဆက်စပ် ပစ္စည်းတွေကတော့ ကောင်း နေပြီး ပုံစံက ပုံတုန်းကြီး ဖြစ်နေလို့လား၊ အထဲမှာ ဆင်ထားတဲ့ Hardware ဆိုင်ရာ ဆက်စပ်ပစ္စည်း တွေက အနိမ့်စားတွေ ဆင်ထားလို့လား ဆိုတာကို) ကွဲကွဲပြားပြား သိဖို့လိုပါတယ် .. ဒါမှသာ မိမိတို့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Latop မျိုးကို သင့်တင့်တဲ့ ဈေးနှုန်းမျိုး ပေးပြီး ၀ယ် နိုင်မှာ ဖြစ်ပါတယ် ..

အရင်ဆုံး မိမိက Latop ကိုဘာအတွက် ၀ယ်မှာလည်း ဆိုတာကို ဆန်းစစ်ပါ .. ပိုက်ဆံ ချမ်းသာလို့ ငွေဘယ်လောက် ကုန်ကုန် ဆိုရင်တော့ အခုနောက်ဆုံးပေါ် Core i7 Latop မျိုးကို ဒီဇိုင်းပုံစံ လန်းလန်းလေးနဲ့ Brand ကောင်းကောင်း လေးနဲ့ ဈေးကြီး ပေး ၀ယ်လိုက်တာ ပြသနာ မရှိပေမယ့် ကိုယ် ကလည်း လက်ထဲမှာ ငွေကို ချင့်ချိန်နေရတဲ့ သူ တကယ်လည်း လိုအပ်နေပါတယ် ဆိုတဲ့ သူမျိုး၏ အတွက်ကျတော့ အရွေးမမှားဖို့ လိုအပ်ပါတယ် .. ဒါမှသာ မိမိတက်နိုင်တဲ့ ငွေကြေးပမာဏနဲ့ ကိုယ့် အတွက် တကယ် အသုံးဝင်တဲ့ Latop မျိုးကို ရွေးချယ် နိုင်မှာ ဖြစ်ပါတယ် ..

အရင်ဆုံး Latop တစ်လုံး ၀ယ်တော့မယ် ဆိုရင် မိမိတို့က ဘာအတွက် သုံးမှာလည်း ဆိုတာကို စဉ်းစားပါ .. ဖျော်ဖြေမှုသက်သက် အတွက်ပဲ သုံးမှာလား၊ ရုံးလုပ်ငန်း အ တွက် သုံးမှာလား၊ ကွန်ပျူတာ ပိုင်းဆိုင်ရာတွေ လေ့လာဖို့အတွက် သုံးမှာလား၊ မိမိက လက်တော့ ၀ယ်ပြီးရင် ဂိမ်းအကြီးစားတွေ ဆော့ဖို့ အထိ စဉ်းစားထားလား ဆိုတာတွေ ကို ထည့်ပြီးတွေးဖို့လိုပါတယ် .. ဒါမှသာ မိမိလုပ်ချင်တာ နဲ့ သင့်တင့် မျှတတဲ့ ပစ္စည်း မျိုးကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ် ..

ဖျော်ဖြေမှု အတွက်ပဲ သုံးချင်တယ် .. မိမိက သက်သက်မှတ်မှတ်ကြီး သုံးစရာတော့ မရှိဘူး အဝေးမှာ ရှိနေတဲ့ သူငယ်ချင်းတွေနဲ့ အင်တာနက်သုံးပြီးတွေ့မယ် မိသားစု တွေထဲက အဝေးရောက်နေသူတွေ ရှိရင်လည်း အင်တာနက်မှာ တွေ့မယ် ပျင်းတဲ့ အ ခါတွေမှာ ရုပ်ရှင်ကြည့်မယ် သီချင်းနားထောင်မယ် ဆို တဲ့သူမျိုးကတော့ Hardware ပိုင်းဆက်စပ်ပစ္စည်းတွေ အရမ်းကြီး မမြင့်ရင်တောင် ဒီဇိုင်းလှလှ လေးနဲ့ ဈေးနှုန်း သင့်တင့်တာမျိုးလေးတွေ ဆိုရင် အဆင်ပြေပါတယ် ..

နောက်တစ်ချက်ကတော့ ရုံးသုံး စာစီစာရိုက်သုံးမယ် လိုအပ်တဲ့ ဆော့ဝဲလ် တစ်ခုရမ်း ထားပြီး အမြဲသုံး နေလို့ ရပါတယ် ဆိုတဲ့ သူမျိုးကျတော့ လည်းအပေါ်နဲ့ အရမ်းကြီး မကွာပါဘူး .. ကိုသုံးမဲ့ ရုံးသုံးလုပ် ငန်းတွေကို အဆင်ပြေပြေနဲ့ လုပ်ဆောင်နိုင်ယုံနဲ့ ရုံးတွေဘာတွေကို ယူသွားမယ် ဆိုရင် လည်းအမြင်တင့် စေမဲ့ ပုံစံမျိုးနဲ့ Hardware ဆက်စပ်ပစ္စည်းတွေက အရမ်းကြီး မမြင့်ရင်တောင် အလယ်အလတ် တန်း စားလောက် ဆိုရင်ကို သူ့အတွက် အဆင်ပြေစေပါလိမ့်မယ် ..

နောက်တစ်ချက် ကွန်ပျူတာပိုင်း ဆိုင်ရာတွေမှာ သုံးချင်ပါတယ်ဆိုတဲ့ သူမျိုးကျတော့ ပုံ စံဒီဇိုင်း အရမ်း မကောင်း ရင်တောင် Hardware ပိုင်းဆက်စပ် ပစ္စည်းတွေကိုတော့ အ ကောင်းဆုံး ဖြစ်တာမျိုးတွေ ကို သုံးသင့်ပါတယ် .. မိမိတို့က ဆော့ဝဲတွေ ရမ်းမယ် စမ်း သပ်ချင်တာ တွေကို စမ်းသပ်မယ် ဖြုတ်မယ် တပ်မယ် ဒေါင်းလော့တွေ ခဏခဏ ချ မယ် Upload တွေတင်မယ် ပြီးရင် စက်ကို အမြဲတမ်း ၂၄ နာရီ ပါတ်လုံး အသုံးပြုဖြစ် နေတဲ့ အခါတွေ ရှိမှာ ဖြစ်တဲ့ အတွက် မိမိတို့ ၀ယ်မဲ့ကောင်က Hardware ပိုင်း ဆက် စပ် ပစ္စည်း မြင့်တာနဲ့ အကြမ်းခံမဲ့ ကောင်မျိုးကို ရွေးချယ်ပြီး ၀ယ်ယူတာ ကပိုပြီး အ ဆင်ပြေစေ ပါလိမ့်မယ် .. ဖြစ်နိုင်ရင်တော့ Latop မ၀ယ်ပဲ Destop သာဝယ်ပေါ့ဗျာ ..

ကျွန်တော်က Latop Crazy ဖြစ်တဲ့ သူအတွက် ရွေးချယ်လို့ရအောင် ပြောပြတာပါ .. ဒီ လိုလူမျိုး အတွက်တော့ ဒီဇိုင်းပိုင်းထက် Hardware ပိုင်းစပ်ဆက် ပစ္စည်းတွေ ကောင်းမွန်တာမျိုးကို ရွေးချယ်သင့်ပါတယ် ..

နောက်ဆုံးတစ်ချက် ဂိမ်းသမားတွေကတော့ မိမိတို့ဝယ်မဲ့ လက်တော့မျိုးကို Hardware ပိုင်း သင့် တင့်ပြီး Ram , Graphic ပမာဏ များတာ မျိုးကို ရွေးချယ်ပြီး ၀ယ်ယူထား သင့်ပါတယ် .. အခုနောက် ပိုင်း မှာ ဆိုရင် Gamer တွေအတွက် သီးသန့် ထုတ်ပေး ထားတဲ့ Latop Brand မျိုးတွေကို တောင်တွေ့ နေရပါပြီ ..
အပေါ်မှာ ကျွန်တော် နှိုင်းယှဉ်ပြ ထားတာ ကတော့ မိမိတို့အသုံးပြုမဲ့ ပုံစံနဲ့ အတက်နိုင် ဆုံး သင့်လျော် မဲ့ ပုံစံကို ရွေးချယ် နိုင်အောင် ဖော်ပြပေးထားခြင်း ဖြစ်ပါတယ်.. တ ကယ်လို့ မိမိက ပိုက်ဆံလည်း တက်နိုင်တယ် ကောင်းကောင်းလည်း လိုချင်တယ် ဆို ရင်တော့ ဒီဇိုင်းပုံစံ လန်းလန်းနဲ့ Hardware ပိုင်းမြင့်တာတွေကိုသာ ၀ယ်သုံးပါ အဆင်ပြေပါတယ် .. ကျွန်တော်က ချင့်ချိန်ဝယ်ယူရမဲ့ သူမျိုးတွေ အတွက် နှိုင်း ယှဉ်ပြပေးတာ ဖြစ်ပါတယ် ..


( ၂ ) Latop ၀ယ်ရန်ရွေးချယ်ခြင်း


ကဲ မိမိကလည်း အပေါ်မှာ ပြောခဲ့တဲ့ အချက်လေးတွေနဲ့ ဆန်းစစ်ပြီးသွားပြီ လက်တော့ ၀ယ် တော့ မယ်ဆိုရင် Hardware ပိုင်းဆက်စပ် ပစ္စည်းတွေကို ဘယ်လိုကြည့်ပြီး ရွေးချယ်နိုင်မလည်း Brand ချင်းအတူတူ Processor Series ချင်းတူရင်တောင် ဈေးနှုံးချင်း ဘာလို့ ကွာခြား နေတာလည်း ဆိုတဲ့ ခြားနားချက်လေးတွေကို ကြည့်တက် အောင် ရေးပေးသွားပါမယ် ..

နောက်တစ်ချက်ကတော့ Latop ၀ယ်မယ်ဆိုရင် Graphic ပါတာကို ရွေးဝယ်မလား Ram အနည်းအများကို ကြည့်ပြီး ၀ယ်မလား ဆိုတာကိုတော့ သိထားသင့်ပါတယ် .. ဘာလို့လည်း ဆိုတော့ Latop မှာ Ram နည်းရင် ထပ်တိုးလို့ ရပေမယ့် Graphic မ ပါရင်တော့ ထပ်ြ့ပီး အသစ်စိုက်လို့ မရပါဘူး .. ။ ဒါကြောင့် မိမိတို့က မ၀ယ်ခင်ထဲက မိမိ တို့ဝယ်မဲ့ Latop မှာ Graphic ပါသလား မပါဘူးလား ဆိုတာကို လေ့လာသင့်ပါတယ် ဟုတ်ပြီ အဲ့ဒီ အချက်တွေကို ဘယ်လို ကြည့်ကြမလည်း .. အောက်မှာ ဆက် သွားရအောင် ..

ကျွန်တော်တို့ Laptop တွေ ၀ယ်တဲ့ အခါမှာ ဈေးနှုံးကိုလည်း အရမ်းကြည့်လို့မရပါဘူး ကိုယ်ရဲ့ လိုအပ်ချက် ပေါ်လိုက်ပြီး ဆန်စစ်ပြီးမှ ၀ယ်သင့်ပါတယ် .. တစ်ချို့ Latop တွေ က Design ပိုင်းကို ဦးစားပေး ထားတဲ့ အတွက် ပါဝင်တဲ့ Hardware အမျိုးစားချင်း တူရင်တောင် ဈေး ပိုကြီး နေတက်ပါတယ် .. တစ်ခါ တစ်လေ သတိထားပြီး ကြည့်ပါ .. Brand ချင်းလည်း တူတယ် ကျန်တဲ့ အမျိုးအစားချင်းလည်း တူတယ် .. ဒါပေမယ့် အဖြူ ရောင်နဲ့ အနက်ရောင် ပုံစံလေး နည်းနည်း ကွာသွားတာနဲ့ ဈေးလည်း ကွာဟ သွား တာမျိုး တွေ့ရပါလိမ့်မယ် ..

အရင်ဆုံး ကျွန်တော်တို့ Laptop ၀ယ်ဖို့အတွက် သူ့မှာ ပါဝင်တဲ့ အမျိုးအစားတွေကို သိဖို့ လိုပါလိမ့်မယ် .. အဲ့ဒီအတွက် ပြည်ပမှာ နေတဲ့ သူတွေပဲ ဖြစ်ဖြစ် မြန်မာပြည်က ဆိုင်တွေမှာ ၀ယ်မဲ့ သူတွေပဲ ဖြစ်ဖြစ် ဆိုင်က ပြထားတဲ့ Laptop နဲ့ ပါတ်သတ်တဲ့ အချက်အလက် တွေကို ဘယ်လို ကြည့်ပြီး ရွေးချယ်နိုင်မလည်း ဆိုတာကို အောက်မှာ ကျွန်တော် အမျိုးအစား တစ်ခုချင်း အလိုက် ရှင်းပြပေးထားပါတယ် ..

Processor

အရင်ဆုံး Processor ကိုကြည့်ပါ ... မိမိဝယ်မဲ့ လက်တော့က Intel လား AMD လား အရင်ဆုံး ခွဲခြားပါ .. ကိုက Intel ထဲကပဲ ၀ယ်ချင်တယ် ဆိုရင် မိမိဝယ်မဲ့ လက်တော့က Core i3 လား Core i 5 လား Core 2 Dual လား Core 2 Quad လား စသည်ဖြင့် ကြည့်ပါ .. ပြီးရင် မိမိတက်နိုင်တဲ့ ဈေးနှုံးနဲ့ Processor အမျိုးအစားကို ရွေးချယ်လိုက်ပါ .. ပိုက်ဆံတက်နိုင် ရင်တော့ နောက်ဆုံး ထွက်တဲ့ Processor အမျိုးအစားကို ရွေးချယ် ၀ယ်ထားတာ ပိုကောင်းပါတယ် ..

Operating system

နောက်တစ်ချက် Laptop Detail ထဲမှာ Operating System ဆိုပြီး ပါပါလိမ့်မယ် .. အဲ့ဒါက ဘာကို ပြတာ လည်းဆိုတော့ မိမိတို့ ၀ယ်မဲ့ Laptop မှာ အသုံးပြုမဲ့ Windows အမျိုးအစားကို ပြောတာ ဖြစ်ပါတယ် .. ကျွန်တော် တို့ အနေနဲ့ Laptop ၀ယ်တဲ့ အခါ မှာ ပေးရမဲ့ တန်ဖိုးထဲမှာ အဲ့ဒီ Windows အတွက်ပါ ပါပြီးသား ဖြစ်ပါတယ် .. ကျွန်တော် တို့ Windows ကို ၀ယ်ပြီး သုံးရတာပါ .. Microsoft ® Windows 7 Home Basic စသည် ဖြင့် ဖော်ပြပေးပါလိမ့်မယ် ..

Memory

Memory ပမာဏ ကိုတော့ Detail ထဲမှာ Mb နဲ့ ဖော် ပြမှာ ဖြစ်ပါတယ် . အဲ့ဒီအတွက် Laptop မှာ Ram ဘယ်နှစ် Gb ပါတယ် ဆိုတာကို သိဖို့ အတွက် အောက်မှာ ဖော်ပြ ထားတဲ့ Unit ရေတွက် ပုံလေးကို သိထားဖို့ လိုပါလိမ့်မယ်...

  • 1 Bits = အငယ်ဆုံး unit
  • 1 Byte= 8 Bits
  • 1 kbyte =1024 Byte
  • 1 Megabyte = 1024 kbyte
  • 1 Gegabyte = 1024 Megabyte
  • 1 Tetrabyte = 1099 Gegabyte

ဒါမှသာ ကျွန်တော်တို့ အနေနဲ့ 4096 Mb ဆိုရင် 4 Gb ၊ 3072 Mb ဆိုရင် 3 Gb စသည်ဖြင့် အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ် .. ဒါဆိုရင် မိမိတို့ ၀ယ်မဲ့ Laptop မှာ Ram ဘယ်လောက် ပါတယ် ဆိုတာကို ခွဲခြားနိုင်လိမ့်မယ်လို့ ထင်ပါတယ် .. ဒီနေရာ မှာ တစ်ခု သိထားရမှာက Laptop မှာ Ram ကို ထပ်ပြီး တိုးလို့ ရပါတယ် .. ဥပမာ ။ ။ ကျွန်တော်တို့က Ram 2 Gb ပဲ ပါတဲ့ Laptop ၀ယ်ထားတာ ဆိုရင် နောက်ထပ် 1Gb , 2 Gb ထပ်တိုးတာတို့ လုပ်နိုင်ပါတယ် ..

Screen

ဒီမှာက ဘာကို ကြည့်ရမလည်း ဆိုတော့ ကျွန်တော်တို့ ၀ယ်မဲ့ Laptop ရဲ့ Screen အရွယ် အစားကို ကြည့်ရမှာ ဖြစ်ပါတယ် .. Screen အရွယ်အစား အကြီး အသေးကို လိုက်ပြီး မိမိရဲ့ Laptop အရွယ်အစားကလည်း အကြီး အသေး ကွာသွားပါလိမ့်မယ် .. 14" , 15.6" , 17.3" စသည်ဖြင့် အသီးသီး ရှိပါလိမ့်မယ် .. မိမိတို့ စိတ်ကြိုက် ရွေးချယ် နိုင်ပါတယ် ..

Hard disk

Hard Disk မှာ မိမိတို့ ၀ယ်မဲ့ Laptop မှာပါ ၀င်တဲ့ Hard Disk ရဲ့ ပမာဏကို ဖော်ပြပေး ပြီးသား ဖြစ်ပါတယ် .. 320 GB , 500 GB , 640 GB စသည်ဖြင့် အသီးသီး Hard Disk ရဲ့ Data တွေကို Store လုပ်ပေးနိုင်တဲ့ ပမာဏကို ဖော်ပြပေးမှာ ဖြစ်ပါတယ် ..

Optical Drive

ဒီကောင်လေးကတော့ ဘာမှ အရေးမပါသလိုနဲ့ တော်တော် အရေးပါပါတယ် .. မိမိတို့ ၀ယ်မဲ့ Laptop မှာ Optical Drive ပါမပါတော့ သေချာ ကြည့်ဖို့ လိုပါတယ် .. ဘာ လို့လည်း ဆိုတော့ ကျွန်တော်တို့ အနေနဲ့ Optrical Drive မပါတဲ့ Laptop ကို ၀ယ် မိပြီ ဆိုရင် နောက်ပိုင်း Windows အသစ်ပြန် တင်ချင်တာပဲ ဖြစ်ဖြစ် Software တွေ Install လုပ်ဖို့ အခွေထည့်ချင်ရင်ပဲ ဖြစ်ဖြစ် အဆင်ပြေမှာ မဟုတ်ပါဘူး .. ဒါကြောင့် Optical Drive ပါတာကို ရွေးချယ် ၀ယ်ယူဖို့ တိုက်တွန်းချင်ပါတယ် .. Optical Drive ပါတဲ့ Laptop တွေမှာ DVD-Super Multi Double Layer စသည်ဖြင့် ဖော်ပြထားပြီး တော့ Optical Drive မပါဘူး ဆိုရင်တော့ no ဆိုပြီး ဖော်ပြနေပါလိမ့်မယ် ..

Video Card

အများစု မသိကြတဲ့ အထဲမှာ ဒီကောင်လေး ပါပါတယ် .. ဆိုင်က ပြတဲ့ Detail ကို ကြည့်ပြီး အများစုက မိမိဝယ်မဲ့ Laptop မှာ Video Card ပါမပါတောင် မသိကြပါဘူး .. Laptop မှာ Video Card မပါဘူး ဆိုရင် ကိုယ့်ဘာသာ အသစ် စိုက်လို့ ရမှာ မဟုတ် ပါဘူး .. ဒါကြောင့် ကိုယ်ဝယ်မဲ့ Laptop မှာ Video Card ပါမပါလည်း သေချာလေး ကြည့်သင့်ပါတယ် ..

Video Card က Brand နှစ်မျိုးရှိပါတယ် .. Nividia နဲ့ ATI ပါ .. မိမိတို့ ကြိုက်တဲ့ Brand ကို ရွေးချယ် နိုင်ပါတယ် .. တကယ်လို့ Video Card ပါတဲ့ Laptop တွေရဲ့ Detail ထဲမှာ Nividia Geforce ® GT 520MX 1024Mb ၊ ATI ™ Mobility Radeon ™ HD6630 1024Mb စသည်ဖြင့် ဖော်ပြပေးပါလိမ့်မယ် .. ဒီနေရာမှာ တစ်ခု သိထား ရမှာက ပါဝင်တဲ့ Graphic ပမာဏ ကို Gb နဲ့ မဖော်ပြပဲ MB နဲ့ ပဲ ဖော်ပြမှာ ဖြစ်ပါတယ် .. 1 Gb ဆိုရင် 1024 MB ၊ 512 MB စသည်ဖြင့် ဖော်ပြပေး မှာ ဖြစ်ပါတယ် .. တကယ်လို့ Video Card မပါတဲ့ Laptop တွေမှာ ဆိုရင် Intel ® HD Graphics 3000 Intel ® GMA HD စသည်ဖြင့် ဖော်ပြပေးမှာ ဖြစ်ပါတယ် .. ဒါ ဆိုရင် မိမိတို့ ၀ယ်မဲ့ လက်တော့မှာ Video Card ပါမပါ ရွေးချယ် နိုင်လိမ့်မယ်လို့ ထင်ပါတယ် ..

ဒါကတော့ ကျွန်တော်တို့ လက်တော့ ၀ယ်မယ်ဆိုရင် အဓိကထားပြီး သိထားသင့်တဲ့ ရွေးချယ်နိုင်တဲ့ အချက်လက် လေးတွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ် .. ကျန်တဲ့ Wifi , Bluetooth ပါမပါ သူ့မှာပါတဲ့ Battery Card က ဘယ်လောက် အသုံးခံလည်း ( 2 hour , 3 hour ) Laptop ရဲ့ အလေးချိန် စတာတွေကိုတော့ ကျွန်တော် တစ်ချက် ချင်း ရေးမပေးတော့ပါဘူး .. အပေါ်မှာ ရေးပေးခဲ့တဲ့ အချက်တွေကို ကြည့်ပြီး Laptop တစ်လုံး ၀ယ်ဖို့ အတွက် အနည်းနဲ့ အများ အထောက် အကူ ပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ် ..

PDF ဒေါင်းရန်......


Ref: http://thinkyunthar.blogspot.in/

လေးစားစွာဖြင့်

IT-Guide...(N..L..H)

Ref:http://www.winkabarkyaw.net/

Read More »

Wednesday, March 25, 2015

ကောက်ရတဲ့ USB တိုင်းကို မိမိ ကွန်ပြူတာ ထဲ မထိုး သင့်တဲ့ အကြောင်းရင်း




ပုံမှာ မြင်တွေ့ နေရတဲ့ USB Stick ကို USB Killer လို့ အမည်ပေး ထားပါတယ်။ သူက ထိုးလိုက် တာနဲ့ ကွန်ပြူတာ တစ်ခြမ်းလုံးကို လောင်ကျွမ်း သွားအောင် လုပ်နိုင် တာကြောင့် ဖြစ်ပါတယ်။

ယင်း ကဲ့သို့ Pen Drive မျိုးကို ရုရှား နိုင်ငံမှ သူလျှို များက ဖန်တီးပြီး အသုံးပြု ကြတယ်လို့ သတင်း များက ဆိုပါတယ်။ မြန်မာပြည် ရောက် မရောက် ကတော့ မသိနိုင် ပါဘူး။ သူဟာ ရန်သူရဲ့ စက်ကိုပဲ ဖြစ်ဖြစ် မိမိရဲ့ စက်ကိုပဲ ဖြစ်ဖြစ် ပျက်ဆီး စေအောင် လုပ်တဲ့ ပစ္စည်းလေးပဲ ဖြစ်ပါတယ်။

သူက ထိုးလိုက် တာနဲ့ ကွန်ပြူတာရဲ့ အပူချိန် ထိန်း စနစ် ဆီကို ဗိုင်းရက်စ် ပို့ပြီး လုပ်ဆောင်ချက် ရပ်တန့် သွားအောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။

ယင်းသို့ ပြုလုပ် ပြီးတဲ့ အပြင် ဗို့အား တစ်ခုပါ ထည့်သွင်းပေး မှုကြောင့် ကွန်ပြူတာကို လောင်ကျွမ်း စေပါ လိမ့်မယ်။ ယနေ့ခေတ် ကွန်ပြူတာများ အနေနဲ့ အပူချိန်ထိန်း စနစ် ပျက်သွား ရင်တောင် ကွန်ပြူတာ အလို အလျောက် ပိတ် စနစ် ပါဝင် တာကြောင့် ယင်း Stick ဟာ ကွန်ပြူတာကို မပိတ် စေပဲ အတွင်းမှာ လုပ်ဆောင်ချက် ပုံမှန် အတိုင်း ရှိနေ စေပြီး လောင်ကျွမ်း စေတာမျိုး ဖြစ်ပါတယ်။

နောက် တစ်မျိုး အနေနဲ့ စတစ်မှာ ပေါက်ကွဲမှုအား ပြင်းတဲ့ ချိန်ကိုက်ဗုံး ထည့်သွင်း တာမျိုး ဖြစ်ပြီး ထိုးလိုက် တာနဲ့ အချိန် ခဏ အတွင်း ပေါက်ကွဲ တာမျိုး ဖြစ် ပါတယ်။ Pen Drive ကို သူလျှိုများ တိုက်ခိုက်ရေး မှာ အသုံးပြု စေဖို့ အတွက် တီထွင် လာခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ စတစ်များ ကောက် ရရင်မဆင် မခြင် ထိုးမိ တာမျိုးတို့ မလုပ်ရန် လိုအပ် ပါတယ်။ အနည်းဆုံး ကတော့ ကောက်ရတဲ့ စတစ်မှာ ဗိုင်းရက်စ် ကတော့ ပါနိုင် ပါတယ်။

Ref: dyknow

Credit: အောင်ခမ်း

Read More »

Tuesday, March 24, 2015

ကွန်ပျူတာ Laptop သုံးစွဲသူများ သတိပြုရန် အချက်များ




၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။

ကွန်ပျူတာ ထဲတွင် လည်ပတ် နေသည့် Hard disk ရှိ ပါသည်။ တစ်ခါ တစ်ရံ အနည်းငယ် လှုပ် ခြင်း သည် ပြဿနာ မရှိ နိုင်သော် လည်း အမြဲ တစေ လှုပ်ခါ နေခြင်း ကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီသည့် နေရာတွင် တင်ပါက ကွန်ပျူတာ သုံးနေစဉ် တစ်လျှောက် လုံး လှုပ်နေ ပါမည်။ Hard disk အသက် တိုနိုင် ပါသည်။ ကွန်ပျူတာ သုံး ခါနီးတိုင်း ခြေထောက် လေးချောင်း လုံး အထိုင် ညီ မညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာ ခဏ မပြီး ရွှေ့ခြင်း ကို ရှောင်ပါ။

၂။ ကွန်ပျူတာကို လေရအောင်လုပ်ပါ။

Laptop computer တို့သည် အလွန် ကျဉ်းမြောင်းသော အကန့် ထဲတွင် အတွင်း ကလီစာ ပေါင်းစုံကို ကွက်တိ နေရာ ချရသည် ဖြစ်ရာ အပူချိန် တက် လွယ် ပါသည်။ အပူချိန် ကြောင့် အများဆုံး ထိခိုက် မည်မှာ processor နှင့် Harddrive ဖြစ် ပါသည်။ ထို့ကြောင့် Laptop computer သုံးလျှင် အောက်ခံ ပန်ကာ တပ်ပြီး သုံးပါ။ ကွန်ပျူတာ အောက် ဘက် မျက်နှာပြင်တွင် ဖောက် ထားသော လေပေါက်များ ပိတ်စေမည့် အပြု အမူကို ရှောင်ပါ။ ထိုအပေါက် များတွင် ဖုန်နှင့် အမှိုက် သရိုက်များ မပိတ်အောင် ဂရု စိုက်ပါ။

၃။သံလိုက်စက်ကွင်းရှိနိုင်သည့် နေရာများတွင် ကွန်ပျူတာကို မထားပါနှင့်၊ မသုံးပါနှင့်။

သံလိုက်စက် ကွင်းသည် Laptop computer ၏ စွမ်းဆောင် ရည်ကို ထိခိုက် စေနိုင် ပါ သည်။ ထို့ကြောင့် ရေခဲ သေတ္တာ၊ ရုပ်မြင် သံကြားစက်၊ အင်ဗာတာ၊ ယူပီအက်စ် တို့နှင့် အနား ကပ်ပြီး ကွန်ပျူတာ မသုံးသင့်ပါ။

၎။ ကွန်ပျူတာကို နေရောင်ခြည်တိုက်ရိုက် မထိပါစေနှင့်။

Laptop Computer သည် ပြင်ပတွင် သယ်ဆောင် အသုံးပြုရန် တည်ဆောက် ထားခြင်း ဖြစ်ပါသည်။ သို့သော် နေရောင် အောက်တွင် သုံးစွဲရန် ပြု လုပ် ထားခြင်း မဟုတ်ပါ။ နေရောင်က စက်၏ အပူချိန်ကို မြင့်တက် စေနိုင် ပါသည်။ နေရောင်ခြည်တွင် ပါလာ သော ခရမ်းလွန် ရောင်ခြည် တို့ ကလည်း ရေရှည် တွင် စက်ကို ထိခိုက် စေနိုင် ပါသည်။

၅။ အလေးချိန်ရှိသော ပစ္စည်းတစ်ခုခုကို ကွန်ပျူတာပေါ်တင်မထားပါနှင့်။

Laptop computer အတော် များများသည် 25Kg ခန့် ဖိအား ဒဏ်ကို ခံနိုင်အောင် တည်ဆောက် ထား သည်ဟု ဆို ပါသည်။ ပုံမှန် အရွယ် အစား ရှိသော လူကြီး တစ် ယောက် လက်ဖြင့် ဖိမိသည့် အနေအ ထားမျိုး ဖြစ်ပါသည်။ သို့သော် ခဏ တဖြုတ် ဖိမိခြင်း ကိုသာ ခံနိုင် ပါလိမ့်မည်။ ထို့အတူ ကွန်ပျူတာ သုံးနေစဉ် ယင်း အပေါ်သို့ ပစ္စည်း တစ်ခုခု ပြုတ်ကျ နိုင်ခြေ ရှိမရှိ သတိ ထားပါ။ စားပွဲပေါ် ခုန်တက်သည့် ကြောင်များ ကို လည်း သတိ ထားပါ။

၆။ အပူ အအေးပြင်းထန် သည့်နေရာ၊ စိုထိုင်းသည့် နေရာ များတွင် ကွန်ပျူတာ အသုံး ပြုခြင်းကို ရှောင်ပါ။

Laptop computer အား ရာသီ ဥတု ပူလွန်းသည့် အချိန်၊ ရေခဲ မတတ်အေးသည့် အချိန်များတွင် အိမ်၏ အပြင်ဘက်သို့ ယူဆောင် အသုံးပြုခြင်းကို ရှောင်ပါ။ ကွန်ပျူတာ ၏ ပုံမှန် လုပ်ဆောင် နိုင်စွမ်းကို ထိခိုက် စေပါသည်။ ထို့ အတူ မိုးရွာနေသော အချိန်တွင် မိုးပက်နိုင်သော နေရာ၌ ကွန်ပျူတာကို အသုံး မပြုပါနှင့်။ မီးဖို ဆောင်ထဲတွင် ကွန်ပျူတာ သုံးနိုင်သော်လည်း ထမင်းဟင်း ချက်ပြုတ် ထားသဖြင့် အငွေ့ တလူလူ ထွက်နေသော နေရာ အနီးတွင် ကွန်ပျူတာ အသုံးပြုခြင်း ကို ရှောင်ပါ။

၇။ ကွန်ပျူတာပြကွက် (display) ကို ရေဖြင့်လည်းကောင်း၊ အခြားအရည်ဖြင့် လည်း ကောင်း မသုတ် ပါနှင့်။

Laptop computer ၏ မျက်နှာပြင် သန့်ရှင်းရေး လုပ်ရန်အတွက် LCD Cleaner ဟုခေါ်သော အရည်ဘူးများ တရုတ်ပြည်မှ ဝင်ပါသည်။ တချို့သော Cleaner set တွင် Spary ဘူးများပင် ပါရှိပါသည်။ ကွန်ပျူတာ၏ မျက်နှာပြင်တို့ကို sparay ဖြင့် တိုက်ရိုက် ပက်ဖျန်း၍ မရပါ။ အစ မဖွာသော အ၀တ်စ (ဖြစ်နိုင်လျှင် မျက်မှန်သုတ်သော အဝတ် စမျိုး) ပေါ်သို့ ဆေးကြော အရည်ကို ဖျန်းပြီးမှ ကွန်ပျူတာ၏ ပြကွက် မျက်နှာပြင်ကို ညင် သာစွာ ပွတ်တိုက် သန့်ရှင်းရန် ဖြစ် ပါသည်။ သို့သော် အဆိုပါ မျက်နှာပြင်သည် ရေကို သော် လည်းကောင်း၊ တခြားအရည် တစ်ခုခုကို လည်းကောင်း စိုရွှဲ သည်အထိ တင်ခြင်း ကို မခံနိုင်ပါ။


၈။ ကြာရှည် အသုံးမပြုလျှင် Laptop computer မှ ဘက်ထရီကို ဖြုတ်ထားပါ။


အိမ်သုံး လျှပ်စစ်မီးဖြင့် သုံးစွဲနေစဉ်တွင် အားမပြည့်သေးသော ဘက်ထရီကို ကွန်ပျူတာ တွင် တပ်ဆင် ထားပါက ဘက်ထရီ အသက်တို စေပါသည်။ ထို့အပြင် ကွန်ပျူတာ ပိတ်ထား စဉ်တွင်လည်း ဘက်ထရီ တပ်ထား ပါက အတွင်းဓာတ်စီး ပတ်လမ်း ဖြစ်ပေါ် နေသောကြောင့် ဓာတ်အား ဆုံးရှုံးမှု ရှိနေ မည် ဖြစ်ပါသည်။ ထို့ကြောင့် ဘက်ထရီ အသုံးပြုရန် မလိုအပ် ချိန်တွင် ဖြုတ်ထားပါ။ မဖြုတ်မီတွင် အား အပြည့်ရှိအောင် သွင်း ထားပါ။ အိမ်သုံး လျှပ်စစ်မီးဖြင့် သုံးနေ ချိန်တွင် Desktop computer များသုံးနေ သလို Laptop computer ကို လည်း UPS ခံပြီး အသုံးပြု သင့်ပါတယ်။


၉။ ကွန်ပျူတာကို အထိအခိုက် မခံရအောင် အကာအကွယ်ပြုပါ။

Laptop computer များသည် စက် ပိတ်ထား စဉ်တွင် အမြင့်(၂ .၅) ပေခန့်မှ လွတ် ကျ သည့်တိုင် အ တွင်း အစိတ် အပိုင်းများ အလွယ် တကူ မပျက်စီး နိုင်အောင် ပြုလုပ် ထားပါသည်။ သို့သော် လွတ် မကျ လျှင် သာ၍ ကောင်းပါသည်။ ထို့ကြောင့် ကွန်ပျူတာ သုံးပြီး ချိန်တွင် အပွန်း အပဲ့ မရှိစေရန် အိတ်ပျော့ (sleeve) ထဲသို့ သွင်းပါ။

Credit - Original up-loader (ရေးမိရေးရာလေးများ)

လေးစားစွာဖြင့်
IT-Guide...(N..L..H)

Read More »

Friday, January 09, 2015

8GB memory Card ဆိုပြီး ဘာကြောင့် 8GB အပြည့် မပါတာလဲ ???



ကျွန်တော် အခုပြောမယ့် အကြောင်း အရာ ကတော့ တော်တော် များများလဲ သိပြီးသား ဖြစ်မှာပါ။
ဘာ အကြောင်းအရာလဲ ဆိုတော့ ကျွန်တော်တို့ အသုံးလိုလို့ memory stick, hard drive, external
drive စသည်ဖြင့် တစ်ခုခု သွားဝယ်တဲ့ အခါမှာ ကပ်ထားတဲ့ တံဆိပ်မှာ ကတော့ 8 GB … ကွန်ပျူ
တာမှာ သုံးကြည့်တော့ 7.45 GB … ဟော ပြသနာပဲ ငါ ဝယ်တာ 8 GB ပါ ဘာကြောင့် 7.45 GB
ကြီး ပေးလိုက်တာလဲ။ ငါ့ကိုများ လိမ်ရောင်း လိုက် တာလား။ အဲ့ဒီလို အတွေးမျိုးတွေ တော်တော်
များများတွေး ကြဘူးမှာပါ။


တကယ်တမ်း ကျတော့ ဆိုင်က လိမ်ရောင်းတာ မဟုတ်ပါဘူး။ ဘာကြောင့် ကွန်ပျူတာမှာ သုံးတဲ့
အခါ သတ်မှတ် ထားတဲ့ storage ထက် ဘာကြောင့် နည်းနေ သလဲ ဆိုတာ ပြောပြပါမယ်။

ဒီအကြောင်းလေး မပြောခင်မှာ computer မှာ storage တွက်ချက်နည်း အခြေခံကို ကနဦးအနေနဲ့
-ပြောပြချင်ပါတယ်။ ဒါမှ ကျွန်တော်အဓိက အကြောင်းအရာကိုပြောတဲ့အခါ စာဖတ်သူတွေ မျက်
စိမလည်အောင်လို့ပါ။

ကျွန်တော်တို့ keyboard ကနေ “A” ဆိုတဲ့ စာလုံး တစ်လုံး စရိုက်ပြီ ဆိုပါတော့။ ကွန်ပျူတာကြီးက
“A” ကို “A” လို့ မသိပါဘူး ခင်ဗျာ။ သူသိ တာက electronic code ( on / off signals ) လို့ခေါ်တဲ့
Binary code 1 (သို့) 0 ကိုပဲသိ ပါတယ်။ ကျွန်တော်တို့ ကွန်ပျူတာထဲကို “A” ဆိုတဲ့ input တစ်ခု
သွင်းလိုက်ရင် 01000001 ဆိုတဲ့ code 8 လုံးပါ အတွဲ တစ်တွဲက memory ထဲမှာ ဝင်ရောက်နေရာ
ယူသွားပါတယ်။

A 01000001
B 01000010
C 01000011
D 01000100
E 01000101
F 01000110
G 01000111
H 01001000
I 01001001
J 01001010
K 01001011
L 01001100
M 01001101
N 01001110
O 01001111
P 01010000
Q 01010001
R 01010010
S 01010011
T 01010100
U 01010101
V 01010110
W 01010111
X 01011000
Y 01011001
Z 01011010


ထို code 8 လုံးပါ အတွဲ တစ်တွဲကို 8 bit (သို့) 1 byte လို့ခေါ်ပါတယ်။ ဒီလိုနဲ့ bytes လေးတွေများ
လာတဲ့အခါ 1024 bytes ကိုရောက်သွားရင် 1 KB(Kilobytes) လို့သတ်မှတ်ပါတယ်။ 1024 KB
ကို 1 MB(Megabytes) လို့သတ်မှတ်ပါတယ်။ 1024 MB ကို 1 GB(Gigabytes) လို့သတ်မှတ်ပါ
တယ်။ 1024 GB ကို 1 TB(Terabytes) လို့သတ်မှတ်ပါတယ်။
8 bit – 1 byte
1024 bytes – 1 KB
1024 KB – 1 MB
1024 MB – 1 GB
1024 GB – 1 TB
ဒီလောက်ဆိုရင် အဓိက အကြောင်းအရာကို ဆက်သွားလို့ ရပါပြီ။

Storage device တွေ ကွန်ပျူတာမှာ သုံးတဲ့ အခါဘာကြောင့် သတ်မှတ် ထားတဲ့ storage ထက်
လျော့နည်းနေ ရသလဲ ဆိုရင် ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံက value တွက်ချက် ပုံနဲ့ ကွန်ပျူတာ
က value တွက်ချက်ပုံနဲ့ မတူလို့ပါ။ စက်ရုံက 1 MB (Megabytes) = 1000 KB(Kilobytes) ဆို
ပြီးတွက်ချက်ပါတယ်။ စက်ရုံကတွက်ချက်ပုံ ကလည်း မမှားပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ base
10 စနစ် အရ kilo = 1000, mega = 1000000 ဆိုတာ မှန်ကန်လို့ပါ။ Micorsoft ကသတ်မှတ်
တဲ့ base 2 စနစ်အရဆိုရင် 1 MB = 1024 KB, 1 GB = 1024 MB, 1 TB = 1024 GB ဆို ပြီး
24 value ပိုသွားပါတယ်။ မြင်သာ ထင်သာ ရှိအောင် ဥပမာတစ်ခုအနေနဲ့ hard drive 500 GB
တစ်လုံးကို ကွန်ပျူတာမှာ တပ်ဆင်သုံးမယ်ဆိုရင် missing space ဘယ်လောက်ရှိမယ်ဆိုတာ
တွက်ကြည့်ရအောင်။

စက်ရုံမှ တွက်ချက်မှု
500 GB hard drive (500 x 1000 x 1000 x 1000 = 500000000000 bytes)

ကွန်ပျူတာမှ တွက်ချက်မှု
500 GB hard drive (500 x 1024 x 1024 x 1024 = 536870912000 bytes)

တွက်ချက်မှု နှစ်ခု ခြားနားချက်
536870912000 bytes - 500000000000 bytes = 36870912000 bytes (34.34 GB)

စာဖတ် သူတို့တွေ့ရတဲ့ အတိုင်းပါပဲ missing space 34.34 GB တောင် ရှိပါတယ်။ ဒါကြောင့်
500 GB ပမာဏ ရှိတဲ့ hard drive တစ်လုံးကို ကွန်ပျူတာမှာ တပ်ဆင် သုံးမယ်ဆိုရင် 465.
66 GB ရှိကြောင်းသာ မြင်တွေ့ရပါမယ်။

Stivie Htet

From : အောင်ကျော်ခိုင်(ပုသိမ်) by Monster University

Read More »

Thursday, December 18, 2014

ကွန်ပျူတာကို လေ့လာရာတွင် အသုံးဝင်မည့် နည်းလမ်းများ



ကျွန်တော်တို့ဟာ ကွန်ပျူတာနဲ့ သက်မွေးဝမ်းကျောင်းပြုတဲ့ Programmer, Software Developer, Network
Engineer, Designer စတဲ့သူတွေ မဟုတ်ခဲ့ရင်တောင် ကွန်ပျူတာနဲ့ မကင်းနိုင်ပါဘူး။ ဒီနေရာမှာ ကျွန်တော့်
ကို ကွန်ပျူတာနဲ့ အိုင်တီကို Self Study လုပ်ဖြစ်သွားစေတဲ့ အတွေးလေးတစ်ခုကို ဝေမျှချင်ပါတယ်။

" ပိုက်ဆံရှိရင် ကွန်ပျူတာ ၀ယ်လို့ရတယ်။တနည်းအားဖြင့် ပိုက်ဆံရှိရင် ကွန်ပျူတာဆိုတာ ရှိနိုင်တယ်။ ဒါပေမဲ့
ပိုက်ဆံရှိတိုင်း ကွန်ပျူတာ သင်ပေးနိုင်တဲ့သူ မတွေ့နိုင်ဘူး။ မရှိနိုင်ဘူး။ကွန်ပျူတာ ရှိတိုင်းလည်း ကွန်ပျူတာ
သင်ပေးနိုင်တဲ့သူ မတွေ့နိုင်ဘူး။ မရှိနိုင်ဘူး။ကွန်ပျူတာ ရှိတဲ့နေရာတိုင်းမှာ သင်ပေးနိုင်တဲ့သူ မရှိနိုင်ဘူး။

ကိုယ်လုပ်နိုင်သလောက် လေ့လာရင် လေ့လာသလောက် ကိုယ်ပြန်ရမယ်..."

ဒါဟာ ကျွန်တော့်ရဲ့ ပုဂ္ဂလိက ခံယူချက်ဖြစ်ပြီး အခွင့်သာတိုင်းလည်း အခြားသူများကို ပြောပြခဲ့ပါတယ်။

ကျွန်တော့်ရဲ့ ကွန်ပျူတာကို ထိတွေ့၊ သုံးစွဲ၊ လေ့လာနေဆဲ အတွေ့အကြုံများ၊ လေ့လာနည်းများကို အခြေခံပြီး
"ကွန်ပျူတာကို ဘယ်လိုလေ့လာရမလဲ" (How to Learn or Self Study about Computer and IT?) မေးခွန်း
ကို အခုလို ကိုယ့်ဘာသာကိုယ် ပြန်ဖြေ ကြည့်ပါတယ်။ အောက်မှာ ဖော်ပြထားတာလေးတွေက အတို ချုံးလေး
တွေ ဖြစ်ပြီးတော့ အသေးစိပ်ကို နောင်မှာ ဆက်လက် ဝေမျှ သွားမှာပါ။

Self-Studying - ကိုယ်တိုင် လေ့လာခြင်း

ကွန်ပျူတာ ကို အခြေ အနေ ပေးရင် ပေးသလို၊ အဆင် ပြေရင် ပြေသလို၊ အရူး အမူး လေ့လာပါ။ ကွန်ပျူတာ
အကြောင်းကို အမြဲတမ်းစိတ်ဝင်စားပါ (ချစ်သူရည်းစားကို စိတ်ဝင်စားသလောက် ကွန်ပျူတာကို စိတ်ဝင်စားပါ။
သို့သော် ချစ်သူရည်းစားကို ထည်လဲပြောင်း သလိုတော့ ကွန်ပျူတာကို ထည်လဲ မပြောင်းပါနှင့်။ - အစပိုင်းတွင်
Windows, Mac, Linux စသည့် OS တစ်ခုခုကို ရင်းနှီးအောင် သုံးတတ်စေရန် ဆိုလိုပါသည်။)

ကွန်ပျူတာ ကိုင်ရသည် ဖြစ်စေ၊ မကိုင်ရသည် ဖြစ်စေ ကွန်ပျူတာနှင့် ပတ်သက်သည်များကို လေ့လာနေပါ။ (အ
လွန်အရေးကြီးပါသည်။) ကိုယ့်ဘာသာကိုယ် လေ့လာရတာ မလွယ်ပါ။ သို့သော် အလေ့အကျင့်ရ သွားလျင်
တော့ မခက်တော့ပါ။

IT Social Networking - အိုင်တီ အပေါင်းအသင်း မိတ်ဆွေများ

ကွန်ပျူတာကို မိမိကဲ့သို့ အရူးအမူး စိတ်ဝင်စားသူများနှင့် မိတ်ဆွေဖွဲ့ပါ။
ထိုမိတ်ဆွေများနှင့်အတူ မိမိ သိထားသည်များကို ဖောက်သည်ချ ဝေမျှပေးပြီး၊ မသိသေးသည်များကို မေးမြန်းပါ။
တစ်ပြိုင်တည်းမှာပင် မိမိအတွက် အသုံးဝင်သည့် နည်းလမ်းများ (Tips and Tricks)၊ လေ့ကျင့်ရေး သင်ခန်းစာ
များ (Tutorials) နှင့် အသုံးချဆော့ဖ်ဝဲများ (Application Software) ကို မှတ်သားခြင်း စုဆောင်းထားခြင်းများ ပြု
လုပ်ပါ။

Having Good Moral - စေတနာကောင်းထားပါ

အခြားသူများကိုလည်း ဖလှယ်ပါ။ ဝေမျှပါ။ (ကိုယ်ရသလို ကိုယ်သိသလို သူများကိုလည်း သိစေချင်၊ ရစေချင်
သည့် စေတနာကောင်းသည် လူတိုင်းတွင် မရှိသည့်၊ လူတိုင်း ထားရှိ မွေးမြူသင့်သည့် စိတ်ဓါတ်ကောင်း တစ်ခု
ဖြစ်ပြီး ၊ ကိုယ်တိုင် လေ့လာသင်ယူမှု (Self study) အတွက် နှင့် ပတ်ဝန်းကျင်အတွက် အလွန်ပင် အထောက်
အကူပြုလေ သည်။)

Learning by Internet - အင်တာနက်မှ လေ့လာခြင်း

အင်တာနက် သုံးခွင့်ရသည့် နေရာတွင် အင်တာနက်ကို ရအောင်သုံးပါ။ အင်တာနက်သုံးရသည့် အချိန်တွင် မည်
သည့် အကြောင်း အရာများကို လေ့လာမည် ရှာဖွေမည်ကို - အင်တာနက် သုံးခွင့် မရသေး သည့် အချိန်များတွင်
ကြိုတင် ပြင်ဆင် မှတ်သား ထားပါ။ သို့မှသာ အင်တာနက် တကယ် သုံးခွင့် ရသည့် အချိန်တွင် ထိရောက်စွာ၊ အ
ကျိုးရှိရှိ သုံးနိုင်မည်။

Using Search Engines - ရှာဖွေရေး ၀က်ဘ်ဆိုက်များကို သုံးခြင်း

Search Engine များကို သုံးတတ်အောင် လေ့လာပါ။ အင်တာနက်ထဲတွင် လှိုင်းစီးနိုင်ရန် (Internet Surfing)၊
အချိန်တိုအတွင်း လိုရာခရီး အမြန်ရောက်နိုင်ရန်အတွက် Search Engine များသည် တစ်ဦးချင်းစီ၏ အသုံးချနိုင်
စွမ်းအပေါ် မူတည်ပြီး (လိပ်တစ်ကောင် ဖြစ်နိုင်သလို) ဒုံးပျံတစ်စင်းကဲ့သို့လည်း လိုရာခရီးသို့ လျင်မြန်စွာရောက်
ရှိစေရန် ကူညီပေးနိုင်သည်။

Using Search Keywords Effectively - သော့ချက်စကားလုံးများကို ထိရောက်စွာ သုံးခြင်း

Search Keywords များကလည်း အင်တာနက်ထဲမှ လိုရာ သတင်းအချက်အလက်များကို အမြန်ဆုံးရရှိစေရန်
များစွာ အထောက်အပံ့ ဖြစ်စေသည်။ သော့ချက်စကားလုံးများကို မှန်ကန်စွာ သုံးတတ်မှ အင်တာနက်တွင် ရှာ
ဖွေမှု မြန်ဆန်မည် ဖြစ်သည်။

Participating at Internet Forums

အင်တာနက် စကားဝိုင်း များ (Internet Forums) မှတဆင့် အခြားသူများ ကြုံနေရသည့် အခက်အခဲ များ ပြသ
နာများကို ကြိုတင်လေ့လာ သိရှိထားနိုင်သည်။ မိမိတို့၏ ပြဿနာများကို အများသို့ ဝေမျှ အသိပေး အကူအညီ
တောင်းနိုင်သည်။ ထို့ထက် အဆင့်မြင့်လာပါက ကိုယ်တိုင် ဦးဆောင်ပါဝင် ဆွေးနွေးလာနိုင်မည်။

Wikipedia - အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း

အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း (Wikipedia) ကို အင်တာနက်သုံးသူတိုင်း လက်မလွှတ်သင့်ပါ။ တခါတရံ မသိသေး
သည့် အကြောင်းအရာသစ် တစ်ခုကို စတင်လေ့လာရတော့မည့် အခါတွင် ဘယ်ကစလေ့လာရမှန်း မသိ၊ ဘယ်
လို ၀က်ဘ်ဆိုက်တွေမှာ သွားကြည့်ရမည်ကို မသိသေးလျင် ၀ီကီပီဒီယ မှာ အရင်သွားကြည့်ပြီးမှ ဆက်လုပ်လို့
အဆင်ပြေ သည်များ ကြုံဖူးပါသည်။

Reading by RSS - RSS ဖြင့် စာဖတ်ပါ

ကျွန်တော်တို့ သွားချင်သည့်၊ စိတ်ဝင်စားသည့် ၀က်ဘ်ဆိုက်ပေါင်း 30 ရှိပြီး အင်တာနက်သုံးခွင့်ရသည့် အချိန်နှင့်
ငွေကြေးအင်အားက တစ်နေ့လျင်တစ်နာရီစာသာ အခွင့်အရေးရသည်ဆိုပါစို့ ထိုအခြေအနေအတွက် ထိုဝက်ဘ်
ဆိုက်ပေါင်း 30 သို့ တစ်ခုချင်းစီ သွားဖတ်နေမည့်အစား ၄င်းဆိုက်များမှ ပေးထားသည့် RSS Feed များကို နှစ်
သက်ရာ RSS Reader ( Google Reader, Great News Portable RSS Reader, etc ) ဖြင့် ဖတ်ရှု ခြင်းက
အချိန်နှင့် ငွေကြေးကို အထိရောက် ဆုံးကို အသုံးချရာ ရောက်သည့်အပြင် စိတ်ရောလူရော လွယ်ကူ သက်သာ
စေသည်။

Learning at Training Schools - သင်တန်းများ တက်ခြင်း

သင်တန်းတက်နိုင်လျင် သင်တန်းတက်ခွင့်ကြုံလျင် သင်တန်းတက်ပါ။ တခါတရံတွင် ကိုယ်တိုင်အကြာကြီး လေ့
လာ မှ သိရမည့် အရာများကို သင်တန်းများတွင် မိနစ်ပိုင်းလောက်မျှနှင့် သိရှိနားလည်သွားနိုင်သည်။ KMD မှာ
Basic Networking တစ်ခု တက်ဖူးပါတယ်... အဲဒါကလည်း အမှန်အတိုင်းပြောရရင်တော့ Cabling ကို သိချင်
လို့ပါ။ RJ-45 ခေါင်းနဲ့ Cat-5 ကြိုးတွေ ချိတ်ဆက်တာကို စာဖတ်ကြည့်ရုံနဲ့ မရ လက်တွေ့လည်း သိ မှ ဖြစ်တော့
မှာမို့ သွားတက်ဖြစ်တာ သင်တန်းတိုင်း မကောင်းနိုင်ပေမဲ့ တက်ဖြစ်တဲ့ သင်တန်းမှန်သမျှမှာ ရသမျှအရင်းအမြစ်
တွေ ကို ထိရောက်အောင် သုံးနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါမှ သင်တန်း တက်ရကျိုး အချိန် ကုန်၊ ငွေကုန်၊ လူ
ပင်ပန်းရကျိုးတွေ နပ်မှာပါ။ သင်တန်းမှ သင်ရိုးများ၊ လေ့ကျင့်ခန်းများ၊ နည်းပြ ဆရာ/ဆရာမများ၊ အတူတက်နေ
သူများဟာ အကောင်းဆုံး အရင်းအမြစ်တွေပါပဲ။

Using OSF (Open Source Free) Softwares -


အခမဲ့ရသည့် အပွင့်ဆော့ဖ်ဝဲများကို သုံးပါနိုင်ငံတကာ တွင် သွားရောက် အလုပ်လုပ်ရန်၊ သို့မဟုတ် နိုင်ငံခြားသား
များနှင့် ယှဉ်တွဲ အလုပ်လုပ်ရန်၊ သို့မဟုတ် လိပ်ပြာသန့်စွာ ၊ ဘေးရန်ကင်းစွာ နေထိုင်နိုင်ရန်အတွက် အလကား
ရသည့်ဆော့ဖ်ဝဲမှန်သမျှကို သုံးခြင်းထက်၊ အလကားရသည့် အပွင့်ဆော့ဖ်ဝဲများ (ကျွန်တော်က Open Source
Free (OSF) Software များဟု ကိုယ့်ဘာသာ အမည်ပေး ထားသည်။) ကို ထိထိရောက်ရောက် အသုံးချနိုင်စေ
ရန် ကြိုးစားပါ။

ကိုယ်တိုင်လေ့လာရတယ်ဆိုတာ ခရီးကြမ်းတစ်ခုပါ။ မလွယ်ပါဘူး။ လူတိုင်းလည်း ရေရှည် မလျောက်နိုင်ပါဘူး။
ဒါပေမဲ့ လူတိုင်း အထူးသဖြင့်ဘ၀မှာ ပညာကို ချစ်ခင် မြတ်နိုးသူတိုင်း တစ်ခုခုကို ကိုယ်တိုင်လေ့လာကြည့်ဖို့ ကြိုး
စားသင့်ကြပါတယ်..။ ရလာတဲ့ မြင်ရတဲ့ အကျိုးဆက်တွေ၊ မမြင်ရတဲ့ အကျိုးဆက်တွေကိုတော့ ဘာသာရပ်တစ်
ခုခုကို ကိုယ်တိုင်လေ့လာ သင်ယူလေ့ကျင့်ဖူးသူတိုင်း ခံစားနားလည် သိရှိနိုင်မှာပါ...

The Irrawaddy's Blog မှ ကူးယူ မျှဝေသည်။
http://blog.irrawaddy.org/

Read More »