နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ဓါတ်ပုံသတင်းများ. Show all posts
Showing posts with label ဓါတ်ပုံသတင်းများ. Show all posts

Monday, March 20, 2017

ဘုရားဖူးများဖြင့် စည်ကားနေသည့် ဗုဒ္ဓတထောင် အကောက်တောင်ဘုရား




ဧရာဝတီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီး နယ်စည်းခြားပေါ်က ကြံခင်းမြို့နယ်ထဲက အကောက်တောင်ဘုရား ဘုရားဖူးများနှင့် စည်ကားနေပါတယ်။

အကောက်တောင် ဆိုတာ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ခြမ်းမှာတည်ရှိပြီး ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် အဆုံး၊ ဧရာဝတီတိုင်း ကြံခင်းမြို့နယ် အစဖြစ်တဲ့ နယ်ခြားစည်းအဖြစ် သတ်မှတ်ထားတဲ့ ချောင်းလေးရဲ့ တဖက်တချက်စီမှာ တည်ရှိနေတာပါ။



အကောက်တောင်ဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ တောင်တန်းငယ်လေးတွေနဲ့ မတူဘဲ တမူထူးခြားနေတာကတော့ အဲဒီတောင်တန်းတွေရဲ့ တောင်ပေါ်တွေနဲ့ တောင်နံရံတွေမှာ ထုဆစ် တည်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်၊ ဆင်းတုတော်တွေ စေတီတွေကြောင့်ပဲ ဖြစ်ပါတယ်။



အဲဒီဆင်းတုတော်တွေဟာ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ တောင်တွေရဲ့ ကျောက်သားနံရံတွေကို ထွင်းထုထားတဲ့ ကုန်းဘောင်ခေတ်က ကျောက်ဆစ်လက်ရာတွေ ဖြစ်ကြောင်းနဲ့ ဆင်းတုတော်ပေါင်း ၃၇၀ ခန့် ရှိပြီး ထိုင်တော်မူဆင်းတုတော် ၂၆၄ ဆူ၊ ရပ်တော်မူ ဆင်းတုတော် ၁၀၉ ဆူနဲ့ လျောင်းတော်မူ ဆင်းတုတော် ၁၅ ဆူရှိတယ်လို့ ရှေးဟောင်းသုတေသနဌာနရဲ့ မှတ်တမ်းမှတ်ရာတွေအရ သိရပါတယ်။

အကောက်တောင်ဘုရားကို ဘုရားဖူးသွားလိုပါက အုပ်စုလိုက် လာသူတွေအတွက် ထုံးဘိုမြို့ကနေ စက်လှေငှားမယ်ဆိုရင် လူ ၃၀ လောက်ဆံ့တဲ့ စက်လှေအကြီးဆိုရင် အသွားအပြန်အတွက် ၁၅၀၀၀ ပေးရပြီး၊ လူ ၁၅ ဦးဆံ့တဲ့ စက်လှေအငယ်ဆိုရင် ၁၀၀၀၀ ကျပ်ပေးပြီး လွယ်လွယ်ကူကူ ငှားလို့ရပါတယ်။ အဲဒီလိုပဲ ကုန်းလမ်းခရီးနဲ့ တက်မယ်ဆိုရင်လည်း Light Truck ကားနဲ့ အသွားအပြန် လူတဦးကို ၁၅၀၀ ကျပ်နှုန်းနဲ့ လိုက်ပါစီးနင်းနိုင်ပါတယ်။



ထုံးဘိုမြို့လေးကို ဖြတ်ကျော်ပြီးမှသာ သွားလို့ရပါတယ်။ ပန်းတောင်းမြို့နယ်ထဲက ထုံးဘိုမြို့လေးဟာ ပုသိမ်- မုံရွာ အဝေးပြေးလမ်းမကြီးကနေတဆင့် အတွင်းထဲသို့ ကတ္တရာလမ်းဖြင့် ၁ မိုင်ခွဲခန့် ဝင်ရပြီး အာဇာနည် ၉ ဦးထဲက တဦးဖြစ်တဲ့ သခင်မြရဲ့ ဇာတိမြို့လေးကနေတဆင့်သွားနိုပါတယ်။

အကောက်တောင်ဘုရားပေါ်မှာ ညအိပ် ညနေ ရပ်ဝေးက ဘုရားဖူးတွေကို အစဉ်ပြေစေဖို့ ထမင်းသုံးနှပ် အခမဲ့ကျွေးမွေးတာတွေ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတွေပါ စီစဉ်ပေးထားတယ်လို့ အကောက်တောင်ဘုရား ကျောင်းထိုင်ဆရာတော်က ပြောပါတယ်။

သတင်း၊ ဓာတ်ပုံ – သန်းထိုက်မြင့်

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/196228


Read More »

သမ္မတဟောင်း ဦးသိန်းစိန်က လုပ်ဖော် ကိုင်ဘက်ဟောင်း များကို ညစာစားပွဲဖြင့် ဧည့်ခံ




အငြိမ်းစား သမ္မတဟောင်း ဦးသိန်းစိန်က သူနဲ့ အတူ တာဝန် ထမ်းဆောင် ခဲ့တဲ့ လုပ်ဖော်ကိုင်ဘက် တွေကို မတ်လ ၁၉ ရက် ညပိုင်းက နေပြည်တော်ရှိ Kempinski Hotel ဟိုတယ်မှာ ညစာ စားပွဲတွေနဲ့ ဧည့်ခံ ခဲ့ပါတယ်။



ဧည့်ခံပွဲကို လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ခဲ့ပြီး ဦးသိန်းစိန် အစိုးရ သက်တမ်းမှာ နိုင်ငံ အတွက် လက်တွဲ လုပ်ကိုင်ခဲ့တဲ့ အငြိမ်းစား ဝန်ကြီးတွေ၊ ဒု-ဝန်ကြီးဟောင်းတွေ စုစုပေါင်း ၇၀ ကျော် တက်ရောက် ခဲ့ပါတယ်။



ဦးသိန်းစိန်ဟာ ဂျပန်နိုင်ငံ အခြေစိုက် အာဆီယံနှင့် အရှေ့အာရှဆိုင်ရာ စီးပွားရေး သုတေသန သိပ္ပံက ပေးအပ်တဲ့ ကော်စမို ပေါ်လီတန်ဆုကို ချီးမြှင့် ခံခဲ့ရပြီး ဆုရရှိ ခဲ့တာဟာ လုပ်ဖော် ကိုင်ဘက်တွေရဲ့ စွမ်းဆောင် မှုကြောင့် ရရှိခဲ့တာဖြစ်တဲ့ အတွက် အခုလို ဧည့်ခံတာလို့ သိရပါတယ်။



From : ဒီဗွီဘီ By အောင်ကိုကိုလတ်

Originally published at - http://burmese.dvb.no/archives/196182

Read More »

Sunday, March 12, 2017

သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၁ ဦးကို ယန္တရားမျိုးစုံ ၉၉ စီးနှင့် အတူ ဖမ်းမိ




ကချင် ပြည်နယ်၊ ဗန်းမော် ခရိုင်၊ မံစီမြို့နယ်၊ မံဝိန်းကြီး နယ်မြေ အတွင်း သစ်ခိုးထုတ် နေတဲ့ တရုတ် နိုင်ငံသား ၁၁ ဦးကို ယန္တရား မျိုးစုံ ၉၉ စီးနဲ့ အတူ တပ်မတော်က ဖမ်းဆီး မိတယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန် ပါတယ်။



မတ်လ ၁၁ ရက် မနက်ပိုင်းမှာ သစ်ခိုးထုတ်နေတယ်ဆိုတဲ့သတင်းအရ တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေးလုပ်ဆောင်တုန်း ဖမ်းမိတာ ဖြစ်ပါတယ်။



ပထမဆုံး မံဝိန်းကြီးကျေးရွာအုပ်စု၊ မံမော်ကျေးရွာရဲ့ အနောက်မြောက်ဘက် မီတာ ၇၀၀ လောက်အကွာမှာ တရုတ်နိုင်ငံသားတွေဖြစ်တဲ့ ကော်ဝေးယုတ်၊ ယူချိန့်နဲ့ လီကျားရှင်တို့ ၃ ဦးကို တရားမ၀င်သစ်တင်ယာဉ် ယမ်းဖောင်အမျိုးအစား ၅၈ စီး၊ ၁၀ ဘီးယာဉ် ၄ စီး၊ ကရိန်းယာဉ် ၁ စီး၊ မြေကော်စက် ၁ စီး စုစုပေါင်း ယာဉ်၊ ယန္တရားမျိုးစုံ ၆၄ စီးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။



အဲ့ဒီနောက် အနီးပတ်ဝန်းကျင်ကို ဆက်ရှင်းရာမှာ တရုတ်တွေဖြစ်တဲ့ ကိန်ရှန်ဖုန့်၊ လုအပ်ပို၊ လုံဝမ်ကျိန်၊ လျှိုဟန်ချန့်၊ ထန်တယ်ယိ၊ ရွှီးကျန်၊ ပုယင်ဝေ့နှင့် ချန်ယုလုံတို့ ၈ ဦးကို ယမ်းဖောင် အမျိုးအစားယာဉ် ၂၀ စီး၊ ၁၀ ဘီးယာဉ် ၁၄ စီးနှင့် မြေကော်စက် ၁ စီး စုစုပေါင်း ယာဉ်၊ ယန္တရားမျိုးစုံ ၃၅ စီး တို့နဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။



ဖမ်းမိတဲ့ တရုတ် ၁၁ ဦးနဲ့ တရားမ၀င်သစ်တင်ယာဉ် ၉၆ စီး၊ မြေကော်စက် ၂ စီးနှင့် ကရိန်းယာဉ် ၁ စီး စုစုပေါင်း ယာဉ်၊ ယန္တရားမျိုးစုံ ၉၉ စီးတို့ကို မံဝိန်းကြီးနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/194441

Read More »

Friday, March 03, 2017

ရန်ကုန် ဓာတ်ပုံပွဲတော် ကျင်းပရန် မဟာဗန္ဓုလ ပန်းခြံတွင် ပြင်ဆင်




နိုင်ငံ တကာက ဓာတ်ပုံ ဆရာတွေနဲ့ မြန်မာ ဓာတ်ပုံ ဆရာတွေ ရိုက်ကူး ထားတဲ့ ဓာတ်ပုံတွေ စုပေါင်းပြီး ပြသမယ့် ရန်ကုန် ဓာတ်ပုံ ပွဲတော်ကို ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံ ထဲမှာ ပြသဖို့ အတွက် ပြင်ဆင် နေပါတယ်။

ဒီပြပွဲကို မတ်လ ၄ ရက်နေ့မှ ၁၉ ရက်နေ့ထိ ပြုလုပ်မှာ ဖြစ်ပါတယ်။






သတင်း၊ဓာတ်ပုံ – ပြည့်ဘုန်းအောင်

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/192557


Read More »

Monday, February 06, 2017

ပြည်​​ထောင်​စု ငြိမ်းချမ်း​ရေး ​ဆွေး​နွေးမှု ပူးတွဲ​ ကော်​မတီ အစည်းဝေး ကျင်းပ




ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၉ ကြိမ်မြောက် အစည်းအဝေးကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က ကျင်းပပါတယ်။



ပြည်ထောင်စုငြိမ်းချမ်းရေးပူးတွဲကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဋ္ဌတွေဖြစ်တဲ့ ပဒိုစောစောကွယ်ထူးဝင်းနဲ့ ဦးသုဝေတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။



အစည်းအဝေးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၂ ဦး၊ နိုင်ငံရေးပါတီတို့က ၁၆ ဦး၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့မှ ၁၂ ဦးတို့ တက်ရောက်ခဲ့ကြပါတယ်။

From : ဒီဗွီဘီ by အောင်ကိုကိုလတ်

Originally published at - http://burmese.dvb.no/archives/187824

Read More »

Thursday, February 02, 2017

မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆွေးနွေးပွဲ ကျင်းပ




မြန်မာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိ နေသည့် ထိုင်း ဒုတိယ ဝန်ကြီးချုပ် H.E. Dr. Somkid Jatusripitak ၏ ခရီးစဉ် အတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆွေးနွေးပွဲ တစ်ရပ်ကို ယနေ့ (ဖေဖော်ဝါရီ ၂) နံနက်က နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဧရာဝတီ ခန်းမတွင် ပြုလုပ် ခဲ့သည်။



ယင်းဆွေးနွေး ပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည် အပါအဝင် ပြည်ထောင်စု ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိ ကြီးများနှင့် တာဝန်ရှိ သူများ တက်ရောက် ခဲ့သည်။



ထို့နောက် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ နားလည်မှု စာချွန်လွှာများ ရေးထိုး ခဲ့ကြသည်။



ဓာတ်ပုံ - Ministry of Foreign Affairs Myanmar

From : The Voice

Originally published at - https://www.facebook.com/thevoicemyanmar.mm

Read More »

Sunday, January 29, 2017

တရုတ် နှစ်သစ်ကူး အခါသမယတွင် အားလုံး ညီညွှတ်စွာဖြင့် ပါဝင် ပျော်ရွှင်ကြရန် ဖိတ်ခေါ်


ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တရုတ် နှစ်သစ်ကူး ပွဲတော် ဖွင့်ပွဲ တွင် နှုတ်ခွန်းဆက် စကား ပြောကြားစဉ်


ရန်ကုန် ၊ ဇန်န၀ါရီ ၂၈ ရက် (ဆင်ဟွာ)

တရုတ် နှစ်သစ်ကူး အခါ သမယတွင် မြန်မာနိုင်ငံ အတွင်းရှိ တရုတ် တိုင်းရင်းသား အားလုံး အပြင် မြန်မာနိုင်ငံ သူ/သား အားလုံး တစ်ညီ တစ်ညွှတ် တည်း ပူးပေါင်း ပါဝင်ပြီး ပျော်ရွှင် ကြစေရန် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ ဇန်န၀ါရီ ၂၈ ရက်တွင် ရန်ကုန်မြို့ ၌ ပြု လုပ်သော သိုက်မြိုက် ဝေဆာ တရုတ် နှစ်သစ် မင်္ဂလာ တရုတ် နှစ်သစ်ကူး ပွဲတော် ဖွင့်ပွဲ အခမ်း အနားတွင် နှစ်သစ် မင်္ဂလာ နှုတ်ခွန်းဆက် စကား
တွင် ထည့်သွင်း ပြောကြား ခဲ့သည်။

နှစ်သစ်ကို မင်္ဂလာ ရှိစွာ ကြိုဆိုနိုင်ကြရန် လိုအပ်ကြောင်း ၊ မြန်မာနှစ်သစ်ကူး ပွဲတော်ကို အားလုံး ပျော်ရွှင်စွာ ဖြတ်သန်း သကဲ့သို့  အခြား တိုင်းရင်းသားများ အားလုံး၏ ယဉ်ကျေးမှု ဓလေ့ ထုံးစံကို ညီညွှတ်စွာ ဖြင့် ပျော်ပျော် ရွှင်ရွှင် ဖြတ်သန်း ကြရမည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံဖွား တရုတ် လူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့ ထုံးစံ များကို အသိ အမှတ် ပြုကြရမည် ဖြစ်ကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထည့်သွင်း ပြော ကြားခဲ့သည်။

သံအမတ်ကြီး မစ္စတာ ဟုန်လျန် တရုတ် နှစ်သစ်ကူး ပွဲတော် ဖွင့်ပွဲ တွင် နှုတ်ခွန်းဆက် စကား ပြောကြားစဉ်


မြန်မာနိုင်ငံ အတွင်း၌ တရုတ် တိုင်းရင်းသားများ အားလုံး ညီညီ ညွှတ်ညွှတ်ဖြင့် မြန်မာ နိုင်ငံသူ/သား အဖြစ် မြန်မာနိုင်ငံကြီး ဖွံ့ ဖြိုး တိုးတက်ရေး အတွက် တစ်ထောင့် တစ်နေရာမှ အင်တိုက် အားတိုက် ပါဝင် ကူညီကြရန် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်း ပြောကြား ခဲ့သည်။

“သိုက်မြိုက်ဝေဆာ တရုတ် နှစ်သစ်မင်္ဂလာ”တရုတ်နှစ်သစ်ကူး ပွဲတော် ဖွင့်ပွဲ အခမ်း အနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ်-မြန်မာ ဆက်ဆံရေးသည် ရွှေကြက်ဖ သဖွယ် ခေါင်းမော့ ရင်ကော့ကာ ရဲ့ဝင့်စွာဖြင့် ရှေ့ဆက် သွားနိုင်ပြီး နှစ်နိုင်ငံ
ပြည်သူ လူထု တို့ကို ပိုမို များပြားသည့် အကျိုး ကျေးဇူးများကို ရရှိ စေနိုင်ရန် မျှော်လင့်ကြောင်း ၊ တရုတ် - မြန်မာ ဆွေမျိုး ပေါက်ဖော် ချစ်ကြည့်ရေး အဆက် မပြတ် တည်မြဲ တိုးတက်စေရန် ၄င်းက ဆန္ဒပြု ပြောကြား ခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ နှင့် မြန်မာနိုင်ငံ အတွင်းရှိ တရုတ် လူမျိုး အဖွဲ့ အစည်းများ ပူးပေါင်း၍ ခမ်းနားစွာဖြင့် လှပ ပျော်ရွှင်သည့် တရုတ် တန်း နှစ်ကူး ကြိုဆို ပွဲတော်ကို ကျင်းပနိုင်ခြင်းသည် သမိုင်းကြောင်း တစ်လျှောက် ပထမဆုံး ဖြစ်ပြီး စတင်ခြင်း တစ်ခုလည်း ဖြစ်ကြောင်း မြန်မာ
နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ထည့်သွင်း ပြောကြား ခဲ့သည်။

NLD အဖွဲYချုပ် နာယကကြီး ဦးတင်ဦး တရုတ် နှစ်သစ်ကူး ပွဲတော် ဖွင့်ပွဲ တွင် နှုတ်ခွန်းဆက် စကား ပြောကြားစဉ်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် နာယက ဦးတင်ဦးက တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အစဉ်အလာ သမိုင်းကြောင်း များအား ရှင်းလင်း
ပြောကြားပြီး ရှေ့ ဆက်၍ အစဉ် အလာကောင်းများ ထိန်းသိမ်းခြင်းဖြင့် နိုင်ငံ ကြီးပွား တိုးတက် သွားနိုင်မည် ဆိုသည်ကို ယခုပွဲကို ကြည့်ခြင်း အားဖြင့် လေ့လာ သိရှိနိုင်ကြောင်း ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ဆက်လက် အဓွန့် ကြာရှည် ပါစေကြောင်း နှစ်သစ် မင်္ဂလာ နှုတ်ခွန်းဆက် စကား ပြောကြား ခဲ့သည်။

တရုတ် ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်ရွှေ တရုတ် နှစ်သစ်ကူး ပွဲတော် ဖွင့်ပွဲ တွင် နှုတ်ခွန်းဆက် စကား ပြောကြားစဉ်


ရန်ကုန်မြို့ ၌ တရုတ်ရိုးရာ ယဉ်ကျေးမှု ပုံစံဖြင့် ကျင်းပသော တရုတ် နှစ်သစ်ကူး ပွဲတော်မှာ ရန်ကုန်မြို့ရှိ တရုတ် လူမျိုးတို့၏ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး ကျင်းပခွင့် ရရှိခဲ့သည့် ပွဲတော်ကြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်ရွှေက ပြောကြား ခဲ့သည်။

ယခုကဲ့သို့ ပွဲတော် ကျင်းပခြင်းသည် မြန်မာနိုင်ငံရှိ တရုတ်လူမျိုး အသိုင်းအဝိုင်းတို့၏ တရုတ်ရိုးရာ ယဉ်ကျေးမှု ပျံ့ပွားရေး နှင့် တရုတ် အသိုင်းအဝိုင်း တို့မှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အပေါ် ယုံကြည်မှု တို့ကို ပေါ်လွှင် စေသည့် အပြင် မြန်မာနိုင်ငံဖွား တရုတ် လူမျိုး အသိုင်း အဝိုင်းတို့မှ မြန်မာ - တရုတ် နှစ်နိုင်ငံ ချစ်ကြည် ပူးပေါင်း ဆက်ဆံရေး နက်ရှိုင်းစွာ ဖွံ့ဖြိုး တိုးတက်ရေး အပေါ် ထားရှိသည့် မျှော်မှန်းချက် နှင့် ပေးဆပ်မှု တို့ကိုလည်း ထင်ရှားစေကြောင်း ထည့်သွင်း ပြောကြား ခဲ့သည်။

အခမ်း အနားသို့ တက်ရောက် လာသည့် ဧည့်သည်တော်များ


“သိုက်မြိုက်ဝေဆာ တရုတ် နှစ်သစ်မင်္ဂလာ”တရုတ်နှစ်သစ်ကူး ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် တရုတ်ရိုးရာ ခြင်္သေ့ ၊ နဂါးများ လှည့်လည် ကပြခြင်း ၊ ဘင်ခရာ တီးဝိုင်းများဖြင့် လှည့်လည် ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့သည့် အပြင် တရုတ်ရိုးရာ ယဉ်ကျေးမှု အနုပညာများအား လမ်း တစ်လျှောက် ပြသ ထားရာ ပြည်သူ များက စိတ်ပါ ၀င်စားစွာဖြင့် ပွဲတော်အား ပျော်ပျော် ရွှင်ရွှင် ပါဝင် ဆင်နွှဲကြသည်။

သံအမတ်ကြီး နှင့် တာဝန်ရှိ သူများအား နတ်မင်းကြီး များက ဆုတောင်း မေတ္တာ ပို့သစဉ်


ဝန်ကြီးချုပ်၊ သံအမတ်ကြီး နှင့် တာဝန်ရှိ သူများအား ရိုးရာနဂါး နှင့် ခြင်္သေ့ များက ဂါရ၀ ပြုနေစဉ်


“သိုက်မြိုက်ဝေဆာ နှစ်သစ် မင်္ဂလာ” တရုတ် နှစ်သစ်ကူး ပွဲတော် ဖွင့်ပွဲ အခမ်းနား


ဖွင့်ပွဲ အခမ်းနားမှ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တရုတ် သံအမတ်ကြီး


တရုတ် ရိုးရာ ယဉ်ကျေးမှု မုဒ်ဦး


ရန်ကုန်တိုင်း ၀န်ကြီးချုပ်နှင့် သံအမတ်ကြီးတို့က စက်ခလုတ်နှိပ် ဖွင့်လှစ်နေစဉ်


ထို့ အတူ မဟာ ဗန္ဓုလလမ်း တစ်လျှောက်ရှိ ကုသိုလ်ဖြစ် အသင်း ၊ ယူနန် အသင်း ၊ ဖူကျန့် အသင်း ၊ ကွမ်တုံ အသင်း တို့ ၏ ပြခန်း များနှင့် ဖျော်
ဖြေရေး မဏ္ဍပ် များဖြင့် ဖျော်ဖြေ တင်ဆက် မှုများ အပြင် တရုတ်ရိုးရာ ယဉ်ကျေးမှု ပုံစံ ဖော်ညွှန်း ထားသည့် မုခ်ဦး များအား ရွှေတိဂုံ ဘုရားလမ်း ၊ ဗိုလ်ရွဲလမ်း ၊ လသာလမ်း ၊ စဥ့်အိုးတန်း လမ်း ၊ လမ်းမတော်လမ်း တစ်လျှောက် တည်ဆောက် ပြသ ထားသည်။

အားလုံးသော ဓါတ်ပုံများသည် (ဆင်ဟွာ) မှဖြစ်သည်။

From : Xinhua-Myanmar

Originally published at - http://xinhuamyanmar.com

Read More »