အူရီဒူး မြန်မာမှ ၂၀၁၆ခုနှစ် နှစ်ဝက် ရလာဒ်သစ် များကို ၄င်း၏ ရုံးချုပ် တည်ရှိရာ ရန်ကုန်မြို့ရှိ မြန်မာ ပလာဇာတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ခဲ့ပြီး ကြေညာချက် ထုတ်ပြန် ခဲ့ပါသည်။
အူရီဒူးမြန်မာ၏ နိုင်ငံတကာ အဆင့်မီ ရုံးသစ်၏ Town Hall တွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ သတင်းစာရှင်းလင်းပွဲအခမ်းအနားတွင် အူရီဒူးမြန်မာ၏ CEO ဖြစ်
သော Mr. Rene Meza က သတင်းမီဒီယာများမှ တာဝန်ရှိပုဂ္ဂိုလ် များကို ပြီးခဲ့သည့် သုံးလအတွင်းက အူရီဒူးမြန်မာ၏ လုပ်ငန်းဆောင်တာများ၊ ရလာဒ်ကောင်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရှင်းပြပေးခဲ့သည့်အပြင် မီဒီယာများမှ မေးမြန်းသောသတင်းအချက်အလက် များကို ပြန်လည်ဖြေကြားခဲ့ပါသည်။
အူရီဒူးမြန်မာမှ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏကို အမေရိ ကန်ဒေါ်လာ ၂ဘီလျံအထိ ၂၀၁၆ခုနှစ်၏ ပထမနှစ်ဝက်အတွင်းတွင် ထပ်မံတိုးချဲ့ရင်းနှီးမြှုပ်နှံကာ လုပ် ငန်းဆောင်ရွက်ခဲ့ပါသည်။
အူရီဒူးဆင်းကတ်ကို အသုံးပြုသူများအတွက် အဆင်မြင့်ကွန်ရက်များဖြစ်သည့် 3G နှင့် 4G ကွန်ရက်တို့ကို အရည်အသွေးပိုမိုကောင်းမွန်စေရန် ၀န်ဆောင်မှုများ ပေး သွားမည်ဖြစ်ပါသည်။
ယခုအခါတွင် အူရီဒူး၏ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်သည် အသုံးပြုသူဦးရေကို ယခင်ကထက် ပိုမိုလွှမ်းခြုံနိုင်ခဲ့ပါသည်။ ပိုမိုကောင်းမွန်သော ဆက်သွယ်ရေး ကွန်ရက်နှင့် မြန်ဆန်သော အင်တာနက်ဝန်ဆောင်မှုကို ပေးအပ်နိုင်ရန် အူရီဒူးမြန်မာမှ တာဝါတိုင်ပေါင်း ၄၂၃၂ တိုင်ကို စိုက်ထူပေးခဲ့ပြီးဖြစ်သည့်အပြင် ယခု၂၀၁၆ ခုနှစ်၊ နှစ်ကုန်တွင် တာဝါတိုင်စုစုပေါင်း ၄၅၀၀ ခန့် စိုက်ထူပြီးစီးမည်ဟု ရည်မှန်းထားရှိပါသည်။
“ကျွန်တော် တို့ဟာ နိုင်ငံ တကာအဆင့်မြင့်နည်းပညာများကို အသုံးပြုထားတဲ့အတွက် ထူးခြားကောင်းမွန်တဲ့ ၀န်ဆောင်မှုများပေးရန် အဆင်သင့်ရှိနေပါတယ် “ ဟု Mr. Meza မှ ပြောကြားခဲ့ပါသည်။
အူရီဒူးမြန်မာ၏ နောက်ထပ်ရင်းနှီးမြှုပ်နှံမှုကြီးတစ်ခုမှာ ၁၁,၅၀၀ ကီလိုမီတာ ရှည်လျားစွာ ကွန်ရက် ချိတ်ဆက်ထားသော ဖိုင်ဘာကွန်ရက်ဖြစ်ပြီး ယခုနှစ်ကုန်တွင် ဖိုက်ဘာကွန်ရက်ကို ကီလိုမီတာပေါင်း ၁၃,၀၀၀ အထိ ပိုမိုရှည်လျားစွာ ကွန်ရက်ချိတ်ဆက်နိုင်မည်ဖြစ်ပါသည်။ ယခုလို ဖိုက်ဘာကွန်ရက်ကို တိုးချဲ့ ချိတ်ဆက် မည်ဖြစ်သောကြောင့် အင်တာနက်ဝန်ဆောင်မှုအရည်သွေးမှာ ယခုထက် သာလွန်ကောင်းမွန်မည်ဖြစ်ပါသည်။
Mr. Meza မှ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍအတွက် အလွန်ထူးခြားကောင်း မွန်သော ဖြစ်စဉ်တစ်ခုဖြစ်သည့် 4G ၀န်ဆောင်မှုနှင့် ပတ်သက်သော အချက် အလက်များကိုလည်း ထပ် မံဖြည့်စွက်တင်ပြခဲ့ပါသည်။
အူရီဒူးမြန်မာမှ 4G ကွန်ရက်ကို မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ၂၀၁၆ ခုနှစ် မေလတွင် စတင် မိတ်ဆက်ပေးခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် ပုဂံစသည့် ဒေသများတွင် 4G ၀န်ဆောင်မှုကို ရယူအသုံးပြုနိုင်ပြီဖြစ်ပါသည်။
အူရီဒူးမှ 4G ကွန်ရက်ဖြင့် အလွန်မြန်ဆန်လှသော အင်တာနက်ဝန်ဆောင်မှုကို 3G ကွန်ရက်အတွက် ကျသင့်သော အင်တာနက်အသုံးပြုခဖြင့်သာ အူရီဒူး ၀န်ဆောင်မှု အသုံးပြုသူများအတွက် ၀န်ဆောင်မှုပေးလျှက်ရှိပါသည်။
“’ကျွန်တော်တို့အနေနဲ့ 4G ကွန်ရက် ကို မြန်မာနိုင်ငံက မိုဘိုင်းဖုန်းအသုံးပြုသူတွေအတွက် တိုးချဲ့လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ခြင်းဟာဆိုရင် မြန်မာနိုင်ငံသားတွေ တောက်ပကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်ခွင့်ရဖို့ အတွက် နောက်ဆုံးပေါ် နိုင်ငံတကာ အဆင့်မြင့်နည်းပညာဖြင့် ၀န်ဆောင်မှုပေးခြင်းဖြစ်ပါတယ်။
နိုင်ငံတော် အနေနဲ့ spectrum များကို ထပ်မံချပေးပါက အူရီဒူးမြန်မာအနေဖြင့် ထပ်မံဝယ်ယူသွားမည်ဖြစ်ပါတယ်” ဟု Mr. Meza မှ ပြောကြားခဲ့ပါသည်။
အူရီဒူး၏ကောင်းမွန်သော ၀န်ဆောင်မှုများနှင့် အရည်အသွေးပြည့်ဝသော မိုဘိုင်းကွန်ရက်များကြောင့် အူရီဒူးဆင်းကတ် သုံးစွဲသူအသစ်အရေအတွက်သည် ယခု ၂၀၁၆ခုနှစ်၏ ပထမနှစ်ဝက်အတွင်းတွင် ၂.၄သန်း မျှ တိုးတက်ခဲ့ပါသည်။ ယခုအခါတွင် အူရီဒူးဆင်းကတ်အသုံးပြုသူပေါင်း ၈.၂သန်းအထိ ရှိပြီဖြစ်ပါသည်။
“ကျွန်တော်တို့ အူရီဒူးမြန်မာ၏ ၀န်ဆောင်မှုကို အသုံးပြုသူတွေထဲမှာ မိုဘိုင်းအင်တာနက် အသုံးပြု သူတွေ ပိုမိုများပြားတယ်ဆိုတာကို တွေ့ရှိရပါတယ်။
မိုဘိုင်းအင်တာနက်ကို အသုံးပြုသူပမာဏဟာ ယခင်က ထက် နှစ်ဆမြင့်တက်လျက်ရှိပါတယ်။ အူရီဒူးမြန်မာ၏ မိုဘိုင်းဝန်ဆောင်မှုကို အသုံးပြုသူအားလုံး၏ ၈၀%ဟာ ဆိုရင် အင်တာနက်ကို အသုံးပြုသူတွေဖြစ်ကြပါတယ်။ လွန်စွာသက်သာသော ဖုန်းခေါ်ဆိုခနှုန်းထားများကြောင့် လဲ ဖုန်းခေါ်ဆိုမှုတွေဟာ ယခင်ကထက် နှစ်ဆမြင့် တက်ခဲ့ပါတယ် “ ဟု Mr. Meza မှ ထပ်မံပြောကြားခဲ့ပါသည်။
အင်တာနက်ဝန်ဆောင်မှုကို လူတိုင်းပိုမိုအသုံးပြုနိုင်စေရန်အတွက် အူရီဒူးမြန်မာမှ “Smart Series” စမတ်ဖုန်းများကို ကျပ်ငွေ ၃၀၀၀၀ ဖြင့် ဈေးနှုန်းချိုသာစွာ စတင် မိတ်ဆက်ပြီး ဈေးကွက်အတွင်း သို့ ဖြန့်ချီရောင်း ချပေးလျက်ရှိပါသည်။
စမတ်ဖုန်းများကို ဈေးနှုန်းချိုသာစွာဖြင့် မြန်မာပြည်သူပြည်သားများ ၀ယ်ယူအသုံးပြုနိုင်ရန် အူရီဒူးမြန်မာမှ တစ်စိတ်တစ်ပိုင်းငွေကြေးစိုက်ထုတ်၍ ကူညီထောက်ပံ့ပေး ခဲ့ပါသည်။ “ကျွန်တော်တို့ ဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် ဈေးနှုန်းချိုသာတဲ့ စမတ်ဖုန်းအမျိုးအစားမျိုးစုံကို မိတ်ဆက်ဖြန့်ဖြူးရောင်း ချပေးလျက် ရှိပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ အူရီဒူးရဲ့ အကောင်းဆုံးနှင့် အမြန်ဆန် ဆုံးသော အင်တာနက်နှင့် ကြည်လင်ပြတ်သားသောအသံကို ရယူအသုံးပြုနိုင်တဲ့ အခွင့်အလမ်းတွေရရှိကြပါတယ် “ ဟု Mr. Meza မှ ပြောကြားခဲ့ပါသည်။
အဆိုပါ မိုဘိုင်းဖုန်းများမှာ Touch Screen, App Store Access၊ ရှေ့/နောက်ကင်မရာနှင့် ဆင်း ကတ်၂ကတ်ထည့်သုံးနိုင်သည့် စမတ်ဖုန်းများဖြစ်ပြီး အင်တာနက်ကို လည်း အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်သည့်အပြင် အရည်အသွေးအာမခံ သက်တမ်း ၁၂ လ ပါရှိပါသည်။
အူရီဒူးမြန်မာအနေဖြင့် စမတ်ဖုန်းလောကတွင် ထိပ်တန်းမှ ဦးဆောင်လျှက်ရှိသော နံမည်ကျော် အမှတ်တံဆိပ်များ ဖြစ်သည့် Samsung ၊ OPPO တို့နှင့် ပူးပေါင်းပြီး 3G/4G ကို အသုံးပြုနိုင်သော ဟန်းဆက် များကို မိတ်ဆက်ရောင်းချပေးသည့်အပြင် အခမဲ့ အင်တာနက်အသုံးပြုခွင့်ပမာဏကိုပါ ၀ယ်ယူအသုံးပြုသူများကို လက်ဆောင်ပေးအပ်ခဲ့ပါသည်။
ထို့အပြင် အူရီဒူးမြန်မာမှ Huawei နှင့် ပူးပေါင်းပြီး အူရီဒူး 4G ၀န်ဆောင်မှုကို WiFi အဖြစ် ချိတ်ဆက်အသုံးပြုနိုင်သည့် Huawei 4G WiFi Device ကို ဈေးကွက်အတွင်း သင့်တင့်လျောက် ပတ်သောဈေးနှုန်းဖြင့် ရရှိအောင်ဆောင်ရွက်ပေးခဲ့ရာ၊ သုံးစွဲသူများအနေဖြင့် ဈေးနှုန်းသက်သက်သာသာနှင့် ဝယ်ယူပြီး device ၁၀ခုနှင့် ချိတ်ဆက် ကာ မြန်ဆန်လှတဲ့ 4G ကွန်ရက် အင်တာနက်ကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
ယခုအခါ အူရီဒူးမှ အူရီဒူးအမှတ်တံဆိပ်ဆိုင်ပေါင်း ၁၀၀နီးပါကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဖွင့်လှစ် ထားပြီး ဆင်းကတ်များ၊ မိုဘိုင်းဖုန်းများ ၀ယ်ယူခြင်း နှင့် အူရီဒူးနှင့် သက်ဆိုင်သည့် အခြားသော ၀န်ဆောင်မှု များပါ ရယူနိုင်ပါသည်။
မိုးဘိုင်းအသုံးပြုသူအများအပြား ကြိုက်နှစ်သက်သည့် အူရီဒူးမှကမ်းလှမ်းလိုက်သည့် စိတ်ကြိုက် နံပါတ်များ၊ နံပါတ်အလှများကိုလည်း အူရီဒူးအမှတ်တံဆိပ်ဆိုင်များနှင့် အူရီဒူးအမှတ်တံဆိပ်ပါရှိသော လုပ်ငန်းလုပ်ကိုင်ခွင့်ရသည့် ဆိုင်ခွဲများတွင် အထူးချိုသာသော ဈေးနှုန်းဖြင့် ၀ယ်ယူ ရရှိနိုင် ပါသည်။
Mr. Rene မှ စိတ်ဝင်စားဖွယ်ရာ Application ၂ခုအကြောင်းကိုလည်း ရှင်းပြခဲ့ပါသည်။ ပထမဆုံး application မှာ mJam ဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာသီချင်း ပုဒ်ရေ ရာကျော်ကို တိုက်ရိုက်နားဆင်နိုင်ပါ သည်။ အဆိုပါ application ကို အသုံးပြုသူများ အကြိုက်တွေ့ကာ သုံးစွဲသူ ပိုမိုများပြားလျက်ပါသည်။
ဒုတိယ application မှာ “My Ooredoo Application” ဖြစ်ပြီး အူရီဒူးဆင်းကတ်ကို အသုံးပြုသူများအနေဖြင့် မိမိတို့၏ အကောင့်မှတစ်ဆင့် ငွေဖြည့်ခြင်း၊ အင်တာနက် အစီအစဉ်များ ဝယ်ယူခြင်း၊ မိတ်ဆွေများထံသို့ဖုန်းဘီလ် လွှဲပြောင်းပေးခြင်း၊ ထပ်ဆောင်းဝန်ဆောင်မှုများဝယ်ယူခြင်း စသည်တို့ကို မိမိကိုယ်တိုင် ပြုလုပ်နိုင်သကဲ့သို့ ပွင့်လင်းမြင်သာစွာ စစ်ဆေးကြည့်ရှုနိုင်ပါသည်။
“အူရီဒူးမြန်မာမှ နည်းပညာကဏ္ဍဦးဆောင် နိုင်သည့် ဆက် သွယ်ရေးအော်ပရေတာတစ်ခုအဖြစ်လာဖို့အတွက် တကယ်ကို ကြိုးစားအားထုတ်ခဲ့ရပါတယ်။ စမတ်ဖုန်း အသုံးပြုသူတွေများပြားလာတဲ့အတွက် သူတို့အပန်းဖြေနိုင်စေဖို့ အခုလို တေးဂီတများကို လွယ်ကူအဆင်ပြေစွာ နားဆင်နိုင်ဖို့ ၀န်ဆောင်မှုပေးခြင်းဖြစ်ပါတယ် ” ဟု Mr. Rene မှ ဖြည့်စွက်ပြောကြားခဲ့သည်။
အူရီဒူးဆင်းကတ်အသုံးပြုသူများကို ၂၄နာရီ ၇ရက် နေ့စဉ်မပြတ် အကောင်းဆုံး ၀န်ဆောင် မှုတွေ ပေးနေတဲ့အတွက် အူရီဒူးမြန်မာ၏ သုံးစွဲသူဝန်ဆောင်မှုစင်တာကို အာရှပစိဖိတ်ဒေသအတွင်းတွင် နံပါတ်တစ် အကောင်းဆုံးဝန်ဆောင်မှုပေးသော စင်တာအဖြစ် Contact Centre World မှ ချီးမြှင့်ခဲ့ပါသည်။
“ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူဝန်ဆောင်မှုစင်တာအဖွဲ့သားများမှ သုံးစွဲသူတွေအပေါ် ကောင်းမွန် တဲ့ဝန်ဆောင်မှုပေးအပ်တဲ့ အတွေ့အကြုံကောင်းတွေ အတွက်ရယ်၊ ဒေသတွင်းမှာ ၀န်ဆောင်မှု အကောင်း ဆုံးပေးနိုင်တာအတွက်ရယ်ကြောင့် လွန်စွာဂုဏ်ယူပါတယ်။
ကျွန်တော်တို့ ဘာတွေပဲလုပ်လုပ် ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုအသုံးပြုသူတွေဟာ ကျွန်တော်တို့ရဲ့ အသဲနှလုံးနေရာမှာ အမြဲရှိနေပါတယ်။ ကျွန်တော်တို့ဟာ သုံးစွဲသူ
သာလျှင်ပထမဟုဆိုသည့် စကားကို လက်ကိုင်ထားပြီး ၀န်ဆောင်မှုပေးနေတဲ့အတွက် အခုလို ဂုဏ်ယူ စရာကောင်းတဲ့ ထူးခြားတဲ့ဆုကို ရရှိခြင်းဖြစ်ပါတယ် ” ဟု Mr. Rene Meza မှာ ဂုဏ်ယူ ၀မ်းမြောက် စွာ ပြောကြားခဲ့ပါသည်။
From : myanmar digital life - By : Nyi Nyi
Originally published at - http://www.blog.myanmardigitallife.com
