နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label နည်းပညာဆောင်းပါး. Show all posts
Showing posts with label နည်းပညာဆောင်းပါး. Show all posts

Saturday, May 20, 2017

ဒရုန်းနဲ့ ဝင်ငွေရနိုင်မယ့် နည်းလမ်းတချို့




ယနေ့ ခေတ်မှာ တိုးတက် လာတဲ့ နည်းပညာ အရ မောင်းသူမဲ့ ယာဉ်ငယ် ဒရုန်းတွေ ပေါ်လာ ပါတယ်။ လူကိုယ်တိုင် ဝင်ရောက် မောင်းနှင် စရာ မလိုဘဲ ရီမု ကွန်ထရိုးလ်နဲ့ ထိန်းချုပ်ရုံနဲ့ မောင်းနှင် ပျံသန်းနိုင်တဲ့ ဒရုန်း စက်ပစ္စည်းတွေ ဖြစ်ပါတယ်။

ဒရုန်း ကျွမ်းကျင် ပညာရှင် တွေက ကောင်းကင် အမြင့် ရှုခင်းပုံတွေကို ရိုက်ကူးပေးဖို့ အလုပ်အပ် လက်ခံ တာမျိုးတွေ၊ ရုပ်ရှင် တီဗီ အစီအစဉ်တွေ ရိုက်ကူးဖို့ အတွက် အသုံးချ တာမျိုးတွေ ရှိုးပွဲတွေနဲ့ အထင်ကရ ပွဲတော်တွေ အတွက် ရိုက်ကူး တာမျိုးတွေကို ဒရုန်းကို စီးပွားဖြစ် အသုံးချတာမျိုးတွေ ရှိလာကြပါတယ်။

ဒရုန်းနဲ့ ဝင်ငွေရှာဖို့ ဒရုန်းကို ပျံသန်းထိန်းချုပ်နိုင်တဲ့ သူတစ်ဦးကို ငှားရမ်းရတာ ဖြစ်ပါတယ်။

စီးပွားဖြစ် ရိုက်ကူးပေးနိုင်

ဟိုတယ် အပန်းဖြေ စခန်းများ ဆောက်လုပ်ရေး လုပ်ငန်းများ showroom တွေကို အလှပဆုံး ရိုက်ကူးပေး တာမျိုးတွေ၊ ဝန်ထမ်း ညစာစားပွဲများ မင်္ဂလာေ
ဆောင်များ ပါတီပွဲများ တွေ့ဆုံ ပွဲများကိုလည်း အတွင်း အပြင် (indoor/outdoor) ပျံသန်းခြင်း အထပ်မြင့် ရှုခင်းတွေကို ရိုက်ကူးပေး တာမျိုးတွေ စတာတွေ ကိုလည်း စီးပွားဖြစ် လုပ်ကိုင် ဆောင်ရွက် တာမျိုးတွေ ရှိပါတယ်။

ပွဲဈေး၊ ဘုရားပွဲ၊ ၁၂ လရာသီပွဲတော် ကျင်းပတဲ့ နေရာတွေကို ဒရုန်းဝါသနာရှင်တွေအပြင် စီးပွားဖြစ် လုပ်ကိုင်ကြတဲ့ ဒရုန်းကျွမ်းကျင်သူတွေဆီ အပ်ပြီး ရိုက်ကူးကြတာမျိုးတွေလည်း ရှိကြပါတယ်။

ကောင်းကင်ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးခြင်းကို နှစ်သိန်းတန် package မှာ ပါဝင်တဲ့ ဝန်ဆောင်မှုတွေမှာ ဓာတ်ပုံ၊ ဗီဒီယို အပါအ ဝင် တစ်ရက်လုံးစာအတွက် ဘက်ထရီ နှစ်လုံးကို နှစ်သိန်း၊ ဓာတ်ပုံ ၃၀ ဝန်းကျင်ကို edit လုပ်ပြီးသား ဗီဒီယိုတစ်ခုအပြင် ရိုက်ကူးထား သမျှ စီဒီတွေပါ လုပ်ဆောင်ပေးတာမျိုး ရှိပါတယ်။

နောက်တစ်ခုကတော့ ဒရုန်း နဲ့ ဇာတ်လမ်းရိုက်ကူးတာ ဖြစ်ပါ တယ်။ အရင်လို ကင်မရာမန်းတွေက အပြေးအလွှားရ ကာယအား စိုက်ပြီး ရိုက်ကူးတဲ့ အစားဒရုန်းနဲ့ ထိန်းချုပ်ပြီး ရိုက်ကူးလိုက်တာ ကြောင့် လူသက်သာစေမှာ ဖြစ်သ လို မိမိလိုချင်တဲ့ မြင်ကွင်းရှုထောင့်ကနေ ပျံသန်းပြီး စိတ်ကြိုက်ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ စက်ပစ္စည်းဖိုးနဲ့ စွမ်းအင် energy လျော့နည်း ဖို့လည်း အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။

ယူကျူ့မှာ ပိုက်ဆံရှာ

ယူကျူ့Youtubeလို ဆိုရှယ်မီဒီယာမှာ မိမိရိုက်ကူး ထားတဲ့ ဒရုန်း ဗီဒီယိုတွေကို ကြည့်ရှုသူ (subscribers) များများ ရအောင် ကြိုးစားပါ။ လူတွေကြည့်ဖို့ စိတ်ဝင် စားအောင် ကိုယ့်ရဲ့ ဗီဒီယိုတွေအပေါ် မူတည်ပါတယ်။

ဥပမာ မိမိ ကိုယ်တိုင် ရိုက်ကူးထားတဲ့ ဗီဒီယိုက သီတင်းကျွတ်၊ သင်္ကြန်လိုပွဲတော်တွေကို ဒရုန်းနဲ့ရိုက်ကူးထား တာမျိုးနဲ့ subscribe လုပ်ပါက လူတွေရဲ့  စိတ်ဝင်စားမှုကို ရဖို့ရာ ခိုင်နှုန်းများပါတယ်။ အဲသည် စိတ်ဝင်စားမှု ဖိုင်တစ်ခုကနေ လူ တွေက မိမိကို subscribe လုပ်လာကြမှာ ဖြစ်ပြီး ကြည့်ရှုသူဦးရေ မြင့်လာတာနဲ့အမျှ follower များ လာတာ youtube ကနေ ပိုက်ဆံရှာနိုင်ပြီ ဖြစ်ပါတယ်။

နောက်ပြီး အွန်လိုင်းစတိုးသို့ ဝက်ဘ်ဆိုက်ကနေ ကြော်ငြာသမားတွေအတွက် မိမိရဲ့ ဗီဒီယိုကိုလည်း ရောင်းချတာတွေ လုပ်နိုင်တာကြောင့် youtube ကနေ တစ်ဆင့်ကြော်ငြာသမားတွေနဲ့ ပါတနာဖြစ်လာပြီး မိမိအတွက် ဒရုန်းနဲ့ ကြော်ငြာတွေရိုက်ဖို့ ပရိုဂရမ်တစ် ခု ကမ်းလှမ်းတာမျိုးတွေ ဖြစ်လာမှာပါ။

ရေအောက်ဒရုန်း

နောက်တစ်ခုက ဘရာဇီးနိုင်ငံ ရဲ့ တချို့ဒေသတွေမှာဆိုရင် ရေအောက်ဒရုန်းကို အသုံးပြုပြီး ငါးဖမ်းကာ စီးပွားရေးရှာခဲ့တာ စတင်နေပြီ ဖြစ်ပါတယ်။

ရေအောက်ဒရုန်းကို အသုံးပြု ပြီး စီးပွားရေးရှာလို့ ရတယ်ဆိုတာကို အဲသည်ဒေသခံတွေက သက်သေပြခဲ့တာ ဖြစ်ပါတယ်။ အရင်ကဆို လေပေါ်မှာ ပျံသန်းတဲ့ ဒရုန်းတွေပဲ ရှိခဲ့ပေမဲ့ ၂၀၁၇ မှာ နည်း ပညာထုတ်ကုန်အသစ်တစ်ခုအ နေနဲ့ ရေအောက်ဒရုန်းက ဈေးကွက်ထဲဝင်လို့ လာပါပြီ။

ရေအောက် ဒရုန်းဟာဆိုရင် ရေအောက်တွေမှာရှိတဲ့ ငါးတွေကိုပါ မျှားနိုင်မှာ ဖြစ်ပါတယ်။ ရေချို ရေငန်စတဲ့ ရေအောက်တွေမှာ သည်ရေအောက်ဒရုန်းနဲ့ ၃၀ မီတာ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ငါးတွေကို ၄၀ မီတာ အဝေးက နေ ရှာဖွေတွေ့ရှိနိုင်ကြောင်း သိရ ပါတယ်။

မောင်းနှင်ရာမှာ စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး ဖုန်းရဲ့ စခရင်ကနေပဲ ထိန်းချုပ်မောင်းနှင်ရမှာ ဖြစ်ပါတယ်။

“ရေအောက်ဒရုန်းတွေ ပေါ်လာတော့ ရေအောက်ထဲမှာ ရှာ ချင်တာတွေဆို အသုံးဝင်တယ်၊ ရေငုပ်တဲ့ ပုံစံမျိုးသူလဲ ကင်မရာနဲ့ ပဲ ရေအောက်ထဲမှာ သုံးတယ်၊ နောက်ပိုင်း ကျွန်တော်တွေ့တာက လေပေါ်သွားတာလဲ ရှိတယ်၊ ရေအောက်သွားတာလဲရှိတယ်၊ နှစ်မျိုးလုံးသုံးလို့ရတယ်၊ရေ အောက်ထဲမှာ ရုပ်ရှင်ရိုက်တာပဲ ဖြစ်ဖြစ် ပစ္စည်းရှာတာမျိုးပဲ ဖြစ်ဖြစ် အန္တရာယ်ရှိတဲ့ နေရာမျိုးတွေမှာဆို အသုံးဝင်မယ်”လို့ ပြည်တွင်း လုံခြုံရေးနည်းပညာရှင်ဖြစ်သလို ပြည် တွင်းမောင်းသူမဲ့ လေယာဉ်ဒရုန်း RC builder သင်တန်းရဲ့ တာဝန် ရှိသူတစ်ဦးဖြစ်တဲ့ ကိုရန်နိုင်မြင့်က ဖုန်းနဲ့ မေးမြန်းမှု အပေါ် မှတ်ချက်ချပါတယ်။

ပို့ဆောင်ပေးနိုင်

နောက်တစ်မျိုးက ပစ္စည်းနဲ့ စားသောက်ကုန် စတာတွေကို ပို့ပေးတဲ့ delivery စနစ်ကို ဒရုန်းနဲ့ အသုံးချနိုင်ပြီ ဖြစ်ပါတယ်။ လက်ရှိအမေရိကန်နိုင်ငံရဲ့ စားသောက် ဆိုင်တချို့မှာ ဆိုရင် ဒရုန်းနဲ့ အစား အသောက် ပို့ဆောင်တာတွေတောင် လုပ် နိုင်တာကြောင့် စားပွဲထိုးတောင် မလိုတော့ပဲ ဒရုန်းနဲ့ပဲ အစား အသောက်တွေကို ပို့ဆောင်တာ လုပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

Read More »

Tuesday, August 30, 2016

ကားလမ်းဖေါက်လုပ် ထိမ်းသိမ်းရေး




ကားလမ်း ဖေါက်လုပ် ပြင်ဆင် ထိမ်းသိမ်းရေး အတွက် လိုအပ် တာတွေနဲ့ ပါတ်သက်ပြီး အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယား ပြည်နယ်က လမ်းအင်ဂျင်နီယာ ဦးဝင်းဖေကို မေးမြန်း တင်ပြ ထားပါတယ်။

လမ်းအမျိုး အစားကို အကြမ်းဖျင်း ၂ မျိုးခွဲနိုင်ပြီး အောက်ခံ ကွန်ကရစ်ပေါ်မှာ ကတ္တရာခင်းတဲ့ Rigid Pavement လမ်းမျိုးနဲ့ ရိုးရိုး မြေကြီးပေါ်မှာ ကျောက်ခံ အလွှာတွေ အထပ်ထပ် ခင်းပြီး အပေါ်က ကတ္တရာ ခင်းတဲ့ Flexible Pavement ဖြစ်ပါတယ်။

အဆင်ပြေ ခိုင်ခန့်တဲ့ လမ်းတလမ်း ရဖို့အ တွက် လမ်းဖေါက်မယ့် လမ်းကြောကို ရွေးချယ်ရာမှာ ပထမဆုံး နေရာ ဒေသရဲ့ ပါတ်ဝန်းကျင် အနေအထားအပြင် လူမှုရေး ဆိုင်ရာတွေ ကိုပါ ထည့်သွင်း စဉ်းစားပြီး ကွေ့သင့်တဲ့ နေရာ၊ ရှောင်သင့်တဲ့ နေရာတွေကို သတ်မှတ် ရပါတယ်။

လမ်းကြော သတ်မှတ်ပြီးရင် လမ်းအင်ဂျင်နီယာက လမ်းအတွက် အထက်အောက် အနိမ့်အမြင့် အကွေ့အကောက်တွေကို ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း အတိုင်း လိုက်နာပြီး အသေးစိတ် ပုံစံ ထုတ်ပေး ရတယ်လို့ ဦးဝင်းဖေက ပြောပါတယ်။

လမ်းမဖေါက်ခင်မှာ အရင်ဆုံး သိထားရမှာက ဝန်းကျင် တဝိုက်က ရေသွား ရေလာစံနစ် drainage system ဖြစ်တာမို ဒါကို အရင်လေ့လာဖို့ လိုပါတယ်။ လမ်းကို မထိခိုက်စေဖို့ နဲ့ လမ်းတာရှည် ခံဖို့ ရေမြောင်း ဖေါက်သင့် မသင့်လည်း တွက်ချက် ရတာပါ။

လမ်းတလမ်းဖေါက်ရာမှာ အောက်ခံမြေက သိပ် အရေးကြီးပါတယ်။ အောက်ခံမြေသား ကောင်းတဲ့ နေရာမှာ ဆောက်လုပ်ရင် လမ်းတာရှည် ခံတာမို့ ပြန်ပြင်ရတဲ့ စားရိတ်ကို သက်သာ စေပါတယ်။

အောက်ခြေက မြေဆီလွှာဟာ clayey လို့ခေါ်တဲ့ ရွှံ့မြေ အပျော့စား ဖြစ်နေရင် တူးထုတ် ပစ်ဖို့ လိုအပ်ပြီး silty လိုသဲဆန်တဲ့ မြေမျိုး ဆိုရင်တော့ လမ်းအတွက် အဆင်ပြေ
စေပါတယ်။

မြန်မာနိုင်ငံမှာ ခင်းလေ့ရှိတဲ့ Flexible Pavement လို့ခေါ်တဲ့ ရိုးရိုးမြေကြီးပေါ်မှာ ကျောက် အရွယ် အစား အမျိုးမျိုးထပ်ခင်းပြီး ကတ္တရာ လောင်းတဲ့ လမ်းမှာ ဆိုရင်
အောက် ခံမြေ တောင့်တင်းမှု ရှိအောင် ပထမဆုံး လမ်းကြိတ်စက်တွေနဲ့ နင်းပြီး သိပ်ပေးရပါတယ်။ အဲဒီပေါ်မှာ လမ်းကျစ်လစ် ခိုင်မာမှု ပိုရှိစေဖို့ အတွက် ကျောက်စရစ် ခဲနဲ့ သဲရောထားတဲ့ လိုချင်တဲ့ ကျောက် အရွယ်အစား ပေါင်းစုံ ပါအောင် ခင်းပြီး ထပ်ကြိတ်ပေး ရပါတယ်။ ဒါဟာ လမ်းအတွက် ရေဝင်ပြီး ပျက်စီးတာ သိပ်မရှိစေပဲ နဲသွားနိုင်တာပါ။ အဲဒီအပေါ်ကမှ ကတ္တရာ ခင်းပေး ရပါတယ်။

လမ်းတလမ်း အတွက် သက်တမ်းဟာ ၁၅ နှစ်နဲ့ အနှစ် ၂၀ ကြားမှာ ရှိတယ်လို့ ပြောပါတယ်။ လမ်းမှာ အပေါ်က ကတ္တရာ အက်ကွဲ လာမယ် ဆိုရင် အဲဒီလမ်းကို သက်တမ်း ကုန်တဲ့ လမ်းလို့ ခေါ်ပြီး အဲဒီလမ်းတလမ်းလုံးကို ကော်ထုတ်ပြီး ပြန်ခင်းပေး ရပါတယ်။

လမ်းမှာ အောက်ခြေက မြေပျော့ပြီး ကျွံကျသွားတဲ့ နေရာ ဒါမှမဟုတ် ကတ္တရာ အသစ် ထပ်ခင်းတဲ့ နေရာမှာ တွဲဆက်မှု မကောင်းတဲ့အတွက် နေရာကွက်ပြီး အပေါက်တွေ ဖြစ်လာ တတ်ပါတယ်။

လမ်းကို ထိမ်းသိမ်းဖို့အတွက် လမ်းဗိုလ်ခန့်ထားပြီး လမ်းကိုစောင့်ကြည့် ပေးဖို့လည်း လိုအပ်ပါတယ်။

ကားလမ်းဖေါက်လုပ် ထိမ်းသိမ်းရေး

From : ဗွီအိုအေမြန်မာသတင်းဋ္ဌာန by : (​ဒေါ်ခင်မျိုးသက်)

Originally published at - http://burmese.voanews.com

Read More »

Tuesday, August 23, 2016

Augmented Reality နည်းပညာ




Computer နဲ့ဖန်တီးတဲ့ အရာတွေကို လက်ကိုင် ဖုန်းလို ကြားခံက တဆင့် မြင်တွေ့ နိုင်အောင် ဖန်တီးပေးတဲ့ နည်းပညာကို Augmented Reality အတိုကောက် AR လို့ ခေါ်ပါတယ်။

Pokémon Go ဂိမ်းကြောင့် AR နည်းပညာအပေါ် အာရုံစိုက်မှု ပိုရလာခဲ့တဲ့ အပြင် အလားတူ ဖန်တီး မှုတွေကို အပြိုင် လုပ်လာနေ ကြပါတယ်။

ဈေးကွက်မှာ နောက်ထပ် တိုးတက်မှုတွေ ရှိလာ လိမ့်မယ်လို့ ကျွမ်းကျင် သူတွေ ခန့်မှန်းနေတဲ့ Augmented Reality နည်းပညာ အကြောင်းကို မစုမြတ်မွန်က ဘလော်ဂါတွေ ပြောသမျှ အစီအစဉ်မှာ ပြောပြ ပါလိမ့်မယ်။

Augmented Reality နည်းပညာအကြောင်း

From : ဗွီအိုအေမြန်မာသတင်းဋ္ဌာန by : (စုမြတ်မွန်)

Originally published at - http://burmese.voanews.com

Read More »

Wednesday, August 19, 2015

Android ဖုန်းရဲ့ Memory Space အတွက် ဆောင်သင့်တဲ့ အချက်များ




ကျွန်တော်တို့ Smart Phone အသုံးပြုနေ ကြတဲ့ လူတွေ ထဲမှာ ရံဖန်ရံခါ Memory Space မလုံလောက်တဲ့ ပြဿနာ နဲ့ ရင်ဆိုင်ကြ ရပါတယ်။ ဖုန်းရဲ့ Built in Memory Space ကလည်း အတော် အသင့်အသုံးပြု နိုင်တယ်။ ဒ့ါအပြင် ဖုန်းမှာ Memory အသုံးပြုမှု များစေမဲ့ Application နဲ့ Data တွေကို အသုံးပြု မထားဘူး။ ဒါပေမဲ့ Memory Space က မလောက်တော့ပဲ Space လိုနေတယ်ပဲ ပြနေတယ် ဆိုရင် သင့်အတွက် စိတ်ညစ် စရာတွေဖြစ် လာပါတယ်။

အလွယ်တကူ Memory SD Card ကို ထပ်တိုး လိုက်မယ် ဆိုရင်တော့ အဆင်ပြေပေမဲ့ အချို့ အကြောင်း အမျိုးမျိုးကြောင့် Memory SD Card ထပ်တိုးရန် အခက်အခဲ ဖြစ်နေကြတဲ့ လူတွေ အတွက် နည်းလမ်း အချို့ကို ဖော်ပြပေး လိုက်ပါတယ်။

ကိုယ် install လုပ်ထားတဲ့ Application တွေကို အသုံးမပြုဖြစ်ဘူး ဆိုပေမဲ့လည်း Application ရဲ့ Cache တွေက ဖုန်းရဲ့ Memory Space ကို နေရာ ယူထား ပါတယ်။ ဒါတွေကို စစ်ဖို့ အတွက် Android ရဲ့ Setting ထဲမှာ ပါဝင်တဲ့ Storage ထဲမှာ အကြမ်းဖျဉ်း သွားရောက် စစ်ဆေးနိုင်ပါတယ်။

ဒါ့အပြင် Disk Usage (https://play.google.com/store/apps/details?id=com.google.android.diskusage) လို့ခေါ်တဲ့ Application နဲ့လည်း စစ်ဆေးနိုင် ပါတယ်။ စစ်ဆေးပြီးတဲ့ အခါ ရလာတဲ့ အဖြေပေါ်မှာ မူတည်ပြီး ဘယ်အရာက Memory ပိုစားနေလဲ ဆိုတာကို ကြည့်ရှုပြီး ဖြတ်သင့် ပါတယ်။ မိမိ Install လုပ်ထားတဲ့ Application တွေက Memory Space အတွက် နေရာယူမှု များနေတယ် ဆိုရင် တော့ Application ရဲ့ Cache ကို ရှင်းလင်း သင့်ပါတယ်။ Application ရဲ့ Cache ကို ရှင်းလင်းဖို့ အတွက်တော့ Setting ထဲက Application Manager ထဲမှာ သွားရောက် ရှင်းလင်းနိုင် ပါတယ်။

နောက်တစ်ခုကတော့ ဓါတ်ပုံ ၊ ဗီဒီယိုနဲ့ အချို့ Data တွေကို cloud storage ကိုအသုံးပြု သိမ်းထားပါ။ အခုနောက်ပိုင်းမှာ Cloud Storage တွေ အလကားပေးထားတဲ့ IT Company တွေ အများကြီး ရှိပါတယ်။ ဓါတ်ပုံတွေကို Cloud ပေါ်တင်ဖို့ အတွက် မကြာသေးမှီ ကမှ ကြေငြာခဲ့တဲ့ Google Photo နဲ့ အခြား Data တွေကို Cloud ပေါ် တင်ထားနိုင်တဲ့ Dropbox, OneDrive နဲ့ Google Drive စတဲ့ Application တို့ကို အသုံးပြုနိုင် ပါတယ်။ မိမိဖုန်းရဲ့ Memory Space ကို ဂရုစိုက် တတ်တဲ့ မိတ်ဆွေတို့ အနေနဲ့ အထက်ဖော်ပြပါ အချက်များဖြင့် ဖုန်းရဲ့ Memory space ပြဿ နာကို ဖြေရှင်းနိုင် ပါတယ်။

Ref : Geek

Aung Ko Htet (MMAS)

Original link - http://www.myanmarmobileapp.com

Read More »

Monday, August 17, 2015

Youtube ရဲ့ CEO




ကမ္ဘာ့ လူဝင် ကြည့်ရှုမှု အများဆုံး Video Channel တစ်ခုက Youtube ဆိုတာကို အင်တာနက် အသုံးပြုသူတိုင်း ငြင်းကြ လိမ့်မယ် မထင်ပါ။ Youtube ဟာ google လက်အောက်ခံ company ခွဲ တစ်ခု ဖြစ်ပေမဲ့ အသုံးပြု သူပေါင်း မြောက်မြားစွာကို ပိုင်ဆိုင် ထားတဲ့ ကမ္ဘာ့ နံပါတ် ၁ ဗီဒီယို Website တစ်ခုလည်း ဖြစ်ပါတယ်။

ဒီလို ဖြစ်လာဖို့ အတွက် ကြိုးစားလာ ခဲ့တဲ့ လူကတော့ Youtube ရဲ့ အမျိုးသမီး CEO Susan Wojcicki ပဲ ဖြစ်ပါတယ်။ သူမကို 1968 ခုနှစ် ဂျူလိုင်လမှာ မွေးဖွား ခဲ့တာ ဖြစ်ပါတယ်။

သူမမှာ မွေးချင်း ညီအစ်မ နှစ်ယောက် ရှိပါသေးတယ်။ သူမရဲ့ အထက်တန်း ကျောင်းသူ ဘဝမှာ ကျောင်းမှ ထုတ်ဝေတဲ့ သတင်းစာမှာ ဆောင်းပါးများ ရေးသားခွင့် ရရှိခဲ့ ပါတယ်။

တက္ကသိုလ် ကျောင်းသူ ဘဝမှာတော့ ဟားဗတ် တက္ကသိုလ်မှာ တက်ရောက် ခဲ့ပြီး သမိုင်း ဘာသာရပ်နဲ့ စာပေပညာ ဘာသာရပ် တို့ကို လေ့လာ သင်ယူပြီး 1990 မှာ ဘွဲ့ရရှိ ခဲ့ပါတယ်။ သူမရဲ့ ပမထမ အစီအစဉ် ကတော့ အကယ်ဒမီ ကျောင်းတစ်ခု ခုမှာ စီပွားရေး ဆိုင်ရာ PhD ဘွဲ့တစ်ခု ခုယူနိုင်အောင် ကြိုးစားမယ် ဆိုပြီး စီစဉ် ခဲ့ပေမဲ့ နည်းပညာနှင့် ထိတွေ့ခွင့် ရသွားတဲ့ သူမဟာ ပထမ ရည်ရွယ်ချက် အစီအစဉ်ကို ပြောင်းလဲ ခဲ့ပါတယ်။

1998 September လမှာတော့ Google ရဲ့ Founder နှစ်ဦးဖြစ်တဲ့ Larry Page နဲ့ Sergey Brin တို့နဲ့ အတူ Google ရဲ့ ရုံးခန်းထဲမှာ စတင် အလုပ် လုပ်ဖြစ် ခဲ့ပါတယ်။ Wojcicki ဟာ Google မှာ Marketing Manager မဖြစ်ခင်က Intel မှာ Marketing ဝန်ထမ်း အနေနဲ့ အလုပ် လုပ်ခဲ့ ပါတယ်။

ဒါ့အပြင် Bain & Company နှင့် R.B.Webber&Company တို့မှာလည်း စီမံခန့်ခွဲရေး အကြံပေး အနေနဲ့ အလုပ် လုပ်ခဲ့ ပါသေးတယ်။ 1999 ခုနှစ် မှာတော့ သူမဟာ Google ရဲ့ ပထမဦးဆုံး marketing manager ဖြစ်လာ ခဲ့ပါတယ်။ သူမရဲ့တာဝန် ကတော့ Google ရဲ့ products တွေကို အများက အသုံးပြု လာအောင်နဲ့ လူသိ ပိုများလာအောင် ပြုလုပ်ရခြင်း ဖြစ်ပါတယ်။

ပထမဦးဆုံး သူမ တာဝန်ယူရတဲ့ Google ရဲ့ Products တွေကတော့ Google Doodles, Google Images နဲ့ Google Books တို့ ဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ Google ရဲ့ စီးပွားရေး လုပ်ငန်းများ အတွက် ကြော်ငြာ ဝန်ဆောင်မှုတွေ ဖြစ်တဲ့ AdWrods, AdSense, DoubleClick နဲ့ Google Analytics တို့ကိုပါ တာဝန်ယူ လာရ ပါတယ်။

နည်းပညာတွေရဲ့ စီးပွားရေး လောကကို နားလည်လာတဲ့ Wojcicki ဟာ Google Video ကို ထုတ်လွှင့်ဖို့ မျက်စိ ကျခဲ့ပါတယ်။ ဒါ့ကြောင့် Google နှင့် ယှဉ်ပြိုင်ကာ တည်ထောင်ထားတဲ့ Start up Video Website တစ်ခု ဖြစ်တဲ့ Youtube ကို ဝယ်ယူ ခဲ့ပါတယ်။

Wojcicki ဟာ သူမ တာဝန်ယူ ထားရတဲ့ Youtube နဲ့ DoubleClick တို့မှ 2006 နှင့် 2007 ခုနှစ် များတွင် အောင်မြင်မှု များကို ရယူပေး လာတာနဲ့ အမျှ တာဝန် အရလည်း Senior Vice President ဖြစ်လာ ခဲ့ပါတယ်။

2014 ခုနှစ် ဖေဖော်ဝါရီ လမှာတော့ Youtube ရဲ့ CEO ဖြစ်လာ ခဲ့ပါတယ်။ Wojcicki ကို ကြော်ငြာ ကဏ္ဍနဲ့ ပတ်သက်ပြီး အရေးကြီးဆုံး လူတစ်ယောက် အဖြစ် Google က သတ်မှတ် ထားပါတယ်။

သူမဟာ 2011 ခုနှစ်က Forbes မဂ္ဂဇင်းမှ ထုတ်ပြန်တဲ့ ကမ္ဘာ့သြဇာ အရှိဆုံးအမျိုးသမီး အယောက် တစ်ရာ အတွင်းမှာ အဆင့် 16 ၊ 2012 ခုနှစ်မှာတော့ 25 ၊ 2013 ခုနှစ်မှာ အဆင့် 30 နဲ့ 2014 ခုနှစ်မှာတော့ အဆင့် 12 ရရှိခဲ့တဲ့ အမျိုးသမီး တစ်ဦးလည်း ဖြစ်ပါတယ်။

Wojcicki ဟာ သူမရဲ့ အလုပ်ပေါ် တာဝန် ယူတတ်မှုနဲ့ ကြိုးစားမှု အားထုတ်မှုကြောင့် အမျိုးမျိုးသော လုပ်ငန်း တာဝန်တွေကို ထမ်းဆောင် ခဲ့ပြီး နောက်ဆုံးမှာတော့ CEO အဖြစ်ကို ရရှိအောင် စွမ်းဆောင်နိုင် ခဲ့ပါတယ်။

Ref : Wiki

Aung Ko Htet (MMAS)

Original link - http://www.myanmarmobileapp.com/

Read More »

Friday, August 14, 2015

Google Alphabets ဆိုတာ…




Google Alphabets ဆိုတာ အသစ်အဆန်း ကြီးတော့ မဟုတ်ပါဘူး။ Google ထုတ်ကုန်တိုင်းဟာ အင်္ဂလိပ် အက္ခရာရဲ့ အစီစဉ်အတိုင်း ထုတ်လုပ်ထားခြင်းကို ရည်ရွယ်ပြီး Alphabets ဆိုပြီး အမည်ပေး ခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။

မှန်ပါတယ် Google ရဲ့ ထုတ်ကုန်တိုင်းဟာ အင်္ဂလိပ် အက္ခရာ အစီအစဉ် အတိုင်းကို ရှိနေ ခဲ့ပါတယ်။ ကျွန်တော်တို့ အနည်းအကျဉ်းသာ သိသေးတဲ့ Google ဟာ တကယ့်ကို ကြီးမား ဆန်းကျယ်တဲ့ ထုတ်ကုန်တွေကို ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။

Google ရဲ့ ထုတ်ကုန်တွေကို အားလုံး သိအောင် A ကနေ Z အထိ စီပြီး အစီအစဉ် တကျ ဖော်ပြ လိုက်ပါတယ်။

A – Analytics, AdSense, Android, AdMob
B – Books, Business, Blogger , Bookmarks
C – Chrome, Calendar, Code, Custom Search
D – Drive, Docs, Drawings
E – Earth
F – Fiber, Fonts, Forms
G – Glass , Groups , Gmail
H – Hangouts
I – I/O , Image Search
J – Junior , Job
K – Keep
L – Local
M – Maps, Musics, Mobile, Maps for mobile
N – Now, News, Nexus
O – Offers
P – Play Store, Plus, Photos
Q – Nexus Q
R – Reader
S – Search, Sheets, Slides, Sites, Scholoar, Search for mobile
T – Translate, Trends, TV
U – URL Shortener
V – Voice , Video search ,
W – Wallet, Web Master ,
X – X Labs
Y – Youtube
Z – Zeitgeist

Source : Google , Ref : 9Gag

Aung Ko Htet (MMAS)

Original link - http://www.myanmarmobileapp.com/

Read More »

Sunday, July 26, 2015

Google+ အကြောင်း မသိသေးတဲ့ သူငယ်ချင်းတွေ အတွက်




အခုတလော ကျွန်တော် social website အသစ် တစ်ခု ဖြစ်တဲ့ Google+ ကို တော်တော်လေး သုံးရတာ အကြိုက် တွေ့နေ ပါတယ်။ ကျွန်တော်တို့ မြန်မာ လူမျိုး အများစုက Gmail နဲ့ မစိမ်းကြ ပါဘူး။

ဒါပေမယ့် Google+ နဲ့တော့ တော်တော်လေး မရင်းနှီး ကြဘူးလို့ ထင်မိတယ်။ သိပြီးသား သူတွေ ကတော့ ကျော်သွား ကြပေါ့။ မသိသေးတဲ့ သူတွေ ကတော့ စိတ်ရှည်ရှည်နဲ့ ဖော်စား အဲလေ
ဆက်ပြီး ဖက်ကြည့် ကြပေါ့နော် အားလုံး အတွက် ကောင်းကွက် လေးတွေ ရှိလို့ မျှဝေပေး တာပါ။ ဆရာကြီး လုပ်တယ်လို့တော့ မထင်ပါနဲ့ဗျာ။

Google+ ဆိုတာဘာလဲ???

google+ ဆိုတာက အားလုံး သိကြတဲ့ နာမည်ကြီး google.com ရဲ့ social networking service တစ်ခု ဖြစ်ပါတယ်။ ဒီထက် နဲနဲ ပိုခက်အောင် ပြောရရင် Google+ ဆိုတာ Facebook, Twitter, VZO (skype), Gtalk အဲ့ဒါတွေ အားလုံးကို ပေါင်းစည်း ထားတဲ့ website တစ်ခုပေါ့။ ရှုပ်သွားပြီလား မသိဘူး။ မရှုပ် ပါနဲ့အုံး လွယ်လွယ် လေးပါ။ ဒီလိုမှတ်ထား လိုက် Facebook အငယ်စား လေးပေါ့။

တကယ်ပဲ Facebook အငယ်စား လေးလား?? Facebook Killer လား???

G+ မှာ FB နဲ့ လုံးဝ နီးပါး ချွတ်စွတ် တူနေတဲ့ နေရာတွေ ရှိနေ ပါတယ်။ ဒါပေမယ့် FB အတု ဒါမှ မဟုတ် FB ကို copy လုပ်ထားတာ ဆိုပြီး ကမ္ဘာပေါ်က ဘယ် user ကမှ အထင် မသေးရဲ ခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ FB ဆီက copy လုပ် ထားတယ် ဆိုတာထက် FB တောင် နောက်ကောက် ကျသွားနိုင်တဲ့ အားသာ ချက်တွေ များစွာနဲ့ users တွေ ဆီကို feature အသစ်တွေနဲ့ ဝင်ရောက် လာခဲ့ တာပါ။

အခုဆို feature အသစ် အသစ်တွေ ဆက်တိုက် ထွက်လာပြီး ဟိုတလောက FB ပိတ် တော့မယ် ဆိုတဲ့ သီတင်း တကယ်မှန် သွားစေနိုင် လောက်အောင် လျှင်လျှင် မြန်မြန်နဲ့ အောင်မြင် လာခဲ့ပါတယ်။

Google+ ဆိုပြီး တရားဝင် မလွှင့်တင်ခင် အထိ Google+ Project ဆိုပြီး Google company က ၀န်ထမ်းတွေကို စပြီး အသုံးပြုခွင့် ပေးခဲ့ ပါတယ်။ အဲ့ဒီ Trial ကာလ အတွင်းကတော့ G+ ကို လက်ရှိ အသုံးပြုနေတဲ့ သူတွေက invite လုပ်ပေး မှ အကောင့် မရှိသေးတဲ့ သူတွေ အသုံးပြုခွင့် ရတဲ့ ကာလပါ။ အံ့သြ စရာ ကောင်းလောက် အောင်ပါပဲ Trial ကာလ (June 28, 2011 until September 20,2011) ၄လ အတွင်းမှာ အသုံးပြုသူ ဦးရေ သန်း ၅၀ ကျော်တဲ့ အထိ အောင်မြင် ခဲ့ပါတယ်။

အတိ အကျ ပြောရ ရင်တော့ Trial စလွှင့် တင်ပြီး ၂ပတ် အတွင်း မှာတင် အသုံးပြုသူ ၁၀ သန်း၊ ၁လ အတွင်း ၂၅သန်း (ဒါတောင် တရုတ်မှာ Block လုပ်ထား ခဲ့လို့) အထိ အောင်မြင် ခဲ့ပါတယ်။ ထပ်ပြီး အတိ အကျ ပြောရရင် Facebook စတင် လွှင့်တုန်းက အသုံးပြုသူ ၂သန်း ရရှိဖို့ ၂နှစ် ကြာခဲ့ ပါတယ်။ G+ က FB ရဲ့စံချိန်ကို ချိုးပြ ခဲ့ပါတယ်။

ဘာလို့ G+ အဲ့လောက်အောင်မြင်လာခဲ့တာလဲ???

G+ မှာ circle, photo, stream, hangout, game, spark ဆိုတဲ့ အဓိက features တွေ ပါရှိ ပါတယ်။

Circles

G+ ကို အောင်မြင်စေတဲ့ အဓိက feature ပါ။ Circle တွေ ဘယ်လို အလုပ်လုပ်လဲ ကြည့်ရအောင် ...

Google+ ရဲ့ circle တွေက facebook ရဲ့ Add As Friend နဲ့ လုံးဝ ကွာပါတယ်။ G+ မှာ user အတွက် friends, family, acquaintances, following ဆိုတဲ့ circles တွေ ပါပြီး သားပါ
သင်လုပ်ရ မှာက သင့် gmail account ထဲက သူငယ်ချင်းတွေကို click လိုက်ထောက်ပြီး ရှိနေတဲ့ friends ဆိုတဲ့ စက်ဝိုင်းထဲကို drop ချလိုက်ရုံပါပဲ၊ မိသားစု ဝင်တွေ ဆိုရင်တော့ Family ဆိုတဲ့ စက်ဝိုင်း ထဲကိုပေါ့။

Following ဆိုတာက ဥပမာ Britney Spears ဆိုပါတော့ သင်က သူ့ကို friend circle ထဲ ထည့်လို့ ရပါတယ်၊ သင့်သဘောပါပဲ ဒါပေမယ့် သင်ဟာ သူနဲ့ တကယ် သူငယ်ချင်း မဟုတ်ပါဘူး။ သူကလဲ သန်းနဲ့ချီတဲ့ friend requests တွေထဲက သင့်ရဲ့ request ကိုမှ ရွေးပြီး သူ့ရဲ့သူငယ်ချင်း စက်ဝိုင်းထဲ ထည့်မှာ မဟုတ်ပါဘူး။ အဲ့တော့သူ့ရဲ့ public profile ကို သင်ဝင်ကြည့်လို့ ရမှာ မဟုတ်ပါဘူး။ အဲ့တော့ သင်သူ့ကို Follow လုပ်လိုက်ပါ။ သင်ဟာသူ့ရဲ့ ပရိတ်သတ် တစ်ယောက် ဖြစ်သွားပါပြီ။ သူ့ရဲ့ Public sharing တိုင်းကို သင်မြင်တွေ့ နိုင်ပါပြီ။

Pages တွေ ဥပမာ မှော်ဆရာ group ရဲ့ page ဆိုပါတော့ group ထဲက မန်ဘာတွေနဲ့ သူငယ်ချင်းဖြစ်လို့ ရပေမယ့် group ကြီးနဲ့တော့ သူငယ်ချင်း ဆိုတာ မဖြစ်နိုင်ပါဘူး အဲ့တော့ ကျွန်တော်တို့တွေ ဒီ group ကို follow လုပ်ရပါတယ်။ ဒီသဘောပါ။

Circles တွေရဲ့ အသုံးဝင်ပုံ

ဘာလို့ ဒီလို စက်ဝိုင်းတွေ ရှိနေရတာလဲ??? အဖြေရှင်းဖို့ အတွက် Facebook နဲ့ သတ်သေပြ ရမှာပါ။ ဥပမာဗျာ ကျွန်တော် တက္ကသိုလ် တက်တုန်းက အတန်း တက်ဖို့ နေနေသာသာ ကန်တင်းမှာ ကြီးပဲ ၃နှစ် ကုန်ခဲ့တာ အဲ့အကြောင်းတွေ ကျွန်တော် ပြန်တွေး ဖြစ်တော့ တက္ကသိုလ်ကြီးကို လွမ်းမိ တာပေါ့၊ အဲ့လိုနဲ့ ကျွန်တော် Facebook ပေါ် တင်မယ် ဆိုပါတော့။ တင်လိုက် ပါပြီ။ ဖြစ်ချင်တော့ ကျွန်တော့် အမေကြီးလဲ FB သုံးတယ်လေ သူကလည်း ကျွန်တော့်ထဲမှာ family member တစ်ယောက် အနေနဲ့ ရှိနေတယ် အဲ့တော့ ကျွန်တော် တင်တာကို
သူမြင်နေ ရတာပေါ့။ သူ မဆူရင်တောင် ဘယ်စိတ်ကောင်း ပါ့မလဲ။ ဒါပေမယ့်ဗျာ လေတာကလည်း လေပြီး သွားပြီ FB ပေါ် တင်ချင်တာလည်း အရမ်းပဲ အမေ တစ်ယောက် ထဲကို မတွေ့ အောင် ဖန်တီးပြီး တင်လို့ ရပေမယ့် ကိုယ့်သူငယ်ချင်း ဖြစ်နေတဲ့ အမေ့ရဲ့သူငယ်ချင်းတွေ ရှိနေရင် ဘယ်လို လုပ်မလဲ။ ဒါဥပမာပဲ ရှိသေးတာနော်။

ကျွန်တော်တို့ ဆီမှာ လူတိုင်း မသိစေချင်တဲ့ ခံစားချက်လေးတွေ ရှိတာပဲ အဲ့ခံစားချက် လေးတွေ အတွက် ထွက်ပေါက် အဖြစ် ကိုယ်သိစေချင်တဲ့ သူတွေ ကိုပဲ သိစေ လိုတာမျိုးတွေ လည်းရှိတာပေါ့၊ FB ကဒါမျိုးတွေ ဖန်တီး မပေးနိုင်ပါဘူး။ လူ တစ်ယောက်ကို သင်သူငယ်ချင်း အဖြစ် လက်ခံ လိုက်ပြီ ဆိုရင် သင်တင်သမျှ ပိုစ်တွေကို သူမြင်ချင် မမြင် ချင်ချင်
တွေ့နေ ရမှာပါပဲ။ G+ ရဲ့circles တွေက အဲ့ပြဿနာကို လွယ်ကူတဲ့ အဖြေနဲ့ ရှင်းပေး ထားပါတယ်။

circle တွေပါ။ ခုနက ကျွန်တော့ ဥပမာ အတိုင်း ဆိုရင် ကျွန်တော် G+ ထဲမှာ University Friends ဆိုတဲ့ စက်ဝိုင်း ဆောက်လိုက် မယ်ဗျာ။ ပြီး တက္ကသိုလ်က သူငယ်ချင်းတွေ ချည်းပဲ ထည့်ထား နောက်ကို ရေးချင်တာရေးပြီး ကိုယ့်ပိုစ်ကို တွေ့စေချင်တဲ့ circles တွေ ကိုပဲ ရွေးပြီး share လိုက်။ Public ထဲ တင်ချင်ရင် Public ဆိုတာကို ရွေးပြီး share လိုက်။
အလွန် လွယ်ကူပြီး သင့်ရဲ့ privacy ကိုလည်း မထိခိုက် ပါဘူး။

Circles တွေ အကြောင်းက ပြောရင်တောင် ကုန်ပါ့မလား တစ်ခု ကျန်သေးတယ် friend တွေ အချင်းချင်း the whole circle လုံး share လို့ ရသေး သဗျာ။ ကျွန်တော့် ဆီမှာကျွန်တော် လေးစားတဲ့ စာရေးဆရာတွေ ချည်းပဲ ရှိတဲ့ စက်ဝိုင်း ရှိတယ်ဗျာ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က အဲ့စာရေးဆရာ တွေကို follow လုပ်ချင်တယ် FB ထဲမှာသာ ဆိုရင် ကျွန်တော့် friends တွေ ဗြောက်သောက်တွေ ထဲကတစ်ယောက် ချင်းစီကို လိုက်ပြီး Add ရမှာ စက်ဝိုင်း တွေ ရှိနေခြင်းက လူတွေကို သူ့အပိုင်းနဲ့သူ စုစည်းထား လို့ရတယ် အခုလို ကျွန်တော့် သူငယ်ချင်းက တောင်းဆိုတာ မျိုး ရှိလာပြီ ဆိုရင် ကျွန်တော်က ကျွန်တော့်ရဲ့ စာရေးဆရာ တွေပဲရှိတဲ့ Friend circle ကို သူငယ်ချင်းဆီ Share ပေးလိုက် ရုံပဲ။ သူလည်း အချိန်ကုန် သက်သာတယ် စံနစ်တကျလည်း ဖြစ်တယ်၊ ဘယ်လောက်ကောင်းလဲ။

ကဲအခုတော့ Circle တွေအကြောင်းနဲ့ပဲ ခဏရပ်ထား လိုက်ရအောင်။

နောက်မှပဲ မေးလ်တစ်စောင်နဲ့ ထပ်ရှုပ်တော့မယ်ဗျာ

ကျွန်တော့်ကို Google+ ထဲမှာ +chan myat oo ဆိုပြီးတွေ့နိုင်ပါတယ်။ circle တွေထဲလဲ add နိုင်ပါတယ်ဗျာ။

သုတ-မီဒီယာ by myanmarmobile mad

Original link - http://www.thutamedia.com/2015/07/google.html

Read More »

Saturday, July 25, 2015

လိင်ဆက်ဆံခြင်း ပုံစံနဲ့ သားသမီး ရတနာ




အိမ်ထောင် ထူထောင် ကြပြီ ဆိုရင် မိမိတို့ မျိုးဆက် သားသမီးကို လိုချင် ကြတာပဲ။ တချို့စုံတွဲ တွေမှာ ချို့ယွင်း ချက်ကြောင့် ကိုယ်ဝန် မရကြ ပေမယ့် အများစု ကတော့ လိင် ဆက်ဆံတဲ့ အနေ အထား ပုံစံ မမှန် တာကြောင့် ကိုယ်ဝန် မနိုင်ကြတာ ဖြစ်ပါတယ်။ ကိုယ်ဝန် ရှိဖို့ ဆိုတာက တချို့ စုံတွဲတွေ အတွက် လွယ်ကူကောင်း လွယ်ကူ နေနိုင် ပေမယ့် တချို့တွေ အတွက် ကတော့ ကလေး တယောက် ရဖို့ကို သူများထက် ပိုပြီး ခက်ခဲတာ၊ အားထုတ် ရတာတွေ လည်း ရှိနေ တတ်ပါတယ်။

ကိုယ်ဝန် ရှိနိုင်ဖို့ အတွက် လင်မယား စုံတွဲတွေဟာ မျိုးဥ ဆင်းတာကို စောင့်ကြည့် ရတာမျိုး ကနေပြီးတော့ ကိုယ်ဝန်ရဖို့ အထောက် အကူ ရအောင်လို့ လိင်ဆက်ဆံတဲ့ နည်းလမ်း ပုံစံတွေ အမျိုးမျိုး ပြောင်းပြီး ကြိုးစား ကြည့်ကြ ရတာမျိုးတွေ အထိ အလုပ် ရှုပ်ကြ ရပါတယ်။ ဘယ်လို ပုံစံက ကိုယ်ဝန်ရဖို့ အတွက် အထောက် အကူ ဖြစ်တယ် တချို့ ကတော့ မဖြစ်ဘူး ဆိုတာမျိုး ကလည်း အမြဲလို အငြင်းပွား စရာ ခေါင်းစဉ် တခုပါပဲ။ ဒါကြောင့် ကိုယ်ဝန် ရဖို့ အကောင်းဆုံး ပုံစံလို့ ဆိုကြတဲ့ နည်းလမ်း တချို့ အကြောင်းကို ဒီတပတ် လိင်ပညာပေး အဖြစ် ဖော်ပြပေး လိုက်ပါတယ်။

Missionary position

လှေကြီးထိုးလို့ ခေါ်ကြတဲ့ Missionary position က ကိုယ်ဝန်ရရှိဖို့ အကောင်းဆုံးလို့ ဆိုကြပါတယ်။ ဒီနည်းက အမျိုးသား က အမျိုးသမီးရဲ့ အပေါ်မှာနေတဲ့ နည်းဖြစ်ပါတယ်။ ယောက်ျားရဲ့ သုတ်ပိုးတွေက မမျိုးဥ နဲ့ လွယ်လွယ်ကူကူ မြန်မြန် ဆန် ဆန် ထိတွေ့နိုင်တယ်လို့ သိရ ပါတယ်။ ဒီနည်းနဲ့ လိင်ဆက်ဆံ စဉ်မှာ အမျိုးသမီးရဲ့တင်ပါးအောက်မှာ ခေါင်းအုံး တလုံးခုပေး ထားမယ် ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ ပိုများတယ် လို့လည်း သိရပါတယ်။ အမျိုးသား သုက်ပိုးကို အမျိုးသမီးရဲ့ သားအိမ်ခေါင်းနဲ့ အနီးဆုံး ပို့ဆောင်ပေးနိုင်တဲ့ နည်းလို့လည်း ဆိုကြ ပါတယ်။

Rear entry style

ဒီနည်းကိုတော့ doggy style လို့ အသိ များပါတယ်။ အမျိုးသမီးက လေးဘက်ထောက် အနေအထားမှာ ရှိနေပြီးတော့ အမျိုးသား က နောက်ကနေ ထိုးသွင်း ဆက်ဆံ ရတာဖြစ် ပါတယ်။ ကိုယ်ဝန် ရရှိစေနဲ့တဲ့ အခွင့်အလမ်း များတဲ့ နည်းလို့လည်း သတ်မှတ် ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီနည်း ကလည်း အမျိုးသားရဲ့ သုက်ရည်ကို အမျိုးသမီးရဲ့ သားအိမ်ခေါင်း နားကို အနီးဆုံး အထိရောက်အောင် ပို့ဆောင် ပေးနိုင်လို့ ဖြစ်ပါတယ်။

Side by side style

ကိုယ်ဝန်ရစေဖို့ အထောက် အကူ ဖြစ်တဲ့ နောက် တနည်းကတော့ အမျိုးသားနဲ့ အမျိုးသမီး မျက်နှာချင်းဆိုင် တစောင်း လှဲပြီး ဆက်ဆံတဲ့ ပုံစံဖြစ်ပါ တယ်။ ဒီလိုဆက်ဆံခြင်း အားဖြင့် အမျိုးသမီး၏ သားအိမ်ခေါင်း ဆီကို သုက်ပိုးတွေ ပိုပြီး ချဉ်း ကပ်လာနိုင် စေတယ်လို့ သိရပါတယ်။

သုံးသပ်ချက်

ကိုယ်ဝန်ရစေနိုင်တဲ့ အခွင့်အလမ်း ပိုများလာစေဖို့ အတွက် ဘယ်လို ပုံစံနဲ့ပဲ ဆက်ဆံသည် ဖြစ်စေ အရေး အကြီးဆုံး က တော့ လိင်ဆက်ဆံမှု ပြီးတဲ့ အခါမှာ အမျိုးသားရဲ့ သုက်ပိုးတွေက အမျိုးသမီးရဲ့ ကိုယ်ထဲမှာ ဆက်ပြီး ရှိနေ စေဖို့ ဖြစ် ပါ တယ်။ ဒါကြောင့် အမျိုးသမီး အနေနဲ့ ဆက်ဆံမှုပြီး တာနဲ့ ချက်ချင်း ထလာ တာမျိုး မလုပ် သင့်ပါဘူး။ ဘယ် အချိန်မှာ သုတ် ပိုးနဲ့ မမျိုးဥ တွေ့ဆုံပြီး သန္ဓေတည် သွားနိုင်မယ် ဆိုတာက မသိနိုင်တဲ့ အတွက် ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက် အထိ ဆက်ပြီး လဲလျောင်း နေသင့်ပါတယ်။

နောက်ထပ် အရေးကြီးတာ တခုကတော့ ကလေးယူဖို့ ကြိုးစားနေမယ် ဆိုရင် မမျိုးဥ ထွက် လာနိုင်တဲ့ အချိန်ကို မှန်းဆ နိုင်ဖို့ ဖြစ်ပါတယ်။ အမျိုးသမီးတွေ ရာသီ လာပြီး နောက် ၁၄ ရက်ကြာရင် မျိုးဥ စပြီး ဆင်းပါ တယ်။ အဲဒီအချိန်ဟာ သန္ဓေတည်ဖို့ အကောင်းဆုံး အချိန်ဖြစ် ပြီးတော့ အဲဒီ အချိန်မှာ လိင်ဆက်ဆံ မယ်ဆိုရင် ကိုယ်လိုချင်တဲ့ ရလဒ် မျိုး ရနိုင်ပါတယ်။ အမျိုးသမီး အနေနဲ့ မ မျိုးဥ ထွက်လာတဲ့ အချိန်မှာ မိမိရဲ့ ကိုယ်ခန္ဓာမှာ ဘယ်လို အရိပ် အယောင်ဖြစ် တတ် တယ် ဆိုတာကိုလည်း သိထားရ ပါမယ်။ မမျိုးဥ ဆင်းချိန်မှာ အမျိုးသမီးတွေ ကိုယ် အပူချိန်တက် လာလေ့ရှိတဲ့ အတွက် မနက် အိပ်ယာက နိုးနိုးချင်းမှာ ကိုယ်ပူချိန် တိုင်းပြီး မှတ်သား ထားမယ်ဆိုရင် မမျိုးဥ ဆင်းလာတဲ့ ရက် ကို သိနိုင်မှာ ဖြစ်ပါတယ်။

By အေးမင်း

Original link - http://mobile.irrawaddy.org/article/2015/07/24/78494.html

Read More »

Thursday, July 23, 2015

မိုက်ကရိုဆော့ဖ်ရဲ့ နိုကီရာ ခြောက်အိပ်မက်ကို Windows 10 နဲ့ ချေဖျက် နိုင်မလား




စမတ်ဖုန်းတွေ ထုတ်လုပ် ရောင်းချတဲ့ ဈေးကွက်ထဲ မိုက်ကရို ဆော့ဖ် ခြေလှမ်း ဝင်လာ ချိန်မှာတော့ ကုမ္ပဏီ အနေနဲ့ ယုံကြည်မှု အပြည့် ရှိခဲ့ ပါတယ်။

ဒါပေမဲ့ လက်ရှိ အချိန် ထိတော့ မိုက်ကရိုဆော့ဖ်ဟာ စမတ်ဖုန်း နည်းပညာ ကဏ္ဍမှာ ခက်ခက် ခဲခဲ ရုန်းကန်နေ ရသလို ကြီးကြီး မားမား ဆုံးရှုံးမှု တွေနဲ့ ကြုံနေ ရပါတယ်။

ကမ္ဘာပေါ်မှာ အကြီးမားဆုံး နည်းပညာ လုပ်ငန်းစုကြီးတစ်ခု ဖြစ်တဲ့ မိုက်ကရိုဆော့ဖ်အနေနဲ့ တစ်ကိုယ်ရေသုံး ကွန်ပျူတာ တွေအပေါ် အာရုံစိုက်နေချိန်မှာ ပြိုင်ဘက်တွေက စမတ်ဖုန်းဈေး ကွက်ထဲ ခိုင်ခိုင်မာမာ ခြေကုပ် ယူနေတာကို မျက်ကွယ်ပြုခဲ့ ပါတယ်။ အဲဒီ ခြေတစ်လှမ်း နောက်ကျမှု ဒဏ်ဟာ အခုအ ချိန်မှာတော့ အမေရိကန် ကုမ္ပဏီ ကြီးအတွက် ပြင်ရခက်လွန်းတဲ့ အမှားကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။



ဇူလိုင် ၂၁ ရက်မှာ မိုက် ကရိုဆော့ဖ်က သူတို့ရဲ့ စတုတ္ထ လေးလပတ် ငွေကြေးလည်ပတ်မှု အစီရင်ခံစာကို ထုတ်ပြန် ကြေ ညာပါတယ်။ အဲဒီအခါမှာတော့ သုံးလပတ်ကာလ စံချိန်တင် အရှုံးပြမှုအဖြစ် ဒေါ်လာ ၃ ဒသမ ၂ ဘီ လီယံ အသားတင်ဆုံးရှုံးကြောင်း ပေါ်ပေါက်လာခဲ့ပါတယ်။

မိုက်ကရိုဆော့ဖ်ဟာ ဈေး ကွက်ထဲမှာ ရှေ့က ပြေးနေတဲ့ ဆမ်ဆောင်း၊ အက်ပ်ပဲလ်၊ ဂူး ဂဲလ်စတဲ့ ကုမ္ပဏီတွေကို ဖြတ် လမ်းက လိုက်ဖို့အတွက် Nokia မိုဘိုင်း ကုမ္ပဏီကို ဝယ်ယူလိုက် ပါတယ်။ တစ်ချိန်က ကမ္ဘာပေါ်မှာ လူသုံးအများဆုံး မိုဘိုင်းဖုန်း အ မှတ်တံဆိပ် ဖြစ်ခဲ့တဲ့ Nokia ကို သိမ်းသွင်းလိုက်တဲ့နောက် သူတို့ ရဲ့ စမတ်ဖုန်း OS ဖြစ်တဲ့ Windows Phone ရဲ့ ပုံရိပ်ကို မြှင့်တင်နိုင်မယ်လို့ မိုက်ကရို ဆော့ဖ်က ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်မှာ ဖင်လန် အခြေစိုက် Nokia ကို ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံလောက်နဲ့ သိမ်းသွင်း ဝယ်ယူလိုက်ခြင်းဟာ မိုက်ကရိုဆော့ဖ်အတွက် ကိုယ့် ကိုယ်ကိုယ် ဒုက္ခဘုံထဲ တွန်းပို့ သလို ဖြစ်လာတော့တာပါပဲ။

မိုက်ကရိုဆော့ဖ်က မျှော် လင့်ချက်ကြီးကြီး မြှုပ်နှံရင်းနှီးခဲ့ တဲ့တိုင် Nokiaရဲ့ ဂုဏ်ဒြပ်ဟာ တစ်ချိန်ကလို အဆင့်မျိုး လုံးဝ ပြန်ရောက်မလာနိုင်တော့ပါဘူး။ တန်ဖိုးကြီး ဟန်းဆက်ဈေးကွက် မှာ အက်ပ်ပဲလ်၊ ဆမ်ဆောင်း၊ HTC နဲ့ Sony တို့က ဈေးကွက်ဝေ စု အသီးသီး ခွဲယူထားကြသလို တန်ဖိုးနည်း ဟန်းဆက်ကဏ္ဍမှာ လည်း ဆမ်ဆောင်းနဲ့ Huawei၊ Xiaomi တို့လို တရုတ်ကုမ္ပဏီ တွေက စိုးမိုးထားတဲ့အတွက် Nokia အနေနဲ့ ဝင်တိုးဖို့ ခက်နေ တယ်။ ဒါက Hardware ပိုင်းပါ။

Software ကဏ္ဍမှာလည်း စမတ်ဖုန်း အားလုံးလိုလိုက iOS ဒါမှမဟုတ် Android OS ကိုသာ အသုံးပြုနေတာကြောင့် Nokia ကို အားပြုပြီး သူတို့ရဲ့ Windows Phoneကို အဓိက ဖုန်း OS တစ်ခု ဖြစ်လာအောင် ထိုးဖောက်မယ့် မိုက်ကရိုဆော့ဖ်ရဲ့ မဟာစီမံကိန်း ပျက်သွားပြန်ပါတယ်။

မိုဘိုင်းနယ်ပယ်မှာ Soft-ware ပိုင်းရော၊ Hardware ပိုင်းမှာ ကျဆုံးမှုတွေနဲ့ ရင်ဆိုင်ရခြင်းက အခုလို သုံးလပတ် စံချိန်တင် အရှုံးပေါ်စေတဲ့ အဓိက အ ကြောင်းရင်းလည်း ဖြစ်လာပါ တယ်။

မိုက်ကရိုဆော့ဖ်ဟာ Nokia ရဲ့ နာမည်ကို လူတွေ စိတ်မဝင် စားတော့တာ သဘောပေါက် လာတဲ့နောက် သူတို့ရဲ့ မိုဘိုင်းဖုန်း ထုတ်ကုန်မှာ အဲဒီစကားလုံးကို ဖျောက်ပစ်ဖို့ထိ သွေးရူးသွေးတန်း ကြံစည်ခဲ့ပါတယ်။ Nokia ရဲ့ Lumia စီးရီးဟန်းဆက်တွေကို Microsoft Lumia နာမည်နဲ့ ဖြန့် ချိပြီး ဈေးကွက်ကို ပုံစံပြောင်း ချဉ်းကပ်ခဲ့ပေမယ်လည်း အကျိုး သက်ရောက်မှုက ပြောပလောက်အောင် ရှိမလာပါ ဘူး။ အခုဆိုရင် မိုက်ကရိုဆော့ဖ်ဟာ အသုံးစရိတ် တွေ ကာမိစေဖို့အတွက် ဝန်ထမ်း ၇,၈၀၀ လောက်ကို လျှော့ချဖို့ စီစဉ်နေပါပြီ။ အများစုကတော့ Nokia ဌာနခွဲက ဖြစ်ပါတယ်။

မနှစ်ကလည်း မိုက်ကရို ဆော့ဖ်ဟာ ဝန်ထမ်း ၁၈,၀၀၀ လောက်ကို လျှော့ချလိုက်ရပါ တယ်။ ဒါဟာ ကုမ္ပဏီရဲ့ သမိုင်း မှာတော့ စံချိန်တင် အမြင့်ဆုံး လုပ်အားရင်းမြစ် လျှော့ချမှု ဖြစ် ပါတယ်။ အဲဒီထဲမှာ Nokia ဝန် ထမ်း ၁၂,၅၀၀ နီးပါး ပါဝင်ခဲ့ပါ တယ်။

မိုဘိုင်းဈေးကွက် သတ်ကွင်း ထဲမှာ အက်ပ်ပဲလ်နဲ့ ဂူးဂဲလ်တို့ကို အလဲထိုးမယ်ဆိုတဲ့ ရည်မှန်းချက် ကြီးကြီးမားမားနဲ့ ခပ်ကြွားကြွား ဝင်ရောက်လာပေမယ့် အခုတော့

မိုက်ကရိုဆော့ဖ်ဟာ ပြိုင်ဘက် တွေကို ယှဉ်ပြိုင်ဖို့ မဆိုထားနဲ့ ကိုယ့်ရပ်တည်မှုအတွက်တောင် အသက်လုနေရတဲ့ ဘဝမျိုးပါ။

ဒါပေမဲ့ ကုမ္ပဏီအနေနဲ့ အသစ်ထုတ်လုပ်မယ့် Windows 10 OS အသစ် အပေါ်မှာတော့ အများကြီး မျှော်လင့်နေဆဲ ဖြစ်ပါတယ်။



ကွန်ပျူတာတွေရော၊ မိုဘိုင်း ကိရိယာတွေမှာပါ အသုံးဝင်နိုင် မယ့် OS အသစ်ဟာ Android နဲ့ iOS ကို အကောင်းဆုံး ယှဉ်ပြိုင် နိုင်မယ်လို့ မိုက်ကရိုဆော့ဖ်က ကြွားလုံး ထုတ်ထားပါတယ်။

အဲဒီ OS အသစ်ကို အခမဲ့ ဖြန့်ချိပြီး သုံးစွဲသူတွေကို ပြန်သိမ်း သွင်းနိုင်ဖို့ ကုမ္ပဏီက ရည်ရွယ် ထားပါတယ်။ Nokia နဲ့ ပတ် သက်သမျှ အလားအလာ အား လုံးကို လက်လျှော့လိုက်ပြီး ကုမ္ပ ဏီရဲ့ အဓိက အားသာချက် ဖြစ် တဲ့ Software ပိုင်း ထိုးထွင်းဖန် တီးမှုကို ပြန်ပြီး မှီခိုလာတဲ့ သ ဘောလည်း ဖြစ်ပါတယ်။

မိုက်ကရိုဆော့ဖ်ရဲ့ အမှု ဆောင်အရာရှိချုပ် ဆတ်ယာနာ ဒယ်လာဟာ ပြီးခဲ့တဲ့ ၁၈ လတာ အတောအတွင်း ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို သုံးစွဲသူတွေ ဆီ ပိုပြီး လက်တွေ့ကျကျ ပို့ ဆောင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အားထုတ်ခဲ့ပါတယ်။

လိုင်စင်ယူပြီး အသုံးပြုရတဲ့ Software တွေကို တန်ဖိုးကြီးကြီး နဲ့ ရောင်းချနေရာကနေ Cloud အခြေပြု App တွေနဲ့ ဝန်ဆောင် မှုတွေကို သုံးစွဲသူတွေနဲ့ နီးစပ် အောင် မိုက်ကရိုဆော့ဖ်က အဓိ က ကြိုးစားလာတယ်။

တစ်ကိုယ်ရေသုံး ကွန်ပျူ တာ နယ်ပယ်မှာ ပြိုင်ဘက်မရှိ မင်းမူထားပေမယ့် အခုအချိန်မှာ ကျရိပ်သန်းစပြုတာကို နာဒယ် လာ အနေနဲ့ ကောင်းကောင်း သဘောပေါက်ပြီး ဖြစ်ပါတယ်။

ဒါကြောင့် အဲဒီဘက်မှာ ဆိုး

ဆိုးရွားရွား မဖြစ်ခင် မိုဘိုင်းနယ် ပယ်မှာလည်း ပြန်ဦးမော့လာ အောင် ဆွဲတင်ပြီး ကုမ္ပဏီရဲ့ ဟန် ချက်ကို မျှတအောင် ကြိုးစား နေတာ ဖြစ်ပါလိမ့်မယ်။

လောလောဆယ်မှာတော့ ကမ္ဘာပေါ်က တစ်ကိုယ်ရေသုံး ကွန်ပျူတာစနစ် အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းဟာ မိုက်ကရိုဆော့ဖ် ရဲ့ Windows စနစ်နဲ့ မောင်းနှင် နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာ သုံးစွဲသူတွေရဲ့ ယုံ ကြည်ကိုးစားမှုကို မိုက်ကရို ဆော့ဖ်က ခိုင်ခိုင်မာမာ ရရှိ ထားဆဲလို့တော့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း လာမယ့်သီ တင်းပတ်မှာ Developer တွေ ဆီ စတင်မိတ်ဆက်ပေးမယ့် Windows 10 အပေါ် ကုမ္ပဏီက အခိုင်အမာ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

Windows 10 ဟာ ကွန်ပျူ တာတွေ အတွက်ရော၊ စမတ် ဖုန်းတွေအတွက်ပါ အသုံးပြုနိုင် မယ့် ဘုံ OS မျိုးလို့ ဆိုနိုင်ပါ တယ်။ ဒါကြောင့် ကွန်ပျူတာမှာ Windows 10 ကို အဆင့်မြှင့် ပြီး အသုံးပြုလာသူ အများစုက သူတို့နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား OSနဲ့ မောင်းနှင်တဲ့ စမတ်ဖုန်း တွေကိုပါ အာရုံကျလာမယ်လို့ မိုက်ကရိုဆော့ဖ်က မျှော်လင့် ထားတာ ဖြစ်ပါတယ်။

Windows 10 ကို တရားဝင် မဖြန့်ချိသေးခင် လောလောဆယ် မှာတော့ Windows OS သုံး စမတ်ဖုန်းတွေဟာ ဈေးကွက်ထဲ မှာ တော်တော်လေး မျက်နှာ ငယ်နေဆဲပါ။ ကမ္ဘာ့စမတ်ဖုန်း အသုံးပြုမှု ဈေးကွက်ကြီး တစ်ခု လုံးမှာ Windows OS အသုံးပြု သူ အချိုးအစားက ၂ ဒသမ ၇ ရာ ခိုင်နှုန်းပဲ ရှိပါတယ်။ ကွန်ပျူ တာ OS နယ်ပယ်မှာ လွှမ်းမိုးမှု ကြီးမားသလောက် မိုဘိုင်း OS နယ်ပယ်မှာ မဖြစ်စလောက် အောင်မြင်မှုလေးပဲ ရထားတာကို Windows 10 အားကိုးနဲ့ ပြောင်း လဲဖို့ဟာ Microsoft ရဲ့ နောက် ဆုံးထွက် ပေါက်လည်း ဖြစ်နိုင်ပါတယ်။

၂၀၁၄ ခုနှစ် စစ်တမ်းတွေ အရ ကမ္ဘာအနှံ့ကို ကွန်ပျူတာ တွေ တင်ပို့ရောင်းချမှုက ကျ ဆင်းလာပြီး စမတ်ဖုန်းတွေ တင် ပို့ရောင်းချမှုက ၂၈ ရာခိုင်နှုန်းထိ တက်ရိပ်ပြလာခြင်းကလည်း မိုက် ကရိုဆော့ဖ်အနေနဲ့ မိုဘိုင်းနယ် ပယ်မှာ အောင်မြင်မှု တစ်ခုခု ရအောင် ရှာသင့်ပြီလို့ တပ်လှန့် နေပါတယ်။ ဒါကြောင့်လည်း ငွေ ကြေးအလုံးအရင်း မြှုပ်နှံရင်းနှီး ထားတဲ့ Nokia ကို မေ့လိုက်ပြီး Windows OS ကို အားကိုးလာ တာ ဖြစ်ပါတယ်။

‘‘စမတ်ဖုန်း ကုမ္ပဏီကြီးတွေ ရဲ့ ပြိုင်ပွဲမှာ မိုက်ကရိုဆော့ဖ် က ကျောခိုင်းထွက်ခွာသွားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က တော့ ကိုယ်ပိုင်နည်းပညာနဲ့ ထုတ်လုပ်ရောင်းချတဲ့ ထုတ်ကုန်တွေ ကို ယုံကြည်မှုအပြည့်ရှိနေဆဲပါ။ စမတ်ဖုန်းတွေ အပါအဝင်ပေါ့’’ လို့ ကုမ္ပဏီ ဥက္ကဋ္ဌ နာဒယ်လာက ဆိုပါတယ်။

ဒါကြောင့် Windows 10 ကို ဂူးဂဲလ်ရဲ့ Android လိုမျိုး တ ခြားကုမ္ပဏီတွေ Open-Source အဖြစ် အသုံးပြုစေဖို့ထက် ကုမ္ပ ဏီပိုင် ဟန်းဆက်တွေနဲ့ တွဲဖက် ပြီး ရောင်းချဖို့ အစီအစဉ်ရှိနေ တယ်ဆိုတာ ရိပ်ဖမ်းသံဖမ်း ပေါ်လွင်စေခဲ့ပါတယ်။

ဒါပေမဲ့ လောလောဆယ် မှာတော့ Windows 10 ကို လူ သုံးများအောင်ပဲ ဦးစားပေးလုပ် ဆောင်ရဦးမှာ ဖြစ်တယ်လို့လည်း သူက ဝန်ခံတယ်။ တစ်နည်း အားဖြင့် ကြားခံကုမ္ပဏီတွေရဲ့ ဟန်းဆက်တွေမှာပါ သူတို့ရဲ့ OS ကို အသုံးပြုခွင့်ပေးဖို့ လိုက် လျောမယ့် သဘောပါ။

‘ပြဿနာက ကျွန်တော်တို့ ရဲ့ စမတ်ဖုန်း မဟာဗျူဟာက ရေတိုအတွက် အဓိက ကြည့်ဖို့ လိုနေတာ ဖြစ်ပါတယ်။ အရှိန် ရလာရင်တော့ ကိုယ်ပိုင်ဖုန်း၊ ကိုယ်ပိုင် OS နဲ့ ရပ်တည်တဲ့ မဟာဗျူဟာကို ရွေးချယ်ဖို့ ဖြစ် လာနိုင်ပါတယ်။ လောလောဆယ် မှာတော့ Windows စနစ်ကို စမတ်ဖုန်းတွေမှာ ပိုရင်းနှီးအ သားကျလာမယ့် အခြေအနေမျိုး ဖန်တီးဖို့ ဦးစားပေးဆောင်ရွက် ရပါမယ်’’ လို့ သူက ဆိုပါတယ်။

Nokia ကို ဝယ်ယူဖို့ ဆုံး ဖြတ်လိုက်ရာက စခဲ့တဲ့ ဂယက် ဟာ ကုမ္ပဏီကို ကြီးကြီးကျယ် ကျယ် လှုပ်ခတ်နေဆဲဖြစ်ပါ တယ်။ လောလောဆယ်မှာတော့ Acer နဲ့ Lenovo တို့လို ကွန်ပျူတာ ကုမ္ပဏီကြီးတွေဆီ Windows စနစ်တွေ လိုင်စင်ယူ ရောင်းချရာ ကနေ မိုက်ကရိုဆော့ဖ်အနေနဲ့ အမြတ်အစွန်းတွေ ရရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ စတုတ္ထ သုံးလပတ် ကာလမှာ Windows စနစ်ကို လိုင်စင်နဲ့ ရောင်းချနိုင်မှု ၂၂ ရာခိုင်နှုန်း ကျ ဆင်းသွားသလို ဒေါ်လာ ၆၈၃ သန်းလောက် ဝင်ငွေလျော့သွား ခြင်းကတော့ Nokia အနေနဲ့ မှန် ကန်တဲ့ နည်းလမ်း တစ်ခုခုကို မြန် မြန်ဆန်ဆန် ရွေးချယ်ဖို့ လိုနေပြီ ဆိုတဲ့ အချက်ပေး ခေါင်းလောင်း သံလည်း ဖြစ်လာပါတယ်။

သေချာတာကတော့ စမတ် ဖုန်းဈေးကွက်ထဲ ဝင်ရာမှာ မိုက် ကရိုဆော့ဖ်ရဲ့ ခြေလှမ်းက နောက် လည်းနောက်ကျ၊ မှားလည်း မှားခဲ့ တယ် ဆိုတာပါပဲ။ Nokia ဆိုတဲ့ နာမည်ဟာ အခုအချိန်မှာတော့ ကုမ္ပဏီအတွက် အိပ်မက်ဆိုး တစ်ခုလို ခြောက်လှန့်နေပါလိမ့် မယ်။ ဒါပေမဲ့ Windows 10 ဟာ မိုက်ကရိုဆော့ဖ်ရဲ့ အရှိန်အဝါကို တစ်ကျော့ပြန် တောက်ပစေမယ့် အနိုင်ဖဲတစ်ချပ် ဖြစ်လာမလား ဆိုတာကိုတော့ စိတ်ဝင်တစား စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

—Ref: Cnet

By - ဇွဲရဲဝင့်

Original link - http://www.7daydaily.com/story/42474

Read More »

Monday, June 22, 2015

မြေမပျက်၊ သီးနှံပိုထွက်အောင် မြေဆီလွှာ ထိန်းသိမ်းရမယ်




စိုက်ပျိုးရေး သမားတွ ကတော့ သီးနှံ စိုက်ပျိုး နိုင်တဲ့ မြေကြီးရဲ့ အပေါ်ယံလွှာ ကလေးကို မြေဆီလွှာလို့ ခေါ်ကြတယ်။ ကမ္ဘာ မြေကြီးရဲ့ အပေါ်ယံ အလွှာပါ။ မြေဆီလွှာမှာ လေ
နဲ့ ရေတွေ ပေါင်းစပ် သလို အပင်တွေ စားသုံးမယ့် အာဟာရ ဓာတ်တွေလည်း ပါတယ်။ ပြိုကွဲ ကျေပျက်ပြီး သတ္တုဓာတ်တွေ၊ ဆွေးမြည့် ပျက်စီးတဲ့ သက်ရှိက ဖြစ်တဲ့ အော်ဂဲနစ်
ပစ္စည်းတွေ ပါလို့ မြေဆီလွှာ ဆိုတာ စိုက်လို့၊ပျိုးလို့ ဖြစ်ထွန်းတဲ့ အလွှာလေးပါပဲ။ အလွှာလေး လို့သာ ခေါ်တယ် ဖြစ်လာဖို့ နှစ်ပေါင်း သန်းချီ ကြာခဲ့ ရပါတယ်။ ပျက်စီးဖို့ ကျတော့
တစ်နှစ် လောက်တောင် မကြာ ချင်ပါဘူး။

ဘာကြောင့် ပျက်စီးရ သလဲဆိုရင် လေတိုက် ခံရလို့ တစ်ခါ၊ ရေတိုက်စား ခံရလို့။ တစ်ခါ စိုက်ပျိုးတဲ့ နည်းစနစ် ကျင့်သုံးတာ မမှန်လို့ ပျက်စီး ရတာပါပဲ။ လေတိုက် ခံရတာ ကတော့ ပူပြင်း ခြောက်သွေYတဲ့ ဒေသတွေ၊ လေကာ ပင်တန်း မရှိတဲ့ ဒေသတွေ ဖြစ်ပျက်တာ များကြ ပါတယ်။ ရေစားခံ ရတာ ကျတော့ မတ်စောက်တဲ့ ကုန်းမြင့် တောင်စောင်းတွေ၊ သစ်ပင်၊ သစ်တော ခုတ်ခံ ရတဲ့ မြေဗလာ ဖြစ်သွားတဲ့ နေရာတွေ၊ အကာအကွယ်မှ မရှိတာ။

မိုးရွာရင်ဖြစ်စေ၊ ရေကြီး ရေလွှမ်းရင် ဖြစ်စေ မြေသားကို ရေစား ခံရတော့ တာပါပဲ။ မြန်မာ နိုင်ငံ ကလည်း ရေသယံဇာတ၊ မြေသယံဇာတ ပေါကြယ်ဝမှု ရှိဆဲ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် ထုတ်ပြန် ထားတဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ မြေ အမျိုးအစား ပေါင်း ၂၄ မျိုး ရှိပါတယ်။ ၁၉ မျိုးကို ပြည်နယ်နဲ့ တိုင်း ဒေသကြီးများ အလိုက် မြေပုံ ထုတ်ထား ပါတယ်။ စိုက်ပျိုးရေး လုပ်ကိုင်ဖို့ အဓိက ကျတာ ကတော့ နုန်းမြေ၊ လယ်မြေ၊ ဂ၀ံမြေ၊ နီညိုတောမြေ၊ ၀ါညိုတောမြေ၊ စနယ်မြေ၊ မြေနီ၊ မြေ၀ါတွေ ဖြစ်ပါတယ်။

မြေကြီးတွေဟာ ရေ၀ပ်မယ်၊ ချဉ်လွန်း၊ ငန်လွန်းမယ်၊ မြေစေး လွန်မယ်၊ ဆားနဲ့ ဆပ်ပြာ ပေါက်မယ် ဆိုတာ တွေက မိုးနည်းဒေသ၊ မိုးများဒေသ၊ ပူတာ၊ အေးတာ အစိုဓာတ်ရ မရ စတာကြောင့် လည်း ဖြစ်နေ ကြရ တာပါပဲ။ ဆည်ရေသောက် လယ်မြေ တွေမှာလည်း ဖြစ်ကြ တာပါပဲ။ မြေတိုက်စား မှုကို မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်း ဒေသကြီး တွေနဲ့ ကချင်၊ ချင်း၊ ရှမ်း၊ ကယား ပြည်နယ် တွေမှာ ခပ်များများ တွေ့နေကြ ရပါပြီ။ စိုက်ပျိုးနည်း စနစ် မှန်ကန်အောင် လုပ်နိုင် ဖို့လည်း လိုတယ်။

ဘာလုပ်လုပ် ရေရှည်တ ည်တံ့ ခိုင်မြဲအောင် စဉ်းစား လုပ်ကိုင် ကြဖို့လည်း လိုပါတယ်။ ထယ်ထိုး၊ ထွန်မွှေ တာက အစ စနစ်ကျ ရပါမယ်။ မြေလွှာ ထဲကို ရေနဲ့ လေ၀င် ထွက်မှု ကောင်းအောင်နဲ့ ပေါင်းမြက်တွေ မရှိအောင်၊ ထယ်ရေးနက်နက်၊ ထွန်ရေး ညက်ညက် ပြုလုပ် ကြဖို့ နည်းလမ်းပေး ထားတာ ဖြစ်ပါတယ်။ နွေထယ်ရေး ခံဖို့လည်း နှိုးဆော်နေ ကြပါတယ်။

သတိထားရမှာက မြေကြီးရဲ့ အောက်လွှာတွေ မြေကြပ် လာပြီး ရေနဲ့ လေ၀င်ထွက်မှု ညံ့တတ် ပါသေးတယ်။ မြေကြီးကို မီးရှို့တာကလည်း မြေဆီလွှာ ညံ့ဖျင်းစေ ပါတယ်။ တောင်ယာလုပ်ကိုင်လို့ မီးရှို့ကြတယ်။ လယ်မြေ တွေကိုလည်း စပါးရိုးပြတ်တွေ ရိတ်ပြီးရင် မီးရှို့ကြတယ်။

တလောက အညာဘက် ရောက်တော့ လယ်ထဲ မီးရှို့နေ တာတွေ ရှိကြတုန်း ပါပဲ ။ပိုးမွှားရောဂါ ဆိုးရွားစွာ ကျလို့ အကြွင်း အကျန် ကင်းအောင် မီးရှို့တယ်ဆိုရင် တော်ပါသေး။ အဖိုးတန် မြေဆွေး လုပ်လို့ လည်းရ၊ နွားစာလည်းရ၊ မှိုလည်းမွေးလို့ ရတဲ့ ကောက်ရိုးကို မီးရှို့ကြ တာကတော့ နှမြော စရာပါပဲ။ မီးရှို့လိုက်တဲ့ အတွက် အော်ဂဲနစ် ပစ္စည်းတွေဟာ ပြာဖြစ်သွားမယ်။ မြေကြီးထဲ ရှိတဲ့ သက်ရှိတွေ မပွားနိုင်ဘဲ သေကြေ ပျက်စီးပါတယ်။ ဒါကြောင့် ရေရှည်မှာ ကျတော့ သီးနှံ အထွက်တွေ ကျလာတော့ တာပါပဲ။ လုပ်ကိုင်တဲ့ စနစ် မှန်ကန်ဖို့ လိုတယ်။ မြေဆီလွှာ တိုက်စား ခံရလို့ မြေနုကျွန်း ဖြစ်တယ် ဆိုတဲ့ဟာ၊ ရေလွှမ်းလို့ နုန်းတွေ ရတယ်ဆိုတဲ့ ဟာက အကျိုး နည်းနည်းပါ။ ဆိုးကျိုးတွေက များပြား ပါတယ်။

မြေဆီလွှာ ပျက်စီးမယ်၊ မြေဆီလွှာ ကောင်းတစ်ခု ရပြီး စိုက်ပျိုးနိုင်တဲ့ အထိ ဖြစ်လာဖို့ ကတော့ စောင့်ပေဦးတော့ နှစ်များစွာ။ ချင်းတောင်တန်း၊ ရှမ်းတောင်တန်း တွေမှာ မြေဆီလွှာတွေ ဆုံးရှုံးနေပြီ။ မကွေးတိုင်းမှာ ဖြစ်ပွားမှု များနေပြီ။ ဥရောပတိုက်၊ မြောက်အမေရိကတိုက်၊ ဂျပန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့မှာ မြေဆီလွှာကို မထိခိုက်အောင် ထိန်းသိမ်းနေကြပြီ။

နိုင်ငံတစ်နိုင်ငံ ရေရှည်ဖွံ့ဖြိုးရေးနဲ့ စားနပ်ရိက္ခာဖူလုံရေးအတွက် မြေဆီလွှာထိန်းသိမ်းရေးဟာ အထူးလိုအပ်ပါတယ်။ ရေနဲ့လေ တိုက်စားမခံရအောင်၊ မြေကြီးအတွင်းလေနဲ့ရေ ၀င်ထွက်မှုကောင်းအောင်၊ ရေ၀ပ်၊ ရေလွှမ်း၊ ရေကြီးမှုမဖြစ်အောင်၊ ဆား၊ ဆပ်ပြာပေါက်မြေ မဖြစ်အောင်၊ အော်ဂဲနစ်သစ်ဆွေး၊ မြေဆွေးဓာတ်တွေရှိနေအောင် ချဉ်ငန်ဓာတ်တွေ သမမျှတအောင် ထိန်းပေးခြင်းဟာ မြေဆီလွှာကောင်းအောင်၊ ရေရည်တည်တံ့အောင် ပြုလုပ်ခြင်းပါပဲ။ မှန်ကန်တဲ့ သီးလှည့်စနစ်တွေ ကျင့်သုံးမှု၊ တောင်စောင်း စိုက်ပျိုးမှု၊ လှေခါးထစ်စိုက်ပျိုးမှု၊ ကွန်တိုလိုက် စိုက်ပျိုးမှုတို့ကိုကုန်းမြင့်ဒေသတွေမှာ ကျင့်သုံးဖို့လည်း လိုတာပါပဲ။

နောက်တစ်ခါ ဓာတ်မြေသြဇာတွေချည်း အသုံးပြုမနေဘဲ သဘာဝ မြေသြဇာကို တွဲဖက်အသုံးပြုကြရမှာက လည်း မြေမပျက်ဖို့ပါပဲ။ မြေပျက်ရင် ဒုက္ခတွေ့ကြရမယ်လေ။ သဘာဝ ပတ်ဝန်းကျင်မပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ကြဖို့က တော်တော် အရေးကြီးပါတယ်။

တောတောင်ခြောက်ခမ်း၊ သစ်တောသစ်ပင် ပြုန်းတော့ ဥတုရာသီပျက်လာတယ်။ ဥတုရာသီပျက်တော့ မြေတွေလည်း ပျက်လာတယ်။ မြေယာမူဝါဒ (Land Policy)၊ မြေယာဥပဒေ (Land Law) ၊ မြေယာစီမံခန့်ခွဲမှု (Land Managment) တွေ မကောင်းရင်၊ စိုက်ပျိုးမှုနည်း ပညာပေးတာမကောင်းရင် (Agricultural Extension)၊ စိုက်ပျိုးရေးသုတေသနတွေညံ့ရင် (Agricultural Research) မြေယာတွေပျက်စီးတာပါပဲလို့ စိုက်ပျိုးရေးပညာရပ်မှာ ရေအသုံးချရေး၊ စီမံခန့်ခွဲရေးနဲ့ ပြည်ပတက္ကသိုလ်က မဟာဘွဲ့ရရှိခဲ့သူ တစ်ဦးက ကျွန်တော့်ကို ပြောပြပါတယ်။

မြေယာ မူဝါဒတွေဟာ ထုတ်လုပ်မှု (Production) ကိုသာ အလေးထား ခဲ့ပြီး မြေဆီလွှာ ထိန်းသိမ်းမှု (Soil Conservation)နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု (Environmental Conservation) တွေမှာ အားနည်း ခဲ့တယ်၊ မြေယာ မူဝါဒတွေ ကလည်း ဒေသမှာနေတဲ့ တိုင်းရင်းသားတွေရဲ့ လူမှု စီးပွားရေး အခြေအနေနဲ့ ကွာဟ ခဲ့တယ်။ မြေယာစီမံခန့်ခွဲမှု စနစ်ဟာပြဋ္ဌာန်း ဥပဒေနဲ့ ဒေသ ဓလေ့ ထုံးစံ ဥပဒေ (Customary Law) နှစ်ခုကြားမှာ ရောထွေးပြီး စီမံခန့်ခွဲ ခဲ့တာကြောင့် လည်းဖြစ်တယ်လို့ သူက ပြောပါတယ်။

စီမံကိန်းတွေဟာ အထက်က ချပေးတဲ့ (Top-down) ပေါ်လစီတွေ သာများပြီး တောင်သူနဲ့ နိုင်ငံ အတွက် မျှော်မှန်း သလောက် အကျိုးမများ ခဲ့တာဖြစ် ပါတယ်တဲ့။ သူကပြောတယ်၊ ပိုးစာ စီမံကိန်း၊ လက်ဖက် စီမံကိန်း၊ နွားနောက်မွေးမြူရေး၊ လှေခါးထစ် လယ်ယာစနစ် ဒါတွေဟာ နမူနာတွေ ပဲတဲ့။ အားနည်းမှုဟာ ဒေသနဲ့ ကိုက်ညီတဲ့ လယ်ယာ စနစ် (Farming System) ဖြစ်ဖို့ လိုပါတယ်။

အခုတလော ပြောပြောနေကြတဲ့ ပေါင်းစည်းလယ်ယာစနစ်ဆိုတာမျိုးတွေ အားနည်းတာ၊ မြေယာ ဖွံ့ဖြိုးရေး စနစ် (Land Development System) ဆိုင်ရာ သုတေသနတွေ မဖွံ့ဖြိုးတာ၊ မြေဆီလွှာ လေ့လာရေး(Soil Servy)၊ မြေအမျိုးအစား ခွဲခြားမှု (Soil Classification)၊ မြေဆီလွှာ မြေပုံထုတ်ခြင်း (Soil Mapping) မဆောင်ရွက်နိုင် ခဲ့တာကြောင့် မြေ အသုံးချရေး စီမံချက် (Land use Planning) ကို စနစ် တကျ မလုပ်နိုင် ခဲ့ပါဘူး။

ဒီတော့ ရွှေ့ပြောင်းတောင်ယာဟာအခုထိလုပ်ဆဲ၊ လုပ်မြဲပါပဲ။ လယ်ယာမြေဥပဒေ၊ မြေလွတ်မြေလပ် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေတွေမှာလည်း မြေဆီလွှာ ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အားနည်းချက်တွေ ရှိနေပြန်ပါတယ်လို့ ကျွမ်းကျင်သူကပြောပါတယ်။မြစ်ကြီးတွေရဲ့ ရေဝေရေလဲဒေသတွေမှာ မြေယာဖော်ထုတ်၊ စိုက်ပျိုးရေးနဲ့ သတ္တုတူးဖော်ရေးတွေ လုပ်ဆိုရင်တော့ ဖြစ်လာမယ့်အကျိုးဆက်တွေက မကောင်းပါဘူး။

မြေဆီလွှာ တိုက်စားမှုကြောင့် မြေယာတွေပျက်စီးတာ မြန်လာမယ်။ မြစ်တွေ တိမ်ကောလာပြီး သဲသောင်ထွန်းမယ်၊ ကမ်းပါးပြိုမယ်၊ ရေငန်ဝင်မှုတွေ မြစ်တွေလည်း ရှေ့တိုးလာမယ်၊ ရိက္ခာမဖူလုံတာ၊ ဆင်းရဲမှုနဲ့ တစ်မျိုးသားလုံး အကျိုးစီးပွား ထိခိုက်မှုတွေ ရှိလာနိုင်တာကြောင့် ရေတိုအကျိုးအကျိုး အမြန်ဆုံးရရှိရေး ဆောင်ရွက်ကြရာမှာ ရေရှည်အကျိုး မထိခိုက်ဖို့လည်း အရေးကြီးပါတယ်။

ခွံနီ

စာရေးသူသည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၊ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းတွင် တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် စိုက်ပျိုးရေး ၀န်ထမ်းဟောင်းများ အသင်းတွင် တာဝန် ထမ်းဆောင်လျက်ရှိသည်။

thefarmer ဂျာနယ်မှကူးယူပါသည်

Original link - https://www.facebook.com/groups/470866203051689/

Read More »

Thursday, June 18, 2015

Facebook အသုံးပြုသူများအတွက် Tips ( ၇ ) ခု




Facebook က သူ့ရဲ့ အသုံးပြု သူများကို ပျင်းရိခြင်း မရှိရ လေအောင် စွမ်းဆောင်ချက် များစွာကို ထည့် သွင်းပေး ထားပါတယ်။ အဲဒီ စွမ်းဆောင်ချက် များစွာ ထဲမှာ ကိုပဲ တစ်ချို့ကို ထင်သာ မြင်သာ ရှိအောင် ပြု လုပ်ပေး ထားပြီး တစ်ချို့ကို ကွယ်ဝှက်ပြီး ထည့်သွင်းပေး ထားပါတယ်။ အဲဒီ အချက်ကပဲ Facebook ကို လူတွေ နေ့စဉ် စွဲစွဲ လမ်းလမ်း အသုံးပြုနေ စေတဲ့ အချက် တစ်ချက် ဖြစ်စေ ပါတယ်။ အဲဒီ စွမ်းဆောင်ချက် တွေထဲက လူသိပ် မသိဘဲ အသုံးဝင်တဲ့ စွမ်းဆောင်ချက် အချို့ကို ဖော်ပြပေး လိုက်ပါတယ်။

Facebook Inbox
Facebook ကို အသုံးပြု လာတာ ကြာလာတာနဲ့ အမျှ “ Other “ messages folder မှာ မဖတ် ရသေးတဲ့ unread messages တွေများပြား လာမှာပါ။ “Other” messages folder ဆိုတာ ကတော့ သင်ရဲ့ သူငယ်ချင်းတွေ မဟုတ်တဲ့ အခြား လူတွေက ပေးပို့ ထားတဲ့ messages တွေ ဖြစ်ပါတယ်။ အဲဒီ messages တွေကို ကြည့်ဖို့ အတွက် ဘယ်ဘက်ကော်လံမှ messages link ကို နှိပ်ပြီး နောက် စာမျက်နှာ ပေါ်လာရင် Inbox ရဲ့ ညာဘက် ဘေးမှ Other ကိုနှိပ်ရမှာ ဖြစ်ပါတယ်။ အဲဒီ “ Other “ messages folder ထဲကို စာဝင် လာရင် Facebook က သင့်ထံ Notification ပေးပို့ခြင်း မရှိတဲ့ အတွက် သင်မသိနိုင်တာ ဖြစ်ပါတယ်။



သင့်အကောင့်ထဲ ခိုးဝင်သူများကို စစ်ဆေးပါ။
သင်မသိဘဲ သင့် အကောင့်ထဲ ခိုးဝင် သူများကို စစ်ဆေး ချင်ရင် settings ထဲသွားပါ။ Security ကဏ္ဍအောက်မှ “ Where You’re Logged In.” ထဲသွားပါ။ အဲဒီမှာ သင့်အကောင့်ထဲ ၀င်ရောက် ထားတဲ့ ဒတ်စတော့နဲ့ မိုဘိုင်း ကိရိယာ အားလုံးကို ပြသပေး ထားပါတယ်။ ကိရိယာ အမျိုးအစား၊ တည်နေရာ၊ ဘရောက်စာ စတဲ့ သတင်း အချက် အလက်တွေကို ပံ့ပိုးပေး ထားပါတယ်။ သင်ပိုင်ဆိုင်ခြင်း မရှိတဲ့ ဒါမှမဟုတ် သံသယ ဖြစ်ဖွယ်ရှိတဲ့ ကိရိယာ များကနေ သင့် အကောင့်ကို log out လုပ်ဖို့ အတွက် ‘ end activity ‘ ကို နှိပ်ပါ။ ထိပ်ဆုံးမှ ‘ end all activity ‘ ကို နှိပ်ပြီး ကိရိယာ အားလုံးကနေ သင့်အကောင့်ကို log out လုပ်နိုင် ပါတယ်။



သင်နဲ့ သင့်ချစ်သူရဲ့ အသေးစိတ်အချက်အလက်များကို ကြည့်ပါ။
သင်နဲ့ သင့်ချစ်သူရဲ့ Facebook History အသေးစိတ်ကို ကြည့်ချင်ရင် www.facebook.com/us ကိုသွား ပါ။ အဲဒီ စာမျက်နှာမှာ သင်နဲ့ သင့်ချစ်သူ အတူတကွ မျှဝေထားတဲ့ ပို့စ်အားလုံးကို တွေ့ရမှာ ဖြစ်ပါတယ်။ သင့်ရဲ့ relationship မှာ သင့်ချစ်သူကို ထည့်ထားခြင်း မရှိရင်တော့ Facebook က သင်နဲ့ ပတ်သက်တဲ့ စာမျက်နှာ ကိုသာ ပြသပေးမှာပါ။



ဖိုင်များကို FB Chat မှ ပေးပို့ ရယူပါ။
FB Chat ၀င်းဒိုးကိုဖွင့်လိုက်ပါ။ ၀င်းဒိုးရဲ့ ညာဘက်အပေါ်ထောင့်မှ gear icon ကိုနှိပ်ပြီး “ Add Files…” ကို နှိပ်ပါ။ ဒါဆိုရင် သင့်သူငယ်ချင်းထံ ဖိုင်များ ပေးပို့နိုင်ပါပြီ။ လက်ခံရရှိသူက လင့်ကို နှိပ်ပြီး ဒေါင်းလုပ် ရယူနိုင်ပါတယ်။



Public Content များကို Embed လုပ်ပါ။
Public အနေနဲ့ မျှဝေထားတဲ့ ပို့စ်တွေကို သင့်ရဲ့ ၀က်ဆိုက် ၊ ဘလော့မှာ ထည့်သွင်းနိုင်ပါတယ်။ ပို့စ်ရဲ့ ညာဘက်ထိပ်မှ မျှားကို နှိပ်ပြီး Embed Post ကို ရွေးပေးပါ။ ရရှိလာတဲ့ ကုဒ်တွေကို သင့် ၀က်ဆိုက်ရဲ့ post editor မှာ ထည့်သွင်းနိုင်ပါတယ်။



Secret Emoji များကို အသုံးပြုပါ။
Facebook က သူ့ရဲ့ လူမှု ကွန်ရက်မှာ Emoji များစွာကို အသုံးပြုခွင့် ပေးထား ပါတယ်။ Emoji များကို ပို့စ်၊ ချက်နဲ့ ကွန်းမန့် များမှာ ထည့်သွင်း နိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့ Emoji များကိုတော့ မိုဘိုင်းဖုန်း ကနေ ကြည့်ရှုလို့ မရ တတ်ပါဘူး။ FB Emoji များစွာကို အောက်ပါ လင့်မှာ ရှာဖွေ နိုင်ပါတယ်။

http://goo.gl/U7LfR2



သင့်ရဲ့ News Feed ကို ရှင်းလင်းပါ။
သင့်ရဲ့ News Feed မှာ ခင်မင် ရင်းနှီးခြင်း မရှိတဲ့ သူငယ်ချင်း တွေနဲ့ နှစ်သက်ခြင်း မရှိတဲ့ Pages များမှ ပို့စ်များကို မကြာခဏ မြင်တွေ့ ရရင်တော့ News Feed ကို ရှင်းလင်း သင့်ပါတယ်။ ဘယ်ဘက် ကော်လံမှ News Feed ပေါ်မှာ mouse cursor တင်ပါ။ Gear icon ပေါ်လာရင် နှိပ်ပါ။ “ Edit Preferences” ကို နှိပ်ပါ။ ၀င်းဒိုး တစ်ခု ပေါ်လာပြီး Summary ကဏ္ဍမှာ သင် အများဆုံး တွေ့မြင်လေ့ ရှိတဲ့ ပို့စ်တွေကို တင်တဲ့ သူငယ်ချင်းနဲ့ Pages များကို ပြသ ပေးမှာပါ။ မမြင်ချင်တဲ့ လူတွေ ၊ Pages တွေကို Unfollow လုပ်ဖို့ Follow ခလုတ်ကို တစ်ချက် နှိပ်ပါ။ အဲဒီ နည်း အတိုင်းပဲ People, Pages, Groups သီးခြား ကဏ္ဍတွေ မှာလည်း ပြုလုပ်နိုင် ပါတယ်။

Myanmar Digital Life Journal

Original link - https://www.facebook.com/MyanmarDigitalLife

Read More »

Tuesday, June 16, 2015

ဆားရဲ့ အသုံးဝင်ပုံ လျှို့ဝှက်ချက် (၇) ချက်




မိမိတို့ နေ့စဉ် ဟင်းလျှာမှာ ခပ်ပြီး အိမ်မှာ အသုံးပြု နေတဲ့ ဆားဟာ ဘယ်လောက်ထိ အသုံးဝင် သလဲဆိုရင် မိမိ နေထိုင် နေတဲ့ အိမ် တစ်အိမ်လုံးကို သန့်ရှင်းတောက်ပြောင် သွားတဲ့ အထိ စွမ်းဆောင် ပေးနိုင် ပါတယ် ဆိုတဲ့ အကြောင်းကို စာနဲ့ ပုံအတူ တွဲပြီးပြောပြ ချင်ပါတယ်။

(၁). မီးပူ မျက်နှာပြင်ကို ပြန်လည် ချောမော သန့်ရှင်း စင်ကြယ်စေ သောနည်း


အကယ်၍သင်အသုံးပြုနေတဲ့ မီးပူရဲ့မျက်နှာပြင်ဟာ စေးကပ်ကပ်ဖြစ်ပြီး မီးပူတိုက်တဲ့အခါ စိတ်အနှောက်အယှက်ဖြစ်နေမယ်ဆိုရင်တော့ စက္ကူ သို့မဟုတ် သတင်းစာရွက် တစ်ရွက်ကိုရှာပြီး စာရွက်ပေါ်ကို ဆားလောင်းပြီးဖြူးထားလိုက်ပါ။ ထို့နှောက် မီးပူကို အပူရှိန်အကုန်ရှိတဲ့ ခလုပ်နေရာကိုနိုပ်ထားလိုက်ပါ။ ပြီးနောက် စက္ကူပေါ်ဆားဖြန့်ထားတဲ့နေရာကို မီးပူဖြင့် ၁ မိနစ်လောက်တိုက်ပေးလိုက်ပါ။ မီးပူပေါ်မှာရှိနေတဲ့ စေးကပ်ကပ်နဲ့အညစ်အကြေးများဟာ ဆားပေါ်ကိုသွားရောက်ကပ်ကုန်မှာဖြစ်ပြီး သင့်ရဲ့မီးပူမျက်နှာပြင်ဟာပြန်လည်ချောညှက်သန့်ရှင်းတောက်ပြောင်လာတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

(၂). ကွဲသွားတဲ့ကြက်ဥမှ ဖြစ်ပေါ်နေတဲ့အညစ်အကြေးတွေကို ပြန်လည်သန့်ရှင်းအောင်လုပ်နည်း

အခန့်မသင့်လို့ ကြက်ဥကွဲသွားတယ်ဆိုရင် ကြက်ဥအရည်များညစ်ပတ်ပေကျန်လို့ သန့်ရှင်းရေးလုပ်တဲ့အခါ အကုန်မသိမ်းနိုင်ဘူးဆိုရင် ကွဲသွားတဲ့ ကြက်ဥအရည်ပေါ်သို့ ဆားဖြူးလိုက်ပါ အချိန်အနည်းငယ်ကြာသောအခါ ဓါတ်ပြုပြီး အစိုင်အခဲ ဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ် အဲဒီအခါကျမှ ကြက်ဥအခဲတုံးလေးကို အလွယ်တကူကောက်သိမ်းနိုင်တဲ့အတွက် သင့်ကြမ်းပြင်ကို တစ်ဖန်ပြန်လည်သန့်ရှင်းစေမှာပဲဖြစ်ပါတယ်။

(၃). မီးတောက် မီးလျှံတွေကို ချုပ်ငြိမ်းစေသောနည်း

မီးဖိုပေါ်ဒယ်အိုးတင်လိုက်လို့ ဒယ်အိုးထဲမီးထတောက်တဲ့ အခါ ကြောက်လှန့်လို့ ဒယ်အိုးပစ်မချလိုက်ပါနဲ့ ဒယ်အိုးထဲသို့ဆားကိုဖြူးလိုက်ပါ။ အဲဒီအချိန်မှာပဲ အောက်ဆီဂျင် များနေတဲ့ ဒယ်အိုးမှာ ဆားနဲ့ ဓါတ်ပြု သွားသော အခါ မီးပြန်လည် ငြိမ်းသွားမှာဖြစ်ပြီး ပုံမှန် အတိုင်း ချက်ပြုတ်ကြော်လှော်လို့ ရနိုင်မှာပဲ ဖြစ်ပါတယ်။

(၄). ဂျိုးကပ်နေတဲ့ ဒယ်အိုး၊ဒန်အိုးများကို ဂျိုးကွာကျစေသောနည်း။

ကြော်လှော်ချက်ပြုတ်တဲ့အခါမှာ ဟင်းတူးသွားလို့ပဲဖြစ်ဖြစ် ဂျိုးဖြစ်ပြီးကပ်နေကာခွာလို့ခက်ခဲနေမယ်ဆိုရင် ဒယ်အိုးတူးနေတဲ့နေရာ ဂျိုးကပ်နေတဲ့နေရာကို ဆားဖြူးကာရေနဲနဲလောက်ဖြန်းပြီး ၁၀ မိနစ် သို့မဟုတ် တူးတဲ့အရောင်ကွာကျလာတဲ့အချိန်ဖြစ်ဖြစ်ခဏထားပြီး ပုံမှန်ဆပ်ပြာဆေးရည်ဖြင့်ပွတ်တိုက်ကာဆေးကြောပေးရုံဖြင့် သင့်ရဲ့ ဒယ်အိုး၊ဒန်ခွက်များအသစ်ပြန်လည်၍တဖန်သစ်လွင်တောက်ပြောင်လာစေမှာပဲဖြစ်ပါတယ်။

(၅). အိုးတိုက်ရေမြုပ်ဖော့တုံးကို အသစ်ပြန်လည်ဖြစ်လာစေသောနည်း

ထမင်းပန်ကန်၊ဟင်းအိုး။ဒယ်အိုး စတာတွေကိုတိုက်လိုက်တဲ့အခါ အညစ်အကြေး အချွဲအပြစ် အစီးအကပ်များကို အရည်ပျော်ကွာကျသွားစေချင်ရင်တော့ အိုးခွက်ပန်းကန်တိုက်တဲ့ ရေမြုပ်ဖော့တုံးကို ဆားရေ ၁/၄ ဆဖြင့် ရေထဲသို့ဆားပျော်ဝင်သွားတဲ့အထိ မွေလိုက်ပါ။ထို့နောက် အိုးတိုက်ရေမြုပ်ဖော့တုံးကို ဆားပျော်ရည်ထဲသို့ တစ်ညလောက် စိမ်ထားလိုက်ပါ။ မနက်မိုးလင်းတဲ့အခါ ရေသန့်ဖြင့်ဆေးကြောလိုက်သောအခါ အသစ်ကဲ့သို့ ပြန်လည်တောက်ပြောင်လာတာကိုမြင်တွေ့ရပါလိမ့်မယ်။

(၆). ရေချိုးရေစိမ်တဲ့ ကန်ကို အသစ် တဖန်ပြန်လည် တောက်ပြောင် အောင်လုပ်နည်း

မိမိရေချိုးတဲ့ ရေစိမ်ကန်ဟာ ရေ၀င်ချိုး ၀င်စိမ်ချင်စိတ်မရှိလောက်အောင် ညစ်ပတ်လို့ နေတယ်ဆိုရင် ဆားကို ရေပမာဏနဲ့ အချိုးအစားတူရောပြီးမွေလိုက်ပါ။ ထို့နောက်ရေစိမ်ကန်တိုက်မယ့် အ၀တ်သို့မဟုတ်ရေမြုပ်ဖော့တုံးပေါ်သို့ တင်လိုက်ပြီး ရေစိမ်ကန်ကို တိုက်လိုက်ပါ ချက်ချင်းဆိုသလို သိသိသာသာ အရောင်တောက်ပြောင်သန့်ရှင်းလာတာကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

(၇). ရေဘေစင်ပိုက်လမ်းကြောင်း အညစ်အကြေးကြောင့်ပိတ်စို့နေသောပြဿနာကိုဖြေရှင်းသောနည်း

အကယ်၍များ ဒီချိန်မှာ သင့်အိမ်မှရေဘေစင် ပိတ်နေတယ်ဆိုပါစို့ အဲဒီပြဿနာတွေကိုဖြေရှင်းချင်တယ်ဆိုရင်တော့ ပိတ်နေတဲ့ရေဘေစင်ပိုက်လမ်းကြောင်းမှ အမှိုက်သရိုက်များကို အတတ်နိုင်ဆုံးဆွဲထုတ်လိုက်ပါ။ ထို့နောက် မုန့်ဖုတ်ဆော်ဒါကိုဆားနဲ့ ၁/၄ ပုံရောစပ်လိုက်ပြီး ရေပိုက်လမ်းကြောင်းထဲသို့လောင်းထည့်လိုက်ပါ။ပြီးတဲ့အခါမှာ ရှာလကာရည် တစ်ပန်းကန်းလုံးစာလောက်ထပ်ပြီးလောင်းထည့်ကာ ၁၅ မိနစ်လောက်ထား၍ ရေအပေါ်ရောက်လာစေအောင်ထားရတာပဲဖြစ်ပါတယ်။ ထပ်မံ၍ ရေနွေးဆူဆူဖြင့် ပိုက်လမ်းကြောင်းကိုထပ်လောင်းလိုက်ပါ။ ဒီနည်းဖြင့် သင့်ရေဘေစင်ပိုက်လမ်းကြောင်းပိတ်စို့တဲ့ ပြဿနာကို ဖြေရှင်းနိုင်တာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။




ဒီနည်းအားလုံးကို အသုံးပြုပြီး အဆင်ပြေနိုင်ကြပါစေ....

အားလုံးကိုလေးစားလျှက်
ရေးသားသူ J Jin Tai

youtube.com/householohacker မှ ဘာသာပြန်သည်။

Original link - http://www.easyradiolive.blogspot.jp/2015/06/blog-post.html

Read More »

Saturday, June 13, 2015

Samsung Galaxy Tab A LTE With S-Pen အကြောင်း အသေးစိတ် ရှင်းလင်း ဖော်ပြချက်




Tablet Corner ကဏ္ဍ မှာတော့ ဈေးကွက်ထဲ အသစ်ရောက် ရှိလာတဲ့ Samsung Galaxy Tab A အကြောင်း ဖော်ပြချင် ပါတယ်။ ဒီ တက်ဘလက် ဟာဆိုရင် ဒီဇိုင်း ပုံစံပြားပြား ပါးပါးနဲ့ အမြင် အာရုံကို ဖမ်းစားနိုင်တဲ့ တည်ဆောက် မှုမျိုး ရှိပါတယ်။ တက်ဘလက်ရဲ့မျက်နှာပြင် အချိုးက 4:3 ဖြစ်လို့ eBook တွေ၊ မဂ္ဂဇင်းတွေ၊ သတင်း စာတွေ ဖတ်တဲ့ အခါ အ ဆင်ပြေဆုံး အနေ အထားကို ရရှိစေကာ အင်တာနက် ၀က်ဘ်ဆိုက်တွေ ကြည့်တဲ့ အခါမှာလည်း အကောင်းဆုံး မြင်ကွင်းကို ပေးစွမ်း ပါတယ်။

Galaxy Tab A ရဲ့ 5 MP နောက်ဖက်ကင်မရာက Auto focus ထောက်ပံ့ပေးထားမှုနဲ့အတူ ကြည်လင်ပြတ် သားတဲ့ ပုံတွေရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် ကင်မရာနဲ့ QR Code တွေ၊ Bar Code တွေကို ဖတ်ယူနိုင်တာကြောင့် သီးခြား App တွေ ဒေါင်းလုပ်ချပြီး အသုံးပြုစရာမလိုတော့ပါဘူး။ တွဲလျှက်ပါဝင်တဲ့ Tab A S- Pen က မှတ်စုရေးမှတ်ခြင်း၊ Web Page တွေပေါ်ကပုံတွေကို စိတ်ကြိုက်ဖြတ်ယူနိုင်ခြင်း စတာတွေကို ထောက်ပံ့ပေးပါတယ်။



မြင့်မားတဲ့ စွမ်းဆောင်ရည်
1.2 GHz Quad core ပရိုဆက်ဆာ၊ RAM 2 GB နဲ့ နောက်ဆုံး ထွက် Android ဗားရှင်း Lollipop ကို ပေါင်း စပ်ပေးထားတဲ့ Tab A ဟာ ရိုးရှင်းတဲ့အသွင်အပြင်မှာ အမြင့်မားဆုံးစွမ်းဆောင်ရည်ကိုရရစေပါ တယ်။ ဒါကြောင့် မျက် နှာပြင်ကျယ်ကျယ် တက်ဘလက်ပေါ်မှာ ဗီဒီယို၊ အင်တာနက်၊ ဂိမ်းစတဲ့ဖျော်ဖြေမှု ကဏ္ဍတွေကို ပြည့်ပြည့်၀၀ခံစားနိုင်ပါတယ်။



ကလေးများ အတွက် Kids Mode
Galaxy Tab A မှာပါတဲ့ Kids Mode မှာ ကလေးတွေနဲ့ကိုက်ညီမယ့် application တွေ အသုံးပြုနိုင်လို့ ကလေး တွေကိုပညာပေးနိုင် သလို ဖျော်ဖြေရေးအတွက်ပါ အသုံးချနိုင် ပါမယ်။ Tablet နဲ့ကလေးတွေအချိန်ကုန်မှာ စိုးရိမ်စရာမလို အောင် အချိန်ကန့်သတ်ချက်ပေး ထားလို့ရတာကြောင့် မိဘတွေအသုံးတည့်မယ့် feature တစ်ခုဖြစ်ပါတယ်။



ကင်မရာရဲ့အဆက် မပြတ် ရိုက်ချက်
တက်ဘလက်ဖြစ်တာကြောင့် မြင်ကွင်းကျယ်ကျယ်နဲ့ စိတ်ကြိုက်ချိန်ရွယ်ရိုက်ကူးနိုင်မှာဖြစ်တဲ့အပြင် ကင်မရာခလုတ် ကိုဖိထားပေးပါကပုံတွေကို ဆက်တိုက်ရိုက်ကူးဖမ်းယူပေးတာကြောင့် ရွေ့လျားနေတဲ့ အရာဝတ်္ထုမျိုးကို ရိုက်ယူတဲ့အခါ ပုံ ကောင်းတစ်ခုကိုရွေးချယ်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်။



မြန်မာစာ အထောက်အပံ့
တက်ဘလက်ရဲ့ မြန်မာစာစနစ်အတွက် လက်ရှိလူသုံးများနေတဲ့ Zawgyi အပြင် တစစလူသုံးများလာပြီဖြစ်တဲ့ Unicode စံနှုန်းမီ မြန်မာစာစနစ်ကိုပါ ထည့်သွင်းပေးထားပြီး အလွယ်တကူပြောင်းလဲအသုံးပြုနိုင်အောင် Language and input setting မှာ ထည့်သွင်းထားပါတယ်။

Myanmar Digital Life Journal

Original link - https://www.facebook.com/MyanmarDigitalLife

Read More »

Wednesday, May 20, 2015

အလန်းစား ဓာတ်ပုံလေးတွေ ရချင်ရင် ဒါလေး သတိပြုပါ


The Rule of Thirds ဆိုတဲ့ photo composition အခြေခံ rule လေးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဓာတ်ပုံ ရိုက်တဲ့ အခါမှာ ဒီ အခြေခံ မူလေးကို သုံးခြင်း အားဖြင့် ဆွဲဆောင်မှု ကောင်းပြီး position အားကောင်းတဲ့ ရိုက်ချက် လေးတွေ ရဖို့ပါ။ ဒီ rule လေးကို အသုံးချခြင်း အားဖြင့် အချိန်ကုန် သက်သာပြီး ဆွဲဆောင်မှု ရှိတဲ့ view လေးတွေ ရတာပေါ့နော်။



အထက်မှာ ဖော်ပြထားတဲ့ နမူနာ ပုံလေးကို ကြည့်ခြင်း အားဖြင့် အလွယ်တကူ သဘော ပေါက်မယ် ထင်ပါတယ်။

ကိုယ့်ရဲ့ camera ချိန်တဲ့ view သို့မဟုတ် photo မှာ အလျား လိုက်ရော ဒေါင်လိုက်ပါ အညီအမျှ သုံးပိုင်း ပိုင်းခြင်း အားဖြင့် မျဉ်းကြောင်း ၄ ကြောင်းနဲ့ ဆုံမှတ် ၄ ခု ရရှိနိုင် ပါတယ်။

ကိုယ် အဓိက ရိုက်ကူး ချင်တဲ့ subject ကို မျဉ်းကြောင်း ဆုံမှတ် (Intersection points) တွေမှာ ထားပြီး၊ သို့မဟုတ် အဲဒီ Intersection line လေးတွေတလျောက် ထားပြီး ဖမ်းယူ နိုင်ပါတယ်။ ပုံကို ပိုပြီးတော့ dynamic, balance, organized ဖြစ်စေ ပါတယ်။ အဓိက အနေနဲ့ကတော့ ပိုပြီး အသက်ဝင် လှုပ်ခတ်စေတဲ့ သဘောပေါ့။

အထက်ကပုံ - (၂) မှာ ဆိုရင် focal point ထားချင်တဲ့ ပန်းချီကားလေးကို intersection point နဲ့ line တလျှောက်ပါ ယူထားတာ တွေ့နိုင် ပါတယ်။



ပုံ -(၃) မှာဆိုရင် ပျားလေးရဲ့ မျက်လုံးကို intersection point ထားပြီး ဖမ်းထားခြင်း အားဖြင့် ပိုပြီးသဘာဝကို ပေါ်လွင်စေတာ တွေ့ရမှာပါ။

ပုံ - (၄) မှာတော့ အမျိုးသမီးကို intersection line တလျှောက် ထားပြီး ပုံရဲ့အနံ အတိုင်း အလယ် နီးပါးယူပြီး ရိုက်ထားတာ တွေ့ရမှာပါ။ ဒီလောက်ဆိုရင် စာဖတ်သူ အနေနဲ့ စမ်းသပ်ပြီး အတွေ့ အကြုံ ယူမယ်ဆိုရင် ဒီထက်ပိုပြီး အမျာကြီး အသုံးချနိုင်မှာပါ။




ဒီပုံ - (၅) မှာ ဆိုရင် မိုးကုတ် စက်ဝိုင်း horizontal မျဉ်းကို horizontal intersection line တလျှောက် ချထားတာ သတိထား မိမယ် ထင်ပါတယ်။ မမြင်ဘူး ဆိုရင် Intersection line ကို ကိုယ်တိုင် ဆွဲပြီး စမ်းသပ် ကြည့်ပါ။ အခုပြထားတဲ့ ပုံ - (၆) ကိုလည်း ကြည့်ပါဦး။ ကြည့်ပြီး ပြုံးမိ ပါလိမ့်မယ်။ တော်တော့်ကို Relax ဖြစ်နေတဲ့ အကောင်ပေါ့။

တခုတော့ပြောချင်ပါတယ်။ ပုံတိုင်းကိုပဲ ဒီ နည်းလမ်းသုံးမျိုးကို သုံးမှ ကောင်းမယ်လို့တော့မဆိုလိုပါ။ အခြေခံအနေနဲ့ စပြီး ချဉ်းကပ်ဖို့အတွက် အထောက်ကူပြုတာလို့ ပြောချင်ပါတယ်။ ကိုယ့်ရဲ့ subject ကို ပုံရဲ့ centre မှာထားပြီး ယူတာမျိုးလည်း ရှိပါတယ်။ အများအားဖြင့် object တခုကိုပဲ အဓိကထား ပေါ်လွင်စေချင်တဲ့နေရာမှာ အများကြီး အသုံးဝင်ပါတယ်။ static လို့ ပြောရင်လည်း ရပါတယ်။

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/05/blog-post_20.html

Read More »

Tuesday, May 19, 2015

သင် အသုံး မပြုသေးတဲ့ Android ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များ




Android မှာ Tools များစွာနဲ့ နှစ်သက် သလို ပြောင်းလဲ နိုင်တဲ့ Options များစွာ ရှိပါတယ်။ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင် ချက်တွေကို အသုံးပြု သူ အများ စုက မသိမြင်တဲ့ အတွက် အသုံး ချနိုင်ခြင်း မရှိပါဘူး။ အချို့ စွမ်းဆောင် ချက်တွေ ကိုတော့ ထင်သာ မြင်သာ ရှိအောင် ပြုလုပ်ပေး ထားပေမယ့် အချို့ ကိုတော့ လျှို့ဝှက် ထားတတ် ကြပါတယ်။ Power User တစ်ယောက် အနေနဲ့ Android ကို အသုံးပြု ချင်ရင်တော့ လျှို့ဝှက် နက်နဲတဲ့ စွမ်းဆောင်ချက် တွေကို အသုံးပြုနည်း များကို ရေးပေး လိုက်ပါတယ်။

Smart Lock ကို အသုံးပြုပါ။



သင့်ရဲ့ ဖုန်းကို လုံခြုံအောင် ပြုလုပ်ဖို့ အရေးကြီး ပါတယ်။ ဒါပေမယ့် ဖုန်းကို အသုံး ပြု ချင်တိုင်း Pin Code, Pattern တွေ ထည့်ပေး ရတာ အလုပ်ရှုပ် ပါတယ်။ Android 5.0 မှာ Smart Lock ပါရှိလာ ပါတယ်။ အဲဒီ စွမ်းဆောင် ချက်က သင့်ဖုန်းဟာ လုံခြုံတဲ့ အခြေ အနေမှာ ရောက်ရှိ နေရင် အလွယ် တကူ ပွတ်ဆွဲ လိုက်တာနဲ့ Unlock လုပ်ပေးနိုင် ပါတယ်။ သင့်ဖုန်းဟာ လုံခြုံတဲ့ အခြေ အနေမှာ ရှိသလား ဆိုတာ ဘယ်လို သိနိုင် တာလဲ ဆိုတာ စိတ်ဝင်စား စရာ ကောင်းပါတယ်။

Smart Lock ကို Android Device Manager လိုပဲ Play Services ကနေ ထည့်သွင်း ပေးတာ ဖြစ်ပါတယ်။ Locking Options တွေကတော့ Device အလိုက် ကွဲပြား ပေမယ့် Nexus Phone, Tablet မှာတော့ စုံလင် ပါတယ်။ Trusted Face, Trusted Location , Trusted Devices, On-Body Detection စတဲ့ Option တွေ ပါရှိ ပါတယ်။ အနည်း ဆုံးတော့ Trusted Devices, Trusted Location တို့ ပါရှိ တတ် ပါတယ်။

ဥပမာ အနေနဲ့ သင့်ရဲ့ ဖုန်းဟာ အိမ်မှာ ရှိနေရင် လုံခြုံတယ်လို့ သတ်မှတ် ထားနိုင်ပြီး မျက်နှာ ပြင်ကို ပွတ်ဆွဲ တာနဲ့ Unlock ပြုလုပ် နိုင်ပါတယ်။ ဒါပေမယ့် အပြင် သွားရင် တော့ ဖုန်းကို Unlock လုပ်ဖို့ PIN, Pattern တို့ကို တောင်း ဆိုမှာပါ။ Trusted Devices ကလည်း ဒီလို ပါပဲ။ Bluetooth, NFC ဆက်သွယ် မှုများ ကနေ သင့်ရဲ့ ဖုန်ုးဟာ သင့်ရဲ့ စမတ် နာရီ ၊ တက်ဘလက် တို့နဲ့ ချိတ်ဆက် နေတယ် ဆိုရင် ဖုန်းဟာ လုံခြုံတဲ့ အခြေ အနေမှာ ရှိတယ်လို့ သတ်မှတ် ထားနိုင် ပါတယ်။

Trusted Face ကတော့ ဖုန်းရဲ့ အရှေ့ ကင်မရာက သင့် မျက်နှာကို တွေ့မြင်နေ ရရင် အလွယ် တကူ Unlock ပြုလုပ် နိုင်မှာပါ။ On-Body Detection က သင့်ရဲ့ ဖုန်းဟာ သင့်လက်ထဲ ဒါမှ မဟုတ် အိတ်ကပ် ထဲမှာ ရှိနေ တာကို သိရှိပြီး ဖုန်ုးကို စားပွဲပေါ် သို့မဟုတ် တစ်နေရာမှာ ချလိုက် တာနဲ့ Lock ပြုလုပ် ပေးတာ ဖြစ်ပါတယ်။

Remote Security အတွက် Android Device Manager ကို အသုံးပြုပါ။



Google Play Service ဟာ Google ရဲ့ Android Phone တွေမှာ ထည့်ပေး ထားတဲ့ ၀န်ဆောင် မှုတွေ အားလုံးကို စီမံ ခန့်ခွဲ ပါတယ်။ Google က Play Service Framework ကို နောက်ကွယ် ကနေ အမြဲတမ်း Update ပြုလုပ် ပေးလေ့ ရှိပါတယ်။ အဲဒါ ကြောင့်ပဲ နဂိုက Android Device Manager မပါတဲ့ ဖုန်ုးတွေ မှာတောင် Play Service ကနေ တစ်ဆင့် ထည့်သွင်း ပေးနိုင်တာ ဖြစ်ပါတယ်။ Android Device Manager က သင့်ရဲ့ ဖုန်းပျောက် သွားရင် ဖုန်းရဲ့ တည် နေရာကို ခြေရာ ခံတာ၊ Ring သံမြည်အောင် လုပ်ပေး တာနဲ့ ဖုန်းမှ အရေးကြီး ဒေတာ များကို ဖျက်ပေး တာတို့ကို ပြုလုပ် ပေးနိုင် ပါတယ်။

Default အားဖြင့် Android Device Manager က သင့်ရဲ့ ဖုန်း တည် နေရာနဲ့ Ring သံ မြည်အောင်ပဲ ပြုလုပ် ပေးနိုင် ပါတယ်။ အရေးကြီး ဒေတာ တွေကို အဝေး ကနေ ဖျက်ပစ် နိုင်ဖို့ အတွက် သင့်ဖုန်းရဲ့ Main System Settings ထဲသွားပြီး Security ထဲဝင်ပါ။ Device Administrators Option ထဲဝင်ပြီး Android Device Manager ကို အမှန်ခြစ် ပေးပါ။

သင့်ရဲ့ ဖုန်းပျောက် သွားရင် Android Device Manager ကို အသုံးပြုပြီး ဖုန်းကို ပြန်ရှာနိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။ သင့်မှာ Android Device တစ်ခုပဲရှိရင် https://www.google.com/android/devicemanager ၀က်ဆိုက်ကိုသွားပြီး သင့် Google Account နဲ့ Login ၀င်ပါ။ အဲဒီဝက်ဆိုက်ကနေ ဖုန်းရဲ့ တည်နေရာကို မြေပုံမှာ ကြည့်တာ၊ အိမ်မှာ ပျောက် နေတာ ဆိုရင် Ring သံ မြည်ခိုင်း တာတို့ ကို ပြုလုပ် နိုင်သလို ဖုန်းကို Lock ပြုလုပ် တာနဲ့ အရေးကြီး ဒေတာ များကို ဖျက်ပစ် တာတို့ကို ပြုလုပ်နိုင် ပါ တယ်။ သင့်မှာ အခြား Android Device တစ်ခု ရှိရင် Android Device Manager App ကို ထည့်သွင်းပြီး ပျောက်နေတဲ့ ဖုန်းကို ရှာဖွေနိုင် ပါတယ်။

Screen Recording



Android Users များဟာ Screen Recording လုပ်ဖို့ အတွက် အရင်တုန်း ကတော့ Root ပြုလုပ် ကြရ ပါတယ်။ Android 5.0 Lollipop မှာတော့ Root လုပ်စရာ မလိုဘဲ Screen Recording လုပ်နိုင် ပါတယ်။ အဲဒီလို ပြုလုပ်ဖို့ App တစ်ခုသာ လိုအပ် ပါတယ်။ Google Play Store မှာ Screen Recording ပြုလုပ်တဲ့ အခမဲ့ App များစွာ ရှိပါတယ်။ ကျွန်တော်ရဲ့ အနှစ် သက် ဆုံး တစ်ခုက Rec ဖြစ် ပါတယ်။

Data Usage ကို စောင့်ကြည့် ရုံသာ မက ထိန်းချုပ်ပါ။



Android မှာ Data Usage ကို စောင့်ကြည့် နိုင်တဲ့ စွမ်းရည် ပါရှိ ပါတယ်။ ဒါပေမယ့် User အများ စုက ထိထိ ရောက် ရောက် အသုံး မပြုကြ ပါဘူး။ သာမာန် အားဖြင့် အချိန် ကာလ တစ်ခု အတွင်းမှာ သတ်မှတ် ထားတဲ့ Data Usage ရောက်ရင် Warning ပေးဖို့သာ ပြုလုပ် ထားကြ ပါတယ်။ Limit ပြုလုပ် ပေးမှသာ သတ်မှတ် ထားတဲ့ ပမာဏ ရောက်ရင် Mobile Data ကို အလို အလျှောက် ပိတ်ပေးမှာ ဖြစ်ပါတယ်။

Settings> Data Usage ထဲသွားပြီး Limit Check Box မှာ အမှန်ခြစ် ပေးပါ။ အနီရောင် မျဉ်းကြောင်းကို အပေါ်၊ အောက် ရွှေ့ပြီး သတ်မှတ် ပေးပါ။ Warning ကိုတော့ Limit ပမာဏ ထက် MB တစ်ရာ လောက် လျော့နည်းတဲ့ နေရာမှာ သတ်မှတ် ထားသင့် ပါတယ်။

Myanmar Digital Life Journal
Original link - https://www.facebook.com/MyanmarDigitalLife

Read More »