နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label တီထွင်ဖန်တီးမှု. Show all posts
Showing posts with label တီထွင်ဖန်တီးမှု. Show all posts

Monday, June 19, 2017

လှိုင်းရိုက်အားကို အသုံးပြုပြီး စွမ်းအင် ထုတ်နိုင်တော့မည်




ပြည့်မြဲ စွမ်းအင် ကုမ္ပဏီတွေက ရေလှိုင်း ကနေ စွမ်းအင် ထုတ်ချင် aပမယ့် စီပွားဖြစ် ထုတ်ဖို့ ခက်ပါတယ်။ ဒါပေမယ့် ဒီအခြေ အနေကို သြစတြေးလျ ကုမ္ပဏီ Wave Swell Energy က ပြောင်းလဲ ပေးလိုက် ပါပြီ။ သူတို့ တီထွင် လိုက်တဲ့ ဒီကိရိယာက လှိုင်းရိုက် ကမ်းခြေက”မှုတ်တွင်း” လိုမျိုး လှိုင်းရိုက် အားကို အသုံးချ မှာပါ။

“ရေအောက်မှာ ဖွင့်ထားတဲ့ လိုဏ်ခေါင်း ထဲကို လှိုင်းရိုက် လိုက်ချိန်မှာ လိုဏ်ခေါင်းတွင်း ရေမျက်နှာပြင်က အတက် အကျဖြစ်ပြီး အထဲက လေကို ဖိလိုက် တယ်။ ရေပြန် ကျချိန် လိုဏ်ခေါင်းတွင်းမှာ လေဟာနယ် တစိတ်တပိုင်း ဖြစ်လာတယ်။ ဒီနည်းနဲ့ လေအား သုံး တာဘိုင်ကို လည်ပတ်စေတာပါ။”

ဒီလို ရေလှိုင်းတွေရဲ့ အထက်အောက် လှုပ်ရှားမှုကို အရင်ကလည်း အသုံးချခဲ့ပေမယ့် Wave Swell ရဲ့ အခုတီထွင်မှုမှာတော့ ခြားနားချက်တခု ရှိပါတယ်။

“ကျေန်ာတို့က တဘက်သက်စီးဆင်းမှုကိုပဲ အသုံးချမှာပါ။ တဘက်သက်စီးလာတဲ့လေကို တာဘိုင်ကို ဖြတ်သွားတာမျိုးပါ။ တခြားတီထွင်မှုတွေမှာတော့ လေက နှစ်ဘက်စီးဆင်းတာမျိုးပါ။”

အလွတ်စမ်းသပ်မှုတခုအရ ဒီမော်ဒယ်က သမားရိုးကျတာဘိုင်ထက် ၂ ဆ အားကောင်းတာ တွေ့ရပါတယ်။ အလုံးစုံတည်ဆောက်ပြီးချိန်မှာ အရွယ်အစားက ရေပြင်ပေါ်ထိုင်မယ့် လေတာဘိုင်နဲ့ဆို မီတာ ၂၀ ပတ်လည် ရှိမှာပါ။ ဒီတာဘိုင်ကို နောက်နှစ်မေလမှာ ဘက်စ်စထရိတ်က ကင်းအိုင်လန်ကမ်းခြေမှာ စမ်းသပ်မောင်းနှင်သွားမှာပါ။

“အဲဒီိမှာက သင့်တော်တဲ့လှိုင်းအမြင့်ရှိတဲ့အပြင် ဒေသခံတွေရဲ့ ထောက်ခံမှုလည်းရှိတော့ ဒီနည်းပညာကို ဈေးကွက်ဝင် သရုပ်ပြဖို့ သင့်တော်တဲ့ နေရာဖြစ် တယ်လို့ ယူဆပါတယ်။”

၅ နှစ်အတွင်း ဈေးအချိုဆုံး ကမ္ဘာ့စွမ်းအင်ပင်ရင်းတွေနဲ့ ယှဉ်ပြိုင်ဖို့နဲ့ တချိန်မှာ သမုဒ္ဒရာကြီးရဲ့ စွမ်းအင်ကို ဖော်ထုတ်ဖို့ ကုမ္ပဏီက မျှော်လင့်ထားပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/213199

Read More »

Friday, June 16, 2017

ကားမှန်များကို သတင်းအချက်လက်ဖော်ပြရာ အရည်သွေးမြင့် မှန်အဖြစ် အသုံးချ




ကားမှန် တံခါး တွေဟာ လမ်းတွေ ပေါ်က သတင်းနဲ့ ကြော်ငြာ လုပ်ငန်းတွေ အတွက် နောက်ထပ် ရင်းမြစ် တခု ဖြစ်လာ တော့မှာပါ။ အစ္စရေး ကုမ္ပဏီသစ် တခုက ဒေသန္တရ သတင်း လုပ်ငန်း အတွက် Smart Glass နည်းပညာကို တီထွင် ခဲ့ပါတယ်။

“ကားတံခါးတွေကို တံခါးသက်သက်တင်မက သတင်းအချက်အလက်တွေဖော်ပြရာ အရည်အသွေးမြင့် မှန်ပြင်တွေအဖြစ် ပထမဆုံးအကြိမ် အသုံးချနိုင် ခဲ့တာပါ။”

နည်းပညာကုမ္ပဏီ Gauzy က ကားတံခါးမှန်တွေကို liquid crystal အလွှာတွေ အုပ်ပေးလိုက်ပါတယ်။ ကားစက်နိုးလို့ သူတို့ကြားထဲ လျှပ်စီးဖြတ်နေသမျှ မှန်တွေက အလင်းဖောက်မြင်နေရမှာပါ။

ဒါပေမယ့် ကားစက်သတ်လိုက်ချိန်မှာ အလင်းပိတ်သွားပြီး တီဗွီဖန်မျက်နှာပြင်တခု ဖြစ်လာပါတယ်။ အဲဒီပေါ်မှာ HD ဗွီဒီယိုနဲ့ ပုံတွေကို ပြသနိုင်ပြီး အင်တာနက်ချိတ်ဆက်နိုင်မယ့် Controller တခုလည်း တွဲလျှက်ပါပါတယ်။

“ဒါက ဥပမာအားဖြင့် ကားရောက်ရှိရာ ပတ်ဝန်းကျင်က စိတ်ဝင်စားဖွယ်တွေကို ဖြတ်သွားသူတွေ သိနိုင်အောင်နဲ့ ဒေသန္တရ သတင်းအချက်အလက်တွေကို ပြပေးပါတယ်။ ကားက သူရောက်ရှိရာအရပ် သိရှိပြီး လက်ရှိနေရာရဲ့ ဒေသဆိုင်ရာ အချက်အလက်တွေကို မျှဝေပေးပါတယ်။”

စိတ်ပူစရာမလိုတာက ကားရဲ့ဘေးဘက်နဲ့ နောက်ဘက်တံခါးမှန်တွေမှာပဲ ဒါကိုတပ်ဆင်မှာဖြစ်ပြီး ကားစက်ရပ်ချိန်ကစပြီး အလုပ်လုပ်မှာပါ။ Gauzy က ဂျာမန်ကားကုမ္ပဏီ Daimler နဲ့ ပူးပေါင်းပြီးသူ့ရဲ့ smart screen ကို ထုတ်လုပ်နေပါတယ်။

ကားတွေကို ပို့ဆောင်ရေးယာဉ်သက်သက်ထက် ပိုပြီး အသုံးကျလာစေဖို့ မျှော်မှန်းထားပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/212680

Read More »

Monday, June 12, 2017

ပေါင်းပင်တွေကို သုတ်သင်နိုင်မယ့် လေဆာ သိပံ္ဗပညာရှင်တွေ တီထွင်




နေရာ အနှံ့မှာ ရှိတဲ့ စိုက်ခင်း အလုပ် သမားတွေ အတွက် ဂျာမန် သုတေသီ အဖွဲ့ တစ်ဖွဲ့ဟာ ပေါင်းပင် တွေကို သုတ်သင်ဖို့ လေဆာ သေနတ် တစ်လက်ကို တီထွင်နေ ကြပါတယ်။

လက်တွေ့ မှာလည်း သည်လေဆာ စနစ် အသစ်ဟာ လယ်သမား တွေနဲ့ ပတ်ဝန်းကျင် အတွက် အထောက် အကူ ပြုစေနိုင်ဖွယ် ရှိပါတယ်။

သည်စနစ်ရဲ့ အလားအလာကောင်းတဲ့ စွမ်းဆောင် ရည်ဟာ ဂျာမနီနိုင်ငံ ဘွန်းတက္ကသိုလ်က ကွန်ပျူတာ သိပံပညာရှင်တွေ စမ်းသပ်တီထွင်နေတဲ့ စက်ရုပ် ဆိုင်ရာ ဆော့ဖ်ဝဲပေါ်မှာ မှီတည် နေပါတယ်။

သုတေသီတွေဟာ လယ်သမားတစ်ဦးရဲ့ လယ်ကွင်းတွေက မလိုအပ်တဲ့ ပေါင်းပင်တွေကို  သည်စက်ရုပ်သိရှိထုတ်ဖော်ပြီး လေဆာနဲ့ ပစ်ခတ်နိုင်ဖို့ ကင်မရာတွေနဲ့ ပြဿနာဖြေရှင်းတဲ့ နည်းလမ်းတွေ ပေါင်းစပ်ထားမှုကို ပိုပြီး နက်နက် ရှိုင်းရှိုင်းလေ့လာဖို့ မျှော်လင့်ထားပါတယ်။

‘ဒီစက်ရုပ်ကနေ အသုံးမဝင်တဲ့ အပင်တွေရဲ့ အရွက်တွေကို လေဆာလှိုင်းတိုနဲ့ ပစ်ခတ်ပြီးတော့ ဒီအပင်ရဲ့ ရှင်သန်မှုကို အားပျော့သွားအောင် လုပ်မှာပါ”လို့ သုတေသီ ဂျူလီယိုပက်စ်ထရာနာက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

သိပπံပညာရှင် တင်ဝစ်ဘဲလ်ကလည်း စိုက်ခင်းတွေမှာ ပိုးသတ်ဆေးတွေ အသုံးပြုဖို့ မလိုအပ်တော့ဘဲ ပတ်ဝန်းကျင်ကို ကာကွယ်နိုင်တော့မယ်လို့ ကြိုတင် ခန့်မှန်းထားကြောင်း ပြောပါတယ်။

သည်လေဆာစနစ်ကို အလိုအလျောက် ရေဖျန်း စက်မှာ တပ်ဆင်တာ ဒါမှမဟုတ် လယ်ထွန်စက်မှာ ထပ်ပေါင်းတပ်ဆင် အသုံးပြုတာမျိုး လုပ်နိုင်ပါတယ်။

သိပံပညာရှင်တွေဟာ သူတို့ရဲ့ သုတေသနကို စွန့်ဦးထွင်လုပ်ငန်းအသစ်တစ်ရပ်အဖြစ် ပြောင်းလဲနိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။

From : ကုမုဒြာဂျာနယ် by ချိုလေးငယ်

Originally published at - http://www.kumudranews.com

Read More »

စင်ကာပူနိုင်ငံက ဇိမ်ခံ ကားရောင်းစက်




စင်ကာပူ နိုင်ငံမှာ ဇိမ်ခံ အလှ ကားတွေ ရောင်းတဲ့ စက်ကို ပြီးခဲ့နှစ် ဒီဇင်ဘာမှာ ဖွင့်လှစ် ခဲ့ပါတယ်။

စင်ကာပူ နိုင်ငံက စီးပြီးသား ကားတွေ ဝယ်ရောင်း လုပ်သူ ဂယ်ရီဟောင်းက ၁၅ ထပ်ရှိပြီး လှပတဲ့ ဇိမ်ခံကား ရောင်းစက် တခုကို ဖန်တီး လိုက်ပါတယ်။

ပေ ၁၅၀ ကျော်မြင့်ပြီး မှန်နဲ့ ကားထားတဲ့ အဲဒီ အဆောက် အအုံဟာ ကားအစီးရေ ၆၀ ကို တစ်ခါတည်း ပြသ ထားနိုင်တာကြောင့် ကမ္ဘာ့ အကြီးဆုံး ဇိမ်ခံ ကားရောင်းစက် ဖြစ်လာ ပါတယ်။

ကားဝယ်မယ့်သူတွေက မြေညီထပ်က touchscreen နဲ့ မော်နီတာကနေ ကားတွေကို ကြည့်ရှုရွေးချယ်နိုင်ပြီး သူတို့ ရွေးလိုက်တဲ့ ကားကို သူတို့ဆီ ၂ မိနစ် အတွင်း အရောက် ပို့နိုင်တယ်လို့ ပြောပါတယ်။

အော်တိုဘန် ကားရောင်းဝယ်ရေး ကုမ္ပဏီရဲ့ ဂျနရယ် မန်နေဂျာ ဖြစ်သူ ဟောင်းက မြေနေရာ ရှားပါးတဲ့ ကျွန်းနိုင်ငံမှာ ခပ်ကျဉ်းကျဉ်းမြေနေရာကို ဝယ်ယူ ပြီးနောက်မှာ အခုလို အကြံ ရလာခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ က ကားအစီးရေ ၆၀ ကနေ ၈၀ အထိ ပြထားဖို့ လိုတာ ဆိုတော့ နောက်ဆုံး ၁၅ ထပ် အဆောက်အအုံတခု ဆောက်ပြီး ပြထားဖို့ အကြံရတာပဲ” လို့ ဟောင်းက ပြောပါတယ်။

အရောင်းပြခန်းကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ဖွင့်လှစ် ခဲ့ပြီး လှပ ဆန်းသစ်တဲ့ အရောင်းပြခန်း ပုံစံက သူတို့ရဲ့ အရောင်းကို ၃၀ ရာခိုင်နှုန်း မြင့်တက် လာစေ တယ်လို့ သိရပါတယ်။

ဟောင်းက “နဂိုကတည်းက လှပြီးသား ကားတွေကို မီးတွေနဲ့အလှဆင်၊ ဆုံလည်စားပွဲပေါ် တင်ပြီး ကြော်ငြာဗီဒီယိုတွေ ပြလိုက်တော့ ဈေးဝယ်သူတွေ ပိုစိတ်ဝင်စား လာကြတယ်” လို့ ပြောခဲ့ပါတယ်။



From : ဒီဗွီဘီ by ရဲမြင့်ကျော်

Originally published at - http://burmese.dvb.no/archives/212013


Read More »

Thursday, June 08, 2017

တရုတ်တွင် သံလမ်းတုပေါ် မောင်းနှင်သည့် ပထမဆုံးရထား ထုတ်လွှင့်ပြသ




တရုတ် နိုင်ငံ တောင်ပိုင်း ဟူနန် ပြည်နယ်မှာ ဇွန်လ ၂ ရက်နေ့က သံလမ်း တုပေါ် မောင်းနှင်တဲ့ ပထမဆုံး ရထားကို နိုင်ငံပိုင် စီစီ တီဗွီ သတင်း ဌာနက ထုတ်လွှင့် ပြသခဲ့ ပါတယ်။

အဲဒီ ဘက်ထရီ စွမ်းအင်သုံး ရထားဟာ အလျား ၃၂ မီတာ ရှိပြီး ခရီးသည် ၃၀၇ ဦးအထိ သယ်ဆောင် နိုင်ပါတယ်။

ရထား ဘီးတွေကို ရာဘာ တာရာတွေနဲ့ ပြုလုပ် ထားပြီး အမြင့်ဆုံး တနာရီ ကီလိုမီတာ ၇၀ အထိ မောင်းနှင် နိုင်ပါတယ်။

အဲဒီရထားကို ရထားထုတ်လုပ်ရေးကုမ္ပဏီ စီအာအာစီ ကျူကျိုး အင်စတီကျု ကုမ္ပဏီ လီမိတက်က ထုတ်လုပ် ခဲ့တာဖြစ်ပြီး သံလမ်း အစား အာရုံခံ ကိရိယာ ရာပေါင်း များစွာကို အသုံးပြုကာ လမ်းကြောင်းရှာ မောင်းနှင်တာ ဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြ ထားပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/211136

Read More »

Tuesday, June 06, 2017

ဂျပန်တွင် ပထမဆုံး အကြိမ် တပ်ဆင်မည့် အက်ဖ် - ၃၅ အေ ရေဒါ ကိုယ်ဖျောက် တိုက်လေယာဉ် ထုတ်ပြ




တိုကျို ၆-၆-၂၀၁၇

ဂျပန် နိုင်ငံ၌ ပထမဆုံး အကြိမ် တပ်ဆင်မည့် အက်ဖ်-၃၅ အေ အမျိုး အစား ရေဒါ ကိုယ်ယောင် ဖျောက် တိုက်လေယာဉ် အသစ်ကို အိုက်ချီစီရင်စု တိုဟို ယာမာမြို့ရှိ မစ်ဆူဘီရှီ အကြီးစား စက်မှု လုပ်ငန်း ကော်ပိုရေရှင်း စက်ရုံ တစ်ရုံ၌ ထုတ်ဖော်ပြသ ခဲ့ကြောင်း ဂျပန် အခြေစိုက် ကျိုဒို သတင်းဌာနက ဖော်ပြ ခဲ့သည်။

ဂျပန်လေတပ်သည် အဆိုပါ တိုက်လေယာဉ်သစ်ကို ၂ဝ၁၈ခုနှစ်မတ် ၃၁ရက်တွင် ပြီးဆုံးမည့် ၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်း မီဆာဝါ လေတပ်စခန်း၌ ဖြန့်ကြက်တပ်စွဲရန် စီစဉ်ထားသည်။

အက်ဖ်-၃၅အေ တိုက်လေယာဉ်သည် ရေဒါထောက်လှမ်းမှုကို ကိုယ်ယောင်ဖျောက် နိုင်စွမ်းနှင့် စစ်ကစားနိုင်စွမ်း မြင့်မားပြီး အမေရိကန် ပြည်ထောင်စု၏ အက်ဖ်-၃၅တိုက်လေယာဉ် များနှင့်အတူ ဝေဟင်ကင်းလှည့် ထောက်လှမ်း မှုများ ပူးတွဲလုပ်ဆောင် နိုင်မည်ဟု မျှော်လင့်ရသည်။

ယင်းတိုက်လေယာဉ်ကို အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နှင့် သြစတြေးလျ အပါအဝင် နိုင်ငံပေါင်း ကိုးနိုင်ငံက ပူးတွဲတည်ဆောက်၍ အမေရိကန်အခြေစိုက် လော့စ်ဟိဖာတင် ကုမ္ပဏီက အဓိကနေရာမှ ပါဝင်ခဲ့သည်။

ထိုသို့ လေယာဉ်တည်ဆောက်ရေး လုပ်ငန်းစဉ်အတွင်း ဂျပန်ကုမ္ပဏီများ ပါဝင်ခြင်းမရှိခဲ့သော်လည်း လေယာဉ်တပ်ဆင်မှု လုပ်ငန်းနှင့် ပစ္စည်းကိရိယာထုတ်လုပ်မှု လုပ်ငန်းစဉ် အချို့တွင် ပါဝင်ခွင့်ရခဲ့သည်။

ထို့ပြင် ဂျပန်နိုင်ငံသည် အက်ဖ်-၃၅အေ တိုက်လေယာဉ် ၄၂စင်း ဝယ်ယူရန် စီစဉ်ထားရာ ၃၈စင်းကို အမေရိကန် ပြည်ထောင်စုမှ တင်သွင်းမည့် လေယာဉ်အစိတ်အပိုင်း များသုံး၍ မစ်ဆူဘီရှီကုမ္ပဏီက တပ်ဆင်မည်ဖြစ်ပြီး လေးစင်းကို အမေရိကန်ပြည်ထောင်စုက အပြီးသတ် တည်ဆောက်ပေးမည် ဖြစ်ကြောင်း သိရသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2017/06/blog-post_6.html

Read More »

Wednesday, May 31, 2017

အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေ အတွက် အသံလုံ မော်တော်ဆိုင်ကယ်တွေ လာမည်




ခရီးကြမ်း လမ်းကြမ်း တွေမှာ စီးနင်းဖို့ ပေါ့ပါး သွက်လက်အောင် ပြုလုပ်ပေး ထားတဲ့ လမ်းကြမ်းမောင်း ဆိုင်ကယ်တွေဟာ အထူး တပ်ဖွဲ့ဝင်တွေ အတွက် တောအုပ် တွေကို ကျော်ဖြတ်ဖို့၊ ကျဉ်းမြောင်းတဲ့ ချောက်ကမ်းပါး တြွမှာ မောင်းနှင်ဖို့၊ လမ်းကျဉ်းကျဉ်း တွေထဲ တိတ်တဆိတ် ဝင်ရောက်နိုင်ဖို့ ဒါမှ မဟုတ် လူသွား လမ်းတွေမှာ တစ်ရှိန်ထိုး သွားနိုင်ဖို့ အတွက် အသုံးတည့် ပါတယ်။

ဒါပေမဲ့ သည်လို အ ကြမ်းခံ ဆိုင်ကယ်တွေမှာ ကြုံရတဲ့ တစ်ခု တည်းသော ပြဿနာကတော့ တကယ့်ကို အသံ ကျယ်လောင် လွန်းတာကြောင့် လျှို့ ဝှက် ကိစ္စ ရပ်တိုင်းဟာ ဆိုင်ကယ် အင်ဂျင် သံကြောင့် ဆုံးရှုံး တတ်ပါတယ်။

ဒါကြောင့် ပင်တဂွန်ရဲ့ အနာဂတ် စီမံကိန်း တွေရဲ့ လက်ခွဲဖြစ်တဲ့ DARPA ဟာ ဘက်စုံသုံး အကြမ်းခံ လျှပ်စစ် ဆိုင်ကယ် တစ်စင်း တီထွင်ဖို့ ရန်ပုံငွေ ထည့် ဝင်ပေး ထားလို့ အထူး တပ်ဖွဲ့ဝင် တွေဟာ အသံလုံ တိတ်ဆိတ်တဲ့ အကြမ်းခံ ဆိုင်ကယ်တွေ ရရှိနိုင်တော့မှာပါ။ သည်ဆိုင်ကယ်ကို အသံတိတ်သိမ်းငှက်လို့ နာမည်ပေးထားပြီး ပထမဆုံးပုံစံတူရရှိပြီးတာနဲ့ DARPA ဟာ သဘောကျနှစ်ခြိုက် သွားတာကြောင့် နောက်ထပ်နှစ်စီး တောင်းဆို ထားပါတယ်။

သည်အသံတိတ်သိမ်းငှက်ဆိုင်ကယ်ဟာ စစ်လက်နက်ပစ္စည်းတွေ ဖြစ်တဲ့ ဒရုန်းတွေ၊ ဆင်ဆာတွေ ထုတ်လုပ်တဲ့ လိုဂိုစ် နည်းပညာလုပ်ငန်းနဲ့ အကြမ်းခံ လျှပ်စစ် ဆိုင်ကယ်တွေထုတ်လုပ်တဲ့ အော်တာမော်တာလုပ်ငန်းတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပါတယ်။

သည်ဆိုင်ကယ်ဟာ ဟိုက်ဘရစ်အင်ဂျင်ကို အထူးပြု သုံးထားတာကြောင့် အ ချိန် တော်တော် များများမှာ ဓာတ်ငွေ့ကို အသုံးပြုနိုင်ပြီး အသံတိတ်ဖို့ လိုအပ်တဲ့ အ ချိန် မှာတော့ လျှပ်စစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်။

ဒါ့အပြင် သည်ဆိုင်ကယ်မှာ ဓာတ်ငွေ့တစ်မျိုးတည်းတင်သာမကဘဲ ဒီဇယ်ကိုလည်း အသုံးပြုနိုင်တာကြောင့် လက်တွေ့ အသုံးပြုရမယ့် အထူး တပ်ဖွဲ့ဝင် တွေဟာ သူတို့ ရနိုင်တဲ့ ဘယ်လိုလောင်စာ ဆီကိုမဆို အသုံးပြုမောင်းနှင်နိုင်မှာပါ။ လောင် စာဆီနဲ့ အသုံးပြုပြီး မောင်းနှင်နေ ချိန်မှာ သည်ဆိုင်ကယ်ဟာ သူ့ကိုယ်ပိုင် ဘက်ထရီ ကို ပြန်အားဖြည့်နေမှာဖြစ်သ လို အထူး တပ်ဖွဲ့ဝင်တွေသုံးလေ့ရှိတဲ့ ရေဒီယို၊ ဂျီပီ အက်စ် ဒါမှမဟုတ် တက်ဘလက် လိုအီ လက် ထရွန်း နစ်ပစ္စည်းတွေကိုလည်း အား ဖြည့်နိုင်မှာ ဖြစ်ပါတယ်။

လိုဂိုစ်နည်းပညာရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုရဲ့ဒုတိယဥက္ကဋ္ဌ ဒေါက်ရွန်ဘော့ ကလည်း သည်ဆိုင်ကယ်တွေဟာ မိုင် ၅၀ အထိသွားနိုင်ပြီး ကိုယ့်ရည်မှန်း ချက်နေရာရဲ့ ၁၀ မိုင်အတွင်းရောက်တဲ့အခါ လောင်စာမျိုးစုံသုံးနိုင်တဲ့အင်ဂျင်က ပိတ်သွားပြီး လျှပ်စစ်နဲ့သာမောင်းနှင်သွားမှာဖြစ်တာ ကြောင့် အဲသည့် အချိန်ထွက်လာမယ့် ဆူညံသံဟာ မြေပြင်နဲ့ ဆိုင်ကယ်တာယာထိ တွေ့သံ၊ ဆိုင်ကယ်ချိန်းကြိုးရဲ့အသံသာရှိတော့မယ်လို့ ပြောပါတယ်။

သည်ဆိုင်ကယ်ဟာ တီထွင်သူကိုတောင် အံ့ဩသွားလောက်အောင် တိတ်ဆိတ်လွန်းတယ်လို့ ဒီဇက်ဝီက ပြောပါ တယ်။ သူက သစ်တောအုပ်ထဲမှာ စမ်းသပ်ကြည့်တဲ့အခါ ဆိုင်ကယ်မောင်းသူ ဟာ သူ့ဆီကို တိတ်တဆိတ်ချဉ်းကပ်လာနိုင်ခဲ့တယ်လို့ ပြန်ပြောပြပါတယ်။

သည်ဆိုင်ကယ်ရဲ့ ပထမဆုံးပုံစံငယ် ထဲမှာ လိုအပ်တဲ့ပစ္စည်းတွေ ဖြစ်တဲ့ ဟိုက်ဘရစ်အင်ဂျင်၊ ဘီးနှစ်လုံး၊ ထိန်းချုပ်စနစ်တွေအားလုံးအပါအဝင်ဆိုရင် အလေးချိန်ဟာ ပေါင် ၃၅၀ ရှိပါတယ်။ သည်အလေးချိန်ကို လျှော့ချဖို့အတွက်ကတော့ လိုဂိုစ် လုပ်ငန်းကြီးဟာ ဟိုက်ဘရစ်အင်ဂျင်ရဲ့ အစိတ်အပိုင်းကို ပြန်ပြီးလုပ်ဆောင်ဖို့လို အပ်နေပါတယ်။

‘ဟိုက်ဘရစ်စွမ်းအင်သုံးဆိုင်ကယ်ကနေ လျှပ်စစ်စွမ်းအင်သုံးဆိုင်ကယ်အဖြစ် မိနစ် ၃၀ အတွင်း ပြောင်းလဲလို့ရတယ်၊ ဒါမှမဟုတ်လဲ ခင်ဗျားက ဒါနဲ့ သိပ်မကျွမ်းဝင်သေးဘူးဆိုရင်တော့ တစ်နာရီ လောက်တော့ အချိန်ကြာမှာပေါ့” လို့ ရွန်ဘော့က ပြောပါတယ်။

မကြာခင်မှာ DARPA နဲ့ လက်မှတ်ရေးထိုးသွားဖွယ်ရှိတဲ့ သည်စာချုပ်ကနေ တစ်နှစ်အတွင်းမှာ သည်ဆိုင်ကယ်ရဲ့ ပုံစံတူအသစ်တွေကို ထုတ်လုပ်ပေး သွားမှာပါ။

တကယ်လို့ DARPA က သဘောကျမယ်ဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ သည်ဆိုင်ကယ်အမျိုးအစားကို ထုတ်လုပ်သွားမှာဖြစ်ပြီး သည့်နောက်မှာတော့ အထူးတပ်ဖွဲ့ဝင်တွေဟာ သည်ဆိုင်ကယ်အ သုံးပြုပြီး တိုးတိုးတိတ်တိတ်သွားရောက်နိုင်တော့မှာ ဖြစ်ပါတယ်။

[ref: flipboard, May 26, 2017.]

From : ကုမုဒြာဂျာနယ် by ချိုလေးငယ်

Originally published at - http://www.kumudranews.com

Read More »

Sunday, May 28, 2017

လေထဲတွင် အားပြင်းမောင်းနှင်နိုင်သည့် အိုင်းရွန်းမန်း ဂျက်ဝတ်စုံ




ဗြိတိန် နိုင်ငံက တီထွင်သူ တဦးက လေထဲမှာ မီတာ ရာချီ အားပြင်း မောင်းနှင်နိုင်တဲ့ “အိုင်းရွန်းမန်း ပုံစံ” ဂျက်ဝတ်စုံ တစ်စုံကို တီထွင် ခဲ့ပါတယ်။

အင်ဂျီနီယာ / စက်မှု အတတ် လုပ်ငန်း အတွေ့ အကြုံရှိတဲ့ လူသုံးကုန် ပစ္စည်း ကုန်သည်ဟောင်း ရစ်ချက်ဒ် ဘရောင်နင်လို့ ခေါ်တဲ့ အသက် ၃၈ နှစ် အရွယ် ဗြိတိန် အမျိုးသားက စွမ်းအားမြင့် ခန္ဓာကိုယ်မှာ တပ်ဆင် မောင်းနှင်ရတဲ့ ကိရိယာကို သူငယ်ချင်းတွေနဲ့ အပျော် အဖြစ် ၁၈ လကျော်ကြာ အချိန် အတွင်းမှာ တီထွင် ခဲ့တာလို့ သည်ဆန်းရဲ့ မေလ ၂၆ ရက်နေ့သတင်းမှာ ဖော်ပြ ထားတာပါ။

ဒဲဒလက်စ်လို့ အမည်ပေးထားတဲ့ ဒီဂျက်ဝတ်စုံကို ဂက်စ်တာဘိုင် အင်ဂျင် ၆ ခုနဲ့ စွမ်းအင်ရစေပြီး ဒီအင်ဂျင်စက် ၂ ခုကို ဘရောင်နင်ရဲ့ ခါးနဲ့ အင်ဂျင်စက် ၂ ခုစီကို သူ့ရဲ့ လက်တွေမှာ တပ်ဆင်ပြီး ဒီအင်ဂျင်စက်တွေက မြင်းကောင်ရေ ၈၀၀ အားရှိတယ်လို့ ဆိုပါတယ်။

ဘရောင်နင်ကတော့ ဒီဂျက်ဝတ်စုံက “စက်ဘီးတစီးကို ၃ ဖက်မြင် (3-D) စီးနေရတာနဲ့ နည်းနည်းတူတယ်” လို့ ပြောပါတယ်။

သူက မေလ ၂၅ ရက်နေ့မှာ စမ်းသပ်ပျံသန်းပြကာ တနာရီ မိုင် ၃၀ နှုန်းနဲ့ မီတာရာဂဏန်းထိ ပျံသန်းပြပြီး စံချိန်ချိုးပြနိုင်ခဲ့တာကို ရုပ်သံထဲမှာ မြင်ရပါတယ်။

“ကျနော်တို့မှာ ဒီထူးခြားတဲ့ စိတ်ကူးရှိခဲ့တယ် ခင်ဗျားတို့အနေနဲ့ လုံးဝကြီးကို မတူတဲ့ လူသားယာဉ်ပျံဆိုတဲ့ စိန်ခေါ်မှုကို ချည်းကပ်နိုင်ကောင်း ချည်းကပ် လုပ်ဆောင်နိုင်မယ်” လို့ ဘရောင်နင်က ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။

ဒီနည်းပညာကို စစ်တပ်အတွင်းမှာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး စတာတွေမှာ သုံးနိုင်မယ်လို့ ဘရောင်နင်က ယူဆနေပါတယ်။

ဘရောင်နင်က ဆော့ဖ်ဝဲအင်ဂျီနီယာတွေ 3-D ပုံနှိပ်ကျွမ်းကျင်သူတွေ၊ ဂျက်တွန်းကန်မောင်းနှင်အား အထူးကျွမ်းကျင်သူတွေ စတဲ့ပညာရှင်တွေနဲ့ စီမံကိန်းကို ပူးပေါင်းလုပ်ဆောင်နေပြီး စီမံကိန်းရဲ့ နောက်အဆင့်ကတော့ မူလဝတ်စုံလို့ အမည်ပေးထား ပိုအဆင့်မြင့်တဲ့ ဂျက်ဝတ်စုံကို ပညာရှင်တွေအကူအညီနဲ့ တီထွင်မှာပါ။

“အခုတီထွင်ထားထက် ပိုပြီး နောက်ထပ်အဆင့်မြင့်တီထွင်မယ့် ဂျက်ဝတ်စုံက ပိုပြီး စွမ်းဆောင်နိုင်မယ်၊ နောက်လအနည်းငယ်အတွင်းမှာ ကမ္ဘာကြီးကို ပြသနိုင်မှာပါ” လို့ ဘရောင်နင်က ပြောပါသေးတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/209152

Read More »

Saturday, May 27, 2017

တိုက်ပွဲဝင် စစ်သားများအတွက် ပေ ၁၀၀၀ အမြင့်ပျံသန်းနိုင်သည့် ရှပ်ပြေးယာဉ်




လေထဲမှာ တနာရီ ၉၃ မိုင်နှုန်းနဲ့ ပျံသန်းနိုင်တဲ့ ဟိုဗာဘုတ် ခေါ် ရှပ်ပြေး ယာဉ်ငယ်ကို တီထွင် ဖန်တီးသူက စမ်းသပ် ပျံသန်းပြ နေတာ ရုပ်သံထဲမှာ မြင်ရ ပါတယ်။

ဖရန်ကီဇာပတာ ဆိုသူက ဒီရှပ်ပြေး ယာဉ်ငယ်ကို တိုက်ပွဲဝင် စစ်သားတွေ အတွက် တီထွင် ခဲ့တာဖြစ်ပြီး အမေရိကန် နိုင်ငံ အရီဇိုးနား ပြည်နယ်မှာရှိတဲ့ လိတ်က်ဟာဗက် စူစီးတီး ဆိုတဲ့မြို့က ပင်လယ် ကမ်းခြေ အထက်မှာ ပေ ၁၀၀၀ အမြင့်ကနေ ပျံသန်းပြ ခဲ့ပြီး ကြည့်ရှုသူတွေကို အံ့သြ သွားစေ ခဲ့ပါတယ်။

ရုပ်သံထဲမှာ ရှပ်ပြေးယာဉ်ငယ် စတင် ပျံသန်းပြီး စွမ်းအား ပိုတိုးမြှင့်ကာ အထက်ကို ပျံသန်းပုံ အသေးစိတ်ကို တွေ့မြင်ရမှာပါ။

ဒီယာဉ်ငယ်က သီးခြားဖြစ်ပြီး အမှီအခိုကင်းတဲ့ တွန်းကန်မောင်းနှင်မှုစနစ် သုံးနိုင်မယ်လို့ ဈေးနှုန်း ပေါင် ၁၅၀၀ နဲ့ ၉၆၀၀ အတွင်း ကျသင့်တယ်လို့ ပထမဦးဆုံး ပုံစံ ရှပ်ပြေး ယာဉ်ငယ်ကို ၁၀ မိနစ် အကြာ မောင်းနှင်ပြခဲ့တဲ့ မစ္စတာဖရန်ကီဇာပတာက ပြောပါတယ်။

“ကျနော်တို့ရဲ့ တီထွင်မှုကို ဒီနေရာမှာပဲ ရပ်ထားမှာ မဟုတ်ဘူး၊ ကျနော်တို့ရဲ့ အိပ်မက်တွေကို ဘယ်တော့မှ မရပ်ဘူး။”

သူက ဝါတား ဂျက်ပက်ဆိုတဲ့ ရေယာဉ် တမျိုးစီးပြီး ၁ မိနစ်အတွင်း ၂၆ ကြိမ် နောက်ဂျွမ်း ပစ်နိုင်ခဲ့လို့ ဂရင်းနစ် စံချိန်ဝင်ခဲ့သူတဦး ဖြစ်တယ်လို့လည်း မေရာ သတင်းရဲ့ မေလ ၂၆ ရက်နေ့မှာ ရေးထား ပါတယ်။


From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/209023

Read More »

Wednesday, May 17, 2017

အသံပြန်လည် ကြားနိုင်တဲ့ တက်တူးကို တီထွင်




တက်တူး ထိုးတဲ့ ပညာရှင် တစ်ဦးဟာ မိမိ ထိုးထားတဲ့ တက်တူး ကနေ အသံကြား နိုင်တဲ့ တက်တူး တစ်မျိုးကို မေလ ၁၂ ရက်နေ့က တီထွင် စမ်းသပ်ပြ ခဲ့ပါတယ်။

အဲ့ဒီ ထူးခြားတဲ့ တက်တူးမှာ မမြင်နိုင်တဲ့ လျို့ဝှက်ချက် တစ်ခု ရှိနေပြီး တီထွင်ခဲ့ သူကတော့ တက်တူး ကျွမ်းကျင် ပညာရှင် နိတ် ဆက်ဂတ် ပဲ ဖြစ်ပါတယ်။

ဂီတသံ၊ စကားသံ အမျိုးမျိုးကို ပြန်လည် ကြားနိုင်မဲ့ ကိုယ်ခန္ဓာပေါ်က တက်တူးနဲ့ ဆက်စပ်တဲ့ တက်တူး မျိုးပြုလုပ်ဖို့ ဆာဂတ်က အလိုရှိခဲ့ တာဖြစ်ပြီး အဲဒီ တက်တူးကို Soundwave Tattoos လို့ ခေါ်ပါတယ်။

Soundwave Tattoos အတွက် ထိုးမဲ့သူရဲ့ အရေပြားပေါ်မှာ အသံလှိုင်းပုံသဏ္ဍာန် ၁မိနစ်စာ တက်တူး လေးရှိနေဖို့ လိုအပ်ပြီး မိမိရဲ့ ဖုန်းထဲမှာလည်း အသံလှိုင်းနဲ့ ချိတ်ဆက်နဲ့ ဆော့်ဝဲလ်ဖိုင် ထည့်ထားရမှာဖြစ်ပါတယ်။

အဲ့ဒီ နောက် အသံလှိုင်းတက်တူးကို မိမိနားထောင်လိုတဲ့အသံ ထည့်သွင်းရေးဆွဲရပြီး အသံပြန်လည်ကြားရဖို့ အတွက် စမတ်ဖုန်းထဲမှာရှိတဲ့ ဆော့ဝဲလ်က scan ဖတ်ပေ့းသွားမှာ ဖြစ်ပါတယ်။

ဒီ Soundwave Tattoos ပညာရပ်ကို ကမ္ဘာတ၀ှမ်းလုံးမှာ ရှိတဲ့ တက်တူးပညာရှင်တွေကို လေ့ကျင့်သင်ကြား ပေးသွားမှာ ဖြစ်ပြီး Soundwave Tattoos တက်တူးပညာရှင် ကွန်ယက် တည်ထောင်သွားဖို့ လည်းရှိတယ်လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။

နောက်ထပ်လည်း “လူဆိုတာ မိမိရဲ့ စိတ်ကူးကို အကောင်အထည်ဖော်ဖို့အတွက် မိမိကိုယ် မိမိ ယုံကြည်ဖို့ လိုအပ်ကြောင်း၊ အဲ့ဒီလို ယုံကြည်မှုရှိမှသာ ဖြစ်ချင်တဲ့ ဆန္ဒဟာ အမှန်တကယ်ဖြစ်ပေါ်လာမှာ ဖြစ်ပြီး အောင်မြင်မှု ရရှိနိုင်မှာ ဖြစ်ကြောင်း “ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ တက်တူးတစ်ခုကို ဒေါ်လာ ၁၅၀ နဲ့ ထိုးပေးနေတာဖြစ်ပြီး အဲ့ဒီ ဆော့ဝဲလ်ကို လာမဲ့ ၂၀၁၇ ဂျွန်လ မှာ ဖြန့်ဝေပေးသွားမှာ ဖြစ်ကြောင်းနဲ့ လုပ်ငန်း လည်ပတ်ဖို့အတွက် ကမ္ဘာ့နေရာ အနှံအပြားက တက်တူး ပညာရှင်တွေကို အသုံးချခွင့်ပေးသွားမှာပဲဖြစ်ပါတယ် လို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

From : Myanmar Cable News

Originally published at - http://www.mcntv.biz/news/international-news/36083/

Read More »

Monday, May 15, 2017

ဘက်ထရီမလိုဘဲ ခန္ဓာကိုယ်တွင်းက စွမ်းအင်နဲ့ လည်ပတ်နိုင်မယ့် ကိရိယာသစ်




မကြာခင် ကာလ မှာပဲ နှလုံးစက် တုနဲ့  ခန္ဓာ ကိုယ်တွင်း ထည့် အခြား စက်ကိရိယာ တွေကို  ဘက်ထရီ ထည့်စရာ မလိုဘဲ ကိုယ်တွင်းက စွမ်းအင် တွေကို သုံးပြီး စက် လည်ပတ်အောင် လုပ်ဆောင် နိုင်တော့ မယ်လို့ သိရ ပါတယ်။

ဒါဟာ ကွန်နက် ကျူးဝက် တက္ကသိုလ်နဲ့ UCLA က  သုတေသီ အဖွဲ့ ရဲ့ မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။  သူတို့ဟာ လူ့ခန္ဓာ ကိုယ်တွင်းက အိုင်းယွန်း တွေကို  သိုလှောင် နိုင်စွမ်းရှိ စွမ်းအင် အဖြစ် ပြောင်းလဲ ပေးနိုင်တဲ့ ဇီဝဗေဒ ဆိုင်ရာ စူပါကက် ပစီတာ တစ်ခုကို မကြာသေး ခင်က ထုတ်ဖော်ပြသ ခဲ့ကြပါတယ်။

လက်ရှိမှာတော့ နှလုံးအတုစက်တွေလို ကိရိယာတွေက ဘက်ထရီ တွေနေရာမှာ တဖြည်းဖြည်းနဲ့အစားထိုးသွားမှာဖြစ်ပါတယ်။

သည်စူပါ ကက်ပစီတာဟာ လူ့ခန္ဓာကိုယ်တွင်းက အရည်တွေဖြစ်တဲ့ဆီး ဒါမှ မဟုတ်သွေးရည်ကြည် တွေထဲက လျှပ်စစ်ဓာတ်ရှိတဲ့ အမှုန်ငယ်လေး တွေနဲ့ အိုင်းယွန်းတွေကို အသုံးပြုပြီးတော့ အားသွင်းသွားမှာပါ။

သည်ကိရိယာကို ခန္ဓာကိုယ်ရဲ့ အရွှေ့စွမ်းအင်ကို လျှပ်စစ်အဖြစ် ပြောင်းလဲ ပေးနိုင်တဲ့ စွမ်းအင် စုပ်ယူစက်နဲ့ ချိတ်ဆက် ပေးနိုင် ပါတယ်။ သည်စူပါ ကက်ပစီတာကို ဂရပ်ဖင်း အပြင် အထူးပြုပြင် ထားတဲ့ လူ့ပရိုတိန်း အလွှာ တစ်ခုနဲ့ ပြုလုပ် ထားတာပါ။

စွမ်းအင်စုပ်ယူမှုတွေကို ဒီကက်ပစီတာတွေနဲ့ ပေါင်းစပ်လိုက်တာက ဘယ်တော့မှပြန်ပြီး အစားထိုးတပ်ဆင်လို့မရတဲ့ နှလုံးစက်တုကို အဆုံးမရှိတဲ့ စွမ်းအင်တွေပံ့ပိုးပေးမှာပါလို့ UCLA ရဲ့ ဘွဲ့လွန်သု တေသီ မဟာအယ်ကက်ဒီက သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာပြောပါ တယ်။

သည်ကက်ပစီတာမှာ မိုက်ခရိုမီတာတစ်ခုရဲ့အထူလောက်သာရှိပြီး  သည် ကိရိယာဟာ ခန္ဓာကိုယ်တွင်းမှာထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ မရှိဘဲ လှည့်ပတ် လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။

From : ကုမုဒြာဂျာနယ် by ချိုလေးငယ်

Originally published at - http://www.kumudranews.com

Read More »

Sunday, May 14, 2017

၅ မိနစ်သွင်းရုံနဲ့ အားပြည့်မယ့် ဖုန်းများ လာမည့်နှစ်တွင် ထွက်လာမည်




၅ မိနစ် အားသွင်း ရုံနဲ့ အားပြည့်မယ့် ဘတ္ထရီကို အသုံးပြု ထားတဲ့ ဖုန်းတွေကို လာမယ့်နှစ်မှာ ဈေးကွက်တင် ရောင်းချ aတာ့မယ်လို့ သိရပါတယ်။

အစ္စရေးက နည်းပညာ လုပ်ငန်း StoreDot ဟာ Flash Battery လို့ခေါ်တဲ့ ဒီ ၅ မိနစ်နဲ့ အားသွင်း နိုင်တဲ့ ဘတ္ထရီကို ၂၀၁၅ ခုနှစ် လက်စ်ဗီးဂတ်စ်မှာ ပြုလုပ်တဲ့ နည်းပညာ ပြပွဲမှာ ပြသခဲ့တာပါ။

ကုမ္ပဏီ စီအီးအို ဒိုရွန် မိုင်ယာစ်ဒေါ့ဖ်က သူတို့အနေနဲ့ ၂၀၁၈ ခုနှစ် အစောပိုင်းလောက်မှာ ဒီဖုန်းတွေကို ထုတ်လုပ်ဖို့ မျှော်လင့်ထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။ ဒါပေမယ့် နည်းပညာကျွမ်းကျင်သူ ဘန်ဝုဒ်က ဒီလို ထုတ်လုပ်နိုင်ပါ့မလားဆိုတဲ့ သံသယတွေ ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဒီနည်းပညာကို အသုံးပြုဖို့ ဘယ်ထုတ်လုပ်ရေးကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားလဲဆိုတာကိုတော့ မိုင်ယာစ်ဒေါ့့ဖ်က မပြောခဲ့ပါဘူး။

အဲဒီဘတ္ထရီမှာ ပုံမှန်မဟုတ်တဲ့ တုန့်ပြန်မှုတွေကို ခွင့်ပြုတဲ့ ပစ္စည်းတွေ ပါဝင်ပြီး၊ ဘတ္ထရီအားသွင်းတဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့ အိုင်းယွန်းတွေ အန်းနုတ် (anode) ကနေ ကက်သုတ် (cathode) ဆီ စီးဆင်းမှုကို မြန်မြန် ဆောင်ရွက်ပေးနိုင်မယ်လို့ ၂၀၁၅ ခုနှစ်မှာ ဒီကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

တည်ဆောက်ပုံ အင်မတန်သေးငယ်တဲ့ နာနိုပစ္စည်းတွေ၊ အမည်မဖော်ပြတဲ့ အော်ဂဲနစ် ဒြပ်ပေါင်းတွေလည်း ဒီ ဘတ္ထရီထဲမှာ ပါဝင်ပါတယ်။

၂၀၁၅ ခုနှစ် ပြသတုန်းက တစ်ချို့ ဘတ္ထရီတွေဟာ စမတ်ဖုန်းအများစုမှာ သုံးနေတဲ့ ဘတ္တရီတွေထက် ကြီိးနေပေမယ့် လက်ရှိမှာတော့ ဈေးကွက်အတွက် အဆင်သင့်ဖြစ်နေကြောင်း၊ အာရှ ဘတ္ထရီထုတ်လုပ်ရေးလုပ်ငန်း ၂ ခုနဲ့ ရှေ့ပြေး ထုတ်လုပ်မှုတွေ လုပ်နေပြီး ၂၀၁၈ ခုနှစ် ပထမ ၃ လပတ်မှာ စီးပွားဖြစ် ထုတ်လုပ်သွားမှာဖြစ်ကြောင်း မိုင်ယာစ်ဒေါ့ဖ်က ပြောကြားခဲ့ပါတယ်။

Ref: BBC

From : M-Media by Ko Lay

Originally published at - http://www.m-mediagroup.com/news/67937

Read More »

Thursday, May 11, 2017

ညစ်ညမ်းတဲ့ လေထုကို စွမ်းအင်အဖြစ် ပြောင်းလဲ ပေးနိုင်တဲ့ ကိရိယာ အသစ်




ဘယ်ဂျီယံ သိပ္ပံ ပညာရှင် အဖွဲ့ တစ်ဖွဲ့ဟာ ညစ်ညမ်း နေတဲ့ လေထုကို သန့်စင် ပေးပြီး စွမ်းအင် ထုတ်ပေး နိုင်စွမ်းရှိတဲ့ ကိရိယာ အသစ် တစ်ခုကို တီထွင် ထားတယ်လို့ သိရ ပါတယ်။

လုပ်ငန်း ဆောင်ရွက် နိုင်ဖို့ နေရောင် ခြည်နဲ့ ထိတွေ့ ရမှာ ဖြစ်တဲ့ သည် ကိရိယာမှာ အလွှာပါး တစ်ချပ်နဲ့ ခွဲခြား ထားတဲ့ အခန်း နှစ်ကန့် ပါရှိပြီး တစ်ဘက်မှာ လေထုကို သန့်စင်ပေးမှာ ဖြစ်ကာ အခြား တစ်ဘက်မှာ ကတော့ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ အဖြစ် ပြောင်းလဲပေး သွားမှာပါ။

‘ ဒီဟိုက်ဒရိုဂျင် ဓာတ်ငွေ့ကို သိုလှောင် ထားနိုင်ပြီး နောက်ပိုင်း လောင်စာ အဖြစ်အသုံးပြု နိုင်ပါတယ်။

ဥပမာဆိုရရင် အချို့ ဟိုက်ဒရိုဂျင်သုံးကားတွေမှာလုပ်သလိုမျိုးပေါ့’ လို့ အန့်ဝါ့ပ်တက္ကသိုလ်ပါမောက္ခ ဆမ်မီဗာဘရူဂျင်းက သတင်းစာရှင်းလင်းပွဲ တစ်ခုမှာပြောပါတယ်။

သည်အလွှာပါးဟာ အဆိုပါကိရိယာရဲ့အဆန်းသစ်ဆုံးနဲ့မရှိမဖြစ်အရေးပါဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

သည်ထဲမှာ အထူးနာနိုပစ္စည်းကိရိယာတွေနဲ့ပေါင်းစပ်ဖွဲ့စည်းထားတာတွေ ပါရှိတယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။

သည် ဓာတ်ပြောင်းပစ္စည်းတွေဟာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကိုထုတ်ပေးနိုင်သလို လေထုညစ်ညမ်းမှုကိုလည်း ဖြိုခွဲပေးနိုင်တယ်လို့ ပြောပါတယ်။

သည်ကိရိယာရဲ့လုပ်ဆောင်ပုံတွေဟာ ဆိုလာပြားတစ်ချပ်နဲ့လုပ်ဆောင်ပုံတူပြီး လုပ်ဆောင်ပုံနှစ်မျိုးလုံးဟာ စွမ်းအင် ထုတ်ပေးတဲ့ဓာတုဓာတ်ပြုမှုတွေထွက်လာအောင် နေရောင်ကိုအသုံးချရပါတယ်။

From : ကုမုဒြာဂျာနယ် by ချိုလေးငယ်

Originally published at - http://www.kumudranews.com


Read More »

Monday, April 17, 2017

Drone ပုံစံ ရဟတ်ပျံ VTOL Taxi တွေ လာတော့မည်




ဂျာမနီ နိုင်ငံမှာ လာမယ့် ၂၀၁၈ ခုနှစ်က စပြီး Drone ပုံစံ အခြေပြု ဖန်တီး ထားတဲ့ ရဟတ် ပျံတွေကို Taxi အဖြစ် စတင် အသုံးပြု သွားတော့မှာ ဖြစ်တယ်လို့ သိရ ပါတယ်။

ဒီရဟတ် ပျံတွေဟာ ဝေဟင်မှာ ကောင်းစွာ ပျံသန်းနိုင် သလို လိုချင်တဲ့ နေရာ မှာလည်း စိတ်ကြိုက် ဆင်းသက်နိုင်မှာ ဖြစ်ပါတယ်။ ရဟတ် ပျံတွေကို Vertical take-off and landing (VTOL) လို့ ခေါ်ပြီး ယခုလို ခရီးသည် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍမှာ ပထမဆုံး အသုံးပြု လာတာလည်း ဖြစ်ပါတယ်။

ရဟတ်ပျံတွေရဲ့ အသံဟာ ပုံမှန် လေယာဉ်တွေရဲ့ အသံမျိုးနဲ့ပဲ ဖြစ်ပြီး ဂျာမနီ အစိုးရနဲ့ e-volvo ကုမ္ပဏီတို့ ပူးပေါင်းကာ ပျံသန်းပြေးဆွဲဖို့ ပြင်ဆင်နေတာ jဖစ်ပါတယ်။ VTOL တွေကို ၂၀၁၁ ခုနှစ် ကတည်းက ဖန်တီးထားခဲ့တာ ဖြစ်ပြီး စမ်းသပ်မှုတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီး ဖြစ်တယ် လို့လည်း ဆိုပါတယ်။ VTOL ဖန်တီးမှုထဲကို Google ရဲ့ တွဲဖက် တည်ထောင်သူ Larry Page ကလည်း ငွေကြေး စိုက်ထည့်ထားတယ် လို့လည်း သိရပါတယ်။

e-volvo အနေနဲ့ ယာဉ်တွေကို ထိန်းချုပ်ဖို့ အတွက် သီးခြား ကွန်ပျူတာ စနစ် Volocopter 2X ကို ဖန်တီးထားပြီး ဖြစ်တယ် လို့လည်း သိရသလို ဒီကွန်ပျူတာ စနစ်ကနေပဲ အလိုအလျောက် ထိန်းချုပ်မှု ပုံစံနဲ့ လာမယ့် နှစ်အတွင်း Taxi ယာဉ်တွေ အဖြစ် စတင် အသုံးပြု သွားဖို့ ရှိနေတာပါ။

VTOL တွေဟာ ခရီးသည် ၂ ယောက် လိုက်ပါ စီးနင်းနိုင်မှာ ဖြစ်ပြီး ယာဉ်ပျံသန်းဖို့ အတွက်ကိုတော့ Rotor (သီးခြား မော်တာ ပါရှိတဲ့ ရဟတ်) ၁၈ ခုနဲ့ ဖန်တီး ထားပါတယ်။ ပျံသန်းမောင်းနှင်မှု အတွက်ကိုတော့ နောက်ပိုင်းမှာ ကွန်ပျူတာကနေ အလိုအလျောက် ထိန်းချုပ် ပို့ဆောင်မှာ ဖြစ်ပြီး လုပ်ငန်း အစပိုင်းမှာတော့ ယာဉ်မောင်းကို ထည့်သွင်းပေးထားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။

ထိန်းချုပ်မှု အတွက်ကတော့ Joystick (ထိန်းချုပ်မှု လက်ကိုင်) ကို သုံးပြီး မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ Volocopter 2X ဟာ အခြေခံ အထိုင် ကွန်ပျူတာ စနစ်လည်း ဖြစ်သလို VTOL တစင်းစီမှာ ပါရှိမယ့် ကွန်ပျူတာ စနစ် ဖြစ်ပြီး သူက ရပတ်ပျံကို စွမ်းအင် ထောက်ပံ့မှုရော ထိန်းချုပ်မှုပါ လုပ်ဆောင်ပေးမှာလည်း ဖြစ်ပါတယ်။

ရဟတ်ပျံအတွက် ထည့်သွင်းထးတဲ့ ဘက်ထရီကိုတော့ မိနစ် ၄၀ အတွင်း အားပြည့်အောင် ပြန်သွင်းနိုင်မှာ ဖြစ်ပြီး Fast Charge လို အမြန်အားသွင်း ပုံစံနဲ့လည်း သွင်းနိုင်မယ်လို့ သိရပါတယ်။

ဒီရဟတ်ပျံဟာ တနာရီ ၆၂ မိုင်ထိအောင် အမြန်ဆုံး ပျံသန်းပေးနိုင်မှာ ဖြစ်ပေမယ့် ခရီးဝေး မောင်းနှင် အသုံးပြုနိုင်မှာတော့ မဟုတ်ပါဘူး။ ရဟတ်ပျံမှာ ဘက်ထရီ ၉ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး ပျံသန်းချိန် ၁၇ မိနစ်ပဲ သုံးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဆိုပါ အချိန်တို ပျံသန်းချိန် အတွင်း ခရီးမိုင် ၄၃ မိုင် ထိအောင် ပို့ဆောင်နိုင်မယ့် အချက်ကတော့ သဘောကျ စရာပါ။

VTOL ကို ဂျာမနီမှာ ပို့ဆောင်ရေးသုံးယာဉ် အဖြစ် တရားဝင် အသိအမှတ်ပြု ခံရပြီး ဖြစ်သလို အစိုးရ အသိအမှတ်ပြု Sport လိုင်စင် ကိုင်ဆောင်ထားတဲ့ လေယာဉ်မောင်းသူတွေ အတွက်ပါ ကိုယ်တိုင် မောင်းနှင်ချင်တယ် ဆိုရင် မောင်းနှင်ခွင့် ရမှာ ဖြစ်ပါတယ်။

VTOL ကို Taxi အဖြစ် အသုံးပြုပြီး မကြာခင် အချိန် အတွင်း ကွန်ပျူတာကနေ အလိုအလျောက် ထိန်းချုပ်ပြီး ဝန်ဆောင်မှု ပေးနိုင်အောင် ဆောင်ရွက်သွား ဖို့လည်း ရှိနေပါတယ်။

e-volvo ကတော့ ဒီစနစ်ကို ဂျာမနီမှာ အောင်မြင်မှု ရရှိပါက နိုင်ငံတကာမှာလည်း ဝန်ဆောင်မှု ပေးနိုင်အောင် မျှော်မှန်းထားတာ ဖြစ်ပြီး အထူးသဖြင့် ဥရောပနဲ့ အမေရိကနိုင်ငံတွေမှာ ဝန်ဆောင်မှုတွေ ပေးနိုင်အောင် ဆက်လက် ဆောင်ရွက်သွားမယ် လို့လည်း သိရပါတယ်။

Ref: www.businessinsider.com

From : ဧရာဝတီ by သက်နိုင်ဦး(UCSL)

Originally published at - https://burma.irrawaddy.com/business/2017/04/17/133507.html

Read More »

Thursday, April 06, 2017

ပင်လယ်ရေကို သောက်သုံးရေ လုပ်ပေးနိုင်မယ့် ရေစစ်ဆန်ခါ တီထွင်




ဧပြီ ၃ - သိပ္ဗံ ပညာရှင် တွေဟာ နောက်ဆုံးမှာ ပင်လယ်ရေ ကနေ ဆား မော်လီကျူး တွေကို စစ်ထုတ် ပေးနိုင်စွမ်း ရှိတဲ့ ရရပ်ဖင်း-အောက် ဆိုက် ဆန်ခါပါး တစ်ခုကို တီထွင် ထုတ်လုပ် နိုင်ခဲ့ပါပြီ။

သည်အောင်မြင် မှုကြောင့် သောက်သုံးရေ အများအပြား လိုအပ်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ တွေ အတွက် ရေချို အများအပြား ယူဆောင်ပေးနိုင် တော့မှာ ဖြစ်ပါတယ်။

သုတေသီတွေဟာ ဟိုအရင်တုန်းကလည်း ဆီနဲ့ရေကိုစစ်ထုတ်ဖို့ သည်ဂရပ်ဖင်း-အောက် ဆိုက်ဆန်ခါပါးကို အသုံးပြုခဲ့ကြပေမဲ့ အခုတီထွင်မှုမတိုင်ခင်အထိတော့ သိပ္ဗံပညာရှင်တွေဟာ ဆားကိုပါ စစ်ထုတ်နိုင်တဲ့အပေါက် သေးသေးလေးတွေပါတဲ့ ဆန်ခါပါးတစ်ခု ထုတ်လုပ်နိုင်ဖို့ ခက်ခဲခဲ့ပါတယ်။

သည်ဆန်ခါပါးမှာပါတဲ့အ ပေါက်ငယ်လေးတွေဟာ ရေနဲ့ထိတွေ့တဲ့ အခါမှာ ကျယ်လာလေ့ရှိပါတယ်။ မန်ချက်စတာတက္ကသိုလ်က သိပ္ဗံပညာရှင်တွေဟာ အခုလိုမျိုး အပေါက်လေးတွေ ကျယ်မလာ တဲ့ဂရပ်ဖင်း- အောက်ဆိုက် ဆန်ခါကို တီထွင်ခဲ့တာပါ။ သည်အ ပေါက်လေးတွေရဲ့အရွယ်အစားဟာ အမှုန်လေးတွေရဲ့သတ်မှတ် အရွယ် အစားတွေကို ကွက်တိကျအောင် ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။

စမ်းသပ်မှုတွေမှာ သည်ဆန်ခါပါးဟာ ဆားအများစုကိုဖယ်ရှား နိုင်စွမ်းရှိပြီးတော့ ပင်လယ်ရေကိုသောက်သုံးရေအဖြစ်စိတ်ချရတဲ့ အနေအထားထိရောက်အောင် လုပ်ဆောင်ပေးနိုင်တာကို သိပ္ဗံ ပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။

မိုးခေါင်ရေရှားတာနဲ့ ရာသီဥတုဆိုးရွားဖောက်ပြန်မှုတွေဟာ ရေပေးဝေမှုတွေနဲ့ ရေအရင်းအမြစ်တွေကိုခြိမ်းခြောက်လာနေပြီး ရေပေးဝေမှုပြဿနာတွေဟာ ပိုပြီးတော့ သိသာထင်ရှားလာပါတယ်။

နေချားနာနိုတက်ကနော်လိုဂျီ ဂျာနယ်ထဲမှာ အသေးစိတ်ဖော်ပြထားတဲ့ သည်တွေ့ရှိချက်တွေဟာ ဆားဓာတ်လျှော့ချတဲ့ နည်းပညာ တွေ ဖော်ဆောင်ပေးနိုင်မယ့် နည်းလမ်း တစ်ခုဖြစ်လာမယ်လို့ သုတေသီတွေက ယုံကြည် ထားပါတယ်။

[ref: UPI, Apr 3, 2017.]

From : ကုမုဒြာဂျာနယ် by ချိုလေးငယ်

Originally published at - http://www.kumudranews.com

Read More »

Sunday, April 02, 2017

ကမ္ဘာ့ ပထမ ဦးဆုံးသော စကားပြောသည့် လိင်ဆက်ဆံဖော် အရုပ်




နောက်ဆုံးပေါ် လိင် ဆက်ဆံဖော် အရုပ် အဖြစ် စကား စမြည် ပြောဆိုနိုင်မယ့် ပထမ ဦးဆုံးသော လိင်ဆက်ဆံဖော် အရုပ်ကို တီထွင် လိုက်ပါတယ်။

အခု အသစ် တီထွင် လိုက်တဲ့ လိင်ဆက်ဆံဖော် အရုပ်ကို တီထွင်သူက ဒီအရုပ်မှာ တွေးခေါ် ဆင်ခြင်နိုင်မှု အသိဉာဏ်၊ ရှက်စနိုး ဖြစ်တတ်သော၊ ဖော်ဖော် ရွေရွေ ရွှင်ရွှင် ပြပြ နေတတ်သော၊ မနာလို တတ်သော၊ ရင်ဖို စိတ်လှုပ်ရှား တတ်သော၊ စိတ်အနှောင့် အယှက် ဖြစ်တတ်သာ၊ ကြင်နာ တတ်သော၊ လိင်ဆက်ဆံမှု ရမက်ရှိသော စတာတွေ အပါဝင် ကိုယ်ရည် ကိုယ်သွေး ၁၈ မျိုး ပါဝင်အောင် ဖန်တီးပြုလုပ် ထားတယ်လို့ သိရပါတယ်။

ကိုယ်နှစ်သက်တဲ့ပုံစံအရ ဒီအရုပ်ကို ပိုအရေးပါအောင် ပြောင်းလဲလို့လည်း ရတယ်လို့ သိရပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတဲ့ ရုပ်သံထဲမှာ Real Dool ကုမ္ပဏီရဲ့ ဦးဆောင်အရာရှိချုပ်နဲ့ စက်ရုပ်အဆင့်မြင့်တီထွင်သူ မက်တ်မက်မူလန်က “လိင်ကိစ္စနဲ့ ပတ်သက်ပြီး မင်းဘယ်လို ခံစားရသလဲ” လို့ အရုပ်ကို မေးမြန်း ထားပါတယ်။

စကားမပြောခင်မှာ တကယ့်သက်ဝင်နေတဲ့ လူလိုဖြစ်နေတဲ့ ဟာမိုနီလို့အမည်ပေးထားတဲ့ အရုပ်က “လိင်ကိစ္စဆိုတာ ကမ္ဘာပေါ်မှာ အရမ်းစိတ်ဝင်စားစရာ စွဲမက်စရာ အကောင်းဆုံးတွေထဲက တစ်ခုပါ၊ ဒါနဲ့ပတ်သက်ပြီး ဘာမှ မှားတယ်လို့ ကျမ မထင်ဘူး” လို့ ပြန်ဖြေနေတာကို တွေ့ရပါတယ်။

သုံးစွဲသူရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို မှတ်မိနေမယ့် “ပုံသေမှတ်ဉာဏ်နဲ့” စကားပြောတဲ့ လိင်ဆက်ဆံဖော် အရုပ်တွေ မေလ ထွက်ရှိမှာ ဖြစ်ပြီး ဝယ်ယူ သုံးစွဲသူ စိတ်ကြိုက် ကိုယ်ရည် ကိုယ်သွေးနဲ့ အရုပ်တွေကို မှာယူနိုင် တယ်လို့ ဒေးလီးစတားမှာ သတင်းမှာ ရေးသား ထားပါတယ်။

လိင်ဆက်ဆံဖော်အရုပ်မှာ ရှိတဲ့ အေပီပီ/app က သုံးစွဲမယ့်အမျိုးသားတွေအနေနဲ့ သူတို့ရဲ့အရုပ်တွေမှာ စိတ်ကြိုက် သီးခြားကိုယ်ရည်ကိုယ်သွေးဖြစ်အောင် ကူညီပေးမယ်လို့ ဆိုပါတယ်။

“ဒီစက်ရုပ်ကို တီထွင်လိုက်ရတဲ့ စိတ်ကူးက ကိုယ်လိုချင်တဲ့ လက်တွဲဖော် မရရှိခဲ့တဲ့ သူတွေအတွက် အထောက်အကူ ဖြစ်စေမှာပါ” လို့ မက်မူလန်က ပြောပါတယ်။

“ငါဗိုက်ဆာတယ် ဘာစားရင်ကောင်းမလဲ” လို့ သူ့ကို မင်းမေးနိုင်တယ်။ “မင်းရဲ့အကြိုက်ဆုံး အစားအစာက ပီဇာလို့ ငါ့ကို ပြောဖူးတယ်၊ ပီဇာစားသင့်တယ်လို့ သူမက ပြန်ပြောလိမ့်မယ်”လို့ မက်မူလန်က ပြောပါတယ်။

ဆိုရှယ်မီဒီယာမှာ ကြည့်ရှုသူတစ်ဦးကတော့ “ဈေးဝယ်တာနဲ့ ပတ်သက်ပြီး သူမ ဘယ်လို ခံစားရလဲလို့ မေးပေးပါ။ အကယ်၍ ဒါကို သူမ ဂရုမစိုက်ဘူး ဆိုရင်တော့ ကျနော် ဝယ်မယ်လို့” အင်စတာဂရမ်မှာ ဟာသအနေနဲ့ ရေးထား ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/199017

Read More »

Saturday, March 25, 2017

စက္ကန့် ၃၀ အတွင်း သွေးအမျိုးစား စစ်ဆေးပေးနိုင်မယ့် စက္ကူပြား




မတ် ၂၀ – လူတစ်ယောက်ရဲ့သွေး အမျိုး အစားကို အေ၊ ဘီ၊ အေဘီ ဒါမှ မဟုတ် အိုလား ဆိုတာ စက္ကန့် ၃၀ အတွင်း စစ်ဆေး သိရှိနိုင်တော့ မယ်လို့ သိရပါတယ်။

စက္ကူပြားသုံး သွေးစစ်နည်းကို တရုတ် သုတေသီ အဖွဲ့က တီထွင်ခဲ့တာ ဖြစ်တယ်လို့ Science Tran-slational Medicine ဝက်ဘ် ဆိုက်မှာ ဗုဒ္ဓဟူးနေ့က ဖော်ပြ ခဲ့တဲ့ သုတေသန အရ သိရ ပါတယ်။

သုံးနေကျသွေးစစ်နည်းတွေက ၁၀ မိနစ်နဲ့ မိနစ် ၂၀ ကြားအချိန် ပေးရတာဖြစ်ပြီး ဒါဟာစစ်ဆေးမယ့်သွေးကို သယ်ယူပို့ဆောင်ရတဲ့ ကြာချိန်မပါသေးပါဘူး။ သည်နည်းသစ်မှာ သွေးအမျိုးအစားနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို နှစ်မိနစ်ခန့်အတွင်း ဆုံးဖြတ်ဖော်ပြပေးနိုင် ပါတယ်။

စစ်ဆေးမှုမှာ ပဋိပစ္စည်းတွေနဲ့ဆိုဆေးအရောင်ပါရှိတဲ့ စက္ကူပြားလေး တစ်ခုကိုသုံးထားပါတယ်။ အဲသည်ပေါ်မှာ သွေးနဲ့ထိတွေ့လိုက်တာ နဲ့ သွေးက ပဋိပစ္စည်းတွေနဲ့ ဓာတ်ပြုပြီး စက္ကူပြားရဲ့လေး ထောင့်ကွက် လေးတွေထဲမှာ အရောင်ပေါ်လာမှာဖြစ်ပါတယ်။

သွေးတွင်းပါရှိတဲ့ ပဋိပစ္စည်းတွေရဲ့ သက်ဆိုင်ရာ ပဋိပစ္စည်းတစ်ခုချင်း စီရဲ့လေးထောင့်ကွက်တွေမှာ စိမ်းပြာရောင်ပေါ်လာပြီး ၄င်းသွေးတွင်း မှာမပါရှိတဲ့ ပဋိပစ္စည်းတွေရဲ့လေးထောင့်ကွက်တွေ မှာတော့အ ညိုရောင်ပေါ်နေမှာဖြစ်ပါတယ်။

သည်နည်းလမ်းနဲ့ လူ့သွေးနမူနာ ၃၅၅၀ ကိုစမ်းသပ်ခဲ့ပြီးဖြစ်သလို သုံးနေကျနည်းလမ်းတွေအတိုင်းရလဒ်တိကျ မှန်ကန်တာတွေ့ရပါတယ်။

သည်နည်းလမ်းသစ်ကို အရေးပေါ်အခြေအနေအတွင်း ဓာတ်ခွဲခန်းစစ်ဆေးမှု အဆင်မပြေနိုင်လောက်တဲ့ အခြေအနေတွေ၊ေ)းလံတဲံဒေသတွေနဲ့ စစ်ဘေးသင့်ဒေသတွေမှာ အသုံးပြုလို့ ရနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။

သည်တွေ့ရှိမှုအသစ်ဟာ တွက်ခြေကိုက်ပြီး အဆင်ပြေလုံလောက်တဲ့ ကမ္ဘာ့သွေးလှူဒါန်းရေး ပလက်ဖောင်းတစ်ခုဖြစ်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း တရုတ်နိုင်ငံ Third Military Me-dical University က သုတေသီတွေက ပြောပါတယ်။

[ref:CNA/am. Mar 20, 2017.]

From : ကုမုဒြာဂျာနယ် by YSD

Originally published at - http://www.kumudranews.com

Read More »

Monday, February 27, 2017

ယာဉ်တိုက်မှုဖြစ်စဉ်နဲ့ ခရီးသွားမှတ်တမ်းတွေ အလိုအလျောက် သိမ်းဆည်းနိုင်တဲ့ ဒီဗီအာရ်




ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ – ဂျာမနီ အမှတ် တံဆိပ် Hella DRS 20 ကား ဗီဒီယို ရီကော်ဒါ (Car Driving Video Recorder)ဟာ ကား ဘလက်ဘောက်စ် တစ်ခုလို ခရီးစဉ် တစ်လျှောက် မှတ်တမ်း တင်ထားနိုင်ပြီး ကားရပ်ထား စဉ်မှုာလည်း စဉ်ဆက် မပြတ် စောင့်ကြည့် ပေးနိုင်တဲ့ နည်းစနစ်တွေ ပါဝင်လို့ သင့်ရဲ့ကားကို လုံခြုံ စိတ်ချစွာနဲ့ အသုံးပြုနိုင် ပါတယ်။

Hella DRS 20 ရဲ့ဈေးနှုန်းက ကျပ် ၁၂၅,ဝ၀ဝ ဖြစ်တယ်။ Car Driving Recorder Myanmar ကတင်သွင်းတာဖြစ်ပြီး Toyoshine Center တွေမှာဝယ်ယူရရှိနိုင်ပါတယ်။ ဖုန်း ဝ၁၂၀၆၄၁၆ ကိုဆက်သွယ်နိုင်ပါတယ်။

လမ်းပေါ်က ယာဉ်မတော်တဆဖြစ်မှုတွေရဲ့ အချက်အလက်တွေအားလုံး မှတ် တမ်းတင်ထားနိုင်တဲ့အတွက် သက်မဲ့သက်သေအဖြစ် ငြင်းခုံရတဲ့အကျပ်အတည်း ကိစ္စတွေကိုအလွယ်တကူဖြေရှင်းပေးနိုင်တယ်။ ခရီးဝေးသွားတဲ့အခါ ခရီးသွားမှတ် တမ်းအဖြစ် ရှင်းလင်းပြတ်သားတဲ့ HD ဗီဒီယိုပုံရိပ်တွေကိုသိမ်းဆည်းပေးထား နိုင်တယ်။

Full HD1080  p နဲ့ 140 degree wide angle view ကို 2.7 inches LCD screen ကနေတွေ့မြင်နိုင်ပါတယ်။  G-sensor ပါရှိတဲ့အတွက် ယာဉ်တိုက်မှု မဖြစ်ခင် ၁၀ စက္ကန့် ကနေယာဉ်တိုက်မှုဖြစ်ပြီးသည်အထိ ၂၀ စက္ကန့်စာ ဗီဒီယိုမှတ် တမ်းကို အလိုအလျောက်သိမ်းဆည်းပေးထားနိုင်တယ်။

Parking Monitoring Mode ပါရှိတဲ့အတွက်ကားရပ်ထားစဉ်မှာအဆက်မပြတ် စောင့်ကြည့်ပေးနိုင်တာဖြစ်တယ်။ ကားရပ်ထားတုန်းလာထိမိတာ၊ တိုက်မိတာတွေ ကို စက္ကန့် ၃၀ စာအလိုအလျောက် ရိုက်ကူးသိမ်းဆည်းပေး ထားမှာဖြစ်တယ်။ အက်စ် ဒီကတ် 64 GB နဲ့အထက်အသုံးပြုနိုင်ပြီး  ညပုံရိပ်တွေကိုလည်းထင်ထင်ရှားရှား ကွက်ကွက်ကွင်းကွင်း မှတ်တမ်းတင်ထားနိုင်မှာဖြစ်ပါတယ်။

From : ကုမုဒြာဂျာနယ် by အောင်ထွန်းဦး

Originally published at - http://www.kumudranews.com


Read More »

Monday, February 20, 2017

အမြင်အာရုံချို့ယွင်းသူများ တုပလောကကို ကြည့်ရှု ခံစားနိုင်ရန် eSight မျက်မှန်ကို ကွန်ပျူတာဖြင့် ဖန်တီးထား




အော့တ၀ါ ၊ ၂၀-၂-၂၀၁၇

အမြင် အာရုံ ချို့ယွင်း သူများ တုပ လောကကို ကြည့်ရှု ခံစားနိုင် ရန်အတွက် အသုံးပြုသော မျက်မှန် အမျိုး အစားနှင့် သာမန် မျက်မှန် အမျိုး အစားတို့ ပေါင်းစပ်၍ နှင့် eSight မျက်မှန် ကို ကွန်ပျူတာ ဖြင့်ဖန်တီး ထားကြောင်း သိရသည်။

1020 p ကင်မရာရှိပြီး လျင်မြန်သည့် အရာများကိုလည်း ရိုက်ကူး နိုင်သည်။ ကင်မရာမှ ရိုက်ကူးရသော အချက်အလက်များကို မျက်မှန်ထဲ ရှိစနစ် တစ်ခုထဲ သို့ ပို့ဆောင်ပြီး၎င်း မှမျက်မှန်ဖန်သားပြင် ပေါ်သို့ အချက်အလက်များ ဆက်လက်ပို့ဆောင် ပေးသည်။

eSight မျက်မှန်များသည် အရောင်ပုံရိပ်များကို ပြသပေးနိုင်ပြီး ကင်မရာအတွက် Zoom စနစ် ပါထည့်သွင်းထား သဖြင့် ပုံကြီး ချဲ့ခြင်း၊ ချုံ့ခြင်းများကိုလည်း မျက်မှန်တပ်ဆင်သူက စိတ်ကြိုက် ပြုလုပ်နိုင်ပြီး ဓာတ်ပုံများကိုလည်း ရိုက်ကူးနိုင်ကြောင်း သိရသည်။

eSight ကို ကနေဒါကုမ္ပဏီ တစ်ခုက ထုတ်လုပ်ထား ခြင်းဖြစ်ပြီး ကင်မရာ အလုပ်လုပ်ပုံ အများစုကို တပ်ဆင်သူက ထိန်းချုပ်နိုင်သည်။ကင်မရာမှ ဖမ်းယူပြ သသောပုံရိပ် များ၏ အလင်းအမှောင်၊ အလင်း အရည်အသွေး

ကွာခြားမှု၊ Zoom စနစ်စသည်ဖြင့် သာမန်ကင်မရာ တစ်လုံး အသုံးပြုသည့်အတိုင်း မျက်မှန်တပ်ဆင်ထားသူက eSight ကို ထိန်းချုပ်နိုင်ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းတွင် မျက်မမြင်သူများနှင့် အမြင်အာရုံချို့ယွင်းသူ သန်း ၃ဝဝကျော်ရှိပြီး ထို ကဲ့သို့ အမြင် အာရုံထိခိုက် ခံရထားသူများအတွက် ပို၍ကောင်းမွန်စွာ တွေ့မြင်နိုင်ရန် eSight က နည်းပညာ မြင့်ကိရိယာ များကို ထုတ်လုပ်လျက် ရှိသည်။ eSight များကို ပြီးခဲ့သည့်ငါးနှစ်ခန့် က ပထမဆုံးထုတ်လုပ်ခဲ့ပြီး ယခုအခါ နည်းပညာတိုးတက်မှုများ ပြု လုပ်ထားကြောင်း သိရသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2017/02/esight.html

Read More »

Sunday, February 19, 2017

လျှပ်စစ်ကြိုးပေါ်မှ အမှိုက်များကို မီးဖြင့် သန့်ရှင်းပေးသည့် ဒရုန်းလေယာဉ် (ရုပ်သံ)




တရုတ်နိုင်ငံ စွမ်းအင် ကုမ္ပဏီတခုမှ လျှပ်စစ် ဓာတ်အား ကြိုးတွေ အပေါ်က အမှိုက်သရိုက် တွေကို မီးလောင်ကျွမ်းစေပြီး ဖယ်ရှားဖို့ မောင်းသူမဲ့ ယာဉ် (ဒရုန်း) အမျိုးအစား တခုကို ဖန်တီး ခဲ့တယ်လို့ မေရာရဲ့ ဖေဖော်ဝါရီ ၁၈ ရက် သတင်းမှာ ဖော်ပြ ထားပါတယ်။

ဒီနည်းလမ်းကို တရုတ်နိုင်ငံ ဇီချွမ်မြို့မှာ အသုံးပြုနေပြီး မီးတုတ်တံမပါတဲ့ ဒရုန်းတခုကို ပေါင် ၁၅၀၀ ကျတယ်လို့ သိရပါတယ်။

ဒီဒရုန်းက ၁၁ ကီလိုဂရမ်အလေးချိန်ကို သယ်ဆောင်ပြီး ဦးထုပ်အမာဆောင်းထားမယ့် အမျိုးသားတဦးက ရေဒီယို ထိန်းချုပ်ကိရိယာနဲ့ ထိန်းချုပ်ပေးရတယ်လို့ ဆိုပါတယ်။

ယခင်က ကရိန်းနဲ့လူတွေကို အသုံးပြုတဲ့အစား မီးတုတ်တံပါ မီးလောင်စေတဲ့ ဓာတ်ငွေ့ပက်ဖျန်းကိရိယာပါ ဒရုန်းတွေကို အစားထိုးအသုံးပြုတဲ့ စမ်းသပ်မှုကို ရုပ်သံဗွီဒီယိုထဲမှာ မြင်တွေ့ရမှာပါ။

လျှပ်စစ်ဓါတ်အားကြိုးတွေအပေါ်က အမှိုက်သရိုက်တွေဟာ တခါတရံမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို ဖြစ်ပေါ်စေပေမယ့် ဇီချွမ်မြို့မှာတော့ ဒီလိုဖြစ်တယ်လို့ သတင်းမရရှိပါဘူး။

အလားတူစွာပဲ အမေရိကန်နိုင်ငံမှာတော့ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ ဖန်တီးထားတဲ့ မီးဓာတ်ငွေဖျန်းကိရိယာပါ မောင်းသူမဲ့ယာဉ်ဒရုန်းတွေကို တီထွင်ဖန်တီး အသုံးပြုပြီးနေပြီလို့ သိရပါတယ်။

အမေရိကန်နိုင်ငံ နက်ဘရက်စကာပြည်နယ်ရှိ အမျိုးသားကျောက်တိုင်ဧရိယာရဲ့ မြက်ခင်း ၂၅ ဧကကို ရှင်းလင်းဖို့ နက်ဘရက်စကာ-လင်ကွန်းတက္ကသိုလ်က “မီးကိုထိန်းချုပ်တဲ့” မီးဓာတ်ငွေ့ဖျန်းကိရိယာပါ ဒရုန်းကို တီထွင်ခဲ့တယ်လို့ သိရပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/190319

Read More »