နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label နာရေးသတင်း. Show all posts
Showing posts with label နာရေးသတင်း. Show all posts

Monday, November 21, 2016

မြန်မာသံ တေးသံရှင်ကြီး ဟင်္သာတ ထွန်းရင် အဆုတ် ကင်ဆာ ရောဂါဖြင့် ကွယ်လွန်


ရန်ကုန်၊ နိုဝင်ဘာ ၂၁

မြန်မာသံ သီချင်း ကောင်း များစွာကို သီဆို ခဲ့တဲ့ တေးသံရှင် ဟင်္သာ ထွန်းရင်ဟာ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်က သူနေ ထိုင်ရာ ရန်ကင်း မြို့နယ်ရှိ နေအိမ်မှာ အဆုတ် ကင်ဆာ ရောဂါဖြင့် ကွယ်လွန် သွားခဲ့ကြောင်း ၎င်း၏ ဇနီးဖြစ်သူ ဒေါ်စီစီစိန်က The Voice ကို ပြောကြား ပါတယ်။

“သူ့မှာ အဆုတ် ကင်ဆာ ဖြစ်နေတာ စသိတာ ကတော့ ပြီးခဲ့တဲ့ သြဂုတ်လက လောက်မှ သိတာပါ။ ဒီရောဂါမျိုး ကတော့ သိလည်းသိ၊ သွားလည်းသွား ဆိုတဲ့ သဘောမျိုး ဖြစ်နေ တာလေ။ သူ့ကိုတော့ ကျွန်မ လေးလလောက် ပြုစု လိုက်ရ တာပေါ့နော်။

အသက် ၇၇ နှစ်မှာ ဆုံးတာဆိုတော့ သူသက်တမ်းစေ့တော့ နေသွား ရတာပေါ့” လို့ တေးသံရှင် ဟင်္သာတ ထွန်းရင် ကွယ်လွန် ခဲ့ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။

တေးသံရှင် ဟင်္သာတ ထွန်းရင်ဟာ အသက် ၇၇ နှစ် အရွယ်မှာ ကွယ်လွန် ခဲ့ခြင်း ဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်စီစီစိန်နဲ့ အတူ သားသမီး ငါးယောက် ကျန်ရစ် ခဲ့ကြောင်း၊ ၎င်းရဲ့ ရုပ်အလောင်းကို နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့ ရေဝေး သုဿန်ကို ပို့ဆောင် မီးသဂြိုလ်သွားမှာ ဖြစ်ကြောင်း ဒေါ်စီစီစိန်က ပြောကြား ပါတယ်။

“သူမဆုံးခင် အချိန်ကတော့ နတ်မောက်က တက်ခေါက်သံ စီးရီးကို နောက်ဆုံးထွက်ခဲ့တာပါ။ သူမဆုံးခင် လေးလလောက်က ဒီစီးရီးကို အသံသွင်း ခဲ့တာပါ။

ရှိုးတွေလည်း သူတောက်လျှောက် လိုက်ဆို ခဲ့တာပါ။ သူရောဂါ ဖြစ်တာကို စသိတော့မှသာ အိမ်မှာ နေခဲ့တာပါ။ သူ့လို မြန်မာသံ ကောင်းကောင်း ဆိုနိုင်တဲ့ သူကလည်း အခုခေတ်မှာ အရမ်းရှား သွားပြီလေ။

အဲ့ဒီအတွက် ကိုယ့်ခင်ပွန်း ဆိုတာထက်၊ ဂီတ အနုပညာရှင် တစ်ယောက် အနေနဲ့ နှမျော တသတော့ ဖြစ်ရတာပေါ့” လို့ ၎င်းက ဆက်လက် ပြောကြား ပါတယ်။

တေးသံရှင် ဟင်္သာတ ထွန်းရင်ရဲ့ ဈာပန အတွက် ၎င်းနေထိုင်ရာ အမှတ် (၂၅) ကျောက်ကုန်းလမ်း၊ ၁၄ ရပ်ကွက် ရန်ကင်းမြို့နယ့်ရှိ နေအိမ် ကနေပြီး ရေဝေး သုဿန်သို့ ကားများ နံနက် ၁၁ နာရီ အချိန်မှာ ထွက်ခွာမှာ ဖြစ်ကြောင်း ဒေါ်စီစီစိန်က ပြောကြား ပါတယ်။

ဓာတ်ပုံ - ​ဝေလင်း Facebook

From : The Vice Myanmar

Originally published at - http://thevoicemyanmar.com/latest-news/3770-mts

Read More »

Saturday, June 04, 2016

ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုဟာမက်အလီ ကွယ်လွန်ပြီ




အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ပြဿနာ တခုကြောင့် ဆေးရုံ တက်ရောက် ကုသမှု ခံနေ ရတဲ့ ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုဟာမက် အလီဟာ ဇွန် ၄ ရက်နေ့က ကွယ်လွန် သွားပြီလို့ မီဒီယာ တွေမှာ ဖော်ပြ ပါတယ်။

တခေတ် တခါက အလွန်အောင်မြင် ကျော်ကြားခဲ့တဲ့ အလီဟာ လက်ရှိ အသက် ၇၄ နှစ် ရှိနေပြီး အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ဆိုးလာ တာကြောင့် ဇွန် ၂ ရက်က Phoenix ဖိနစ် နယ်မြေက ဆေးရုံတရု့မှာ တင်ခဲ့ရတာပါ။

ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ ဆုကို ၃ ကြိမ် တိုင်တိုင် ရရှိခဲ့တဲ့ မိုဟာမက် အလီဟာ ၁၉၈၁ ခုနှစ်မှာ ပြိုင်ဘက် ထရီဗာဘားဗစ်နဲ့ ယှဉ်ပြိုင် ထိုးသတ် အပြီး အနားယူ ခဲ့တာပါ။

လက်ဝှေ့လောကကနေ အနားယူပြီး ၃ နှစ်အကြာမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကို စတင်ခဲ့စားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းနှစ်တွေမှာတော့ သူဟာ ဆေးရုံကို အကြိမ်ကြိမ် တက်ရောက်ကုသမှုတွေ ခံယူခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ သူဟာ အဆုတ်ယောင်ရောဂါ ခံစားခဲ့ရကာ ၂၀၁၅ ခုနှစ်မှာတော့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။

ကန်တက္ကီ ပြည်နယ်မှာ မွေးတဲ့ အလီဟာ လက်ဝှေ့လောကမှာ ပွဲတိုင်းနီးပါး အနိုင်ရသူ ဖြစ်လို့ “The Greatest,” မဟာလက်ဝှေ့ကျော် အဖြစ်လည်း တင်စား ခေါ်ကြပါတယ်။



ဒီဗွီဘီ by DVB

Originally published at - http://burmese.dvb.no/archives/153150

Read More »

Tuesday, March 01, 2016

ဝါရင့် စာရေးဆရာကြီး မောင်သာရ ကွယ်လွန်




ဝါရင့် စာရေး ဆရာကြီး မောင်သာရ အသက် ၈၅ နှစ်ဟာ အမေရိကန် ပြည်ထောင်စု နီဗားဒါး ပြည်နယ် လာစ်ဗွီးဂတ်စ် မြို့မှာ ဒေသ အချိန် ဖေဖော်ဝါရီ ၂၉ ရက် မွန်းလွဲ ပိုင်းက လူကြီးရောဂါနဲ့ ကွယ်လွန် သွားတယ်လို့ မိသားစုက ဒီဗွီဘီကို ပြောပါတယ်။

မောင်သာရရဲ့ သမီးဖြစ်သူ ဒေါ်အိမ့်က “ဖေဖေက နေ့လည် ၁၂ နာရီ ၄၅ မိနစ်မှာ ဆုံးသွား တာပါ။ အိပ်နေရင်း ကနေ မနိုးပဲ ဆုံးသွားတာ။ နလန်ထ ဆေးရုံမှာပေါ့။ ၂၄ နာရီ သူနာပြု ဆရာမတွေ ကျန်းမာရေး စောင့်ရှောက် ပေးတဲ့ နေရာမှာ။ သူက ဆေးရုံ တက်လိုက် အဲဒီကို ပြောင်းလိုက် အဲလိုနဲ့ လုပ်နေတာ ခုဆုံးတဲ့ နေရာကို ရောက်နေ တာတော့ ၇ လ ၈ လလောက် ရှိပြီ ထင်တာပဲ ” လို့ ပြောပါတယ်။

ဆရာမောင်သာရ အတွက် မနက်ဖြန် သက်ပျောက် ဆွမ်းကပ်ဖို့ ရှိပြီး မီးသဂြိုလ်ဖို့နဲ့ ဈာပန အခမ်းအနားတွေ ကိုတော့ ကြာသပတေး (သို့) သောကြာနေ့ တွေမှာ ကျင်းပဖို့ မိသားစုက စီစဉ်နေ ပါတယ်။

မောင်သာရဟာ ကွယ်လွန်ချိန်မှာ သမီးဖြစ်သူ စာရေးဆရာမ ဖြိုးသာရ အပါအ၀င် သားသမီး ၈ ဦးနဲ့ မြေးမြစ်တွေ ကျန်ရစ် ပါတယ်။

မောင်သာရ ကွယ်လွန်သွား တာနဲ့ ပတ်သက်ပြီး စာပေ လုပ်ဖော် ကိုင်ဖက် တဦးဖြစ်သူ စာရေး ဆရာကြီး မောင်စွမ်းရည်က “မောင်သာရ ကတော့ဗျာ အင်မတန် စာရေး ကောင်းတဲ့ ပုဂ္ဂိုလ်ပါ။

စာပေထဲက စကားလုံးတွေ ကလည်း သူမို့လို့ ရေးနိုင် တာပေါ့ဗျာ။ နောက်ကျတော့ ဘ၀ သရုပ်ဖော်တွေ ရေးတယ်။ ဘ၀ သရုပ်ဖော် ကြတော့လဲ တော်တော်ကို အဆင့် အတန်း မြင့်မြင့် ရေးနိုင်တယ်။

ကျောင်းသား ခေါင်းဆောင်ဟောင်း နိုင်ငံရေး သမားဟောင်း ဘ၀ သရုပ်ဖော် စာရေး ဆရာ တစ်ယောက် ကွယ်လွန် သွားတဲ့ အတွက်ကြောင့် နှမြောစရာ ကောင်း ပါတယ်။

သူက ဘ၀သရုပ်ဖော်ရေးတာ ကွင်းဆင်းပြီးရေးတာ၊ တကယ်လေ့လာပြီ ရေးတာ ဥပမာ တက္ကစီ ဒရိုက်ဘာဆို တက္ကစီ တကယ်မောင်း ပြီးတော့ ရေးတာ။ အဲလို ဘ၀ကို တကယ်လေ့လာ ပြီးတော့ရေးတဲ့ အခါမှာ ပိုပြီးတော့ ကောင်းတယ်ပေါ့ဗျာ

မတ်တပ်ရပ်လို့ လမ်းမှာငို တို့ဘာတို့ တကယ်ကောင်းတယ်။ ရေးစရာတွေ ကြွယ်ဝတယ် တကယ် အတုယူ စရာကောင်းတယ်”လို့ပြောပါတယ်။

မောင်သာရ ရေးသား ထုတ်ဝေတဲ့ ၀တ္ထုတွေ ထဲက ကျဉ်တုတ်ခံဝံ့ မခံဝံ့၊ မျိုးမမ ပကာသနီ၊ ထမီကျွတ်၍ လွှတ်လိုက်မည်၊ ရွှေစော်နံပြန်လိုက်ဦး၊ ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း၊ မနုတ်လောက်တော့ တစ်ဆယ်ချေး၊ ခါးတကယ် မတို့ခင်က ယားတယ်လို့တွန့်၊ သုမနကျောမှာ ဒဏ်ရာတွေနဲ့၊ ရှင်ဘုရင်နဲ့ ညားရင် မိဘုရား၊ ပြုံးတတ်တယ်၊ ခေါင်းငြိမ့် တတ်တယ်၊ တောလယ်၊ မောတယ်၊ အပြောကြွယ် စတဲ့ ၀တ္ထုတွေ လူသိများ ထင်ရှားပါတယ်။

စာပေသက်တမ်းတလျောက် လုံးချင်းဝတ္ထု ၆၀ လောက်နဲ့ ၀တ္ထုတိုပေါင်း ၃၀၀ ကျော် ရေးသားခဲ့ပြီး လက်ရာတချို့ကို ရုပ်ရှင်ရိုက်ကူးခဲ့သလို တချို့ကိုတော့ နိုင်ငံရပ်ခြား ဘာသာပြန်ဆို ထုတ်ဝေခဲ့ပါတယ်။

မောင်သာရ အမည်ရင်း ဦးသိန်းလွင်ဟာ မန္တလေး ဇာတိဖြစ်ပြီး အသက် ၁၆ နှစ် မပြည့်ခင် တက္ကသိုလ်ဝင် ဆယ်တန်းစာမေးပွဲကို တနိုင်ငံလုံး သင်္ချာပထမနဲ့ အောင်မြင်ခဲ့ပေမယ့် အသက်မပြည့်လို့ တက္ကသိုလ် ၀င်ခွင့်မရခဲ့ပါဘူး။

ဂုဏ်ထူးဆောင် ပညာတော်သင်စရိတ်နဲ့  မန္တလေးတက္ကသိုလ်မှာ စတက်ခဲ့ပြီး ၁၉၅၁ ရန်ကုန် ရွှေတိဂုံအလယ်ပစ္စယံ ပြည်လုံးကျွတ်ကျောင်းသား ညီလာခံမှာ ဖွဲ့စည်းလိုက်တဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) မှာ ဗဟိုအလုပ် အမှုဆောင်၊ ပြန်ကြားရေးနှင့် ၀ါဒဖြန့်ချိရေး ဗျုရို အတွင်းရေးမှူး အဖြစ် ရွေးကောက် တင်မြှောက် ခံခဲ့ရ ပါတယ်။

၁၉၅၂-၅၃မှာ ရန်ကုန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ တိုးတက်သော ကျောင်းသား အင်အားစု၊ ဗဟိုကလပ်စည်း အဖွဲ့ဝင်ဖြစ်လာပြီး မန္တလေး တက္ကသိုလ် ကျောင်းသား တပ်ဦး ခေါင်းဆောင် တဦးအဖြစ် တိုက်ပွဲဝင်စဉ် ဖဆပလ အစိုးရက ပုဒ်မ ၅ နဲ့ ဖမ်းဆီးပြီး ၁၉၅၃မှ ၁၉၅၅ အထိ ထောင်သွင်း အကျဉ်းချ ခဲ့သလို တက္ကသိုလ် ကလည်း ရာသက်ပန် ကျောင်းထုတ်ခံ ခဲ့ရပါတယ်။

၁၉၅၅ ခုနှစ် ထောင်မှ လွတ်လာပြီးနောက် ရှုမ၀ မဂ္ဂဇင်းမှာ ညှာရွှေတခက် ကြွေရက်စော ၀တ္ထုရှည်နဲ့ စာပေနယ်ထဲ စတင် ၀င်ရောက် ခဲ့ပြီး ၁၉၇၀မှာ မတ်တတ်ရပ်လို့ လမ်းမှာငို ၀တ္ထုနဲ့ အမျိုးသား စာပေဆု ရခဲ့ပါတယ်။

၁၉၉၉ ဇူလိုင်မှာ မြန်မာပြည်က ထွက်ခွာ လာခဲ့ပြီး ထိုင်းနယ်စပ်က တဆင့် အမေရိကန် ပြည်ထောင်စုမှာ ပြောင်းရွှေ့အခြေချ နေထိုင်ကာ အာအက်ဖ်အေ မြန်မာပိုင်း ရေဒီယိုကနေ အပတ်စဉ် စာပေနဲ့ အနုပညာ ဆိုင်ရာ အသံလွှင့် ဆောင်းပါးတွေ ရေးသား ထုတ်လွှင့်ခဲ့ ပါတယ်။

ဒီဗွီဘီ by ပီတာအောင်

Originally published at - http://burmese.dvb.no/archives/137685


Read More »