နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ထူးဆန်းထွေလာများ. Show all posts
Showing posts with label ထူးဆန်းထွေလာများ. Show all posts

Friday, March 31, 2017

နာမည်ကြီးနေတဲ့ အိန္ဒိယ မီးတောက် ကွမ်းယာ




ကွမ်းကို အိန္ဒိယမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ တည်းက စားလာတာ ယနေ့ အထိပါ။ အာရှနိုင်ငံ တော်တော် များများမှာ ကွမ်းစားတဲ့ ဓလေ့ကို တွေ့ရပြီး ကွမ်း ယာဆိုင် တော်တော် များများကို လမ်းဘေးမှာ တွေ့ရမှာပါ။ သာမန်ကွမ်းယာနဲ့ မတူတဲ့ မီးတောက် ကွမ်းယာဟာ အိန္ဒိယမှာ လက်တလော ရေပန်းစား နေပါတယ်။



ကွမ်းရွက်ဟာ ချောင်း ဆိုးတာ၊ အအေးမိတာ ၊ဖျားနာတာ၊ ခေါင်းကိုက် တာတွေကို ပျောက်စေတဲ့ ဆေးဖက်ဝင် အပင် တစ်မျိုးပါ။

အခုမီးတောက် ကွမ်းယာ ကိုတော့ Pradhuman Shukla ရဲ့ မိသားစုပိုင် ကွမ်းယာဆိုင် ကနေ ရောင်းချ တာပါ။ ဆိုင်ရဲ့ တည်နေရာ ကတော့ အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့မှာ တည်ရှိ တာပါ။

သူ တို့မိသားစုဟာ ကွမ်းရောင်းလာတာ နှစ်နှစ်ဆယ် ကျော်ရှိခဲ့ ပါပြီ။

နောက်ပိုင်း မှာေ တာ့ ကွမ်းယာကို တမူ ထူးခြားတဲ့ ပုံမျိုးနဲ့ ရောင်းမယ်လို့ စိတ်ကူး ရခဲ့ပြီး မီးတောက် ကွမ်းယာကို ဖန်တီး ခဲ့တာပါ။ ဒီလိုနဲ့ပဲ နောက်ပိုင်းမှာတော့ မီးတောက် ကွမ်းယာဟာ အွန်လိုင်းမှာပါ နာမည်ကြီး သွားခဲ့ ပါတယ်။



မီးတောက် ကွမ်းယာကို ရောင်းချ သူကိုတော့ Mr. Prem နဲ့ Chunni Lal လို့ လူသိ များပါတယ်။ (၄၅) ရက်လောက် စမ်းသပ် မှုတွေ လုပ်ပြီးမှ မီးတောက် ကွမ်းယာကို အောင်မြင်စွာ ဖန်တီး နိုင်ခဲ့တာလို့ သိရ ပါတယ်။

ပါဝင်ပစ္စည်းတွေ ကတော့ ပုံမှန် ကွမ်းယာတွေနဲ့ အတူတူပါပဲ။ ကွမ်းယာကို ယာပြီးမှ အထူး ဖန်တီးထားတဲ့ လေးညှင်းပွင့်ကို အပေါ်မှာ ထည့်ပေး လိုက်တာပါ။

မီးတောက် ငြှိမ်းပြီးနောက် မှာတော့ လေးညှင်းပွင့်ရဲ့ အေးတဲ့ ခံစားမှုကို ခံစား ရတယ်လို့ ပြောကြပါ တယ်။ မီးတောက် ကွမ်းယာကို စားပေးရင် အအေးမိ၊ ဖျားနာတွေ အတွက် ကောင်းတယ် လို့ ဆိုကြ ပါတယ်။



ဖောက်သည် တစ်ယောက်က နေ့တိုင်း လာပြီး ပါးစပ်ထဲမှာ ပြည်တည် အနာရှိ တာကြောင့် ကွမ်းရွက် ပေးဖို့ တောင်းခဲ့ကြောင်း၊ နေ့တိုင်း ပေးပေမယ့် မသက် သာ ဘူးလို့ ပြောခဲ့ ပါတယ်။

တစ်နေ့မှာတော့ အထူး ဖန်တီး ထားတဲ့ မီးတောက် ကွမ်းယာကို ပေးလိုက်တဲ့ အခါမှာတော့ ပါးစပ် ထဲက ပြည်တည်နာ ပျောက်သွား ခဲ့တယ်လို့ ပြောခဲ့ ပါတယ်။

ဒီလိုနဲ့ပဲ မီးတောက် ကွမ်းယာ ပေါ်ပေါက် လာတယ်လို့ Pradhuman Shukla ကပြောပါတယ်။

မီးတောက် ကွမ်းယာကို စားသုံး သူတွေရဲ့ ပါးစပ်ထဲ အရောက် ထည့်ရောင်း ချပေးနေ တာပါ။ သူများတွေ စားနေ တာကို ကြည့်ပြီး စိတ်ဝင် စားလို့ စူးစမ်းပြီး စားကြည့်တဲ့ သူတွေ များလာ ရာကနေ တဖြည်းဖြည်း နာမည်ကြီး လာခဲ့ ပါတယ်။

တခြားကွမ်းယာသည် Chunni Lal ဆိုသူ ကလည်း သူနေထိုင်ရာ Rajkot မြို့မှာ မီးတောက် ကွမ်းယာ ရောင်းချ နေတယ်လို့ သိရပါတယ်။



Ref;odditycentra

From : SHWEMOM by nilarwai

Originally published at - http://www.shwemom.com

Read More »

Saturday, March 18, 2017

ချစ်သူကို နှစ် ၂၀ လုံး နေရာမပြောင်းဘဲ စောင့်ခဲ့သူ




ထိုင်ဝမ်နိုင်ငံက ရထား ဘူတာရုံ တစ်ခုကို ရောက်လာတဲ့ သူတိုင်း ထူးဆန်းပြီး သက်ရှိ ထင်ရှား ရှိနေသေးတဲ့ သူတစ်ယောက် အကြောင်းကို ခေတ်သစ် အချစ် သူရဲကောင်း ပုံပြင် တစ်ပုဒ်ကို ကြားရမှာ ဖြစ်ပါတယ်။

ဒါက တော့ အသက် ၄၇ နှစ် အရွယ် အာဂျီဆိုတဲ့ အမျိုးသားဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ဘူတာရုံမှာ တွေ့မယ် လို့ ပြောခဲ့တဲ့ ချစ်သူမိန်းကလေးရဲ့ စကား အတိုင်း မြေ၀ယ်မကျ နားထောင်ပြီး လွန်ခဲ့တဲ့ နှစ် ၂၀ လုံးလုံး တစ်နေရာတည်းမှာ ရပ်စောင့်နေခဲ့တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

အစောပိုင်းတုန်းက အာဂျီဟာ ဘူတာရုံမှာ ရှိတဲ့ လှေကားထစ်တွေမှာ ထိုင်စောင့်ခဲ့တာ ဖြစ်ပြီး နှစ်နည်းနည်း ကြာတဲ့ အခါမှာတော့ ချစ်သူ လာမယ်ဆိုရင် တွေ့ရ လွယ်စေဖို့ ဘူတာရုံရဲ့ အထွက်တံခါးပေါက်နားကို ရွေး လိုက်ပြီး ဘူတာ ရုံရှေ့ကနေ ဖြတ်သွားသူတွေရဲ့ မျက်နှာတွေကို လိုက်ကြည့်ရင်း ချစ်သူပျောက် ရှာနေခဲ့ပါ တော့တယ်။

သူဟာ ချစ်သူကို ပြန်တွေ့ရဖို့အတွက် ဆာလောင်မှုနဲ့ အိမ်ခြေရာမဲ့ ဖြစ်ရမှုကို မေ့ပျောက်ထားခဲ့ပါတယ်။ သူဟာ အသက် ရှင်မှုအတွက် ဘူတာရုံနားကို ဖြတ်သန်းသွားတဲ့ လူမှုကူညီပေးရေး လုပ်သားတွေနဲ့ စေတနာရှင်တွေရဲ့ လှူဒါန်းမှုတွေကိုပဲ အားကိုးနေရသူပါ။ တခါတလေ ဘူတာရုံရှေ့ကနေ ဖြတ်သွားတဲ့ ကားတွေက သူ့ကို အစားအစာတွေ ပေးတတ်ပြီး တချို့ မိသားစုတွေကလည်း သူကို အ၀တ်အစားသစ်တွေ လာပေးလေ့ ရှိပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းကတော့ လူမှုကူညီပေးရေး လုပ်သားတွေက သူနေဖို့ နေရာတစ်ခု လုပ်ပေးမယ်လို့ ပြော ခဲ့ပေမယ့် သူက ချစ်သူကို စောင့်နေရတဲ့နေရာမှာပဲ နေသားကျနေပြီလို့ ပြန် ပြောခဲ့ပါတယ်။ ထိုင်ဝမ်က တီနီယန်မြို့ ကလေးရဲ့ လူမှုကူညီပေးရေးအဖွဲ့က အာဂျီအတွက် ဘုရားကျောင်းမှာ ညစာစားပွဲတစ်ခု လုပ်ပေးခဲ့ပြီး ဒီညစာစားပွဲကို အာဂျီရဲ့မိသားစုဝင်တွေနဲ့ ဘူတာရုံက သူငယ်ချင်းတွေ တက် ရောက်ခဲ့ကြပါတယ်။

ဒီညစာစားပွဲမှာ အာဂျီဟာ ပျော်ပျော်ရွှင်ရွှင်ပဲ ရှိနေခဲ့ပြီး ဒု-မြို့တော်ဝန်နဲ့ ခွက်တိုက်ခဲ့ တယ်လို့လည်း သိရပါတယ်။ သူ့မိ သားစုဝင်တွေနဲ့ အကူအညီပေးရေး လုပ်သားတွေက အာဂျီကို အိမ်ပြန်ဖို့ ပြောပေမယ့် သူက သူ့အဖို့ ချစ်သူကောင် မလေးကို စောင့်ရတာ အသားကျနေပြီး ဘယ်ကိုမှလည်း မသွားချင်ဘူးလို့ ပြန်ပြောခဲ့ပါတယ်။ တစ်ခုရှိတာက အာဂျီ စောင့်နေခဲ့တဲ့ ကောင်မလေးဟာ သူရဲ့ချစ်သူလား၊ ဒါမှမဟုတ် ပထမဆုံးအကြိမ် ချိန်းတွေ့တဲ့ မိန်းကလေးလား မသေ ချာတာပါပဲ။

ထိုင်ဝမ်အပြင် စင်ကာပူနဲ့ တရုတ်နိုင်ငံမှာ အာဂျီရဲ့သတင်းတွေ ပျံ့နှံ့သွားပြီးတဲ့နောက်မှာ လူတွေက သူ့ကို လူသားဟေချီ ကိုလို့ ချစ်စနိုး ခေါ်လာခဲ့ကြပါတယ်။ ဟေချီကိုဆိုတာက သခင်ဖြစ်သူ သေဆုံးသွားတာကို မသိဘဲ သူ အသက်ထွက် တဲ့ အထိ သခင်ကို ဘူတာရုံတစ်ခုမှာ စောင့်နေခဲ့တဲ့ သစ္စာရှိ ခွေးလေးတစ်ကောင်ဖြစ်ပြီး သူ့ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရုပ်ရှင် အဖြစ် ပြန်လည်ပုံဖော်ခဲ့ရာမှာလည်း လူကြိုက်များခဲ့ပါတယ်။

sunthit.com

Originally published at - http://www.sunthit.com

Read More »

Sunday, March 12, 2017

ဆရာဝန်များ အဖြေ မထုတ်နိုင်သည့် မွေးရာပါ ဦးခေါင်းခွံကွဲ သနားစဖွယ် ကလေးငယ်




အသက် ၆ နှစ် အရွယ် သနား စဖွယ် ကောင်လေးဟာ ဦးခေါင်းခွံ တစ်ခုလုံး ၄ လက်မ အနက် ရှိတဲ့ အက်ကွဲ ရာကြီး ပါရှိနေပြီး ဒီကွဲရာကြီးက တစ်ပတ်ထက် တစ်ပတ် ပိုပို ကြီးလာနေ ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ မွေးဖွားလာတဲ့ ဖိ့က်တရာပေါ့ဗ်လေးဟာ အသက် ၄၀ နှစ်အရွယ် ဆရေးဆိုတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ထားချိန် ၇ လအကြာမှာ ဦးခေါင်းဒဏ်ရာတွေ့တယ်လို့ ဆရာဝန်တွေက သတိပေးကြောင်း သိရပါတယ်။

ကလေးလေးရဲ့ ဦးခေါင်းခွံပေါ်မှာ ကွဲရာ အသေးလေး ပါလာခဲ့တာဖြစ်ပြီး ဆရာဝန်တွေအနေနဲ့ ဒီကွဲရာနဲ့ စပ်လျဉ်းပြီး ပဟေဠိဖြစ်ခဲ့ကာ ဒီကလေးကို အခြားကုသမှုတွေ မပေးခဲ့ပဲ အိမ်ကိုပဲ ပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။

ထိတ်လန့်စရာအနေနဲ့ ကလေးရဲ့ ဦးခေါင်းခွံပေါ်က ကွဲရာလေးဟာ တဖြည်းဖြည်း ပိုနက်ပြီး ပိုကြီးလာတယ်လို့ သိရပါတယ်။ အခုဆိုရင် ကွဲကြောင်းအရာက နဖူးကနေ ဦးခေါင်းအနောက်ထိ ပိုကြီးလာတယ်လို့လည်း ဆိုပါတယ်။

ဆရာဝန်တွေက သူတို့အနေနဲ့ ဘာမှ မတတ်နိုင်ဘူးလို့ ကလေးရဲ့ မိခင်ကို ပြောပေမယ့် ကလေးရဲ့ အဖွားဖြစ်သူ သွန်းဟောင် အသက် ၆၇ နှစ်က ကုသမဲ့ နည်းလမ်းရှာဖို့ ဆုံးဖြတ်ထားပါတယ်။

အဖွားဖြစ်သူဟာ ကမ္ဘောဒီးယားနိုင်ငံ ဆီရန်ရိ့ပ်မှာ ရှိတဲ့ အန်ကာဝတ် ဘုရားကျောင်းကို အပတ်စ် စနေ၊ တနင်္ဂနွေတိုင်း ကလေးကို ခေါ်ဆောင်သွားပြီး ကလေးအတွက် လှူဒါန်းငွေတွေ တောင်းခံခဲ့တယ်လို့ သိရပါတယ်။

သမီးဖြစ်သူ ကိုယ်ဝန် ၃ လရှိစဉ် စစ်ဆေးတုန်းက ဆရာဝန်တွေက အားလုံး ကောင်းတယ်လို့ ပြောကြောင်း၊ ဒါပေမယ့် ကိုယ်ဝန် ၇ လမှာတော့ ကလေးမှာ ပြဿနာ အကြီးအကျယ် တစ်ခုဖြစ်နေပြီး ကုသဖို့ နောက်ကျနေပြီလို့ ပြောကြောင်း ကလေးရဲ့ အဖွားဖြစ်သူက ပြောပါတယ်။

“ကလေးက မွေးလာကတည်းက ခေါင်းခွံပေါ်မှာ ကွဲရာလေးပါတယ်၊ ပြီးတော့ အဲ့ဒီကွဲရာက တစ်ချိန်လုံး ပိုပိုကြီးလာတယ်။ ဦးခေါင်းခွံရဲ့ အလယ်ထဲကို ကျမ လက်တောင် ထည့်လို့ရတယ်၊ အဲ့ဒီကွဲရာက အရမ်းကြီးနေပြီ ကလေးရဲ့အဖေက ကလေး မမွေးဖွားခင်ကတည်းက ထွက်သွားတာဆိုတော့ ကလေးကို ကျမနဲ့ ကျမသမီးကပဲ စောင့်ရှောက်ရတယ်၊ ဆရာဝန်တွေလည်း ဘာလို့ ဒီလိုဖြစ်တယ်ဆိုတာ မသိကြဘူး၊ သူတို့ပြောတာက သူတို့ဘာမှမလုပ်နိုင်ဘူးဆိုတာပဲ”

ရောဂါကို ကာကွယ်နိုင်ဖို့ ဒေသခံအကူအညီပေးရေးအဖွဲ့တွေက ကလေးအတွက် ဆေးဝါးတွေ လှူဒါန်းပေမယ့် ဒီထူးဆန်းတဲ့ ကွဲရာက ဘာမှ မထူးခြားလာဘူးလို့ သိရပါတယ်။

“ကလေးဆေးရုံက ဆေးတွေပေးပါတယ်။ ဒါပေမယ့် အဲ့ဒါက ကလေးခံစားနေရတာ သက်သာတာပဲ ရှိတယ်၊ ဒီလိုကွဲကြောင်းရာ ပိုကြီးလာတာကို ကမ္ဘာကြီးထဲက တစ်ဦးဦး ပျောက်ကင်းအောင် ကုသနိုင်ဖို့ ကျမတို့က နေ့တိုင်း ဆုတောင်းနေပါတယ်” လို့ အဖွားက ပြောပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/194353

Read More »

Monday, February 20, 2017

အမေရိကန်က ထူးခြား သဘာဝဖြစ်စဉ် မီးရေတံခွန် (ရုပ်သံ)




အမေရိကန်နိုင်ငံ Yosemite အမျိုးသားပန်းခြံမှာ “မီးရေတံခွန်” လို့ လူသိများတဲ့ ထူးခြား သဘာဝဖြစ်စဉ် တစ်ခုကို အခု ရက်တွေ အတွင်း မြင်ရ တယ်လို့ စီဂျီတီအန် သတင်းမှာ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က ဖော်ပြ ထားပါတယ်။.

နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလအတွင်းမှသာ ဖြစ်တတ်တဲ့ အင်မတန်ထူးခြားတဲ့ မြင်ကွင်းဟာ ရက် အနည်းငယ်ပဲ မြင်ရလေ့ ရှိပြီး နေရောင်မှ ငွေရောင် အလင်းတန်း ကျဉ်းလေး တစ်ခုက ရေတံခွန်ပေါ် ကျရောက်ပြီး အဲ့ဒီအချိန်တွေဆိုရင် မီးတောင်ကြီးပေါ်က ချော်ရည်ပူတွေ စီးဆင်းကျ လာသလိုမျိုး တောက်ပတဲ့ လိမ္မော်ရောင်နဲ့ အနီရောင် ထွက်နေတဲ့ ရေတံခွန်ကို တွေ့မြင်ရတာပါ။

ဒီလို အင်မတန်ထူးခြားလှပတဲ့ မြင်ကွင်းကို ရိုက်ကူးနိုင်ဖို့ ကမ္ဘာတစ်ဝှမ်းက ရာပေါင်းများစွာသော ဧည့်သည်တွေနဲ့ ဓာတ်ပုံဆရာတွေဟာ နှစ်စဉ်နှစ်တိုင်း Yosemite အမျိုးသားပန်းခြံကို လာရောက်လည်ပတ်ကြတယ်လို့ သိရပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/190402

Read More »

Sunday, February 19, 2017

သခင်ကို ပြန်၍ လက်ပြသည့် ပုတ်သင်ညို




သခင်ကို ပြန်လည်လက်ဝှေ့ရမ်းပြတဲ့ ချစ်စရာ အိမ်မွေး ပုတ်သင်ညို လေးရဲ့ ရုပ်သံ ထွက်ပေါ်နေပြီး လူမှု ကွန်ရက် စာမျက်နှာ ပေါ် ရေပန်းစား နေပါတယ်။

The Sun ရဲ့ သတင်းရုပ်သံဗွီဒီယိုမှာတွေ့ရပြီး အိန်ဂျယ်နယူးစ် အင်တာနက်စာမျက်နှာပေါ်မှာလည်း ဓာတ်ပုံတွေနဲ့သတင်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖော်ပြ ထားပါတယ်။

ချစ်စရာ အယ်ဒူရင်လို့ခေါ်တဲ့ အိမ်မွေးပုတ်သင်ညိုလေးက ခုချိန်မှာ လူမှုကွန်ရက် ကျော်ကြားသူ တစ်ဦးဖြစ်နေပြီး သူ လက်ဝှေ့ရမ်းပြတဲ့ ရုပ်သံကို ကြည့်ရှုသူ သိန်းဂဏန်း ရှိနေတယ်လို့ သိရပါတယ်။

သခင်က ပုတ်သင်ညိုကို ထည့်ပြီးမွေးမြူထားတဲ့ လှောင်အိမ်ရှေ့မှာ ရပ်ပြီး နှုတ်ဆက်တဲ့အခါ ပုတ်သင်ညိုလေးက ပျော်ရွှင်နေပုံရပါတယ်။ အဲ့ဒီနောက် အမြန်တွား သွားလာပြီး သခင်ကို ပြန်လည် နှုတ်ဆက်နေတာပါ။

သခင်ဖြစ်သူ မီရှန်လီက သူ့အိမ်မွေး ပုတ်သင်ညိုလေးကို မနက်ခင်းတိုင်း လက်ဝှေ့ရမ်းပြီး “ဟယ်လို” လို့ နှုတ်ဆက်ကြောင်း၊ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ချစ်စရာ ပုတ်သင်လေးက သူ့ကို ပြန်လည် လက်ဝှေ့ရမ်းပြကြောင်း ပြောသွားတာပါ။

ကံကောင်းထောက်မစွာနဲ့ မီက ပုတ်သင်လေးရဲ့ ချစ်စဖွယ် ပြန်လည် လက်ဝှေ့ရမ်းပြတာကို ရုပ်သံနဲ့ မှတ်တမ်းတင်နိုင်ပြီး အင်တာနက်စာမျက်နှာပေါ် တင်လိုက်တာပါ။ ၁ နာရီအတွင်း ကြည့်ရှု့သူပေါင်း ခြောက်သိန်းတစ်သောင်းနှစ်ထောင်ကျော်ရှိပြီး တစ်သိန်းနှစ်သောင်းကျော်က မှတ်ချက်တွေ ရေးသားကြတာလို့ သိရပါတယ်။


From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/190282

Read More »

ရင်ဘတ်အပြင်မှာ နှလုံးရှိနေပြီး အသက် အန္တရာယ် စိုးရိမ်ရသည့် သနားစဖွယ် မိန်းကလေးငယ် (ရုပ်သံ)




အသက် ၇ နှစ်အရွယ် ဗာဆာဗီရာဟာ မွေးဖွား လာသူ တစ်သန်းမှာ ၁ ယောက်ထက် လျော့နည်းတဲ့ သူတွေမှာသာ ခံစားရတဲ့ ထူးခြားတဲ့ နှလုံးရောဂါ တစ်မျိုး ခံစားနေ ရပါတယ်။

သူမဟာ အများ တကာလို နှလုံးပုံမှန် အနေ အထားနဲ့ မမွေးဖွား လာဘဲ နှလုံးက ရင်ဘတ်ရဲ့ အပြင်ဘက်မှာ ပါပြီး မွေးဖွား လာခဲ့တာလို့ မေရာရဲ့ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ သတင်းမှာ ဖေါ်ပြ ထားပါတယ်။

“ဒါကသမီးရဲ့ နှလုံးလေ၊ ဒီလိုရင်ဖက်ပေါ်မှာ နှလုံးပါတာ သမီးတစ်ယောက်ပဲ ရှိတယ်” လို့ သူမက ဘီဘီစီကို ပြောပါတယ်။

ဗာဆာဗီရာရဲ့နှလုံးဟာ နံရိုးရဲ့အပေါ်မှာ အရေပြားပါးပါးလေးနဲ့ အုပ်နေပြီး နှလုံးခုန်နေတာကို သိသာစွာ ရုပ်သံထဲမှာ တွေ့မြင်ရမှာပါ။

“အဝတ် ဝတ်ရင် သမီးရဲ့နှလုံး မနာကျင်အောင် နှလုံးအပေါ်ကို နူးညံ့တဲ့ အဝတ်စလေးတွေ ထည့်ထားရတယ်။ သမီး လမ်းလျှောက်တယ်၊ ခုန်လည်းခုန်တယ်၊ ပျံလည်းပျံတယ်၊ ပြေးလည်း၊ ပြေးတယ်၊ သမီးက ပြေးရတာကို ကြိုက်ပေမယ့် ပြေးတော့ မပြေးသင့်ဘူးပေါ့” လို့ ကလေးမက ပြောခဲ့ပါတယ်။

ဗာဆာဗီရာလေးကို ရုရှာမှာ မွေးဖွားစဉ် ဆရာဝန်တွေက ပိုဆိုးလာချိန်ကို ပြင်ဆင်ထားဖို့ သူမရဲ့ မိခင်ကို သတိပေးကြတယ်လို့ သိရပါတယ်။

“ဆရာဝန်တွေက သမီးလေးရဲ့အခြေအနေဟာ ဖြစ်ခဲတဲ့အခြေအနေလို့ ပြောပါတယ်။ သမီးလေး အသက်မရှင်နိုင်ဘူးလည်း ပြောတယ်။ သမီးနှလုံးခုန်နေတာကို ကျမ ပထမဦးဆုံး မြင်ဖူးချိန်မှာ ဒါက ကျမအတွက် တကယ့်ကို ထူးခြားမှု တစ်ခုပါပဲ။ ဒါက သမီလေး အသက်ရှင်နေသေးတယ်၊ နှလုံးခုန်နေတယ်၊ အသက်ရှင်နိုင်တယ်လို့ ဆိုလိုတာပဲ” လို့ ဗာဆာဗီရာရဲ့ မိခင်က ပြောပါတယ်။

ဗာဆာဗီရာရဲ့ မိခင်ဒေရီက သူမသမီး နှလုံးခွဲစိတ်ဖို့ မျှော်လင့်ချက်နဲ့ ရုရှားက အမေရိကကို ထွက်ခွာလာပေမယ့် ကလေးရဲ့ သွေးပေါင်ချိန်ပြဿနာကြောင့် ခွဲစိတ်ဖို့အဆင်မပြေဘူး၊ ဆရာဝန်တွေကလည်း ကလေး မကြာခင် သေဆုံးမှာ ဖြစ်ကြောင်း ပြောတယ်လို့ သိရပါတယ်။

“နှလုံးက ရင်ဘတ်အပြင်ဘက်မှာဆိုတော့ ထိခိုက်ပျက်စီးလွယ်နေလို့ အသက်ရှင်ဖို့ မလွယ်ဘူးပြောတယ်၊ ချော်မလဲအောင် ဂရုစိုက်ရမယ်၊ ဒါက အရမ်းအန္တရာယ်များပြီး ချော်လဲတာကနေ သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်”လို့ ဗာဆာဗီရာရဲ့ မိခင်က ပြောပါတယ်။

ကလေးမလေးရဲ့ နှလုံးက မွေးကတည်းက ရင်ဘတ်ပေါ်မှာရှိတာဖြစ်ပြီး အရွယ်အစားက လက်သီးဆုပ်လောက် ရှိပါတယ်၊ ရှုပ်ထွေးလှတဲ့ ခွဲစိတ်မှုတွေ လုပ်ဖို့လည်း လိုအပ်နေပါတယ်။

လင်းပိုင်တွေ၊ ခွေးတွေ၊ မြင်းတွေနဲ့ ဘီယွန်းဆေးကို နှစ်သက်တဲ့ ချစ်စရာကလေးမလေးရဲ့ ဘဝတစ်ခုလုံးစာအကြောင်း မှတ်တမ်းရုပ်သံကို သူမမိခင်ရဲ့ အင်စတာဂရမ်မှာ တင်ထားတယ်လို့လည်း သိရပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/190298

Read More »

Thursday, February 02, 2017

RPG ဒုံးကျည် တင်ပါး စိုက်ဝင်သော်လည်း သေကံ မရောက်ခဲ့သူ




ဒီလူဟာ ကမ္ဘာ့ ကံအကောင်းဆုံး လူတွေ ထဲမှာ တစ်ယောက် အပါ အ၀င်လို့ ပြောမယ် ဆိုရင် လွန်မယ် မထင်ပါဘူး။ သူဟာ ရန်သူ့ RPG-32 က ပစ်လွှတ် လိုက်တဲ့ TB-32V Thermobaric Rocket ကြီး တင်ပါးကို ထိမှန်၊ စိုက်ဝင် ခံခဲ့ရတဲ့ ယီမင် သူပုန် တစ်ယောက် ဖြစ်ပြီး ကံကောင်း ထောက်မ စွာနဲ့ပဲ ဒုံးကျည် ထိပ်ဖူးဟာ အသက်ဝင် ပေါက်ကွဲမှု မရှိ ခဲ့ပါဘူး။ (တင်ပါးထဲ ရော့ကတ် ၀င်သွားအောင် ဒီလူ ဘယ်လို လုပ်နေလဲ ဆိုတာကတော့ ပညာရှင်များ သုံးသပ် ကြည့်ကြပါ )

တင်ပါးထဲ ၀င်နေတဲ့ Rocket ကြီးကို ဆေးပညာ ရှင်တွေက အောင်အောင် မြင်မြင် ခွဲထုတ် ပေးနိုင်ခဲ့လို့ သူဟာ အခုဆိုရင် အသက် ဆက်ရှင်နိုင် ခဲ့ပါပြီ။ RPG-32 ဟာ ရုရှားနဲ့ ဂျော်ဒန်တို့ ပူးတွဲ ထုတ်လုပ် ထားတဲ့ RPG တစ်မျိုး ဖြစ်ပြီး ၎င်း Thermobaric ထိပ်ဖူးဟာ ဆိုရင် ၁၅ မီတာ (၄၉ ပေ) ပတ်လည်က လူနဲ့ တိရစ္ဆာန် တွကို ပြာ
ဖြစ် သွားနိုင် စေလောက်အောင် ပြင်းထန် ပါတယ်။



Yint Lu Shein ဖေ့စ်ဘုတ် စာမျက်နှာမှ ပြန်လည်ကူးယူထားခြင်း ဖြစ်ပါသည်။

From : MOMOLAY

Originally published at - http://www.momolay.com

Read More »

Saturday, January 14, 2017

ပြန်ပေးဆွဲခံရသည့် မွေးကင်းစ သမီးငယ်အား ၁၈ နှစ်ကြာမှ ပြန်တွေ့


ကလေးငယ်နှင့် ခိုးယူခဲ့သည့် အမျိုးသမီး


အမေရိကန် ပြည်ထောင်စု တောင် ကယ်ရိုလိုင်းနား ပြည်နယ် ဝေါ်လ်တာဘိုရို မြို့မှာ လွန်ခဲ့တဲ့ ၁၈ နှစ်က ဆေးရုံပေါ် ကနေ ပျောက်ဆုံး သွားတဲ့ ကလေးငယ်ကို ပြန်ရှာတွေ့ပြီ
ဖြစ်ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့က ဇန်န၀ါရီ ၁၃ ရက်နေ့က သတင်း ထုတ်ပြန် ပါတယ်။

မိန်းကလေး ငယ်ဟာ ပြန်ရှာ တွေ့ချိန်မှာ အသက် ၁၈ နှစ် အရွယ်ရှိပြီ ဖြစ်ပါတယ်။ သူ့အမည်က ကမီယာ-မော်ဘလေ ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၈ နှစ် ပြန်ပေးဆွဲ ခံရချိန်မှာ သူဟာ မွေးကင်းစ ကလေးတဦး ဖြစ်ပါတယ်။

ကမီယာရဲ့မိခင်ဟာ ၁၉၉၈ ခုနှစ်က ဖလောရီဒါ ပြည်နယ် ဂျက်ဆန်ဗီးလ် ဆေးရုံမှာ ကမီယာကို မွေးဖွား ခဲ့ပါတယ်။

နာရီပိုင်း အတွင်းမှာပဲ သူနာပြု ၀တ်စုံ ၀တ်ဆင် ထားတဲ့ အမျိုးသမီး တဦး ရောက်လာပြီး မိခင်ရဲ့ အခန်းထဲ ကနေ ကမီယာကို ခိုးယူ သွားခဲ့ ပါတယ်။

အဲဒီနောက် မှာတော့ ၁၈ နှစ်လုံးလုံး ပျောက်ဆုံး နေခဲ့ပါတယ်။ ထူးဆန်းတဲ့ ဒီပျောက်ဆုံး မှုကြောင့် ပြည်သူလူထု စိတ် အ၀င်စားဆုံး သတင်းဖြစ်ခဲ့ပြီး သတင်း ပေးမှုပေါင်း ၂၅၀၀ လောက်ကို အာဏာပိုင်တွေ ဘက်က လက်ခံရရှိ ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ “အမေရိကန်အစိုးရ ပျောက်ဆုံး ကလေးငယ်များ ဆိုင်ရာ စင်တာ” ရဲ့ သတင်းပေးချက် အရ ကမီယာ-မော်ဘလေကို ပြန်ရှာတွေ့ ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကလေးကို ခိုးယူ မွေးစားခဲ့တဲ့ အသက် ၅၁ နှစ် အရွယ် ဂလိုရီယာ - ၀ီလီယမ်စ်ကို တောင် ကယ်ရိုလိုင်းနား ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ပါတယ်။

အဲဒီနောက် အမှု စတင် ဖြစ်ပွားရာ ဖလော်ရီဒါ ပြည်နယ် ရဲတပ်ဖွဲ့ထံ ပြန်လည် လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

ဒီအန်အေ - စစ်ဆေးချက် အရ ကမီယာ - မော်ဘလေရဲ့ မိဘအရင်းတွေကို အဆက်အသွယ် ရထားပြီး ဖြစ်ကြောင်း တောင် ကယ်ရိုလိုင်းနား ပြည်နယ် ရဲတပ်ဖွဲ့ကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ရေးသား ထားပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/183959

Read More »

Monday, November 21, 2016

မြေပုံမြို့တွင် ဦးနှောက်မပါသည့် ကလေးတဦး မွေးဖွား




ရခိုင်ပြည်နယ်၊ မြေပုံမြို့ပြည်သူ့ ဆေးရုံမှာ ဦးနှောက် မပါတဲ့ ကလေး တဦး မွေးဖွားခဲ့ပြီး ၉ နာရီ အကြာမှာ ကလေး ငယ်ဟာ သေဆုံး သွားပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၅ နာရီအချိန်က မြေပုံမြို့ ပြည်သူ့ ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပြီး ခြေတွေ၊ လက်တွေ အကုန်အစုံ ပါပေမယ့် ဦးနှောက် မပါဘူးလို့ မြေပုံမြို့မှ ဒေါက်တာ ဦးဝင်နိုင်စိုးက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က ၅ နာရီလောက်မှာ မွေးတာပါ။ ဒီကနေ့ မနက် ၂ နာရီလောက်မှာ ကလေးက ဆုံးသွားပါပြီ ခင်ဗျ။ နာရီပိုင်းလောက် အသက်ရှင်ပါတယ်။ ခြေတွေ၊ လက်တွေ အကုန်စုံပါတယ်။ ဦးနှောက်တခုသာ မပါတာပါ။

အမျိုးသမီးမှာ ဒီကလေးမွေးတာ ၅ ယောက်မြောက် ကလေး ပေါ့လေ။ ခွဲပြီး မွေးတာလည်း မဟုတ်ဘူး။ ရိုးရိုးလေး မွေးတာပေါ့လေ။ အရင် ၄ ယောက်လုံး ဒီလိုမွေးဖွားတာ မရှိဘူးခင်ဗျ။ ခြေတွေ၊ လက်တွေ အကုန်စုံပါတယ်။ ဦးနှောက်တခုသာ မပါတာပါ။”

မြေပုံမြို့မှာ အရင်က ဒီလိုကလေးမျိုး မွေးဖွားတာ မရှိဘူးသလို အခုအကြိမ်ဟာ ပထဦးဆုံးအကြိမ် ဖြစ်ပြီး ဇီကာလို့ ဝေဖန်တာတွေ ထွက်နေတာလည်း မဟုတ်ဘူးလို့ ဒေါက်တာဝင်နိုင်စိုးက ဒီဗွီဘီကို ပြောပါတယ်။

“ဇီကာဆိုပြီး ဖွလိုက်ကြတယ်ပေါ့လေ။ ဒါပေမယ့် ဒီကလေးက ဇီကာမဟုတ်ဘူး ခင်ဗျ။ မွေးရာပါပေါ့လေ။ မွေးရာပါ ချွတ်ယွင်းချက်အနေနဲ့ ဦးနှောက်မပါတဲ့ ကလေးပေါ့နော်။

AENCEPHALY ပုံမှန်မဟုတ်လို့ ခေါ်ပါတယ်။ အင်ပါရာလိုဂျီလို့ ခေါ်ပါတယ်။ မွေးရာပါ ချွတ်ယွင်းချက်ဖြစ်တယ်ပေါ့နော်။ ဒါက ကျွမ်းကျင်တဲ့ OG တဦးကို မေးလိုက်ရင် သိနိုင်ပါတယ်။”

အခုလို ဦးနှောက်ပါဘဲ မွေးလာတာနဲ့ ပတ်သက်လို့ မွေးဖွားခဲ့တဲ့ အမျိုးတွေရဲ့ မျိုးရိုးတွေကို ဆန်းစစ်လိုက်တဲ့အခါ အခုလို မွေးဖွားလာတဲ့ ကလေးမျိုး မျိုးရိုးမှာ မတွေ့ရှိခဲ့ဘူးလို့ ဆရာဝန်က ပြောပါတယ်။

ဒါ့အပြင် ဇီကာဗိုင်းရစ်သစ်ရောဂါပိုး ဆိုတာလည်း မဟုတ်ကြောင်းနဲ့ ခြင်ကျားကိုက်ခံရာမှ ဖြစ်ပေါ်လာတဲ့ရောဂါမျိုး မဟုတ်ဘူးလို့ ဒေါက်တာဦးဝင်နိုင်စိုးက ပြောပါတယ်။

ကလေးငယ်ဟာ ယောက်ျားလေးတဦးဖြစ်ပြီး မြေပုံမြို့နယ်၊ ကြုံချောင်းကျေးရွာမှ အမျိုးသမီးတဦးက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
သတင်း – ဝဏ္ဏခွာညို၊ဓာတ်ပုံ – ကိုကျော်လေး

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/176970

Read More »

Saturday, September 10, 2016

ကမ္ဘာ့ထိတ်လန့်ဖွယ် သတင်းဆိုးများ ဟောခဲ့သည့် အမျိုးသမီး ကြီး၏ ကြိုတင်ဟောကိန်းများ ရေပန်း စားနေ




ခေတ်သစ် မက်စီဒိုး နီးယား နယ်မြေ တစ်ခုမှာ မွေးဖွား ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ သေဆုံးခဲ့တဲ့ Vanga ဆိုသူ အမျိုးသမီး ကြီးဟာ သူမ အသက် ၁၂ အရွယ်တွင် ပြင်းထန်တဲ့ မုန်တိုင်းကြောင့် ထိခိုက် ဒဏ်ရာရ မျက်စိ ကွယ်ခဲ့ပြီး အသက် ၁၆ နှစ် အရွယ်မှ စတင်ကာ ကြိုတင် ဟောကိန်း ထုတ်မှုတွေ ပြုလုပ် ခဲ့ပါတယ်။

၁၉၃၀ ခုနှစ်တွေ လောက်မှာ ဘူဂေးရီးယားရဲ့ Petrich မှာ အခြေကျ ခဲ့ပြီး ဒုတိယ ကမ္ဘာစစ် စတင်ဖြစ်မှု အပေါ် သူမရဲ့ ကြိုတင် ဟောကိန်းမှု အပြီးနောက် သူမရဲ့
ကျော်ကြား မှုဟာ ဘူဂေးရီးယား နိုင်ငံအတွင်း အလျင် အမြန် ပျံ့နှံ့သွား ခဲ့ပါတယ်။

သူမကို၂၀ ရာစုနှစ်မှာ ဖြစ်ပွားတဲ့ ကြီးကျယ်တဲ့ ကမ္ဘာ့ဖြစ်ရပ်တွေကို ကြိုတင်ဟောကိန်းထုတ်သူအဖြစ် အသိအမှတ်ပြုခဲ့ကြပါ တယ်။

သူမထံသို့ အဒေါ့လ်ဖ် ဟစ်တလာအပါအဝင် ခေါင်းဆောင်အတော်များများ သွားရောက် မေးမြန်းခဲ့ကြပြီး Vanga ဟာ သူမ မသေဆုံးခင် ၁၉၉၆ ခုနှစ်မတိုင်မှီ ၂၀၀၄ ခုနှစ် တွင်ဖြစ်ပွါးခဲ့သည့် ဆူနာမီအကြောင်း၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Twin Tower အဆောက်အဦ တိုက်ခိုက်ခံရတဲ့ အကြောင်းအပါအဝင် ကမ္ဘာ့ထိတ်လန့်စရာ သတင်းဆိုးတွေကို ကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။

အခုလည်း သူမရဲ့ နောက်ဆုံး မကောင်းတဲ့ ဟောကိန်းဖြစ်တဲ့ ၂၀၁၆ ခုနှစ်မှာ “မူဆလင်တွေ ဥရောပကို ကျူးကျော်တိုက်ခိုက်လိမ့်မယ်” ဆိုတဲ့ ဟောကိန်းကလည်း တကယ်ပဲ ဖြစ်လာတော့မယ့် ပုံပေါ်နေပါတယ်။

သူမ ဟောကိန်းထုတ်ခဲ့တာတွေကတော့ ၂၀၁၈ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာမှာ “အထူးစွမ်းအားရှိ” နိုင်ငံ တစ်နိုင်ငံဖြစ်လာမယ်။

အမေရိကန်နိုင်ငံအတွက် အစစ အရာရာဟာ စတင် ယိုယွင်း ပျက်ဆီး လာမှာဖြစ်ပြီး “အာဖရိကန် အမေရိကန်” သမ္မတ ဟာလည်း မြောက်ပိုင်းနိုင်ငံရဲ့ “နောက်ဆုံးသော” သက်ရှိ သမ္မတဖြစ် လာမယ် ဆိုတာတွေ၊ ၂၀၂၃ ရောက်ရင် ကမ္ဘာရဲ့ လည်ပတ်နေတဲ့ လမ်းကြောင်း ပြောင်းလဲပြီး ကမ္ဘာရဲ့ဆန့်ကျင်ဖက် “အစွန်းပိုင်း တွေကို လောင်ကျွမ်း အရည်ပျော်စေမယ်”၊ နောက် “အရှေ့အလည်ပိုင်း” ဟာ မီးလောင်မြိုက်ခံရမယ် ဆိုတာတွေပါ။

သူမကြိုတင်ဟောကိန်း ထုတ်ခဲ့တဲ့ အထဲမှာ ၁၉၈၀ ခုနှစ်မှာ ဟောခဲ့ တာကတော့ ထိတ်လန့် စရာ အကောင်းဆုံးပါ။

သူမဟောခဲ့တာက “ရာစုနှစ် အပြောင်းအလဲ ၁၉၉၉ ခုနှစ် သြဂုတ်လ ဒါမှမဟုတ် ၂၀၀၀ ခုနှစ်မှာ Kursk ဆိုတဲ့နေရာကို ရေလွှမ်းမိုးပြီး၊ ကမ္ဘာကြီးတစ်ခုလုံးဟာ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ငိုကျွေးနေရမယ်”ဆိုတာပါပဲ။

သူမဟောခဲ့ တာက ဘာမှ အဓိပ္ပါယ် မရှိသလို ပါပဲ ဒါပေမဲ့ နောက် နှစ် ၂၀ အကြာ ၂၀၀၀ ခုနှစ် သြဂုတ်လမှာ ရုရှနိုင်ငံရဲ့ Kursk လို့ အမည်ပေး ထားတဲ့ နျူးကလီးယား
ရေအောက် ယာဉ်ဟာ ရုတ်တရက် ထိခိုက် ပျက်ဆီး သွားခဲ့ ရပါတယ်။

Vanga အမျိုးသမီးကြီး ကြိုတင်ဟောကိန်း ထုတ်တဲ့အထဲမှာ သက္ကရာဇ် ၃၇၉၇ လောက်မှာဆိုရင် ကမ္ဘာပေါ်မှာ သက်ရှိထင်ရှား ကျန်နေမဲ့သူ ဘယ်သူမှ မရှိတော့ပါဘူးတဲ့။

သူမဟောကိန်း ထုတ်ခဲ့တာတွေထဲက တချို့ကတော့
  • ၂၀၁၆ ခုနှစ်-မူဆလင်တွေ ဥရောပကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်မယ်။
  • ၂၀၂၃ ခုနှစ်-ကမ္ဘာလည်ပတ်နေတဲ့ လမ်းကြောင်းမှာ အဓိကကျတဲ့ ပြောင်းလဲမှု ဖြစ်မယ်။
  • ၂၀၂၅ ခုနှစ်- စစ်ပွဲတွေကြောင့် ဥရောပမှာ လူတွေ ပျောက်ကွယ်သွားလိမ့်မယ်။
  • ၂၀၂၈ ခုနှစ်-ကမ္ဘာကြီးအတွက် စွမ်းအင် အရင်း အမြစ်တွေ ရှာဖွေဖို့ မျှော်လင့် ချက်နဲ့ ဗီးနပ်စ် ဂြိုပ်လိုမျိုး အခြား ဂြိုလ်တွေကို သွားရောက်ဖို့ ကြိုးစား ကြလိမ့်မယ်။
  • ၂၀၃၃ ခုနှစ်-ကမ္ဘာကြီးရဲ့ ဆန့်ကျင်ဘက်အစွန်းတွေ အရည်ပျော်မှုကြောင့် ရေမျက်နှာပြင် မြင့်တက် လာမယ်။
  • ၂၀၇၆ ခုနှစ်-ကွန်မြူနစ်ဝါဒ ကူးစက်ပျံ့နှံ့မှုဟာ ဥရောပနဲ့ ကျန်တဲ့ကမ္ဘာနေရာတွေကို ပြန်ရောက် လာမယ်။
  • ၂၀၈၄ ခုနှစ်-သဘာဝတရားတွေ ပြန်လည်မွေးဖွားလာမယ်။
  • ၂၁၀၀ ခုနှစ်-ဂြိုလ်ရဲ့အမှောင်ခြမ်းမှာ နေအသစ်တစ်ခု ပေါ်ထွန်းလာမယ်၊ ဒီအချက်ကတော့ ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့တဲ့ နယူကလီယာ စွမ်းအင်ကိုသုံးပြီး နေအတု တခုဖန်တီးမယ့် သိပ္ပံစီမံကိန်းကို ရည်ညွှန်းပုံရပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/167824

Read More »

ကမ္ဘာ့စံချိန်တင် မုတ်ဆိတ်ပါ ကမ္ဘာ့ အသက်အငယ်ဆုံး အမျိုးသမီး




အင်္ဂလန်နိုင်ငံ၊ ဆလောက်ဂ် မြို့မှ အသက် ၂၄ နှစ် အရွယ် မိန်းကလေး တဦးဟာ မုတ်ဆိတ်ပါ ကမ္ဘာ့ အသက် အငယ်ဆုံး အမျိုးသမီး အဖြစ် ဂီးနက်စ် ကမ္ဘာ့စံချိန် ၀င်သွားခဲ့ တယ်လို့ မေရာ သတင်းမှာ စက်တင်ဘာလ ၈ ရက်နေ့က ဖော်ပြ ခဲ့ပါတယ်။

ခုလိုအမွေး အမျှင်တွေနဲ့ မျက်နှာ သွင်ပြင်က မိန်းကလေး ဆန်ပြီး ပိုမိုက်တဲ့ ခံစားချက်မျိုး ပေးနိုင် တယ်လို့ သူက ပြောပါတယ်။

ခန္ဓာကိုယ်ပေါ်မှ အမွေး အမှင်တွေကို မရိတ်သင် ရဘူးလို့ တားမြစ်ထားတဲ့ ဆစ်ခ် ဘာသာဝင် တယောက် အဖြစ် ခံယူ လိုက်ပြီး တဲ့နောက် သူဟာ ခုလိုမျက်နှာပေါ်မှ မုတ် ဆိတ် ကျင်စွယ်တွေကြောင့် ငယ်ဘ၀ ကာလ တလျှောက်လုံး အနိုင်ကျင့် နောက်ပြောင် ခံခဲ့ ရတာပါ။

သူဟာ ကျောင်းမှာ၊ လမ်းမပေါ်မှာ စသဖြင့် အုပ်စုဖွဲ့ အနိုင်ကျင့် မှုတွေ ခံလာ ရတာနဲ့ အမျှ သူ့ကိုယ်သူ သတ်သေဖို့ အထိ တောင်ကြိုးစား ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ခုချိန်မှာတော့ အရှည် ၆ လက်မ ရှိနေပြီဖြစ်တဲ့ သူ့ရဲ့ မုတ်ဆိတ်မွေးတွေကြောင့် ဂီးနက်စ် ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ ပါပြီ။

သူက “ကျမအရင်လို ခံစားမှုမျိုးကို ဆက်ခံစားနေတော့မှာ မဟုတ်သလို၊ ဒီအမွေး အမျှင်တွေကိုလည်း မရှိတော့ဖို့၊ ရိတ်သင် လိုက်ဖို့ ကြိုးစားတော့မှာမဟုတ်ဘူး။

ဘာလို့လဲ ဆိုတော့ ကျမမှာ ရှိနေတယ် ဆိုတဲ့ ကျမဖြစ်ခြင်းဆိုတာ ဘုရားသခင်က ဖြစ်စေတော်မူလို့ ပါပဲ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကတော့ သူဟာ လန်ဒန် ဖက်ရှင် ရက်သတ္တပါတ် အစီအစဉ်ရဲ့ ပထမဆုံးသော မုတ်ဆိတ်ကျင်စွယ်ပါ အမျိုးသမီးတဦးအဖြစ် သရုပ်ပြ တင်ဆက် ခဲ့ပါသေးတယ်။

“ကျမ ပိုပြီး မိန်းမသား ဆန်လာတယ်လို့ ခံစား မိပါတယ်။ ကျမကိုယ် ကျမ ချစ်နိုင်ဖို့ သင်ယူ ခဲ့ရပါတယ်။ ခုချိန်မှာတော့ ဘယ်အရာ ကမှ ကျမကို မတုန်လှုပ် စေတော့ ပါဘူး”လို့ သူက ပြောပါတယ်။

video

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/167779

Read More »

Saturday, August 20, 2016

ဘင်္ဂလားမှာ Drama ဇာတ်လမ်းတွဲအကြောင်း ငြင်းခုံရာမှ လူပေါင်းရာနှင့်ချီ ရန်ပွဲဖြစ်




ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရုပ်မြင် သံကြား Drama ဇာတ်လမ်းတွဲ တစ်ခုနှင့် ပတ်သက်၍ အငြင်း အခုံ ဖြစ်ရာမှ လူပေါင်း ရာနှင့်ချီ ပါဝင်သည့် ရန်ပွဲ တစ်ခု ပေါ်ပေါက် လာပြီး ရဲများက မျက်ရည်ယို ဗုံးများ အသုံးပြု လူစုခွဲ ခဲ့ရကြောင်း သိရသည်။

ယခုသီတင်းပတ် အတွင်း ဟာဘီဂါနီ အနီး ကျေးရွာ တစ်ခုရှိ လက်ဖက်ရည်ဆိုင် တစ်ခုတွင် ရွာသား အချို့ စုရုံးကာ အိန္ဒိယက ရိုက်ကူးသည့် ဘင်္ဂါလီ စကားပြော စိတ်ကူးယဉ် Drama ဇာတ်လမ်းတွဲ Kiranmalaကို စုရုံး ကြည့်ရှုနေ ခဲ့ကြသည်။

ထို့နောက်တွင် ဇာတ်အိမ် တည်ဆောက်မှုနှင့် ပတ်သက်၍ လူနှစ်ဦး စတင် အချင်းများ ကြပြီး ထိုကိစ္စက ထင်သည်ထက် ပိုမို လျင်မြန်စွာ ကျယ်ပြန့် သွားပြီး လူပေါင်း ရာနှင့်ချီ ပါဝင်သည့် ရန်ပွဲ အသွင် ပြောင်းလဲ သွားသည်။

ရဲတပ်ဖွဲ့က ထိုရန်ပွဲကို ပါဝင်ဖြန်ဖြေရာ အလွယ်တကူ မည်သို့မျှ မဖြစ်နိုင်သည့်နောက် မျက်ရည်ယိုဗုံးများ၊ ရော်ဘာကျည်ဆန်များပါ အသုံးပြုပြီး အင်အားသုံးခဲ့ရသည်။

ဖြစ်စဉ်အတွင်း လူပေါင်း ၁၅ ဦးထက်မနည်း ဆိုးဆိုးရွားရွား ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ အုတ်အော်သောင်းနင်း ရန်ပွဲသည် ဒါကာမြို့တော် အရှေ့မြောက်ဘက် မိုင်ပေါင်း ၁၁၀ မျှအကွာရှိ ဒိုးလ်ကျေးရွာတွင် ဖြစ်ပွား ခဲ့ခြင်းဟု သိရသည်။

ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ ယာဆီနူလ်ဟာကွီက “ဇာတ်လမ်းတွဲရဲ့ အပိုင်းတစ်ပိုင်းနဲ့ ပတ်သက်ပြီး လူနှစ်ယောက် ငြင်းကြတာ။ နောက်တော့ အုပ်စုလိုက် ပြဿနာတွေ တက်ကုန်တယ်။ လူပေါင်း ရာနဲ့ချီ ပါလာတယ်။ ဓားတပြက်၊ တုတ်တပြက်နဲ့ အချင်းချင်း တိုက်ခိုက် ကြတော့ တာပဲ”ဟု ဆိုသည်။

၎င်းက “အခြေအနေအရ ရဲတပ်ဖွဲ့ဟာ ရော်ဘာကျည် ကိုးတောင့်နဲ့ မျက်ရည်ယိုဗုံး ငါးလုံးကို မဖြစ်မနေ အသုံးပြုခဲ့ ရပါတယ်။ ဒါမှပဲ လူအုပ်ကို ထိန်းလို့ ရသွားတာ။ အနည်းဆုံး ၁၅ ယောက်လောက် အတော်လေး ဆိုးဆိုး ရွားရွား ဒဏ်ရာတွေ ရသွား ကြတယ်”ဟုလည်း ပြောကြား ခဲ့သည်။

AFP သတင်းဌာနကမူ အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဒဏ်ရာရသူ ဦးရေသည် အနည်းဆုံး ၁၀၀ မျှ ရှိနိုင်ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါ ရန်ပွဲသည် ဩဂုတ် ၁၇ ရက် ညပိုင်းက စတင်ပြီး ၁၈ ရက် မနက်ပိုင်းထိ ဆက်ဖြစ်နေ ခဲ့ကြောင်း ဟာကွီက ဆိုသည်။ Kiranmala ရုပ်မြင်သံကြား စီးရီးသည် ဘင်္ဂလားဒေ့ရှ်တွင် အထူးလူကြိုက်များပြီး လူတန်းစား အလွှာမျိုးစုံ စွဲစွဲမြဲမြဲ စောင့်ကြည့်လေ့ ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်အတွင်းကလည်း အဆိုပါ ဇာတ်လမ်းတွဲ ပရိသတ် ဆယ်ကျော်သက် မိန်းကလေး နှစ်ဦးသည် မင်းသမီး၏ ဝတ်စုံကို ဝယ်ပေးရန် ပူဆာကြရာ မိဘများက ငြင်းဆိုသည့်နောက် အဆုံးစီရင် သွားမှု ဖြစ်ပွားခဲ့သေးကြောင်းလည်း ဘင်္ဂလားဒေ့ရှ် မီဒီယာ များက ဖော်ပြ ခဲ့ကြသည်။

Ref: BBC

From : 7 day daily

Originally published at - http://www.7daydaily.com/story/73316

Read More »

Tuesday, August 16, 2016

ရုပ်သံစတူဒီယိုခန်းတွင်း လမ်းလျှောက်ခဲ့သည့် တစ္ဆေကို စီစီတီဗွီ ကင်မရာတွင် ဖမ်းမိ




အမေရိကန် နိုင်ငံ၊ ကိုလံဘီယာ ပြည်နယ်မှ ရုပ်သံ စတူဒီယို ခန်းအတွင်းမှာ လမ်းလျှောက် နေတဲ့ တစ္ဆေတကောင်ရဲ့ ပုံရိပ်တွေကို လျှို့ဝှက် တပ်ဆင် ထားတဲ့ စီစီတီဗွီ ကင်မရာမှ တဆင့် ဖမ်းယူ ရရှိခဲ့ ပါတယ်။

ဒီအဖြစ် အပျက်ဟာ ကာရာကောလ် ရုပ်သံ သတင်း ဌာနရဲ့ စတူဒီယို ခန်းအတွင်းမှာ ညသန်းခေါင် အချိန် ဖြစ်ခဲ့ တာလို့ မေရာ သတင်းမှာ သြဂုတ် ၁၅ ရက်နေ့က ဖော်ပြ ပါတယ်။

ရုပ်သံ ဗွီဒီယိုဖိုင် ထဲမှာ လုံခြုံရေး တာဝန်ကျ ၀န်ထမ်း တဦး စတူဒီယို လျှောက်လမ်း စင်္ကြန်ကို ဖြတ်ပြီး လမ်းလျှောက် ကင်းလှည့်နေ ခဲ့ပုံကို တွေ့ရပါတယ်။

သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူတွေ ကတော့ အဲဒီအခန်းထဲက ထူးဆန်းတဲ့ ဆူဆူ ညံညံ အသံတွေကို ကြားရလေ့ ရှိပြီး နေရာအနှံ့ ခုလို ပုံရိပ်တွေကိုလည်း တွေ့ရလေ့ ရှိတယ်လို့ ဆိုပါတယ်။

ယူကျု အင်တာနက်စာမျက်နှာပေါ်မှာတော့ ဒီရုပ်သံ ဗွီဒီယိုဖိုင်ဟာ ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ ၁၈,၂၀၀ ထက်မနည်း ရှိခဲ့တာပါ။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ပါဝင်သူကိုတော့ ဘယ်သူဘယ်ဝါရယ်လို့ ၀န်ခံထားတာ မရှိခဲ့ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။


From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/164154

Read More »

Friday, July 22, 2016

ကြက်မတကောင်ကို တွယ်တာပြီး သ၀န်တိုနေတဲ့ ဆက်ရက်ကလေး




ထိုင်း လူမှု ကွန်ရက်မှာ ကြက်မ တကောင်ရဲ့ အနား အမြဲနေပြီး ၀န်တိုစွာ အကာ အကွယ် aပးနေတဲ့ ဆက်ရက်လေး တကောင်အကြောင်း ရေပန်း စားနေ ပါတယ်။

ထိုင်းဖေ့စ်ဘွတ်ခ် အကောင့် ပိုင်ရှင် တဦးက အရင်ဘ၀က ချစ်သူတွေများ လားဆိုတဲ့ စတေးတပ် aခါင်းစဉ်နဲ့ ဆက်ရက် တကောင်က ကြက်မ တကောင်ကို လိုက်လံ သ၀န် တိုနေတဲ့ ဗွီဒီယိုဖိုင် တင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဆက်ရက်လေးဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းဒေါဝ်းမြို့နယ်ရှိ ချုတ်ချယန်းနွန်း မွေးမြူရေးခြံတခုတည်းမှာရှိကာ လွန်ခဲ့တဲ့ ၂ နှစ်က အဲဒီခြံကို ရောက်လာတာလို့ ကြက်ခြံပိုင်ရှင် နိုင်းချယားနွန်းက ဒေးလီးနယူးစ် သတင်းထောက်ကို ပြောပါတယ်။

အဲဒီဆက်ရက်ကို ခြံပိုင်ရှင်က ခွန်ထောင်းန်လို့ အမည်ပေးထားပြီး သူဟာ ကြက်ခြံရောက် ကတည်းက ကြက်မတကောင် အနားမှာပဲ အမြဲနေလေ့ ရှိကြောင်း၊ အိပ်တန်း တက်ရင်လည်း အဲဒီကြက်မ နားပဲ အမြဲနေပြီး တခြား ကြက်ဖတွေက ကြက်မနား လာကပ် ရင်လည်း နှုတ်သီးနဲ့ ဆိတ်လွှတ် တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ခွန်ထောင်းန်ဟာ ဆ၀ဒီခပ် (မင်္ဂလာပါ)၊ ခွပ်ခွန်းခပ် (ကျေးဇူးတင်ပါတယ်)၊ ခေါ်ကိန်ခေါက် (ထမင်းစားမယ်)၊ ခေါ်ထွတ်ခပ် (ဆောရီးပါ) ဆိုတဲ့ လူစကား ကိုလည်း ပြောတတ် တယ်လို့ ဆိုပါတယ်။

တနေ့ သူက ဆက်ရက်မလေးတွေနောက် လိုက်သွားပြီး ဆ၀ဒီခပ်ဆိုတဲ့ လူစကားနဲ့ ပြောလိုက်ရာမှာ ဆက်ရက်မတွေ လန့်ပြေးကုန်ပြီး အဲဒီကတည်းက ဘယ်ဆက်ရက်မမှ သူနဲ့အတူ လာကစားတာ မတွေ့ရဘူးလို့ ပိုင်ရှင်က ပြောပါတယ်။

၃ မိနစ်နီးပါးကြာတဲ့ ဗွီဒီယိုဖိုင်မှာတော့ ကြက်မလေးကို လူတွေက ပွေ့ချီခေါ်ယူသွားတဲ့အခါ ခွန်ထောင်းန်က အနောက်ကလိုက်ပြီး သ၀န်တိုနေတဲ့ ပုံကို တွေ့မြင် ကြရမှာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/160263

Read More »

Wednesday, July 13, 2016

မကောင်းဆိုးဝါး ဦးခေါင်းနှင့် ဆင်တူသည့် သစ်ခွမျိုးစိတ်ကို တွေ့ရှိ





လန်ဒန် ၊ ၁၃-၇-၂၀၁၆

မကောင်းဆိုးဝါး တစ်ကောင်၏ ဦးခေါင်း နှင့် ဆင်တူသည့် သစ်ခွ မျိုးစိတ် တစ်မျိုးကို ကိုလံဘီယာ နိုင်ငံ ၌ ရှာဖွေ တွေ့ရှိ ခဲ့သည်ဟု သုတေသီ များက ထုတ်ပြန် လိုက်သည်။

အရောင် အသွေး စုံလင်ပြီး မွှေးပျံ့သော ရနံ့ရှိသည့် သစ်ခွပန်း များသည် အလွန် လှပပြီး တန်ဖိုးရှိ သော်လည်း ယခု အသစ် တွေ့ရှိခဲ့သည့် သစ်ခွ မျိုးစိတ်မှာ မလှပသည့် အပြင် ပန်း၏ ပုံစံသည် မကောင်း ဆိုးဝါး တစ်ကောင်၏ ဦးခေါင်းနှင့် ဆင်တူကြောင်း သုတေသီ များ၏ ပြောကြားချက်ကို သတင်းဌာန တစ်ခုက ဇူလိုင် ၁၂ ရက်တွင် ဖော်ပြ ထားသည်။



အဆိုပါ သစ်ခွပန်း မျိုးစိတ်အသစ် ကို ပိုလန်နိုင်ငံ Gdansk တက္ကသိုလ်မှ မာတာကိုလာ နောင်းစကား ဒါရီးဇ် ဇက်လက်ချက်ကို နှင့် ကိုလံဘီယာ နိုင်ငံသား ရာမီကို မက်ဒီနာ တို့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းသစ်ခွပန်း၏ အမည်ကို Telipogon diabolicus ဟု အမည်ပေးထားပြီး Phytokeys ဂျာနယ်တွင် ဓာတ်ပုံများကို ဖော်ပြခဲ့သည်။

သစ်ခွမျိုးစိတ်သစ် ၏ ပုံစံမှာ အလွန်ထူးခြားပြီး ကိုလံဘီယာ နိုင်ငံတွင် ယခင်က တစ်ကြိမ် တစ်ခါမျှ မတွေ့ရှိဖူးကြောင်း နှင့် ကမ္ဘာပေါ်တွင် သစ်ခွမျိုးစိတ် ၃၆ဝဝ နီးပါးရှိသည့် အနက် မျိုးစိတ် ၂၅ဝ နီးပါးမှာ ကိုလံဘီယာ နိုင်ငံတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း Phytokeys ဂျာနယ်တွင် သုတေသီ များက ရေးသားဖော်ပြ ထားသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/07/blog-post_91.html

Read More »

Monday, June 27, 2016

အမျိုးသား ၁၀၀,၀၀၀ ပြည့်အောင် စပ်ယှက်မည့် လိင်မာရသွန်ခရီး အတွက် ပိုလန်သူက ပြည်ပသို့ ခရီးဆန့်လို


အင်နီယာ လိုင်စကူ စကာ


အမျိုးသား ၁၀၀,၀၀၀ ဦး ပြည့်အောင် ကာမ စပ်ယှက် လိုသည့် အသက် ၂၁ နှစ် အရွယ် ပိုလန်သူက ၎င်း၏ အစီအစဉ် အတွက် ဥရောပ နိုင်ငံများ အပါအ၀င် ကမ္ဘာ တစ်ဝှန်းသို့ ခရီးဆက် လိုကြောင်း အော်စတေလီယန်တိုင်း သတင်းစာနှင့် တွေ့ဆုံစဉ် စက်တင်ဘာလ ၅ ရက်နေ့က ပြောကြား ခဲ့သည်။

အင်နီယာ လိုင်စကူ စကာ အမည်ရှိ အဆိုပါ ပိုလန်သူသည် ၎င်း၏ လိင်မာရသွန်ကို ယခုနှစ် ဇူလိုင်လတွင် ပိုလန်နိုင်ငံ၌ စတင်ခဲ့ပြီး အမျိုးသား ၂၈၄ ဦးနှင့် ကာမ စပ်ယှက်ပြီး
ဖြစ်သော်လည်း ပိုလန်နိုင်ငံတွင် မိမိ၏ လိင် အလိုဆန္ဒကို မိမိ စိတ်ကြိုက် ပြည့်ဝအောင် လုပ်ခြင်းကို ဖေါက်ပြန် သည့် အပြု အမူဟု ယူဆဆဲ ဖြစ်သဖြင့် ၎င်း၏ အစီအစဉ်
အောင်မြင်အောင် လိင်ဆက်ဆံ ဖေါ်များ သတ်မှတ် ကာလ အတွင်း စဉ်ဆက် မပြတ် ရရှိနိုင်ရန် ပြည်ပသို့ ခရီးထွက် လိုခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမျိုးသား ၁၀၀,၀၀၀ ဦးနှင့် ကာမ စပ်ယှက် ရာတွင် စုစုပေါင်း ကြာ မြင့်ချိန်ကို ၃၃,၀၀၀ နာရီနှင့် ပြီးစီးအောင် ရည်မှန်းထားပြီး အမျိုးသား တစ်ဦးနှင့် စပ်ယှက်ချိန်မှာ ၂၀ မိနစ်ခန့်ဟု လိုင်စကူ စကာက သတ်မှတ် ထားသည်။

"ကျွန်မ ပျော်ပျော် နေရတာ၊ လိင်မှု ကိစ္စနဲ့ အမျိုးသား တွေကို မြတ်နိုး တယ်။ ပိုလန်၊ ဥရောပနဲ့ တစ်ကမ္ဘာလုံးက အမျိုးသားတွေကို ဒီကိစ္စ အတွက် အလိုရှိ ပါတယ်"ဟု လိုင်စကူ စကာက ပြောသည်။

လိုင်စကူစကာက ၎င်း၏ အစီအစဉ်ကို စနေနှင့်တနင်္ဂနွေနေ့ များတွင် သာ အကောင် အထည် ဖေါ်ပြီး ထိုနှစ်ရက်တွင် အနည်းဆုံးအမျိုး သား ၁၄ ဦးနှင့် ကာမ စပ်ယှက်ကြောင်း သို့ရာတွင် ပိုလန်နိုင်ငံသူ အမျိုးသမီးတို့၏ သက်တမ်းမှာ ပျှမ်းမျှ ၈၁ နှစ် ဖြစ်သောကြောင့် ၎င်း၏ ရည်မှန်းချက် ပြည့်ရန် တစ်ပတ်လျှင် အနည်းဆုံး အမျိုးသား ၃၂ ဦးနှင့် စပ်ယှက် ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လိုင်စကူ စကာသည် ၎င်းအသက် ၈၁ နှစ် အထိ အသက် ရှည်နိုင်မည် ဆိုပါက နှစ် ၆၀ ခန့် နေရဦးမည်ဖြစ်၍ ၎င်း၏ ရည်မှန်းချက် ပြည့်ဝရန် တစ်နှစ်တာကာလ ၃၆၅ ရက်အတွင်း အမျိုးသား ၁,၆၆၆ ဦးနှင့် ကာမစပ်ယှက်မည်ဟု ခန့်မှန်းထားသည်။

From: သည်အော်စတေလီယန်

By : Myanmar Daily Star

Originally published at - http://www.mmdailystar.com/2014/11/blog-post_99.html

Read More »

Wednesday, June 01, 2016

အမျိုးသမီး ၃၀ ၏ မုဒိန်းကျင့် ခံရခြင်းကြောင့် အမျိုးသား တစ်ဦး သေဆုံး




အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာ မြို့စွန် ဒေသတွင် အမျိုးသား တစ်ဦးကို အမျိုးသမီး ၃၀ ဦးတို့မှ မုဒိန်းကျင့် သဖြင့် သေဆုံး သွားကြောင်း သတင်း ရရှိ ပါသည်။

အဆိုပါ အမျိုးသားသည် ရပ်ကွက် အတွင်းအလွန်မာနကြီးကာ တစ်ဦးနေသူဖြစ်ပြီး ရပ်ကွက် အတွင်း ပျိုတိုင်းကြိုက် နှင်းဆီခိုင် ဖြစ်သဖြင့် ထိုသို့ ပြုခြင်း ခံရသည် ဖြစ်မည်ဟု အဆိုပါ ရပ်ကွက်နေ ပြည်သူ အချို့မှ ဆိုပါသည်။

ဂျာကာတာ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် အရ မြို့စွန်တောအုပ် အတွင်းတွင် စွန့်ပြစ်ထားသော ၄င်း အမျိုးသားသည် တွေ့ရှိချိန်တွင် အသက် လှိုက်လှိုက်သာ ကျန်တော့ကြောင်း မျက်မြင် သက်သေများ၏ အဆိုအရ အမျိုးသမီး ၃၀ ခန့်တို့မှ ချုပ်ပြီးတောထဲ ခေါ်သွားကြောင်း ရှင်းလင်းပြီး ယနေ့တွင် သေဆုံးသွားပြီဟု ဆိုပါသည်။

ရင်ခွဲ စစ်ဆေးချက် အရ ၄င်း အမျိုးသားသည် ရိုးတွင်း ချင်ဆီ ခမ်းခြောက်ပြီး သွေးသား ခမ်းခြောက် ရသဖြင့်သေဆုံး ရခြင်းဖြစ်ပြီး အဓိက အကြောင်း အရင်းမှာ သုတ် အဆမတန် ထုတ်လွှတ် ရခြင်းကြောင့် ဖြစ်သည်ဟု ဆိုပါသည်။

အဆိုပါ အမျိုးသမီးများအား ဝရမ်းထုတ် ထားပြီး မုဒိန်းမှု လူသတ်မှု ကြိုတင် ကြံစီမှု လူတစ်ဦးအား နစ်နာစေသည့် အမှုတို့ဖြင့်အရေးယူမည် ဟုသတင်း ရရှိပါသည်။

BFF

Originally published at - http://www.imbff.us/2016/05/blog-post_87.html

Read More »

လူသားကဲ့သို့ သွားများ ပါရှိသည့် ထူးဆန်းငါး ဖမ်းမိ




အမေရိကန် နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ ပက်တာလူမာ မြို့မှာ ငါးဖမ်းသမား တဦးဟာ လူသားတွေလို သွားတွေ ပါတဲ့ ငါးတကောင်ကို ဖမ်းမိ ခဲ့တယ်လို့ စီဘီအက်စ် သတင်းမှာ မေလ ၂၈ ရက်နေ့က ဖော်ပြ ပါတယ်။

ဂျူအန်ဂါလို အမည်ရတဲ့ ငါးဖမ်း သမားဟာ အဲဒီငါးကို ပက်တာလူမာ မြို့၊ လူခက်ဆီ ကန်အတွင်းမှာ ဖမ်းမိ ခဲ့တာပါ။

သူဖမ်းမိတာဟာ ပါကူငါး အမျိုးအစားဖြစ်ပြီး ငါးမျှားတံမှတဆင့် ရေပေါ်ဆွဲတင်ခဲ့ချိန်မှာ ငါးဟာ ကြိုးကို ဖြတ်တောက်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ပါကူငါးတွေဟာ ရေချိုငါး အမျိုးအစားဖြစ်ပြီး ယေဘုယျအားဖြင့် အမေဇုံမြစ်ထဲမှာ တွေ့ရများပြီး ပရင်နာငါးမျိုးစိတ်တမျိုး ဖြစ်ပါတယ်။

ဒီငါးတွေကို အမေရိကန်နိုင်ငံ၊ အလှမွေးငါးဆိုင်တွေမှာ ရောင်းလေ့ရှိပြီး ဒါကို တရားမ၀င်ဘူးလို့ သတ်မှတ်ထားတာပါ။

ဂါလိုဟာ သူဖမ်းမိတဲ့ငါးကို ကယ်လီဖိုးနီးယားပြည်နယ် ငါးနဲ့ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဌာနဆီ ပို့ဆောင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။



ဒီဗွီဘီ by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/152629

Read More »

Friday, May 27, 2016

သဲနဲ့ ရွှံ့တွေကို ၁၇ နှစ်ကြာ စွဲစွဲမြဲမြဲ စားသောက်ခဲ့တဲ့ အိန္ဒိယ အမျိုးသား




မေ - ၂၇၊ ၂၀၁၆

အိန္ဒိယ နိုင်ငံက အမျိုးသား တစ်ယောက်ဟာ သဲနဲ့ ရွှံ့တွေကို စားသောက်ပြီး ရှင်သန် နေထိုင် လာတာ ၁၇ နှစ် ကြာမြင့် ခဲ့ပြီလို့ ဆိုပါတယ်။

အိန္ဒိယ မြောက်ပိုင်းက ယူတာပရာဒက်ရှ် ပြည်နယ်မှာ နေထိုင်တဲ့ နေ့စား အလုပ်ကြမ်း သမား ရာမက်ရှ်ဝါဟာ ဆေးမြီးတို သဘောနဲ့ အစပြု ခဲ့ရာကနေ သဲတွေကို စွဲစွဲ လမ်းလမ်း စားသောက် လာခဲ့တာ ဖြစ်ကြောင်း ဆိုပါတယ်။

ချောင်းဆိုးသွေးပါ ရောဂါကို ခံစားရ ချိန်မှာ ကုထုံးတစ်ခု အနေနဲ့ သဲတွေကို စားသောက်ရင်း ပြသနာ ပြေလည် သွားသလို ကိုယ်တိုင်လည်း ဒီအကျင့်ကို စွဲမြဲ သွားတာ ဖြစ်တယ်လို့ ရာမက်ရှ်ဝါက ပြောပြ ပါတယ်။

အခုဆိုရင် သူ့အနေနဲ့ တစ်နေ့ကို သဲနဲ့ရွှံ့ ၁၀၀ ကနေ ၁၅၀ ဂရမ်လောက်ထိ စားနေပြီး တခြား ဘာအစာ အာဟာရမှ မမှီဝဲတော့ ဘူးလို့လည်း ရာမက်ရှ်ဝါက ဆိုပါတယ်။

ပြီးတော့ ဆေးဝါး ကုသမှုတွေ ခံယူ စရာလည်း မလိုဘူးလို့ ပြောပြ ခဲ့တယ်။


by 7Day TV

Originally published at - https://www.facebook.com/7DayOnlineTV/videos/1076263455778689/

Read More »

Monday, December 21, 2015

သမ္မတဟောင်းအား နောက်ကြောင်းပြန် တရား စွဲဆိုနိုင်ခြင်း မရှိသည့် ဥပဒေကြမ်း လွှတ်တော်သို့ တင်သွင်း




နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင် ခဲ့သူအား နောက်ကြောင်းပြန် တရား စွဲဆိုခြင်း မပြုရ ဟူသော အချက် အပါအ၀င် သမ္မတဟောင်းအား လုံခြုံရေး အစောင့် အရှောက်များ ပေးအပ် ရမည့် ဥပဒေ ကြမ်းကို ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်း အဝေး တွင် တင်သွင်းမည် ဖြစ်သည်။

အဆိုပါ ဥပဒေ ကြမ်းကို ပြည်ထဲရေး ၀န်ကြီး ဌာနက တင်သွင်းခြင်း ဖြစ်၍ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီမှ စိစစ်ချက် အစီရင် ခံစာကို တင်သွင်းမည် ဖြစ်ရာ ပြင်ဆင်ချက် တင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာမည် ဖြစ်သည်။

7Day News Journal

Original link - https://www.facebook.com/7daynews


Read More »