နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Sunday, September 13, 2015

Window 8,8.1,10 တွေမှာ The Server Stumbled – Error 0x80072EE7 ဖြေရှင်းနည်း




Window တွေ အသစ် ထွက်လာတာ ယခု ဆိုလျှင် Window 10 တောင် ရောက်ရှိ လာပါပြီ။

ကျွန်တော်လည်း Window 10 UI လေးကို သဘောကျလို့ တင်ပြီး သုံးကြည့် ပါတယ်။

တကယ်ကောင်းမွန်ပြီး လှပလာပါတယ်။

Window Setting တွေ ပြောင်းလဲ သွားသလို Flat UI ကလည်း တော်တော် မျက်စိ ပဒါသ ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော် က Mobile Service လုပ်တာဆိုတော့ Mobile Driver တွေ သွင်းမရမှာ စိုးရိန်ပေမယ့် အားလုံး အဆင်ပြေပြေ အသုံးပြုနိုင် ပါတယ် ဒါ့အပြင် Window 10 မှာချစ်စရာ ကောင်းတာ ၁ ခုက ချိတ်ဆက်လိုက်တဲ့ Device ရဲ့ Driver ကို Auto Download ဆွဲပေးပါတယ်။

ဒါပေမယ့် ကျနော့ စက်မှာ Window Store ၀င်ကြည့်တဲ့ အခါမှာ ဒုက္ခ စတွေ့ပါတော့တယ်။

Window Store, Window Defender နဲ့ Window Update တွေမှာ Update မရဘဲ 0x80072EE7 Error တက်ပါတယ်။

အဆိုပါ Error ကို ဖြေရှင်းဖို့ Googling ကြည့်တဲ့ အခါ Tool လေးတစ်ခုတွေ့ပါတယ်။ အဆိုပါ Tool လေးဟာ ဆိုက်သေးငယ်ပြီး တကယ်လည်း အသုံးဝင် ပါတယ်။

အဲဒီ Tool ကို အောက်မှာ Download ရယူနိုင်ပါတယ်။

ဒီအောက်က Installer (19.45 MB) လေးပါ။

Mirror @ MajorGeeks.com
OR
Direct Download

ဒီအောက်က Portable (17.24 MB) လေးပါ။

Mirror @ MajorGeeks.com
OR
Direct Download

အသုံးပြုနည်း

1.Download ပြုလုပ်ရရှိလာသော .exe ကို Setup install ပြုလုပ်ပေးပါ

2.User Acc Control Prompt တောင်းလျှင် Yes ကိုရွေးပေးပါ



3. Setup ကို ပြီးစီးအောင် Install ပြုလုပ်ပေးပါ။

4. ပြီးလျှင် Tool ကိုဖွင့်ပြီး Repair Tab ကို ရွေးပေးပါ။



5. ပြီးလျှင် အောက်ဆုံးတွင် ရှိသော Unselect All ကို ရွေးပေးပါ

6. ထို့နောက် နံပါတ် ၁၇ ကို ရွေးပေးပါ Window Update ကို Repair လုပ်မှာမို့လို့ပါ။

7. ပြီးရင်တော့ Start Repairs ကို နှိပ်ပေးလိုက်ပါ ။ Process များ ပြုလုပ်ပြီး Computer ကို Reboot ချပေး ပါလိမ့်မယ်။



ပြန်တက် လာရင် မိမိရဲ့ စက်မှာ Window Store, Window Defender နဲ့ Window Update တို့ ပြန်လည် အလုပ် လုပ်ပေးနိုင်မှာ ဖြစ်ပြီး Error – 0x80072EE7 ဖြစ်တဲ့ The Server Strumbled Error မရှိဘဲ ကောင်းမွန်စွာ အသုံးပြုနိုင်ပြီ ဖြစ်သည်….

Aung Khaing (MMAS)

Original link - http://www.myanmarmobileapp.com/



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Saturday, September 12, 2015

Computer ကို ဦးနှောက် အပို သုံးနည်း




Computer တစ်လုံးကို ဦးနှောက် များများနဲ့ အလုပ် လုပ်ခိုင်း ချင်ရင်တော့ ဒီနည်းလေးနဲ့ ပြောင်းပေး လိုက်ပါဗျာ Computer ဟာ ဦးနှောက် များများနဲ့ အလုပ် လုပ်ရတဲ့ အတွက် System ရဲ့ လုပ်ဆောင် ချက် ကို ပိုမို မြန်ဆန် စေပါတယ်

တချို့စက်တွေမှာ ဦးနှောက်နှစ်လုံး၊ ဦးနှောက် လေးလုံး ပါကြ ပေမယ့် တချို့စက် တွေမှာတော့ ဦးနှောက် တစ်လုံးပဲ ပါ ပါတယ် မိမိ Computer မှာ ရှိသလောက် ကိုပဲ ယူလို့ ရမှာ ဖြစ်ပါတယ် နောက်ထပ် အပို ထည့်ချင် လို့တော့ မဖြစ်နိုင်ပါဘူး။

လုပ်နည်း လေးကတော့ အောက်က ပုံလေးတွေ အတိုင်းပါပဲ windows + R နဲ့ အရင်ဆုံး Run Box ကို ဖွင့်ရပါမယ် msconfig စာသားကို ရိုက်ထည့်ပါ။


ပြီးရင် OK နှိပ်ပါ ဒါမှမဟုတ် Enter ခေါက်ပါ။

ပေါ်လာမယ့် ဘောက်စ် ထဲမှာ အောက်ကပုံလေးတွေအတိုင်း ဆက်လုပ်ပေးလိုက်ပါ။



ပြီးရင် အောက်က ပုံလေးပေါ်လာရင် နံပါစဉ် အတိုင်း ဆက်သွားပါ။


အောက်ကပုံအတိုင်းဆက်သွားပါ။



အပေါ်ပုံလေးတွေ အတိုင်းပြောင်းပြီး သွားရင်တော့ မိတ်ဆွေ တို့ Computer ဟာ ဦးနှောက် အပိုများနဲ့ အလုပ် လုပ်နေ ပါပြီးဗျာ။

ShweEainThuLay ရဲ့ ပို့စ်ကို မှီငြမ်းထားပါသည်။

Original link - http://mawlamyineinformation.blogspot.com.au/2015/09/computer.html

  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Wednesday, August 05, 2015

ရေကြီးတဲ့ ဒေသတွေမှာ ဈေးသက်သာဆုံးနှင့် အလွယ်ကူဆုံး ရေသန့် ရနိုင်မယ့် နည်းလမ်း



ရေကြီးတဲ့ ဒေသတွေမှာ ရေသန့် ရဖို့ အတွက် 97% Bacteria တွေကို ချေဖျက်ပေးနိုင်တဲ့ Biosand Water Filter

ရေကြီးပြီး နောက်ဆက်တွဲ ပါလာတဲ့ ပြသနာ ကတော့ မသန့်ရှင်းတဲ့ ရေကို သောက်ပြီးဖြစ်တဲ့ ဝမ်းရောဂါ ပါပဲ။ ရေသန့်ဗူးတွေ လှူနေကြ ပေမယ့်လည်း လုံလောက်မှု မရှိပါဘူး။

မသန့်ရှင်းသော ရေတွေကို သောက်သုံးမိတဲ့ အခါမှာ ဝမ်းပျက် / ဝမ်းလျောနဲ့ အခြား ဝမ်းရောဂါ များကို ဖြစ်ပွါးစေ နိုင်ပြီး နောက်ဆုံး အဆင့် အသက် အန္တရာယ်ဆုံးရှုံးမှု အထိတောင် ဖြစ်စေနိုင် ပါတယ်။

ဒါကြောင့် ရေရှားတဲ့ အာဖရိက ဒေသတွေ မှာ သုံးလေ့ရှိတဲ့ ၊ ကနေဒါက ပညာရှင် စမ်းသပ်ထားတဲ့ Biosand Water Filter အကြောင်းကို တင်ဆက် လိုက်ပါတယ်။

မသန့်ရှင်းသော ရေတွေထဲမှာ ရှိတဲ့ Bacteria တွေကို သဘာဝ ပစ္စည်းနဲ့ သဘာဝနည်း အတိုင်း သန့်စင်နိုင်တဲ့ ပစ္စည်း တစ်မျိုးကတော့ ငွေကြေး ကုန်ကျမှု မရှိဘဲ သင့်ပတ်ဝန်းကျင် အနီးနားမှာ ရှိနေပါတယ်။

ထိုသဘာဝ ပစ္စည်းကတော့ "Natural Sand ဟု ခေါ်သော သဘာဝ "သဲ" ဖြစ်ပါတယ်။

Natural Sand "သဲ" ဟာ ရေထဲမှာ ရှိတဲ့ Organic Material, Bacteria, Wombs, Viruses, Protozoa တွေကို ချေဖျက် စုပ်ယူနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ မသန့်ရှင်းသော၊ ညစ်ညမ်းသော ရေတွေကို သဲထဲမှာ ဖြစ်သန်း စီးဆင်း စေခြင်းဖြင့် ရေထဲတွင် ပါဝင်သော Bacteria, Viruses တွေကို 97% စုပ်ယူ ဖျက်ဆီး ပေးပါတယ်။

လတ်တလော မြစ်ရေကြီးမှုကြောင့် သောက်သုံးရေ ရှားပါးသော ပြဿသနာကို ဖြေရှင်းနိုင်ရန် အတွက် ကျွန်တော်တို့ BaganTrade လူငယ်တွေ ပြုလုပ်ထားတဲ့ BioSand Water Filter လေးကို ဗွီဒီယိုမှာ ပြထား ပါတယ်။ ဈေး အသက်သာဆုံး နဲ့ အရိုးရှင်းဆုံး ဖြစ်အောင် ရေသန့်ဗူး နဲ့ဘဲ ပြုလုပ် ထားပါတယ်။

ပြုလုပ်ပုံကတော့ -

အဆင့် (၁) - 1.25 Lieter ရေသန့်ဘူးခွံ (သို့) အချိုရည် ဘူးခွံ အလွတ်ကို ယူပြီး အောက်ခြေကို အညီဖြတ် ပေးရပါမည်။
အဆင့် (၂) - ဘူးခွံ၏ အဖုံးဝကို အဝတ်စ အသန့်ဖြင့် ပိတ်ပေးပြီး ဗွီဒီယိုထဲမှာ ပြထားသည့် အနေအထား အတိုင်း ထားပေးပါ။
အဆင့် (၃) - သဲကြမ်း အနည်းငယ်နှင့် သဲနု အနည်းငယ်ကို ရေသန့်ဖြင့် ဆေးကြောထားရပါမည်။
အဆင့် (၄) - သဲကြမ်း ကို ပုံတွင် ပြထားသည့် အတိုင်း လောင်းထည့်လိုက်ပါ။
အဆင့် (၅) - သဲအနု ကို သဲ အကြမ်းအပေါ်မှ ထပ်ထည့် ပေးရပါမည်။
အဆင့် (၆) - သဲကြမ်း ကို သဲနု အပေါ်မှ နောက်ထပ် တစ်ကြိမ် ထပ်ထည့် ပေးရပါမည်။
အဆင့် (၇) - ရေသန့် ဘူးခွံ၏ ဖြတ်ထားသော အောက်ခြေ အဝကို အဝတ်စ အသန့်ဖြင့် ထပ်မံ ပိတ်ပေး ရပါမည်။

ထိုအဆင့်များ ပြီးသွားပြီ ဆိုပါက မိမိသန့်စင် လိုသော ရေကို အပေါ်မှ လောင်းထည့်ပြီး ရေသန့် စစ်ထုတ် ရယူနိုင်ပါပြီ။ သုသေသန ပညာရှင်များ၏ လေ့လာ တွေ့ရှိချက် အရ BioSand Filter နည်းပညာဖြင့် စမ်းသပ် ရရှိသော ရေသည် Bacteria, Viruses တွေကို 97% စုပ်ယူ ဖျက်ဆီး ပေးနိုင် ပါတယ်။

ရေ ၊ စားနပ်ရိက္ခာ လှူနေသော ပရဟိတ သမားများ အနေဖြင့် ရေသန့်ဗူးများ လှူရင်း ဒီ Bio Sand Water Filter လေးကိုပါ ၊ ပြုလုပ် လှူဒါန်း မည် ဆိုပါက ရေရှည် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

Filtration Process

1. Mechincal Traping (အမှုံ အမွှားတွေ နဲ့ ရောဂါပိုးမွှား တစ်ချို့ဟာ သဲခြားတွေ ထဲမှာ ညပ်ကျန် ခဲ့ပါတယ်။ သဲများကို ဖြတ်သန်းစဉ် Stastic Charge ဖြစ်ပေါ် သောကြောင့် ရောဂါပိုးမွှား တော်တော် များများကို သေစေ ပါတယ်။)

2. Predation (ရောဂါ ပိုးမွှား တစ်ချို့ကို Biological Layer မှာရှိတဲ့ microorganisms တွေက ချေဖျက် ပြစ်ပါတယ်။

3. Adsorption (ရောဂါပိုးမွှား တစ်ချို့ ဟာ အချင်းချင်း စုပ်ယူပြီး ပျက်ဆီး ကုန်ပါတယ်။)

4. Natural Death ( ရောဂါပိုးမွှား တစ်ချို့ဟာ အောက်စီဂျင် အလုံအလောက် မရရှိလို့ သေဆုံး ကုန်ပါတယ်။)

ဒါကြောင့် Biosand Water Filter ကို ဖြတ်ပြီးပါက ၉၇% သော ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အတွက် မြစ်ရေကြီးတဲ့ ဒေသတွေမှာ ဝမ်းရောဂါ အန္တရယ် မှကင်းဝေးဖို့ သုံးသင့်ပါတယ်။

ရေ ၊ စားနပ်ရိပ်ခါ လှူနေသော ပရဟိတ သမားများအနေဖြင့် ၊ ရေသန့်ဗူးများ လှူရင်း ဒီ Bio Sand Water Filter လေးကိုပါ ၊ ပြုလုပ်လှူဒါန်း မည်ဆိုပါက ရေရှည် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

video

https://www.facebook.com/BaganTrade/videos/716295421833454/

www.bagantrade.com
www.facebook.com/BaganTrade

Reference: https://en.wikipedia.org/wiki/Biosand_filter

Read More »

Thursday, July 30, 2015

Facebook Messenger ကို ကျင်လည်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း လေးခု




Facebook Messenger ဟာ ရိုးရှင်းတဲ့ Messaging ၀န်ဆောင်မှု တစ်ခုထက် ပိုပြီး စွမ်းဆောင် ချက်တွေ စုံလင် လှပါတယ်။ စွမ်းဆောင် ချက်တွေ များပြားတဲ့ အတွက် လူတစ်ယောက် ချင်းစီ အပေါ် မူတည်ပြီး နှစ်သက်တာ ရှိသလို စိတ် အနှောင့် အယှက် ဖြစ်စရာ တွေလည်း ရှိပါတယ်။ ဒီတစ်ပတ် မှာတော့ Facebook Messenger ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင် ချက်များကို အသုံးပြုနည်းနှင့် တကွ စိတ် အနှောင့် အယှက် ဖြစ်စရာ တွေကို ပိတ်ပင်နိုင်မယ့် နည်းလမ်း များကို ရေးသားပေး လိုက်ပါတယ်။

Conversation တစ်ခု အတွက် Notifications များကို ပိတ်နည်း

ဈေးရောင်းသူ တစ်ယောက်က Messenger မှာ Group တစ်ခု ပြုလုပ်ပြီး အဲဒီ Group ထဲမှာ သင် အပါအ၀င် လူပေါင်း များစွာကို ထည့်သွင်းပြီး သူ့ရဲ့ ကုန်ပစ္စည်းကို ၀ယ်ယူဖို့ စာတွေ အဆက် မပြတ် ပေးပို့နေ ရင်တော့ စိတ်ပျက် စရာ ဖြစ်ပါတယ်။ အဲဒီ Group အတွက် Notification ကို ပိတ်ထား မှသာ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ Conversation Tab ထဲသွားပြီး အဲဒီ Group ကို ဖိထားပါ။ Mute notifications ကို ရွေးပြီး အချိန်ကို ရွေးပေးပါ။ သင် ပြန်မဖွင့် မချင်း ပိတ်ထား ချင်ရင်တော့ “ Until I turn it back on “ ကို ရွေးပေးပါ။



Conversation အားလုံးအတွက် Notification များကို ပိတ်နည်း

Messenger ကိုဖွင့်ပြီး ညာဘက် အပေါ် ထောင့်စွန်းမှ Settings အိုင်ကွန်ကို နှိပ်ပါ။ Notifications & Sounds ထဲသွားပြီး ညာဘက် အပေါ်ထောင့်စွန်းမှ ခလုတ်ကို Off လုပ်ပါ။ နောက် အဆင့်မှာ ပိတ်ထားမယ့် အချိန်ကို ရွေးပေးပါ။ ၂၄ နာရီ အထိပဲ အများဆုံး ပိတ်ထား နိုင်ပါတယ်။



တည်နေရာကို ပေးပို့နည်းနဲ့ ကြည့်ရှုနည်း

သင့်ရဲ့ တည်နေရာကို သူငယ်ချင်း တစ်ယောက်ထံ ပေးပို့ ချင်ရင် Messenger ကိုပဲ အသုံးပြု နိုင်ပါတယ်။ Settings ထဲမှာ Location ကို Enable လုပ်ထားရင် Conversation အားလုံးမှာ သင့်ရဲ့ တည်နေရာကို သူငယ်ချင်း များက သိနိုင်ပါတယ်။

အလားတူပဲ သင့်ရဲ့ သူငယ်ချင်းက Location ကို ဖွင့်ထားရင် သင်က သူ့ရဲ့ တည်နေရာကို သိနိုင် ပါတယ်။ သူ့ရဲ့ တည်နေရာကို သိဖို့ သူပေးပို့တဲ့ Message ကို တစ်ချက် နှိပ်ရင် အောက်မှာ မြေပုံနဲ့ တကွ ပြသပေးမှာ ဖြစ်ပါတယ်။

သင့်ရဲ့ တည်နေရာကို အခြားသူတွေ မသိစေချင် ရင်တော့ Settings ထဲမှာ ပိတ်ထား နိုင်ပါတယ်။



Big Thumbs Up တစ်ခု ပေးပို့နည်း

Messenger မှာ လက်မထောင်နေတဲ့ ပုံလေးကို အလွယ်တကူ ပေးပို့နိုင်ဖို့ ညာဘက် အောက်ခြေမှာ ပြသပေး ထားပါတယ်။ တစ်ဖက်က သူငယ်ချင်းရဲ့ သဘောထား၊ အကြံဥာဏ် ဒါမှမဟုတ် တစ်စုံတစ်ခုကို နှစ်သက်ကြောင်း လျှင်မြန်စွာ ပြောပြနိုင်ဖို့ ပြုလုပ်ပေး ထားတာပါ။ ဒါပေမယ့် အဲဒီ ထောင်နေတဲ့ လက်မလေးဟာ သေးငယ် ပါတယ်။ လက်မ အကြီးကြီး ပေးပို့ ချင်ရင် လက်မကို ဖိထားပြီး အကြီးဆုံး အနေ အထား ရောက်မှ လွှတ်လိုက်ပါ။



Myanmar Digital Life Journal

Original link - http://www.myanmardigitallife.com/?p=3831

Read More »

Google Calendar ( Android ) အတွက် Tips and Tricks များ




Google Calendar ကို မိတ်ဆက် ခဲ့တာ ဆယ်နှစ် ကြာပြီ ဖြစ်ပြီး အခု ဆိုရင် Google ရဲ့ လူကြိုက် များတဲ့ ၀န်ဆောင် မှုတွေ ထဲက တစ်ခု ဖြစ်နေ ပါပြီ။ Google Calendar မှာ အစည်း အဝေးပွဲ ပြုလုပ်ခြင်း၊ သင်တန်း တက်ခြင်း ၊ မွေးနေ့ပွဲများ သတ်မှတ်ခြင်း စတာတွေ အတွက် နေ့ရက်နဲ့ အချိန်တို့ကို Event များအဖြစ် သတ်မှတ် နိုင်ပြီး မှတ်သား ထားနိုင် ပါတယ်။

Google Calendar က သင့်ရဲ့ Event များ အတွက် Notification များဖြင့် အသိပေး နိုင်ပါတယ်။ ဒါ့အပြင် Google Calendar ဟာ Maps , Gmail , Google Now တို့လို Google ထုတ်ကုန် တွေနဲ့ တွဲဖက် အသုံးပြု နိုင်ပါတယ်။

Event Locations များကို ထည့်သွင်းပါ။

Google Calendar ရဲ့ Events များမှာ Location တစ်နည်း အားဖြင့် Events Location များကို ထည့်သွင်း နိုင်ပါတယ်။ သင်ဟာ Event ရဲ့ တည်နေရာကို သိနေတယ် ဆိုရင်တောင် ထည့်သွင်း ထားသင့် ပါတယ်။ အကြောင်းရင်း ကတော့ တည်နေရာ ထည့်သွင်း ထားရင် Google Now ကိုယ်ရေး လက်ထောက်က Event အတွက် အိမ်မှ ထွက်ခွာ ရမယ့် အချိန်ကို သင့်ကို အသိပေး နိုင်တဲ့ အတွက် ဖြစ်ပါတယ်။




Gmail မှ Events များထည့်သွင်းပါ။


Android ရဲ့ Google Calendar နောက်ဆုံး ဗားရှင်းမှာ သင့် Gmail ရဲ့ Inbox ထဲ ၀င်လာတဲ့ အီးမေးများမှ Event များကို အလို အလျှောက် ရှာဖွေ သိရှိနိုင်ပြီး Calendar မှာ ထည့်သွင်း ပေးတဲ့ စွမ်းဆောင်ချက် ပါရှိလာ ပါတယ်။ ဒါကို အသုံးချဖို့ အတွက် Menu ကနေ Settings ထဲသွားပြီး Choose Events from Gmail ကို ရွေးချယ်ပါ။ Add Events form Gmail မှ ခလုတ်ကို On ပြောင်း ပေးပါ။



Quick Responses များကို ပြောင်းလဲပါ။

ချိန်းဆိုထားမှု တစ်ခု အတွက် နောက်ကျနေ တယ်ဆိုရင် Google Calendar ကနေ တစ်ဆင့် ချိန်းဆို ထားသူ များကို အသိပေး တုန့်ပြန် နိုင်ပါတယ်။ သင်ဟာ အချိန်လု နေရတဲ့ အတွက် Google က သင့်အတွက် Quick Responses များကို ပြင်ဆင်ပေး ထားပါတယ်။ နှစ်သက်ရာ စာသားကို ပြောင်းဖို့ အတွက် Settings> General ထဲသွားပါ။



Sensitive Content များကို ဖွက်ပါ။

နောက်ဆုံး Google Calendar Version ကို Android Lollipop မှာ အသုံးပြု သူများ အတွက် Lock Screen မှာ Google Calendar မှ သတင်းအချက် အလက်များကို ပြသပေး နေမှာ ဖြစ်ပါတယ်။ အဲဒီ သတင်းအချက် အလက် များကို အခြားသူများ မမြင်စေ ချင်ရင် Android Settings မှ Sound & Notification ကို ရွေးချယ်ပါ။ App Notifications ထဲသွားပြီး Calendar ထဲသွားပါ။ Sensitive မှာ On ပေးပါ။



Event Notifications များကို Customize လုပ်ပါ။

Google Calendar ထဲမှာပဲ Home, Work, Kids စသဖြင့် ကလင်ဒါ များစွာ ပြုလုပ်နိုင် ပါတယ်။ ကလင်ဒါ တစ်ခု ချင်းစီ အတွက် ကွဲပြားတဲ့ Notification အခြေ အနေများကို သတ်မှတ် နိုင်ပါတယ်။ Settings ထဲသွားပြီး ကလင်ဒါ တစ်ခုစီ အတွက် အရောင်ကို ပြောင်းလဲနိုင်ပြီး သက်ဆိုင်ရာ ကလင်ဒါ အလိုက် Event တစ်ခု မတိုင်မီမှာ ကြိုတင် အသိပေးဖို့ အချိန်ကာလကို သတ်မှတ် နိုင်ပါတယ်။



ခရီးသွားလျှင် Time Zone ကို အလိုအလျှောက် ပြောင်းလဲခိုင်းပါ။

Google Calendar Settings အောက်မှ General မှာ Use device’s time zone ကို On ပေးထားရင် သင်ခရီးသွားတဲ့ အခါမှာ ကလင်ဒါမှ အချိန်များက တည်နေရာပေါ် မူတည်ပြီး အလို အလျှောက် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။



Myanmar Digital Life Journal

Original link - http://www.myanmardigitallife.com/?p=3976

Read More »

Sunday, June 21, 2015

အိမ်မှာ ယင်ကောင်တွေ လာရင်




စားသောက် နေတုန်း ယင်အုံ လာရင် အရသာ ပျက်တယ်ပေါ့ဗျာ။ ယင် အုချ သွားရင် ရောဂါ ဘယလည်း ပျံ့နှံ့နိုင်သေး။

လွယ်လွယ် ကူကူ နည်းလမ်းလေး တစ်ခုကို Funzug က အကြံပြု ထားပါတယ်။

ပုံထဲကအတိုင်း............
  • + ပလတ်စတစ်အိပ် အကြည် ...လေး၊ငါး အိပ်ကို ရှာ။
  • + အကြွေစေ့ တစ်အိပ် အတွက် လေး၊ငါးစေ့ ကိုလည်း ရှာထား။ ( ဒါကတော့ ကျွန်တော်တို့ အတွက် ခက်မယ်ဗျ။ အကြွေ က ရှားပါ ဘိသနဲ့)
  • + အိပ်တွေထဲကို ရေဖြည့်။
  • + အိပ်ကို လုံအောင်ပိတ်၊ ယင်ကောင်တွေ လာတတ်တဲ့ နေရာတွေမှာ ချိတ်ဆွဲ ထားလိုက်ရုံ ပါပဲတဲ့။ မျက်လှည့် လိုလို၊ လက်လှည့် လိုလို ပေါ့ဗျာ။

သိပ္ပံနည်းကျ ရှင်းပြတာက သည်လို ပါတဲ့ဗျ။

ရေမော်လီကျူးလေးတွေဟာ အလင်းယိုင်၊ အလင်းပြန် တတ်ပြီး သက်တန့် ရောင်စဉ် ဖြာစေတဲ့ Prism Effect ရှိပါတယ်။
ရေမော်လီကျူး သန်းပေါင်းများစွာ ထည့်ထားတဲ့ အိပ်ထဲကို အကြွေစေ့ တွေ ထည့်လိုက်တော့ အဲဒီ ရောင်စဉ် တွေဟာ..အကြွေတွေကို ရိုက်ခတ်ပြီး ကြုံရာ ကျပန်း မျိုး ပေါင်း စုံအောင် ရောင်စဉ် ဆန်းတွေ ဖြစ်ပေါ် လာစေ ပါတယ်တဲ့ဗျာ။

ယင်ကောင်လို အင်းဆက် တွေရဲ့ မျက်လုံးဟာ မှန်ဘီလူး ချပ်ငယ်လေးပေါင်း များစွာနဲ့ ဖွဲ့စည်း ထားပေတာမို့ သူတို့ဟာ ပစ္စည်း တစ်ခုထဲကို ကြည့်ရင်တောင် ပုံရိပ် အမျိုးမျိုး မြင်ရပါတယ်။ အခု ချိတ်ထားတဲ့ ရေအိပ်ကို ယင်တွေ ကြည့်မိရင် လင်းလင်း လက်လက် အရောင်မျိုးစုံတွေ ထွက်နေတဲ့ Disco Ball များစွာကို ကြည့်ရ သလို မြင်ယောင် မိစေ ပါသတဲ့။

ဒီ အလင်းဖြာတန်း တွေကြောင့် ယင်တွေ မူးနောက်နောက် ဖြစ်လာစေတဲ့ အပြင် သူတို့ကို စားသောက်မယ့် ယင်စား သတ္တ၀ါတွေ ဒီနားမှာ ရှိနေသလို ခံစား လာရစေ ပါသတဲ့ခင်ဗျာ။

ယင်နှင်ဆေး တွေလို ဘေးထွက် ဓာတု ဆိုးကျိုးးတွေလည်း မရှိ၊ ငွေကုန်ကြေးကျ လည်း သက်သာ၊ လုပ်ရ ကိုင်ရလည်း မခက်တာမို့ စမ်းသပ် ကြည့်သင့် ပါကြောင်း။

by : https://www.facebook.com/profile.php?id=100008873861835

Original link - http://www.funzug.com/

Read More »

Friday, June 19, 2015

"You have files waiting to be burned to disc" ဆိုတဲ့ Message ကို ဖျောက်ချင်လျှင် (Windows 7 / 8)




ကွန်ပျူတာပေါ်က "You have files waiting to be burned to disc" ကို ဖျောက်ချင်လျှင်...

1. Open your Computer (Windows 7/8) or This PC (Windows 8.1) window.

2. Right click or swipe down on the CD or DVD drive with this issue, and click/tap on Delete temporary files. (see screenshot below)



3. Click/tap on Yes to confirm deletion. (see screenshot below)



Ref : http://www.sevenforums.com

by ဝင်းကမ္ဘာကျော်

Original link - http://www.sevenforums.com

Read More »

Tuesday, May 19, 2015

သင့်ရဲ့ Facebook Timeline ပေါ်မှာ ကြည့်ရှုခွင့်နှင့် ပို့စ်တင်ခွင့်ကို ကန့်သတ်ခြင်း




Facebook ပေါ်မှ သူငယ်ချင်း တွေထဲမှာ မိသားစု ၀င်တွေ၊ သင်နဲ့ အပြင် ကမ္ဘာမှာ သိကျွမ်းတဲ့ လူတွေ ပါဝင် သလို လုံးဝ သိကျွမ်းခြင်း မရှိတဲ့ လူတွေလည်း များစွာ ပါဝင် ပါတယ်။

အဲဒီအတွက် မသိကျွမ်း သူတွေက သင့်ရဲ့ Timeline ပေါ်မှာ ပို့စ်တွေ တင်တာ၊ Timeline ပေါ်မှ သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ အချက် အလက်တွေ ပါတဲ့ ပို့စ်တွေကို အများ မြင်ရအောင် Share လုပ်နေ တာတွေလည်း ရှိကောင်းရှိ နိုင်ပါတယ်။ အဲဒီလို စိတ် အနှောင့် အယှက် ဖြစ်စရာတွေ ကြုံတွေ့ နေရတယ် ဆိုရင် သင့်ရဲ့ Timeline ပေါ်မှာ ကြည့်ရှု ခွင့်နဲ့ ပို့စ် တင်ခွင့်ကို ကန့်သတ် တာတွေကို ပြုလုပ် သင့်ပါတယ်။

အခြားသူများက သင့်ရဲ့ Timeline ပေါ်မှာ ပို့စ်တင်ခွင့်ကို ကန့်သတ်ခြင်း

အခြားသူများက သင့်ရဲ့ Timeline ပေါ်မှာ ပို့စ်တင်နေတာကို မနှစ်သက်ဘူးဆိုရင် Home Page ရဲ့ ညာဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပြီး Settings ထဲသွားပါ။ Timeline and Tagging ကို တစ်ချက်နှိပ်ပြီး “Who can post on your timeline?” အောက်မှ Drop-Down Menu ကိုနှိပ်ပြီး “ Only Me” ပြောင်းပေးပါ။ ဒါဆိုရင် အခြားမည်သူတစ်ဦးတစ်ယောက်ကမှ သင့်ရဲ့ Timeline ပေါ်မှာ ပို့စ်တင်ခွင့် ရရှိမှာ မဟုတ်တော့ပါဘူး။



သင့်ရဲ့ Timeline ကို ကြည့်ရှုခွင့်ကို ကန့်သတ်ခြင်း

သင့်ရဲ့ Timeline ပေါ်မှာ ပို့စ်တင်ခွင့်ကို ပိတ်လိုက်တာဟာ အလွန်ကန့်သတ်ရာကျပါတယ်။ အဲဒီအစား သင့်ရဲ့ Timeline ပေါ်မှ ပို့စ်တွေကို ကြည့်ရှုခွင့်ကို ကန့်သတ်တာက ကန့်သတ်မှုကို ဖြေလျော့ပေး ရာကျပါတယ်။ Settings > Timeline and Tagging ထဲသွားပြီး “ Who can see what others post on your timeline? “ မှ Options များထဲမှ တစ်ခုကိုရွေးပေးပါ။ သူငယ်ချင်းအရင်းအချာတွေကိုပဲ ကြည့်ခွင့်ပေး ချင်ရင် Close Friends ကိုရွေးပေးသင့်ပါတယ်။

>

Myanmar Digital Life Journal
Original link - https://www.facebook.com/MyanmarDigitalLife

Read More »

Monday, May 11, 2015

Android Phone မှ အင်တာနက် ကွန်နက်ရှင်ကို ပီစီတွင် အသုံးပြုသည့် အခါ ဘရောက်စာ၏ ဒေတာ စားသုံးမှုကို နည်းပါးအောင် ပြုလုပ်ခြင်း




Desktop Version Website များဟာ Broadband Connection တွေအတွက် ဒီဇိုင်း ထုတ် ထားတာ ဖြစ်လို့ မိုဘိုင်း ဗားရှင်း ၀က်ဆိုက် အပါ အ၀င် အခြား ၀က်ဆိုက် များထက် အရွယ် အစား ကြီးမား ပါတယ်။

အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်း အားဖြင့် ဖုန်းမှ အင်တာနက်ကို ကွန်ပြူတာသို့ ထုတ်လွှင့် အသုံးပြုရင် သင့်ရဲ့ မိုဘိုင်း ဒေတာ များစွာ ကုန်ကျမှာ ဖြစ်ပါတယ်။

အောက်ပါ နည်းလမ်းတွေ ကတော့ မိုဘိုင်း ဒေတာ ပမာဏကို ချွေတာ အသုံးပြု နေရသူတွေ အတွက် အသုံး ၀င်မှာ ဖြစ်ပါတယ်။

Click-To-Play Plugins ကို Enable လုပ်ပါ။

ဝက်ဆိုက်တော်တော်များများဟာ ကြော်ညာနဲ့ ဗီဒီယိုတွေအတွက် Flash Content တွေကို Embed လုပ်ထည့်သွင်းထားကြပါတယ်။ အဲဒီ Flash Content တွေဟာ အရွယ်အစားအားဖြင့် ကြီးမားကြပါတယ်။ Flash Content တွေကို Load ပြုလုပ်ခြင်းမှ ပိတ်ပင်ထားဖို့ ဘရောက်စာတွေမှာ ပါတဲ့ Click-To-Play Plugin Feature ကို Enable လုပ်ရမှာပါ။ ဒါဆိုရင် ၀က်ဆိုက်တွေ ဖွင့်ရင် Flash Content တွေကို အလိုအလျှောက် ပြသပေးမှာ မဟုတ်ဘဲ “ Click to run Flash” ကိုနှိပ်မှသာ ပြသပေးမှာ ဖြစ်ပါတယ်။ ဘရောက်စာတွေမှာ Click-To-Play Plugin ကို Enable လုပ်ဖို့အတွက်



Chrome
Settings ထဲသွားပြီး စာမျက်နှာအောက်ဆုံးရှိ Show advanced settings လင့်ကို နှိပ်ပါ။ Privacy Section အောက်မှ Content Settings ခလုတ်ကို နှိပ်ပါ။ Plug-ins ကဏ္ဍအောက်မှ Click to play ကို ရွေးချယ်ပေးပါ။

Firefox
Firefox Address Bar မှာ about:config လို့ရိုက်ပါ။ နောက်အဆင့်မှာ “ I’ll be careful… “ ကိုနှိပ်ပါ။ Search Box မှာ plugins.click_to_play လို့ရိုက်ပြီး ရှာပါ။ ရှာတွေ့ရင် နှစ်ချက်နှိပ်ပြီး Value မှာ True ဖြစ်အောင် ပြောင်းပေးပါ။ ပြီးရင် Firefox ကို Restart လုပ်ပေးပါ။

Images များကို Disable ပြုလုပ်ပါ။

ဓါတ်ပုံတွေကလည်း Bandwidth ကို တော်တော်စားသုံးပါတယ်။ ဒတ်စတော့ဗားရှင်း ၀က်ဆိုက်တွေမှ ဓါတ်ပုံတွေဆိုရင် ပိုမိုအသေးစိတ်ကျပြီး အရွယ်ကြီးမားပါတယ်။ အဲဒီဓါတ်ပုံတွေကို မပြသအောင် ပိတ်ထားနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဓါတ်ပုံတွေကို ပိတ်ထားရင်တော့ ၀က်ဆိုက်တစ်ခုကိုဖွင့်ကြည့်ရင် အောက်ကပုံမှာလို ဓါတ်ပုံတွေကို ပြသပေးခြင်း မရှိတော့ပါဘူး။



Chrome
Settings ထဲသွားပြီး စာမျက်နှာ အောက်ခြေရှိ Show advanced settings ကို နှိပ်ပါ။ Privacy ကဏ္ဍအောက်ရှိ Content Settings ခလုတ်ကို နှိပ်ပြီး Do not show any images ကို ရွေးပေးပါ။

Firefox
Address Bar မှာ about:config လို့ရိုက်ပြီး အန်းတားနှိပ်ပါ။ Search Box မှာ permissions.default.image လို့ရိုက်ရှာပါ။ ရှာတွေ့ရင် အဲဒီအပေါ်ကို Mouse Cursor ချပြီး Right-Click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို 2 ပြောင်းပေးပါ။

Opera Turbo ကို အသုံးပြုပါ။

Opera မှာ အခြား နာမည်ကြီး ဘရောက်စာများမှာ မပါတဲ့ စွမ်းဆောင်ချက်တစ်ခုပါရှိပါတယ်။ Opera ဘရောက်စာမှာ Opera Turbo ကို အသုံးပြုရင် သင်ကြည့်ရှုတဲ့ Web Pages များကို Opera ရဲ့ ဒေတာတွေကို ချုံ့ပေးတဲ့ Proxy ကနေ ဖြတ်သန်းစေမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့် မိုဘိုင်းဖုန်းရဲ့ ဒေတာပမာဏကို သက်သာစေမှာပါ။
Opera Turbo ကို Enable လုပ်ဖို့အတွက် ဘရောက်စာရဲ့ အောက်ခြေမှ Opera Turbo Icon ကို နှိပ်ပြီး Enable Opera Turbo ကိုရွေးပါ။
Opera က HTTPS Pages များကိုတော့ သူတို့ရဲ့ Proxy ကနေ ဖြတ်သန်းစေမှာမဟုတ်ပါဘူး။ အဲဒီအတွက် သင့်ရဲ့ ပုဂ္ဂလိက ဒေတာများဟာ လုံခြုံစေမှာဖြစ်ပေမယ့် အဲဒီ Web Page များကို ချုံ့ပေးမှာ မဟုတ်ပါဘူး။



Mobile Website များကို Request လုပ်ပါ။

မိုဘိုင်းဝက်ဆိုက်များဟာ ဒတ်စတော့ဝက်ဆိုက်များထက်စာရင် Bandwidth အနည်းငယ်ကိုသာ အသုံးပြုပါတယ်။ သင့် ဒတ်စတော့ ဘရောက်စာရဲ့ User Agent ကို ပြောင်းလဲခြင်းဖြင့် မိုဘိုင်းဝက်ဆိုက်များအနေနဲ့ ကြည့်ရှုနိုင်ပါတယ်။ ဒတ်စတော့ ဘရောက်စာရဲ့ User Agent ကို ပြောင်းလဲပေးဖို့အတွက် အလွယ်ကူဆုံးက Extension များကို အသုံးပြုတာပါ။ Chrome နဲ့ Firefox အတွက် User Agent ကို ပြောင်းလဲပေးနိုင်တဲ့ Extension များကို Google Search မှာ user agent switcher for chrome or firefox စသဖြင့် ရှာဖွေနိုင်ပါတယ်။



ကြော်ညာများကို ပိတ်ပင်ပါ။

ဝက်ဆိုက်တွေမှာသာမက Facebook လို လူမှုကွန်ရက်တွေမှာပါ ကြော်ညာများစွာ ထည့်သွင်းထားကြပါတယ်။ အဲဒီကြော်ညာတွေက သင့်ရဲ့ မိုဘိုင်းဒေတာကို ကုန်ကျစေပါတယ်။ အဲဒီ ကြော်ညာတွေကို ပိတ်ပင်ထားနိုင်ဖို့ Browser Extension များကို အသုံးပြုနိုင်ပါတယ်။ Ad Blocker များစွာ ရှိပေမယ့် နာမည်အကြီးဆုံးကတော့ AdBlock Plus ဖြစ်ပါတယ်။ AdBlock Plus ကို Chrome, Firefox တို့မှာ အင်စတောလုပ်နိုင်ပါတယ်။



အထက်ပါနည်းလမ်းများအပြင် ဘရောက်စာ အလိုအလျှောက် Update ပြုလုပ်ခြင်းကို ပိတ်ထားခြင်း၊ အလိုအလျှောက် Windows Update ပြုလုပ်ခြင်းကို ပိတ်ထားခြင်းများကလည်း သင့်ရဲ့ မိုဘိုင်းဖုန်းမှ အင်တာနက် ကွန်နက်ရှင်ကို ပီစီမှာ အသုံးပြုတဲ့ အခြေအနေမှာ ဒေတာပမာဏ သက်သာစေမှာ ဖြစ်ပါတယ်။

Credit; Digital Life Journal
http://www.myanmardigitallife.com/?p=3140

Read More »

Thursday, May 07, 2015

Facebook မှ Search History များကို ဖျက်နည်း




Facebook က သင် ရှာဖွေ ထားတဲ့ Search History အားလုံး ကို သိမ်းဆည်း ပေးထား ပါတယ်။ အဲဒီ အတွက် အရင်က ရှာဖွေ ထားတဲ့ ပို့စ် တစ်ခုကို နောက်ပိုင်းမှာ ပြန်လည် ဖတ်ရှု ချင်ရင် အဆင်ပြေ စေပါတယ်။ Facebook အတွက် လည်း သင်ရှာဖွေ ထားတဲ့ ဒေတာ တွေကို ကြော်ညာရှင် များထံ ရောင်းချပြီး ၀င်ငွေ ရရှိစေ ပါတယ်။ Facebook မှာ သင်ရှာဖွေ ထား သမျှကို Only Me အနေနဲ့ သိမ်းပေး ထားတဲ့ အတွက် အခြား လူများက မြင်တွေ့ နိုင်ခြင်း မရှိပါဘူး။

ဒါပေမယ့် သင့် အကောင့်ကို အခြား သူငယ်ချင်း၊ မိသားစု ၀င်တွေက ၀င်ကြည့် တတ်ရင် သင့်ရဲ့ ရှာဖွေမှု များကို မြင်တွေ့ နိုင်ပါတယ်။ အဲဒီ အတွက် Search History ထဲမှာ အခြား သူများ မမြင်စေ ချင်တာ ဒါမှ မဟုတ် Search History တစ်ခုလုံးကို ဖျက်ပစ် သင့်ပါတယ်။

ဒီလို လုပ်ဖို့ Facebook Home Page ရဲ့ ညာဘက် ထိပ်ရှိ Drop-Down Arrow ကို နှိပ်ပါ။ “ Activity Log” ကို နှိပ်ပါ။


ဘယ်ဘက်ခြမ်းမှ More ခလုတ်ကို နှိပ်ပါ။


Search ကို နှိပ်ပါ။


ရှာဖွေမှုများကို နေ့စွဲများနဲ့ ခွဲခြားပြသပေးထားပါတယ်။ ရှာဖွေမှုတစ်ခုကို ဖျက်ဖို့အတွက် Block Icon ကို တစ်ချက်နှိပ်ပြီး Delete ကို နှိပ်ပါ။


Confirmation Box ကျလာရင် Remove Search ခလုတ်ကို နှိပ်ပါ။


ရှာဖွေမှုအားလုံးကို ဖျက်ချင်ရင် စာမျက်နှာရဲ့ ထိပ်ဆုံးရှိ Clear Searches ကို နှိပ်ပါ။


Confirmation Box ကျလာရင် Clear Searches ကိုနှိပ်ပါ။


သင့်ရဲ့ မိုဘိုင်းဖုန်း ၊ ကွန်ပြူတာကို သင့်ရဲ့ သူငယ်ချင်းများက မကြာခဏ အသုံးပြုလေ့ရှိကြမှာပါ။ အဲဒီအတွက် သင့်ရဲ့ Search History များကို အခြားသူများ မသိစေချင်ရင်တော့ အထက်ပါနည်းလမ်းကို အသုံးပြုပြီး ဖျက်နိုင်ပါတယ်။

Myanmar Digital Life Journal
https://www.facebook.com/MyanmarDigitalLife

Read More »