နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ပရဟိတသတင်း. Show all posts
Showing posts with label ပရဟိတသတင်း. Show all posts

Friday, June 12, 2015

ပညာဒါန jပုထားတဲ့ ကလေး သုံးဦးစလုံး တက္ကသိုလ် ၀င်တန်း aအာင်မြင်လို့ ပျော်ရွှင်နေတဲ့ မိုးစက်ဝိုင်




ပညာ သင်ကြားရန် ထောက်ပံ့ပေး ခဲ့သည့် ကလေးသုံး ဦး တက္ကသိုလ် ၀င်စာမေးပွဲ aအာင်မြင် aသာကြောင့် ပျော်ရွှင် ရကာ အဆိုပါ ကလေးများ၏ ဆက် လက်သင်ကြား ရမည့် ပညာရေး အတွက် ထောက်ပံ့ပေး သွားရန် အစီအစဉ် ရှိကြောင်း မိုးစက်ဝိုင် က ပြောသည်။

‘‘မိုးစက်ဖြစ်စေချင်တဲ့အ တိုင်း လုပ်နိုင်ခဲ့ကြတဲ့ အတွက်ဝမ်း သာတယ်။ လောလောဆယ် အ မှတ်စာရင်းတွေ မရသေးတော့ ဘာဆက်လုပ် ရမယ်ဆိုတာ ပြော လို့ မရသေးဘူး။ အမှတ် စာရင်း တွေရရင် သူတို့ဘာလုပ် ချင်လဲဆို တာကို မေးမယ်။ သူတို့ရဲ့ အုပ် ထိန်းသူ jဖစ်တဲ့ ဘုန်းဘုန်းနဲ့ တိုင် ပင်ပြီး ဆက်လုပ် သွားမယ်’’ဟု ၎င်းက ajပာသည်။

မိုးစက်ဝိုင်သည် မယ်စကြ ၀ဠာမြန်မာပြိုင်ပွဲဝင်စဉ်က လေ့ လာရေးခရီးစဉ်အဖြစ် သွားရောက် ခဲ့သည့် ကျိုက်ထိုမြို့ရှိ ဘုန်းတော် ကြီးသင်စာသင်ကျောင်းမှ မိဘမဲ့ ကလေးငယ်သုံးဦးအား တက္က သိုလ်ဝင်တန်းဖြေဆိုနိုင်ရန် ပြင်ဦး လွင် စိုးစံဘော်ဒါတွင် ဘော်ဒါ ဆောင်ထား၍ ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။ ‘‘အကုန်လုံးအောင်တယ်။ အသေးလေးဆိုရင် ဒီတစ်လုံးတောင်ပါတယ်။ လောလော ဆယ်တော့ သူတို့ကိုသွားမတွေ့ ရသေးဘူး’’ဟု ကချင်ပြည်နယ် တွင် Amazing Cities ပရိုဂရမ် သွားရောက်ရိုက်ကူးရာမှ ပြန်လာ သည့် မိုးစက်ဝိုင်က ပြောသည်။

ယခုနှစ်တက္ကသိုလ်ဝင်တန်း အတွက် ပညာသင်ဆုထပ်မံပေး ရန် စဉ်းစားမထားဘဲ လက်ရှိ ထောက်ပံ့ပေးနေသည့် ကလေး များအတွက်ကိုသာ စဉ်းစားနေ ကြောင်း မိုးစက်ဝိုင်ကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း Amazing Cities ပရိုဂရမ်အ တွက် ကချင်ပြည်နယ်ဘက်သို့ ရိုက်ကူးရေး သွားရောက်ခဲ့ပြီး Amazing Cities ၏ Season 2 (အပိုင်း-၂) အနေဖြင့် ရိုက်ကူး ခြင်းဖြစ်ကာ တင်ဆက်မှုပုံစံပြောင်း လဲထားကြောင်း မိုးစက်ဝိုင်က ပြောသည်။

‘‘ဒီတစ်ခါ ရိုက်ကူးရေးက စတိုရီပုံစံလေးတွေရိုက်တာ။ အဲ ဒီမှာ မိုးစက်က ဆရာမပုံစံ သရုပ် ဆောင်ရတယ်။ ဒါပေမဲ့ တစ်ခါ တစ်ခါ သရုပ်ဆောင်နေရင်းလွတ် လွတ်သွားပြီး မိုးစက်ရဲ့ ပုံစံအ တိုင်းပြန်ဖြစ်သွားလို့ ဒါရိုက်တာ ကိုအောင်မြတ်က သတိပေးရ တယ်’’ဟု Amazing Cities ပရို ဂရမ်ရိုက်ကူးရေးအကြောင်းပြော ပြသည်။

By - ဇွဲဉာဏ်

Original link - http://7daydaily.com/story/39339

Read More »