နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ထူးခြားဖြစ်ရပ်ဆန်းများ. Show all posts
Showing posts with label ထူးခြားဖြစ်ရပ်ဆန်းများ. Show all posts

Monday, June 26, 2017

ရင်ဘတ် ၂ ခု၊ လက် ၄ ဘက်၊ ခြေ ၄ ချောင်းဖြင့် ထိတ်လန့်ဖွယ် မွေးဖွားလာသည့် မိန်းကလေး




အိန္ဒိယ နိုင်ငံ ဆေးရုံ တရုံမှာ မွေးကင်းစ ကလေးငယ် တဦးဟာ ရင်ဘတ် ၂ ခု၊ လက် ၄ ဘက်၊ ခြေ ၄ ချောင်းပါပြီး ထိတ်လန့်ဖွယ် အသွင် အပြင်နဲ့ မွေးဖွား လာခဲ့ ပြီးနောက် ဒေသတွင်း နာမည်ကြီး နေခဲ့ ပါတယ်။

ဒီအဖြစ်အပျက်ဟာ ဘီဟာခရိုင်၊ လာခီဆရိုင်ဒေသထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး ခုလို မွေးဖွားလာခဲ့တဲ့ သတင်း ပျံ့နှံ့ခဲ့ပြီးတဲ့နောက်မှာ သူ့ကို ကြည့်ရှုလိုသူတွေဟာ ဆေးရုံရှေ့မှာ ဝိုင်းအုံနေခဲ့ကြတယ်လို့ မေရာသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ပုံပျက်ပန်းပျက်သွင်ပြင်နဲ့ မွေးကင်းစကလေးငယ်ဟာ ခန္ဓာကိုယ်မှာ ဆေးကုသရေးကိရိယာတွေနဲ့ ချိတ်ဆက်လျက်သား အခြေအနေနဲ့ ဆေးရုံ အခန်းတွင်းမှာ ရှိနေခဲ့တာကို တွေ့ရပါတယ်။

အဲဒီကလေးငယ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့တာပါ။

မိခင်ဖြစ်တဲ့ ဆာဗီတာဒေဝီကတော့ သူ့ရဲ့ သမီးဖြစ်သူ ခုလို ဆုံးရှုံးခဲ့ရတဲ့အပေါ် တကယ့်ကို စိတ်ထိခိုက်ခဲ့ရတယ်လို့ ပြောပါတယ်။

“ဘာတွေပဲ ဖြစ်ခဲ့ပါစေ။ ဒါဟာ ကောင်းဖို့အတွက်ပဲလို့ ကျမ ထင်မိပါတယ်။ တကယ်လို့များ သမီးလေးဟာ ခုလို ပုံပျက်ပန်းပျက် အခြေအနေနဲ့ အသက်ဆက်ရှင်နေခဲ့ရမယ်ဆိုရင်လည်း နေ့စဉ် သူ့ရဲ့ ရှင်သန်မှုဟာ သေဆုံးနေတာပါပဲ။”

လယ်သမားတဦးဖြစ်တဲ့ သူ့ရဲ့ခင်ပွန်းဖြစ်သူ ဆူရက်ရှ်ဆောကတော့ ခုလိုအခြေအနေနဲ့ မွေးဖွားလာခဲ့တဲ့ သမီးငယ်ဟာ နတ်ဘုရားက ကျိန်စာတိုက်တာဖြစ်တယ်လို့ ပြောလိုက်တာပါ။

“သမီးအတွက် ဝမ်းနည်းရမလား၊ ဝမ်းသာရမလား ကျနော်မသိခဲ့ပါဘူး။ နတ်ဘုရားတွေက ကျနော်တို့အပြစ်တွေအတွက် ကျိန်စာတိုက်တာပဲဖြစ်ရမယ်။”

ကလေးငယ်ကို မွေးဖွားပြီးချင်း အထူးကြပ်မတ်ကုသဆောင်ဆီ ရွှေ့ပြောင်းကုသမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ကြပေမယ့် မကယ်တင်နိုင်ခဲ့ပါဘူး။

ကလေးကို မွေးဖွားပေးခဲ့တဲ့ ဆရာဝန် ဒေါက်တာ မူကက်ရှ် ကူးမားကတော့ ဒါဟာ မွေးရာပါ မျိုးဗီဇဆိုင်ရာ ရောဂါတမျိုးကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

ဒါဟာ မိခင်ဝမ်းဗိုက်တွင်းမှာ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့ဘဲ အမြွှာကလေး ၂ ဦးအဖြစ် ဆက်လက်မကြီးထွားနိုင်ဖြစ်ကာ ခုလိုအခြေအနေနဲ့ မွေးဖွားလာခဲ့တာလို့ ဒေါက်တာ မူကက်ရှ် ကူးမားက ပြောပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/214491

Read More »

Thursday, June 08, 2017

စက်သုံးဂွင်းမှာ ညှပ်နေတဲ့ အမျိုးသားရဲ့ လိင်တံကို သွားဆရာဝန်များက ဖယ်ပေးခဲ့ရ




တရုတ်နိုင်ငံ၊ Zhejiang ပြည်နယ်၊ Linhai မြို့တော်မှာ နေထိုင်တဲ့ အသက် (၃၇)နှစ် အရွယ် အမျိုးသားရဲ့ လိန်တန်ဟာ စက်သုံးခွ ထဲမှာ ညှပ်နေပြီး ဒါကို သွား ဆရာဝန်တွေက ဖယ်ပေး ခဲ့ရ တယ်လို့ သိရပါတယ်။



လူပျိုလို့ သိရတဲ့ အဆိုပါ အမျိုးသားရဲ့ လိင်တန်ဟာ ခွထဲမှာဘယ်လို အကြောင်းကြောင့် ညှပ်မိနေ တာကို မသိရဘဲ အဲဒီ အမျိုးသားက မပြော ခဲ့ပါဘူး။

အဲဒီ အမျိုးသားရဲ့လိင်တန်ဟာ ခွထဲမှာ ညှပ်မိ နေတာ တစ်ရက်လောက် ကြာပြီလို့ သိရ ပါတယ်။ နောက်တော့ သူဟာ ခွကို ဖယ်ဖို့ ဆေးရုံကို သွားခဲ့ ပါတယ်။

ဒါပေမယ့် ဆရာဝန် တွေက အဲဒီ အမျိုးသားရဲ့လိင်တန်ကို စစ်ဆေးတဲ့ အခါမှာ ခွဲစိတ် ပြီးမှ ဖယ်လို့ ရမယ်လို့ ဆိုခဲ့ ပါတယ်။

ဒါကြောင့် အမျိုးသားရဲ့ မိဘတွေ ဆီကို ဆက်သွယ်ပြီး လက်မှတ် ထိုးပေးဖို့ ပြောခဲ့ ပါတယ်။

ဒါပေမယ့် (၁၇) နာရီ ကြာတဲ့ အထိ အမျိုးသားရဲ့ မိဘတွေက မရောက်လာ တာကြောင့် အမျိုးသားရဲ့လိင်တန်ဟာ ခွနဲ့ အချိန်ကြာရှည်စွာ ညှပ်နေလို့ အလွန်ယောင်ကိုင်း လာခဲ့ ပါတယ်။

ဒါကြောင့် ဆရာဝန် တွေက ခွကို ညှပ်ထုတ်ဖို့ အတွက် မီးသတ် သမားတွေကို ခေါ်ခဲ့ပြန် ပါတယ်။

မီးသတ်သမားတွေ ရောက်လာပြီး Angle Grinder နဲ့ တိုက်စားကာ ဖယ်ထုတ်ဖို့ လုပ်ပေမယ့် အဆင် မပြေခဲ့ ပြန်ပါဘူး။ Angle Grinder ရဲ့ တုန်ခါ မှုက အမျိုးသားရဲ့ လိင်တန်ကို ဒုက္ခ ပေးနိုင်လို့ ဖြစ်ပါတယ်။



ဒါပေမယ့် ကံကောင်း ချင်တော့ အဲဒီလိုမျိုး ကေ့စ်တွေကို ကိုင်တွယ် ဖူးတဲ့ သွား ဆရာဝန် နှစ်ယောက် ရောက်လာပြီး အမျိုးသားရဲ့လိင်တန်ကို ခွထဲ ကနေ ဖယ်ထုတ် ပေးခဲ့ ပါတယ်။

သွား ဆရာဝန် တွေဟာ အဲဒီခွကို သွားချေးချွတ်တဲ့ အခါ အသုံးပြုတဲ့ Drill နဲ့ ဖယ်ထုတ်ပေး ခဲ့ရတယ်လို့ သိရပါတယ်။

From : SHWEMOM by Myo Min Htun

Originally published at - http://www.shwemom.com

Read More »