နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label စီးပွာရေးဆောင်းပါး. Show all posts
Showing posts with label စီးပွာရေးဆောင်းပါး. Show all posts

Sunday, June 25, 2017

အွန်လိုင်း ပစ္စည်းမှာပြီး မယူရင် ဝယ်သူကို ဘလက်လစ် တင်လို့ မရပါ




အွန်လိုင်း ရှော့ပင်း တွေမှာ ရောင်းချနေတဲ့ ပစ္စည်းတွေကို မှာယူပြီးမှ မယူတော့ဘူး ဆိုရင် ရောင်းချ သူတွေဘက်က ဘလက်လစ် တင်လို့ မရနိုင် ပါဘူး။

အခုနောက်ပိုင်း ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ အွန်လိုင်းမှာပစ္စည်း တွေရောင်းတာဝယ်တာတွေကို ပြုလုပ်နေကြတာများလာပြီး လက်လီ ရောင်းချတာတွေ၊ လက်ကား ရောင်းချ တာတွေကိုပြုလုပ် လာကြ ပါတယ်။

အွန်လိုင်းအရောင်းအဝယ်က ဒုတိယဈေးကွက်ကြီးတစ်ခုလိုဖြစ်လာပါတယ်။ ပစ္စည်းတွေကချက်ချင်းမှာယူပြီး သုံးရက်လောက်နေရင်လာပို့တာတွေရှိ သလို နှစ်ပတ် သုံးပတ်လောက်စောင့် ရတာတွေလည်း ရှိပါတယ်။

အွန်လိုင်းရှော့ပင်းရောင်းချတဲ့သူတွေက ရန်ကုန်နဲ့ မန္တလေးကိုဆိုရင် အိမ်ရောက်မှ ငွေချေစနစ်တွေနဲ့ရောင်းတာများပြီး ကျန်တဲ့မြို့တွေဆိုရင်တော့ ငွေကြိုလွှဲ စနစ်တွေနဲ့ရောင်းချလာတာတွေရှိပါတယ်။

အွန်လိုင်းရှော့ပင်းရောင်းချတဲ့ သူတွေက တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံက ပစ္စည်းတွေကိုရောင်းချတာများပြီး တရုတ်နိုင်ငံက ပစ္စည်းတွေကို နှစ်ပတ်လောက် စောင့်ပြီးမှ ပြန်လည် ရောင်းချ ရတာ ဖြစ်ပါတယ်။ ထိုင်း နိုင်ငံက ပစ္စည်းတွေ ကတော့ ခုနစ်ရက်ကနေ ၁၀ ရက်လောက် သာကြာတာဖြစ်ပါတယ်။

သည်လိုတစ်ဆင့်မှာတဲ့သူတွေဆီကနေ ဝယ်ယူသူတွေကမှာယူပြီး ပစ္စည်းတွေရောက်တော့မှ အကြောင်းအမျိုး မျိုးကြောင့်မယူတော့တာတွေလည်းရှိပါတယ်။

သည်လိုမှာ ယူပြီးပစ္စည်းတွေကို မယူတော့ဘူးဆိုရင်ရောင်းချသူတွေက ဝယ်ယူသူ တွေကိုနာမည်ပျက်စာရင်းထဲထည့်ပြီး အွန်လိုင်းကဘလက်လစ်ဂရု(ပ်)မှာ တင်တတ်ကြတာ ဖြစ်ပါတယ်။

အစ်မတို့ဘက်ကနေတင်တယ်ဆိုတာက အစ်မတို့ကလဲဟိုဘက်ကနေတစ် ဆင့်ပြန်မှာပြီး ရောင်းရတာဆိုတော့ ပစ္စည်းတွေကိုမှာတဲ့ သူတွေမယူတော့ ဘူး ဆိုရင် အစ်မတို့ ဆီမှာသောင်တင် နေတယ်၊ အဲဒီတော့ မယူယူအောင် တော့ ရောင်းရ တာပေါ့၊ စိတ်တိုပြီး ဘလက်လစ် တင်တာတွေလဲ ရှိတယ်၊ တချို့ ကတော့ ပြောတယ်၊ ပစ္စည်းတွေက ရောက်တာကြာလို့ မစောင့်နိုင် တော့ဘူး၊ ဘာညာပေါ့၊ အဲဒီလိုပြောကြတယ်၊

အစ်မတို့ကစရောင်းက တည်းက အချိန်ဘယ်လောက်ကြာနိုင်တယ်၊ ဘယ်အချိန်လောက်မှ ရောက်မယ်ဆိုတာတွေကို သေချာပြောထားပြီးမှရောင်းတယ်၊ မယူဘူး ဆိုတော့ ဘလက်လစ်တင်တယ်လေ၊ အဲဒါကို မကျေနပ်တာတွေလဲ ရှိတယ်ပေါ့လို့ အွန်လိုင်းရှော့ပင်းရောင်းချသူ မသန္တာချယ်က ပြောပါတယ်။



ရောင်းချတဲ့ သူတွေဘက် ကလည်း ပစ္စည်းတွေကို ဝယ်တဲ့ သူတွေက မှာယူပြီး မယူဘူး ဆိုရင် သူတို့တွေ အတွက် အခက်အခဲတွေ ဖြစ်တာကြောင့် ဘလက် လစ်တွေ တင်ကြတာ ဖြစ်ပါတယ်။

ဝယ်ယူသူတွေဘက်ကိုလည်း မှာပြီး မယူမနေရပုံစံတွေနဲ့ ရောင်းချလာတာကိုတွေ့ရပါတယ်။ တကယ် တမ်းရောင်းသူနဲ့ ဝယ်ယူသူတွေ ဘက်မှာ ပြဿနာ တွေ ဖြစ်ခဲ့တယ် ဆိုရင်တောင် Customer is Always Right ဆိုတဲ့ စကားကြောင့် ဝယ်ယူ သူတွေ ဘက်က အနိုင်ရနိုင်မှာ ဖြစ်ပါတယ်။

ဝယ်ယူသူတွေဘက် ကမှာပြီးမယူတာတွေက ငွေကြေးတစ်စုံတစ်ရာလိမ် လည်မှုမမြောက်တာကြောင့် တိုင်ကြားတာတွေ၊ နာမည်ပျက်စာရင်းထည့် တာတွေကိုပြုလုပ်လို့မရနိုင်ဘူးလို့ သိရပါတယ်။

အွန်လိုင်းနဲ့ ပတ်သက်ပြီးကျွမ်းကျင်တဲ့သူတစ်ဦးက အပြင်မှာ ရောင်းသူဝယ်သူ စကားများတယ်ဆိုရင်တောင် ဝယ်သူတွေဘက်က အနိုင်ရတယ်လေ၊ အခု နောက်ပိုင်း ဆိုရှယ်မီဒီယာတွေ ပေါ်လာတော့ ရောင်းဝယ်တာတွေကို ဒီကနေပဲ လုပ်တာတွေပိုပိုပြီး များလာတယ်၊ လိမ်တာတွေလဲ ပိုများလာတယ်လေ။

ပြီးတော့ ၀ယ်ယူသူကမယူလို့ ဘလက်လစ်တင်တယ်ဆိုရင် တင်တဲ့သူကို အသရေဖျက်မှုရော၊ ၆၆(ဃ) နဲ့ ရောတရားပြန်စွဲလို့ရတယ်၊ ဝယ်ယူသူတွေဘက်က အိမ်ရှေ့ရောက် လာတဲ့ပစ္စည်းကို မကြိုက်လို့ အဝကနေပြန်ယူ သွားပါဆိုရင်တောင်ပြန်ယူ သွားရမှာ၊ ဘာလို့ဆိုတော့ ဝယ်သူက စိတ်တိုင်း မကျတာကြောင့်ပဲ၊ အဲဒီလို မယူလို့ ဘလက်လစ် တင်တယ် ဆိုရင် တရားပြန်စွဲနိုင်တယ်˘လို့ ပြောပါတယ်။

ဝယ်ယူသူတွေဘက်က ပစ္စည်းတွေကို မှာယူပြီး အကြောင်း အမျိုးမျိုးကြောင့် မယူဖြစ်တော့ဘူး ဆိုရင် ဘလက်လစ် တင်တာတွေကိ ပြုလုပ်လို့ ရနိုင်မှာ မဟုတ် ပါဘူး။ တင်တာတွေ ကြုံခဲ့တယ် ဆိုရင်လည်းပြန်ပြီး တရား စွဲတာတွေ ကိုပြုလုပ်နိုင် မှာဖြစ်တယ်လို့ သိရပါတယ်။

From : ကုမုဒြာဂျာနယ် by လိမ္မာ

Originally published at - http://www.kumudranews.com

Read More »

Friday, June 23, 2017

ရော့စ်ထို၏ မော်ဒယ်နှင့် မြန်မာ့ စီးပွားရေး ပျံတက်ချိန်




ဇွန်လ ၆ ရက် နေ့က နေပြည်တော်တွင် ကျင်းပ ခဲ့သည့် Myanmar Investment Forum 2017 ၌ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး က ယခု ၂၀၁၇ ခုနှစ်သည် နိုင်ငံ့ စီးပွားရေး ထောင်တက် နိုင်မည့်၊ ဦးမော့နိုင်မည့် အခြေ အနေမျိုး ပြောသွား သည်ဟု သတင်းများ တွင် ဖတ်ရှု ရသည်။

ဝန်ကြီးက ‘‘ပြီးခဲ့တဲ့၊ ကုန်ဆုံး ခဲ့တဲ့ တစ်နှစ်တာ ကာလက Runway (လေ ယာဉ်ပြေးလမ်း) မှာ ပြေးတဲ့ အချိန် ကာလ သတ်မှတ်တယ်။ ဒီနှစ်၊ ဒီ ကာလ ကတော့ Runway ကနေ ကမ္ဘာမြေကြီးရဲ့ Gravity (ကမ္ဘာ့ ဆွဲငင်အား)ကို ဆန့်ကျင် ပြီးတော့၊ တွန်းကန် ပြီးတော့ Jetpower နဲ့ လေထဲကို Take off လုပ်တဲ့နှစ်ပဲ’’ ဟု ပြောကြား ခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင် ခံ ပုဂ္ဂိုလ်တို့၏ မိန့်ခွန်းများ၊ မှာ ကြားချက်များပြီးလျှင် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတို့ သည့် သက်ဆိုင်သည့် ဌာနများမှ ထိပ်တန်းတာဝန်ရှိသူတို့၏ နှုတ် ထွက်စကားများသည် ပြည်သူလူ ထု စိတ်ဝင်စားမှု အရှိဆုံးဖြစ် သည်။

အထူးသဖြင့် နိုင်ငံ့စီးပွား ရေးဆိုင်ရာ သတင်းစကားဖြစ် သည်။ အစိုးရကဏ္ဍများမှ ပြည် သူ့ဝန်ထမ်း၊ ပုဂ္ဂလိကကဏ္ဍမှ ဝန်ထမ်း၊ ပျံကျအလုပ်သမားများ မှစ၍ ကိုယ်ပိုင်လုပ်ငန်းငယ်များ၊ အသေးစားလုပ်ငန်းများနှင့် ကုမ္ပ ဏီကြီး ပိုင်ရှင်များအဆုံး နိုင်ငံ သားအားလုံးသည် သူ့အခြေ အနေ၊ သူ့အဆင့်ကိုလိုက်၍ နိုင်ငံ့ စီးပွားရေးအခြေအနေကို စိတ်ဝင် စားလျက်ရှိသည်။

အိမ်တစ်အိမ်၊ မိသားစုတစ်စု အခြေအနေကဲ့သို့ ပင်ဖြစ်၏။ တစ်မိသားစုတစ်ခုလုံး စီးပွားရေးအခြေအနေကောင်းပါ မှ မိသားစုဝင်များအားလုံး အစစ အရာရာ ပြေပြေလည်လည်ရှိ မည်။ အခြားသော အရေးအရာ များတွင်လည်း သာသာယာယာရှိ နိုင်မည်။

ထို့ကြောင့် နိုင်ငံ့စီးပွား ရေးကို ကောင်းမွန်လာစေလိုခြင်း ဖြစ်သည်။ နိုင်ငံ့စီးပွားရေးအတွက် အဓိကကျသည့် ဝန်ကြီးဌာန၏ ထိပ်တန်းပုဂ္ဂိုလ်ဖြစ်သူ ဝန်ကြီး တစ်ဦးမှ မြန်မာ့စီးပွားရေးအလား အလာကို ယခုကဲ့သို့ ရည်ညွှန်း ပြောဆိုမှုသည် ၎င်းတို့၏ အား ထုတ်လုပ်ကိုင်နေမှုကို ဖော်ပြ သည့် သဘောဖြစ် သော ကြောင့် မြန်မာ့စီးပွားရေး အတွက် အားရ စရာဖြစ်သည်။

သို့သော် ထိုပြော ဆိုခန့်မှန်းချက်သည် လက်တွေ့ ဖြစ်ပေါ်နေသော အခြေအနေနှင့် ထင်ဟပ်ခြင်း ရှိ၊ မရှိဆိုသည်နှင့် ပတ်သက်၍ အားလုံးအတွက် စဉ်းစား စရာဖြစ်လာလေသည်။

လူတိုင်းသည် ၎င်းတို့ကျင် လည်ရာနယ်ပယ်အခြေအနေကို အခြားအရာထက်ပိုသိ၊ ပို၍ကျွမ်း ဝင်မှုရှိသည်။ အကောင်အဆိုး၊ ရှေ့အလားအလာစသဖြင့် အခြေအနေအရပ်ရပ်အတွက် သုံးသပ်နိုင်စွမ်းလည်း ရှိနိုင်ကြ၏။

ဥပမာ ပေါ်လစီဆိုင်ရာ အကျပ်အတည်းကို အခြားသူများထက် ပေါ်လစီရေးဆွဲသူများ ပိုသိသကဲ့သို့ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများကို ပေါ်လစီကို အကောင် အထည်ဖော်နေသူများ ပိုသိ သည်။

စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ကြုံတွေ့နေရ သော အခက်အခဲများကိုလည်း စီးပွားရေးသမားများ၊ လုပ်ငန်းရှင် များကသာ ပိုသိလိမ့်မည်။လက် လုပ်လက်စားများအပါအဝင် ဝင် ငွေနည်း လူတန်းစားတို့၏ နေ့စဉ် စားဝတ်နေရေး အကျပ်အတည်း အတွင်းရေးကိုမူ ကာယကံရှင်တို့ က လက်တွေ့ကျကျ ခံစားသိရှိ နေမည်မှာ သေချာသည်။

တစ် နှစ်ကျော်ကျော် ဖြတ်သန်းခဲ့ပြီး သည့် မြန်မာ့စီးပွားရေးအခြေ အနေမှာ အားလုံးသိပြီးဖြစ်၏။ နိုင်ငံ၏ မက်ခရို စီးပွားရေးအခြေ အနေကိုပြသော ကိန်းဂဏန်း အတော်များများက ပြသနေသည်။

ပြည်တွင်းထုတ်လုပ်မှု (ဂျီဒီပီ)နှင့်အခွန်ကောက်ခံရရှိမှု အခြေအနေများ တဖြည်းဖြည်းမြင့်မားမှု ရှိလာနေသည့်တိုင် နိုင်ငံ့စီးပွားရေးကို ဖော်မယ်ကဏ္ဍထက် အင်ဖော်မယ်ကဏ္ဍက ပို၍ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးနေဆဲဖြစ်သည်။

ငွေကြေးလဲလှယ်မှုနှုန်း၊ ငွေတန်ဖိုး အတက်အကျအခြေအနေ၊ ကုန်သွယ်မှုလိုငွေ နှင့် ဘတ်ဂျက်လိုငွေအခြေအနေတို့ကိုလည်း ကြည့်နိုင်သည်။

စီးပွားရေးလုပ်ငန်းရှင် အကြီးအငယ်တို့ကို မေးမြန်းနိုင်သည်။ စားသုံးသူလူတန်းစား အလွှာလွှာ အသီးသီးဝင်ငွေအခြေအနေ၊ အလုပ်အကိုင် အခြေ အနေ ဖွံ့ဖြိုးမှု၊ ကုန်ဈေးနှုန်း အခြေအနေ၊ ကျန်းမာရေး၊ ပညာရေးကုန်ကျ စရိတ် စသဖြင့် လက်ရှိ ရင်ဆိုင်နေရသော အခြေအနေကိုကြည့်၍ အနာဂတ် (အနီးဆုံး ကာလ) အခြေအနေကို စိတ်ကူးဖြင့် မှန်းဆမှု အမျိုးမျိုးရှိနေကြလိမ့်မည်။

ယခုမြန်မာ့စီးပွားရေး တိတ်ခ်အော့ဖ် (Take off) ဖြစ်တော့မည်ဟု စကားသံကြားရသည်မှာ အားတက်စရာ အလွန်ကောင်း၏။ လက်တွေ့ရင် ဆိုင်နေရသော အခြေအနေများနှင့် ခံစားကြည့်သောအခါတွင်မူ မျက်ကလဲဆန်ပျာ ဖြစ်ကုန်သည်။

ယခု ရည်ညွှန်းပြောဆိုသော တိတ်ခ်အော့ဖ် (Take off)ဆို သည့် စီးပွားရေးအခြေအနေသည် အမေရိကန် စီးပွားရေးပညာရှင် ရော့စ်ထို (Rostow)၏ အဆင့်ငါး ဆင့်ပါ စီးပွားရေးဖွံ့ဖြိုးမှု မော် ဒယ်တွင် ဖော်ပြထားသော တတိ ယမြောက်အဆင့်၊ အချိန်ကာလ ကို ဆိုလိုခြင်းဖြစ်မည်ဟု ထင် သည်။

အခြေအနေအရပ်ရပ် ပြင် ဆင် ဖြည့်ဆည်းပြီးမှုနှင့်အတူ မြေ ပြင်ပြေးလမ်းကျယ်တွင် တဖြည်း ဖြည်း အရှိန်တိုးမြှင့် မောင်းနှင်ပြီး နောက် မြေပြင်နှင့် ဆန့်ကျင် ဘက် ဝေဟင်သို့ ပျံတက်သည့် လေ ယာဉ်တစ်စီး အခြေအနေမျိုးဖြစ် မည့် နိုင်ငံ့စီးပွားရေး အားကောင်း လာမှုကို ဆိုခြင်းဖြစ်သည်။

စီးပွား ရေး တက္ကသိုလ်ကျောင်းသားဘဝ ဖွံ့ဖြိုးမှု ဘောဂဗေဒ သင်ခန်းစာ များထဲတွင် ရော့စ်ထို၏ စီးပွား ရေးဖွံ့ဖြိုးမှု အိုင်ဒီယာတို့ကို သင် ယူဖတ်ရှုခဲ့ဖူးသည်။

ရော့စ်ထို၏ မော်ဒယ်သည် ၁၉၆၀ ပြည့်နှစ် အစောပိုင်းကာလများက ထင် ရှားခဲ့သော စီးပွားရေးဖွံ့ဖြိုးမှု သီ အိုရီများထဲက တစ်ခုဖြစ်သည်။ ထိုအချိန် ထို ကာလသည် ဒုတိယ ကမ္ဘာစစ်ကြီး ပြီးစီးခဲ့သည့် ဆယ် စုနှစ်ကာလ အနည်းငယ်ကျော် လာပြီး စစ်အေးကာလ အထွတ် အထိပ် ရောက်ရှိနေသည့် အချိန် ကာလဖြစ်သည်။

စစ်ဒဏ်သင့်နိုင် ငံများ၊ ကိုလိုနီပြုခံရသည့်ဘဝမှ လွတ်မြောက်လာသည့် နိုင်ငံများ အတွက် ပြန်လည်ထူထောင်ရေး အတွက် ရုန်းကန်နေရချိန်ဖြစ်ခဲ့ပြီး ထိုအချိန်က ရော့စ်ထို၏သီအိုရီ မှာ ဝေဖန်မှုများ ရှိနေသည့်ကြား ကပင် နိုင်ငံအတော်များများက မျက်စိကျခဲ့ကြသည့် အခြေအနေ တွင် ရှိခဲ့သည်။

ရော့စ်ထို၏အဆိုအရ စီးပွား ရေးအဆောက်အအုံများသည် ပိုမိုအားကောင်းသည့် စီးပွားရေး ဖွံ့ဖြိုးမှုဆီသို့ ဦးတည်သွားရာတွင် အဆင့်များစွာကို ဖြတ်သန်းရန် ရှိသည်ဟု ဆိုထား၏။ အဆင့် တစ်ဆင့် ပြီးစီးမှ အခြားအဆင့် တစ်ခုဆီသို့ ရောက်ရှိနိုင်မည်ဖြစ် ပြီး အဆင့်များသည် အကျိုး အကြောင်း ဆက်စပ်မှုဖြင့် သဘာ ဝကျကျ တစ်ဆင့်ပြီးတစ်ဆင့် တက်သွားခြင်းဖြစ်သည်ဟုလည်း ယူဆသည်။

ထိုအဆင့်ငါးဆင့်မှာ ပထမဆုံး ကနဦးအဆင့်ဖြစ်သည့် သမားရိုးကျ လူ့အဖွဲ့အစည်း အဆင့် (Traditional Society)၊ ဒုတိယအဆင့်ဖြစ်သည့် ပျံတက် နိုင်သည့် ကာလမတိုင်ခင် အဆင့် (Pre-Condition to Take-off)၊ တတိယအဆင့်ဖြစ်သည့် ပျံတက် သည့်အဆင့် (Take-off)၊ စတုတ္ထအဆင့်ဖြစ်သည့် တည်ငြိမ် ရင့်ကျက် မှုဆီသို့ ဦးတည်သည့် အဆင့် (Drive to Maturity)နှင့် နောက်ဆုံးအဆင့်ဖြစ်သည့် ပဉ္စမ အဆင့်မှာ တစ်နိုင်ငံလုံးအားဖြင့် စားသုံးမှုပမာဏ မြင့်မား၍ အား ကောင်းလာသောအဆင့်(Age of High Mass Consumption) ဖြစ် သည်။



ပထမဆုံးအဆင့်တွင် လူ့ အဖွဲ့အစည်းတစ်ရပ်သည် ရိုးရာ ဓလေ့ ထုံးစံများ၊ သမားရိုးကျ နည်းလမ်းများဖြင့် အသက်မွေး ဝမ်းကျောင်းပြု ရပ်တည် ကြသည့် အခြေအနေတွင် ရှိသည်။

လယ် ယာစိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးအဆောက်အအုံဖြစ်ပြီး ဝမ်းစာရေးကို အခြေပြု စိုက်ပျိုး ထုတ်လုပ်သောကြောင့် ရောင်း ဝယ်ဖောက်ကားမှု အနည်းငယ် သာ ဖြစ်ထွန်းမှုရှိသည်။ ခေတ်မှီ နည်းပညာမရှိ၊ ဘဏ္ဍာရေးအဖွဲ့ အစည်းများ မထွန်းကားသေးဘဲ စုဆောင်းမှုမှာလည်း သိသိသာ သာ မရှိပေ။

အရင်းအနှီးပမာဏ နှင့် လုပ်သားထုတ်လုပ်မှုစွမ်းရည် မှာလည်း နိမ့်ကျလျက်ရှိသည်။ ဒုတိယအဆင့်တွင် စိုက်ပျိုးရေး ကဏ္ဍ ထုတ်လုပ်မှု၌ စက်ကိရိ ယာ အသုံးပြုမှုများပြားလာပြီး ထုတ်လုပ်မှု ပိုလျှံမှုရှိလာသည်။ ကုန်သွယ်မှုလည်း ပိုမိုဖြစ်ပေါ်လာ သည်။

ဘဏ်လုပ်ငန်းများ ထွန်း ကားမှုများ အပါအဝင် စီးပွားရေး ဆိုင်ရာ အင်စတီကျူးရှင်းများ ထွန်းကားလာပြီး စုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာလည်း မြင့်မားမှုရှိလာသည်။ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးမှုများ နှင့်အတူ နိုင်ငံရပ်ခြားအကူအညီ များ၊ သိပ္ပံနှင့်နည်းပညာများ ဖြစ် ထွန်းမှုလည်း ရှိလာသည်။

တတိယအဆင့်မှာမူ ယခု ကြားရသည့် လေယာဉ်ပျံကဲ့သို့ အထက်သို့ပျံတက်မည့် တိတ်ခ် အော့ဖ် (Take off) စီးပွားရေး အခြေအနေဖြစ်ထွန်းမည့် အဆင့် ဖြစ်သည်။ စီးပွားရေးအဆောက် အအုံတစ်ခု၏ မူလအခြေအနေ တစ်ခုမှ ပို၍မြင့်မားသောအဆင့် တစ်ခုသို့ ပြောင်းလဲရန် စတင် သည့်အချိန်ဖြစ်သည်။

စီးပွားရေး လုပ်ဆောင်ချက်များတွင် သမား ရိုးကျ နည်းလမ်းများ၊ သတ်မှတ် ချက်များနေရာတွင် နိုင်ငံတကာ စံသတ်မှတ်ချက်များ အစားထိုး ကျင့်သုံးနိုင် သည့် အဆင့်ဖြစ်ပြီး လယ်ယာ ကဏ္ဍထက် စက်မှု ကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများ အပေါ် မှီခိုမှုများလာသည်။ စက် မှုလက်မှု ထုတ်ကုန်များ အများ အပြား ရှိလာသည်။

နိုင်ငံ၏ ဥစ္စာ ဓန ကြွယ်ဝမှုမြင့်တက်လာကာ နိုင်ငံ၏ စီးပွားရေးအခြေအနေ သည် စုစုပေါင်းဝင်ငွေ၏ ၅ ရာ ခိုင်နှုန်းခန့်ရှိသည်။ ဘဏ်စနစ် လည်း အားကောင်း လာသည်။ နိုင်ငံအတွင်းရှိ စီးပွားရေးကဏ္ဍ အလိုက် ဖွံ့ဖြိုးတိုးတက်မှုသည် အပေါင်းလက္ခဏာ ဆောင်လာ ပြီး စီးပွားရေးကဏ္ဍများသည် မှန်မှန် လည်ပတ် လျက်ရှိသည့် အဆင့် ဖြစ်လာသည်။

စတုတ္ထအဆင့်တွင် စီးပွား ရေး အဆောက်အအုံအတွင်း၌ တီထွင် ကြံဆမှုများ ဖြစ်ထွန်းနေ ပြီး ထုတ်လုပ်မှုနည်းပညာအမျိုး အစား စုံလင်စွာ တိုးတက်ထွန်း ကားလာသည်။ နည်းပညာအ သစ်များဖြင့် ကုန်စည်သစ်များ ထုတ်လုပ်နိုင်စွမ်းလည်း ရှိလာပြီး စက်မှုကဏ္ဍ ဖွံ့ဖြိုးမှု အလွန် အမင်း အားကောင်းနေချိန်ဖြစ် သည်။

ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုး တက်မှုများနှင့်အတူ စီးပွားရေး ဖွံ့ဖြိုးမှု အခြေအနေသည်လည်း စီးပွားရေးအဆောက်အအုံ တစ်ခု လုံးပေါ်တွင် အကျိုးသက်ရောက် မှု ရှိနေသည်။

နိုင်ငံသားတစ်ဦး ချင်း၏ အမှန်ဝင်ငွေ မြင့်မားလာ ပြီး စုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏသည်လည်း နိုင်ငံ့ဝင်ငွေ ၏ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အထိ တိုးမြင့်လာသည့် အခြေ အနေဖြစ်သည်။ ပဉ္စအဆင့်သည် စီးပွားရေးအဆောက်အအုံ တစ် ခုလုံးရှိ စားသုံးသူများ၏ အသုံး စရိတ် သုံးစွဲမှု မြင့်မားနေပြီး စား သုံးမှုပမာဏ အားကောင်းနေ သည့်အချိန် ဖြစ်သည်။

နိုင်ငံ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူ လုံရေးကဏ္ဍ ဝန်ဆောင်မှုအတွက် အသုံးစရိတ် ပိုမိုသုံးစွဲမှုများရှိလာ ပြီး ဝန်ဆောင်မှုကဏ္ဍ ဖွံ့ဖြိုးမှု အလွန်အမင်း ဖြစ်နေခြင်းဖြစ် သည်။

အလယ်အလတ်တန်းစား ဝင်ငွေရှိ လူတန်းစားဦးရေ တိုး တက်များပြားလာပြီး နိုင်ငံတွင်း၌ ကုန်ပစ္စည်း အမျိုးအစားမျိုးစုံကို ဝယ်ယူစားသုံးမှုပမာဏမှာလည်း မြင့်မားလျက်ရှိသည်။

ရော့စ်ထိုမော်ဒယ်၏ ကန့် သတ်ချက်များ၊ အားနည်းချက် များနှင့်ပတ်သက်၍ ဝေဖန်မှုများ ရှိခဲ့ဖူးသည်။ ရော့စ်ထိုသည် အမေရိကန်နှင့် ဥရောပတို့တွင် ပြောင်းလဲဖြစ်ပေါ်နေသော နိုင်ငံ များ၏ အခြေအနေကိုသာ အခြေ ခံလေ့လာခဲ့ခြင်းဖြစ်ပြီး ကိုလိုနီ အပြုခံခဲ့ရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ နှင့်ပတ်သက်၍ ထည့်သွင်းစဉ်း စားထားမှု မရှိခဲ့ပေ။ ကမ္ဘာပေါ်ရှိ သယံဇာတပိုင်ဆိုင်မှု၊ ရာသီဥတု၊ လူဦးရေ၊ ဖွဲ့စည်းတည်ဆောက်ပုံ စသဖြင့် မတူညီသည့် အခြေခံ များရှိသည့် နိုင်ငံများ အနေဖြင့် ရော့စ်ထို၏ အိုင်ဒီယာအတိုင်း ပုံ မှန်ဖြစ်စဉ်နှင့် တူညီစွာ ဖွံ့ဖြိုးတိုး တက်ရန်မှာ မဖြစ်နိုင်ကြောင်း သုံး သပ်သူများလည်း ရှိသည်။

ကွဲ ပြားခြားနားသော အခြေအနေ အရပ်ရပ် ပေါင်းစပ်ဖွဲ့စည်းထား သော လူ့အဖွဲ့အစည်းတစ်ရပ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်မှာ နည်းပညာ၊ နိုင်ငံသား များ၏ အယူအဆ သဘောထား၊ ပေါ် လစီ၊ အစိုးရလုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများ အရေး ကြီးသော အခန်းကဏ္ဍတွင်ရှိနေ သည်၊ ထောက်ပြထားသည်ဟု လည်း သုတေသီအချို့ကလည်း ထောက်ပြကြသည်။

သို့သော် ရော့စ်ထို၏ ဖွံ့ဖြိုးမှုမော်ဒယ်ရှိ ဒုတိယအဆင့် ယူဆချက်ဖြစ် သည့် လေယာဉ်ပျံတစ်စီး မြေပြင် မှကြွတက်၍ လေထဲသို့မပျံတက် ခင် ပြေး လမ်းကြောင်း တစ် လျှောက်တွင် အရှိန်ဖြင့်ပြေးနေရ မည်ဆိုသည့် အချက်မှာမူ ယနေ့ တိုင် လက်ခံသင့်သည်ဟုယူဆ သည်။

ဆိုလိုသည်မှာ ထိုစီးပွား ရေးအဆောက်အအုံအတွင်း၌ လို အပ်သည့် အခြေအနေအရပ်ရပ် ကို ဖြည့်ဆည်းထားပြီး စီးပွားရေး ကဏ္ဍ အသီးသီးသည် တစ်ဆင့် ပြီးတစ်ဆင့် မြင့်တက်လာသော နှုန်းများဖြင့် တိုးတက်မှုရလဒ်များ ရနေမည်ကို ဆိုလိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံသူ နိုင်ငံသား များအနေဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုကို မျှော်လင့်ကြ သည်။ နှစ်ပေါင်းများစွာ ပုံ သဏ္ဌာန်မမှန် လည်ပတ်ခဲ့သော စီးပွားရေး တစ်ရပ်ကို ငါးနှစ်တာ ကာလ အချိန်တိုအတွင်း မြင့်မား သော ဖွံ့ဖြိုးတိုးတက်မှု ရရှိလာနိုင် ရေးမှာ ဖြစ်နိုင်စွမ်းမရှိသည်ကို လူအများစု သဘောပေါက်ပေ မည်။

လုပ်ငန်းရှင်များ လုပ်သာ ကိုင်သာရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖြစ်ထွန်း လာရေးနှင့် တရိပ်ရိပ် မြင့်တက် နေသည့် ကုန်ဈေးနှုန်းကို ကဏ္ဍ အလိုက် ထုတ်လုပ်မှု၊ တင်သွင်း မှုများဖြင့် ချိန်ဆထိန်းကျောင်းပေး နိုင်ခဲ့လျင်ပင် စိတ်ကျေနပ်မှုရကြ လိမ့်မည်ဟု ထင်သည်။

ပြည်သူ လူထုသည် မျှော်လင့်ချက်၊ စိတ် ကူး အမျိုးမျိုးရှိနိုင်သည်။ ပြည်သူ တစ်ဦးတစ်ယောက် ၎င်း၏ စိတ် ကူး၊ ဆန္ဒများကို အလွယ်တကူ ထုတ်ဖော်ပြော ဆိုနိုင်သော်လည်း တာဝန်ရှိပုဂ္ဂိုလ်တစ်ယောက်ဖြစ် ပါက သာမန်ပြည်သူတစ်ယောက် ကဲ့သို့ အလွယ်တကူပြောဆိုရန် မဖြစ်နိုင်ပေ။ ထိုပုဂ္ဂိုလ်၏ နှုတ် ထွက် စကားသည် နိုင်ငံ့အရေး အရာ၊ နိုင်ငံသူနိုင်ငံသားများ ခံ စားမှုများပေါ်တွင် သက်ရောက်မှုရှိနိုင်သောကြောင့်ဖြစ်သည်။

အထူးသဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးကိစ္စများသည် အကဲဆတ်လွန်းသော အခြေအနေရှိသောကြောင့် သတိကြီးကြီးထားနိုင်ခဲ့လျှင် ကောင်း၏။

နိုင်ငံ့ စီးပွားရေးအခြေအနေနှင့် ပတ်သက်ပါက ပြည်တွင်းအခြေအနေ အရပ်ရပ်၊ အပြောင်းအလဲမြန်နေသောဒေသတွင်း၊ နိုင်ငံတကာအခြေအနေများ၊ သီအိုရီများ၊ပေါ်လစီများ၊ သုတေသနတွေ့ရှိချက်များ စသဖြင့် အခြေအနေအရပ်ရပ်ကို ကိုးကားချင့်ချိန်၍ ပကတိအခြေအနေနှင့် အနီးကပ်ဆုံး အလား အလာကို ခန့်မှန်းမျှော်လင့် ပြောဆိုခြင်းသည်သာ အယုံကြည်ရဆုံးရလဒ်ဖြစ်နိုင်ပြီး နိုင်ငံသားလုပ်ငန်းရှင်များနှင့် ပြည်သူများအတွက် အမှန် တကယ် ဝမ်းသာစရာကောင်း သည့် သတင်းဖြစ်ပေမည်။

နိုင်ငံသားများအားလုံး မျှော် လင့်ချက်ဖြင့် အသက်ရှင်ကြ၏။ အခြေအနေအားလုံးကို လွတ် လပ်စွာ စိတ်ကူးယဉ်နိုင်သည်။ မြန်မာ့စီးပွားရေး လေယာဉ်ကြီး ကိုလည်း ကောင်းကင်ပြာပြာထဲ သို့ ပျံတက်သွားစေချင်သည်မှာ နိုင်ငံသားအားလုံး၏ စိတ်ကူးဆန္ဒ ဖြစ်မည်။ မည်သည့်အချိန် ပျံ တက်နိုင်မည်နည်း။

လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်က စီးပွားရေးပေါ်လစီ ၁၂ ချက် ချမှတ်ထားခဲ့ပြီးဖြစ် သည်။ ထိုပေါ်လစီများအောက် တွင် မည်သည့်ကုန်စည်နှင့်ဝန် ဆောင်မှုကို မည်ကဲ့သို့ ထုတ်လုပ် မည်၊ မည်သူတို့ (မည်သည့်ဈေး ကွက်)အတွက် ထုတ်လုပ်မည်ဆို သော အခြေခံမေးခွန်းများကို လေးလေးနက်နက် စဉ်းစားထား ပြီး ဖြစ်သင့်သည်။

မည်သည့် ကဏ္ဍများကို ဦးစားပေးထုတ်လုပ် မည်တို့ကို သတ်မှတ်ပြီးသားဖြစ် မည်၊ ဦးစားပေးကဏ္ဍများကို ဆက်စပ်၍ အခြားကဏ္ဍများ တစ် နွယ်ငင် တစ်စင်ပါ မည်သို့တိုး တက်လာစေရန် စီစဉ်ထားပြီးဖြစ် မည်။

ဦးစားပေးကဏ္ဍများ အား လုံးကို ပေါ်လစီများ၊ အသေးစိတ်လုပ်ငန်း စီမံချက်များနှင့် အကောင်အထည်ဖော် လုပ်ဆောင်နေရမည်။ နိုင်ငံတကာဈေးကွက်၊ ထုတ်လုပ်မှုနည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုတို့ကို အကောင်အထည်ဖော် ဆောင် ရွက်နေသည့် အခြေအနေဖြစ်မည်။

ပြည်တွင်းလူ့စွမ်းအား အရင်းအမြစ် ပျိုးထောင်ရေးကို စနစ်တကျ အကောင်အထည် ဖော်နေပြီး ပြည်တွင်း၌ အတိုင်း အတာတစ်ခုအထိ အသုံးချနိုင် သည့် အခြေအနေ ရနေမည်။ အင် စတီကျူးရှင်းများ အားကောင်း လာပြီး ဥပဒေစိုးမိုးမှု ဒီဂရီမှာ လည်း မြင့်မားနေမည်။ ယုံကြည် စိတ်ချရသည့် မက်ခရို စီးပွားရေး အခြေအနေပြ ကိန်းဂဏန်းများ မှာလည်း တစ်နှစ်ပြီးတစ်နှစ် အပေါင်းလက္ခဏာပြလျက် မြင့် တက်မှုရှိနေမည်။

ထိုအခြေအနေ များ ဖြစ်နေခဲ့ပါလျှင် မြန်မာ့ စီး ပွားရေး လေယာဉ်ကြီးသည် မြေ ပြင်ပြေးလမ်းတွင် အရှိန်နှင့်ပြေး လျက်ရှိနေသည်ဟု ယူဆနိုင် သည်။

မကြာမီနှစ်များအတွင်း၌ ထပ်ဆင့် မြင့်မားသောအခြေအနေ များကို ရောက်ရှိတော့မည်ဟု ဆို ရမည်။ မြန်မာ့စီးပွားရေး လေ ယာဉ်ကြီးပျံတက် (Take off) တော့မည်ဟု အားရဝမ်းသာဖြစ် ကြမည်။

လေယာဉ်ကြီး အထက် ကောင်းကင်သို့ ပျံတက်သွားသကဲ့ သို့ပင် စီးပွားရေးအဆောက်အအုံတစ်ရပ် ဖွံ့ဖြိုးမှု မြင့်မားလာရန် အချိန်ကာလများဖြင့် နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်ဖြင့် ကြာမြင့် တတ်သည်ဟု ဆိုသဖြင့် ပြည်သူ လူထုမှာ အချိန်ကာလတစ်ခုအထိ အသည်းတထိတ်ထိတ် ရင်တဖိုဖို ဖြင့် ပျော်ရွှင်စွာ စီးနင်းခံစားကြရ ပေမည်။

လွန်ခဲ့သောနှစ်ပေါင်း ၆၀ ဝန်းကျင်က စီးပွားရေးပညာရှင်ရော့စ်ထို၏ ပုံဖော်ခဲ့သည့်အတိုင်း စိတ်ကူးယဉ်နိုင်ကြပေလိမ့်မည်။

မြန်မာ့စီးပွားရေးအဆောက် အအုံအတွင်း စုဆောင်းမှု၊ ရင်းနှီး မြှုပ်နှံမှု၊ နည်းပညာ၊ စီးပွားရေး အင်စတီကျူးရှင်းများ ပြည့်စုံလုံ လောက်မှု အခြေခံအဆောက် အအံများနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၊ သုံးစွဲမှု၊ ဦးစားပေး ကဏ္ဍများ သတ်မှတ်အကောင် အထည်ဖော်မှု၊ အက်စ်အမ်အီး များ ရပ်တည်နိုင်မှု၊ တရားမဝင် ကုန်သွယ်နေမှုများ ကာကွယ်မှု နှင့် စားသုံးသူကို ကာကွယ်ပေးမှု စသည့် မြန်မာ့စီးပွားရေးလေ ယာဉ်ကြီး မိုးကောင်းကင်ထဲ အမှန်တကယ် ပျံတက်နိုင်ရေး အတွက် အားဖြည့်ပေးနိုင်သည့် အခြေအနေများ မည်သို့ရှိနေ သနည်း။

ထိုအခြေအနေများ အပြင် ဒေသတွင်းနှင့် နိုင်ငံတကာ စီးပွားရေးဝန်းကျင် အခြေအနေ များကိုပါ မေ့လျော့မထားရန်လို သည်။ အကယ်၍ အခြေအနေ အရပ်ရပ်ကို ကောင်းစွာပြင်ဆင် ထားပြီးဖြစ်ပါက ပြေးလမ်းတစ် လျှောက် အရှိန်နှင့်ပြေးနေသည့် မြန်မာ့စီးပွားရေး လေယာဉ်ကြီး သည် မကြာမှီ အချိန် အတွင်း၌ ကောင်းကင်ထဲသို့ သေချာပေါက် စတင် ပျံတက်နိုင်လိမ့်မည်ဟု မျှော်လင့်နိုင်ပါသည်။

(ဖော်ပြပါဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

From : 7 Day daily news by: စောနိုင်(အသုံးချဘောဂဗေဒ)

Originally published at - http://www.7daydaily.com/story/99708

Read More »

Sunday, June 18, 2017

ရခိုင်ပြည်နယ်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြဿနာ (အပိုင်း - ၂)


မဒေးကျွန်းပေါ်ရှိ တရုတ် စီမံကိန်း အဆောက် အဦးများ နောက်ခံနှင့် ဒေသခံ တံငါတဲများ / Reuters


ရခိုင် ကမ်းလွန်မှ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှုနှင့် အတူ တရုတ်တို့ကို ရေနံဖြတ်သန်း ပို့လွှတ်မှုကြောင့် ပြည်ထောင်စု အစိုးရ အကျိုးအမြတ် ရသကဲ့သို့ ရခိုင် ဒေသခံ လူထု ဘာများ အကျိုး ရရှိသနည်း ဆိုသည်ကို ရခိုင်လူထုက ဆန်းစစ် မေးခွန်း ထုတ်နေ ကြသည်။

ဤနေရာတွင် ရခိုင်လူထု အကျိုးဖြစ်ထွန်းမှုမှာ နှစ်ပိုင်းရှိသည်။

ပထမပိုင်းအရ ရခိုင်ပြည်နယ် အတွက် မည်သို့အကျိုး ဖြစ်ထွန်းသနည်း သို့မဟုတ် ရခိုင်ပြည်နယ် အတွက် မည်မျှ ခွဲဝေ သုံးစွဲပေးသနည်း ဖြစ်သည်။

ဒုတိယပိုင်းမှာ ထိုစီးပွားရေးလုပ်ငန်းများ အခြေစိုက်ရာ ဒေသခံများအတွက် မည်မျှ အကျိုးဖြစ်ထွန်းသနည်း သို့မဟုတ် ဘတ်ဂျက် မည်မျှ ခွဲဝေသုံးစွဲပေးပါသနည်း ဟူ၍ ဖြစ်သည်။

မြန်မာပြည်တွင် ပြီးခဲ့သော နှစ်ပိုင်းအတွင်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဟူသောစကားကို သုံးစွဲလာကြသော်လည်း ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ သဘောတူညီမှု မရနိုင်သေး။ ပြီးခဲ့သော နှစ်ပေါင်းများစွာသည် ဗဟိုဦးစီးစနစ် ဖြစ်သည်။

ယနေ့ ရခိုင်ပြည်နယ် အစိုးရနှင့် ရခိုင်ပြည်နယ်လွှတ်တော် ပေါ်လာခဲ့သော်လည်း ဗဟိုက ချုပ်ကိုင်ထားဆဲဖြစ်သည်။ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် အတွက် ရခိုင်ပြည်နယ်က ရရှိသည့် ဘတ်ဂျက်သည် ပြည်ထောင်စု အစိုးရ ဘတ်ဂျက်၏ ဝ.၇ ရာခိုင်နှုန်း ကျပ်ငွေ ၁၃၀ ဘီလျံသာ ရှိသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်၊ မြို့နယ်ခွဲ ၃ မြို့နယ် စုစုပေါင်း မြို့နယ် ၂၀ အတွက် တမြို့နယ်လျှင် ပျမ်းမျှ ၆.၅ ဘီလျံ သာ ရှိသည်။ သို့ဖြစ်ရာ ပြည်နယ်အစိုးရ ဘတ်ဂျက်ဖြင့် လုပ်ငန်းကြီးများ မလုပ်နိုင်ပေ။

ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများ၏ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး မည်ရွေ့မည်မျှ သုံးစွဲ သည်ကို သီးခြားဖော်ပြမှု မတွေ့ရသဖြင့် ရခိုင်ပြည်နယ်အတွက် ပြည်ထောင်စုအစိုးရက စုစုပေါင်း မည်မျှ သုံးစွဲသည်ကို အများပြည်သူ လွယ်လင့်တကူ မမြင်သာနိုင်ပါ။

၂၀၁၅ နောက်ပိုင်းတွင် စစ်တွေမြို့ ခုတင် ၂၀၀ ဆေးရုံကို ခုတင် ၅၀၀ ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်တင်ခြင်း မြောက်ဦး အပါအဝင် အခြားမြို့များရှိ ဆေးရုံတချို့ကို ခုတင် ၂၀၀ ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်နေသော်လည်း ဆောက်လုပ်ဆဲ ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း သိသာသော အခြေခံ အဆောက်အအုံ တည်ဆောက်မှုသည် ၂၀၁၄ – ၂၀၁၅ အတွင်း ဆောက်လုပ် ပြီးစီးခဲ့သော ပုဏ္ဏားကျွန်း၊ အမ်းမြို့ ၊ ကျောက်ဖြူမြို့ နှင့် တောင်ကုတ်မြို့တို့ရှိ ၂၃၀ KV ဓာတ်အားခွဲရုံ ၄ ခုဟု ဆိုရမည်။

ထိုဓာတ်အားခွဲရုံ ၄ ခုကို မဟာ ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ပြီး ရခိုင်ပြည်နယ်အား လျှပ်စစ်မီးပေးခြင်း ဖြစ်သည်။

ထို မဟာဓာတ်အားလိုင်း ထဲသို့ ပြည်၊ အုတ်သျှစ်ပင် ၊ မင်းဘူး မန်းနှင့် ကျောက်ဖြူ သဘာဝဓာတ်ငွေ့ စက်ရုံတို့မှ လျှပ်စစ် ဓာတ်အား ပို့လွှတ်ပြီး ရခိုင်ပြည်နယ် အတွက် လျှပ်စစ်ဖြန့်ဝေသည်။

ကျောက်ဖြူတွင် ထုတ်လုပ်သည့် သဘာဝဓာတ်ငွေ့ စက်ရုံအတွက် ခွဲတမ်းအား ရွှေသဘာဝ ဓာတ်ငွေ့ ခွဲတမ်းမှ ရယူသည် ဟု ဆိုပါသည်။

အဆိုပါကျောက်ဖြူ စက်ရုံသည် ၉၀ MW အထိ ထုတ်လုပ်နိုင်သော်လည်း လက်ရှိအချိန်တွင် ၆၀ MW အထိသာ ထုတ်လုပ် သည်ဟု သိရသည်။

သို့ဖြစ်ရာ ၂၀၁၅ မတိုင်ခင် နှစ်ပေါင်းများစွာ ဒီဇယ်အင်ဂျင်ဖြင့်သာ အချိန်ပိုင်းမီးပေးနိုင်ပြီး မီတာခ ပြည်မထက်များစွာ မြင့်မား သော ရခိုင်ပြည်နယ်တွင် ၂၀၁၅ နောက်ပိုင်း ရခိုင်ပြည်နယ်မြို့ကြီး များစွာတွင် မီးရသည်ဟု ဆိုနိုင်သည်။

သို့သော် လက်ရှိအချိန်ထိ မဟာဓာတ်အားလိုင်း မရောက်သေးသော မြို့နယ်များမှာ မောင်တော၊ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တော နှင့် မာန်အောင်မြို့နယ်များ ဖြစ်သည်။

ထို့အပြင် လက်ရှိ မဟာဓာတ်အားလိုင်း ရောက်ရှိနေသော မြို့များမှလည်း မြို့နယ်တွင်းရှိ ကျေးရွာများသို့ လျပ်စစ် ဓာတ် အား ပေးရန် ၆၆ KV နှင့် ၁၁ KV ဓာတ်အားခွဲရုံများ တည်ဆောက်ရန်နှင့် ဓာတ်အားလိုင်း သွယ်တန်းရန် များစွာ ကျန်နေသေးသည်။

ရှေ့ကို မည်သို့ ဆက်လက် ဆောင်ရွက်မည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ လက်ရှိအစိုးရ၏ ထုတ်ပြန်ချက်များအရ ကမ္ဘာ့ဘဏ်၏ ချေးငွေဖြင့် နှစ်ကာလအဆင့်ဆင့် တည်ဆောက်သွားမည်ဟု ဆိုထားသည်ကိုသာ သိရသည်။

အထက်ပါ လျှပ်စစ် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း၊ မဟာဓာတ်အားလိုင်းမှ ရခိုင်ပြည်နယ်သို့ ၂၀၁၅ မှစ၍ ၂၄ နာရီ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးခြင်းသည် လွတ်လပ်ရေးရပြီး ၆၈ နှစ်အကြာတွင် တွေ့ရသော သိသာသည့် အပြောင်းအလဲ ဖြစ်ပေရာ ရွှေ သဘာဝဓာတ်ငွေ့ မှ ရသော မြင်သာသည့် တခုတည်းသော အကျိုးဖြစ်ထွန်းမှုဟု ဆိုရပါမည်။

အဆိုပါ မဟာဓာတ်အားလိုင်း ရခိုင်ပြည်နယ်အတွင်း သွယ်ယူနိုင်ရေး အတွက် ၂၀၁၂ ခုနှစ်တွင် ကျောက်ဖြူ လူထု တွေ့ဆုံ ပွဲ တခုတွင် CNPC ကုမ္ပဏီက မြန်မာအစိုးရသို့ အမေရိကန်ဒေါ်လာ ၁၀ သန်း လှူဒါန်းခဲ့သည်။

လက်ရှိ အခြေခံဥပဒေ အောက်တွင် ပြည်နယ်တခုတွင် ထုတ်ယူသော သဘာဝ သယံဇာတများအား သက်ဆိုင်ရာ ပြည်နယ် က မည်ရွေ့မည်မျှ ရယူရမည်ဟု ရာခိုင်နှုန်း ခွဲခြား သတ်မှတ် ပိုင်းခြားထားခြင်း မရှိပေ။ ဖက်ဒရယ် စံနှုန်းများနှင့် တိုင်းတာလျှင် လိုအပ်နေပေသေးရာ သဘာဝဓာတ်ငွေ့နှင့် ရေနံတင်ပို့မှု လုပ်ငန်းများမှ ရခိုင်ပြည်နယ်နှင့် ရခိုင်လူထု အတွက် မည်မျှအကျိုး ရှိသနည်း ဆိုသည်က မေးခွန်းတရပ်ဖြစ်နေဆဲ ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဒေသခံများ

ရွှေဂက်စ်ပိုက်လိုင်းသည် ရမ်းဗြဲကျွန်း ကျောက်ဖြူမြို့အနီး၌ ကုန်းပေါ်သို့ စတက်သည်။ ပိုက်လိုင်း ဖြတ်သန်းရာ တလျှောက် မြေယာများအား လျော်ကြေးပေး ဖြေရှင်းခဲ့သည်။ ကျောက်ဖြူမြို့နယ်အတွင်း အထက်တန်းကျောင်း အပါ အဝင် စာသင်ကျောင်း တချို့၊ ဆေးခန်းတချို့ ဆောက်လုပ်ပေးသည်ကို တွေ့ရသည်။ ကျောက်ဖြူ သည် ကိုလိုနီခေတ် ကတည်းက ဖွံ့ဖြိုးမှု ရှိသည့် မြို့ဖြစ်ပြီး အရေးပိုင် အုပ်ချုပ်သောမြို့ ဖြစ်သည်။

ရွှေဂက်စ် စီမံကိန်း ကျောက်ဖြူ မြို့နယ်အတွင်း အခြေစိုက်လုပ်ကိုင်၍ ပြောပလောက်သော ဖွံ့ဖြိုးမှုမှာ ၂၀၁၄ အကုန် ၂၀၁၅ မှစ၍ မဟာဓာတ်အားလိုင်းမှ ၂၄ နာရီ လျှပ်စစ်မီးရပြီး ပြည်မနှင့်တန်းတူ မီတာခ ပေးဆောင်ရခြင်းဟု ဆိုရမည်။ ကျောက်ဖြူ မြို့ပေါ် ၁၀ ရပ်ကွက် နှင့် မြို့နယ် အတွင်းရှိ ကျေးရွာ ၄၇ ရွာတွင် မီးရရှိပြီဟု ဆိုသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်များအတွင်း ကျေးရွာအရေအတွက် အများဆုံး လျှပ်စစ်မီး ရသည့်မြို့နယ်ဟု ဆိုနိုင်ပါမည်။

ဒေသခံများ အလုပ်အကိုင်ရမှုမှာ တည်ဆောက်ရေးကာလက အလုပ်ကြမ်းများတွင်သာ များပြီး လက်ရှိပုံမှန်ဖြစ်ချိန်တွင် အလုပ်အကိုင်ရမှု နည်းပါးသည်ဟု ဆိုသည်။

ထို့အပြင် ဒေဝူးနှင့်တရုတ် CNPC တို့၏ လှူဒါန်းမှုကြောင့် အထက်တန်း ကျောင်းဆောင်သစ် အလယ်တန်း ကျောင်းသစ် နှင့် ဆေးပေးခန်းများ ဆောက်လုပ်ပေးရာ ကျောက်ဖြူမြို့ ပညာရေးနှင့် ကျန်းမာရေး နယ်ပယ်တချို့တွင် ကောင်းမွန်သည့် ပတ်ဝန်းကျင် ရခဲ့သည်ဟု ဆိုနိုင်သည်။

ချုပ်၍ ဆိုလျှင် ရွှေဂက်စ် ရင်းနှီးမြှုပ်နှံမှုကြောင့် လျှပ်စစ်မီးရရှိမှုအပြင် ပညာရေး၊ ကျန်းမာရေး နယ်ပယ် တချို့၌ အကျိုး သက်ရောက်မှု တချို့ အနည်းငယ် ခံစားရသော်လည်း အခြားသိသာသော ထူးခြားသည့် ဖြစ်ထွန်းမှုမရှိ၊ ဒေသခံတို့ ၏ ဝင်ငွေ နှင့် အလုပ်အကိုင် အခွင့်အလမ်း သိသာစွာတိုးတက်မှု မရှိဟု ဒေသခံတို့က ရှုမြင်ကြပါသည်။

တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် မဒေးကျွန်း

ကျောက်ဖြူ မြို့မှ ၇ မိုင်ခန့် အကွာတွင်ရှိသော ကျောက်ဖြူ မြစ်၊ သံစိုက်မြစ် အလယ်တွင်ရှိသော အလျား ၃ မိုင် အနံ ၃ မိုင် ခန့်ရှိသည့် ကျွန်းငယ်လေးတခု ဖြစ်သည်။

ထိုကျွန်းငယ်လေးပေါ်တွင် ရွာ ၄ ရွာရှိသည်ဟု ဆိုနိုင်ပါသည်။ အိမ်ခြေ ၃၀၀ ခန့်ရှိသည့် ပြင်ရွာ၊ အိမ်ခြေ ၁၇၀ ခန့်ရှိသည့် ရွာမရွာ ၊ အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ကျောက်တန်းရွာနှင့် အိမ်ခြေ ၄၀ ခန့်ရှိသည့် ပန်းတိမ်ဆည် ရွာတို့ရှိပြီး စုစုပေါင်း အိမ်ခြေ ၇၁၀ ခန့်၊ လူဦးရေ ၃၀၀၀ ခန့် နေထိုင်ကြသည်။

မဒေးကျွန်းပေါ်တွင် လယ်ဧက ၁၀၀၀ ခန့်ရှိပြီး ကျွန်းပေါ်ရှိ ဒေသခံအားလုံး၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ရေလုပ်ငန်းနှင့် အသက် မွေး သူများဖြစ်သည်။

ထို မဒေးကျွန်းငယ်လေး ပေါ်တွင် တရုတ်အစိုးရပိုင် CNPC ၏ ကြီးမားသည့် တန်ချိန်သိန်းချီ တင်ဆောင်နိုင်သော ရေနံ တင် သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ရေနက်ဆိပ်ကမ်းတခု အပြင် ကြီးမားသည့် ရေနံလှောင်ကန် ၁၂ ကန် အပါအဝင် ရေနံပို့လွှတ်သည့် Gas Terminal ကြီးတခုအား ခန့်ညားထည်ဝါစွာ ဆောက်လုပ်နိုင်ခဲ့ကြသည်။

ညစဉ် မီးထိန်ထိန်ညီးလျက် ရှိသည်ကို ရင်သပ်ရှုမောဖွယ် မြင်တွေ့ရသည်။ အမေရိကန် ဒေါ်လာ ၁ ဘီလျံ ကျော် ရင်းနှီး မြှုပ်နှံ ထားသည့် လုပ်ငန်းကြီး တခု၏ အစိတ်အပိုင်း မဟုတ်ပါလော။

ထို တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုတို့နှင့်အတူ မဒေးကျွန်းသားများ မည်သည်တို့ကို စွန့်လွှတ်လိုက်ရ၍ မည်သည်တို့ကို ပြန်ရရှိ လိုက်ပါသနည်း။ ထိုရင်းနှီးမြှုပ်နှံမှုကြီးနှင့် မဒေးကျွန်းဒေသခံများ မည်သည်တို့ ဖွံ့ဖြိုးတိုးတက်လာသည်ကို စောကြော ကြည့် ကြရန် လိုပါသည်။

မဒေးကျွန်းပေါ်ရှိ တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုနှင့် မဒေးကျွန်းအတွက် ပြန်လည် လုပ်ဆောင်ပေးချက်များမှာ ရေတမံတခု တည်ဆောက်၍ ထိုဆည်ထဲမှ ရေအား တောင်ကုန်းအမြင့်တခုပေါ်ရှိ ကန်ထဲသို့မောင်းတင်ပြီး ထိုကန်မှတဆင့် ရွာများအား အလိုအလျောက် ရေစီးဆင်းစနစ်ဖြင့် သောက်သုံးရေ ဖြန့်ဝေပေးခြင်းကို ၂၀၁၃ ခုနှစ်မှစ၍ ဆောင်ရွက်ပေးသည်။

တောင်အောက်ဆည်ထဲမှ တောင်ပေါ်သို့ ရေမောင်းတင်သည့် တာဝန်အား တရုတ်တို့က ယူထားသည်။ ရွာများတွင် အများသုံး ရေဘုံဘိုင်များ တရွာလျှင် ၃ ခုမှ ၅ ခုအထိ ဆောက်လုပ်ပေးထားပြီး ရွာသားများက ရေဘုံဘိုင်မှ ခပ်ယူ သုံးစွဲနိုင်ကြသည်။

လျပ်စစ်မီးပေးခြင်းကို ၂၀၁၄ ခုနှစ် စ၍ ဆောင်ရွက်ပေးပြီး ရွာရှိအိမ်တိုင်းအတွက် CNPC မှ မီတာဘောက်စ် အလုံး ၇၁၀ လှူဒါန်းပေးခဲ့သည်။ မီတာခမှာ ပြည်မနှင့်အတူတူဖြစ်သည်။

သို့သော် ယခုအချိန်ထိ ၂၄ နာရီ မီးမပေးနိုင်သေးဘဲ ညစဉ် ၆ နာရီခွဲမှ ၁၀ နာရီခွဲ အထိ တရက်လျှင် ၄ နာရီ မီးပေးခဲ့သည်။

၂၀၁၅ ခုနှစ်တွင် မဒေးကျွန်းပေါ်ရှိ ရွာချင်းဆက် မြေသားလမ်း အရှည် ၂ မိုင်ခွဲခန့်အား CNPC မှ တာဝန်ယူ ဖောက်လုပ် ပေးခဲ့ သည်။

ထို့အပြင် မဒေးကျွန်းပေါ်ရှိ ရွာများတွင် မူလတန်း စာသင်ကျောင်ဆောင် ၃ ခု ဆောက်လုပ်လှူဒါန်းပေးခဲ့သည်။ မဒေးကျွန်း ပေါ်တွင် ဆက်သွယ်ရေး အဆင်ပြေစေရေး အတွက် MPT တာဝါတိုင်တခု ဆောက်လုပ်ရန် CNPC မှ အမေရိကန်ဒေါ်လာ ၃ သိန်း စိုက်ထုတ် ဆောက်လုပ်ပေးခဲ့သည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ်တွင် ပြည်နယ်အစိုးရ၏ ဘတ်ဂျက်ဖြင့် ကျပ်သိန်း ၉၇၀ အကုန်အကျခံပြီး ပြင်ရွာနှင့် ရွာမရွာအတွင်း အရှည် ပေ ၁၁၀၀ ရှိသည့် ကွန်ကရစ်လမ်း ခင်းပေးခဲ့ပြီး ကျပ်သိန်း ၄၂၀၀ ဘတ်ဂျက်ဖြင့် တာတမံ (ဒေသအခေါ် ကာရီ) တခု စတင် ဆောက်လုပ်ခဲ့ပြီး ယနေ့တိုင် အပြီးသတ်နိုင်ခြင်းတော့ မရှိသေးပေ။

မဒေးကျွန်း၌ CNPC/SEAGP အတွက် ရေနံလှောင်ကန်နှင့် အဆောက်အအုံများနှင့် ရေနံတင် သင်္ဘော ဆိုက်ကပ်နိုင်ရန် ကနဦး မြေသိမ်းဆည်းမှုမှာ ဧက ၁၇၀ ခန့်ရှိပြီး ဒေသခံများပိုင်သည့် လယ်မြေ ဧက ၇၀ ပါဝင်ခါ ကျန်မြေ ဧက ၁၀၀ ခန့် အား မြေလွတ်မြေရိုင်းဟု သတ်မှတ်သည်။

ထို့အပြင် ဒုတိယ မြေသိမ်းဆည်းမှုမှာ သောက်သုံးရေအတွက် ဆည်တမံ ဆောက်လုပ်ရန် မြေဧက ၆၀ ခန့် အသုံးပြုရာ တွင် ဒေသခံတို့၏ လယ်မြေ ဧက ၅၀ ခန့်ပါဝင်သည်။ ထိုလယ်မြေများအတွက် လျော်ကြေး ပေးရာတွင် လယ်တဧက ကျပ် ၁၈ သိန်း သတ်မှတ်ပြီး ၃ နှစ်စာ သီးနှံလျော်ကြေး အဖြစ် သိန်း ၃၀ စုစုပေါင်း တဧကလျှင် ကျပ် ၄၈ သိန်းအား နှစ်ရစ်ခွဲပြီး ပေးလျော်ခဲ့သည်။

တတိယ မြေသိမ်းဆည်းမှုမှာ ပိုက်လိုင်းမြှုပ်နှံရန် အတွက် အကျယ် ပေ ၆၀ ခန့်၊ အလျား ၃ မိုင်နီးပါးခန့် ဖြစ်သည်။ ထို အကြိမ်တွင် လျော်ကြေး ပေးအပ်ခဲ့သော်လည်း တွက်ချက်မှု ရှုပ်ထွေးပြီး ဒေသခံများကြား ရှင်းလင်းမှု မရှိပေ။

မဒေးကျွန်း မြေယာလျော်ကြေးငွေ

တတိယ အကြိမ် ပိုက်လိုင်းမြှုပ်နှံရာတွင် အသုံးပြုသော မြေယာအတွက် လျော်ကြေးပေးအပ်မှုမှာ ဒေသခံများကြား ရှင်းလင်းမှု မရှိသော လျော်ကြေးငွေဟု ဆိုနိုင်သည်။

ထို့အတွက် လျော်ကြေးငွေ ပေးအပ်ရာတွင် အစိုးရ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ MOGE နှင့် အိန္ဒိယ ကုမ္ပဏီမှ တာဝန် ရှိသူများ လာရောက်ပေးအပ်သည်ဟု ဆိုပါသည်။

တရုတ်ကုမ္ပဏီ ပါဝင်ခြင်းမရှိရာ ပိုက်လိုင်း တည်ဆောက်ရေး ကာလတွင် တရုတ်ဘက်က တာဝန်ယူပုံမရပေ။ သို့သော် လက်ခံရရှိသော ရွာသားများထံတွင် ခိုင်မာသော စာရွက်စာတမ်းများ မရှိပါ။ သာမန် စာရွက်အပိုင်းအစ များပေါ်တွင် ငွေ ပမာဏ ရေး၍ လျော်ကြေး ပေးထားသည်ကို တွေ့ရသည်။ မည်သို့မည်ပုံ သတ်မှတ်၍ လျော်ကြေးပေးသည်ကို ရွာသား များ မသိကြရပါ။

အတန်ငယ် အမြင်ကျယ်သော ရွာသားတဦးထံတွင် မြေယာလျော်ကြေးနှင့် ပတ်သက်သော တွက်ချက်ထားသည့် စာရွက် တရွက်သာ တွေ့ရှိရသည်။

အဆိုပါစာရွက်တွင် ဖော်ပြထားသည့် တွက်ချက်မှုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ပိုက်လိုင်း ဖြတ်သန်းရာတွင် ပါဝင် သည့် ဥယျာဉ်မြေ အနံ ၅၄ ပေ၊ အလျား ၄၂၀ ပေ ( ဝ.၈၇ ဧက ) အတွက် တွက်ချက်မှု ဖြစ်ပါသည်။

(က) ဥယျာဉ်(G) – ၃၆၀၀၀၀၀/ကျပ် × ၀ . ၈၇ ဧက × ၁ × ၀ . ၇၅ × ၁ = ၂၃၄၉၀၀၀/ကျပ်
(ခ) ငှက်ပျော – ၂၀၀၀/ကျပ် × ၁ ခိုင် × ၁၅၀ လတ် × ၀ . ၄ × ၅ နှစ် = ၆၀၀၀၀၀/ကျပ်
(ဂ) သီဟို – ၁၅၀၀/ကျပ် × ၁၀ ပိသာ × ၂၅ ပင် × ၀ . ၁ × ၅ နှစ် = ၁၈၇၅၀၀/ကျပ်
(ဃ) ရာဘာ – ၁၈၀၀/ကျပ် × ၈ ပေါင်× ၇၅ ပင် × ၀ . ၁ × ၅ နှစ် = ၅၄၀၀၀၀/ကျပ်
၁၈၀၀/ကျပ် × ၈ ပေါင် × ၁၀ ပေါက် × ၀ . ၀၅ × ၅ နှစ် = ၃၆၀၀/ကျပ်

မြေ+သီးနှံ = စုစုပေါင်း
၂၃၄၉၀၀ + ၁၃၆၃၅၀၀ = ၃၇၁၂၅၀၀/ ကျပ် ဟူ၍ တွေ့ရှိရသည်။

(က) ဥယျာဉ်မြေကို ကြည့်လျှင် တဧက ၃၆ သိန်းနှုန်းဖြင့် လျော်ကြေးပေးရာ ပိုင်ရှင်ဖြစ်သူမှာ ၀ . ၈၇ ဧက ရှိ၍ ထို ပိုင်ဆိုင် မှု နှင့် မြှောက်ပါက ထိုသူသည် ၃၁၃၂၀၀၀/ကျပ် ရရှိမည်ဖြစ်သော်လည်း ၀ . ၇၅ နှင့် ထပ်မြှောက်သဖြင့် ထိုငွေ၏ ၇၅ ရာခိုင် နှုန်း ဖြစ်သော ၂၃၄၉၀၀၀/ကျပ်သာ ရရှိသည်ကို တွေ့ရသည်။ အဘယ်ကြောင့် ၀ . ၇၅ နှင့်မြှောက်၍ လျော်ကြေး ငွေ ပေးခဲ့ သနည်းကို မည်သူမျှ ရှင်းလင်းစွာ မသိပေ။

(ခ) ငှက်ပျောကို ကြည့်လျှင် ငှက်ပျော တခိုင်လျှင် ၂၀၀၀ ကျပ်နှုန်းနှင့် အပင် ၁၅၀ အတွက် ၅ နှစ်စာ လျော်သည်ကို ဖော် ပြ ထားရာ ထိုအတိုင်းဆိုလျှင် ၁၅ သိန်းရမည် ဖြစ်သော်လည်း ၀ . ၄ နှင့် ထပ်မြှောက်ထားရာ အဆိုပါငွေ၏ ၄၀ ရာခိုင်နှုန်း ဖြစ်သော ၆ သိန်းသာ ရသည်ကိုတွေ့ရသည်။

(ဂ) သီဟိုတွင်လည်း သီဟိုစေ့ တပိဿာ ၁၅၀၀ ကျပ်နှုန်းနှင့် တပင်လျှင် ၁၀ ပိဿာ ထွက်ရှိသည့်အပေါ် အခြေခံ၍ ၅ နှစ် စာ တွက်ချက်ထားသော်လည်း ၀ . ၁ နှင့် ထပ်မြှောက်ထား၍ ရသင့်ငွေ၏ ၁၀ ရာခိုင်နှုန်းသာ ရရှိသည်။

(ဃ) ရာဘာတွင် ပင်ကြီးနှင့် ပင်ပေါက်ခွဲ၍ ၁၀ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်းသာ တွက်ချက်ပေးသည်ကို၎င်း တွေ့ရှိရသည်။

မည်သို့ တွက်ချက်သည်ကို မည်သည့်ရွာသားမျှ ရှင်းလင်းစွာ မသိကြပေ။ အထက်ပါ တွက်ချက်မှုတွင် ပါဝင်သော ၀ . ၇၅ ၊ ၀ . ၄ ၊ ၀ . ၁ ၊ ၀ . ၀၅ စသည့် ကိန်းဂဏန်းများကို ရှင်းလင်းစွာ သိသူမရှိချေ။

CNPC နှင့်နီးစပ်သူတဦး၏ အဆိုအရ ပိုက်လိုင်းမြှုပ်နှံသည့် မြေဧရိယာများနှင့် ပတ်သက်၍ မြေယာလျော်ကြေး ပေးရာတွင် အပြည့်အဝ ပေးခြင်းမရှိဟု ဆိုသည်။

အကြောင်းမှာ ထိုမြေများပေါ်တွင် အပင်ကြီးများမှအပ အခြားရာသီပင်များ စိုက်ပျိုးရန် မူလပိုင်ရှင်များအား ပြန်လည် ခွင့်ပြု မည်ဖြစ်ရာ မြေအမျိုးအစားအလိုက်၊ သီးနှံအမျိုးစားအလိုက် မူသေ သတ်မှတ်ထားသည့် နှုန်း၏ ရာခိုင်နှုန်း ခွဲခြား သတ် မှတ် သည့် အချိုးအစားအတိုင်း လျော်ကြေးပေးသည်ဟု သိရသည်။

သို့သော် လက်တွေ့ လျော်ကြေးပေးရာတွင် ဤသို့ပိုင်းခြား သတ်မှတ်မှုနှင့် ပတ်သက်၍ ဒေသခံများကြား ရှင်းလင်းမှု မရှိပေ။

ဆက်လက်ဖော်ပြပါမည်။

(မောင်မောင်စိုးသည် ရန်ကုန်အခြေစိုက် ဖယ်ဒရယ်နှင့် တိုင်းရင်းသားရေးရာ သုတေသီတဦး ဖြစ်သည်)

ဆက်စပ်ဖတ်ရှုရန် – ရခိုင်ပြည်နယ်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြဿနာ (အပိုင်း – ၁)

From : ဧရာဝတီ by မောင်မောင်စိုး

Originally published at - burma.irrawaddy.com

Read More »

ရခိုင်ပြည်နယ်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြဿနာ (အပိုင်း - ၁)


ကျောက်ဖြူ စီမံကိန်းမှ တရုတ်ရေနံလှောင်ကန်များ


ယနေ့ ရခိုင် ပြည်နယ်တွင် ရင်းနှီး မြှုပ်နှံမှု အများဆုံး ဝင်ရောက် နေပြီး ဝင်ရောက်ရန် တာစူ နေဆဲ မှာလည်း တရုတ် ရင်းနှီး မြှုပ်နှံမှု များဟု ဆိုရမည်။

ကမ်းလွန် ရွှေသဘာဝ ဓာတ်ငွေ့ လုပ်ကွက်မှ ဓာတ်ငွေ့ တူးဖော်သည့် လုပ်ငန်းတွင် ကိုရီးယား၊ အိန္ဒိယ စသည့်နိုင်ငံများ အစုရှယ်ရာ ပါဝင်ကြသော်လည်း ရခိုင် လူထုနှင့် ဗမာပြည်မ လူထု၏ အမြင်တွင် တရုတ်တို့ ကိုသာ အာရုံစူးစိုက် ထားခြင်း ခံရသည်မှာလည်း တရုတ်တို့၏ ထူးခြားချက်ဟု ဆိုရပါမည်။

ထိုထူးခြားချက်ကို တရုတ်တို့ ကောင်းစွာ သဘောပေါက်ရန် လိုအပ်ပေသည်။ ထိုသို့ တရုတ်တို့အား အာရုံစိုက်ခြင်း၊ တရုတ် ရင်းနှီးမြှုပ်နှံများကို ဆန့်ကျင်နေ ခြင်းသည် တရုတ်တို့အား လူမျိုးရေးအရ ဆန့်ကျင်ခြင်းတော့ မဟုတ်ပေ။

အဓိကအားဖြင့် နိုင်ငံရေးအရ ယုံကြည်မှုကင်းမဲ့ခြင်းကြောင့် ဖြစ်သည်။ ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး နဝတ စစ်အစိုးရ တက်လာပြီး နောက်ပိုင်း တရုတ် အစိုးရသည် စစ်အစိုးရနှင့်ပေါင်း၍ စီးပွားရေးလုပ်ငန်းများ လုပ်ခဲ့သည်။

တဖက်ကလည်း စစ်အစိုးရကို စစ်လက်နက်ပစ္စည်း ရောင်းချ ပေးခဲ့သည်။ နိုင်ငံရေးအရ ကုလသမဂ္ဂတွင် ဗီတိုအာဏာ သုံး၍ မြန်မာစစ်အစိုးရကို ကျားကန် ပေးခဲ့သည်။

သို့ဖြစ်ရာ ဗမာပြည်လူထုနှင့် ရခိုင်လူထုကြားတွင် တရုတ်တို့သည် သူတို့၏အကျိုးစီးပွား အတွက် အာဏာရှင်များနှင့် ပူးပေါင်း သူများ ဖြစ်ကြသည်။ အာဏာရှင်များကို ကာကွယ်ပေးကြသူများ ဖြစ်သည်။

လူထု၏ ဒီမိုကရေစီရေးနှင့် ပတ်သက်၍ လည်းကောင်း၊ လူ့အခွင့်အရေးနှင့် ပတ်သက်၍ သော်လည်းကောင်း၊ လူထု၏ အကျိုးစီးပွားနှင့် ပတ်သက်၍ လည်းကောင်း မျက်ကွယ်ပြုကာ အာဏာရှိသူများနှင့်သာ ပူးပေါင်း၍ စီးပွားရှာကြသူများ၊ လူထု အကျိုးစီးပွားကို မျက်ကွယ်ပြုထားကြသူများ အဖြစ် လူထုက မြင်ကြသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်တွင်လည်း လာရောက်ရင်းနှီးမြှုပ်နှံကြသည့် တရုတ်ကုမ္ပဏီများကို ရခိုင်လူထုက အလေးထား အာရုံစိုက်နေကြခြင်း ဖြစ်ပေသည်။

ထို့အပြင် အခြားတိုင်းရင်းသား ပြည်နယ် တခုဖြစ်သော ကချင်ပြည်နယ်တွင် တရုတ်တို့ တည်ဆောက်ရန် ကြံရွယ်သည့် မြစ်ဆုံ စီမံကိန်းနှင့်ပတ်သက်၍လည်း လူထုဆန့်ကျင်မှု ဂယက်က ကြီးမားသည့်အပြင် မြစ်ဆုံ စီမံကိန်း၌သာမက လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းတွင်လည်း တရုတ်ကုမ္ပဏီတို့ လူထုကြား တွင် နာမည်ကောင်း ရရှိထားခြင်း မရှိပေ။

သို့ဖြစ်ရာ ရခိုင်တွင် လာရောက်လုပ်ကိုင်ရန် ကြံရွယ်နေသည့်၊ လုပ်ကိုင်နေကြသည့် တရုတ်အစိုးရ ကုမ္ပဏီကြီးများ အနေဖြင့် ယင်းအခြေအနေကို ကောင်းစွာ လေးလေးနက်နက် သဘောပေါက်ကြရန် လိုအပ်သည်။

ဤအချက်ကို တရုတ်တို့သည်လည်း သဘောပေါက်ပုံရသည်။ ယခင် တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်း အစီအစဉ်ဖြင့် ရာနှင့်ချီသော မြန်မာကျောင်းသား များကို တရုတ်ပြည်သို့ အတတ်ပညာဆိုင်ရာ သင်တန်းကျောင်းများသို့ ၄ နှစ် ပညာတော်သင် စေလွှတ်ရေး အစီအစဉ်တခုအား မြန်မာပြည်ပညာရေး ဝန်ကြီး ဌာနနှင့်ပူးပေါင်း၍ ၂၀၁၅ – ၂၀၁၆ အတွင်း က ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။

အလားတူ လက်ရှိ မြန်မာပြည်ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်၏ အစီအစဉ်ဖြင့် တရုတ် – မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းများ ဟူသည့် အမည်ဖြင့် မြန်မာပညာရေး ဝန်ကြီးဌာနသို့ စာသင်ကျောင်း ၁၃ ကျောင်း ဆောက်လုပ် လှူဒါန်းသည့် အစီအစဉ်တရပ် ဆောင်ရွက်နေပြီး ယခုအခါ စာသင် ကျောင်း ၉ ကျောင်း ဆောက်လုပ် လှူးဒါန်း ပြီး ဖြစ်သည်။

လက်ရှိ လုပ်ငန်းလုပ်နေသည့် တရုတ်ကုမ္ပဏီများကလည်း လူမှုရေးလုပ်ငန်းကို ခေါင်းစဉ်တခု ဘတ်ဂျက်တခု သတ်မှတ်၍ လုပ်ကိုင်နေသည်ကို တွေ့ရသည်။

တကယ်တမ်းအားဖြင့် ရခိုင်ကမ်းလွန်တွင် လာရောက်ရင်းနှီးမြှုပ်နှံနေသော အခြား နိုင်ငံတကာ ကုမ္ပဏီများစွာ ရှိပါသေး သည်။

စွမ်းအင်ကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် Stat Oil Myanmar Private Ltd နှင့် Conocophillips MyanmarE&P Pte.Ltd က ရခိုင် ကမ်းလွန်ဒေသ ရေနက်ပိုင်းလုပ်ကွက် AD 10 တွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ရှာဖွေ ရေး အတွက် အမေရိကန် ဒေါ်လာသန်း ၃၂၃.၆၅ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသည်။

အလားတူပင် Woodside Energy Myanmar Pte.Ltd နှင့် BG Exploration & Production Myanmar Ltd တို့ ပူးပေါင်း ပြီး ရခိုင်ကမ်းလွန်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးအတွက် ဒေါ်လာ ၂၉၀.၁ သန်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက် ရှိသည်။

၂၀၁၆ – ၂၀၁၇ အတွင်း ရခိုင်ပြည်နယ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု ၂၇ ခု၊ သတ္တု တူးဖော်ရေး လုပ်ငန်း ၁ ခုနှင့် အခြားလုပ်ငန်း ၁ ခု ၊ စုစုပေါင်း ၂၉ ခုတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၂၅၉.၄၈၃ သန်း ရင်းနှီးမြှုပ်နှံလျက် ရှိသည်ဟု ဆိုပါသည်။

သို့ဖြစ်ရာ အဓိက ရခိုင်ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းတွင် တရုတ်တို့သာမက အခြား နိုင်ငံများ ကလည်း များစွာ ရင်းနှီးမြှုပ်နှံလျက် ရှိသည်ဟု ဆိုရမည်။

သို့သော် ထိုကုမ္ပဏီအများစုသည် ကမ်းလွန် ပင်လယ်ပြင်အတွင်း၌သာ ရှိနေသေးပြီး ဒေသခံလူထုနှင့် ထိပ်တိုက် ဆက်စပ် မှု မရှိသေးဘဲ တရုတ်ကုမ္ပဏီ တို့သာ ဒေသခံတို့ နှင့် ဆက်စပ်နေ၍ ရခိုင်ဒေသခံတို့ အတွက် တရုတ်တို့အပေါ် ပို၍ အာရုံ စိုက်နေသည်ဟု ဆိုရပါမည်။

သို့သော် ရခိုင်ဒေသခံတို့နှင့် ထိတွေ့နေသော ကိုရီးယား ဒေဝူးကုမ္ပဏီသည် တရုတ် ကုမ္ပဏီကဲ့သို့ လူထုအာရုံစိုက်ခြင်း မခံရပေ။

ရွှေ သဘာဝဓာတ်ငွေ့ လုပ်ငန်း

ရခိုင်ပြည်နယ် ကမ်းလွန်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းသည် ရခိုင်တွင် ရှေးဦးရောက်ရှိလာသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။

လက်ရှိရွှေ သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ရွှေ၊ ရွှေဖြူ နှင့် မြ ကမ်းလွန်လုပ်ကွက်များ ပါရှိပြီး ကမ်းလွန် လုပ်ကွက် A 1 နှင့် A 3 တို့တွင်ဖြစ်သည်။

အဆိုပါ လုပ်ကွက်များသည် စစ်တွေ အနောက်ဘက် ဘင်္ဂလားပင်လယ်အော် အတွင်း၌ တည်ရှိသည်။ ထို လုပ်ကွက်အား POSCO subsidairy DAEWOO International မှ ခေါင်းဆောင်ပြီး ကုမ္ပဏီ ၆ ခုပါဝင်သည်။

၎င်းကုမ္ပဏီများမှာ ကိုရီးယားမှDAEWOO International ၊ Myanmar Oil and Gas Enterprise (MOGE) ၊ Oil and Gas Corporation (ONGC) Videsh ၊ Gas Authority of India (GAIL) ၊ Korea Gas Corporation KOGAS နှင့် China National Prtroleum Corporation (CNPC) တို့ ဖြစ်ကြသည်။

ထို့ကြောင့်လည်း သဘာဝဓာတ်ငွေ့ လုပ်ကွက်မှ ဓာတ်ငွေ့ကို ပိုက်လိုင်းသွယ်တန်း၍ ရမ်းဗြဲကျွန်းပေါ်သို့ ကျောက်ဖြူ မြို့ အနီးမှ ကုန်းပေါ်သို့ သွယ်တန်းယူပြီး OGT ခေါ် Offshore Gas Terminal အထိ အဆိုပါ ကုမ္ပဏီ ၆ ခု ရှယ်ရာပါဝင်သည့် ကုမ္ပဏီကြီးမှ တာဝန်ယူခဲ့သည်။

ထိုကမ်းလွန် ရွှေ သဘာဝဓာတ်ငွေ့ကို ဝယ်ယူသည်မှာ CNPC မှ ဖြစ်သည်။ ကမ်းလွန်မှ ထုတ်လုပ်သော ဓာတ်ငွေ့ ပိုက် လိုင်း ကို ကျောက်ဖြူ မြို့အနီးရှိ Offshore Gas Terminal (OGT) သို့ ပင်လယ်ကြမ်းပြင် အတိုင်း သယ်ယူလာပြီး ထိုမှ တဆင့် တရုတ်ပြည်သို့ ပို့လွှတ်သည်။

အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်၍ မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် တရုတ် CNPC တို့ ပူးတွဲ လုပ်ဆောင်ကြသည်။

၂၀၀၄ ခုနှစ်က ရွှေ သဘာဝဓာတ်ငွေ့ တွေ့ရှိပြီး ၂၀၀၈ နှစ်ကုန်ပိုင်းတွင် တရုတ်တို့က ဓာတ်ငွေ့ ဝယ်ယူရန် အနှစ် ၃၀ စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ပေါ်လာခဲ့ခြင်းဖြစ်သည်။

လက်ရှိ မဒေးကျွန်းရှိ Gas Terminal တွင် CNPC နှင့် MOGE တို့ ပူးပေါင်း လုပ်ဆောင်နေသည်ဟု ဆိုသည်။ လက်ရှိတွင် မဒေးကျွန်းပေါ်ရှိ ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်း ပြီးစီးသွားပြီ ဖြစ်၍ အိန္ဒိယကုမ္ပဏီမှာ မဒေးကျွန်းမှ ပြန်လည် ထွက်ခွာ သွားပြီဖြစ်သောကြောင့် လက်ရှိ မဒေးကျွန်း၌ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသော နိုင်ငံခြားကုမ္ပဏီမှာ တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီ သာ ရှိပေတော့သည်။

ကိုရီးယား၊ အိန္ဒိယ၊ တရုတ်နှင့် မြန်မာအစိုးရပိုင် MOGE အပါအဝင် ကုမ္ပဏီ ၆ ခု၏ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေမှုသည် ကမ်းလွန် သဘာဝ လုပ်ကွက်နှင့် ကျောက်ဖြူ အနီးရှိ OGT တို့ ဖြစ်သည်ဟု ပိုင်းခြား တွေ့ရှိနိုင်သည်။

ကျောက်ဖြူ မှ တရုတ်ပြည် ရွှေလီအထိ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေးနှင့် ပို့လွှတ်ခြင်း လုပ်ငန်းများကို မြန်မာ အစိုးရပိုင် MOGE နှင့်တွဲ၍ တရုတ်အစိုးရပိုင် CNPC က အဓိက လုပ်ဆောင်လျက် ရှိပေသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက တရုတ် – မြန်မာ သဘောတူညီချက်အရ အမေရိကန် ဒေါ်လာ ၁.၀၄ ဘီလျံ တန်ဖိုးရှိ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ကျောက်ဖြူမှ တရုတ်ပြည်အထိ ၄၇၉ မိုင်(၇၇၁ ကီလို) ရှည်လျားသည်။ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းသည် ၂၀၁၃ ဇွန် ၁၂ ရက်တွင် ပြီးစီးပြီး ဓာတ်ငွေ့ ပို့လွှတ်မှုကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၁ ရက် တွင် စတင်ခဲ့သည်။

ထို ရွှေ သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ တနှစ်လျှင် သဘာဝဓာတ်ငွေ့ ၁၂ ဘီလီလျံ ကုဗပေ ပို့ဆောင်နိုင်ပြီး ရောင်းရငွေနှင့် ပတ်သက်၍ တစ်ကုဗမီတာ ယူနစ်လျှင် အမေရိကန်ဒေါ်လာ ၇.၇၂ ဒေါ်လာနှုန်းဖြင့် ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့၏ တွက်ချက် ထားမှုအရ မြန်မာနိုင်ငံအနေနှင့် နှစ်စဉ် အမေရိကန် ဒေါ်လာ ၁.၈၇ ဘီလျံ ခန့် နှစ် ၃၀ ရရှိမည်ဟု ဆိုပါသည်။

ထို့အပြင် မြန်မာပြည် အတွက် ထိုသဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ နေ့စဉ် ကုဗပေ သန်း ၁၀၀ ဝယ်ယူခွင့်ရယူထားပြီး ကျောက်ဖြူ၊ ကျောက်ဆည်၊ တောင်သာ တို့တွင် စက်ရုံ ၃ ရုံ တည်ဆောက်၍ လျှပ်စစ် ထုတ်ယူလျက် ရှိသည်။

အဆိုပါ သဘာဝဓာတ်ငွေ့ ခွဲတမ်း ကုဗသန်း ၁၀၀ ခွဲတမ်းမှ ထုတ်ယူသုံးစွဲမှုသည် ကျောက်ဖြူ သဘာဝဓာတ်ငွေ့ ထုတ်ယူ ရေး ခွဲရုံမှ တရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၅ သိန်း ၈ သောင်း၊ မန္တလေး ထုတ်ယူရေးခွဲရုံမှ တရက်လျှင် ကုဗမီတာ ၇ သိန်း ၄ သောင်း၊ တောင်သာ ထုတ်ယူရေးခွဲရုံမှ တရက်လျှင် ကုဗမီတာ ၁ သန်း၊ ရေနံချောင်း ထုတ်ယူရေး ခွဲရုံမှ တရက်လျှင် ကုဗမီတာ ၅ သောင်း ၆ ထောင် ထုတ်ယူသုံးစွဲနေသည်။

ထုတ်လုပ်နေသော သဘာဝဓာတ်အား ပမာဏများမှာ ကျောက်ဖြူ မြို့နယ်တွင် V Power ကုမ္ပဏီ မှ ၆၀ MW (၉၀ MW ထိ ထုတ်လုပ်နိုင်သည်ဟုဆို) ထုတ် လုပ် သည့် စက်ရုံ ၁ ရုံ၊ တောင်သာ မြို့နယ်တွင် V Power ကုမ္ပဏီ မှ၁၃၃ MW ထုတ် လုပ် သည့် စက်ရုံ တရုံနှင့် Agrico ကုမ္ပဏီမှ ၉၀ MW ထုတ်လုပ် သည့် စက်ရုံတရုံ ၊ ကျောက်ဆည်မြို့နယ်တွင် ၈၀ MW ထုတ်လုပ်သည့်စက်ရုံ တရုံ တည်ဆောက်ပြီးစီး၍ အသုံးပြုနေပြီဖြစ်ကာ တောင်သာမြို့နယ်တွင် Semp Corp က တည် ဆောက်နေဆဲ ၂၂၅ MW စက်ရုံ တရုံရှိပြီး ရွှေသဘာဝ ဓာတ်ငွေ့ သုံးစွဲထုတ်လုပ်သည့် စက်ရုံများထဲတွင် အကြီးဆုံးဖြစ် သည်။

ထိုစက်ရုံသည် ၂၀၁၈ ခုနှစ် မေလတွင် ပြီးစီးမည်ဟု သိရသည်။

ရေနက်ဆိပ်ကမ်းနှင့် ရေနံပိုက်လိုင်း

ရခိုင်ကမ်းလွန်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို ရောင်းချနိုင်ရန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းခြင်းသည် သဘာဝကျသည်ဟု ဆိုနိုင်သည်။

သို့သော် ရေနံပိုက်လိုင်း သွယ်တန်းခြင်းနှင့် ရေနံတင်သင်္ဘော ဆိုက်ကပ်နိုင်ရန် ဆိပ်ကမ်း ဆောက်လုပ်ခွင့် ပြုခြင်းသည် တရုတ် တို့၏ အကျိုးစီးပွား အတွက် ရခိုင်ဒေသတွင် ရင်းနှီးမြှုပ်နှံမှု ပေးခြင်း သက်သက်ဖြစ်သည်။

အဆိုပါ ရေနံသည် ရခိုင်ဒေသထွက် ပစ္စည်းမဟုတ်ပေ။ အရှေ့အလယ်ပိုင်း ဒေသရှိ ရေနံထွက်နိုင်ငံများမှ ဝယ်ယူလာသော ရေနံများကို တရုတ်တို့ ပင်လယ်ပြင်အား တကွေ့တပတ်ဖြတ်၍ သယ်ဆောင်စရာမလိုဘဲ ဖြတ်သန်း ပို့ဆောင်နိုင်ရန် ခွင့်ပြု ပေးခဲ့ခြင်း ဖြစ်သည်။

တရုတ်တို့ အတွက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့်အတူ ရေနံပိုက်လိုင်းပါ တပါတည်း သွယ်တန်းခွင့်ရသဖြင့် တည် ဆောက်ရေး စရိတ်နှင့် ပိုက်လိုင်းဖြတ်သန်းရာ နယ်မြေတလျှောက် မြေယာလျော်ကြေး ပေးရာတွင်လည်း သက်သာခဲ့ သည်။

ထို့အပြင် ဤသို့ ရေနံပိုက်လိုင်း ဖြတ်သန်းခွင့်ပေးခြင်း အတွက် မြန်မာဘက်က ထပ်မံ၍ မဒေးကျွန်းတွင် ရေနံတန်ချိန် သိန်းချီ တင်ဆောင်နိုင်သည့် ရေနံတင်သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတခု ဆောက်လုပ်ခွင့် ပြုခဲ့ရသည်။

မြန်မာ့ ပင်လယ်ရေပိုင်နက်အပြင် ပင်လယ်မှ မဒေးကျွန်းသို့ ဝင်ရောက်သည့် ကျောက်ဖြူ မြစ်၊ သံစိုက်မြစ် ရေလမ်းကြောင်း အား ထိုပင်လယ်ကူးရေနံတင် သင်္ဘောကြီးများ ဝင်ရောက်ခွင့်လည်း ပေးခဲ့ရသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း တရုတ် – မြန်မာ သဘောတူညီချက်အရ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီလျံ တန်ဖိုးရှိ ရေနံပိုက်လိုင်းအား သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းနှင့်အတူ တည်ဆောက်ခဲ့သည်။

ရေနံပိုက်လိုင်းမှာ ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်း ပြီးစီးခဲ့ပြီး ၂၀၁၇ ခု မေလ ၂ ရက်နေ့တွင် ရေနံ စတင်ပို့လွှတ်ခဲ့သည်။

ရေနံပိုက်လိုင်းမှ တရက်လျှင် ရေနံစည် ၂၄၀၀၀၀ စည်၊ တနှစ်လျှင် တန်ချိန် ၁၃ သန်း ပို့ဆောင်နိုင်သည်ဟု ဆိုသည်။ တည်ဆောက်ရာတွင် တန်ချိန် ၂၂ သန်းခန့် ပို့ဆောင်နိုင်ရန် ရည်ရွယ် တည်ဆောက်ခဲ့သည်ဟု သိရသည်။

ရေနံပို့ဆောင် ဖြတ်သန်းခအနေနှင့် တတန်လျှင် ၁ ဒေါ်လာနှုန်းနှင့် တနှစ်လျှင် ဒေါ်လာ ၁၃.၆ သန်း မြန်မာပြည်က ရရှိမည် ဟု ဆိုသည်။

ထို့အပြင် ပိုက်လိုင်းဖြတ်သန်းခ အဖြစ် တနှစ်လျှင် ဒေါ်လာ ၆.၀၉ သန်းအပြင် ရေနံစိမ်း ပို့ဆောင်ခ တတန်လျှင် ၃၁.၅၆ ဒေါ်လာမှ မြန်မာပြည် MOGE ထည့်ဝင်အချိုးအတိုင်း ရရှိမည်ဟု သိရသည်။

အဆိုပါရေနံ ပိုက်လိုင်းမှ ပို့ဆောင်သည့် ရေနံပမာဏ ၏ ၁၀ ရာခိုင်နှုန်း ခန့်ကို (တန်ချိန် ၂ သန်းခန့်) နှစ်စဉ် မြန်မာနိုင်ငံက ဝယ်ယူ သုံးစွဲနိုင်မည်ဟုလည်း ဆိုပါသည်။

သို့သော် ရေနံတင်ဆိပ်ခံ ဆောက်လုပ်ခွင့်ပြုခြင်း၊ အသုံးပြုခြင်း၊ ရေကြောင်း အသုံးပြုခြင်းတို့ အတွှက် မြန်မာဘက်မှ မည်မျှ ရသည်ဆိုသည်ကို ဖော်ပြခြင်း မတွေ့ရပါ။

လက်ရှိ ဖော်ပြထားသော ကိန်းဂဏန်းများအရ တနှစ်လျှင် ရေနံတန်ချိန် အနည်းဆုံး တန်ချိန် ၁၃ သန်းခန့် ပို့လွှတ်မည်ဟု ဆိုရာ ရေနံတန်ချိန် ၁ သိန်း တင်ဆောင်နိုင်သည့် ရေနံတင်သင်္ဘော အစီး ၁၃၀ ခန့် နှစ်စဉ် မြန်မာ့ရေလမ်းကြောင်း အတွင်း ဝင်ထွက်တော့မည် ဖြစ်သည်။

သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သဘောတူညီချက်အား ၂၀၀၈ ခုနှစ် နိုဝင်ဘာတွင် ရရှိခဲ့ပြီး ထိုတည်ဆောက်မှု သဘော တူညီချက် လက်မှတ်ရေးထိုးမှုကို ၂၀၀၉ ခုနှစ် မတ်လမှာ ပြုလုပ်ခဲ့ပါသည်။

၂၀၀၉ ခုနှစ် ဇွန်လမှာ ရေနံပိုက်လိုင်း တည်ဆောက်ရေး သဘောတူညီချက် ရရှိခဲ့ပြီး ပိုက်လိုင်း စတင်တည်ဆောက်သည့် အခမ်းအနားကို ၂၀၀၉ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် မဒေးကျွန်း၌ ပြုလုပ်ခဲ့သည်။

နောက်ဆက်တွဲ အနေနှင့် တရုတ် – မြန်မာ ဆက်ဆံရေးတွင် မြင်ရသည်မှာ ၂၀၁၀ ဧပြီလတွင် တရုတ်အစိုးရက မြန်မာ နိုင်ငံ ကို နှစ် ၃၀ အတွင်း အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံတန် ချေးငွေ ထုတ်ချေးရန် သဘောတူခဲ့သည်။

ထိုချေးငွေများကို မြန်မာက ရေအားလျပ်စစ် စက်ရုံစီမံကိန်းများ၊ ကားလမ်း ရထားလမ်း တည်ဆောက်ရေးများ သတင်း နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် အသုံးပြုမည်ဟု ဆိုပါသည်။

အထက်ပါ အတိုးမဲ့ချေးငွေဆိုင်ရာ သဘောတူညီချက်သည် ရေနံပိုက်လိုင်း တည်ဆောက်ရေး သဘောတူညီချက်၏ နောက်ဆက်တွဲ သဘောတူညီချက် ဖြစ်ပုံရသည်ဟု ခန့်မှန်း သုံးသပ်ရပါသည်။

ရေနံပိုက်လိုင်း တည်ဆောက်ပြီးစီး၍ ရေနံစမ်းသပ် ပို့လွှတ်ခြင်းကို၂၀၁၅ ခုနှစ်အတွင်းက ပြုလုပ်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် မဒေးကျွန်းသို့ ရေနံတင်သင်္ဘော Xin Run Yang ဆိုက်ကပ်ပြီး ရေနံစမ်းသပ် ပို့လွှတ်ခဲ့သည်။

တရားဝင် ရေနံပို့လွှတ်ရေး သဘောတူညီချက်ကို သမ္မတ ဦးထင်ကျော်၏၂၀၁၇ ဧပြီလ တရုတ်ပြည် ခရီးစဉ်တွင် ချုပ်ဆို နိုင်ခဲ့သည်။

၂၀၁၇ ခု ဧပြီ ၉ ရက်တွင် ရေနံတင်သင်္ဘော United Dynamic ဆိုက်ကပ်ပြီး ရေနံပို့လွှတ်ခြင်းကို၂၀၁၇ ခုနှစ် မေလ ၂ ရက် က စတင်ပြုလုပ်ခဲ့သည်။ မြန်မာ – တရုတ် ပိုက်လိုင်း စီမံကိန်း နမ့်ခမ်း (တရုတ် – မြန်မာနယ်စပ်သို့) ၂၀၁၇ ဧပြီ ၁၉ ရက်နေ့တွင် ရောက်ရှိပြီး ၁၇ ရက်ခန့် ကြာမြင့်ခဲ့သည်။

ထို့နောက် ရေနံတင်သင်္ဘောများ မဒေးကျွန်းသို့ ဆက်တိုက် ဆိုက်ကပ်လာရာ ၂၀၁၇ မေလမှစ၍ ယခုအချိန်ထိ ၆ စီး ဆက်လက် ဝင်ရောက်ခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။

(မောင်မောင်စိုးသည် ရန်ကုန်အခြေစိုက် ဖယ်ဒရယ်နှင့် တိုင်းရင်းသားရေးရာ သုတေသီတဦး ဖြစ်သည်)

From : ဧရာဝတီ by မောင်မောင်စိုး

Originally published at - burma.irrawaddy.com

Read More »

Wednesday, November 09, 2016

လူထုကို မဆွဲဆောင်နိုင်သေးတဲ့ ရန်ကုန် စတော့ အိတ်ချိန်း




လူတွေ ပျားပန်းခပ် လှုပ်ရှားနေတဲ့ ရန်ကုန်မြို့လယ်က မြန်မာနိုင်ငံရဲ့တစ်ဦး တည်းသော ငွေကြေး ဈေးကွက် တရားဝင် ရောင်းဝယ် ဖောက်ကားရာ ကြီးမားတဲ့ အဆောက် အအုံ တစ်ခုထဲက မြင်ကွင်းဟာ ခြောက်ကပ် တိတ်ဆိတ် နေတာက ရုတ်တရက် ယုံကြည်နိုင်စရာ မရှိပေ။

လူ့သည်းခြေကြိုက်ဖြစ်တဲ့ ငွေကြေးကိန်းဂဏန်းတွေ အရောင်းအ၀ယ်ပြုလုပ်ရာ Yangon Stock Exchange ရုံးဖြစ်တဲ့ အဲဒီအဆောက်အအုံကြီးထဲမှာ စီးပွားရေးသမားလို့ ယုံကြည်လောက်စရာ တစ်ဦးတလေမှ ရှိမနေပါဘူး။ Stock Exchange ဆိုတာကို လေ့လာဖို့သွားခဲ့တဲ့ အောက်တိုဘာ၂၅ ရက်က အဲဒီမြင်ကွင်းဟာ အထင်နဲ့အမြင်တက်တက်စင်အောင် လွဲနေပါတယ်။

ဘောလုံးကွင်းတစ်ကွင်းရဲ့သုံးပုံတစ်ပုံအရွယ်လောက်သာရှိတဲ့ Yangon Stock Exchange ရုံးခန်းမထဲမှာ ကြီးမားတဲ့နံရံကပ်တီဗီ ဖန်သားပြင်ပေါ်က
ငွေကြေးကိန်းဂဏန်းတွေကို စိတ်ဝင်တစား စောင့်ကြည့်သူဟာ ၁၆ ဦးပဲ ရှိပါတယ်။

အဲဒီလူပုဂ္ဂိုလ်တွေထဲမှာ ဈေးကွက်အကြောင်း ဆောင်းပါးရေးဖို့ လာလေ့လာတဲ့ သတင်းထောက်က ၁၀ ယောက်နဲ့ တိုက်ရိုက်ရုပ်သံသတင်း တင်ဆက်ပေးနေတဲ့ ပြည်တွင်းရုပ်သံဌာနတစ်ခုက သတင်းထောက်သုံးယောက်ပါ ပါဝင်နေပါတယ်။

တီဗီဖန်သားပြင်ပေါ်က ငွေကြေးတန်ဖိုးကိန်းဂဏန်းတွေကို အမှန်တကယ်စိတ်ဝင်တစားစောင့်ကြည်သူဆိုလို့ အသက်(၅၀)အရွယ်ခန့် အမျိုးသား ကြီးသုံးဦးသာရှိပါတယ်။ ခန်းမထဲ မှာရှိတဲ့ စားပွဲသုံးခုသာရှိနေတဲ့ ကော်ဖီဆိုင်မှာ မတ်တတ်ရပ်နေတဲ့ အရောင်းဝန်ထမ်းကလွဲလို့ တစ်ဦးတလေမှ ရှိမနေပါဘူး။

အရှေ့တောင်အာရှမှာ အဆင်းရဲဆုံး နံပါတ်(၂)အဆင့်ဖြစ်ပြီး လူတစ်ဦးချင်း တစ်နေ့ဝင်ငွေဟာ စံချိန်မမီတဲ့အပြင် လိုအပ်ချက်တွေ များနေတယ်လို့
နိုင်ငံတကာစစ်တမ်းတွေကဆိုတဲ့ မြန်မာနိုင်ငံရဲ့ ဒီနေ့ခေတ်အခြေအနေမှာ ကျပ်ငွေဘီလီယံ ၃၀ ကျော် ရင်းနှီးမြှုပ်နှံထားတဲ့ Yangon Stock Ex-change ရဲ့ လတ်တလောအခြေအနေဟာ ကြိုတင်ပြင်ဆင်ချိန်မရဘဲ ကြိုးဝိုင်းထဲဝင်ခဲ့ရတဲ့ လက်ဝှေ့သမားတစ်ယောက်လို ဖြစ်နေပါတယ်။

‘‘ပညာအခြေခံမရှိရင် မလုပ်နဲ့။ လောဘနဲ့လုပ်ရင်ကွဲမယ်။ မသိနားမလည်ဘဲလုပ်ရင်ကွဲမယ်’’ ဟု စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က မြေစမ်းခရမ်းပျိုး ယနေ့ခေတ် စတော့ဈေးကွက်အ ခြေအနေကို သတိပေးပါတယ်။

Yangon Stock Exchange တရားဝင်စတင်တဲ့ ၂၀၁၆ မတ်လကနေ ယခုဆောင်းပါးရေးချိန် ၂၀၁၆ အောက်တိုဘာလကုန် ခုနစ်လခန့်အတွင်း စတော့ဈေးကွက်မှာ ရှယ်ယာအရောင်းအ၀ယ်စာရင်းဖွင့်ထားသူ နှစ်သောင်းကျော်ရှိနေပါတယ်။ စတော့ရှယ်ယာဝယ်ထားသူတွေက Yangon Stock Exchange ရုံးကို မလာရောက်ဘဲ အများစုက အင်တာနက်ပေါ်ကနေ အရောင်းအ၀ယ်ပြုလုပ်နေခြင်းဖြစ်လို့ ရုံးခန်းမထဲ စည်ကားခြင်းမရှိတာလို့ ရန်ကုန်စတော့အိတ်ချိန်းရဲ့ အကြီးတန်းအမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက ရှင်းပြပါတယ်။ မြန်မာနိုင်ငံထက် နှစ်ပေါင်းများစွာစောပြီး စတော့အိတ်ချိန်း ဈေးကွက်ဖွင့်ခဲ့ပြီး အောင်မြင်နေတဲ့ နိုင်ငံတွေမှာတော့ ဈေးကွက်ဖွင့်တဲ့နေ့တွေမှာစတော့အိတ်ချိန်းရုံးထဲ စီးပွားရေး သမားတွေ လွန်းထိုးရှုပ်ထွေးနေတာ မြင်ရတတ်ပါတယ်။

လက်ရှိစတော့ဈေးကွက်မှာ ရှယ်ယာတွေ တရားဝင်ရောင်းချခွင့်ရရှိထားတဲ့ ကုမ္ပဏီသုံးခုရှိနေပြီး First Myanmar Investment Co. Ltd နဲ့ နောက်ထပ်ကုမ္ပဏီနှစ်ခုက Myanmar Thilawar SEZ Holdings Public Ltd နဲ့ Myan-mar Citizens Bank Ltd တို့ဖြစ်ပါတယ်။ ၂၀၁၆ မကုန်မီ နောက်ထပ်ကုမ္ပဏီတစ်ခု ၀င်ရောက်လာမှာဖြစ်တယ်လို့ ဦးသက်ထွန်းဦးက အသိပေးပါတယ်။

လက်ရှိကုမ္ပဏီအားလုံးအစုရှယ်ယာများ စတင်ရောင်းချစဉ်က အနည်းဆုံးကျပ် ၂၆,၀၀၀ ကနေ အများဆုံးကျပ် ၄၀,၀၀၀ နှင့် စတင်ဖွင့်ခဲ့ပေမယ့် နောက်ပိုင်းတွင် ကျပ် ၇၀,၀၀၀ အထိ မြင့်တက်သွားကာ တရိပ်ရိပ်ပြန်ကျခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ လတ်တလောဈေးကွက်အခြေအနေက တရားဝင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကိုယ်တိုင် ကျွမ်း ကျင်မှုနဲ့ တာဝန်ယူမှုနည်းနေသလို ရှယ်ယာဝယ်ထားသူ အများစုကလည်း စတော့ဈေးကွက်အခြေအနေကို သိရှိနားလည်သူနည်းပါးနေတယ်လို့ စီးပွားရေးပညာရှင်တချို့ကထောက်ပြပြောဆိုနေပါတယ်။

စီးပွားရေးပညာရှင်ခင်မောင် ညို(ဘောဂဗေဒ)က ‘‘ကုမ္ပဏီတွေရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းမသိဘဲ ၀င်ရောက်လုပ်ကိုင်နေတဲ့သူတွေများတယ်’’လို့ ဆိုပါတယ်။ လူထုအနေနဲ့ စတော့ဈေးကွက်မှာ ၀င်ရောက်ရင်းနှီးမြှုပ်နှံနိုင်ဖို့ အခြေခံလိုအပ်ချက်တွေ လေ့လာဖို့လိုနေတယ်လို့ အကြံပေးပါတယ်။

ရန်ကုန်စတော့အိတ်ချိန်းရုံးနဲ့ ဆယ်မိနစ်ခန့်လမ်းလျှောက်ရင်ရောက်တဲ့ ရန်ကုန်မြို့လယ်တစ်နေရာမှာ KBZ SC ကုမ္ပဏီဆိုတာရှိပါတယ်။ မြန်မာနိုင်ငံရဲ့ပထမဆုံးပုဂ္ဂလိကငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီဖြစ်ပြီး စတော့ရှယ်ယာ ရောင်းဝယ်တာတွေ၊ ရင်းနှီးမြှုပ်နှံတာတွေကို အကြံပေးတာတွေ၊ ၀န်ဆောင်မှုပေးတာတွေ လုပ်ဆောင်နေတဲ့ အဲဒီကုမ္ပဏီတာဝန်ရှိသူတွေကတော့ မြန်မာနိုင်ငံရဲ့ စတော့ဈေးကွက်က အောင်မြင်လာလိမ့်မယ်လို့ တထစ်ချယုံကြည်နေကြပါတယ်။ သွက်လက်တက်ကြွနေတဲ့ ၀န်ထမ်းတွေက စတော့ဈေးကွက်အကြောင်း လာရောက်စုံစမ်းတဲ့ Customerတွေ၊ သတင်းသမားတွေကို စိတ်ရှည်လက်ရှည်ရှင်းပြပါတယ်။

‘‘လူဦးရေ ၅၁ သန်းကျော်ရှိနေပေမယ့် မြန်မာနိုင်ငံရဲ့တစ်ခုတည်းသော ရန်ကုန်စတော့အိတ်ချိန်းမှာ ရှယ်ယာအရောင်းအ၀ယ်လုပ်ရန် စာရင်းဖွင့်ထားသူလူဦးရေက နှစ်သောင်းကျော်ပဲ ရှိသေးတဲ့အပေါ် သူတို့ကစိတ်မပျက်ပါဘူး’’

KBZ SC တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Jonathan Lin က ‘‘မြန်မာနိုင်ငံမှာ ဒီဈေးကွက်က နုနယ်သေးတော့ အောင်မြင်ပြီးသား နိုင်ငံတွေနဲ့တော့ သွားနှိုင်းယှဉ်လို့မရသေးပါဘူး’’လို့ ဆိုပါတယ်။

လူထုဘက်ကနေ စတော့ဈေးကွက်ကို စိတ်ဝင်စားလာစေဖို့အတွက် မြန်မာနိုင်ငံအနှံ့နယ်လှည့်ပြီး ပညာပေးလုပ်ငန်းတွေဆက်တိုက်လုပ်နေတယ်လို့ KBZ SC ကုမ္ပဏီရဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာအကြံပေး ကိုမာသင်ကပြောပါတယ်။

ငွေကြေးဈေးကွက် ကျွမ်းကျင်သူတွေက တညီတညွတ်တည်း သုံးသပ်တာကလည်း မြန်မာနိုင်ငံရဲ့ စတော့အိတ်ချိန်း အောင်မြင်ဖို့အတွက် စီးပွားရေးနယ်ပယ်ထဲက ပြည်သူလူထုအနေနဲ့ စတော့ဈေးကွက်အကြောင်း သိရှိနားလည်ဖို့ လိုအပ်နေတာက အဓိကကျတယ်ဆိုတာပါ။

ရန်ကုန်စတော့အိတ်ချိန်းရဲ့ အကြီးတန်းအမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးကတော့ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စတော့ဈေးကွက် အောင်မြင်ဖို့က အရေးပါနေပြီး ပြည်သူလူထုက ငွေကြေးဈေးကွက်နဲ့ ပတ်သက်တဲ့ ဗဟုသုတနည်းပါးနေခြင်းက လတ်တလောအရေးကြီးဆုံးအဟန့်အတား ဖြစ်နေတယ်လို့ ဆိုပါတယ်။

စတော့ဈေးကွက် စတင်လည်ပတ်တဲ့အခြေအနေနဲ့ ပတ်သက်ပြီး ‘‘Service ပေးနိုင်တဲ့ ၀န်ထမ်းနဲ့ လာအုံတဲ့ Customer မှာ Customer က များနေတယ်။ ဆိုတော့ ဘယ်လို Risk များတယ်ဆိုတာ ရှင်းပြချိန်မရခဲ့ဘူး။ Cu-stomer အုံနေတဲ့အခါကျတော့ Service ပဲ ပေးလိုက်ရတယ်။ Knowledge ကို မရှင်းပြရဘူး။ အစက ပထမဒီလိုတွေဖြစ်သွားတယ်’’လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။

ဒါပေမဲ့ စတော့ဈေးကွက်မှာ နှစ်ပေါင်း ၂၀လောက် စိတ်ရော ကိုယ်ပါ မြှုပ်နှံခဲ့တယ်ဆိုတဲ့ ဦးသက်ထွန်းဦးက စတော့ဈေးကွက် အောင်မြင်ဖို့ ရည်မှန်းချက် ကြီးကြီး မားမား ထားထား ပါတယ်။

‘‘အရှေ့တောင်အာရှမှာ အောင်မြင်နေတယ်ဆိုတဲ့ Stock Exchange တွေတောင် သူတို့ Customer တွေကို အခုထိ Know-ledge ပေးနေရတုန်းရှိသေးတယ်။ ကျွန်တော်တို့က ရှစ်လသားပဲရှိသေးတော့ Customer တွေ Knowledge ရအောင် အများကြီး လုပ်ရဦးမယ်’’

ဒါ့အပြင် စတော့ဈေးကွက် အောင်မြင်ဖို့ မြန်မာနိုင်ငံရဲ့ ထိတ်ထိတ်ကြဲ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ၀င်ရောက်ရင်းနှီးမြှုပ်နှံဖို့နဲ့ အစိုးရဘက်ကလည်း ဥပဒေဆိုင်ရာအရ လျှော့ပေါ့ပေးပြီး တွန်းအားပေးဖို့ လိုအပ်နေတယ်လို့ အကြံပြုပါတယ်။

Financial Times သတင်းဌာနမှာ ကာလရှည်လုပ်ကိုင်ခဲ့စဉ် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ စီးပွားရေးဆိုင်ရာသတင်းဆောင်းပါးတွေ ရေးသားခဲ့တဲ့ လက်ရှိ Nikkei Asian Review သတင်းဌာနရဲ့ အယ်ဒီတာ Gwen Robinson ကလည်း မြန်မာစတော့အိတ်ချိန်းဟာ လတ်တလော အကျပ်တွေ့နေပေမယ့် ရေရှည်မှာ အလားအလာကောင်း နိုင်ပြီး အစိုးရရဲ့ အားပေးကူညီမှုလိုအပ်နေတယ်လို့ အကြံပေးပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Yangon Stock Exchange ရဲ့ သက်တမ်းနဲ့အတူ တစ်နေ့တည်း တစ်ချိန်တည်း မွေးဖွားခဲ့တဲ့ အရာတစ်ခုရှိနေပါသေးတယ်။ ယုံကြည်ရာဘာသာတရားအရ ခန်းမထဲမှာ ခမ်းခမ်းနားနား နေရာပေးခံထားရတဲ့ ခေါင်းလောင်းကြီးတစ်လုံးပါ။ ခေါင်းလောင်းကြီးရဲ့ ကိုယ်ထည်ထိပ်ပိုင်းနားမှာတော့ Yangon Stock Exchange ကို စတင်ဦးaဆာင်သူတွေရဲ့ မျှော်လင့်ချက်ကို ထင်ဟပ်စေတဲ့စာသားတစ်ခုထွင်း ထုထားပါတယ်။

မြန်မာလို ‘အောင်ကြောင်းအဖြာဖြာ’လို့ အဓိပ္ပာယ်ရတဲ့ ‘အောင်ဇေယျတု’ ဆိုတာပါပဲ။

(ဓာတ်ပုံ - စိုင်းဇော်)

From : 7 day daily - By : အောင်သစ်လွင်၊ နန္ဒ

Originally published at - http://www.7daydaily.com/story/80225

Read More »

Tuesday, September 13, 2016

စီးပွားရေးပြုပြင်ပြောင်းလဲမှုရဲ့အကျပ်အတည်းများ


Asia World ဆိပ်ကမ်း အတွင်း မြင်ကွင်း (ဓာတ်ပုံ – Reuters)


ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် လက်ထက် မြန်မာနိုင်ငံမှာ အပြောင်း အလဲတွေ စတင် လုပ်ဆောင် ခဲ့ပါတယ်။ လက်ရှိ အစိုးရ လက်ထက် မှာလည်း ဒီအပြောင်း အလဲ တွေကို ဆက်လက် လုပ်ဆောင် နေဆဲပါပဲ။

နိုင်ငံရေးမှာ အတိုင်းအတာ တခု အထိ တိုးတက် လာတယ်လို့ ပြောလို့ ရပေမယ့် စီးပွားရေး ကဏ္ဍမှာတော့ မြင်သာတဲ့ ပြောင်းလဲ တိုးတက်မှုတွေ မတွေ့ရ သေးပါဘူး။ စီးပွားရေး ဖွံ့ဖြိုး တိုးတက် မှုက ပိုပြီး ခက်ခဲ နက်နဲ သလိုလည်း ဖြစ်နေ ပါတယ်။

မြန်မာနိုင်ငံမှာ တန်းတူညီမျှအခွင့်အရေးမရှိတာက နိုင်ငံရေးနယ်ပယ်တခုတည်း မဟုတ်ပါဘူး။ အစဉ်အဆက် စီးပွားရေး လုပ်ငန်းတွေကို လုပ်ဆောင်တဲ့အခါ အာဏာ ရှိသူ၊ အစိုးရနဲ့ နီးစပ်တဲ့သူ၊ သတင်းအချက်အလက်ကို ဦးအောင်ရရှိတဲ့ လက်တဆုပ်စာ လူတန်းစားကပဲ ချယ်လှယ်လုပ်ကိုင်ခွင့်ရနေခဲ့တာပါ။

လက်ရှိအချိန် မြန်မာ့စီးပွားရေးကို ဘယ်သူတွေ ဦးဆောင်မောင်းနှင်မလဲ။ ၀ိသမစီးပွားရေးသမားတွေကို ဘယ်လို လမ်းကြောင်းပေါ် ဆွဲတင်မလဲ။ အစိုးရမှာ ဒီအချက်တွေနဲ့ ပတ်သက်ပြီး ပြတ်သားတဲ့ မူဝါဒရှိပြီလားဆိုတာ စဉ်းစားစရာပါ။

ပညာရှင်တွေကတော့ မြန်မာနိုင်ငံရဲ့ပြဿနာဟာ လွဲမှားတဲ့ စီမံခန့်ခွဲမှု ( Mismanagement ) လို့ မြင်ကြပါတယ်။

Public Procurement law မရှိသေးတဲ့အတွက် တင်ဒါကိစ္စတွေကို မစည်းကြပ်နိုင်တာ၊ အခွန်စနစ်ရဲ့အားနည်းချက်တွေကြောင့် အခွန်ကို စနစ်တကျ မကောက်ခံနိုင်တာ၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဥပဒေ ကိုယ်တိုင်က အရေးယူလို့မရအောင် လုပ်ထားတာ၊ ပြည်သူလူထုရဲ့ သတင်း အချက်အလက် သိပိုင်ခွင့် Right to knowနဲ့ ပတ် သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်ဆွဲမထားတာ၊ ယှဉ်ပြိုင်မှု ဥပဒေ( Competition Law ) ရှိပေမယ့် အသက်မ၀င်တာတွေဟာ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်တဲ့ အချိန်မှာ ကြီးမားတဲ့ အတားအဆီးတွေလို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။

အကျပ်အတည်းနဲ့ အင်စတီကျူးရှင်း

နိုင်ငံတနိုင်ငံမှာ အကျပ်အတည်း (Crisis)တွေ ဖြစ်တယ်ဆိုရင် ဖြစ်အောင်ဖန်တီးတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ ဥပမာ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လောက်ပဲလုပ်နေပါစေ။ စနစ်( System)နဲ့ ပုံစံကျဖွဲ့စည်းမှု (Structure) မရှိတဲ့အခါမျိုးမှာ အကျပ်အတည်း ဖြစ်လေ့ရှိပါတယ်။

ဒါကြောင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို လုပ်တဲ့အခါမျိုးမှာ ဘယ်စနစ်သွားချင်သလဲ ဆိုတာ ရှင်းလင်းဖို့ လိုအပ်သလို ဒီစနစ်နဲ့ လိုက်လျောညီထွေတဲ့ ပုံစံကျဖွဲ့စည်းမှုလည်း ရှိဖို့ လိုပါတယ်။ ဒီနေရာမှာ အထောက်အကူပြု အစုအဖွဲ့ ဖြစ်တဲ့ အင်စတီကျူးရှင်း(Institution) တွေက အရေးပါလာပါတယ်။

ဒီ အင်စတီကျူးရှင်းတွေက စီးပွားရေးနယ်ပယ်မှာ လိုက်နာရမယ့် စည်းမျဉ်းတွေကို ထိန်းပေးတဲ့ စနစ်များဖြစ်တယ်။ ဒါ ကြောင့် ပြုပြင်ပြောင်းလဲမှုနဲ့ အင်စတီကျူးရှင်းက အပြန်အလှန်ဆက်စပ်နေပါတယ်။

“ပြုပြင်ပြောင်းလဲမှုကို လုပ်တယ်ဆိုတာ အင်စတီကျူးရှင်းတွေ အားကောင်းအောင်လုပ်တာပဲ ဖြစ်တယ်”လို့  မက်ခရို စီး ပွားရေးပညာရှင် ဒေါက်တာမျိုးညွန့် က ဆိုပါတယ်။

လက်ရှိအနေအထားမှာ အင်စတီကျူးရှင်းတွေ အားနည်းနေပါတယ်။ အစိုးရသစ်က ဒါကို အာရုံစိုက်ပြီး မလုပ်နိုင်သေးပါ ဘူး။

(လုပ်ဖို့ ပြင်နေတာတွေတော့ တွေ့ရပါတယ်)။ ဒီလိုအနေအထားမှာ ယခင်အစိုးရ လက်ထက်များက ကြီးစိုးနေခဲ့တဲ့ လက်သင့်ရာ စားတော်ခေါ်တဲ့ စနစ်မျိုး( Patron-client Relationship)ပဲ ဆက်လက်ရှင်သန်နေသလို ဖြစ်နေပါတယ်။

ဒါက နီးစပ်ရာကို အခွင့်အရေးပေးပြီး၊ အခွင့်အရေးရသူကလည်း အဲဒါကို တဆင့်လက်ဝေခံရောင်းစားနေတဲ့ ပုံစံမျိုးပါ။ ဒါက လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးကို တားဆီးနေတဲ့ အချက်တချက်ပါပဲ။

“ကျနော် တာဂျက်ကစ္စတန်မှာနေတုန်းက ဈေးကွက်မှာ ဦးပိုင်လုပ်ငန်းမျိုး( Holding) တွေက ၈၀ ရာနှုန်းလောက် လက်ဝါး

ကြီးအုပ်ထားတာတွေ့ရတယ်။ ဈေးကွက်စီးပွားရေးမှာက ယှဉ်ပြိုင်သူ ပလေယာ (Player) တွေ များများရှိဖို့ လိုတယ်။ Patron-client Relationship အရ ရလာတဲ့ အခွင့်အရေးတွေကို တဆင့်လက်ဝေခံ ရောင်းစားနေရင် ထုတ်လုပ်မှု တက် လာမှာ မဟုတ်ဘူး။ ဒါမျိုးလုပ်နေရင် တချိန်ချိန်မှာ အကျပ်အတည်း ဆိုက်မှာပဲ”လို့  ဒေါက်တာမျိုးညွန့် က ပြောပါတယ်။

လက်ရှိ စီးပွားရေးအခြေအနေ

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၀က်ဘ်ဆိုက်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ၇ ဒဿမ ၃ ရာခိုင်နှုန်းလို့ ဖော်ပြထားပါတယ်။ ၂၀၁၅ ခုနှစ် အစပိုင်းလောက်က မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၈ ဒဿမ ၂ ၀န်းကျင် မှန်းခဲ့ကြပေမယ့် ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေကြောင့် တကယ်တမ်းမှာ ၇ ဒဿမ ၂ ရာခိုင်နှုန်းသာ ရှိခဲ့တဲ့အတွက် ယခုနှစ်မှာလည်း ခန့်် မှန်းတာထက် ကျဆင်းဖို့ အလားအလာရှိနေပါတယ်။

ဗဟိုဘဏ် ၀က်ဘ်ဆိုက်မှာပဲ ငွေကြေးဖောင်းပွမှုကို ၁၂ ဒဿမ ၁၂ ရာခိုင်နှုန်းလို့ ဖော်ပြထားပါတယ်။ ရွှေဈေးကလည်း စက်တင်ဘာလ ၇ ရက်နေ့မှာ တကျပ်သား ၈၇၂၅၀၀ ကျပ် ( အခေါက်ရွေ) အထိ စံချိန်တင် မြင့်တက်သွားပြီးတော့ အ မေရိကန် တဒေါ်လာပေါက်ဈေးကလည်း ၁၂၂၀ ကျပ်ဝန်းကျင်အထိ ရောက်ရှိလာပါတယ်။

ဒီလိုရွေဈေးနဲ့ ဒေါ်လာဈေးတွေ မြင့်တက်နေတာ ငွေကြေးဖောင်းပွမှု မြင့်တက်နေတာကို ဖော်ပြနေတာပါပဲ။

မြန်မာနိုင်ငံရဲ့ကုန်သွယ်မှုကို ကြည့်ရင်လည်း ကျဆင်းနေတာ တွေ့ရပါတယ်။ ရရှိထားတဲ့ ကိန်းဂဏန်းတွေ အရဆိုရင် တော့ ၂၀၁၆ ဧပြီလကနေ စက်တင်ဘာလ ၂ ရက်နေ့အထိ ပမာဏဟာ အမေရိကန်ဒေါ်လာ ၁၁ ဒဿမ ၂၆၈ဘီလျံ ဖြစ် နေတဲ့အတွက် မနှစ်ကထက် ကုန်သွယ်မှုပမာဏ ၂၂၉ သန်း လျော့နည်းနေပါတယ်။

ရင်းနှီးမြှုပ်နှံမှုမှာလည်း ပြောပလောက်အောင် ၀င်ရောက်လာခဲ့ခြင်း မရှိသေးပါဘူး။ အစိုးရသစ်လက်ထက်မှာ သြဂုတ်လ ၁၉ ရက်နေ့ အထိ ၀င်လာတဲ့ ပမာဏက ၁ ဒဿမ ၁၆၆ဘီလျံလောက်သာ ရှိနေပါသေးတယ်။

စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုကတော့ မြန်မာ့စီးပွားရေးတုံ့ဆိုင်းနေတယ် ဆိုတာမှန်တဲ့ အကြောင်း၊ ကုန်သွယ် ရေးကျဆင်းနေတာလည်း မှန်တဲ့ အကြောင်း၊ ငွေကြေးဖောင်းပွမှု တက်တာလည်း မှန်တဲ့အကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတွေထင် သလောက် ၀င်မလာတာလည်း မှန်တဲ့အကြောင်း ပြောပြီး ဒီဖြစ်စဉ်တွေ အတွက် အကြောင်းရင်းနှစ်ရပ်ကို ထောက်ပြပါတယ်။

“ရင်းနှီးမြှုပ်နှံမှုတွေ မျှော်မှန်းထားသလောက် တက်မလာတာနဲ့ ပတ်သက်ပြီး နှစ်ချက် ရှိတယ်။ တချက်ကတော့ MIC ကို ပြန်လည်ဖွဲ့စည်းနေ တာရယ်၊ နောက် တချက် ကတော့ MIC ရဲ့မူဝါဒတချို့ ပြောင်းလဲလိုက်တာရယ်ကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် စွမ်းအင်တို့ အရင်းအမြစ်တို့မှာ ရင်းနှီးမြှုပ်နှံမှု ကျသွားတဲ့အတွက် အခုလို
လျော့နည်းသွားတာဖြစ်နိုင်ပါတယ်” လို့ ထောက်ပြပါတယ်။

ရင်ကြားစေ့စီးပွားရေးမူဝါဒနဲ့ ခရိုနီ

ပြီးခဲ့တဲ့ဇူလိုင်လ၂၉ ရက်နေ့မှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက အချက် ၁၂ ချက်ပါတဲ့ စီးပွားရေးဆိုင်ရာ မူဝါဒသစ် တရပ်ကို ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအထဲမှာ “ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီး စည်းလုံးညီညွတ်သော ဖယ်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စုကြီးဖြစ် တည်လာစေရေးကို အထောက်အပံ့ ဖြစ်
စေသော မူဝါဒအဖြစ် ကျင့်သုံး ရန်” ဆိုတဲ့ အချက် တချက် ပါဝင်ပါတယ်။

မူဝါဒထုတ်ပြန်ပြီးတဲ့ နောက်ပိုင်းမှာ ရင်ကြားစေ့စီးပွားရေးကို ဘယ်လိုလုပ်ဆောင်မလဲ။ ခရိုနီနဲ့ ရင်ကြားစေ့မှာလား၊ ဒါဟာ စီးပွားရေးလုပ်ငန်းတွေကို တရားမျှတမှု မရှိစွာ ချုပ်ကိုင်ထားတဲ့သူတွေကို မထိဘူးဆိုတဲ့ သဘောလား၊ ပဋိပက္ခတွေ ဖြစ်ပွားစေတဲ့ စီးပွားရေးလုပ်ငန်း (Conflict Business )တွေနဲ့ ပတ်သက်ပြီး ဘာတွေ ဘယ်လို လုပ်ဆောင်မလဲဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။

ရင်ကြားစေ့ရေးကို ကြိုးပမ်းနေတဲ့အချိန်မှာ ခရိုနီတွေရဲ့စီးပွားရေးကို ဘယ်လိုထိန်းချုပ်နိုင်မလဲ ဆိုတာက ပြဿနာကြီး တခုလို ဖြစ်နေပါတယ်။

လတ်တလော ကာလမှာတော့ အထူးအခွင့်ရေးရခဲ့တဲ့ လူတွေ ဆက်ရှိနေဦးမှာဖြစ်တဲ့အကြောင်း၊ တပြေးညီ ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အလမ်း(level Playing Field) မရှိသမျှ စီးပွားရေးပတ်ဝန်းကျင်မှာ ခရိုနီတွေ ကြီးစိုးနေဦးမှာဖြစ်တဲ့ အကြောင်း၊ ဒါ ကြောင့် တပြေးညီ ယှဉ်ပြိုင်နိုင်ခွင့်ရှိတဲ့ စီးပွားရေးဖြစ်ဖို့ အရေးကြီးကြောင်း၊ ယှဉ်ပြိုင်မှု ဥပဒေကို အသက်ဝင်အောင် လုပ် ပေးဖို့လည်းလိုကြောင်း သုံးသပ်မှုတွေလည်းရှိနေပါတယ်။

“တပြေးညီ ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အလမ်းတွေ များလာပြီဆိုရင် ခရိုနီကတော့ တဖြည်းဖြည်း လျော့နည်းသွားလိမ့်မယ်။ ဒါ ပေမယ့် အခုတော့ အရင်က အရှိန်နဲ့ ဆက်ရှိနေဦးမယ်”လို့ ဒေါက်တာအောင်ကိုကို( စီးပွားရေးပေါ်လစီ)က ပြောပါတယ်။

လက်ရှိအနေအထားက ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် ဒီမိုကရေစီအခြေခံအုတ်မြစ်တွေကို ခိုင်မာအောင်ချမှတ်ဖို့  အရေးကြီးနေပါတယ်။

ဒါက နိုင်ငံရေးအတွက်သာ အရေးကြီးတာ မဟုတ်ဘဲ စီးပွားရေး ပြုပြင်ပြောင်းလဲနိုင်ဖို့ အတွက် လည်း အရေးကြီးနေပါတယ်။

ဒီလို ဒီမိုကရေစီအခြေခံအုတ်မြစ်တွေထဲမှာ တန်းတူညီမျှရှိရေးဟာ စီးပွားရေးအတွက်လည်း အထူးအရေးပါတဲ့အကြောင်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

တကယ်တော့ ယှဉ်ပြိုင်မှုဆိုင်ရာ စည်းမျဉ်း( Rules of Game )တွေ မျှမျှတတရှိမှ ဈေးကွက်စီးပွားရေး ပီပြင်လာမှာ ဖြစ်သ လို ယှဉ်ပြိုင်သူ ပလေယာ (Player ) တွေကလည်း စည်းမျဉ်းနဲအညီ ယှဉ်ပြိုင်သူ (Rule based ) တွေ ဖြစ်လာမှာ ဖြစ်ပါ တယ်။

စည်းမျဉ်းတွေကို ချိုးဖောက်ရင် အားလုံးပျက်သွားမှာပါ။ ဒါဟာ နိုင်ငံရေးမှာသာ မဟုတ်ပါဘူး။ စီးပွားရေးမှာလည်း ဒီအတိုင်းဖြစ်နေတာဖြစ်လို
့ မြန်မာ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ အကျပ်အတည်းတွေ အများအပြားရှိနေဦးမှာဖြစ်တယ်လို့ သုံးသပ်မိပါတယ်။

From : ဧရာဝတီ by ယမင်းမြတ်အေး

Originally published at - http://burma.irrawaddy.com/news/2016/09/13/122886.html

Read More »

Wednesday, August 24, 2016

ငွေသော့ဖြင့် အိမ်တံခါးများ ဖွင့်နိုင်ရန် ကူညီပါ




မကြာမှီက ဆောက်လုပ် ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဘဏ် (CHDB) သည်အိမ်ရာ ဘဏ္ဍာ ငွေကြေး စနစ် (Ho-using Financing Mechanism) အတွင်း ပြည်သူများ ပူးပေါင်း ပါဝင်လာရေး အတွက် ခြေလှမ်းသစ် တစ်လှမ်းကို ရဲရဲဝံ့ဝံ့ လှမ်းထွက် လာခဲ့ကြောင်း တွေ့ရှိရ၏။

ဘဏ်တွင် စုဆောင်းငွေစာရင်း ဖွင့်လှစ်စုဆောင်းသူများအား အိမ်ရာဝယ်ယူရေး ချေးငွေများကို ဦးစားပေးထုတ်ပေးမည်ဟူသော ကြေညာချက်ပင်ဖြစ်၏။

ဤကြေညာချက်သည် မြားတစ်စင်းနှင့် ငှက်နှစ်ကောင်ကို ပစ်ခွင်းသည်နှင့် တူ၏။ ပထမငှက်မှာCHDB ဘဏ်တွင် စုဆောင်းငွေများ (Saving Deposit) တိုးပွားရရှိ
စေခြင်းဖြစ်ပြီး ဒုတိယ ငှက်မှာ ပြည်သူတို့က အိမ်ရာ အတွက်ကြိုတင်ငွေ စုဆောင်းမှုကို အခြေခံ၍ အိမ်ရာ ဝယ်ယူ ပိုင်ဆိုင်နိုင်သော အခွင့်အလမ်းများ တိုးပွား ရရှိနိုင်ခြင်းဖြစ်ပေသည်။

ပြည်ထောင်စုအစိုးရက ဆောက်လုပ်ရောင်းချမည့် ဝင်ငွေနည်းအိမ်ရာစီမံကိန်းများ၊ တန်ဖိုးမျှတအိမ်ရာစီမံခန်းများတွင် ဝယ်ယူလိုသူများအနက် CHDB ဘဏ်တွင် ငွေ စုဆောင်းသူများကို ဦးစားပေးရောင်းချမည်ဟူသော ကြေညာချက်တစ်ရပ်ကိုလည်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အတိအလင်းထုတ်ပြန်ပေးရန် လိုအပ် မည်ဖြစ်ကြောင်း တွေ့ရှိရ၏။

သို့မှသာ ထုတ်လုပ်ရောင်းချသူနှင့် ချေးငွေအစီအစဉ်တို့သည် တစ်သီးတခြားမဟုတ်၊ တစ်သားတည်းဖြစ်ကြောင်း ပြည်သူတို့၏ ယုံကြည် မှုကို ပိုမိုရရှိနိုင်မည်ဖြစ် ပါသည်။

မြန်မာနိုင်ငံ၏ အိမ်ရာဖွံ့ဖြိုးမှုသမိုင်းကိုကြည့်လျှင် ‘ရှေ့ရောက် နောက်ကျန် တို့နိုင်ငံ’ဟု ဆိုရမည် ဖြစ်သည်။ ၁၉၅၃ ခုနှစ်မှစ၍ အိမ်ရာဖွံ့ဖြိုးရေးကို အကောင်အထည်
ဖော်ရန်အတွက် နိုင်ငံတော်ပြည်သူ့အိုးအိမ် ပြန်လည်ထူထောင်ရေး မြို့ရွာစည်ပင်ရေးအဖွဲ့ကို စတင်တည်ထောင်ခဲ့၏။

နိုင်ငံတစ်ဝန်းလုံးရှိ မြို့ကြီး ၂၀ ခန့်၌ အိမ်ရာစခန်း (Estates) ပေါင်း ၃၀ ခန့်ထူထောင်၍ အငှားအိမ်ခန်းပေါင်း ၇,၀၀၀ ခန့်ကို နိဒါန်းပျိုး တည်ဆောက်နိုင်ခဲ့၏။

စင်ကာပူနိုင်ငံ၏ အိမ်ရာဖွံ့ဖြိုးရေးအဖွဲ့သည် ၁၉၆၅ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး မြန်မာနိုင်ငံထက် ၁၂ နှစ်တိတိ နောက်ကျခဲ့၏။ ထိုင်းနိုင်ငံ၏ လက်ရှိအမျိုးသားအိမ်ရာ အာဏာပိုင်အဖွဲ့ (National Housing Authority)သည် ၁၉၇၃ ခုနှစ်မှ စတင်ဖွဲ့စည်းဖြစ်ပေါ်လာရာ နှစ် ၂၀ ခန့် နောက်ကျ၏။

သို့သော် ဝင်ငွေနည်းပြည်သူတို့အတွက် အိမ်ရာဖြည့်ဆည်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဖော်ပြပါနှစ်နိုင်ငံစလုံးသည် မြန်မာနိုင်ငံ၏ရှေ့တွင် များစွာ ခရီး ရောက် လျက်ရှိကြောင်း တွေ့ရှိနိုင်၏။ မြန်မာနိုင်ငံသည် ‘မကောင်း အမြင် အဟောင်းအသွင်နှင့် တကောင်းဘုရင်’ခေတ်က အိမ်အိုများကို ယနေ့တိုင် ထွေးပိုက်ထားရ၏။

ကျူးကျော်အိမ်ရာများကို ၁၀ နှစ်တစ်ကြိမ်၊ နှစ် ၂၀ တစ်ကြိမ် အချိန်အလွန်ကြာမှ ‘စုပုံရှင်း’စနစ်ဖြင့် မြို့သစ်တည်၍ ဖြေရှင်းပေးနေရ၏။ ‘မြို့ဟောင်းလည်းအို မြို့သစ်ညိုပြီ ကျူးကို အမြန်ရှင်းပါ လော့’ဟု တောင်းဆိုနေရသော နိုင်ငံဖြစ်လာ၏။

ထိုကဲ့သို့ အိမ်ရာဖွံ့ဖြိုးရေးကဏ္ဍတွင် ရှေ့ရောက်ပြီးမှ နောက်ကျန်ခဲ့ရသည်မှာ အဓိကအားဖြင့် လူ့စွမ်းအားချို့တဲ့မှုကြောင့် မဟုတ်သလို ငွေကြေးဆင်းရဲမှု သက်သက်
ကြောင့်လည်း မဟုတ်ပေ။ အဓိက အကြောင်းတရားမှာ မြန်မာနိုင်ငံသည် တာထွက်စ အချိန် ကာလကပင် ရင်းနှီးမြှုပ်နှံရန် အစိုးရဘတ်ဂျက် သက်သက်ကိုသာ အားပြု ခဲ့၏။

ဖော်ပြပါနိုင်ငံများမှာ အစိုးရဘတ်ဂျက်သက်သက်ကို အားမကိုး။ အိမ်ရာဖွံ့ဖြိုးရေးဆိုင်ရာ ဘဏ္ဍာငွေကြေးစနစ်တစ်ရပ်ကို တစ်ပါတည်း ထူထောင်ဆောင်ရွက် ခဲ့ကြကြောင်း တွေ့ရှိရပေသည်။

စင်ကာပူတွင် HDB နှင့်အတူ Central Provi-dent Fund ထူထောင်၍ CPF ဘဏ်သည်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် အိမ်ရာဖွံ့ဖြိုးရေးအာ ဏာပိုင်အဖွဲ့အတွက် အစိုးရ၏ ဘန်ကောက်ဘဏ် (Govt: Bankof Bangkok)သည်လည်းကောင်း၊ အိမ်ရာဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေးအင်အားများကို နည်းမျိုးစုံဖြင့် ဖြည့်ဆည်းပေးနိုင် ခဲ့ကြကြောင်း
တွေ့ရှိရပေသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိပြီး အိမ်ရာဖွံ့ဖြိုးရေးလုပ် ငန်းများ စတင်ဆောင်ရွက်သောအခါ ကိုရီးယားစစ်ပွဲအတွင်း တောင်ကိုရီးယားသို့ ဆန်တင်ပို့ ရောင်းချရာမှ ရရှိသောငွေများကို အခြေတည်သည့် ပြည်တော်သာ စီမံကိန်း၏ ဘောင်အတွင်းမှ အိမ်ရာများ အမြောက်အမြားထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်၏။

သီးခြားငွေကြေးစနစ်ထူထောင်ခဲ့ခြင်း လုံးဝမရှိခဲ့ပေ။ ကိုရီးယားစစ်ပွဲပြီး၍ ဆန်တင်ပို့မှုမှ ဝင်ငွေများ ထိုးပြီးကျဆင်းမှုနှင့်အတူ ပြည်တော်သာစီမံကိန်း ဆုံးခန်းတိုင်ရာ၌ အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းပါ မျောပါသွားလေတော့၏။ ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရလက်ထက် မြို့သစ်သုံးမြို့ကို ဘတ်ဂျက်ငွေအောသုံး၍ တည်ဆောက်ပြီးသည့်
နောက်ပိုင်းတွင် ထိန်းသိမ်းမှု၊ မြှင့်တင်မှုများ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရန် ဘတ်ဂျက်ရန်ပုံငွေအလုံအလောက်မရရှိတော့သဖြင့် အဆိုပါမြို့များမှာလည်း အရွယ်မတိုင်မီ အိုမင်းသွားခဲ့လေ၏။

မဆလခေတ် ၁၉၆၅ ခုနှစ်မှစ၍ တည်ထောင်သော သုဝဏ္ဏမြို့သည်လည်း ဘတ်ဂျက်ကိုသာ ပုံအောပြီး တည်ဆောက်ခဲ့ခြင်းဖြစ်၏။ နောင်သောအခါ ငွေမလိုက်နိုင်၍ သုဝဏ္ဏမှာ ရွှေရောင်ခြောက်ခန်းပြီး ကျောက်သင်ပုန်းရောင်လွှမ်းခဲ့၏။

တစ်ဖန် ၁၉၉၀ ပြည့်နှစ်မှစ၍ တပ်မတော်အစိုးရလက်ထက် မြို့သစ်များတည်ဆောက်ရာတွင် အစိုးရမှာ မွဲနေ၏။

ပြည်သူထံမှ ကောက်ခံရရှိသည့် မြေစည်ပင်စရိတ်များကို ပြန်သုံးပြီး မြေသားလမ်းဖြင့် ဇာတ်လမ်းစခဲ့ခြင်း ဖြစ်၏။ သို့သော် ထိုစဉ်ကာလ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနသည် ‘လှည့်ပတ်ရန်ပုံငွေစနစ်’ တစ်ရပ်ကို တွန်းတွန်းတိုက်တိုက်ဖြင့် ထူထောင်ခွင့်တောင်းခံပြီး ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်သာလျှင် မြို့သစ်ခုနစ်မြို့သည် ရုပ်လုံးသဲကွဲစွာ ပေါ်ပေါက်လာခြင်းဖြစ်၏။

ဘတ်ဂျက်ငွေလုံလောက်စွာမရရှိဘဲ အခြားသောအိမ်ရာစီမံကိန်းများမှ အမြတ်ငွေကို ဖြတ်သွယ်ထောက်ပံ့မှု (Cross Subsi-dization) နည်းဖြင့် သုံးစွဲပြီး တစ်ဆင့် ထက်တစ်ဆင့် မြှင့်တင်လာခဲ့ခြင်းဖြစ်ကြောင်းလည်း တွေ့ရှိရပေသည်။

၂၀၁၁ ခုနှစ် ဒီမိုကရေစီအစိုးရခေတ်သို့ ကူးပြောင်းရောက်ရှိပြီးနောက် ၂၀၁၂ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၌ အိမ်ရာဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ပထမဆုံးအကြိမ် ကျင်းပခဲ့၏။

စာရေးသူလည်း စာတမ်းတစ်စောင်ဖတ်ကြားခဲ့ပြီး မြန်မာနိုင်ငံ အိမ်ရာဖွံ့ဖြိုးရေးအတွက် ဘဏ်စနစ်တစ်ရပ်ထူထောင်ရန် တက်ရောက်သူများအားလုံး ဝိုင်းဝန်းဆွေးနွေး
ခဲ့ကြ၏။ ယင်းဆွေးနွေးပွဲရလဒ် (Out Come)ကို မြစ်ဖျားခံ၍ ၂၀၁၃ ခုနှစ်တွင် ‘ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်’ (CHDB)ဟူ၍ စတင် ဖွဲ့စည်းဖြစ်ပေါ် လာခြင်း
ဖြစ်ကြောင်း တွေ့ရှိရပေသည်။

ဤသို့ဖြင့် မြန်မာနိုင်ငံသည် ၁၉၅၃ ခုနှစ်မှစ၍ နှစ်ပေါင်း ၆၀ တိတိ ကြာမြင့်လေသောအခါမှ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံတို့ကဲ့သို့ အိမ်ရာဘဏ် ငွေကြေးစနစ်တစ်ရပ် စတင်ထူထောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းကြောင်းကို သုံးသပ်တင်ပြရခြင်းဖြစ်ပါသည်။

မည်သို့ဆိုစေ CHDB ဘဏ်သည် မြန်မာနိုင်ငံ အိမ်ရာဖွံ့ဖြိုးရေးအတွက် အဓိကအားထားရမည့် ဘဏ္ဍာရေးအဖွဲ့အစည်း (Main Financial Institution) တစ်ရပ် အဖြစ် ပေါ်ထွန်း လာပြီဖြစ်၏။

ရှားရှားပါးပါး အိမ်ရာဖွံ့ဖြိုးရေးဟူသော ဝေါဟာရပါရှိသည့် တစ်ခုတည်းသော ဘဏ်လည်း ဖြစ်ပေသည်။ အခြားသောဘဏ်များသည် အိမ်ရာချေးငွေ ထုတ်ပေးခြင်း အမှုကို ဆောင်ရွက်ကြသော်လည်း ဝင်ငွေနည်းပြည်သူများအတွက် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါ။

ရုပ်ရှင်ရုံကြီး ၁၀၀ အတွက် ချေးငွေထုတ်ပေးရန် ဝန်မလေးသော်လည်း ဝင်ငွေနည်း ပြည်သူတို့အတွက် အိမ်ခန်း ၁၀၀ မျှကိုပင် ချေးငွေထုတ်ပေးနိုင်သည်ဟု မကြားမိ
သေးပါ။ ထို့ကြောင့် မြန်မာနိုင်ငံ၌ အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းကို ထဲထဲဝင်ဝင် ဆောင် ရွက်ပေးလျက်ရှိသည့် CHDB ဘဏ်တွင် ငွေစုဆောင်းခြင်းဖြင့် ပုံမှန်အတိုးငွေ ရရှိရုံမျှမက တန်ဖိုးမျှတနှင့် တန်ဖိုးနည်းအိမ်ရာများ ဝယ်ယူရန် ချေးငွေလမ်းကြောင်းကိုလည်း အသုံးပြုနိုင်ခွင့်ရရှိမည် ဖြစ်ပေသည်။

အရေးကြီးသည်မှာ ပထမအရစ်ပေးသွင်းရမည့် DownPayment နည်းပြီး အရစ်ကျပေးသွင်းမှု ကာလရှည်လျားရန်နှင့် အတိုးနှုန်းသက်သာရန်ဖြစ်၏။

လက်ရှိ CHDB ၏ ဘဏ်အနေအထားကို ဆွေးနွေးသုံးသပ်လို၏။ Semi-Govt: ဘဏ်ဖြစ်သည့် အားလျော်စွာ အစိုးရ၏ မတည်ငွေရင်း (Paid up Capital) နှင့် ပုဂ္ဂလိက မတည်ငွေရင်းနှစ်ရပ်ပေါ်တွင် ရပ်တည်နေရသောဘဏ် ဖြစ်၏။

အစိုးရ၏ မတည် ရင်းနှီးငွေမှာ ငွေသားပါဝင်မှု ၁၇ ရာခိုင်နှုန်းခန့်သာရှိပြီး ပုံသေပိုင်ပစ္စည်းနှင့်ပေါင်းလျှင် ရာခိုင်နှုန်းအားဖြင့် ၂၄ ရာခိုင်နှုန်းမျှသာရှိ သေးကြောင်း သိရှိရ၍ အချိုးအစားအားဖြင့် အလွန်နည်းသေးသည်ဟု ထင်မြင်ယူဆ၏။

ဆောင်းပါးအစ၌ ဖော်ပြခဲ့သည့်အတိုင်း CHDB ဘဏ်သည်စုဆောင်းငွေ စာရင်းသီးခြားဖွင့်လှစ်စုဆောင်းသော ပြည်သူတို့အား အိမ်ပိုင်ဆိုင်ရန် အရစ်ကျငွေသွင်း
စနစ်ဖြင့် ဦးစားပေးငွေချေးမည်ဟူသော သတင်းကို စတင်ကြားသည့်နေ့မှ ရက်သတ္တနှစ်ပတ် ခန့်အတွင်း ပြည်သူ ၂,၀၀၀ ခန့်ကစုဆောင်း ငွေစာရင်း ဖွင့်လှစ်ကြရာ စုစုပေါင်း ကျပ်ငွေသန်း ၇၀၀ ခန့်အထိရှိကြောင်း သိရှိရပါသည်။

ပြည်သူတို့က အိမ်ရာတံခါးများ ဖွင့်လှစ်ရန်အတွက် ငွေသော့များ ဦးစားပေးရရှိနိုင်ရန် ဘဏ်သို့ မျှော်လင့်ကြီးစွာဖြင့် စုဆောင်းအပ်နှံခြင်း ဖြစ်ပေသည်။

ယခုအခါ ပြည်ထောင်စုအစိုးရသည် ဘဏ်တွင် မတည်ရင်းနှီး ငွေကိုထပ်မံတိုးမြှင့်ထည့်သွင်း ပေးရန် အကောင်းဆုံးအချိန်သို့ ရောက်ရှိလာပြီဖြစ်၏။

အထက်ပါ ပြည်သူတို့၏ စုဆောင်းငွေတိုးပွား မှုသာမက အစိုးရ၏ မတည်ငွေ ရင်းများပါ တိုးမြှင့်ထည့်သွင်းပေးလျှင် တန်ဖိုးမျှတနှင့် တန်ဖိုးနည်းအိမ်ရာများ အတွက်
ချေးငွေအင် အားကြီးမားလာမည်ဖြစ်၏။

ပြည် ထောင်စုအစိုးရ၏ စီမံကိန်းများ အရ ၂ နှစ်အတွင်း တန်ဖိုးနည်းအိမ်ခန်း ၈,၀၀၀ ဆောက်လုပ်မည်ဟု သိရှိရ၏။

လက်ရှိ ပထမအသုတ် ၂,၂၀၀ ကို မကြာမီရောင်းချမည်ဟု သိရှိရ၏။ အိမ်ခန်းဝယ်ယူ သူတို့အတွက် နှစ်ရှည် ၁၅ နှစ်အ ထိ အရစ်ကျငွေပေးသွင်းမှုကာလကို တိုးမြှင့် သတ်မှတ်ပေးနိုင်လျှင် ဝင်ငွေနည်းသူတို့ များစွာလက်လှမ်းမီနိုင်မည်ဖြစ်၏။

အစိုးရ၏ ဘတ်ဂျက်လိုငွေ ပြမှုကြီးမားပြီး ငွေဖောင်းပွမှုမြင့် တက်နေစဉ် အိမ်ရာဘဏ်ငွေကြေးစနစ် အားကောင်းအောင် အစိုးရ၏ မတည်ရင်းနှီးမှုများ ထပ်မံပြု လုပ်သင့်ပါမည်လောဟု မေးမြန်းသင့်၏။

၁၉၇၂ ခုနှစ် ကိုလံဘီယာ နိုင်ငံ၏ အတွေ့အကြုံအရ ‘တောင့်တင်းပြီး စနစ်ကျသော အိမ်ရာငွေကြေးစနစ်သည် အစိုးရ၏ ငွေကြေးကဏ္ဍကိုသာမက စီးပွားရေးဖွံ့ဖြိုးမှု များကိုပါ ဖြစ်ပေါ်စေကြောင်း’ (Well- structured housing finance systems can make toward both financial sector and over all economic development) ကမ္ဘာ့ ဘဏ်က သုံးသပ်ဖော်ပြခဲ့၏။

ထို့အပြင် မကြာမီက အသေးစားနှင့် အလတ်စားချေးငွေများအတွက် ဂျပန်နိုင်ငံ ဂျိုက်ကာ (JICA) မှ SME two Step Loan အစီအစဉ်ဖြင့် မြန်မာကျပ်ငွေ ၃၀ ဘီလီ ယံ တိတိ ချေးမည်ဟု သိရှိရ၏။

ထို ချေးငွေမှ ၈ ဒသမ ၅ ရာခိုင်နှုန်းအတိုးဖြင့် လုပ်ငန်းရှင်များကို ထပ်ဆင့်ထုတ်ချေးနိုင်မည်ဖြစ်ကြောင်း လည်း သိရှိရပေသည်။ မြန်မာ နိုင်ငံ အိမ်ရာဖွံ့ဖြိုးရေးအတွက် တစ်ခုတည်းသော ဘဏ်ဖြစ်သည့် CHDB ဘဏ်အား အထက်ပါအ တိုင်း ပြည်ပမှ Two Step Loan များ ရရှိအောင်လည်း အထူးဦးစား ပေးဆောင်ရွက်ပေးသင့်ပါသည်။

လက်ရှိ ၁၂ ရာခိုင်နှုန်းအတိုးအစား SME ဘဏ်ကဲ့သို့ ၈ ဒသမ ၅ ရာခိုင်နှုန်းအတိုးကိုလည်း ပြည်သူ တို့ ခံစားနိုင်မည်ဖြစ်၏။ ၁၅ နှစ် နှစ်ရှည်ချေးငွေလည်း ရရှိနိုင်ရန် အလားအလာပိုမိုကောင်းမွန်လာ မည်ဖြစ်၏။

၁၉၇၅ ခုနှစ် ချီလီစီးပွားရေးသည်လည်းကောင်း၊ ၁၉၈၅ ခုနှစ် မလေးရှားစီးပွားရေးသည်လည်း ကောင်း၊ အိမ်ရာဖွံ့ဖြိုးရေးကို အာရုံစိုက်ခြင်းကြောင့် ပြန်လည် ဦးမော့ လာခြင်းဖြစ်ပါသည်။

ထို့ ကြောင့် အောက်စဖို့ဒ်တက္ကသိုလ်မှ ပါမောက္ခ Danny Dorlings ဆိုသူက ‘အိမ်ရာသည် ကျွန်ုပ်တို့ခေတ် ကာလ၏ စီးပွားရေးပြဿနာများ ကို အဓိပ္ပာယ်ဖွင့်ဆိုပေး လျက် ရှိပေ ပြီ’ (Housing has become defining economic issues of our times)ဟု ဖွင့်ဆို ခဲ့ခြင်းဖြစ်၏။

ထို့အပြင် တစ်ဝကမ္ဘာ့ဘဏ်ကလည်း ‘အိမ်ရာကဏ္ဍသည် နိုင်ငံ၏ ကျယ်ပြန့်သော လူမှုရေးနှင့် စီးပွား ရေးရည်မှန်းချက်များကို ဖြည့်ဆည်းပေး၏’ (Housing sector contributes towards broad social and economic objective) (1993) ဟူ၍လည်းကောင်း သုံးသပ်ဖော်ပြခဲ့ခြင်းဖြစ်ပေသည်။

လက်ရှိ စီးပွားရေးနှင့် ဘဏ္ဍာရေးအခြေအနေကြောင့် အိမ်ရာ အတွက် ရင်းနှီးမြှုပ်နှံမှုကို မလျှော့ သင့်ပေ။ သဘာဝဘေးဒဏ် ကြောင့် အိမ်ရာမဲ့များလည်း တိုး ပွားနေ၏။

အိမ်ရာမဲ့ပြည်သူတို့က အိမ်ရာဝယ်ယူနိုင်ရေးအတွက် CHDB ဘဏ်တွင် တတ်အား သမျှ ငွေစုနေကြ၏။ အစိုးရအနေ ဖြင့် တန်ဖိုးနည်းအိမ်ရာ ချေးငွေ သီးသန့်သုံးစွဲရန် အတွက် မတည် ရင်းနှီးငွေများ တိုးမြှင့်ထည့်သွင်း ပေးစေလို၏။

ပြည်ပမှ Two Step Loan များလည်း ရရှိအောင် ဆောင်ရွက်ပေးစေလိုပါသည်။ ဤသို့ဖြင့် ဝင်ငွေနည်းပြည်သူများ အား ငွေသော့ဖြင့် အိမ်တံခါးများ ဖွင့်နိုင်အောင် အင်တိုက်အား တိုက် ကူညီကြပါဟု မေတ္တာရပ်ခံ ရင်း နိဂုံးချုပ်အပ်ပါသည်။

From : 7 day daily - By : မြင့်မိုရ်ဆွေ

Originally published at - http://www.7daydaily.com/story/73644

Read More »

Saturday, August 20, 2016

အရှုံးပေါ်နေတဲ့ နိုင်ငံပိုင် လုပ်ငန်းတွေရဲ့ အနာဂတ်




ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ၂၀၁၆ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ မူကြမ်းနဲ့ စပ်လျဉ်းပြီး အရှုံးပေါ် နေတဲ့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေနဲ့ နိုင်ငံပိုင် စက်ရုံတွေကို စိစစ် သုံးသပ်ရေး ကော်မရှင် ဖွဲ့ပြီး ရပ်ဆိုင်းသင့်ရင် ရပ်ဆိုင်း ၊ ဆိုင်းငံ့သင့်ရင် ဆိုင်းငံ့၊ ဆက်ထား သင့်တာကို ထားဖို့ ပြည်ထောင်စု ဥပဒေကြမ်း ပူးပေါင်း ကော်မတီက အကြံပြု ခဲ့ပါတယ်။

အမှန်တော့ ဈေးကွက်စီးပွားရေးစနစ်မှာတော့ လုပ်ငန်းတစ်ခုဟာ အရှုံးပေါ်နေတယ်ဆိုရင် ဆက်မလုပ်သင့် တော့ဘူးဆိုတဲ့ အမြင်တွေရှိသလို ဒါဆို ဘာလုပ်မှာလဲ ဆိုတဲ့ မေးခွန်းတွေလည်းရှိလာမှာပါ။ ယေဘုယျ အားဖြင့်အချို့ကို ပုဂ္ဂလိကကို လွှဲပြောင်းတာမျိုး (Privatization) လုပ်လေ့ ရှိသလို အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းပြီး (Corporate) လုပ်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။

“အခုက နိုင်ငံပိုင် လုပ်ငန်းတွေက အတော်လေး အရှုံးပေါ်နေပါတယ်။ ဒါကြောင့် ဒီလို အရှုံးပေါ် နေရင် တော့ မလုပ်သင့်တော့ဘူးလို့မြင်ကြတယ်။ ဥပမာ ပြည်တွင်းရေကြောင်းဆိုရင် ဒေါ်လာ သန်း ၅၀ အကြွေးတင်နေ တယ်လို့သိရတယ် ”လို့ MDRI ရဲ့ Seninor Researcher ဖြစ်တဲ့ ဦးတင်မောင်သန်းကပြောပါတယ်။

ပုဂ္ဂလိကပိုင်လား ခရိုနီပိုင်လား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရမတိုင်မီ နဲ့ သူ့လက်ထက် မှာ လုပ်ငန်းပေါင်း ၇၀ ရာနှုန်းကျော်ကို ပုဂ္ဂလိက လက်ထဲကို လွှဲပြောင်းခဲ့ပါပြီ။ ဒါပေမယ့် ဒီလို လွှဲပြောင်းတဲ့နေရာမှာ ပွင့်လင်းမြင်သာမှုတော့ မရှိခဲ့သလို နီးစပ်ရာကိုလက်သိပ်ထိုးပေးခဲ့တယ်လို့လည်း ဝေဖန်သံတွေထွက်ပေါ်ခဲ့တာပါ။

အဲဒီလို လွှဲပြောင်းတာကို ၂၀၀၈ ခုနှစ်မှာစပြီး လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီနှစ်မှာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း (SOEs) ၉၁ ခု အထိရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ပထမအကြိမ် ၉၈ ခု နဲ့ ဒုတိယအကြိမ် ၅၇ ခု ဖြစ်ပြီး အိမ်ခြံမြေ ဂိုဒေါင် ၁၄၇ လုံးလည်း ပါဝင်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင် ၂၄၆ ဆိုင်ကို လုပ်ခဲ့သလို ၂၀၁၀ မှာ နောက်ထပ်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၁၁၀ ခု၊ နိုင်ငံပိုင်အဆောက်အအုံ ၃၂၃ ခု နဲ့  အတူ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ ဗိုလ်တထောင်ဆိပ်ကမ်း၊ ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်း၊ ကျန်းမာရေး ဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း၊ အလုံဆိပ်ကမ်း စတာတွေကို လွှဲပြောင်း ခဲ့တာဖြစ်ပါတယ်။

“ အဓိကကတော့ ခေါင်းဆောင်တဲ့လူတွေနဲ့ လုပ်ပိုင်ခွငိ့ရှိတဲ့လူတွေရဲ့ မတော်လောဘတွေနဲ့ လုပ်သွားတာ ကြောင့် ဖြစ်တာပါ။ ဆိုလိုတာက National Champion Theory ကို လက်ခံပါတယ်။ ဒါပေမယ့် National Champion ကို မွေးထုတ်တဲ့ သီအိုရီကိုတော့ လက်မခံပါဘူး။ ဂျပန်တို့၊ တောင်ကိုရီးယားတို့ ဒါနဲ့ထောင် တက်သွားတာ မှန်တယ်။ မြန်မာပြည်မှာကျတော့ တသက်နဲ့တကိုယ် စက်ရုံထဲတောင် ခြေမချဖူးတဲ့သူတွေကို စက်ရုံကြီးတွေပေးလိုက်ပြီး ချန်ပီယံလုပ်ခိုင်းတာတော့ မှားတယ်လို့ မြင်တယ်။ အခု အစိုးရက ဘာတွေလုပ်နေ လဲမသိပါဘူး။ တခုရှိတာက အရင်အစိုးရက ဘယ်လောက်ပဲ အစိုးရပိုင်တဲ့ မြေတွေ အဆောက်အဦးတွေ စီးပွား ရေးလုပ်ငန်းတွေကို ကိုယ်ကျိုးရှာပြီး လွှဲခဲ့ လွှဲခဲ့ ကျန်ခဲ့တဲ့ဟာလေးကို ရှိစုမဲ့စုလေးနဲ့ ပိုပြီး အဓိပ္ပါယ်ရှိတာကိုတော့ လုပ်စေချင်တယ်” လို့ ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ်ရဲ့ ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင် ဦးမြင့်ဇော်က ပြောပြတာပါ။

NLD အစိုးရသစ် လက်ထက်မှာတော့ စုစုပေါင်း လုပ်ငန်း ၄၄ ခုလောက် ကျန်နေပါတယ်။ ဒါဆိုရင် ဘယ်လုပ်ငန်းကို ဆိုင်းငံ့၊ ဘယ်လုပ်ငန်းကို ရပ်ဆိုင်းပြီး၊ ဘယ်လုပ်ငန်းကို ပုဂ္ဂလိက လွှဲမှာလည်းဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မေလမှာ ထွက်ခဲ့တဲ့ ၂၀၁၄-၁၅ ဘတ်ဂျက်လေ့လာစောင့်ကြည့်ရေးအစီရင်ခံစာမှာ မြန်မာ့ရုပ်ရှင်လုပ်ငန်း၊ ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်း၊ စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း၊ မြန်မာ့ မီးရထား နှင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း တွေဟာ နှစ်စဉ် အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေ ဖြစ်လို့ ထိထိရောက်ရောက် စိစစ်ပြီး ပုဂ္ဂလိက လက်ထဲကို လွှဲပြောင်းဖို့  စီစဉ်သင့်တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ အများပြည်သူအတွက် အရေးပါပြီး သဘာဝအားဖြင့် လက်ဝါးကြီးအုပ်နိုင်တဲ့ အခြေအနေရှိတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်း အထိန်းအကွပ်မဲ့ ပုဂ္ဂလိက လွှဲပြောင်းပေးမှုတွေကို အလေးအနက် ထား ဆောင်ရွက်သင့်တယ်လို့ ဖော်ပြထားပါတယ်။

“အခုရေးဆွဲထားတဲ့ စီးပွားရေးမူအရဆိုရင်တော့ ရပ်ဆိုင်းတာပဲဖြစ်ဖြစ်၊ ဆိုင်းငံ့တာပဲဖြစ်ဖြစ် လုပ်မယ်ဆိုရင် လုပ်သင့်ပါတယ်။ မမြတ်ဘူးဆိုရင်တော့ ပုဂ္ဂလိကကို လွဲသင့်ရင်လည်း လွဲရမှာပါပဲ”လို့ စီးပွား/ကူးသန်း ၀န်ကြီးဌာနရဲ့ အကြံပေးဖြစ်တဲ့ ဒေါက်တာမောင်အောင်က ပြောပြပါတယ်။

ဒါကြောင့် အခုနောက်ပိုင်း ၀န်ကြီးဌာနတွေအနေနဲ့ အရှုံးပေါ်တဲ့လုပ်ငန်းတွေကို စာရင်းတင်ဖို့ လိုလာပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ ဆိုရှယ်လစ်ခေတ်က ပြည်သူပိုင်သိမ်းပြီး SOEs တွေ ထောင်ခဲ့ကြပါတယ်။ ဒီဘက်ခေတ်ကျတော့ မကိုက်လို့ဆိုပြီး နီးစပ်ရာတွေကို လာဘ်ပေးလာဘ်ယူတွေနဲ့ ထိုးပေးခဲ့ကြတဲ့အတွက် တမှားပြီး နှစ်မှားဖြစ် ကုန်တယ်လို့ သုံးသပ်တာမျိုးတွေလည်း ရှိပါတယ်။

မတူကွဲပြားတဲ့ အမြင်

ဒီလို ပုဂ္ဂလိက လက်ထဲ လွှဲပြောင်း တယ်ဆိုတာက ဘတ်ဂျက်လိုငွေ လျော့သွားအောင်၊ ထုတ်လုပ်မှု တက်လာ အောင်၊ ပြီးရင် ပုဂ္ဂလိကပိုင်ကဏ္ဍရဲ့ ပြည်ပပို့ကုန်တိုး တက်လာအောင်ဆိုပြီး လုပ်ကြတာမျိုးဆိုပေမယ့် ဒီလို လုပ်ခြင်းအားဖြင့် ဘယ်လောက်အထိ ပြောင်းလဲလာနိုင်လဲ ဆိုတာတော့ စနစ်တကျ လေ့လာဖို့ လိုမယ် လို့ ဒေါက်တာအောင်ကိုကို (စီးပွားရေးပေါ်လစီ) က ပြောပါတယ်။

“တကယ်လို့ privatization လုပ်မယ်ဆိုရင် လုပ်ရတဲ့အကြောင်းရင်းတော့ ရှိရလိမ့်မယ်။ အရှုံးပေါ်တိုင်း တော့ လုပ်ရမှာ မဟုတ်ဘူးလို့ မြင်ပါတယ်။ အလားတူပဲ အမျိုးသားလုံခြုံရေး (National Security) နဲ့  ဆက်စပ်နေတဲ့ လုပ်ငန်းတွေကို ဘယ်လောက်ပဲ အရှုံး ပေါ်နေပေါ်နေ လုပ်လို့ မဖြစ်နိုင်သလို၊ ပုဂ္ဂလိက လွှဲတိုင်းလည်း အားလုံး ကောင်းသွားတာတော့ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဈေးကွက်ကို လက်ဝါးကြီးအုပ် သွားတာတွေ ရှိတယ်။ ဥပမာ စက်သုံးဆီဆိုင်တွေဆိုရင် နိုင်ငံတကာဈေး တက်ရင် လိုက်တက်တတ်ပေမယ့် ကျရင်တော့ တော်တော်နဲ့ချ မရောင်းဘူး။ ဒါကြောင့် ဘက်စုံစဉ်းစားဖို့တော့လိုလိမ့်မယ်”လို့ ထောက်ပြပါတယ်။

ဦးပိုင်နဲ့ MEC

အခုလို အရှုံးပေါ်နေတဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း သတင်းတွေနဲ့အတူ မြန်မာစီးပွားရေးဦးပိုင်လိမိတက် (Myanmar Economic Holding Limited) နဲ့ MEC မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ( Mynamar Economic Corporation) တွေကကော ဘယ်အထဲမှာပါလဲဆိုတဲ့ အသံတွေလည်း ထွက်ပေါ်လာပါတယ်။

“Corporation ဆိုတာကတော့ ၀န်ထမ်းရဲ့ ရှယ်ယာတွေ ဒီအထဲမှာ ပြန်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာ လုပ်တဲ့ပုံစံနဲ့ အခု မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ပုံစံတော့ မတူဘူး ဖြစ်နေတယ်။ အရင် အစိုးရလက်ထက်မှာ လုပ်ခဲ့တာတွေကလည်း စနစ်တကျ ရှိလှတာ မတွေ့ရပါဘူး”လို့ ဦးတင်မောင်သန်းက ပြောပြခဲ့ပါတယ်။

မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်တို့၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ က ယခုပြောနေတဲ့ State Own Enterprises နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ သဘောသဘာဝချင်း မတူတဲ့အပြင် အမြတ်ရတဲ့လုပ်ငန်းထဲ ပါနေတဲ့အတွက် လွှဲမှာ မဟုတ်ပါဘူးလို့ တချို့ က သုံးသပ်ကြပါတယ်။

“သိရသလောက် MEC ကို ကော်ပရိတ်အနေနဲ့ ဖွဲ့ထားတာပါ။ ကာကွယ်ရေး ၀န်ကြီးဌာန အောက်မှာ ဖြစ်နေတော့ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းလို့ပြောမယ် ဆိုရင်တော့ ပြောလို့ရပါတယ်။ တခုရှိတာက ရှယ်ယာရှင်ရဲ့ ပိုက်ဆံနဲ့ လုပ်ထားတာလား၊ ၀န်ကြီးဌာနက ငွေနဲ့  လုပ်တာလားဆိုတာတော့ မသိရဘူး ဖြစ်နေတယ်”လို့ Development Studies ဘာသာရပ်နဲ့ သုတေသနလုပ်နေတဲ့ ဦးဇော်အောင်က ပြောပါတယ်။

စစ်တပ်ပိုင်ဖြစ်တဲ့ MEC နဲ့ ဦးပိုင်ကိစ္စကို စဉ်းစားတဲ့အခါ မြန်မာနိုင်ငံရဲ့ တချိန်က အစိုးရဟာ စစ်တပ်ဖြစ် ခဲ့တဲ့အတွက် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း (SOEs) ထဲ ထည့်လို့ရမလား မရဘူးလား ဆိုတာကို လက်ရှိ အစိုးရကပဲ ဆုံးဖြတ်ရမှာပါ။

“ဘဏ္ဍာရေး စီမံခန့်ခွဲမှု ရှိပေမယ့် သူပိုင်တဲ့ စက်ရုံက အကျိုးအမြတ်တွေက နိုင်ငံတော်ကို အခွန်ဆောင်စရာ လည်း မလိုဘူး။ ဥပမာ ဦးပိုင်ပေါ့။ ငွေသွင်းငွေထုတ်တွေကလည်း နိုင်ငံတော် ဘတ်ဂျက်ထဲလည်း မသွားဘူး။ သီခြားဖြစ်နေတဲ့ သဘောတော့ ရှိတယ်”လို့ ဦးဇော်အောင်က ပြောပြပါတယ်။

အခု ဥပဒေကြမ်း အကြံပြုချက်တင်တဲ့အထဲမှာ ဆိုင်းငံ့မလား၊ ပိတ်သိမ်းမလားဆိုတဲ့ နေရာမျိုးတွေမှာ ဆက်လုပ်လို့လည်း အကျိုးမရှိတော့တဲ့လုပ်ငန်းတွေ၊ နည်းပညာလည်းမရှိ၊ ပစ္စည်းတွေကလည်း မကောင်း၊ ရင်းနှီးမြုပ်နှံမှုကလည်း ကြီးနေပြီး အလွန်အမင်း အရှုံးပေါ်နေတဲ့ လုပ်ငန်းမျိုးတွေကို ရပ်ပစ်လိုက်ဖို့ သုံးသပ်တာတွေ ရှိနေပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို လက်ရှိအချိန်ဟာ ၂၀၁၃ ခုနှစ်က အစိုးရကနေ YIGI ကုမ္ပဏီကို နိုင်ငံပိုင် အဖြစ်ကနေ ပုဂ္ဂလိကပိုင်အဖြစ်လွှဲခဲ့တဲ့ မြန်မာ့ လယ်ယာသုံး စက်ကိရိယာလုပ်ငန်းက ၀န်ထမ်းတွေက ဆန္ဒပြနေတဲ့ အချိန်လည်းဖြစ်ပါတယ်။ ၀န်ထမ်းတွေက YIGI ကုမ္ပဏီဟာ လွဲပြောင်းယူစဉ်က လယ်ယာသုံး စက်ကိရိယာတွေ တိုးချဲ့ထုတ်လုပ်ဖို့ စာချုပ်မှာ ပါရှိခဲ့ပေမယ့် အခြားလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်နေတာအပြင် အလုပ်သမားတွေ ထုတ်ပယ်မှုတွေရှိနေတာကြောင့် ဆန္ဒပြနေတာဖြစ်တယ်လို့ ပြောဆိုနေကြောင်းပါ။

ယမင်းမြတ်အေး

From : ဧရာဝတီ by htet htet

Originally published at - http://burma.irrawaddy.com/business/2016/08/20/121042.html

Read More »

Wednesday, July 27, 2016

မူမမှန်သည့် ကံစမ်းမဲနှင့် အူရီးဒူးပြသနာ




‘‘SMS (မက်ဆေ့ခ်ျ) ကနေ ဉာဏ်စမ်း မေးခွန်းလေး တွေကို ဖြေလိုက် ရအောင်။ အမှတ် များများ ရလေ ဆုကြီးတွေ ပိုင်ဆိုင်ဖို့ အခွင့်အရေး ပိုများလေပေါ့’’

အထက်ပါ စာသား များမှာ ဆုကြီး များကို မက်လုံးပေး၍ မက် ဆေ့ခ်ျ တစ်စောင်လျှင် နှစ်ရာကျပ်ဖြင့် ဉာဏ်စမ်း မေးခွန်းများ ဖြေဆိုရန် မဲဆွယ် စည်းရုံးသည့် အူရီးဒူး၏ ကြော်ငြာ စာသား ဖြစ်သည်။

ဆက်သွယ်ရေး အော်ပရေတာ သုံးခု အနက် တစ်ခု ဖြစ်သော အူရီးဒူးမြန်မာ ကုမ္ပဏီသည် ဇူလိုင် ၂၀ ရက်က အထူး သတင်းကြေ ညာချက် ရုပ်သံဖိုင် ထုတ်လွှင့် ရာတွင် ထည့်သွင်း ပြောကြား ခဲ့ခြင်းလည်း ဖြစ်သည်။

အူရီးဒူးမြန်မာ ကုမ္ပဏီသည် ၎င်းတို့၏ အရောင်းမြှင့်တင်ခြင်း အစီအစဉ်အဖြစ် ‘ခုဖြေခုထော’ ၀န်ဆောင်မှု အသစ်ကို မိတ်ဆက် ခဲ့ပြီး ယင်းဝန်ဆောင်မှု အသစ်တွင် ပါဝင် သူများသည် နေ့စဉ် ကျပ်သိန်းသုံးဆယ် ရရှိနိုင်ခြင်း၊ အပတ်စဉ် တန်ဖိုးကြီး စမတ်ဖုန်းများ ရရှိခြင်းနှင့် ဆုကြီး ကျပ်သိန်းသုံးရာ ရရှိနိုင်ခြင်း စသည့် အခွင့် အရေးများ ရှိနေသည်ဟု တရားဝင် ကြေညာ ခဲ့သည်။

အဆိုပါ အခွင့်အရေးများကို ပိုင်ဆိုင်ခွင့်ရရှိရန် သုံးစွဲသူများဘက်က ပြန်ပေးရမည့်အရင်းအနှီးမှာလည်း မက်ဆေ့ခ်ျတစ်စောင်လျှင် နှစ်ရာကျပ်ဖြစ်သည်။ လွန်ခဲ့သော ၂၀၁၄ နောက်ပိုင်းတွင် ဆက်သွယ်ရေးကဏ္ဍကိုဈေးကွက် အပြိုင်သဘောဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ပဆက်သွယ်ရေးအော်ပရေတာနှစ်ခု ၀င်ရောက်လာချိန်၌ မိုဘိုင်း ဆင်းမ်ကတ် တန်ဖိုးတစ်ဟုန်ထိုး ကျဆင်းမှုနှင့် အတူ ဖုန်းပြောဆိုခ၊ မက်ဆေ့ခ်ျပေးပို့နှုန်းထား၊ အင်တာနက် အသုံးပြုခများလည်း ပြည်သူများ လက်လှမ်းမှီသော အခြေ အနေ တစ်ခုကို ရောက်ရှိ လာခဲ့သည်။

ဆက်သွယ်ရေး အော်ပရေတာများ၏ မက်ဆေ့ခ်ျပို့ခနှုန်းထား တစ်စောင်လျှင် နှစ်ဆယ့်ငါးကျပ် ခန့်သာ ကောက်ခံနေသော အချိန် ကာလတွင် အူရီးဒူး၏ မက်ဆေ့ခ်ျ တစ်စောင်လျှင် နှစ်ရာကျပ် ဟူသော သတ်မှတ်ချက်မှာ သုံးစွဲသူများ အတွက် တရား မျှတသော ၀န်ဆောင်မှု မဟုတ်ကြောင်း ဝေဖန် သုံးသပ်မှုများ ထွက်ပေါ် လာခဲ့သည်။

‘‘နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုတာ ဘာလဲ မေးချင်တယ်။ အခု ကိစ္စက လူတွေ ဆီက ပိုက်ဆံတွေကို လိမ်ညာပြီး ယူနေ သလို ဖြစ်နေတယ်’’ ဟု အထက်ပါ ၀န်ဆောင်မှုအား ဖုန်းဘီလ် ငွေကျပ်နှစ်ထောင် အကုန် အကျခံ၍ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သူ ကိုဖိုးချွန်က ပြောသည်။

အူရီးဒူးမြန်မာသည် အထက်ပါ ၀န်ဆောင်မှုကို ပါဝင် ကံစမ်း သူများ အတွက် မေးခွန်းမက်ဆေ့ခ်ျ ပေးပို့၍ အဖြေမှန်မှာ ပေးထားချက် (၁)နှင့်(၂) ကို ဖော်ပြကာ
နှစ်ခု အနက် တစ်ခုကို ရွေးချယ် ခိုင်းခြင်းဖြစ်သည်။

ပါဝင်ကံစမ်းသူက မေးခွန်းများကို ပြန်လည်ဖြေကြား သည့်အခါတိုင်းတွင် အဖြေတစ်ခုအတွက် သာမန်မက်ဆေ့ခ်ျတစ်စောင်တန်ဖိုး၏ ရှစ်ဆပမာဏကို ၎င်းတို့၏ ဖုန်းဘီလ်ထဲက ဖြတ်တောက်ခံရမည်။ ဆိုလိုသည်က ခုဖြေခုထော အစီအစဉ် ပါဝင်ထားသူတစ်ဦး၏ ၁ သို့မဟုတ် ၂ ဟူသော မက်ဆေ့ခ်ျတစ်စောင်တန်ဖိုး သည် ဖုန်းပြောဆိုချိန် ရှစ်မိနစ်(သို့ မဟုတ်) မက်ဆေ့ခ်ျ ရှစ်စောင်ပေးပို့နိုင်သည်။

တစ်ကြိမ်သုံးစွဲခြင်း တူညီသော်လည်း ကုန်ကျစရိတ်ပိုများသော အစီအစဉ်ကို စိတ်ပါဝင်စားစွာဖြေဆိုသူ၊ အပျော်တမ်းဖြေဆိုသူ စသဖြင့် ပေါ်ပေါက်လာခဲ့သည်။

စိတ်ပါဝင်စားစွာ ဖြေဆိုသူများသည် ‘ခုဖြေခုထော’ အစီအစဉ်မှ ဆုမဲကြီးများကို မျှော်လင့်၍ တစ်ရက်တည်းနှင့် မက်ဆေ့ခ်ျများစွာဖြေဆို၍ သိန်းသုံးဆယ်ဆုမဲအတွက် ရင်ခုန်ကြသည်။

‘‘မေးခွန်းတွေက လွယ်ပါတယ်။ အခု မက်ဆေ့ခ်ျ ၂၀ နဲ့ ၃၀ ၀န်းကျင်လောက်ဖြေပြီး သိန်း ၃၀ ကိုရခဲ့တာ’’ ဟု ‘ခုဖြေခုထော’ အစီအစဉ်၏ ပထမဆုံး ကံထူးရှင် ဦးအောင်ဝင်းက အူရီးဒူးမြန်မာ ရုပ်သံ ဗီဒီယိုဖိုင်တွင် ပြောသည်။

အပျော်တမ်း ဖြေဆိုသူများက တစ်ရက်လျှင် မက်ဆေ့ခ်ျ ငါးစောင်ခန့်ဖြင့် ရပ်နား လိုက်ကြသော်လည်း သိန်းသုံးဆယ် နေ့စဉ် ဆုမဲ၊ တန်ဖိုး စမတ်ဖုန်း၊ သိန်းသုံးရာ ဆုကြီး များကို အိပ်မက် မက်ကြ သူများမှာ လောဘကို အဆုံး မသတ်နိုင်ဘဲ ဆက်တိုက်ဖြေဆိုကြသည်။

တစ်ရက်တည်း ငါးသောင်းကျော်ဖိုးအထိ အကုန်အကျခံ၍ ဖြေဆိုသူများပင် ရှိသည်။

‘ခုဖြေခုထော’ အစီအစဉ်သည် မှန်ကန်စွာဖြေဆိုနိုင်လျှင် ၂၀ မှတ်၊ မှားယွင်းလျှင် ၁၀ မှတ် သတ်မှတ် ထားသော်လည်း ဖြေဆိုသူ ထဲမှ အမှတ်အများဆုံး သူကို ဆုပေးအပ်ခြင်းမျိုး မဟုတ်ဘဲ အမှတ်များများ ရရှိသူမှာ ဆုရရှိရန် ပိုမိုနီးစပ်သည်ဟု ကြေညာ ထားကာ ကံထူးရှင်ကို မဲနှိုက်ရွေးချယ်သည့် စနစ်ဖြစ်သည်။

‘‘သူတို့လုပ်တဲ့ ပုံစံက ပွင့်လင်းမြင်သာမှု မရှိဘူး။ အမှတ်တစ်ခုကို တစ်ကျပ် နီးပါးကုန်တယ်။ အစ်ကိုဆို တစ်သောင်းခြောက်ထောင်ဖိုး အကုန် ခံဖြေတယ်။ ရမှတ်က တစ်သောင်းကျော်ပဲ ရှိသေးတယ်။ အမှတ်ကြည့်ချင် ရင်လည်း နှစ်ရာကျပ်ကုန်တယ်။ တော်တော် များများ မှန်လည်း ကိုယ့်အတွက် အခွင့်အရေးဆိုတာ ဘာမှန်း မသိဘူး’’ ဟု ပါဝင်ယှဉ်ပြိုင်သူ ကိုမင်းသူကပြောသည်။

ယင်းကဲ့သို့ ကံစမ်းမဲအစီအစဉ်ကို အူရီးဒူးမြန်မာကုမ္ပဏီက ပထမဆုံး ပြုလုပ်ခြင်းမဟုတ်ပေ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)ကလည်း ကံစမ်းမဲအစီအ စဉ်များကို
ပြုလုပ်ခဲ့ဖူးသည်။ MPT သည် မက်ဆေ့ခ်ျတစ်စောင် တန်ဖိုးအပေါ် ပြောင်းလဲမှုမရှိဘဲ မူလတန်ဖိုးအတိုင်း သုံးစောင်ပေးပို့ရသည့်စနစ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့၏ ၀န်ဆောင်မှုအပေါ် သုံးစွဲသူများက ပြင်းထန်စွာ ဝေဖန်ခြင်းမျိုးလည်း ပေါ်ထွက်ခဲ့ခြင်းမရှိပေ။ အူရီးဒူးမြန်မာ၏ ‘ခုဖြေခုထော’ အစီအစဉ်နှင့်အနီးစပ်ဆုံး တူညီသည့် အရောင်းမြှင့်တင်ခြင်းကို အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ပြုလုပ် ခဲ့ဖူးကြောင်း အူရီးဒူးမြန်မာဆက်ဆံရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သို့ရာတွင် အူရီးဒူးမြန်မာ၏ ‘ခုဖြေခုထော’ အစီအစဉ်မှာ သုံးစွဲသူများအကြား အချိန်တိုအတွင်း လျင်မြန်စွာပျံ့နှံ့ခဲ့သည်။ အစီအစဉ်အပေါ် သုံးစွဲသူများ၏ ချီးကျုးပြောဆို မှုများ မဟုတ်ပေ။ ဒေါသထွက်ရင်း အပြစ်တင်သံများပင် ဖြစ်သည်။

အင်တာနက်ဆိုလျှင် ဖေ့စ်ဘွတ်ခ်တစ်ခုကိုသာ အဓိကသုံးစွဲသော မြန်မာနိုင်ငံတွင်အူရီးဒူး၏ ‘ခုဖြေခုထော’ အစီအစဉ်ကို ဝေဖန်ပြစ်တင်သည့် ဓာတ်ပုံများမှာ
ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် အများစုနေရာ ယူထားသည်။ သုံးစွဲသူများ အဓိကဝေဖန်သည့် အချက်မှာ မက်ဆေ့ခ်ျ တစ်စောင်လျှင် နှစ်ရာကျပ် ဖြတ်တောက်သည့် ကိစ္စနှင့် အဖြေမှန် များကို မှားယွင်းသည်ဟု အကြောင်းပြန်မှုတို့ဖြစ်သည်။

ထင်ရှားသော ဥပမာများမှာ ‘‘အနောက်ဘက် အကျဆုံးမြစ်က ဘာမြစ်လဲ 1 = ဇော်ဂျီမြစ် 2 = နတ်မြစ်။ 777 သို့ 1 နဲ့ 2 တစ်ခု ပို့ပါ’’ ဟူသော မေးခွန်းကို ဖြေဆိုသူက 2 ကို ရွေးချယ်သော်လည်း မှားယွင်းကြောင်း၊ ထို့ပြင် ‘‘မြန်မာနိုင်ငံမှာ တိုင်းနှင့် ပြည်နယ် ဘယ်နှခုရှိပါသလဲ။ 1=14 ၊ 2=16’’ ဟူသော မေးခွန်းကို ဖြေဆိုသူက 1 ဟုရွေးချယ်ရာ မှားယွင်းသည်ဟု အကြောင်းပြန်ခဲ့သည်။

အလားတူပင် ‘‘မြန်မာ့ရိုးရာအားကစားက ဘာလဲ။ 1 = ခြင်းလုံး၊ 2= ဘတ်စကက်ဘော’’ ဟူသော မေးခွန်းကိုလည်း ဖြေဆိုသူက 1 ကို ရွေးချယ်သည်ကို အူရီးဒူးက မှားယွင်းကြောင်း ပြန်လည်ပေးပို့ ခဲ့ခြင်းတို့ ဖြစ်သည်။

ပြည်တွင်းရှိ အော်ပရေတာ များအား ကြီးကြပ် ကွပ်ကဲရသော ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် အူရီးဒူးမြန်မာ၏ ‘ခုဖြေခုထော’ အစီအစဉ်ကို ၎င်းတို့၏ ခွင့်ပြုချက်နှင့် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဇူလိုင် ၂၂ ရက်က 7Day News အား ဖြေကြားခဲ့သည်။

သို့သော်ဇူလိုင် ၂၃ရက်စွဲဖြင့် ‘ခုဖြေခုထော’ အစီအစဉ်ကို ရပ်ဆိုင်းရန် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက အူရီးဒူးမြန်မာ၏ အမှုဆောင် အရာရှိချုပ်ထံ လိပ်မူ ပေးပို့ခဲ့သည်။

ယင်းထုတ်ပြန်ချက်ထဲတွင် ‘ခုဖြေခုထော’ အစီအစဉ်ကို ကြိုတင် အသိပေးဆောင်ရွက် ခဲ့ ခြင်းမရှိသည့် အပေါ် အမြန်ဆုံးဖြေရှင်းရန်၊ အဆိုပါအစီအစဉ်အား ခွင့်ပြုနိုင်ရေး ရှင်းလင်းစွာ သိရန် လိုအပ်မှုများ ရှိနေသေးကြောင်းနှင့် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာ နည်းဥပဒေများနှင့် အညီ ကြိုတင် အသိပေးဆောင် ရွက်ခဲ့ခြင်းမရှိသည့် အူရီးဒူးမြန်မာ၏ ‘ခုဖြေခုထော’ အစီအစဉ်အား ချက်ချင်း ရပ်ဆိုင်းရန်နှင့် ဦးစီးဌာန၏ ခွင့်ပြုချက် မရမချင်း ဆက်လက်
ဆောင်ရွက်ခြင်းမပြုရန် အကြောင်းကြားကြောင်း ဖော်ပြ ထားသည်။

လက်ရှိ အူရီးဒူး၏နောက်ဆုံး ဂယက်ရိုက်ခဲ့သည့် အစီအစဉ်သည် သုံးစွဲသူများ၏ ထောက်ပြဝေဖန်မှုများရှိခဲ့သော်လည်း လက်ရှိအချိန်အထိ အော်ပရေတာဘက်က မှားယွင်းကြောင်း ၀န်ခံတုံ့ပြန်မှု တစ်စုံတစ်ရာ ပြုလုပ်ခြင်းမရှိသေးပေ။

အူရီးဒူးမြန်မာသည် ယင်းအစီအစဉ်အတွက် မက်ဆေ့ခ်ျတစ်စောင် နှစ်ရာကျပ်နှုန်းဖြင့် သုံးစွဲသူအရေအတွက် မည်မျှဖြေဆိုပြီးကြောင်း တိကျစွာ မသိရှိသော်လည်း ဇူလိုင် ၁၈ ရက်မှ ၂၁ ရက်အထိ နေ့စဉ်သိန်းသုံးဆယ်ဆုကိုရရှိသူ လေးဦးပေါ်ထွက်လာခဲ့သည်။ ယင်းလေးဦးအတွက် စုစုပေါင်းဆုငွေမှာ သိန်းတစ်ရာ့နှစ်ဆယ်ဖြစ်ပြီး ပါဝင်ဖြေဆိုသည့် မက်ဆေ့ခ်ျအရေအတွက် ခြောက်သောင်းသာ လိုအပ်သည်။ အူရီးဒူးမြန်မာ၏လက်ရှိ အသုံးပြုသူဦးရေမှာ ၇ သန်းခန့်ရှိသည်။

ယင်းအစီအစဉ်ကိုစတင် အသုံးပြုသူ ဦးရေ တစ်သိန်း ရှိရုံဖြင့် အူရီဒူးမြန်မာသည် ကျပ်သိန်းနှစ်ရာဝင်ငွေ ရရှိမည်ဖြစ်သည်။

ဖြေဆိုသည့်မက်ဆေ့ခ်ျတစ်စောင်ပေးပို့လိုက်တိုင်း (သို့မဟုတ်) အမှတ်အရေအတွက်မေးမြန်းသည့်အကြိမ်တိုင်း နှစ်ရာကျပ်ဖြတ်တောက်ခံရမည်ဖြစ်သည်။ အစီအစဉ်ကို ဆက်လက် အသုံးမပြု လို၍ ရပ်နားချိန် တွင်လည်း နှစ်ရာကျပ်ပေး၍ အဆုံးသတ် ရပါမည်။

‘‘အချိန်လည်းအားနေတယ်။ ဖုန်းထဲမှာလည်း ငွေရှိနေတယ်ဆိုရင် ရွေးချယ်စရာက နှစ်ခုထဲက တစ်ခုဆိုတော့ ဖြေဖြစ်နေမှာပဲ။ မှန်မလား၊ မှားမလားရွေးရင်းနဲ့ ပိုက်ဆံတွေကုန်သွားမှာပေါ့။

အဲဒီလိုကျတော့ မြန်မာနိုင်ငံလို အနေအထားမျိုးနဲ့ကျ သိပ်မကောင်းဘူးလို့ ထင်တယ်။နှစ်ရာလို့ သတ်မှတ်ထားတာကလည်း များတယ်လို့ ယူဆတယ်။ သူတို့က ဒီပိုက်ဆံကိုပေးဖို့ ပိုက်ဆံပြန်ရှာတဲ့သဘော ဖြစ်နေတာပေါ့’’ဟု ပါဝင်ဖြေဆိုသူ ကိုစိုးသူရက မှတ်ချက်ပြုသည်။

အဆိုပါအစီအစဉ်နှင့် ပတ်သက်၍ ဥပေဒပညာရှင်အချို့က ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုခြင်း ရှိ၊မရှိထက် လောင်းကစားဥပဒေဖြင့် အကျုံးဝင်နေကြောင်း သုံးသပ်ကြသည်။

လောင်းကစားဥပဒေတွင် ကံစမ်းကစားခြင်း၊ ကျွမ်းကျင်မှုကစားခြင်း တစ်ခုခုတွင်ပါဝင်ပြီး ငွေကြေးအတွက်လည်းကောင်း၊ ငွေကြေးတန်ဖိုးရှိသော (သို့မဟုတ်)
ငွေကြေးတန်ဖိုးအဖြစ် လွှဲပြောင်းသတ်မှတ်ရန် သဘောတူပြီးဖြစ်သော ပစ္စည်းတစ်စုံတစ်ရာအတွက်လည်းကောင်း၊ အကောက်အစားယူသည်ဖြစ်စေ၊ မယူသည်
ဖြစ်စေ လောင်းကစားခြင်းကိုဆိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

‘‘ဆက်သွယ်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲရေး လုပ်တယ်ဆိုတာ သုံးစွဲသူပြည်သူတွေ အကျိုးအတွက်လုပ်တာလား၊ ဘယ်အတွက်လဲဆိုတာ ဥပဒေရဲ့ ရည်ရွယ်ချက် လက်ရှိရေးသားထားတာတွေကို ပြန်လည်သုံးသပ်ရမယ့် သဘောပဲဗျ။ ပြည်သူတွေအတွက် လုံးဝမကြည့်တော့ဘူးလားပေါ့။ တခြားတစ်ဖက်မှာရှိတဲ့ ဥပဒေတစ်ရပ်ကို ချိုးဖောက်ထားသလို ဖြစ်နေတယ်’’ဟု ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်က မှတ်ချက်ပြုသည်။

ကံစမ်းရာတွင် ပါဝင်သူများအား မျှော်လင့်ချက်တစ်ခုနှင့် မက်လုံးပေး၍ ဆွဲဆောင်ခြင်းက လောင်းကစားဥပဒေနှင့် ငြိစွန်းနေပြီး ဆက်သွယ်ရေးအော်ပရေတာ တစ်ခုအနေဖြင့် ပြည်သူများကို ရိုးသားစွာ အခြားနည်းလမ်းများဖြင့် ကူညီပေးသင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း) က သုံးသပ်သည်။

‘‘ကံစမ်းတယ်ဆိုတာကတော့ လောင်းကစားဥပဒေနဲ့ အကျုံးဝင်တာပေါ့။ တခြားဥပဒေတွေနဲ့ ပတ်သက်မှု ရှိ၊ မရှိက ကတော့ လောလောဆယ် အကဲဖြတ်လို့မရသေးဘူး။ အကောင်းဆုံးကတော့ အခုလိုပေါ်ပေါက်နေတဲ့ ကိစ္စတွေကို ပြည်ထောင်စု လွှတ်တော်မှာ ရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်များသည် ဒီကိစ္စကို သဲသဲကွဲကွဲ သိသွားအောင်
မေးခွန်းမေးခြင်းအားဖြင့် သက်ဆိုင်ရာ ၀န်ကြီးဌာနကို အများပြည်သူ အကျိုး အတွက် အဖြေတစ်ခု ရလာအောင် မေးသင့်တယ်။ ဒီလမ်းကြောင်းကပဲ သွားသင့်တယ်’’ ဟု ပြည်သူ့ လွှတ်တော် အမတ်ဟောင်း၊ တရား လွှတ်တော်ရှေ့နေ ဦးသိန်းညွန့်က အကြံပြုသည်။

အူရီးဒူးမြန်မာအနေဖြင့် ‘ခုဖြေခုထော’ အစီအစဉ်နှင့် ပတ်သက်၍ ကောက်ခံမည့်နှုန်းထား၊ ချမှတ်ထားသော စည်းကမ်းချက်များကို ၎င်းတို့၏၀က်ဘ်ဆိုက် (www.ooredoo.com.mm) မှ တစ်ဆင့် ပွင့်လင်းမြင်သာစွာ လွှင့်တင်ဖော်ပြထားသော်လည်း သုံးစွဲသူအများစုသည် ယင်းအချက်များကို သေချာစွာ ဖတ်ရှုခြင်းမရှိကြပေ။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအော်ပရေတာ သုံးခုစလုံးသည် ဈေးကွက်ရရှိရန် အပြိုင်အဆိုင် ဈေးနှုန်းလျှော့ချခြင်း၊ အစီအစဉ်(Plan)သစ်များတိုးချဲ့ခြင်း၊ ပရိုမိုးရှင်း ပွဲများ ပြုလုပ်ခြင်းစသည့် ၀န်ဆောင်မှုများ ပေးနေသော်လည်း ပြည်သူများ အမှန်တကယ် လိုအပ်နေသည်မှာ အင်တာနက်အသုံးပြုလျှင် မြန်ဆန်ခြင်း၊ ဖုန်းပြောလျှင် အသံကြည်လင်စွာ အပြန်အလှန်ပြောဆိုနိုင်ခြင်းပင် ဖြစ်သည်။

(ဓာတ်ပုံ−လင်းဘိုဘို/အီးပီအေ)

From : 7daydaily - By : ထက်အာကာကျော်

Originally published at - http://www.7daydaily.com/story/71250

Read More »

Tuesday, July 26, 2016

အိန္ဒိယ - မြန်မာ ဆက်ဆံရေးသစ်ရဲ့ မျက်နှာစာများ




ဒီတခေါက် အိန္ဒိယကို ခရီး ထွက်ဖြစ်ဖို့ ဖိတ်ကြား လာတဲ့ အဖွဲ့ ကတော့ မြန်မာ အိုင်းဆစ် (Myanmar ISIS) လို့ခေါ်တဲ့ အဖွဲ့ အစည်းပါ။ မြန်မာအိုင်းဆစ်ဆိုတော့ ကမ္ဘာမှာ နာမည် ကြီးနေတဲ့ ISIS (Islamic State of Iraq and Syria) ဆိုတဲ့ အကြမ်းဖက် အဖွဲ့အစည်းနဲ့ တစုံတရာ ပတ်သက်နေတဲ့ မြန်မာ အဖွဲ့ အစည်း ဖြစ်နေလေ မလားလို့ စာဖတ် သူတို့ တွေးကောင်းတွေးနေနိုင် ပါတယ်။ မပတ်သက် ပါဘူး။

အမှန်တော့ ဒီအဖွဲ့အစည်းဟာ မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပညာရှင်များ၊ သံအမတ်ဟောင်းများနဲ့ တရားဝင် ဖွဲ့စည်းပေး ထားတဲ့ နိုင်ငံတကာ မဟာဗျူဟာ
လေ့လာရေး အဖွဲ့ တဖွဲ့ပါ။ Myanmar Institute of Strategic and International Studies လို့ ခေါ်ပါတယ်။

အရှေ့အလယ်ပိုင်းက အိုင်းဆစ် (ISIS) သို့မဟုတ် (ISIL) အဖွဲ့ နာမည်ဆိုးနဲ့ မကျော်ကြား လာခင် (၂၀၁၄ ခုနှစ် မတိုင်ခင်) ၂၀၀၉ ခုနှစ်လောက် ကတည်းက ဖွဲ့စည်း ထားခဲ့တဲ့ မြန်မာ Think Tank အဖွဲ့အစည်း တခုပါ။ မူလက မြန်မာ အိုင်းဆစ်လို့ အတိုကောက် ခေါ်နေရာ ကနေ အရှေ့အလယ်ပိုင်းက အကြမ်းဖက် အဖွဲ့အစည်းနဲ့
ရောထွေး အထင်မှားမှာ စိုးလို့ အခု အခါမှာ MISIS မိုင်းဆစ်လို့ ခေါ်ပါတယ်။

အဖွဲ့ရဲ့ ဥက္ကဋ္ဌက ဦးညွန့်မောင်ရှိန် (သံအမတ်ကြီးဟောင်း) ဖြစ်ပါတယ်။ ကျနော်က ဦးညွန့်မောင်ရှိန်၊ ဒေါက်တာ ခင်ဇော်ဝင်းတို့နဲ့ အတူ တရုတ်ပြည် ဇိချွမ်းပြည်နယ် ချုံကင်း (ချုံချင့်) ကို အတူ သွားဖူးလို့ တယောက်နဲ့ တယောက် သိကျွမ်းနေ ကြတာပါ။ အဲဒီတုံးက (ဦးသိန်းစိန် အစိုးရ လက်ထက်) လည်း တရုတ်ပြည် ဇိချွမ်းပြည်နယ် အစိုးရက Myanmar ISIS နဲ့ တမ္ပဒီပ အဖွဲ့တို့က တဆင့် ကျနော် တို့ကို ဖိတ်ကြားပြီး သူတို့ရဲ့ One Road One Belt မူဝါဒကို ရှင်းပြ ခဲ့ပါတယ်။

သူတို့ရဲ့ ဖွံ့ဖြိုးရေး စိတ်ကူးစံတွေကို မြန်မာ Think Tank အဖွဲ့တခုကနေ မြန်မာအစိုးရကို အသိပေးလိုပုံ ရပါတယ်။

အခုလည်းပဲ အိန္ဒိယရဲ့ လွတ်လပ်တဲ့ Think Tank အဖွဲ့တခုဖြစ်တဲ့ India Foundation က မြန်မာ Think Tank ဖြစ်တဲ့ MISIS ကတဆင့် မြန်မာ အစိုးရသစ်ကို သူတို့ အသိပေး လိုတာတွေကို ရှင်းပြရင်း မြန်မာရဲ့ ထင်မြင်ချက် တွေကို နားထောင်ဖို့ ဖိတ်လိုက် တာပါ။

အဓိကကတော့ (BJP) Bharatiya Janata Party (ဘာရာတီယာ ဂျာနာတာပါတီ) ခေါင်းဆောင်၊ အိန္ဒိယ လက်ရှိ အစိုးရ National Democratic Alliance (အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့) ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ (Narenda Modi) ရဲ့ Act East ပေါ်လစီကို တက်တက်ကြွကြွ အကောင် အထည်ဖော်နိုင်ဖို့ ရည်ရွယ် တာပဲ ဖြစ်ပါတယ်။

India Foundation က Myanmar ISIS ကို ဖိတ်လိုက်တဲ့အခါ ထင်ရှားတဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေလည်း ပါဝင်စေချင်တယ် ဆိုတာကြောင့် အန်အယ်လ်ဒီ၊ ယူအက်စ်ဒီပီ၊ အေအန်ပီနဲ့ အက်စ်အန်ဒီပီ ပါတီတွေက ပြောဆိုဆွေးနွေးနိုင်တဲ့သူတွေကို ဖိတ်ပါတယ်။ ဒီလိုနဲ့ပဲ အန်အယ်လ်ဒီကိုယ်စားလှယ်အနေနဲ့ ဗေဒါအင်စတီကျုက ကိုမျိုးထိုက်တန်သိန်း၊ ယူအက်စ်ဒီပီက ဒေါက်တာ မောင်မောင်ဌေး (ယခင် သာသနာရေး ဒု-ဝန်ကြီးဟောင်း)၊ အေအန်ပီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်မရကျော်၊ အက်စ်အန်ဒီပီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကျနော်၊ အပြင်က စီးပွားရေး ပညာရှင် Myanmar Development Resource Institute က ဦးခင်မောင်ညို ခင်မောင်ညို (ဘောဂဗေဒ)၊ Regional Centre for History and Tradition (SEAMEO CHAT) က ဒေါ်ကာရိုးလ်အန်းချစ်သာတို့နဲ့ MISIS က သံအမတ် ကြီးဟောင်း ဦးဝင်းလွင်၊ MISIS အဖွဲ့ဝင် သံတမန်ဟောင်း ဦးဘလှအေး၊ MISIS အဖွဲ့ဝင် ဒေါ်သန်းသန်းဌေးတို့နဲ့ MISIS က ကိုထူးကျော်တို့ အားလုံး ၁၀ ယောက် အဖွဲ့ နယူးဒေလီကို သွားဖြစ် ကြပါတယ်။

သံအမတ်ကြီးဟောင်း ဦးညွန့်မောင်ရှိန်ကတော့ သွားခါနီးမှာ ကျန်းမာရေးမကောင်းလို့ မလိုက်ဖြစ်တော့ပါဘူး။

အစည်းအဝေးကို ဂျူလိုင်လ ၅ ရက်နဲ့ ၆ ရက် နှစ်ရက်ကျင်းပပြီး ၇ ရက်နေ့မှာတော့ အဂ္ဂရာမှာရှိတဲ့ တပ်ဂ်ျမဟာ ကိုလိုက် ပို့ခဲ့ပါတယ်။

ဝန်ကြီးချုပ် မိုဒီရဲ့ Act East ပေါ်လစီက သူ့အရင်က အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီဝန်ကြီးချုပ် နာရာဆင်ဟာရောင်းက ၁၉၉၂ ခုနှစ်ကစတင်ချမှတ်ခဲ့တဲ့ Look East
ပေါ်လစီရဲ့ အဆက်လို့ ဆိုရလိမ့်မယ်ထင်ပါတယ်။ Look East ပေါ်လစီက အိန္ဒိယက သူ့ရဲ့အရှေ့ဘက် အိမ်နီးချင်း နိုင်ငံများဖြစ်တဲ့ အရှေု့တောင်အာရှနိုင်ငံများနဲ့ စီးပွါးရေး အရ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး တွေ ထူထောင်ဖို့ဖြစ်ပေမဲ့ သူ့နောက်ဆက်ခံတဲ့ အစိုးရများဖြစ်ကြတဲ့ ဗီဟာရီ ဗာ့ဂ်ျပါးယီး နဲ့ မန်မိုဟန်ဆင်း တို့ လက် ထက်မှာ ဒေသရဲ့ လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်မှု အတွက် မဟာဗျူဟာ မိတ်ဖွဲ့မှု (ယေဘူယျအားဖြင့် ဒေသ တခုလုံးနဲ့ဆောင်ရွက်ဖို့ဖြစ် ပေမဲ့ အထူး အာရုံစိုက်မှု အရတော့ ဗီယက်နမ်၊ ဂျပန်တို့နဲ့ အလေးထား လုပ်ဆောင်ဖို့) အတွက် အားစိုက်ဖို့ ဖြစ်ပါတယ်။

မကြာသေးမှီက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး စူးရှမ ဆွာရာဂ်ျ (မ) ရဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့ကိုသွားခဲ့တဲ့ခရီးစဉ်မှာ အိန္ဒိယရဲ့ ဆယ်စုနှစ်ခုလောက်ကြာခဲ့ပြီဖြစ်တဲ့ Look East ပေါ်လစီကို ပိုမိုတက်ကြွတဲ့နိုင်ငံခြားရေးပေါ်လစီဖြစ်တဲ့ Act East ပေါ်လစီနဲ့ အစားထိုးဖို့လိုအပ်နေပြီဖြစ်ကြောင်း ပြောဆိုသွားပါတယ်။

ဒီ Act East ဆိုတဲ့ စကားလုံးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ၂၀၁၁ ဂျူလိုင်လက အိန္ဒိယကိုလာလယ် စဉ် မိန့်ခွန်းပြောရာမှာ “ အရှေ့ဘက်ကို ကြည့်ရုံဘဲ မကြည့်ပါနဲ့၊ အရှေ့နဲ့ ပူးပေါင်း ပါဝင်ပါ- ဆက်သွယ် ဆောင်ရွက်ပါ” Not just to look East, but to engage East and act East.” လို့ပြောသွား ရာကနေ ထင်ရှား လာတာပါ။

ကျနော်တို့ အစည်းအဝေးပြုလုပ်တဲ့ နေရာကတော့ နယူးဒေလီ၊ လိုဒီလမ်းပေါ်က India Habitat Center မှရှိတဲ့ Habitat World မှာ။ ကျနော်တို့ တည်းခိုနေထိုင်ရာနေရာနဲ့ အစည်းအဝေးခန်းမက တဆောင်ထဲမဟုတ်ပေမဲ့ ကွန်ပေါင်းတခု ထဲမှာဖြစ် လေတော့ သိပ်မဝေးလှဘူး။

ရန်ကုန်က ခရီးစတင်မထွက်ခွါခင်ကတည်းက အစည်းအဝေးအတွက် အကြမ်းဖျင်းအစီအစဉ်ကို အီးမေးလ်နဲ့ ကြိုတင်ပေးပို့ ထားပြီး ခေါင်းစဉ်က India-Myanmar: Paradigms of New Relationship (အိန္ဒိယ-မြန်မာ : ဆက်ဆံရေးသစ်ရဲ့ ပုံစံများ) ဖြစ်ပေမဲ့ တကယ်အစည်းအဝေးစတဲ့အခါ ခေါင်းစဉ် ကပြောင်းသွားပါတယ်။

India Foundation-MISIS Bilateral Conference on India-Myanmar : Frontiers of New Relationship (အိန္ဒိယ-မြန်မာ : ဆက်ဆံရေးသစ်ရဲ့ မျက်နှာစာများ) ဖြစ်သွားပါ တယ်။

အစည်းအဝေး ပထမရက်မှာ Trade & Connectivity (ကုန်သွယ်ရေးနဲ့ ဆက်သွယ်ရေး) ရယ်၊ People to People Contact (ပြည်သူအချင်းချင်း ဆက်ဆံရေး) ဆိုတဲ့
ခေါင်းစဉ်နှစ်ခုနဲ့ဆွေးနွေးကြပြီး၊ ဒုတိယရက်မှာတော့ India-Myanmar Relations; under NDA & NLD Governments (NDA နှင့် NLD အစိုးရများလက်အောက် အိန္ဒိယ-မြန်မာ ဆက်ဆံရေး) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြပါတယ်။

အစည်းအဝေးပထမနေ့မှာ ပြောသွားကြတဲ့အထဲက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးဟောင်း ( ၂၀၁၃-၁၆) Mr. Gautam Mukhopadhaya မစ္စတာ ဂေါတမ် မုခိုပါဒါရာ က တော်တော်လေး အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ပြောသွားပါတယ်။ သူ့ပြောဆိုတင်ပြသွားချက်တွေကို သီးသန့် ရေးသားပါဦးမယ်။

ဒီမှာတော့ အစည်းအဝေးမှာ အိန္ဒိယဘက်က ဆွေးနွေးသွားသူ များရဲ့ ယေဘူယျပြောကြားချက်တွေကို ရေးပါ့မယ်။

၂၀၁၆ ခုနှစ်အတွင်း မြန်မာ - အိန္ဒိယ အပြန်အလှန် ကုန်သွယ်ရေးဟာ ဒေါ်လာသန်းပေါင်း ၃ ထောင်လောက် ရှိလာပြီ ဖြစ်ပေမဲ့ ဒါဟာ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ပမာဏထက် နဲနေ ပါသေးတယ်။

မိုရေး-တမူး နယ်စပ်ကုန်သွယ်ရေးဟာ လိုအပ်ချက်တွေရှိနေပြီး အခက်အခဲတွေ များစွာရှိနေသေးတဲ့အတွက် တရားမဝင်ကုန်သွယ်မှုပမာဏကမြင့်မားနေဆဲပါ။

နယ်စပ်ကုန်သွယ်ရေးမှာ ဒီထက် ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးပြီး ကုန်ကျစားရိတ်တွေလျော့ချနိုင်မယ်ဆိုရင်ဒီထက်အများကြီးတိုးတက်လာဖို့ရှိ နေပါ တယ်။

လက်ရှိကာလမှာတော့ အိန္ဒိယဟာ မြန်မာရဲ့ ၁၁ ခုမြောက် အကြီးဆုံး ရင်းနှီးမြှပ်နှံသူအဆင့်ဘဲရှိနေပါသေးတယ်။ စွမ်းအင် ကဏ္ဍမှာ ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှပ်နှံမှုပြု ထားတာက သိသာ ထင်ရှားတဲ့ ရင်းနှီးမြှပ်နှံမှု ဖြစ်ပေမဲ့ ဒါကလွဲရင် အိန္ဒိယ ကုမ္ပဏီ များဟာ တခြားကြီးမားတဲ့ ရင်းနှီးမြှပ်နှံမှုတွေ လက်မှတ်ရေးထိုး ထားတာ မရှိသေး ပါဘူး။

ကုလားတန်မြစ်စီမံကိန်းဟာ စီးပွါးရေးဖွံ့ဖြိုးတိုးတက်တဲ့ အိန္ဒိယရဲ့ အရှေ့ဘက်ကမ်းခြေကနေ သူ့ရဲ့ အရှေ့မြောက် ပြည်နယ်များ ဖြစ်ကြတဲ့ အာသံ၊ မဏိပူရ၊ ထရီပူရ၊ နာဂလန်း စတဲ့ မြန်မာနဲ့ နယ်စပ် ဒေသတွေကို ရေလမ်း ကနေ အလွယ် တကူ ဆက်သွယ် သွားလာ ပို့ဆောင် နိုင်အောင် အဓိက ရည်ရွယ်တာ ဖြစ်ပြီး ခရီးသွားလာရေး လုပ်ငန်းတွေလည်း ဖွံ့ဖြိုး တိုးတက်လာဖို့ အများကြီး မျှော်လင့်နိုင်ပါတယ်။

မြန်မာ့မြေ ပေါ်မှာရှိတဲ့ ဒီစီမံကိန်းကို အိန္ဒိယက အပြည့်အဝတာဝန်ယူထားပေမဲ့ အကောင်အထည်ဖေါ်မှုမှာ နှောင့်နှေးနေပါတယ်။

ယခုလောလောဆယ် လေကြောင်းဆက်သွယ်ရေးကလည်း အားရစရာမရှိပါဘူး။ ရန်ကုန်-ကလကတ္တား-ဗုဒ္ဓဂါယာ တပတ်သုံး ကြိမ်နဲ့ ရန်ကုန်-ဒေလီ တပတ်တကြိမ် ခရီးစဉ်ကို ပြေးဆွဲနေတဲ့ အဲယားအင်ဒိယ လေကြောင်း တစ်ခုသာ ရှိပါ တယ်။ ကျနော်တို့ ဧပြီလ ကုန်လောက်က အိန္ဒိယ အရှေ့မြောက် ရှီးလုံကို သွားပြီး အစည်းအဝေး လုပ်တဲ့ ရက်က ရန်ကုန် - ဂါယာ - ကလကတ္တား ပြေးဆွဲတဲ့ လေယာဉ်ကို စီးခဲ့ ရဘူးပါတယ်။

ဘုရားဖူးရာသီမဟုတ်တဲ့အတွက် လေယာဉ်က ခရီးသယ်တဝက် လောက်ဘဲပါပါတယ်။ ဒီတခေါက် ရန်ကုန် - ကလကတ္တား တိုက်ရိုက် လေယာဉ်စီးတော့လည်း ခရီးသယ်က မပြည့်ပါဘူး။ လက်ရှိ အခြေအနေ အရ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေခြင်းဟာ ရုပ်ဘဝဆိုင်ရာနဲ့ ဘဏ္ဍာရေး ဆိုင်ရာ အ ခက်အခဲ များကြောင့် ဝယ်လိုအားနဲ့ ရောင်းလိုအား တို့က တိုးတက် သင့်သလောက် မတိုးတက်ဘဲ နှောင့်နှေးနေ ရခြင်း ဖြစ်ပါ တယ်။

ပြည်သူအချင်းချင်းအကြား ဆက်ဆံရေး မှာ ဆိုရင်လည်း နယ်စပ်ဒေသကို ဖွင့်ပေးလိုက်ပြီး ကတည်းက နှစ်နိုင်ငံ နယ်စပ်နေ ပြည်သူ များ ဆက်ဆံရေးများ တိုးတက် သင့်သလောက် တိုးတက်လာ ခဲ့ပါတယ်။

အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံဟာ ပညာရေး၊ သတင်းဆက် သွယ်ရေးနည်းပညာ နဲ့ စိုက်ပျိုးရေး ကဏ္ဍတွေမှာ အရည်အချင်း မြှင့်တင်မှု ပေးနှိုင်မဲ့ အင်စတီကျူးရှင်း များကို တည်ဆောက်ရေး အ တွက် ပူးပေါင်းဆောင်ရွက် မှုတွေရှိ ခဲ့ပါတယ်။

သို့သော်လည်း အစိုးရများက ဦးဆောင်ဦးရွက်ပြုခဲ့ရုံသာတတ်နိုင်ခဲ့ပြီး ပြည်သူလူထု အများအပြားအတွက် အကျိုးရှိစေပြီး ပိုမိုကျယ်ပြန်တဲ့လူထုပါဝင်လာဖို့ လိုအပ်နေ ဆဲဖြစ်ပါတယ်။ ပြည်သူအချင်းချင်းကြားဆက် ဆံရေးမှာ ဂျာနယ်လစ်တွေအကြား၊ အစိုးရ အုပ်ချုပ်ရေးဆိုင်ရာပုဂ္ဂိုလ်များအကြားနဲ့ တရားစီရင်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ အကြား ဆက်သွယ်ဆက်ဆံမှုတွေကို တိုးချဲ့ဖို့လည်းလိုအပ်နေပါသေးတယ်။

ရန်ကုန်မှာဖွင့်လှစ်ထားတဲ့ အင်္ဂလိပ်စာသင်ကြားရေး မြန်မာ- အိန္ဒိယ စင်တာဟာ အောင်မြင်မှု၊ လူအများစိတ်ဝင်စားမှုရခဲ့လို့ ဒါကို တိုးချဲ့ဆောင်ရွက်သင့်ပါတယ်။

ဒါမှသာ စီးပွါးရေးတံခါးဖွင့် လိုက်တာနဲ့ အညီ ပွင့်လာမဲ့ အခွင့်အရေးတံခါးပေါက်တွေကို ဝင်ရောက်ဖို့ ဘာသာစကားတတ်မြောက်မှု၊ ဆက်ဆံရလွယ်ကူမှု တွေက အထောက်အကူပြုမှာဖြစ်ပါတယ်။

နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးဆိုင်ရာကိစ္စရပ်များဟာလည်း ၂၀၁၄ ခုနှစ်က နယ်စပ် လုံခြုံရေးနဲ့ ပေါင်းစပ် ကင်းလှည့်ရေး အတွက် သဘောတူ စာချုပ် လက်မှတ်ရေးထိုးပြီး ကတည်းက တိုးတက်မှုတွေ ရှိလာပါတယ်။

အိန္ဒိယနယ်နိမိတ်ထဲကနေ မြန်မာ့နယ်မြေထဲ ကိုပုန်းခိုဖို့ပြေးဝင်လာတဲ့ ခွဲထွက်ရေးသူပုန်များကိုနှိမ်နင်းရာမှာ ဒီသဘောတူညီမှုက များစွာအထောက်အကူပြုပါတယ်။

သို့သော် လည်း လက်နက်ငယ်နဲ့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက်နှိမ်နင်းနိုင်ဘို့ အတွက် အပြန်အလှန် သတင်း ဖလှယ်ရေးရှိဖို့နဲ့ နယ်စပ်ဂိတ်များကို စနစ်တကျ စီမံအုပ်ချုပ်မှု ရှိဖို့ လိုအပ်ဆဲ ဖြစ်ပါတယ်။ မြန်မာလက်နက် ကိုင်တပ်များကို ခေတ်မှီရေး အကူအညီ ပေးမယ်ဆိုတဲ့ ကတိ ကဝတ်ဟာ နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက် မှုကို ပိုမို နက်ရှိုင်းစေ ပါလိမ့်မယ်။

အိန္ဒိယဘက်ကဆွေးနွေးကြတဲ့အထဲမှာ အဓိကအားဖြင့်တော့ သူတို့နိုင်ငံဘက်က Look East Policy ၊ Act East ပေါ်လစီ စသည်ဖြင့် ချမှတ်ပြီးနှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်အောင် လုပ်ကြတဲ့ နေရာမှာ သူတို့နိုင်ငံ ဘက်က (သို့မဟုတ်) သူတို့ အစိုးရ ဘက်က လိုအပ်ချက် တွေကို သုံးသပ် တင်ပြသွားတာ များပါတယ်။

ကျနော်တို့ဘက်က ဆွေးနွေးကြတဲ့အထဲမှာ မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားဟာ အိန္ဒိယနဲ့ တရုပ်အတွက် အရေးပါတဲ့ ဆုံချက် နေရာဖြစ်နေလို့ တရုပ်-အိန္ဒိယ တို့ရဲ့ ရှေ့တန်းစစ်မျက်နှာဖြစ်နေမလားဆိုတဲ့ သုံးသပ်ချက်မျိုးပါဝင်ပါတယ်။ ဆိုလိုတာက ပြိုင် ဆိုင်မှုပြင်းထန်မဲ့နေရာဆိုတာမျိုးပါ။ ဥပမာ ရခိုင်ကမ်းရိုးတန်းက ဆိပ်ကမ်းတွေဖွံ့ဖြိုးတိုးတက်ဖို့ တရုပ်ကလည်း လိုလားသလို အိန္ဒိ ယကလည်းလိုလားနေတယ်။

တရုပ်က ရခိုင်ကမ်းရိုးတန်းကျောက်ဖြူဆိပ်ကမ်းကနေ ရေနံနဲ့သဘာဝဓါတ်ငွေ့များ ကို ပိုက်လိုင်းနဲ့ ယူနန်ပြည်နယ်ကိုပို့သလို အဝေးပြေးကားလမ်း ရထားလမ်းဖေါက်ပြီး
တရုပ်ပြည်ရဲ့ ကုန်းတွင်းပိုင်း ပြည်နယ်တွေကို အနီးဆုံး ပင်လယ် ထွက်ပေါက် ရချင်နေပါတယ်။

အိန္ဒိယကလည်း ရခိုင်ကမ်းရိုးတန်း ဆိပ်ကမ်းကတဆင့် ကုလားတန်မြစ်ကြောင်းတ လျှောက်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး သူ့ရဲ့ အရှေ့မြောက်က ချောင်ပိတ် မိနေတဲ့
ပြည်နယ်တွေနဲ့ ကူးသန်း ဆက်သွယ်ချင်ပါ တယ်။ ဒါ့အပြင် မြန်မာကို ဖြတ်ပြီး အရှေ့နဲ့ အရှေ့တောင် အာရှကို ကူးလူး ဆက်ဆံ ချင်ပါတယ်။

သူရဲ့အရှေ့ကိုမျှော်မှန်းချက်ကို ပြောတဲ့အခါ တရုပ်ကို ဘယ်သူကမှ ထည့်မပြောပါဘူး။ အမှန်က တရုပ်ပြည်မှာ ကျယ်ပြန့်တဲ့ ဈေးကွက်ကြီး တစ်ခုဖြစ်လို့ အိန္ဒိယရဲ့ အရှေ့မျှော် ဝါဒမှာ တရုပ်ပြည်ကို ထည့်မပြောတာကို ကျနော် အံ့သြပါတယ်။

နောက်ပိုင်း စားကြ သောက်ကြရင်း ရင်းရင်းနှီးနှီး ပြောဆို ကြည့်ကြတော့မှ သူတို့ဟာ တရုပ်ပြည်က လူသုံးကုန် ပစ္စည်းတွေ၊ စက်မှု လုပ်ငန်းသုံးပစ္စည်းတွေ သူတို့ဈေးကွက်ထဲ လှိမ့်ဝင် လာမှာ စိုးရိမ်နေတာကို ရိပ်မိ လာပါတယ်။

ဒါ့အပြင် ကမ္ဘာမှာ ဒုတိယအကြီးဆုံး စီးပွါးရေးအင်အားကြီးဖြစ်လာနေတဲ့ တရုပ်ပြည်က အိန္ဒိယသမုဒ္ဒရာ ကိုစိုးမိုးဗိုလ်ကျလာမှာကိုလည်း စိုးရိမ်နေပုံရပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ တရုပ်တနိုင်ငံထဲရဲ့ သြဇာလွှမ်းမိုးမှုအောက်ကို ကျရောက်မသွားစေဘို့ ထိန်းညှိလိုစိတ်လည်း ရှိပါ လိမ့်မယ်။ တရားဝင်ပြောကြတဲ့ အထဲမှာတော့ အဲဒီကိစ္စကို ရှောင်ရှားကြပါတယ်။

အခုဆွေးနွေးပွဲမှာ ကျနော်တို့ မြန်မာ အဖွဲ့ဝင်တွေက တရုပ် အစိုးရနဲ့ ပုဂ္ဂလိက ပိုင်းက မြန်မာဈေးကွက်ကို ထိုးဖေါက်တာ၊ ရင်းနှီးမြှပ်နှံမှုတွေ စီးဝင် လာတာ၊ ပြည်သူ အချင်းချင်း ဆက်သွယ် ဆက်ဆံရေးတွေဟာ အိန္ဒိယ အစိုးရနဲ့ ပုဂ္ဂိလိက ပိုင်းက လုပ် ဆောင် တာထက် ပိုမို သွက်လက်မြန်ဆန်တယ် ဆိုတဲ့ အချက်ကို ပြောကြားခဲ့ ကြပါတယ်။

NDA အစိုးရနဲ့ NLD အစိုးရနှစ်ခုရဲ့ အောက်မှာတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီးငါးချက် အရ မြန်မာနိုင်ငံဟာ နိုင်ငံ အားလုံးနဲ့ သင့်တင့် မျှတစွာ ဆက်ဆံ သွားမှာဖြစ်တဲ့ အကြောင်း၊ ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံး နေကြတဲ့ နိုင်ငံတွေဖြစ်တာနဲ့ အ ညီ အစိုးရ အချင်းချင်း ကြားမှာရော၊ ပြည်သူ အချင်းချင်း ကြားမှာပါ ဆက်သွယ် ဆက်ဆံရေးတွေဟာ ပိုမို တိုးတက် လာလိမ့်မယ်လို့ ဆွေးနွေး ခဲ့ကြပါတယ်။

From : ဒီဗွီဘီ by ရဲထွန်း (သီပေါ )

Originally published at - http://burmese.dvb.no/archives/160831

Read More »