နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ဆက်သွယ်ရေးဆောင်းပါး. Show all posts
Showing posts with label ဆက်သွယ်ရေးဆောင်းပါး. Show all posts

Tuesday, July 28, 2015

(တယ်လီကွန်းဆိုတာ အရင်းအနှီးကြီးတယ်) တောင်ဆူဒန် နှင့် မြန်မာပြည် ၏ တယ်လီကွန်း ကဏ္ဏ နှိုင်းယှဉ်ခြင်း



နေစရာ မရှိ စားစရာ မရှိ ဝင်ငွေ မရှိတဲ့ ဒုက္ခသည် မလေး တောင် မိုဘိုင်း ဖုံးနဲ့

မြန်မာပြည်မှာ မိုဘိုင်း ဆင်းကဒ် တစ်ခုကို အစိုးရ ဈေး တစ်ဆယ့် ငါးသိန်း ကနေ ငါးသိန်း လျှော့ချ (အပြင်မှာ သိန်းနှစ်ဆယ်) ရောင်းချ နေစဉ် ကာလ။ အဲတုံးက ဆက်သွယ်ရေး က တာဝန်ရှိ လူကြီး တစ်ဦးရဲ့ မီဒီယာ အမေး အဖြေ မှာ တယ်လီကွန်း ဆိုတာ အရင်းအနှီး ကြီးတယ်။ သုံးစွဲသူ နည်းနေတုံးမှာ ဆင်းကဒ် ဈေးကြီးမယ်။ သုံးစွဲသူ များလာမှ ဈေးပေါ လာမယ် ဆိုတဲ့ အလွန်တရာ ပညာမဲ့ လှတဲ့ အကြောင်းပြချက် ကို ဖတ်မိ တုံးက ဪ ဒီအစိုးရကလူ တွေ ကိုယ်တိုင် ပညာမဲ့ပြီး တုံးအ တာတင် မဟုတ်ဘူး ကျန်တဲ့ လူတွေကိုပါ သူတို့လို ငတုံးငအ ပြောသမျှ ယုံမယ်လို့ ထင်နေ ကြပါ လားလို့ တောင် တွေးမိ သေးတယ်။

အဲဒီတုံးကဆို လူကြီး သားသမီးတွေ ဘောင်းဘီ ဝတ် တွေ ဘောင်းဘီ ချွတ်တွေ ဆင်းကဒ်တွေ ကိုတာနဲ့ တစ်ဦး တစ်လ နှစ်ကဒ် လောက် လျှောက်ထား တစ်ဆင့် ပြန်လည် အမြတ်တင် ရောင်းချပြီး အလုပ် လုပ်စရာ မလိုပဲ တစ်လ သိန်း ၃၀ လောက် အလကား နီးပါး ရရှိ သုံးဖြုန်း နေတော့လဲ ဪ ကံကောင်း ကြပါပေတယ် လို့ မုဒိတာ ပွားမိပါတယ်။
(စကားမစပ် ကျွန်တော် သုံးခဲ့တဲ့ GSM ၅၀ လေးက ဘောင်းဘီချွတ် တစ်ယောက် ဆီက ၁၉ သိန်း ပေးပြီး ဝယ်ခဲ့ ရတာဗျ)

MPT လက်ဝါးကြီးအုပ် လူတစ်စု ကြီးပွားရေး ခေတ် ကတော့ ပြည်ပ တယ်လီကွန်း နှစ်ခု ဝင်လာ ချိန်မှာ ကုန်သွားပြီး လူတိုင်း ဆင်းကဒ် ဝယ်နိုင်အောင် ဈေးကျသွား (အစထဲက မဖြစ် သင့်တဲ့ ဈေးတင် ထားပြီး လက်ဝါးကြီးအုပ်။ မလွှတ်လို့ မရတော့မှ လွှတ်ပေးပြီး) ပဏ္ဏာယူ နေကြတော့လဲ အင်း ဒါတွေတော့ ရာဇဝင်ထဲ မှာ ကျန်ခဲ့ ပြီပေါ့ လို့လဲ မှတ်တမ်း တင်မိ ပါတယ်။
ဒါပေမဲ့ ဟိုတလောက ဖတ်မိ လိုက်တယ် အသစ် တည်ထောင် ရင်းနှီးမြှပ်နှံတဲ့ တယ်လီကွန်း တွေ (MPT အပါ အဝင်) ကို ငါးနှစ် အခွန် အရပ်ရပ် ကင်းလွတ်ခွင့် ပေးထားတယ် ဆိုလား ဆိုတော့။ ဒါတော့ တဆိတ် လွန်လွန်းပြီ ကိုယ့်ဆရာတို့ လို့ တွေးမိလို့ အနှစ်နှစ် အလလက ရေးချင်လျက်နဲ့ မရေုးဖြစ်ခဲ့တဲ့ စာလေးတော့ ရေးဦးမှပဲ။


ဆင်းကဒ်တွေ ငွေဖြည့်ကဒ်တွေ လမ်းဘေးမှာ ရောင်းတယ်

တယ်လီကွန်း ကဏ္ဏ ဆိုတာ ကနဦး အရင်းအနှီး ကြီးပေမဲ့ ရည်ရှည်မှာ တော့ အကျိုး အမြတ် များလွန်းလို့ investor တိုင်းက လုပ်ချင်ကြ ရင်းနှီး ချင်ကြတဲ့ ကဏ္ဏပါ။

အရှေ့အာဖရိက က တောင်ဆူဒန် နိုင်ငံဆိုတာ ၂၀၁၁ ဇူလိုင်လ ၈ ရက်နေ့ မှ ဆူဒန် ဆီက လွတ်လပ်ရေး ရတဲ့ ကမ္ဘ္ဘာ့အသစ်ဆုံး နိုင်ငံပေါ့။ လူဦးရေ ဆယ်သန်း ခန့်ပဲ ရှိတယ်။ မြန်မာပြည် ထက် နှစ်ဆကျော် ကြီးတဲ့ နိုင်ငံကြီး။ စာတတ်မြောက်မှု ကလဲ ၂၅% ပဲ ရှိတယ်။ ၂၅နှစ်ကြာ ပြည်တွင်း စစ်ကြောင့် စုတ်ပြတ်သတ် ဆင်းရဲပြီး အလုပ်အကိုင် ရှားပါး ဝင်ငွေနည်း စားစရာ မရှိ တစ်နိုင်ငံလုံး နီးပါးကို UN က ထမင်းကျွေး နေရတဲ့ နိုင်ငံ။

ဒီလို နိုင်ငံမျိုးကို ပြန်လည် ထူထောင်ရေး တာဝန်နဲ့ ရောက်သွား တုံးက မြန်မာပြည် နဲ့ ကမ္ဘ္ဘာကြီးနဲ့တော့ အဆက်သွယ် ပြတ်ပါပြီ လို့ ထင်ခဲ့တာဗျ။ UN ရုံး လောက်မှာပဲ တယ်လီဖုံးတို့ အင်တာနက်တို့ ရလောက် မယ်လို့ ထင်ထားခဲ့တာ။


မီးမရှိလဲ မပူနဲ့ လမ်းဘေး ဖုန်းအားသွင်း ဆိုင်တွေ နေရာတိုင်းမှာ

Arrival report လုပ်တဲ့ အချိန် IT ဌာနက ငွေဖြည့်ပြီးသား mobile sim card ထုတ်ပေး တော့မှ ငင် တယ်ဟုတ် ပါလား ပေါ့။ ဒါနဲ့ မယုံသေးဘူး 3G on ပြီး အင်တာနက် သုံးကြည့် သေးတယ်။ အားပါးပါး မြန်ချက်က ၉ လောက် ရှိတယ်။ မူဗီတွေ ဆို အထစ်အငေါ့ မရှိ ဖြတ်ခနဲ ဖြတ်ခနဲ တက်တာ။ အဝိုင်းလေး လည်တာတောင် မတွေ့လိုက်ရဘူး။

ဒီတော့မှ ဝါသနာ အရ desk research လုပ်ကြည့်တော့ တောင်ဆူဒန် လွတ်လပ်ရေး မရခင် ၂၀၀၅-၆ ခွဲထွက်ရေး ကို အတည်ပြုတဲ့ ပြည်သူ့ ဆန္ဒခံယူပွဲ ပြီးကထဲက UN ရဲ့ ဆက်သွယ်ရေး ဖွံဖြိုးမှု အစီအစဉ်နဲ့ ဆူဒန် အစိုးရက တယ်လီကွန်း ကုမ္ပဏီ ကြီးတွေကို လာရောက် ရင်းနှီးမြှပ်နှံ လုပ်ပိုင်ခွင့် ပေးလိုက်တာ။ အာဖရိက နာမည်ကျော် တယ်လီကွန်း ကုမ္ပဏီကြီး လေးခု လာရောက် လုပ်ကိုင်တယ်။ MTN, ZAIN, GEMTEL နဲ့ VIVA CELL ကုမ္ပဏီတွေပါ။

လူ နှစ်သန်းခွဲ လောက်ပဲ ဖုံးကိုင် ဖို့ မျှော်လင့်ချက် ရှိတဲ့ နိုင်ငံ။ အစိုးရတောင် မရှိသေးတဲ့ နိုင်ငံ။ တယ်လီကွန်း အင်ဖရာ ဘာမှ မရှိတဲ့ နိုင်ငံ။ လျှပ်စစ်မီး တောင် မရှိတဲ့ နိုင်ငံ (ခုလဲ မရှိပါ)။ အချိန်မရွေး စစ်ပြန်ဖြစ် နိုင်တဲ့ risk ရှိတဲ့ နိုင်ငံ။ အစိုးရက ငါးပြားမှ မထည့်ပဲ တယ်လီကွန်း တွေက ၁၀၀% ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားတဲ့ နိုင်ငံ ကို ပြပါ ဆိုရင် တောင်ဆူဒန် နိုင်ငံပါ ခင်ဗျာ။

ဒီကုမ္ပဏီကြီးတွေ တောင်ဆူဒန် ကို လာရောက်ပြီး ငါးပြားမှ မရသေးခင် ကိုယ့်စားရိတ်နဲ့ ကိုယ် မိုဘိုင်း တယ်လီကွန်း အင်ဖရာကို တစ်နှစ်နဲ့ အပြီး တစ်နိုင်ငံလုံး ဖြန့်ကျက် တည်ဆောက် သွားတာများ မြန်မာပြည်က သောက်ပိုတွေ ပြောနေတဲ့ လူတွေ မြင်စေ့ ချင်တယ်။

တရားဝင် စာရင်းဇယားများ အရ တယ်လီကွန်း ကုမ္ပဏီ တစ်ခုကို ဒေါ်လာ သန်းရှစ်ဆယ် တစ်ရာ လောက် ရင်းနှီး ထားတယ် ဆိုတော့ ဒေါ်လာ သန်းလေးရာ လောက်ကို ပြာပုံ ထဲမှာ အပြိုင်အဆိုင် ရင်းနှီး ထားတဲ့ အဓိပ္ပါယ်ပေါ့။


တယ်လီကွန်းလုပ်ရင် ချမ်းသာတယ်

ရလဒ်က တစ်နှစ် အတွင်း မှာ မြန်မာပြည်ထက် နှစ်ဆ ကြီးတဲ့ နိုင်ငံမှာ လူနှစ်သန်းလောက် မိုဘိုင်းဖုံး ကိုင်နိုင်ဖို့ ကွန်ယက်ကြီး တည်ဆောက် ပြီးစီး သွားတယ်။

ဆင်းကဒ်တွေ စရောင်းတော့ (တစ်ကဒ် ၂ ဒေါ်လာ) တဲ့ UN လို ကော်ပိုရိတ် တွေဆိုရင် အထုပ်လိုက် အလကား ပေးတယ် နံပါတ် လှလှတွေ။ အင်တာနက်။ ပြည်ပ ခေါ်ဆိုခြင်း။ SMS ။ Call Forwarding အစရှိတဲ့ မြန်မာပြည်မှာ တစ်ခုချင်း ပိုက်ဆံပေး လျှောက်ထားရတဲ့ အပို မဟုတ်တဲ့ ဝန်ဆောင်မှု တွေ ပါပြီးသား။ ငါးပြားမှ ထပ်ပေးရန် မလို။

ဆိုတော့ Customer ဆယ်သန်းလောက် ရှိပြီးသား Telecom Infrastructure အပြည့်အစုံ ရှိပြီးသား မြန်မာ နိုင်ငံမှာ တယ်လီကွန်း ဆိုတာ အရင်းအနှီး ကြီးလို့ အစပိုင်းမှာ ဈေးကြီး ရပါတယ် ဆိုတဲ့ မြန်မာပြည်က ပညာမဲ့တွေ ကို ခေါ်ပြချင် လိုက်တာ။

ဒီတယ်လီကွန်း စီမံကိန်း ဘယ်လောက် အောင်မြင်လဲ ဆိုရင် တစ်နှစ် အတွင်း လူသုံးသန်း လောက် မိုဘိုင်းဖုံး ကိုင်လာတယ်။ ကုမ္ပဏီ တစ်ခုနဲ့ တစ်ခု coverage မတူ အင်တာနက် အမြန်နှုံး မတူတော့ တောင်ဆူဒန် တစ်ယောက် ကို အနဲဆုံး ဆင်းကဒ် နှစ်ခု ရှိတယ်။ ဖုံး handset ဈေးကြီးတာ မတတ်နိုင်တော့ ဈေးပေါတဲ့ တရုပ်လုပ် ဆင်းကဒ် နှစ်ခုသုံး handset တွေ ကိုင်တယ်။

လက်လမ်းမှီပုံများ ကတော့ နေစရာ စားစရာ မရှိတဲ့ ဒုက္ခသည် တွေ တောင် ဖုံးကိုင်နိုင်တယ်။ မီးမရှိတော့ မီးစက်သုံး လမ်းဘေး ဘထ္ထရီ အားသွင်းဆိုင် တွေ ပေါ်လာတယ်။

ဆင်းကဒ်တို့ ငွေဖြည့်ကဒ်တို့ လမ်းဘေး နေရာတိုင်းမှာ ရောင်းတယ်။ တယ်လီကွန်း ကုမ္ပဏီ တွေ ချမ်းသာလာတယ်။

ဒီလို နိုင်ငံမျိုး ဒီလို အခြေအနေ မျိုးမှာ ဒီလို သွားလုပ်ရတော့ အခွန်ကရော ကင်းလွတ်ခွင့် ရလား ဆိုရင် နိုးပါ။ အခွန် အရပ်ရပ် လုံးဝ ကင်းလွတ်ခွင့် မရပါ။ ကိုယ့်စားရိတ် နဲ့ ကိုယ် ရင်းနှီး မြှုပ်နှံ ဖို့ သယ်လာတဲ့ Telecom Infrastructure တွေ equipment တွေ ကိုပဲ အစပိုင်းမှာ import tax ကင်းလွတ်ခွင့် ရပါတယ်။ ၂၀၁၄ ကစပြီး tax စကောက် ပါတယ်။

Telecom Operation အပေါ်မှာ Day One - First User ကနေစပြီး Income Tax, Commercial Tax, Frequency Tax, Excise Duty, Profit Tax စတဲ့ အခွန် မျိုးစုံ ကို ကောက်ခံပါတယ်။
ဒီလို ကောက်လို့ ဘယ် တယ်လီကွန်း ကုမ္ပဏီမှ နည်းတယ် များတယ် မကိုက်ဘူး ။ ငါတို့လာလုပ်တာ ငါတို့ကို ကျေးဇူးတင် အခွန်မကောက်နဲ့ ဆိုတဲ့ ကျေးဇူးရှင် သောက်ချိုး မချိုး ရဲဘူး။ ပေးရ တာပဲ ဆက်လုပ် နေတာပဲ ဆက်ပြီး ချဲ့ထွင် နေတာပဲ။

ကျွန်တော်တို့ မြန်မာပြည်ကြီးလို တယ်လီကွန်း၊ လျှပ်စစ်၊ လမ်းပမ်း ဆက်သွယ်ရေး အစရှိတဲ့ infrastructure တွေ အသင့်အတင့် ပြည့်စုံ မိုဘိုင်း ဖုံး သုံးနေတဲ့ လူ ဆယ်သန်းလောက် ရှိပြီးသား နောက်ထပ် ဆယ်သန်းလောက် အသာလေး တိုးလာဖွယ်ရာ ရှိတဲ့ မားကက် ကြီးမှာ တယ်လီကွန်း ဆိုတာ အစပိုင်း အရင်းနှီး ကြီးလို့ ဈေးကြီးမယ် ဆိုတဲ့ ပညာမဲ့ တစ်ယောက် ပြောသွားတဲ့ စကား တစ်ခွန်း ကို နင်းပြီး အစပိုင်း အရင်းအနှီးကြီး မကိုက်လို့ လုပ်သာ ကိုင်သာ ရှိအောင် အခွန် အရပ်ရပ် ကင်းလွတ်ခွင့် ပေးပါ ခင်ညာ ဆိုတဲ့ အရင်းရှင် ကုမ္ပဏီ တွေစကား ဘာမှ နားထောင် နေစရာ မလို။ ဘာမှ ကင်းလွတ်ခွင့် ပေးစရာ မလို။ အခု မမြတ်ရင် နောင် ငါးနှစ် မှာ စမြတ် နောက် အနှစ်ငါးဆယ် တစ်ရာ လောက် အဆီအသား ဝါးမျိုကြမဲ့ တယ်လီကွန်း တွေကို မည်သည့် အခွန် ကင်းလွတ်ခွင့်မှ မပေးသင့် ကြောင်း။

၎င်းတို့ အပေါ် အခွန် ရသမျှ ကောက်ခံပြီး နိုင်ငံရဲ့ အသက်သွေးကြော တစ်ခု ဖြစ်လာမဲ့ နိုင်ငံသား တွေလုပ်ကြမဲ့ SME လေးတွေ ကိုသာ ငါးနှစ် အခွန် အရပ်ရပ် ကင်းလွတ်ခွင့် ပေးအပ်ပြီး ဒီထက် မကသော ပိုက်ဆံကို လှည့်လည် ရယူသင့်ပါကြောင်း။

နိုင်ငံတကာ တယ်လီကွန်း ကုမ္ပဏီ နှစ်ခုထဲ ရှိတာ နည်းသေးတယ် နောက်ထပ် နှစ်ခု သုံးခုလောက် ထပ်ခေါ် ပြီး အပြိုင် အဆိုင် လုပ်ကိုင်ခွင့် ပေးလိုက်မှ သာလျှင် တကယ် ကောင်းတဲ့ ဖုံးလိုင်း တကယ်မြန်တဲ့ အင်တာနက် တွေ ဈေးပေါပေါနဲ့ အသုံးပြု နိုင်ရဖွယ် ရှိပါတယ်။

တယ်လီကွန်း ဆိုတာ အရင်းအနှီးကြီး ပေမဲ့ အကျိုးအမြတ် အလွန်များတဲ့ လုပ်ငန်း ဖြစ်ကြောင်း မီးမောင်းထိုး လိုက်ပါတယ်။


ref:Wanna More

Read More »