နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label နည်းလမ်းများ. Show all posts
Showing posts with label နည်းလမ်းများ. Show all posts

Monday, May 15, 2017

အိုင်ဖုန်းသုံးသူတွေ ပုံကောင်းကောင်းရဖို့ ကင်မရာ ဘယ်လို ချိန်မလဲ?




အိုင်ဖုန်း သုံးစွဲ သူတွေ အနေနဲ့ ဓာတ်ပုံ ကောင်းကောင်း တစ်ပုံ ထွက်ဖို့ ကင်မရာ setting ချိန်နည်း ရိုက်ကူး နည်းတွေကို အက်ပဲလ်က လမ်းညွှန်ပေး လိုက်ပါတယ်။

သည်နည်းလမ်းကတော့ အလွယ်ကူ ဆုံးနဲ့ ဆက်တင်ချိန်ရိုက်ကူးရတာ ဖြစ်ပါ တယ်။ Auto mode ထက် manual mode နဲ့ ရိုက်ကူးမယ်ဆိုရင် မိမိအနေနဲ့ လိုချင်တဲ့ အလင်းအမှောင်ကို သေချာရိုက်ကူး နိုင်မှာ ဖြစ်ပါတယ်။

အိုင်ဖုန်းမှာ အန်းဒရိုက်တွေလို manual mode သီးသန့်မပါဝင်ပေမဲ့ ကင်မရာ ဆက်တင်ချိန်နည်းတွေကို အက်ပဲလ်က သူ့ရဲ့ ဘလော့ဂ်မှာဗီဒီယိုဖိုင်တစ်ခုနဲ့ ဖော်ပြပါတယ်။

နေအလင်းရောင်စူးတဲ့ အချိန်နဲ့ နေ သာတဲ့ အချိန်တွေလိုအပြင်ဘက် outdoor ရိုက်ကူးတာ ဖြစ်စေ၊ မီးအလင်းရောင်များ တဲ့ indoor ဖြစ်စေသည်လို ဆက် တင်ညှိပါ။ အလင်းရောင်အောက်မှာ ဓာတ်ပုံရိုက်ကူးခံမယ့် သူ့ကိုကင်မရာမှာ ဖိုးကပ် ထောက်ပြီးသေချာချိန်ပါ။

စခရင်ပေါ်မှာ လက်နဲ့ အောက်ဘက် ကို ဆွဲပြီးနေပုံသဏ္ဍာန် exposure ဆိုတာကို အနိမ့်ဆုံးထားလိုက်ပါ။ ပြီးတာနဲ့ ချက် ခြင်းရိုက်ကူးပါ။

မိုးအုံ့နေတဲ့ပုံစံမျိုး foreign ဆန်ဆန် ရိုက်ကူးမယ်ဆိုရင်လည်း cloudy ကို ရွေးနိုင်ပါတယ်။

မှောင်တဲ့နေရာတွေမှာဆိုရင် ဆက်တင်ဆန့်ကျင်ဘက်ချိန်ပါ။ ရိုက်ကူးခံမယ့်သူ သို့မဟုတ် အရာဝတ္ထုတစ်ခုကို ဖိုးကပ် ထောက်ပြီး စခရင်အပေါ်ဘက်ကို ဆွဲကာ နေပုံသဏ္ဍာန် exposure ဆိုတာကို အမြင့် ဆုံးထားလိုက်ပါ။

တချို့ဓာတ်ပုံတွေက အလျားလိုက် ရိုက်ကူးရတာမျိုး ရှိပါတယ်။ မြင်ကွင်း ကျယ်ကျယ် ရိုက်ကူးမယ့် aနရာတွေ၊ အဖွဲ့လိုက်ပုံ ရိုက်ကူးဖို့ horizon mode နဲ့ ရိုက် ကူးကြ ပါတယ်။ ဖုန်းကင်မရာ ကိုယ်ထည်ကို အလျားလိုက် ရိုက်ကူးတာက horizon setting ချိန်ပြီး ရိုက်ကူး တာလောက် resolution သိပ်မကောင်းပါဘူး။

Horizon mode ရိုက်ကူးမယ်ဆိုရင် ဆက်တင်ထဲက grid ကို turn on လုပ်ပါ။ Setting>Photos & Camera >Grid On ထဲဝင်ပါ။ HDR ကို turn on လုပ်ပြီး high-lights နဲ့ shadows ကို on ပါ။

အဲသည်ထဲ က frame the horizon along the grid lines ကိုရွေးပြီး ရိုက်ကူးပါ။ Gird Line တွေမှာ ratio အချိုးတွေကိုရွေးပြီး ရိုက်ကူး နိုင်ပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

Read More »

Friday, July 01, 2016

နိုင်ငံတော်သမ္မတရုံး Viber နှင့် ချိတ်ဆက်နည်း


“Myanmar President Office” နာမည်နဲ့ Viber မှာ Public Chat ဖွင့်လှစ် လိုက်ပါပြီ။

Public Chat မှာ နိုင်ငံတော် သမ္မတရုံးရဲ့ သတင်းများကို အချိန်နဲ့ တပြေးညီ တင်ပေးနေပြီ ဖြစ်ပါတယ်။

သတင်းများကို မိတ်ဆွေ တို့ရဲ့ Viber မှာ ဖတ်ရှုနိုင်ဖို့ အတွက် Follow လုပ်ထား ရမှာ ဖြစ်ပါတယ်။

Public Chat Follow လုပ်နည်းမှာ အောက်ပါ အတိုင်း ဖြစ်ပါတယ်။









နိုင်ငံတော် သမ္မတရုံး ဝဘ်ဆိုဒ်မှ ကူးယူ မျှဝေပါသည်။

Originally published at - နိုင်ငံတော် သမ္မတရုံး

Read More »

Sunday, September 27, 2015

Windows 10 USB Installer ကိုဖန်တီးခြင်း




Windows 10 ကို အသုံးပြုချင် သူများ အတွက် Windows 10 USB Installer ဖိုင်ကို ဖန်တီး ပြုလုပ် ချင်တယ် ဆိုရင် အောက်ဖော်ပြပါ အတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ဖို့ အတွက် ကွန်နက်ရှင်တော့ လိုအပ်မှာ ဖြစ်ပါတယ်။ Windows 10 USB Installer ဖိုင်ပြုလုပ်မယ် ဆိုရင် USB Storage အနည်းဆုံး 3GB အထက်ရှိရမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး Windows 10 ကိုလက်ရှိ အသုံးပြုနေတဲ့ Windows 7 သို့မဟုတ် Windows 8 နှင့် 8.1 version တို့ပေါ်ကနေ Upgrade ပြုလုပ် ချင်သူများ အတွက် Microsoft ကထုတ်လုပ် ဖြန့်ချိပေးတဲ့ Media Creation tool ဆိုတာနဲ့ Upgrade ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Windows 10 USB Installer ကိုလည်း Media Creation Tool ကို အသုံးပြုပြီး ပြုလုပ် ဖန်တီးပေး ရပါမယ်။

Media Creation Tool ကိုရယူဖို့ အတွက် https://goo.gl/dtbQwX ဆိုတဲ့ ဝက်ဘ်ဆိုက်ကို သွားရပါမယ်။ အဆိုပါ ဝက်ဘ်ဆိုက်ကို ရောက်ရင် ကိုယ်လက်ရှိ တင်ထားတဲ့ Windows ဟာ Windows 32 bit လား 64 bit လားဆိုတာကို ခွဲခြားပြီး ကိုယ့်ရဲ့ Windows နဲ့ ကိုက်ညီမယ့် Media Creation Tool ကို Download လုပ်ယူ ရပါမယ်။

Download ပြုလုပ်ပြီးပြီ ဆိုရင် အဆိုပါ ဖိုင်ကို Run လိုက်ပါ။ Upgrade This PC Now ရယ် Create installation media for another PC ဆိုတာရယ်ကို တွေ့ရင် Create installation media for another PC ဆိုတာကို ရွေးချယ်ပေး ရပါမယ်။ ရွေးချယ်ပေး ပြီးရင် Next ကိုနှိပ် လိုက်ပါ။ နောက်တစ်ဆင့် ရောက်ရင် Language ကို English ရွေးပေး ထားပြီး Edition မှာ ကိုယ်နှစ်သက်တဲ့ Edition ကို ရွေးချယ် ပေးရ ပါမယ်။

ပြီးသွားရင်တော့ USB Device နဲ့ အသုံးပြုမှာ ဖြစ်တဲ့ အတွက် USB flash drive ဆိုတာကို ရွေးချယ်ပေး ရပါမယ်။ ရွေးချယ်ပေး ပြီးရင် Next ကိုနှိပ် လိုက်ပါ။ Next ကို နှိပ်ပြီးရင် USB drive ကို ကိုယ် အသုံးပြုမယ့် USB drive ကို ရွေးချယ် လိုက်ပါ။ Next button ကို ထပ်နှိပ် လိုက်ရင် Windows 10 အတွက် လိုအပ်တဲ့ ဖိုင်တွေကို စတင် download ပြုလုပ်ပြီး အဆိုပါ Stick ထဲကို ထည့်သွင်း ပေးသွား ပါလိမ့်မယ်။

Download ပြုလုပ်တဲ့ လုပ်ငန်းစဉ်တွေ ပြီးသွားရင်တော့ ညွှန်ပြထားတဲ့ လုပ်ငန်းများ အတိုင်း ထပ်မံပြုလုပ် ပေးသွား လိုက်လျှင် Windows 10 USB Installer ကို ဖန်တီးတဲ့ လုပ်ငန်း အဆင့် ပြီးဆုံး သွားပြီဖြစ် ပါတယ်။

အဆိုပါ USB Stick နဲ့ အခြားသော ကွန်ပျူတာတွေ ပေါ်မှာ တပ်ဆင်ပြီး Windows 10 ကို Upgrade အလွယ် တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Internetjournal

Original link - http://www.internetjournal.media/how-to/4195

Read More »

Saturday, September 12, 2015

Computer ကို ဦးနှောက် အပို သုံးနည်း




Computer တစ်လုံးကို ဦးနှောက် များများနဲ့ အလုပ် လုပ်ခိုင်း ချင်ရင်တော့ ဒီနည်းလေးနဲ့ ပြောင်းပေး လိုက်ပါဗျာ Computer ဟာ ဦးနှောက် များများနဲ့ အလုပ် လုပ်ရတဲ့ အတွက် System ရဲ့ လုပ်ဆောင် ချက် ကို ပိုမို မြန်ဆန် စေပါတယ်

တချို့စက်တွေမှာ ဦးနှောက်နှစ်လုံး၊ ဦးနှောက် လေးလုံး ပါကြ ပေမယ့် တချို့စက် တွေမှာတော့ ဦးနှောက် တစ်လုံးပဲ ပါ ပါတယ် မိမိ Computer မှာ ရှိသလောက် ကိုပဲ ယူလို့ ရမှာ ဖြစ်ပါတယ် နောက်ထပ် အပို ထည့်ချင် လို့တော့ မဖြစ်နိုင်ပါဘူး။

လုပ်နည်း လေးကတော့ အောက်က ပုံလေးတွေ အတိုင်းပါပဲ windows + R နဲ့ အရင်ဆုံး Run Box ကို ဖွင့်ရပါမယ် msconfig စာသားကို ရိုက်ထည့်ပါ။


ပြီးရင် OK နှိပ်ပါ ဒါမှမဟုတ် Enter ခေါက်ပါ။

ပေါ်လာမယ့် ဘောက်စ် ထဲမှာ အောက်ကပုံလေးတွေအတိုင်း ဆက်လုပ်ပေးလိုက်ပါ။



ပြီးရင် အောက်က ပုံလေးပေါ်လာရင် နံပါစဉ် အတိုင်း ဆက်သွားပါ။


အောက်ကပုံအတိုင်းဆက်သွားပါ။



အပေါ်ပုံလေးတွေ အတိုင်းပြောင်းပြီး သွားရင်တော့ မိတ်ဆွေ တို့ Computer ဟာ ဦးနှောက် အပိုများနဲ့ အလုပ် လုပ်နေ ပါပြီးဗျာ။

ShweEainThuLay ရဲ့ ပို့စ်ကို မှီငြမ်းထားပါသည်။

Original link - http://mawlamyineinformation.blogspot.com.au/2015/09/computer.html

  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Wednesday, September 02, 2015

ကိုယ်စိတ်ဝင်စားနေတဲ့ သူ ကိုယ့်ကို ပြန်ကြွေစေ ချင်တယ် ဆိုရင်




တစ်စုံတစ်ဦးက ကိုယ့်ကို ရူးရူး မူးမူး ချစ်ခင် စွဲလန်းစေ ချင်ပါက သိပ္ပံ နည်းကျ အထောက် အထား ခိုင်လုံတဲ့ အောက်ပါ နည်းလမ်းလေးတွေက သင့်ကို အကူအညီ ဖြစ်စေ ပါလိမ့်မယ်။

မျက်လုံးချင်းဆက်သွယ်မှုပြုခြင်း

မိမိနှစ်သက်မြတ်နိုးတဲ့ သူတစ်ဦးရဲ့ အာရုံစိုက်မှု ရယူဖို့ အတွက် မျက်လုံးချင်း ဆက်သွယ်မှုက အရေးကြီး ပါတယ်။ အဲဒါက သူ/သူမကို သင့် ခံစားချက်တွေ ထဲထဲ ဝင်ဝင် နားလည် သဘောပေါက် စေပါတယ်။

နားထောင်တတ်သူဖြစ်ပါစေ

နာဗားဒါး တက္ကသိုလ်နဲ့ ဝါရှင်တန် တက္ကသိုလ်မှ လေ့လာမှု များအရ နားထောင်ကောင်းသူ တစ်ဦးဖြစ်ရတာ သင့်ကို တစ်စုံတစ်ဦးမှ ချစ်ကြိုက် မိခြင်းရဲ့ ကြီးမားတဲ့ အခန်းကဏ္ဍ တစ်ခု ဖြစ်ပါတယ်။ တခြားသူတွေ သူတို့ကို စိတ်ဝင်စားမှု ပေးတဲ့ အခါ လူတွေနှစ်သက် သဘောကျ ကြပါတယ်။ အဲဒီ အတွက်ကြောင့် သူတို့ အကြောင်းကို မဆိုင်းမတွ ချက်ချင်း ပြောဆို ဆွေးနွေးနိုင် ကြတယ်။

တလေးတစားနဲ့ ကောင်းမွန်စွာဆက်ဆံပါ

သူလုပ်ဆောင်နေတဲ့ အရာတွေနဲ့ သူ့ဖြစ်နေတာတွေ အားလုံး တန်ဖိုးထား သလို ပြုမူ ဆက်ဆံ တတ်ပါက အထူးသဖြင့် အသေးဖွဲ လေးတွေ တောင်းဆိုတဲ့ အခါ သင့်အတွက် မယုံကြည်နိုင် လောက်အောင် လိုက်လျော လာပါလိမ့်မယ်။

ဖြူစင်ရိုးသားစွာ ပြုံးပြပါ

ပြုံးရွှင်ခြင်းက ပိုမိုဆွဲဆောင်မှု ရှိစေတယ်၊ စိတ်ဝင်စားမှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုဖြစ်စေ ပါတယ်။

မကြာမကြာတို့ထိပေးပါ

မိမိလက်တွဲဖော်ကို မကြာမကြာ ထိတွေ့ပေးတာ စိတ်ကြည်နူးမှုနဲ့ ရင်းနှီးမှု တိုးပွား စေပါတယ်။

သူတို့စိတ်ဝင်စားဆုံးအရာကို တန်ဖိုးထားပေးပါ

တစ်ယောက် ယောက်က သူတကယ် စိတ်ဝင်စားတဲ့ အကြောင်းအရာကို ပြောတဲ့ အခါ သူတို့ အားနည်းချက် ပျော့ကွက် တစ်ခုခုကို ဝေမျှပြောဆို တတ်ကြ ပါတယ်။ ဒါ့ကြောင့် သူတို့နှစ်သက် သဘောကျတဲ့ အရာကို တန်ဖိုးထား တတ်ရင် အပြန်အလှန် အားဖြင့် သင့်အပေါ် ရူးသွပ် စွဲလန်းဖို့ အလားအလာ ရှိပါတယ်။

Original link - http://www.trend.com.mm/2015/09/01/relationships-7547

Read More »

Monday, August 03, 2015

Facebook မှာ သင့်ရဲ့ စီးပွားရေး လုပ်ငန်းကို ထိရောက်စွာ ကြော်ညာနည်း




Facebook မှာ သင့်ရဲ့ စီးပွားရေး လုပ်ငန်းကို ကြော်ညာလေ့ ရှိသလား ? ကြော်ညာလို့ သင့် စီးပွားရေး လုပ်ငန်း ရဲ့ Page ဟာ Like သိန်းချီ ရလာ ပေမယ့်လည်း ဖေါက်သည် အစစ်အမှန် တွေကို ရရှိဖို့ ခက်ခဲနေ ပါသလား ? ဒီလို ဆိုရင်တော့ Facebook မှာ သင့်ရဲ့ ကြော်ညာကို ထိရောက်စွာ Boost ပြုလုပ် နိုင်မယ့် နည်းလမ်းများ ကို သင်မသိ သေးလို့ ဖြစ်ပါ လိမ့်မယ်။ အဲဒီ နည်းလမ်း တွေကို အသုံးပြု ခြင်းဖြင့် ဖေါက်သည် အစစ် အမှန်များ တိုးပွားအောင် ပြုလုပ် နိုင်ပါတယ်။

၁။ စာသား အနည်းဆုံးနဲ့ ရှင်းလင်း ထင်ရှားတဲ့ ဓါတ်ပုံကို အသုံးပြုပါ။

သင့်ကြော်ညာ အတွက် ရွေးချယ်တဲ့ ဓါတ်ပုံဟာ သင့်ရဲ့ စီးပွားရေး လုပ်ငန်း အမျိုးအစားနဲ့ သင် Target ထားချင်တဲ့ လူတွေပေါ် မူတည် ပါတယ်။ သင်ဟာ Personal Brand တစ်ခု ဆိုရင် ဖော်ရွေတဲ့ မျက်နှာ တစ်ခုဟာ သင့်ကြော်ညာရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေတဲ့ အတွက် သင့်ရဲ့ ဓါတ်ပုံကို အသုံးပြု သင့်ပါတယ်။ သင့်ကြော်ညာနဲ့ ပတ်သက်တဲ့ ထုတ်ကုန်များကို ဓါတ်ပုံမှာ ထည့်သွင်းခြင်း ကလည်း ရလဒ်ကောင်းတွေ ရစေ မှာပါ။



ဓါတ်ပုံတစ်ခု ရွေးချယ်တဲ့ အခါမှာ ရှင်းလင်း ထင်ရှားတဲ့ ပုံကို ရွေးချယ်ပါ။ နောက်ပြီး Facebook နဲ့ သက်ဆိုင် တယ်လို့ လူတွေ ထင်ရစေတဲ့ အပြာရောင်ကို ရှောင်ကြဉ်ခြင်းဖြင့် သင့်ကြော်ညာကို စိတ်ဝင်စားမှု ပိုများနိုင် ပါတယ်။ ဓါတ်ပုံရဲ့ ပတ်လည်မှာ ဘောင်တွေ ၀န်းရံခြင်းကလည်း ကြော်ညာကို ထိရောက် စေပါတယ်။

ဓါတ်ပုံမှာ စာသားကို ဖယ်ရှား ထားပါ။ ဒါမှ မဟုတ် စာသား အနည်းငယ် ကိုသာ ထည့်ပါ။ Facebook က ကြော်ညာ ဓါတ်ပုံမှာ စာသားကို ဓါတ်ပုံရဲ့ ၂၀ ရာခိုင်နှုန်း ထက် ပိုပြီး ရေးသားခြင်းကို ခွင့်မပြုပါဘူး။

၂။ တိုတောင်းပြီး လူ စိတ်ဝင်စားမယ့် စာသားကို ရေးသားပါ။

ကြော်ညာမှာ ရေးသားချင်တဲ့ စာသားကိုလည်း တိုတောင်းပြီး လူ စိတ်ဝင်စားမယ့် စာသားကို ရွေးချယ်ပါ။ Facebook က သင့်တော်တဲ့ အခြေ အနေမှာ ကြော်ညာ စာသားထဲမှာ ဈေးနှုန်းနဲ့ ရောင်းချမယ့် ကာလကို ထည့်သွင်းဖို့ အကြံပြု ထားပါတယ်။

ကြော်ညာ ဒါမှမဟုတ် ထုတ်ကုန် တစ်ခုကို မတူညီတဲ့ စာသားနဲ့ စမ်းသပ်ကြော်ညာနိုင်ပါတယ်။


ပြီးရင်တော့ ဘယ်တစ်ခုကို လူတွေ ပို စိတ်ဝင်စားလဲ ဆိုတာ လေ့လာနိုင် ပါတယ်။


ကြော်ညာစာသားမှာ အဓိက အစိတ်အပိုင်းနှစ်ခုပါရှိပါတယ်။ ခေါင်းစီးနဲ့ စာသားဖြစ်ပါတယ်။ News Feed မှာ ဆိုရင် ခေါင်းစီးဟာ ဓါတ်ပုံရဲ့ အောက်မှာ ကလစ်ပြုလုပ်နိုင်တဲ့ လင့်အဖြစ် ပြသပေးမှာ ဖြစ်ပါတယ်။ ခေါင်းစီးကို တိုတုတ် ထိမိစေရန် တစ်ကြောင်းတည်း ဖန်တီးရေးသားသင့်ပါတယ်။

ကြော်ညာကို ကြည့်ရှုနေတဲ့ လူက လင့်ကို ကလစ်နှိပ်ချင်လာအောင် ဓါတ်ပုံအပေါ်မှ စာသားကိုလည်း စိတ်ဝင်စားစရာကောင်းအောင် တိုတိုတုတ်တုတ်ရေးသားသင့်ပါတယ်။

၃။ Audience Targeting ကို ထိရောက်စွာ အသုံးချပါ။

သင့်ရဲ့ ကြော်ညာအတွက် Audience ကို သတ်မှတ်တဲ့ အခါမှာလည်း Male / Female, 30 to 40 Years Old, City စတာတွေ ကိုပဲ သတ်မှတ်ခြင်း မပြုပါနဲ့။ Interests ကိုလည်း အကျိုးရှိစွာ အသုံးပြုနိုင် ပါတယ်။ Interests ကို သုံးရင် သင့် ပြိုင်ဖက် စီးပွားရေး လုပ်ငန်းမှ ဖေါက်သည်များကို လုယူနိုင် ပါတယ်။ ဥပမာ အားဖြင့် သင်ဟာ ရန်ကုန်က ပရော်ဖက်ရှင်နယ် ဓါတ်ပုံ သမား တစ်ဦးဆိုရင် ရန်ကုန်က အခြား နာမည်ကြီး ဓါတ်ပုံ သမားရဲ့ Page ကို Interests မှာ ရှာပြီး ရိုက်ထည့် ပေးရင် သူ့ရဲ့ ပရိသတ်တွေက သင့်ကို ဆက်သွယ်အောင် Facebook က ကြော်ညာ ပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သင့်စီးပွားရေးနဲ့ ဆက်စပ်နေတဲ့ Page တွေကိုလည်း ပစ်မှတ် ထားနိုင်ပါတယ်။ သင်တို့ စီးပွားရေး လုပ်ငန်းနှစ်ခု စလုံးမှာ တူညီတဲ့ ဖောက်သည်တွေ ရှိနိုင် ပါတယ်။ ဥပမာအားဖြင့် သင်ဟာ ပရော်ဖက်ရှင်နယ် ဓါတ်ပုံ သမားတစ်ယောက် ဆိုရင် မင်္ဂလာဆောင် ၀တ်စုံများ ချုပ်လုပ်ပေးတဲ့ ဒီဇိုင်နာများရဲ့ Page ကို Interests မှာ ထည့်ပေးခြင်းဖြင့် အဲဒီ Page ကို Like ပြုလုပ် ထားသူများက သင့်ရဲ့ Page ကို ကြော်ညာ အနေနဲ့ တွေ့မြင်ပြီး Like ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

သတိပြုရမှာ ကတော့ Interests မှာ Page များကို ရိုက်ထည့်ပြီး ရှာဖွေရင် Interests များကိုလည်း ပြသပေးမှာ ဖြစ်တဲ့ အတွက် Page ကို မှန်ကန်စွာ ရွေးချယ် တတ်ဖို့ လိုပါတယ်။

ထူးခြားချက် တစ်ခုက Interests မှာ Page များကို ရှာရာမှာ တစ်ချို့ Page များကို ပြသပေမယ့် တစ်ချို့ Page များကို ပြသပေးခြင်း မရှိပါဘူး။ Facebook ကလည်း အဲဒီ အကြောင်း အရင်းကို တရားဝင် ကြေညာ ထားခြင်း မရှိပါဘူး။



၎။ Daily Ad Budget သတ်မှတ်ပါ။

Facebook ကြော်ညာဝန်ဆောင်မှုရဲ့ စွမ်းရည်ကို သိသာ ထင်ရှားစွာ မြင်တွေ့ ရစေဖို့ အတွက် Lifetime Budget အစား Daily Budget ကို အသုံးပြုပါ။ အသုံးပြုတဲ့ နေရာ မှာလည်း တစ်နေ့လျှင် တစ်ဒေါ်လာ ကနေ နှစ်ဒေါ်လာ အတွင်း ငွေနည်းနည်းနဲ့ စတင် ကြော်ညာပါ။ တစ်ပတ်လောက် ကြော်ညာကို ထုတ်လွှင့်ပြီးတဲ့ နောက် အရှိန် တစ်ဖြည်းဖြည်း ရလာပြီ ဆိုရင် Daily Budget ကို တစ်ကြိမ်မှာ နည်းနည်းစီ တိုးပေးပါ။




Facebook ဟာ ကြော်ညာခြင်းနဲ့ ဈေးကွက် တိုးမြင့်ခြင်း အတွက် တန်ဖိုးရှိတဲ့ ပလက်ဖောင်း တစ်ခု ဖြစ် ပါတယ်။ Facebook မှာ သင့်ရဲ့ စီးပွားရေး လုပ်ငန်းကို ထိရောက်စွာ ကြော်ညာနိုင်မယ့် နည်းလမ်း များစွာထဲကမှ တစ်ချို့တစ်ဝက်ကို ဖော်ပြပေး လိုက်တာ ဖြစ်ပါတယ်။ ဒီနည်းလမ်း များကို သိမှသာ သင့်ပြိုင်ဖက် များထက် သင်ဟာ Social Media Marketing နယ်ပယ်မှာ နှာတစ်ဖျား သာနေမှာ ဖြစ်ပါတယ်။

Myanmar Digital Life Journal

Original link - http://www.myanmardigitallife.com/?p=4029

Read More »

Thursday, July 30, 2015

Facebook Messenger ကို ကျင်လည်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း လေးခု




Facebook Messenger ဟာ ရိုးရှင်းတဲ့ Messaging ၀န်ဆောင်မှု တစ်ခုထက် ပိုပြီး စွမ်းဆောင် ချက်တွေ စုံလင် လှပါတယ်။ စွမ်းဆောင် ချက်တွေ များပြားတဲ့ အတွက် လူတစ်ယောက် ချင်းစီ အပေါ် မူတည်ပြီး နှစ်သက်တာ ရှိသလို စိတ် အနှောင့် အယှက် ဖြစ်စရာ တွေလည်း ရှိပါတယ်။ ဒီတစ်ပတ် မှာတော့ Facebook Messenger ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင် ချက်များကို အသုံးပြုနည်းနှင့် တကွ စိတ် အနှောင့် အယှက် ဖြစ်စရာ တွေကို ပိတ်ပင်နိုင်မယ့် နည်းလမ်း များကို ရေးသားပေး လိုက်ပါတယ်။

Conversation တစ်ခု အတွက် Notifications များကို ပိတ်နည်း

ဈေးရောင်းသူ တစ်ယောက်က Messenger မှာ Group တစ်ခု ပြုလုပ်ပြီး အဲဒီ Group ထဲမှာ သင် အပါအ၀င် လူပေါင်း များစွာကို ထည့်သွင်းပြီး သူ့ရဲ့ ကုန်ပစ္စည်းကို ၀ယ်ယူဖို့ စာတွေ အဆက် မပြတ် ပေးပို့နေ ရင်တော့ စိတ်ပျက် စရာ ဖြစ်ပါတယ်။ အဲဒီ Group အတွက် Notification ကို ပိတ်ထား မှသာ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ Conversation Tab ထဲသွားပြီး အဲဒီ Group ကို ဖိထားပါ။ Mute notifications ကို ရွေးပြီး အချိန်ကို ရွေးပေးပါ။ သင် ပြန်မဖွင့် မချင်း ပိတ်ထား ချင်ရင်တော့ “ Until I turn it back on “ ကို ရွေးပေးပါ။



Conversation အားလုံးအတွက် Notification များကို ပိတ်နည်း

Messenger ကိုဖွင့်ပြီး ညာဘက် အပေါ် ထောင့်စွန်းမှ Settings အိုင်ကွန်ကို နှိပ်ပါ။ Notifications & Sounds ထဲသွားပြီး ညာဘက် အပေါ်ထောင့်စွန်းမှ ခလုတ်ကို Off လုပ်ပါ။ နောက် အဆင့်မှာ ပိတ်ထားမယ့် အချိန်ကို ရွေးပေးပါ။ ၂၄ နာရီ အထိပဲ အများဆုံး ပိတ်ထား နိုင်ပါတယ်။



တည်နေရာကို ပေးပို့နည်းနဲ့ ကြည့်ရှုနည်း

သင့်ရဲ့ တည်နေရာကို သူငယ်ချင်း တစ်ယောက်ထံ ပေးပို့ ချင်ရင် Messenger ကိုပဲ အသုံးပြု နိုင်ပါတယ်။ Settings ထဲမှာ Location ကို Enable လုပ်ထားရင် Conversation အားလုံးမှာ သင့်ရဲ့ တည်နေရာကို သူငယ်ချင်း များက သိနိုင်ပါတယ်။

အလားတူပဲ သင့်ရဲ့ သူငယ်ချင်းက Location ကို ဖွင့်ထားရင် သင်က သူ့ရဲ့ တည်နေရာကို သိနိုင် ပါတယ်။ သူ့ရဲ့ တည်နေရာကို သိဖို့ သူပေးပို့တဲ့ Message ကို တစ်ချက် နှိပ်ရင် အောက်မှာ မြေပုံနဲ့ တကွ ပြသပေးမှာ ဖြစ်ပါတယ်။

သင့်ရဲ့ တည်နေရာကို အခြားသူတွေ မသိစေချင် ရင်တော့ Settings ထဲမှာ ပိတ်ထား နိုင်ပါတယ်။



Big Thumbs Up တစ်ခု ပေးပို့နည်း

Messenger မှာ လက်မထောင်နေတဲ့ ပုံလေးကို အလွယ်တကူ ပေးပို့နိုင်ဖို့ ညာဘက် အောက်ခြေမှာ ပြသပေး ထားပါတယ်။ တစ်ဖက်က သူငယ်ချင်းရဲ့ သဘောထား၊ အကြံဥာဏ် ဒါမှမဟုတ် တစ်စုံတစ်ခုကို နှစ်သက်ကြောင်း လျှင်မြန်စွာ ပြောပြနိုင်ဖို့ ပြုလုပ်ပေး ထားတာပါ။ ဒါပေမယ့် အဲဒီ ထောင်နေတဲ့ လက်မလေးဟာ သေးငယ် ပါတယ်။ လက်မ အကြီးကြီး ပေးပို့ ချင်ရင် လက်မကို ဖိထားပြီး အကြီးဆုံး အနေ အထား ရောက်မှ လွှတ်လိုက်ပါ။



Myanmar Digital Life Journal

Original link - http://www.myanmardigitallife.com/?p=3831

Read More »

Google Calendar ( Android ) အတွက် Tips and Tricks များ




Google Calendar ကို မိတ်ဆက် ခဲ့တာ ဆယ်နှစ် ကြာပြီ ဖြစ်ပြီး အခု ဆိုရင် Google ရဲ့ လူကြိုက် များတဲ့ ၀န်ဆောင် မှုတွေ ထဲက တစ်ခု ဖြစ်နေ ပါပြီ။ Google Calendar မှာ အစည်း အဝေးပွဲ ပြုလုပ်ခြင်း၊ သင်တန်း တက်ခြင်း ၊ မွေးနေ့ပွဲများ သတ်မှတ်ခြင်း စတာတွေ အတွက် နေ့ရက်နဲ့ အချိန်တို့ကို Event များအဖြစ် သတ်မှတ် နိုင်ပြီး မှတ်သား ထားနိုင် ပါတယ်။

Google Calendar က သင့်ရဲ့ Event များ အတွက် Notification များဖြင့် အသိပေး နိုင်ပါတယ်။ ဒါ့အပြင် Google Calendar ဟာ Maps , Gmail , Google Now တို့လို Google ထုတ်ကုန် တွေနဲ့ တွဲဖက် အသုံးပြု နိုင်ပါတယ်။

Event Locations များကို ထည့်သွင်းပါ။

Google Calendar ရဲ့ Events များမှာ Location တစ်နည်း အားဖြင့် Events Location များကို ထည့်သွင်း နိုင်ပါတယ်။ သင်ဟာ Event ရဲ့ တည်နေရာကို သိနေတယ် ဆိုရင်တောင် ထည့်သွင်း ထားသင့် ပါတယ်။ အကြောင်းရင်း ကတော့ တည်နေရာ ထည့်သွင်း ထားရင် Google Now ကိုယ်ရေး လက်ထောက်က Event အတွက် အိမ်မှ ထွက်ခွာ ရမယ့် အချိန်ကို သင့်ကို အသိပေး နိုင်တဲ့ အတွက် ဖြစ်ပါတယ်။




Gmail မှ Events များထည့်သွင်းပါ။


Android ရဲ့ Google Calendar နောက်ဆုံး ဗားရှင်းမှာ သင့် Gmail ရဲ့ Inbox ထဲ ၀င်လာတဲ့ အီးမေးများမှ Event များကို အလို အလျှောက် ရှာဖွေ သိရှိနိုင်ပြီး Calendar မှာ ထည့်သွင်း ပေးတဲ့ စွမ်းဆောင်ချက် ပါရှိလာ ပါတယ်။ ဒါကို အသုံးချဖို့ အတွက် Menu ကနေ Settings ထဲသွားပြီး Choose Events from Gmail ကို ရွေးချယ်ပါ။ Add Events form Gmail မှ ခလုတ်ကို On ပြောင်း ပေးပါ။



Quick Responses များကို ပြောင်းလဲပါ။

ချိန်းဆိုထားမှု တစ်ခု အတွက် နောက်ကျနေ တယ်ဆိုရင် Google Calendar ကနေ တစ်ဆင့် ချိန်းဆို ထားသူ များကို အသိပေး တုန့်ပြန် နိုင်ပါတယ်။ သင်ဟာ အချိန်လု နေရတဲ့ အတွက် Google က သင့်အတွက် Quick Responses များကို ပြင်ဆင်ပေး ထားပါတယ်။ နှစ်သက်ရာ စာသားကို ပြောင်းဖို့ အတွက် Settings> General ထဲသွားပါ။



Sensitive Content များကို ဖွက်ပါ။

နောက်ဆုံး Google Calendar Version ကို Android Lollipop မှာ အသုံးပြု သူများ အတွက် Lock Screen မှာ Google Calendar မှ သတင်းအချက် အလက်များကို ပြသပေး နေမှာ ဖြစ်ပါတယ်။ အဲဒီ သတင်းအချက် အလက် များကို အခြားသူများ မမြင်စေ ချင်ရင် Android Settings မှ Sound & Notification ကို ရွေးချယ်ပါ။ App Notifications ထဲသွားပြီး Calendar ထဲသွားပါ။ Sensitive မှာ On ပေးပါ။



Event Notifications များကို Customize လုပ်ပါ။

Google Calendar ထဲမှာပဲ Home, Work, Kids စသဖြင့် ကလင်ဒါ များစွာ ပြုလုပ်နိုင် ပါတယ်။ ကလင်ဒါ တစ်ခု ချင်းစီ အတွက် ကွဲပြားတဲ့ Notification အခြေ အနေများကို သတ်မှတ် နိုင်ပါတယ်။ Settings ထဲသွားပြီး ကလင်ဒါ တစ်ခုစီ အတွက် အရောင်ကို ပြောင်းလဲနိုင်ပြီး သက်ဆိုင်ရာ ကလင်ဒါ အလိုက် Event တစ်ခု မတိုင်မီမှာ ကြိုတင် အသိပေးဖို့ အချိန်ကာလကို သတ်မှတ် နိုင်ပါတယ်။



ခရီးသွားလျှင် Time Zone ကို အလိုအလျှောက် ပြောင်းလဲခိုင်းပါ။

Google Calendar Settings အောက်မှ General မှာ Use device’s time zone ကို On ပေးထားရင် သင်ခရီးသွားတဲ့ အခါမှာ ကလင်ဒါမှ အချိန်များက တည်နေရာပေါ် မူတည်ပြီး အလို အလျှောက် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။



Myanmar Digital Life Journal

Original link - http://www.myanmardigitallife.com/?p=3976

Read More »

Saturday, July 18, 2015

မိမိ Facebook အကောင့် ကနေ virus လို မျိုး မကောင်းတဲ့ လင့်တွေ ရှယ် မလုပ်မိအောင် ကာကွယ်နည်း


Facebook ကို အခုမှ စသုံးတဲ့ သူငယ်ချင်းတွေ နဲ့ မလုပ်တတ်လို့ ပိတ်မထားတဲ့ ဘော်ဒါတွေ အတွက် ရည်ရွယ် ပြီးတော့ ထပ်မံ ရှင်းပြပေး လိုက်ပါတယ်။
မကောင်းတဲ့ ပို့စ်တွေ မကောင်းတဲ့ pages တွေ Facebook group တိုင်းနီးပါးမှာ တွေ့နေရပါတယ်။

အဲ့ ဒါကတော့ မိမိ သိလို့ ရှယ် လိုက်သည်ဖြစ်စေ မသိပဲ အလိုလို ရှယ် သွားမိတယ် ဖြစ်စေ အခြားလူတွေ အမြင်မှာ မတင့်တယ် ပါဘူး အဲ့ဒါကို ပိတ်ချင်တယ် မရှယ်စေချင်ဘူး ဆိုရင် ဒီတိုင်း မျဉ်းအနီလေး ပြထားတဲ့ အတိုင်း လိုက်လုပ်ပေးပါ။

(၁ ) အောက်မှာပြထားတဲ့ setting နေရာ ကနေ သွားလိုက်ပါ။


( ၂ ) အကောင့် setting ကိုသွားပါ။


( ၃ ) Privacy ကို ဝင်လိုက်ပါ။


( ၄ ) မိမိ သွားခဲ့တဲ့ နေရာ ကြည့်မိသည် ဖြစ်စေ မကြည့်မိသည် ဖြစ်စေ မတော်တဆ မှားယွင်း ထောက်မိသည် ဖြစ်စေ မိမိ ရဲ့ FB အကောင့်နဲ့ အလို အလျောက် ရှယ်မိ သွားတာကို
အောက်က အနီရောင်လေးထောင့်ကွက် ကနေ ဝင်ပိတ်ပေး ရပါမယ် ။ အထဲမှာ Yes ဆိုတာလေးကို တွေ့လား ။ ဝင်လိုက်ပါ။


( ၅ ) အောက်မှာ ပြထားတဲ့ အတိုင် အမှန်ခြစ်လေးကို ဖြုတ်ပေးဖို့ လိုအပ်ပါတယ်


( ၆ ) အမှန်ခြစ်လေးကို ဖြုတ်ပေးရင် အောက်မှာ ပြထားတဲ့ အတိုင်း confirm လုပ်ပေးရပါမယ်။


( ၇ ) confirm လုပ်ပေးပြီးရင် Yes လေးကနေ No ဆိုပီး ပြောင်းလဲ သွားပါလိမ့်မယ်။ ဒါဆိုရင် ရပါပြီ။အောက်မှာ အဆင့်ကျန်သေးတယ်နော်။


( ၈ ) ဒီနေရာမှာတော့ မိမိ ဝင်နေတဲ့ App တွေကိုပြန် Remove လုပ်ပေးရပါမယ်။ ဒါကြောင့် Apps ဆိုတာကို ထပ်နှိပ် လိုက်ပါ။


Facebookနှင့် ချိတ်ထားတဲ့ Web, App တွေကို ဖြုတ်ဖို့ ဒီနေရာကို အရင် ဝင်ပါ


( ၉ ) အောက်မှာ မိမိ အသုံးပြု တဲ့ Apps ထဲက မလိုအပ်တဲ့ ၊ မိမိ မသိတဲ့ Appတွေ ကို Remove လုပ်ဖို့ တခု ကို ထောက်လိုက်ပါ။


( ၁၀ ) အောက်မှာ နောက်ထပ် Remove App ကိုနှိပ်လိုက်ပါ။


( ၁၁ ) အောက်ကတော့ Remove ကို အတည်ပြု ပြီး Remove လုပ်ပေးလိုက်ပါ။


( ၁၂ ) အောက်ကပုံကတော့ မိမိ နဲ့ မသိတဲ့ App တွေ မရှိတော့ ပါဘူး။ တကယ်လိှု့ရှိသေးတယ် ဆိုရင်လည်း အပေါ်ကပြထားတဲ့ အတိုင်း တခုချင်းစီလိုက်ပြီး Remove လုပ်ပေးရုံပါပဲ။


ဒါလေးပါပဲ ခင်ဗျာ။ဒီတိုင်းဆို ဘယ်သွားသွား စိတ်ချရပီ ထင်ပါတယ်။

From : ဝင်းကမ္ဘာကျော် {Full Version & Free Download} by ALEX DEAN

Read More »