နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ပညာရေးသတင်း. Show all posts
Showing posts with label ပညာရေးသတင်း. Show all posts

Saturday, April 29, 2017

အမေရိကန်နိုင်ငံ စီးတီးကောလိပ်ရဲ့ ဆေးပညာဆိုင်ရာ ဘာသာရပ်တွေ လျှောက်နိုင်




ရန်ကုန်၊ ဧပြီ ၂၆ – အမေရိကန် နိုင်ငံ နယူးယောက် မြို့မှာရှိတဲ့ The City  College of New  York (CCNY) ရဲ့ ဆေးပညာ ဆိုင်ရာ ဘာသာ ရပ်တွေ၊ အင်ဂျင် နီယာ ဘာသာရပ်တွေ၊ ဗိသုကာ ဘာသာရပ်တွေ အပြင် ပညာရေးနဲ့ အသက် မွေး ဝမ်းကျောင်း ပြုလိုသူတွေ အတွက်ဘာသာရပ် မျိုးစုံကို လျှောက် ထားနိုင် ပါတယ်။

ဆေးသိပံဆိုင်ရာ ဘာသာရပ်တွေကို အဓိက သင်ကြားပေးတာ ဖြစ်ပြီး နိုဘယ်ဆုရှင်ကိုးဦးကို မွေးထုတ်ပေးခဲ့ပြီး CCNY ရဲ့ College of Liberal   Arts and Science ကျောင်းမှာ Biochemistry, Biotechnology, Earth and Atmospheric , Environment and Earth System Science , Biology,  Chemistry, Mathematics အပါအဝင် Physics စတဲ့ ဘာသာရပ်တွေကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

Architecture ဆိုင်ရာ ဘာ သာရပ်ကို တက်ရောက်လိုသူတွေအနေနဲ့ CCNY ရဲ့ Bernard and Anne Spitzer School of Architecture ကျောင်းမှာ တက် ရောက်နိုင်ပြီး အဲသည်ကျောင်းက နှစ်ပေါင်း   ၅၀ ခန့် သက်တမ်းရှိပြီး နယူးယောက် မြို့ရဲ့ တစ်ခုတည်း သော ပြည်သူပိုင် ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။

ကျောင်းစရိတ်အနေနဲ့ ဘွဲ့ဒီဂရီတက်ရောက်သူတွေအတွက် တစ်နှစ်ကို မြန်မာငွေကျပ် သိန်း ၂၀ဝ ခန့် ကုန်ကျမှာ ဖြစ်ပြီး ဘွဲ့လွန် ဒီဂရီတက်ရောက်မယ့်သူတွေအတွက် ဘာသာရပ်နဲ့ credit ပေါ်မှာ မူတည်ကာ တစ်နှစ်လျှင် ကျပ်သိန်း ၂၀ဝ ကနေ ကျပ်သိန်း ၄၀ဝ အတွင်း ကုန်ကျနိုင်တယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ်အတွင်း အနီးဆုံး  ကျောင်းဖွင့်ချိန်ကတော့ ဩဂုတ်လ ဖြစ်ပါတယ်။

The City College of New York ကျောင်းနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက international.ccny.cuny.edu မှာ ဝင် ရောက်လေ့လာကြည့်ရှုနိုင်သလို AT& S နိုင်ငံခြား တက္ကသိုလ် ပညာရေးအတိုင်ပင်ခံ လုပ်ငန်း ဖုန်း  နံပါတ် ဝ၉ ၅၀၆၂၁၇၁၊ ဝ၉ ၇၇၇ ၂၂၃၂၂၅ ကိုလည်း ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

From : ကုမုဒြာဂျာနယ် by မေသော်တာမောင်

Originally published at - http://www.kumudranews.com


Read More »

ဒီဇိုင်းဘာသာရပ် ကျွမ်းကျင်သင်တန်း လျှောက်ထားနိုင်




ရန်ကုန်၊ ဧပြီ ၂၅ – ဒီဇိုင်း ဘာသာ ရပ်ကို စိတ်ဝင်စား သူတွေနဲ့ ကျွမ်းကျင်တဲ့ ဒီဇိုင်း ပညာရှင် (Professional Multi Designer) အဖြစ် ရပ်တည် လိုသူတွေ အနေနဲ့  ဒီဇိုင်း သင်တန်းတွေ တက်ရောက် နိုင်တယ်လို့ သိ ရပါတယ်။

ဂရပ်ဖစ် ဒီဇိုင်နာ တစ်ဦး အဖြစ်  ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ Drawing, Painting, Photo Editing, Sound Editing,  Adjustment and Virtual Effect စတဲ့ အ ကြောင်း အရာတွေကို လက်တွေ့ ရေးဆွဲ အသုံးပြုကြ ရမှာ ဖြစ်ပါ တယ်။

အဲသည် သင်တန်းမှာ Vector Graphic နဲ့ Logo Design တွေ ဖန်တီးရေးဆွဲခြင်းအတွက် Adobe Illustrator , အရည်အသွေးမြင့် Computer Graphic(CG) တွေဖန်တီးခြင်း၊ ဓာတ်ပုံပြုပြင် ခြင်း၊ ဗီနိုင်း၊ ဘေလ်ဘုတ်၊ ပိုစတာ တွေ ဖန်တီးရေးဆွဲတာအတွက် Adobe Photoshop, သုံးဖက်မြင် ရှုခင်းတွေ၊ ရုပ်ပုံတွေ ဖန်တီးရေးဆွဲတာ တွေအတွက် Bryce ၊ လှုပ်ရှားမှုပုံရိပ်(Animation) တွေ၊ ဂိမ်းတွေ ဖန်တီးရေးဆွဲတာတွေ အတွက် Adobe Flash , အသံပိုင်း ဆိုင်ရာ တည်းဖြတ်မှုတွေ အတွက် Sony ACID , ဂျာနယ်၊ မဂ္ဂဇင်း Layout Design တည်ဆောက်မှုတွေအတွက် Adobe In  Design, Electronic  Publishing, လုပ်ငန်းတွေအတွက် Adobe  Acrobat တို့ကို လည်း ထည့်သွင်းသင်ကြားပေးမှာပါ။

သင်တန်းချိန်တွေက (တနင်္လာ+ဗုဒ္ဓဟူး+သောကြာ) ရက်တွေမှာ မနက် ၉း၁၅ နာရီကနေ ၁၂း၄၅နာရီအထိ ဖြစ်ပြီး သုံးလခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။

သင်တန်းဆိုင်ရာ လိုအပ်ချက်တွေအတွက် အသေးစိတ်သိရှိလိုပါက Myanmar World Wide Web Institute(M3WI) ဖုန်း နံပါတ်  ဝ၉ ၅၂၁၁၂၅၊ ၆၅၂၂၈၈၊  ဝ၉ ၉၇၂၅၁၄၁၀၃ ကို ဆက်သွယ်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

From : ကုမုဒြာဂျာနယ် by မေသော်တာမောင်

Originally published at - http://www.kumudranews.com

Read More »

Saturday, April 22, 2017

ရှစ်တန်းအောင်သူတွေ အာဆီယံ ပညာသင်ဆု လျှောက်ထားနိုင်




နေပြည်တော်၊ ဧပြီ ၂၀ – အဌမတန်း (Grade-9) အောင်မြင်ပြီး သူတွေ အနေနဲ့  ၂၀၁၈ ခုနှစ် ပညာသင်နှစ် အတွက် အာဆီယံ ပညာသင်ဆု လျှောက်ထား နိုင်ပြီလို့ ပညာရေး ဝန်ကြီးဌာနရဲ့ ကြေညာချက် အရ သိရပါတယ်။

၂၀၁၈ ခုနှစ် ပညာသင်နှစ် အတွက် စင်ကာပူ အစိုးရ ကျောင်းတွေ Secondary Three မှ Pre-University Two Level အဆင့်ထိ  လေးနှစ်တာ ပညာ သင်ကြားခွင့် ရရှိမယ့် အာဆီယံ ပညာ သင်ဆုကို ဧပြီလ ၂၆ ရက်နေ့ နောက်ဆုံး ထားပြီး လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

အာဆီယံပညာသင်ဆုလျှောက်ထားလိုသူတွေဟာ မြန်မာနိုင်ငံသား ဖြစ်ရမှာဖြစ်ပြီး တိုင်းဒေသပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှ အနိမ့်ဆုံး အဌမတန်း (Grade-9) အောင်မြင်ပြီးသူတွေဖြစ်ရမှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ပုဂ္ဂလိကကျောင်း များ(ပညာရေးသင်ရိုးညွှန်းတမ်း၊ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းနဲ့ သင်တဲ့ကျောင်းများ)မှ အဌမတန်းအောင်မြင်ပြီးသူတွေလည်း လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

အာဆီယံ ပညာသင်ဆု ပဏာမရေးဖြေစာမေးပွဲကို မေလ ၁၁ ရက်မှာ တိုင်းဒေသကြီး ပြည်နယ်ပညာရေးမှူးရုံးတွေက သတ်မှတ်ပေးတဲ့ နေရာမှာသင်္ချာ၊ အင်္ဂလိပ် နဲ့ သိပ္ဗံဘာသာရပ်တွေကိုဖြေဆိုရမှာဖြစ် တယ်လို့သိရပါတယ်။ ဖြေဆိုချိန်ကတော့ တစ်ဘာသာကို မိနစ် ၃၀ ဖြစ်ပြီး နံနက် ၁၀းဝ၀ နာရီ စတင်ဖြေဆိုရမှာဖြစ်တယ်။

ရေးဖြေစာမေးပွဲ ဖြေဆိုအောင်မြင်တဲ့ သူတွေကတော့ အဆင့်မြင့် ပညာဦးစီးဌာနဝင်း၊ အဆောင် ၃၊ သထုံလမ်း၊ ကမာရွတ်မြို့နယ် ရန်ကုန်မြို့ရှိ ပညာရေးသုတေသန စီမံကိန်းနဲ့လေ့ကျင့်ရေး ဦးစီးဌာန  (သင်ရိုးဌာနခွဲ)မှာ အာဆီယံ ပညာသင်ဆုလျှောက်လွှာပုံစံတွေထပ်မံ  ဖြည့်သွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဏာမရေးဖြေစာမေးပွဲ အောင်မြင်ပြီးတဲ့သူတွေဟာ စင်ကာပူ နိုင်ငံမှလာရောက်စစ်ဆေးမယ့် ရေးဖြေစာမေးပွဲကို ရန်ကုန် မြို့မှာ ဖြေဆိုရမှာဖြစ်ပြီး ထပ်မံရွေးချယ်ခံရသူတွေကတော့ စက်တင် ဘာလထဲမှာ လူတွေ့စစ်ဆေးတာကို ထပ်မံဖြေဆိုရမှာဖြစ်တယ်လို့  သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၁၈ ခုနှစ် အာဆီယံပညာသင်ဆု အစီအစဉ်မှာ ဆိုရင် စင်ကာပူအစိုးရက မြန်မာနိုင်ငံရှိ ထူးချွန်ကျောင်းသူကျောင်း သားတွေကို အာဆီယံ ပညာသင်ဆုရွေးချယ်ပေးအပ်ဖို့ မြန်မာနိုင်ငံသို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

From : ကုမုဒြာဂျာနယ် by မာရီခိုင်

Originally published at - http://www.kumudranews.com

Read More »

Wednesday, April 05, 2017

ရက်ဖဲလ်ဘန်ကောက် ကျောင်းခွဲရဲ့   ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု လျှောက်ထားနိုင်




ရန်ကုန်၊ ဧပြီ ၂- ရက်ဖဲလ်  (Raffles  International College)  ရဲ့  ဘန်ကောက် ကျောင်းခွဲမှာ ဒီဇိုင်း ဘာသာရပ် တက် ရောက် သူတွေ အတွက် ၅၀ ရာခိုင် နှုန်း  ပညာ သင်ဆု ပေးအပ် မယ်လို့ သိရ ပါတယ်။

၅၀ ရာခိုင်နှုန်း  ပညာသင်ဆုကို ၂၀၁၇ ခုနှစ်၊  ဇူလိုင်လ ကျောင်းဖွင့်ချိန်အတွက်ပေးအပ်တာဖြစ်ပြီး ပညာသင်ဆု လျှောက် ထားလိုတဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ ၂၀၁၇ ခုနှစ် ဧပြီလ ၁၈   ရက်မတိုင် ခင် လျှောက်ထားရမှာ ဖြစ်ပါ တယ်။

တက်ရောက်နိုင်တဲ့  ဒီဇိုင်းဘာသာရပ်တွေကတော့   Fashion Design,Interior Design , Interactive Media Design , Graphic Design နဲ့ Product Design စတဲ့ ဘာသာရပ်တွေ ရွေးချယ် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

အခြေခံ ပညာအထက်တန်း အောင် မြင်ပြီး IELTS 5.0 ရှိသူတွေ၊  GCE ‘O ‘ Level  မှာ  Grade C နဲ့ အထက်ရှိသူတွေ၊ International High School တွေက အထက်တန်း အောင်မြင်ပြီးသူတွေနဲ့ ဘွဲ့ဒီဂရီ ရရှိထားပြီး ဒီဇိုင်းဘာသာရပ်နဲ့ အသက်  မွေးဝမ်းကျောင်း ပြုလိုသူတွေ လျှောက်ထားနိုင်ပါတယ်။

ရက်ဖဲလ်ကနေ ပေးအပ်မယ့် Advanced Diploma ကို  နှစ်နှစ် တက်ရောက် ပြီးပါက  အင်္ဂလန်နိုင်ငံ Northumbria University Newcastle ကနေ ပေးအပ်မယ့် ဒီဇိုင်းဘွဲ့ဒီဂရီကို တစ်နှစ်ကနေ  တစ်နှစ်ခွဲအတွင်း ရက်ဖဲလ်ဘန်ကောက် မှာ တက်ရောက် ရယူနိုင်တယ်လို့ သိရပါ တယ်။

ပညာသင်ဆု လျှောက်ထားလိုသူ တွေ Raffles International College Bangkok မှာ တက်ရောက်လိုသူတွေ အသေးစိတ်  သိရှိလိုပါက AT &S (နိုင်ငံတကာ  တက္ကသိုလ်ပညာရေး  ဝန်ဆောင်မှုကုမဏီ)ဖုန်း  -ဝ၉  ၅၀၆၂၁၇၁၊ ဝ၉ ၇၇၇ ၂၂၃၂၂၉ ကို ဆက်သွယ်စုံစမ်းနိုင်တယ်လို့  သိရပါတယ်။

From : ကုမုဒြာဂျာနယ် by မေသော်တာမောင်

Originally published at - http://www.kumudranews.com


Read More »

စင်ကာပူနိုင်ငံ တီအမ်စီ  အကယ်ဒမီရဲ့  ဒီပလိုမာ လျှောက်ထားနိုင်




ရန်ကုန်၊ ဧပြီ ၂-

စင်ကာပူ နိုင်ငံ တီအမ်စီ အ ကယ်ဒမီ (TMC Academy )ရဲ့  အဆင့်မြင့်  ဒီပလိုမာ တန်းတွေ အတွက် လျှောက်ထား နိုင်တယ်လို့ သိ ရပါတယ်။

မြန်မာနိုင်ငံ က ၁၀ တန်း အောင်မြင် ထားတဲ့ ကျောင်းသူ ကျောင်းသားတွေ၊  IGCSE အောင်မြင် ထားပြီး သူတွေ အနေနဲ့ တီအမ်စီ  အကယ်ဒမီမှာ Higher Diploma ကို Part -1  ရှစ်လ၊ Part -2 ရှစ်လ၊ စုစုပေါင်း   ၁၆ လ တက်ရောက် ရမှာ ဖြစ်ပါ တယ်။

ဘာသာရပ်တွေ အနေနဲ့ Business, Hospitality & Tourism, Mass  Co-mmunication, Information Technology, Psychology စတဲ့ ဘာသာရပ်တွေကိုလည်း ရွေးချယ်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

Higher Diploma ပြီးတဲ့  ကျောင်းသူ ကျောင်းသားတွေအနေနဲ့ University of  Northampton, University of Greenwich, Business & Hotel Management  School (B.E.H.S), Liverpool John Moores University, Monash University တွေကနေ ချီးမြှင့်တဲ့ ဘွဲ့ဒီဂရီတွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။

Tourism & Hospitality နဲ့ Mass- Communication ဘာသာရပ်ကို အထူး စိတ်ပါဝင်စားတဲ့ ကျောင်းသူ ကျောင်းသား တွေအနေနဲ့ TMC Academy Higher Diploma  တက်ရောက်ပြီး Liverpool John Moores University,ကနေ BA (Hons) Tourism, Hospitality and Leisure, BA(Hons)  Mass Communications ဘွဲ့တွေကို  ရယူနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက တက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသူ ကျောင်းသား တွေ၊တက္ကသိုလ်တစ်ခု ခုက ဘွဲ့ရရှိထားတဲ့ ကျောင်းသူ ကျောင်းသားတွေ၊ ABE အောင်မြင် ထားတဲ့  ကျောင်းသူကျောင်းသားတွေ၊   LCCI Level(3) အောင်မြင် ထားတဲ့ ကျောင်းသူ ကျောင်းသားတွေအနေနဲ့   TMC Academy မှာ ဘာသာရပ် ကင်းလွတ်ခွင့်တွေ လျှောက်ထားနိုင် မှာ ဖြစ်ပါတယ်။  အင်္ဂလိပ်စာ ဝင်ခွင့်လိုအပ်ချက် အနေနဲ့ IELTS  5.5 ရရှိထားဖို့လိုပါတယ်။

ကျောင်းဝင်ခွင့် ဆိုင်ရာ လိုအပ်ချက်တွေနဲ့ ပညာသင်ဆု လျှောက်ထားမှု ဆိုင် ရာ လိုအပ်ချက်တွေကို အသေးစိတ် သိရှိ လိုပါက studyabroad.admin@gmail. com ကို ဆက်သွယ် စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

From : ကုမုဒြာဂျာနယ် by မေသော်တာမောင်

Originally published at - http://www.kumudranews.com


Read More »

Saturday, April 01, 2017

နန်ယန်းအင်စတီကျူ့ ဟိုတယ်ရဲ့ ခရီးသွား ဘာသာရပ် လျှောက်ထားနိုင်




ရန်ကုန်၊ မတ် ၂၉ – စင်ကာပူနိုင်ငံ Nanyang Institute of Management (NIM) ရဲ့ ဟိုတယ်နဲ့ ခရီး သွားလာရေး ဆိုင်ရာ ဘာသာရပ် ဒီပလိုမာ၊ ဘွဲ့ဒီဂရီနဲ့ မာစတာ ဒီဂရီ တွေ အတွက် လျှောက်ထား နိုင်တယ်လို့ သိရပါ တယ်။

NIM ရဲ့ Tourism မှာ ဟိုတယ်နဲ့ ခရီးသွားဝန်ဆောင်မှု၊ စီမံခန့်ခွဲမှုပညာရပ်တွေတင်မဟုတ်ဘဲ မိမိကိုယ်ပိုင်ခရီးသွားလုပ်ငန်ျးတွ ၊ ဟိုတယ်လုပ်ငန်းတွေ စတင် လုပ်ဆောင် ရာမှာ အသုံးပြုရတဲ့ ဘာသာရပ်တွေကိုလည်း သင် ကြားပေးမယ်လို့ သိရပါတယ်။

စာတွေ့ ခြောက်လနဲ့ လက်တွေ့ခြောက်လသင်ကြားရမှာဖြစ် ပြီး နိုင်ငံတကာအဆင့်မီဟိုတယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ ခရီးသွားဝန်ဆောင်မှုကုမဏီတွေမှာ ဝင်ရောက်လုပ်ကိုင်ပြီး လုပ်ငန်းအတွေ့အကြုံရယူနိုင်ပါတယ်။

ဘွဲ့လွန်ဒီဂရီအဖြစ် Post-graduate Diploma in Tourism & Hospitality Management ဘာသာရပ်ကို တက်ရောက်နိုင်ပါတယ်။ အဲသည် ဘာသာရပ်တွေက ပညာသင်ကာလအတွင်း အလုပ်သင်လုပ်ငန်းခွင် သင်တန်းကို ပါ တွဲဖက်သင်ကြားပေးမှာဖြစ်ပါ တယ်။

မြန်မာနိုင်ငံက တက္ကသိုလ်ဝင် တန်းအောင် ကျောင်းသူကျောင်းသားတွေ IGCSE ဖြေဆိုအောင် မြင်ထားသူတွေ လျှောက် ထားနိုင် ပါတယ်။

အင်္ဂလိပ်စာဝင်ခွင့်လိုအပ်ချက်အနေနဲ့ IELTS 5.5 ရှိဖို့ လိုအပ်ပြီး IELTS မရှိ သေး သူ တွေအနေနဲ့လည်း English Placement Test ကို STUDY ABROAD Information Centre ကနေတစ်ဆင့် ဖြေဆိုနိုင်ပါ တယ်။

NIM ကို ကျောင်းလျှောက်ထားမှုနဲ့ ပတ်သက်ပြီး Regent Consultancy Services နဲ့ STU- DY ABROAD Information Centre တို့ ပူးပေါင်းပြီး မတ်လ ၁၈ ရက်နေ့ (စနေနေ့) မန္တလေးမြို့၊ Swan Hotel မှာ မနက် ၁၀းဝ၀ နာရီကနေ နေ့လယ် ၁းဝ၀ နာရီအ ထိနဲ့ မတ်လ ၁၉ ရက်နေ့ (တနင်္ဂနွေနေ့) ရန်ကုန်မြို့ Novotel Hotel တို့မှာ နေ့လယ် ၂းဝ၀ ကနေ ညနေ ၅းဝ၀ အထိ ပညာရေး ဆွေးနွေးပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။

ကျောင်းဝင်ခွင့်ဆိုင်ရာ လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက STUDY ABROAD ပညာရေးဆိုင်ရာဝန် ဆောင်မှု လုပ်ငန်း ဖုန်းနံပါတ် ဝ၉ ၅၁၅၁၀ဝ၈၂ နဲ့ ဝ၉ ၇၃၂၄၂၄၀၄ကို ဆက်သွယ်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

From : ကုမုဒြာဂျာနယ် by မေသော်တာမောင်

Originally published at - http://www.kumudranews.com

Read More »

Friday, March 31, 2017

ဆယ်တန်း တက်ဖူးသူတွေ လျှပ်စစ်ဆိုင်ရာ သက်မွေးဝမ်းကျောင်း သင်တန်း လျှောက်ထားနိုင်




ရန်ကုန်၊ မတ် ၂၉ – အတန်းပညာ ဆယ်တန်း အထိ သင်ကြား ဖူးသူတွေ အတွက် လျှပ်စစ် ဆိုင်ရာ အသက်မွေး ဝမ်းကျောင်း သင်တန်း လျှောက်ထား နိုင်တယ်လို့ သိရ ပါတယ်။

အဲသည် သင်တန်းကို ဂျီတီအိုင် ကျောင်းသား ဟောင်းများ အသင်းနဲ့ ဂျပန်နိုင်ငံ Kinden Corp; Sumitomo Corp အဖွဲ့တို့ ပူးပေါင်း ဖွင့်လှစ်တာ ဖြစ်ပါတယ်။

‘ဂျပန်အဖွဲ့အစည်းဘက်က ကျွမ်းကျင်ပညာရှင်တွေ ကြီးကြပ် သင်ကြားပေးမှာ၊ သင်တန်းမှာလိုတဲ့ ကိရိယာပစ္စည်းတွေအားလုံး သူတို့ နိုင်ငံခြားကမှာပြီးသင်ပေးတာ၊ ပြီးတော့ သူတို့နိုင်ငံက လျှပ်စစ်စံချိန်တွေအတိုင်း သင်ပေးတယ်” လို့ AGTI Society Voca-tional Training Centre က ရုံးအဖွဲ့မှူး ဦးအောင်မင်းက ပြောပါတယ်။

လျှောက်ထားသူတွေက ဝင်ခွင့်စာမေးပွဲအတွက် အင်္ဂလိပ်စာနဲ့ သင်္ချာဘာသာရပ်ကို စာမေးပွဲဖြေ ဆိုရမှာဖြစ်ပြီး စုစုပေါင်း ၄၀ ဦးခေါ်ယူ သင်ကြားပေးမှာ ဖြစ်ပါတယ်။

Commercial Electrical Wiring Course အတွက် လူဦးရေ ၃၀ နဲ့ Electrical Power Distribution Line Course အတွက် ၁၀ ဦးခေါ်ယူမှာ ဖြစ်ပါတယ်။

သင်တန်းကာလ ခုနစ်လ ကြာမြင့်မှာဖြစ်ပြီး သင်တန်းကြေး အတွက် တစ်လကို ကျပ်၂၀ဝ,ဝ၀ဝ ကျသင့်မှာဖြစ်ပါတယ်။ လျှောက်ထားသူတွေက ကျောင်းလခကို နှစ်ကြိမ်ခွဲသွင်းရမှာဖြစ်ပြီး ကနဦး ကျောင်းအပ်စဉ်မှာ ကျပ် ၇၀ဝ, ဝ၀ဝ ပေးသွင်းရမယ်လို့ သိ ရပါ တယ်။

ဦးအောင်မင်းက “လျှောက်တဲ့ သူတွေက စာမေးပွဲဖြေရမယ်၊ အောင်တယ်ဆိုရင် ဆေးစစ်ရမယ်၊ ဆေးစစ်လို့ ဆေးကျတယ်ဆိုရင် တက်လို့မရဘူး၊ အရည်အချင်းစစ်စာမေးပွဲအောင်တာနဲ့ ကနဦး ကျပ် ၇၀ဝ,ဝ၀ဝ သွင်းရမယ်၊ ဆေး စစ်လို့ ဆေးကျတယ်ဆိုရင်သွင်းထားတဲ့ အထဲက ဆေးစစ်ခကို နုတ် ပြီး ကျန်တဲ့ငွေ ပြန်ထုတ်ပေးတယ်”လို့ ဆိုပါတယ်။

တက်ရောက်ခွင့်ရှိတဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ မိမိအစီအစဉ်နဲ့ မိမိနေထိုင်စား သောက် ရမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက အသိအမှတ်ပြု လက်မှတ် ပေးအပ်မှာ ဖြစ်ပါတယ်။

သင်တန်းပြီးဆုံးပြီး ထူးချွန်သူတွေကို ဂျပန်နိုင်ငံ Kinden Corp; Sumitomo Corp အဖွဲ့ကနေ အလုပ်အကိုင်အတွက် ရွေးချယ်ခေါ်တာတွေလည်းရှိတယ်လို့ သိရပါတယ်။

လျှောက်ထားလိုသူတွေအတွက် အသက်ကန့်သတ်ထားပြီး ၂၀၁၇ ခုနှစ်မေလမှာ အသက် ၁၇ နှစ်ပြည့်ပြီး အသက် ၂၃ နှစ်ထက်မကြီးသူတွေကိုသာ တက်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။

လျှောက်လွှာတွေကို GTI  ကျောင်းသားကျောင်းသူဟောင်း များအသင်း (ရုံး)၊ အခန်း (၃၀၃)၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (တတိယထပ်) လှိုင်မြို့နယ်မှာ အခမဲ့ ထုတ်ယူနိုင်ပြီး မတ်လ ၃၀ ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမယ်လို့ သိရပါတယ်။

From : ကုမုဒြာဂျာနယ် by မေသော်တာမောင်

Originally published at - http://www.kumudranews.com

Read More »

Tuesday, March 28, 2017

အလယ်တန်းနဲ့ အထက်တန်းအဆင့် ပညာသင်ဆု စာမေးပွဲ မတ်လ ၃၀  ရက်နေ့ ကျင်းပမည်




ရန်ကုန်၊ မတ် ၂၅ –

၂၀၁၇ -၂၀၁၈ ပညာသင်နှစ် အလယ်တန်း အဆင့်နဲ့အထက်တန်း အဆင့်ပညာတော်သင်ဆု စာမေးပွဲတွေကို လာမယ့် မတ်လ ၃၀ ရက်နေ့ တစ်နိုင်ငံလုံး အတိုင်း အတာ အရ ဖြေဆို ရမယ်လို့  ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူး ရုံးက သိရပါ တယ်။

‘တစ်နိုင်ငံလုံးအတိုင်းအတာအရဖြေရမှာပါ၊ ကျောင်းတစ်ကျောင်းစီမှာ အထူးချွန်ဆုံးကျောင်းသား တစ်ဦးစီရွေးမှာပါ၊ အလယ်တန်းအဆင့် အတွက် ရှစ်တန်းဖြေထားတဲ့ ကလေးတွေပါလို့ ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူးအဆင့်ရှိ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အလယ်တန်းပညာသင်ဆုရရှိတဲ့ ပဉ္စမတန်းကနေ အဌမတန်းအထိ ကျောင်းသူကျောင်းသားတွေကို နှစ်စဉ်ဇွန်လကနေ မတ်လအထိ တစ်လကို ကျပ် ၂၀,ဝ၀ဝ နှုန်းနဲ့လေးနှစ်ကြာပေးအပ်မှာဖြစ်ပါတယ်။

အထက်တန်းပညာသင်ဆုရရှိတဲ့ နဝမတန်းကနေ ဒသမတန်း အထိ ကျောင်းသူကျောင်းသားတွေကို နှစ်စဉ်ဇွန်လကနေ မတ်လ အထိတစ်လကို ကျပ် ၃၀,ဝ၀ဝ နှုန်းနဲ့ နှစ်နှစ်ကြာပေးအပ်မှာဖြစ်ပါ တယ်။

ပညာသင်ဆုရရှိပြီးတဲ့ အချိန်ကစပြီး အတန်းစဉ်အလိုက်အခန်းဆုံး စစ်ဆေးမှုတွေမှာ ဘာသာရပ်အားလုံးအောင်မြင်ရမှာဖြစ်ပြီး အင်္ဂလိပ်စာနဲ့ သင်္ချာဘာသာရပ်တွေမှာရမှတ် ၆၀ ရာခိုင်နှုန်းနဲ့ အထက်ရရှိရမှာဖြစ်ပါတယ်။

အဲသည် ဘာသာရပ်တွေမှာ ပညာသင်နှစ် တစ်နှစ်အတွင်း ရမှတ် ၆၀ ရာခိုင်နှုန်းအောက် နှစ်ကြိမ်ကျဆင်းပါက ပညာတော်သင်ဆုပေးအပ် တာကို ရပ်ဆိုင်းမှာဖြစ်ပါတယ်။

ကျောင်းစည်းကမ်း ဖောက်ဖျက်တာ၊  ရပ်ရွာစည်းကမ်းနဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မတစ်ခုခုကိုဖောက်ဖျက်ကျူးလွန်တာ၊ ကျောင်းခေါ် ချိန်ပြည့်အောင်မတက်ရောက်နိုင်တာ စတာတွေကို စစ်ဆေးတွေ့ရှိပါကလည်း ပညာတော်သင်ဆုကို ရပ်ဆိုင်းမှာဖြစ်ပါတယ်။

ကျောင်းအဆင့်အလိုက် စတုတ္ထတန်း နဲ့ အဌမတန်းကျောင်းသူ ကျောင်းသားတစ်ဦးစီကို ရွေးချယ်ပြီး မြို့နယ်အဆင့်စာမေးပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အခြေခခံပညာ ကျောင်းတွေအားလုံးပါဝင်ပြီး ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေနဲ့ နှစ်နှစ်ခွင့်ပြုထားတဲ့ ပုဂ္ဂလိကကျောင်းတွေက ကျောင်းသူကျောင်းသားတွေလည်း ပါဝင်ဖြေဆိုနိုင်တယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ ရွေးချယ်ပေးအပ်မယ့်ကျောင်းသူ ကျောင်းသားဦးရေကိုအတိအကျ မသတ်မှတ်ထားသေးဘဲ မြို့နယ်နဲ့ မြို့နယ်ခွဲတွေကဖြေဆိုတဲ့ ကျောင်းသူကျောင်းသားဦးရေပေါ်မူတည်ပြီး သတ်မှတ်တာဖြစ် တယ်လို့ သိရပါတယ်။

မြို့နယ်စာမေးပွဲမှာတစ်ခါတည်းရွေးတာပဲ၊ ကျောင်းတွေက အထူးချွန် ဆုံးကလေးတွေ ဖြေခွင့်ရမှာ၊ တစ်နိုင်ငံလုံး  ကျောင်းသားဦးရေဘယ်လောက်ကို ပေးမလဲဆိုတာတော့ ဖြေတဲ့ ကျောင်းသားဦးရေ ပေါ်မူတည်မှာပါ၊ အခြေခံဦးစီးဌာနအဆင့်က ကိုင်တာဆိုတော့ သေချာမပြောတတ်သေးဘူးလို့ အဆိုပါ တာဝန်ရှိသူက ဆိုပါတယ်။

တိုင်းဒေသကြီးအလိုက်  မြို့နယ်နဲ့ မြို့နယ်ခွဲတွေရဲ့အလယ်တန်း ပညာသင်ဆုနဲ့အထက်တန်း ပညာသင်ဆုရသူတွေစာရင်းကို အခြေခံ  ပညာဦးစီးဌာနက ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။

ပညာသင်ဆုစာမေးပွဲကို  ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသူကျောင်း သားတွေထဲမှာ လူစားထိုးဖြေဆိုမှု၊  မမှန်မကန်ဆောင်ရွက်မှု၊ မှားယွင်းမှုအလွဲသုံးစားမှုတွေဖြစ်ပေါ်လာပါက ထိရောက်အောင် စစ်ဆေးအရေးယူမယ်လို့ သိရပါတယ်။

အဲသည်  ပညာသင်ဆုကိုနှစ်စဉ်ပေးအပ်တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာလည်း အထက်တန်း အဆင့် ၄၆ ဦးနဲ့ အလယ်တန်း အဆင့် ၁၂၁ ဦး ရွေးချယ်ပေးအပ်ခဲ့တယ်လို့ အခြေခံပညာဦးစီးဌာနက စာရင်းတွေ အရသိရပါတယ်။

From : ကုမုဒြာဂျာနယ် by – မေသော်တာမောင်

Originally published at - http://www.kumudranews.com

Read More »

Wednesday, March 15, 2017

နယူးကာဆယ် တက္ကသိုလ်ရဲ့ ရာနှုန်းပြည့် ပညာသင်ဆု လျှောက်ထားနိုင်




ရန်ကုန်၊ မတ် ၁၀- ယူကေနိုင်ငံ နယူး ကာဆယ် တက္ကသိုလ်ရဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ကျောင်းဖွင့်ချိန် အတွက် ရာခိုင်နှုန်းပြည့် ပညာသင် ဆုတွေ လျှောက်ထား နိုင်တယ် လို့ သိရပါတယ်။

နယူးကာဆယ် တက္ကသိုလ် ကနေ ဖွင့်လှစ် သင်ကြား ပေးနေတဲ့ ဖောင်ဒေးရှင်း ပရို ဂရမ်တွေ အတွက် ပေးအပ်မှာ ဖြစ်ပြီး ဖောင်ဒေးရှင်း တက်ရောက် နေဆဲ အချိန်ရဲ့ ကျောင်း လခကို ရာခိုင်နှုန်းပြည့် ပညာသင်ဆု အနေနဲ့ ပေးအပ်မှာ ဖြစ်ပါတယ်။

ဖောင်ဒေးရှင်းကို အောင်မြင်ပြီးပါက နယူးကာဆယ်တက္ကသိုလ်မှာ ဗိသုကာ ဘာသာရပ်တွေနဲ့ မြို့ပြအစီအစဉ် ရေးဆွဲမှု ဘာသာရပ် (town planning) စတဲ့ ဘာသာ ရပ်တွေရဲ့ ပထမနှစ်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

နယူးကာဆယ် တက္ကသိုလ်မှာ သင်ကြားပေးနေတဲ့ ဘာသာရပ် တွေကို အသေးစိတ်လေ့လာလိုပါက www. ncl.ac.uk/undergraduate မှာ ဝင်ရောက် လေ့လာနိုင် ပါတယ်။

International Foundation ကို မြန်မာနိုင်ငံ တက္ကသိုလ်ဝင်တန်းအောင် ဒါမှမဟုတ် iGCSE အောင်မြင်ထားသူ၊ အမရေိကန် American High School Dipiloma အောင်မြင်ပြီး IELTS (5.5) ရ ရှိထားသူတွေ တက်ရောက်နိုင်ပါတယ်။ တက်ရောက်မယ့်သူက အသက်၁၇ နှစ် ပြည့်ပြီး သူဖြစ်ဖို့လိုပါတယ်။

နယူးကာဆယ် တက္ကသိုလ်မှာ မြန်မာ နိုင်ငံအပါအဝင် နိုင်ငံပေါင်း  ၁၂၀ က ကျောင်းသူ၊ ကျောင်းသားပေါင်း ၂၀,ဝ၀ဝ ကျော် ပညာသင်ကြားပေးနေပြီး နယူး ကာဆယ် တက္ကသိုလ်က ကျောင်းတက် ရောက်ပြီး ဆုံးပါက အလုပ်အကိုင် အခွင့် အလမ်းရရှိမှု အများဆုံး Top 20 တက္ကသိုလ်ဖြစ်ကြောင်း The Complete University Guide 2016 အရ သိရပါတယ်။

ပညာသင်ဆု လျှောက်ထားမှုတွေနဲ့ ကျောင်းဝင်ခွင့်ဆိုင်ရာ လိုအပ်ချက်တွေအတွက် အသေးစိတ်သိရှိပါက Regent Consultancy Services Co.Ltd ဖုန်း ဝ၉-၅၀ ၁၉၈၇၀၊ ဝ၉-၇၈၅၀၁၉၈၇၀၊ ဝ၉-၇၃၂၀၅၃၃၃ ကို ဆက်သွယ်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

From : ကုမုဒြာဂျာနယ် by မေသော်တာမောင်

Originally published at - http://www.kumudranews.com

Read More »

Friday, March 10, 2017

အထက်တန်း ပြီးဆုံးထား သူတွေ အိုင်တီ အထူးပြု  သင်တန်း လျှောက်ထားနိုင်




ရန်ကုန်၊ မတ် ၇ – အခြေခံ ပညာ အထက်တန်း အောင်ပြီး သူတွေ အနေ နဲ့ အိုင်တီ   (IT Essentials) သင်တန်း  တက်ရောက်နိုင် တယ်လို့ သိရ ပါတယ်။

IT  Essentials သင်တန်းမှာ  Microsoft Word ကို ကျွမ်းကျင်စွာအသုံးပြုနည်း၊  အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ စာရိုက်နည်း၊ Power Point အသုံးပြုပြီး presentation တွေ ပြုလုပ်နည်း၊ Graphic Design နဲ့ Adobe Drea-mweaver တွေ ဖန်တီးနည်း၊ Web Page နဲ့   ရေးဆွဲဖန်တီးတာတွေ Programming အခြေခံကို နားလည်တတ်မြောက်  စေဖို့ C++ ဘာသာနဲ့ လက်တွေ့  ပြု လုပ်လေ့ကျင့်ပေးတာတွေ သင်ကြားပေးမှာ ဖြစ်ပြီး အင်တာနက်နဲ့
အီးမေးလ်  အသုံးပြုပုံတွေကိုလည်း ထည့်သွင်း သင်ကြားပေးမယ်လို့  သိရပါတယ်။

သင်တန်းတွေကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေမှာ နေ့လယ် ၁၂း၄၅ နာရီကနေ ၃း၄၅ နာရီအထိ သင်ကြားပေးမှာ ဖြစ်ကာတစ်ပတ်ကို သုံးရက် တက်ရောက်ရမှာ ဖြစ် ပါတယ်။ သင်တန်းကာလက တစ်လခွဲခန့် ကြာမြင့်မှာ ဖြစ်ပါ တယ်။ တန်းခွဲတစ်ခုကို သင်တန်းသားဦးရေ ၁၂ ဦး သတ်မှတ်ထားတာကြောင့်  ကြိုတင်စာရင်းပေးသွင်းဖို့ လိုတယ်လို့  သိရပါတယ်။

သင်တန်းဆိုင်ရာ လိုအပ်ချက် တွေအတွက် အသေးစိတ် သိရှိလိုပါက Myanmar  World Wide Web Institute (M3WI), ဖုန်း  ဝ၉ ၅၂၁၁၂၅၊ ၆၅၂၂၈၈၊ ဝ၉ ၉၇ ၂၅၁၄၁၀၃  တို့ကို ဆက်သွယ်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

From : ကုမုဒြာဂျာနယ် by မေသော်တာမောင်

Originally published at - http://www.kumudranews.com

Read More »

Saturday, February 11, 2017

စင်ကာပူ ပီအက်စ်ဘီ အကယ်ဒမီရဲ့ ဆေးပညာ ဘာသာရပ်တွေ လျှောက်ထားနိုင်




ရန်ကုန်၊ ဖေဖော်ဝါရီ ၇- 

စင်ကာပူ နိုင်ငံ ပီအက်စ်ဘီ အကယ်ဒမီရဲ့ ဆေးပညာ ဘာသာ ရပ်ကို လျှောက်ထား နိုင်တယ်လို့ သိရ ပါတယ်။

မြန်မာ နိုင်ငံက ၁၀ တန်းအောင် မြင်ထားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အနေနဲ့ Foundation Diploma in Life Science ကို ခြောက်လ အရင် တက်ရောက်ပြီး ဘွဲ့ဒီဂရီ အတွက် နှစ်နှစ်သာ တက်ရောက်ရမှာ ဖြစ်ပါတယ်။

MBBS ဘွဲ့ရရှိ ထားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ၊ Pharmacy ပြီးထား သူတွေ အနေနဲ့ ဘွဲ့ ဒီဂရီ တိုက်ရိုက် လျှောက်ထား နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆေးပညာ ဘာသာရပ်ကို တက်ရောက် လိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အနေနဲ့ ဩစတေးလျားရှိ La Trobe University ကနေ ပေးအပ်တဲ့ Bachelor of Biomedical Science, Bachelor of Science, Bachelor of Science (Pharmaceutical Science, Molecular Biology) ဘွဲ့ ဒီဂရီတွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။

ပီအက်စ်ဘီမှာ ဒီပလိုမာ ဘာသာရပ်တွေ အနေနဲ့ Business Administration,Tourism & Hospitality Management, Info Comm Technology,Mechanical Engineering Technology,Electrical Engineering Technology စတဲ့ ဘာသာ ရပ်တွေကို ရွေးချယ် တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ဘာသာရပ်လျှောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက STUDY ABROAD ပညာရေး ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ဖုန်းနံပါတ် ဝ၉၅၁၅၁၀ဝ၈၂ နဲ့ ဝ၉ ၇၃၂၄၂၄၀၄ ကိုဆက်သွယ်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

Author မေသော်တာမောင်

From : ကုမုဒြာဂျာနယ် by မေသော်တာမောင်

Originally published at - http://www.kumudranews.com

Read More »

Thursday, February 09, 2017

ကလေးငယ်များ၏ သင်ယူ​ပေးနိုင်မှု စွမ်း​ဆောင်ရည်ကို ကြည့်ပြီး ဆရာ/ဆရာမ များကို ရာထူး တိုးမည်




ကျောင်းနေ အရွယ် ကလေးငယ် တွေရဲ့ သင်ယူ တတ်မြောက်မှု စွမ်းဆောင် နိုင်မှု အပေါ် မူတည်ပြီး ဆရာ၊ ဆရာမတွေကို ရာထူးတိုး ခန့်အပ်ပေး သွားမယ်လို့ ပညာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောဆို ခဲ့ပါတယ်။

သက်ကြီး စာတတ်မြောက် မှုနှုန်း မြင့်မား လာရေး အတွက်လည်း ကယားပြည်နယ်နဲ့ တောင်ကြီး တောင်ပိုင်း ခရိုင်တွေမှာ ပြည်လုံးကျွတ် စာတတ်မြောက်ရေး လုပ်ငန်းတွေ ဆောင်ရွက် နေတယ်လို့ ပညာရေး ၀န်ကြီး ဌာနက ပြောပါတယ်။

မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း ၆ သောင်းကျော်ထဲက ကျောင်းနေ အရွယ် ကလေးငယ်တိုင်း ပညာ သင်ယူနိုင်အောင် ကျေးရွာပေါင်း ၃ သောင်းကျော်မှာ အခြေခံ၊ အလယ်တန်း၊ အထက်တန်း ကျောင်း စတဲ့ ကျောင်းပေါင်း ၃၃၂၂ ကျောင်းကို ဖွင့်လှစ် ထားတယ်လို့ သိရပါတယ်။

From : ဒီဗွီဘီ by အောင်ကိုကိုလတ်

Originally published at - http://burmese.dvb.no/archives/188360

Read More »

Saturday, February 04, 2017

လာမယ့်နှစ် ပထမတန်း အတန်းတင် စာမေးပွဲဖြေဖို့ မလိုတော့




နေပြည်တော်၊ ဖေဖော်ဝါရီ ၂ –

လာမယ့် ပညာသင်နှစ်မှာ ပထမတန်း ကျောင်းသူ ကျောင်းသားတွေ အနေနဲ့ အတန်းတင် စာမေးပွဲ ဖြေဆိုစရာ မလိုတော့ဘဲ သင်ကြား ပို့ချစဉ် အကဲဖြတ် စစ်ဆေးခြင်း နည်းနဲ့ပဲ အတန်း တင်ပေး မယ်လို့ သိရ ပါတယ်။

‘အရင်ကတည်း ပထမတန်းမှာ လပတ် စာမေးပွဲ ဆိုတာ မဖြေရ ဘူးပေါ့နော်၊ အတန်းတင် စာမေးပွဲပဲ ရှိတယ်၊ လာမယ့်နှစ်တော့ ဒီအတန်းတင် စာမေးပွဲ ဆိုတာ မရှိတော့ဘူးပေါ့လို့ အခြေခံ ပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက ပြောပါတယ်။

ဆရာ ဆရာမတွေရဲ့သင်ကြားမှုနည်းစနစ်အသေးစိတ်ကိုတော့ သင်တန်းပို့ချတဲ့သူတွေနဲ့ မတွေ့ဆုံရသေး တဲ့အတွက်မပြောပြနိုင်သေးဘူးလို့လည်း သူက ဆက်ပြီး ပြောပါတယ်။

လာမယ့် ၂၀၁၇ – ၂၀၁၈ ပညာသင်နှစ်မှာ ပထမတန်းအနေနဲ့ သင်ရိုးညွှန်းတမ်းအသစ်နဲ့ သင်ကြားရမှာဖြစ်ပြီး စာတွေ့သင်ကြားမှုထက် လက်တွေ့ သင်ကြား မှုတွေ၊
ကျောင်းသူ ကျောင်းသားတွေနဲ့ အပြန်အလှန် ဆွေးနွေးရ မယ့် ကဏ္ဍတွေ အများဆုံး ပါဝင် ပါတယ်။

ဒါ့အပြင်ဆရာ ဆရာမတွေအနေနဲ့ စာတွေ့သင်ကြားမှုကို ကျောင်းကြီးမပိတ်ခင် နှစ်လလောက်အလိုမှ သင်ကြားရမှာဖြစ်တယ်လို့လည်းသိရပါတယ်။

‘ကျောင်းအုပ် ဆရာကြီးက ဆရာမတို့ကို ပြောပြတာပါ၊ ကျောင်းသားတွေနဲ့ အပြန်အလှန် ပြောပြတာတို့ နဲ့ပဲသွား မယ်၊ စာရေး တာတောင် မလုပ်ရတော့ ဘူးတဲ့၊ ကျောင်းသားတွေကို ကိုယ်သင်တဲ့ အပေါ်နားလည်လား၊ ဘယ်လို နားလည်လဲ၊ အဲဒီလိုပေါ့၊ နှုတ်နဲ့ပဲ သွားမယ်၊ အတန်းတင်စာမေးပွဲဖြေစရာ မလိုတော့ ဘူးလို့ လားရှိုးမြို့ မူလတန်းပြ ဆရာမ ဒေါ်ကေသီဝင်းက ပြောပါတယ်။

ပထမတန်းရှိ ကျောင်းသူ ကျောင်းသားတွေကို လက်ရှိဖြေဆိုနေတဲ့ အတန်းစာမေးပွဲစစ်ဆေးခြင်းအစား ကျောင်းသူ ကျောင်းသားတွေရဲ့တတ်ကျွမ်းမှုဆိုင်ရာ အသိပညာတတ်မြောက်မှု စစ်ဆေးခြင်းကို စဉ်းစားတွေး တာမှုမျိုးခွဲပညာနဲ့ စစ်ဆေးအကဲဖြတ် သွားမှာဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်ဆေးအကဲဖြတ်ရာမှာ လည်း ကျောင်းသားတွေရဲ့ နားလည်မှု၊ မှတ်မိမှု၊ ခွဲခြမ်းစိတ်ဖြာတတ်မှုတွေကို ကြည့်ပြီးဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

လာမယ့်ပညာသင်နှစ်မှာ ပထမတန်းကျောင်းသားတွေအနေနဲ့ သင်ကြားရမယ့်ဘာသာတွေကတော့ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ဗံ၊ လူမှုရေး၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ကာယပညာနဲ့ အနုပညာ(ဂီတ+ပန်းချီ)တို့ ဖြစ်ပါတယ်။

From : ကုမုဒြာဂျာနယ် by မာရီခိုင်

Originally published at - http://www.kumudranews.com


Read More »

Wednesday, February 01, 2017

အမ်ဒီအိုင်အက်စ် သိပ္ဗံစီမံခန့်ခွဲမှု ဘာသာရပ် လျှောက်ထားနိုင်




ရန်ကုန်၊ ဇန်နဝါရီ ၂၈ - 

သိပ္ဗံ စီမံ ခန့်ခွဲမှု ဘာသာရပ် (Master of Science Project Man-agement) ကို စိတ်ဝင်စား သူတွေ အနေနဲ့ စင်ကာပူ နိုင်ငံ Management Develop-ment Institute of Singapore (MDIS) မှာ လျှောက်ထား နိုင်တယ်လို့ သိရ ပါတယ်။

MDIS က Engineering ဘာသာရပ်တွေအတွက် သီးသန့် Lab အခန်းတွေ နဲ့ သင်ကြားပေးမှာ ဖြစ်ပြီး MDIS ရဲ့ MSC Project Management ကလည်း ယူကေရှိ Northumbria University နဲ့ တိုက်ရိုက် ချိတ်ဆက် ထားတဲ့ course တစ်ခု ဖြစ်တယ်လို့ သိရ ပါတယ်။

ဒီပလိုမာတန်းကနေ စတင်တက်ရောက်လိုသူတွေအတွက် Engineering ဘာသာရပ်ကို ကိုးလတက်ရောက်ရမှာ ဖြစ်ပါတယ်။

ဒီပလိုမာပြီးပါက Electrical & Electronic Engineering ,Mec-hanical Engineering နဲ့ Product Desi-gn Engineering စတဲ့ မိမိနှစ်သက်ရာကို ရွေးချယ်တက်ရောက်နိုင်ပြီး Bachelor of Engineering (Hons) ဘွဲ့ကို ရရှိမှာဖြစ်ပါတယ်။

ဝင်ခွင့်လိုအပ်ချက်တွေအနေနဲ့ GCE ‘O’ Level နဲ့ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသူ ကျောင်းသားတွေလျှောက်ထားနိုင်ပါတယ်။

အင်္ဂလိပ်စာ လိုအပ်ချက်အနေနဲ့ IELTS(5.5) ရရှိဖို့လိုအပ်ပါတယ်။

အသေးစိတ်သိရှိလိုပါက Study Abroad Information Centre, ဖုန်း- ဝ၉ ၅၁၅၁၀ဝ၈၊ ဝ၉ ၇၃၂၄ ၂၄၀၄ ကို ဆက်သွယ်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

From : ကုမုဒြာဂျာနယ် by: – မေသော်တာမောင်

Originally published at - http://www.kumudranews.com

Read More »

Saturday, January 28, 2017

အွန်လိုင်း ကနေ အခမဲ့ သင်ယူနိုင်မယ့် ပညာရေး ၀က်ဘ်ဆိုက်




ရန်ကုန်၊ ဇန်န၀ါရီ ၂၈ – အွန်လိုင်းကနေ မိမိ သင်ယူ လိုတဲ့ သင်ခန်းစာ၊ ဘာသာ ရပ်တွေကို မြန်မာ ဘာသာနဲ့ အခမဲ့ သင်ယူ ကြည့်ရှုနိုင်မယ့် ပညာရေး ၀က်ဆိုက် ကို ဖော်ပြ လိုက်ပါတယ်။

နည်းပညာနဲ့ ဆိုင်တဲ့programming သင်တန်းတွေ ၊ အောတိုကတ် ၊photoshop၊ ဒီဇိုင်း သင်တန်းတွေ ၊web builder၊ အချက် အပြုတ်နဲ့ မုန့်ဖုတ် သင်တန်းတွေ ၊ အတီး အမှုတ် ၊ အနုပညာနဲ့ ၊ ပန်းချီ ပုံဆွဲသင်တန်းတွေ ၊ ဓါတ်ပုံ ပညာ သင်တန်းတွေ အစရှိတဲ့ သင်တန်းတွေ နဲ့ workshop တွေ ၊ event တွေ ကိုပါ အခမဲ့ စာရင်း တင်သွင်းလို့ ရပါတယ်။

ပြည်ပက သင်တန်း ကျောင်းမှာ တက်ရောက် သင်ကြားဖို့ အစီအစဉ် ရှိတယ်ဆိုရင်လည်း BurmeseHearts က ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် မိမိ အနေနဲ့ သင်ကြား လိုသူ ဖြစ်မယ် ဆိုရင်လည်း သည်ဝက်ဆိုက် ကနေ စာရင်းပေးပြီး သင်ကြား ပို့ချနိုင်မှာ ဖြစ်ပါတယ်။

သည် Burmesehearts.com ဝက်ဘ်ဆိုဒ်ဟာ လက်ရှိမှာ သင်ခန်းစာပေါင်း ၉၀၀ ကျော်ကို သင်ယူနေတဲ့ သင်ယူ သူပေါင်း ၂၈၀၀၀ ကျော်ကို ပညာပေးနေတဲ့ အွန်လိုင်း ပညာရေး ဝက်ဘ်ဆိုဒ် တစ်ခုဖြစ်ကြောင်း သိရပါတယ်။

ကိုယ်တိုင်က ကျောင်းသား / ကျောင်းသူ ဆိုရင်တော့ အခပေး သင်တန်းများခေါင်းစဉ်ပေါ်နှိပ်ပါ။ ပြီးရင်အောက်မှာ မိမိ သင်ယူလိုတဲ့ သင်ခန်းစာ ၊သင်တန်းတွေကို ရှာဖွေကြည့်ရှု သင်ယူနိုင်မှာ ဖြစ်ပါတယ်။

သင်ခန်းစာရဲ့ ၉၉ရာခိုင်နှုန်းဟာ အခမဲ့ သင်ခန်းစာတွေဖြစ်လို့ ကြိုးစား သင်ယူ ချင်သူတွေ အနေနဲ့ ငွေကြေး မရှိလို့ ဖြစ်စေ အချိန် မကိုက်လို့ ဖြစ်စေ သင်ယူခွင့် မရတာမျိုး မဖြစ်ရအောင် မိမိ အဆင်ပြေတဲ့ အချိန်တိုင်းမှာ အခမဲ့ သင်ယူခွင့် ရှိအောင် စီစဉ်ပေး ထားတာဖြစ်ကြောင်း ၀က်ဘ်ဆိုက် တည်ထောင် သူက ဆိုပါတယ်။

နောက်ပြီး မိမိသင်တန်း ကျောင်းတွေကို BurmeseHearts မှာ တင်သွင်း လိုတဲ့ သင်တန်း ကျောင်း အုပ်ချုပ် သူတွေ အနေနဲ့ အခမဲ့ စာရင်း တင်သွင်းလို့ ရပါတယ်။

ဒီသင်တန်းကျောင်းမှာ BurmeseHearts ဝက်ဘ်ဆိုဒ်ကတဆင့် ဆက်သွယ်တက်ရောက်တဲ့ သင်တန်းသားတွေကိုသာ ဝန်ဆောင်ခ ကော်မရှင် ရာခိုင်နှုန်း သတ်မှတ်ယူသွားမှာဖြစ်တဲ့ အတွက် သင်တန်းကျောင်းတွေ အနေနဲ့ ဘာငွေမှကြိုတင်ပေးဆောင် ထားရ တာမျိုး မရှိပါဘူး။

သင်ကြားပြသသူအဖြစ် စာရင်းဝင်မယ်ဆိုရင် ၀က်ဘ်ဆိုက်ရဲ့မူလစာမျက်နှာ လိုင်းမှာရှိတဲ့ ‘အခပေး သင်တန်းများ’ဆိုတဲ့ ခေါင်းစဉ်ပေါ်နှိပ်ပါ။ ပြီးရင် သင်ကြားပြသသူ လေးက ကလစ်နှိပ်ရန်ကို နှိပ်ပြီး စာရင်းသွင်းနိုင် ပါတယ်။

မိမိက ဆရာ တစ်ဦးဖြစ်ရင် အပိုဝင်ငွေကြောင့် ဖြစ်စေ၊ အခမဲ့ သင်ပေး လိုတဲ့ စိတ်ဆန္ဒဖြစ်စေ သည်ဝက်ဘ်ဆိုက်မှာ အီးမေးလ်နဲ့ အကောင့် ဖွင့်ပြီး စာရင်းပေး သင်ကြား နိုင်ပါတယ်။

မိမိအချိန် မပေးနိုင် တာကြောင့် အွန်လိုင်း ကနေ သင်ယူမယ် ဆိုရင်လည်း မိမိ သင်ယူချင်တဲ့ဘာသာရပ်၊ သင်ခန်းစာနဲ့ သက်ဆိုင်တဲ့ သင်တန်းတွေ ကိုလည်း အခကြေးငွေနွှဲ ဖြစ်စေ အဲ့သည် ၀က်ဆိုက်မှာ စာရင်းပေးသွင်းပြီး တက်နိုင် ပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

Read More »

သမ္မတကြီး ဦးထင်ကျော် နှင့်ဇနီး ကလေး စာပေပွဲတော် ဖွင့်ပွဲ တက်ရောက်




မန္တလေး ဇန်န၀ါရီ ၂၇

ပြန်ကြားရေး ၀န်ကြီး ဌာနနှင့် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ပူပေါင်းစီစဉ် ကျင်းပသည့် ကလေး စာပေပွဲတော် ကလေး စာပေ ပြပွဲနှင့် စာအုပ်
ဈေးရောင်း ပွဲတော် (မန္တလေး) ဖွင့်ပွဲ အခမ်း အနားကို ယနေ့ နံနက် (၉) နာရီတွင် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြ သာစည် မြို့နယ်ရှိ မြန်မာ့ သတင်း အချက် အလက် နည်းပညာ တက္ကသိုလ် (MIIT) ၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့ တက်ရောက် ချီးမြှင့်သည်။



ရှေးဦးစွာ ဖွင့်ပွဲ အခမ်း အနားကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာ မြင့်ထွေး၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် နှင့် ကျောင်းသား ကျောင်းသူ များက ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။

ထို့နောက် နိုင်ငံတော် သမ္မတနှင့် ဇနီးတို့သည် အခမ်း အနားသို့ တက်ရောက် လာကြ သူများနှင့် အတူ မှတ်တမ်း တင် ဓာတ်ပုံ ရိုက်ကြပြီး ဆရာကြီး မင်းသုဝဏ် အမှတ်တရ ပြခန်းကို လှည့်လည် ကြည့်ရူ ကြသည်။

ထို့နောက် ဖွင့်ပွဲ အခမ်းအနား ဒုတိယပိုင်း အစီအစဉ်ကို ဆက်လက် ကျင်းပရာ မန္တလေးမြို့ပုဂ္ဂလိက အထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်း
သူများက ကလေး စာပေ ပွဲတော် Theme Song သီချင်း သီဆို၍ ဖွင့်လှစ် ပေးကြသည်။

  • ထို့နောက် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ကလေးများ ၏ ဥာဏ်ရည် ဥာဏ်သွေးနှင့် အတွေး အခေါ် အယူအဆများ ထက်မြက် လာရန်၊ တီထွင် ဖန်တီး လိုစိတ်များ ရင့်သန်စေရန်နှင့် စာပေနှင့် ရင်းနှီးပြီး စာဖတ်ခြင်းတွင် ပျော်မွေ့တတ် လာစေရန် ရည်ရွယ် ကျင်းပ သည့် ကလေး စာပေ ပွဲတော်ကြီးကို သမိုင်းအစဉ်အလာ ကြီးမား သည့် မန္တလေးမြို့၌ စီစဉ်ကျင်းပသည့် အတွက် လွန်စွာ ၀မ်းသာ ပီတိဖြစ်ရ ပါကြောင်း။
  • မကြာသေးမှီက ကလေးစာပေပွဲတော်ကို နေပြည်တော်၌ စည်စည်ကားကား ကျင်းပနိုင်ခဲ့ပြီး နိုဘယ်လ်-မြန်မာစာပေ ပွဲတော်ကိုလည်း ရန်ကုန်မြို့၌ စည်စည်ကားကား ကျင်းပခဲ့ကြသည်ကိုတွေ့ရသည့်အတွက် ပြည်သူများအသိပညာ မြင့်မားအောင်၊ မြန်မာ စာပေမြင့်မားတိုးတက်အောင် ၀ိုင်းဝန်းဆောင်ရွက် ပေးကြသည့်အဖွဲ့အစည်း အသီးသီးကို ကျေးဇူးတင်ရှိပါကြောင်း။
  • မြန်မာ့ပုံပြင်များ၊ မြန်မာ့ကလေးကဗျာများ၊ မြန်မာ့ကျေးလက် အငွေ့အသက် များအကြားတွင် ကြီးပြင်းလာခဲ့သည့် မိမိတို့အတွက် ကလေးစာပေများသည် အမြဲတမ်း ရှင်သန်သက်ဝင်နေမည့် စာပေများဖြစ်ကြောင်း။
  • ထိုကဗျာများ၊ စာပေများကြောင့် နိုင်ငံချစ်စိတ်များပေါ်ပေါက်လာခဲ့ကြောင်း၊ တိုင်းကျိုး ပြည်ကျိုးထမ်းဆောင် လိုစိတ်များ မြင့်တက်လာခဲ့ကြောင်း၊
  • ဘ၀အခက်အခဲများကို ရဲရင့် မှန်ကန်စွာကျော်ဖြတ်လိုသည့် အားမာန်သတ္တိများရလာခဲ့သည်ဟု မိမိတို့ဆိုကြရ မည်ဖြစ် ကြောင်း။
  • ကလေးစာပေများသည် တစ်ခေတ်တစ်ခါက မြန်မာစာပေဧည့်ခန်းဆောင်ကြီးထဲတွင် ဂုဏ်သရေရှိစွာပေါ်ထွက် ခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အားပျော့မှေးမှိန်ခဲ့ရ သည်ကို ၀မ်းနည်းဖွယ်တွေ့မြင်ရမည် ဖြစ်ကြောင်း။
  • ကလေးစာပေများမဖွံ့ဖြိုးမတိုးတက်ခြင်းသည် ကလေးများ၏ အနာဂတ်ကိုသာမက နိုင်ငံ၏ အနာဂတ်ကိုပါ ရိုက်ချိုးဖျက်ဆီးရာကျစေနိုင်သည့်အတွက် မိမိတို့အနေဖြင့် ကလေး များဖွံ့ဖြိုးတိုးတက်အောင်၊ ကလေးစာပေများ ဖွံ့ဖြိုးတိုးတက်အောင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
  • နည်းပညာဖွံ့ဖြိုးတိုးတက်နေသည့် ယနေ့လိုအချိန်အခါမျိုးတွင် မိမိတို့၏ ကလေး ငယ်များကိုအတွေးအခေါ် အယူအဆများ၊ ပြုမှုပြောဆိုပုံများ ယိမ်းယိုင်ပျက်ယွင်းစေမည့် နည်းလမ်းများသည် ဖျော်ဖြေရေးနည်းများ၊ ကစားနည်း များအဖြစ် ပုံဖျက်စည်းရုံးရောက် ရှိနေကြသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊
  • ယခုကဲ့သို့ အခြေအနေ မျိုးတွင် ကလေးများ စာပေဖတ်ရှုလာအောင်၊ စာကြည့်တိုက်ဝန်းကျင်တွင် မွေ့လျော်လာအောင် စည်းရုံးဆောင် ရွက်ရန် လွယ်ကူမည် မဟုတ်ပါကြောင်း၊
  • သို့သော်လည်းမိမိတို့ ကလေးများ၏ အနာဂတ်များ တိုးတက်ကောင်းမွန် လာရန် အတွက်မဖြစ်မနေ ၀ိုင်းဝန်းလုပ်ဆောင်ပေးကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။
  • နိဂုံးချုပ်အားဖြင့် ကလေးများဖွံ့ဖြိုးတိုးတက်စေရေး၊ ကလေးစာပေနှင့် ကလေး စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက် ရေးသည် နိုင်ငံ၏အနာဂတ်အပေါ် သက်ရောက်မှုများစွာ ရှိလာနိုင်သည့်အတွက် ၀ိုင်းဝန်းကူညီ ဖော်ဆောင် ပေးကြစေလိုကြောင်း၊
  • ကလေးများစာပေနှင့် ရင်းနှီးပြီး စာပေ၀န်းကျင်တွင် မွေ့လျော်လာအောင် အဖွဲ့အစည်း အသီးသီးက ပူးပေါင်း ပါဝင်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ကျေးဇူး တင်စကားပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ တာဝန်ရှိအဖွဲ့ဝင်များသည် ခင်းကျင်းပြသထား သည့် ကလေးစာပေပြ ခန်းများနှင့် စာအုပ်အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုအား ပေးပြီး ကလေးစာပေပွဲတော်သို့ တက်ရောက် လာကြသည့် ကလေးငယ်များနှင့် ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ကလေးစာပေပွဲတော် ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ဇန်န၀ါရီ (၂၇)ရက်မှ (၂၉)ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြပွဲရက်များတွင် ဖျော်ဖြေရေးအစီ အစဉ်များ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ စက္ကူခေါက်ချိုး ပြိုင်ပွဲများ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ၊ ဂိမ်းကစားပွဲများ၊ ပန်းချီပြိုင်ပွဲများ၊ စာပေဟောပြောပွဲ၊ စာပေမြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ အပါအ၀င် ပြပွဲပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

From : ပြန်ကြားရေး ဝန်ကြီး ဋ္ဌာန

Originally published at - http://moigovnews.blogspot.com/2017/01/blog-post_510.html

Read More »

Tuesday, January 10, 2017

ပုံမှန်စရိတ်ထက် သက်သာပြီး ကမ္ဘာ့အဆင့် တက္ကသိုလ်တွေ တက်နိုင်မယ့် နည်းလမ်း အသိ ပညာပေး




ကမ္ဘာ့ အဆင့်မှီ တက္ကသိုလ် တွေမှာ တက်ရောက် လိုသူတွေ အတွက် ပုံမှန်ထက် ကျောင်းစရိတ် သက်သာ နိုင်မယ့် နည်းလမ်းတွေ အကြောင်း အသိပညာပေး ဆွေးနွေး ပွဲတွေကို SR Worldwide ပညာရေး ၀န်ဆောင်မှု ကနေ ကျင်းပပြု လုပ်ပေး သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းကိုတော့ MCN သတင်းထောက် အောင်ကျော်မိုးက တင်ဆက် ပေး ထားပါတယ်။



From : Myanmar Cable News

Originally published at - http://www.mcntv.biz/news/local-news/25312/

Read More »

Saturday, January 07, 2017

မန္တလေးတွင် ဆဌမမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်လှစ်


ကျောက်ပန်းတောင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်း မြို့ နယ်၊ မြို့မ ကွက်သစ် အခြေခံ မူလတန်းလွန်ကျောင်းတွင် ဆဌမမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်း
ဆောင်သစ် ဖွင့်လှစ်ခြင်းနှင့် အပ်နှံခြင်း အခမ်းအနားကို ယနေ့  နံနက်ပိုင်းက ကျင်းပပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က တရုတ် - မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် များကို နိုင်ငံ အနှံ့ အပြားတွင် ဆောက်လုပ် လှူဒါန်းရခြင်းမှာ မြန်မာနိုင်ငံ၏ အသွင် ကူးပြောင်းရေးတွင် ပါဝင် ကူညီနိုင်ရေးအတွက် ဖြစ်ကြောင်း အဖွင့် အမှာစကားတွင် ထည့်သွင်းပြော ကြားခဲ့သည်။

“အပင်စိုက်ရာမှာ ဆယ်နှစ် လိုအပ်ပြီး လူတော်လူကောင်း မွေးထုတ်ရာမှာ နှစ် တစ်ရာ လိုအပ်တတ်ပါတယ်၊ မြန်မာနိုင်ငံဟာ အသွင်ကူးပြောင်းရေး ခြေလှမ်းတွေ မြန်ဆန် လာတာနဲ့ အမျှ လူတော် လူချွန်တွေ ပိုမို လိုအပ် လျက် ရှိပါတယ်၊ မြန်မာနိုင်ငံရဲ့ ပညာရေး တိုးတက်မှုကို အထောက်အကူပြုနိုင်ရန်နဲ့  အရည်အချင်း ရှိတဲ့ လူတော် လူချွန်တွေ မွေး ထုတ်ပေးနိုင်ရန်အတွက် တရုတ်သံရုံးက မြန်မာနိုင်ငံ အစိုးရနဲ့ ပူးပေါင်းကာ ယမန်နှစ်က စပြီး မြန်မာ နိုင်ငံ နေရာ အနှံ့အပြားမှာ တရုတ် - မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်တွေ ကို ဆက်တိုက် ဆိုသလို ဆောက်လုပ် ခဲ့ပါတယ်” ဟု သံအမတ်ကြီးက ပြောကြားခဲ့သည်။

ဆဌမမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)


ထို့ အပြင် ၎င်းက “ပညာရည် ထူးချွန်ပြီး ချို့ တဲ့သော မြန်မာ ကျောင်းသူ ကျောင်းသားများ ပညာသင်ယူမှု ပြီးမြောက်စေရေး အတွက် တရုတ် - မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု
ထောက်ပံ့ငွေကိုလည်း ထူထောင် ထားပါတယ်၊ အရင်နှစ် ၁၁ လပိုင်းတုန်းက ကျောက်ပန်းတောင်း မူလွန်ကျောင်းဟာ ပထမဆုံး အသုတ် အကျိုးရလဒ် ခံစားရတဲ့ ကျောင်းတွေမှာ ပါဝင်ပြီး ကျောင်းသား ကျောင်းသူ တစ်ရာ ဝန်းကျင်အတွက် ထောက်ပံ့ငွေ ကျပ် သိန်း ၆၀ ရရှိခဲ့ပါတယ်၊

လူငယ်ဆိုတာ မြန်မာနိုင်ငံနဲ့ အမျိုးသားတို့ရဲ့ မျှော်လင့်ချက် ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးရဲ့ အနာဂတ်လည်း ဖြစ်ပါတယ်၊ နောက်တစ်ဆင့်အနေနဲ့  တရုတ်နိုင်ငံ အစိုးရနဲ့  မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးက မြန်မာနိုင်ငံ ပညာရေး ကဏ္ဍမှာ အထောက်အပံ့ ပေးမှုတွေကို မြှင့်တင်သွားပါမယ်၊

ပညာရေးကဏ္ဍမှာ ပူးပေါင်း ဆောင်ရွက်ခြင်းကတစ်ဆင့် တရုတ် - မြန်မာ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေး အဆုံးမရှိ လက်ဆင့်ကမ်း တည်တံ့စေရန် ကျွန်တော်တို့ မျှော်လင့် ပါတယ်” ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဆဌမမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)


မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်း မြို့ နယ်ရှိ ဆဌမမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားတွင် တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် အဖွင့် အမှာစကား ပြောကြားနေစဉ် (ဆင်ဟွာ)


မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦး ခရိုင်၊ ကျောက်ပန်းတောင်း မြို့ နယ် မြို့မ ကွက်သစ် အခြေခံ မူလတန်းလွန် ကျောင်းရှိ ဆဌမမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်း အနားတွင် ထိုကျောင်း၏ ကျောင်းသားဟောင်း ဖြစ်သည့် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီး (ငြိမ်း) ဦးတင်ဦးလွင်က ကျေးဇူးတင် စကား ပြောကြားစဉ် (ဆင်ဟွာ)


ဆဌမမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)


ကျောင်းဆောင်နှင့် သက်ဆိုင်သည့် စာရွက် စာတမ်းများကို တရုတ်နိုင်ငံ သံအမတ်ကြီးက မြို့ နယ် ပညာရေးမှူး ဒေါ်ညွန့် ညွန့် မြင့်ထံ လွှဲအပ်နေစဉ် (ဆင်ဟွာ)


ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝိုင်းဌေးက တရုတ်နိုင်ငံ သံအမတ်ကြီးထံ ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်စဉ် (ဆင်ဟွာ)


ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီမှ ဆောက်လုပ်ရေး ကဏ္ဍဆိုင်ရာ အမှုဆောင် အရာရှိချုပ် ဦးအောင်သန်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝိုင်းဌေးထံ ဗလာစာအုပ်နှင့် စာရေး ကိရိယာများအား ပေးအပ်စဉ် (ဆင်ဟွာ)


မူလတန်းလွန်ကျောင်း၏ ယိုယွင်းနေသည့် စာသင်ဆောင် သုံးဆောင် တို့ အား ပြန်လည် ပြုပြင်ခြင်း အတွက် ကျပ် သိန်း ၄၅၀ ကျော်ကို တရုတ်ပြည်သူ့  သမ္မတနိုင်ငံ သံရုံး (ရန်ကုန်)က လည်းကောင်း၊ ကျောင်းအတွက် စာရေးကိရိယာများနှင့် အားကစား ပစ္စည်းများ၊ တိုက်ရိုက်သုံး ရေသန့် စက်နှင့် ဆက်စပ် ပစ္စည်းများကို တရုတ် ပြည်သူ့  သမ္မတနိုင်ငံ ကောင်စစ်ဝန် ချုပ်ရုံး (မန္တလေး) က လည်းကောင်း လှူဒါန်း ခဲ့ကြပြီး ယနေ့ အခမ်းအနား တွင် အလှူရှင်များက ကျောင်းဆောင်သစ်များနှင့် အလှူပစ္စည်းများကို
ကျောက်ပန်းတောင်းမြို့ နယ် ပညာရေးမှူး ဒေါ်ညွန့် ညွန့် မြင့်ထံ သို့ လွှဲပြောင်း ပေးအပ်ခဲ့ သည်။

ထို့ နောက် ထို မူလွန်ကျောင်း၏ ကျောင်းသား ဟောင်း ဖြစ်သည့် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး (ငြိမ်း) ဦးတင်ဦးလွင်ကလည်း ယနေ့  လှူဒါန်း လွှဲပြောင်းပေးအပ်ပွဲ အတွက် ကျေးဇူးတင် စကား ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့  မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် Mr. Wang Zongying နှင့်ဇနီး၊ ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်း၊ မန္တလေးတိုင်းဒေသကြီး အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်နှင့် ပညာရေးဌာနမှ တာဝန်ရှိ သူများ၊ ကျောက်ပန်းတောင်း မြို့ နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မှ အုပ်ချုပ်ရေးမှူး၊ ရွှေတောင် ဖွံ့ ဖြိုး တိုးတက်မှု ကုမ္ပဏီ လီမိတက်မှ ဆောက်လုပ်ရေး ကဏ္ဍဆိုင်ရာ အမှုဆောင်အရာရှိချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

From : ရှင်းဝှာ-မြန်မာ

Originally published at - http://xinhuamyanmar.com

Read More »

Saturday, December 31, 2016

တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားသူ ယမန်နှစ်ထက် ပိုများ




၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အတွက် ဖြေဆိုခွင့် လျှောက်ထားသူ အရေ အတွက်ဟာ မနှစ် ကထက် ပိုမို များပြား တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း ဒေသကြီး အတွင်း ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် အတွက် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားသူ ဦးရေဟာလည်း မနှစ် ကထက် ပိုမို များပြားကြောင်း မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူး ရုံးက ပြောပါတယ်။

၂ဝ၁၅-၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ မန္တလေးတိုင်းဒေသကြီးမှ ဖြေဆိုခွင့်လျှောက်ထားသူ ၉ သောင်း ၅ ထောင်ကျော်ရှိပြီး ဖြေဆိုသူဦးရေမှာ ၉ သောင်း ၁ ထောင်ကျော် ရှိခဲ့ကာ အခု ၂ဝ၁၆-၂ဝ၁၇ ခုနှစ်အတွက် လျှောက်ထားသူဦးရေမှာ ၁ သိန်း ၄ ထောင်ကျော် ရှိနေတာကြောင့် မနှစ်ကထက် ၉၀၀၀ ကျော် ပိုမိုများပြားနေတယ်လို့ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်

ဓာတ်ပုံ - ရိုက်တာ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/182051

Read More »

Tuesday, December 06, 2016

နယ်စပ် တိုင်းရင်းသား လူငယ်များ စက်မှုလက်မှု သင်တန်းကျောင်း (၄/၂၀၁၆) သင်တန်း ဖွင့်ပွဲ အခမ်းနား




ကျောက်ဖြူ ဒီဇင်ဘာ (၅) ရက်

ရခိုင် ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်၊ မင်းတပ်တောင် ကျေးရွာ အနီးရှိ နယ်စပ် ဒေသ တိုင်းရင်းသား လူငယ်များ စက်မှု လက်မှု ပညာသင်တန်း (ကျောက်ဖြူ) တွင် ဒီဇင်ဘာလ (၅) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီတွင် ကျင်းပ ပြုလုပ်သော လက်သမား၊ ပန်းရံ၊ သံချည် သံကွေး၊ စက်ပြင်နှင့် လျှပ်စစ် သင်တန်း အမှတ်စဉ် (၄/၂၀၁၆) သင်တန်း ဖွင့်ပွဲ ကျင်းပ ပြုလုပ် ခဲ့ပါသည်။

အခမ်း အနားကို ကျောက်ဖြူ ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းမှ အဖွင့် အမှာစကား ပြောကြားခဲ့ရာ၊ ကျောက်ဖြူ မြို့နယ်ရှိ ပြည်သူတွေရဲ့ သားသမီး လူငယ်တွေကို အသက်မွေး ၀မ်းကြောင်း လုပ်ငန်း ပညာတွေ တတ်မြောက်စေဖို့ ရည်ရွယ်ပြီး ဒေသ တွင်းမှာ တွင်တွင် ကျယ်ကျယ် အသုံးပြုနေ ကြတဲ့ လက်သမား၊ ပန်းရံ၊ သံချည်သံကွေး ပညာရပ်၊ ဆိုင်ကယ်နဲ့ တစ်လုံးထိုး ဒီဇယ်၊ ဓါတ်ဆီ အင်ဂျင်တွေကို ပြု ပြင်တဲ့ အတတ်ပညာ၊ လျှပ်စစ်၊ ဂဟေပညာရပ်နှင့် အိမ်တွင်း ၀ါယာရိမ်းလိုက် အတတ်ပညာတွေကို သင်ကြားပေးမှာ ဖြစ်တဲ့ အတွက် သင်တန်း တက်ရောက်သော သင်တန်းသား များက စိတ်ဝင်စားစွာ သင်ကြား လေ့လာရန်၊ သင်ကြားသော ပညာရပ်များဟာ လက်ရှိ မိမိတို့ ဒေသ / ကျေးရွာများမှ မဖြစ်မနေ အသုံးပြုနေ ရသောကြောင့်၊ ဒီပညာ ရပ်တွေနဲ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း အဖြစ် ထူထောင် လုပ်ကိုင်နိုင်သော ပညာ ရပ်များ ဖြစ်ကြောင်း၊ သင်တန်းသား အနေဖြင့် နိုင်ငံတော်က အချိန်နဲ့ ငွေကြေး အကုန်အကျ ခံပြီး၊သင်ကြား ပို့ချတဲ့ ပညာ ရပ်တွေနဲ့ မိမိဘ၀ အသက်မွေး ၀မ်းကြောင်း လုပ်ငန်း များကို ဆောင်ရွက်ရင်း မိမိဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ မှာ တစ်တပ် တစ်အား ပါဝင် ကူညီဆောင်ရွက် ကြပါလို့ ပြောကြား ခဲ့ပါသည်။

အဆိုပါအသင်တန်းအား သင်တန်းသား(၆၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

ခရိုင်(ပြန်/ဆက်)

From : မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဋ္ဌာန by moi

Originally published at - http://moigovnews.blogspot.com

Read More »