နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ဖိတ်ကြားစာ. Show all posts
Showing posts with label ဖိတ်ကြားစာ. Show all posts

Friday, July 01, 2016

ဆုငွေ ၁၂ သိန်း ချီးမြှင့်မယ့် ဧရာဝတီ ကာတွန်းပြိုင်ပွဲ




ဧရာဝတီ သတင်း ဌာနကနေ “လွတ်လပ် အတွေး” အပျော်တမ်း ကာတွန်းပြိုင်ပွဲ (The Irrawaddy’s Amateur “Freedom of Thought” Cartoon Talent Competition) ကို ကျင်းပရန် စီစဉ်နေပြီး ချီးမြှင့်မယ့် ဆုငွေက ၁၂ သိန်း ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေများကို ထင်ဟပ်တဲ့ ကာတွန်း ဖြစ်ရပါမယ်။

မြန်မာပြည်တွင်းမှာ နေထိုင်တဲ့ မြန်မာပြည်သား အသက် ၂၀ မှ ၂၅ နှစ်အတွင်း လူမျိုး၊ ဘာသာ၊ ကျား/မ မရွေး ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်။

ပြိုင်ပွဲဝင် တဦးလျှင် A4 အရွယ်အစား စာမျက်နှာ ပြိုင်ပွဲဝင် ပုံတပုံသာ ပေးပို့ရမှာ ဖြစ်ပါတယ်။ အဲဒီကာတွန်းဟာ တခြား စာနယ်ဇင်းတွေမှာ ဖော်ပြပြီးတဲ့ ကာတွန်း၊ တခြားပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ကာတွန်းများ မဖြစ်ရပါ။

ပြိုင်ပွဲဝင်သူများ ထဲမှ တဦးကိုသာ ရွေးချယ်ပြီး ဆုငွေ ကျပ် ၁၂ သိန်း ချီးမြှင့်မှာ ဖြစ်ပါတယ်။
  • စတင်လက်ခံ မည့်နေ့ – ၂၀၁၆ ဇူလိုင်လ ၁ ရက်
  • ပြိုင်ပွဲ နောက်ဆုံးရက် – ၂၀၁၆ ဇူလိုင်လ ၃၁ ရက်

အီးမေးလ်မှ တဆင့် ပေးပို့လိုလျှင်

  • ပေးပို့ရမည့် ဖောမက် – 6MB မှ 8MB ကြားရှိ JPG ဖိုင်
  • ပေးပို့ရန် အီးမေးလ် – cartoon-contest@irrawaddy.org

တိုက်ရိုက် ပေးပို့လိုလျှင်


  • အမှတ် (၁၇၀/၁၇၅)၊ ၈ လွှာ၊ အခန်း (၈၀၆)၊ MGW တာဝါ၊ ဗိုလ်အောင်ကျော်လမ်း (အလယ် ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ပြိုင်ပွဲ ဝင်သူများ ထည့်သွင်းပေးပို့ရန် အချက်အလက်များ


ပြိုင်ပွဲဝင်သူ အမည် –

ကလောင်အမည် –

မှတ်ပုံတင် နံပါတ် –

အသက်၊ ကျား/မ –

လက်ရှိ နေရပ်လိပ်စာ –

ဆက်သွယ်ရန် ဖုန်းနံပါတ် –

အီးမေးလ် –

ဧရာဝတီ by Peter Aung

Originally published at - http://burma.irrawaddy.com/announcements/2016/06/30/117515.html

Read More »

Sunday, March 20, 2016

စာမေးပွဲစနစ်၏ သက်ရောက်မှုများ ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲ ယနေ့ ကျင်းပမည်




မန္တလေးမြို့ မဟာအောင်မြေ မြို့နယ် မဟာနွယ်စဉ် ရပ်ကွက် ၇၁x၇၂ လမ်းကြား၊ ၃၆×၃၇ လမ်းကြား၊ ရွှေငုဝါ လမ်းသွယ် အကွက် (၄၁၃/၁) ယုံကြည်ရာ အသိပညာ ပြန့်ပွားရေး အသင်းနှင့် အခမဲ့ စာကြည့်တိုက်၌ "စာမေးပွဲ စနစ်၏ သက်ရောက်မှုများ"ခေါင်းစဉ်ဖြင့် စကားဝိုင်းကို ယနေ့(မတ် ၂၀ ရက်) မွန်းလွဲ ၁ နာရီမှ ၄ နာရီအထိ ကျင်းပ သွားမည် ဖြစ်သည်။

ယင်းစကားဆွေးနွေးဝိုင်းတွင် ဖောင်တော်ဦးဆရာတော်ဦးနာယက၊ ဒေါက်တာအောင်မြင့်(စာရေးဆရာ၊ ပါမောက္ခချုပ်- ငြိမ်း)တို့က ဦးဆောင်ဆွေးနွေးကြမည်ဖြစ်သည်။

တက်ရောက်လိုသူများအနေဖြင့် ဒေါက်တာတေဇာစန်း(ဖုန်း- ၀၉ ၉၇ ၄၈၅ ၄၇ ၄၄)နှင့် ကိုအောင်ကိုကိုတိုး (ဖုန်း ၀၉ ၃၀ ၁၃ ၅၇ ၁၈)တို့သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်သည်။

The Voice Weekly

Originally published at - https://www.facebook.com/thevoiceweekly


Read More »

Sunday, August 16, 2015

အပစ်ရပ် လက်မှတ်ထိုးရန် သမ္မတပေးပို့သည့် ဖိတ်ကြားစာ


တနိုင်ငံလုံး အပစ်ရပ် စာချုပ် လက်မှတ်ထိုးဖို့ အတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၁၅ ဖွဲ့ထံ သမ္မတ ဦးသိန်းစိန်က သြဂုတ် ၁၁ ရက်မှာ ဖိတ်ကြားစာ ပေးပို့ထား တယ်လို့ အစိုးရနဲ့ တပ်ဖွဲ့တို့ နှစ်ဘက် စလုံးက ထုတ်ဖော် ပြောကြား လိုက်ပါတယ်။





ဖိတ်စာ Hmuu Zaw

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/107808

Read More »

Friday, July 10, 2015

အာဆီယံ ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ ဖိတ်ခေါ် ဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်




အာဆီယံ ဇီဝမျိုးစုံ မျိုးကွဲ ဆိုင်ရာဌာန (အေစီဘီ) က ကြီးမှူး ကျင်းပမယ့် တတိယ အကြိမ် ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ ဖိတ်ခေါ် ဓာတ်ပုံပြိုင်ပွဲ အတွက် လျှောက်လွှာ စတင် ခေါ်ယူနေ တယ်လို့ သတင်းထုတ် ပြန်ထား ပါတယ်။

ကမ္ဘာကြီးရဲ့ မတူ ကွဲပြားတဲ့ ဂေဟဗေဒ စနစ်အောက်မှာ သက်ရှိ တွေရဲ့ ကျင်လည် ကျက်စား နေထိုင်မှု အလှအပ၊

တန်ဖိုးနဲ့ ကြွယ်ဝတဲ့ ရင်းမြစ်တွေကို ပုံဖော် ရိုက်ကူးရမယ့် ဒီပြိုင်ပွဲကို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေ ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

ဆုတွေအနေနဲ့ ပထမဆု အမေရိကန်ဒေါ်လာ ၁၅၀၀၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၁၀၀၀ နဲ့ တတိယဆု အမေရိကန်ဒေါ်လာ ၅၀၀ ချီးမြှင့်မှာ ဖြစ်ပါတယ်။

ဆုရဓာတ်ပုံတွေကို အာဆီယံ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဂ္ဂဇင်းနဲ့ အခြား နိုင်ငံတကာ ထုတ်ဝေမှုတွေမှာ ဖော်ပြပေးသွားမှာဖြစ်တဲ့အပြင် အာဆီယံ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာဌာန (အေစီဘီ) ရဲ့ အင်တာနက်စာမျက်နှာမှာလည်း ဖော်ပြသွားမှာပါ။

ပြိုင်ပွဲမှတ်ပုံတင်ကြေး အခမဲ့ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူတွေဟာ လာမယ့် သြဂုတ် ၃၁ ရက် နောက်ဆုံးထားပြီး လျှောက်လွှာတင်ရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲစည်းကမ်းတွေနဲ့ လျှောက်လွှာပုံစံတွေကို www.aseanbiodiversity.org/zoomin gin2015 မှာ အသေးစိတ် ကြည့်ရှုနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/102021

Read More »

Saturday, July 05, 2014

မုံရွာရဲ့ ဇူလှိုင် ၇ ရက်နေ့ အစီအစဉ် တခု





တက္ကသိုလ် ကျောင်းသား သမဂ္ဂများ ကွန်ရက် (မုံရွာ) က ဆဲဗင်း ဂျူလိုင် အရေးတော်ပုံ အောက်မေ့ဖွယ်
အခမ်း အနားကို ဇူလိုင် (၇) ရက်နေ့ တနင်္လာနေ့ တွင် မုံရွာမြို့ ၊ မြစန္ဒာခန်း၌ ကျင်းပ ပြုလုပ် သွားမည်
ဖြစ်သည်။

ဆဲဗင်းဂျူလိုင် သမိုင်းကြောင်း ပြန်ပြောင်း ပြောပြမှုများ ၊ ကျောင်းသား သမိုင်းပြဇာတ် တင်ဆက် မှုများ ၊
သံချပ်ဖျော်ဖြေမှု များဖြင့် ညနေ(၃း၃၀)မှ (၇း၀၀) နာရီထိ ကျင်းပသွားမည် ဖြစ်သည်။

  • ကွန်ရက်ကို မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊
  • မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊
  • မုံရွာ နည်းပညာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂတို့ ပူးပေါင်း ဖွဲ့စည်း ထားသည်။

The Irrawaddy's Blog by zarny win


Read More »

Saturday, May 31, 2014

ပြည်သူ့ ဂုဏ်ရည်ဆု ချီးမြှင့် ဂုဏ်ပြုပွဲ အခမ်းအနား ဖိတ်ကြားစာ



နာမည်ကျော် ပြည်သူ့ ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်း အနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်း
ပပါတော့မယ်။

အချိန်ကတော့ မနက်ဖြန် ဇွန် ၁ ရက်နေ့ ဖြစ်ပါတယ်။

The Irrawaddy's Blog by zarny win

Read More »

Monday, May 26, 2014

ဆေးလိပ် ဆန့်ကျင်ရေး ဟောပြော ဆွေးနွေးမည်



ဆေးလိပ် ဆန့်ကျင်ကြသူများနှင့် တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်း
တို့ ပူးပေါင်းစီစဉ်သည့် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှု ဟောပြောပွဲကို မေလ ၃၁
ရက် စနေနေ့ (ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့) မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲ
ကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်
(UMFCCI) ခန်းမ၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

အဆိုပါ အခမ်းအနားတွင် အမျိုးသား စာပေဆု တစ်သက်တာ စာပေဆုရှင် စာရေး ဆရာကြီး သိပံ္ပမှူးတင်နှင့်
ပြည်သူ့ကျန်းမာရေး တက္ကသိုလ်ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာနေစိုးမောင်တို့က နှစ် ၅၀ ကျော် ဆေး
လိပ်ဆန့်ကျင်ရေး အတွေ့အကြုံနှင့် ဆေးလိပ် ဘယ်လိုဖြတ်ကြမလဲ ခေါင်းစဉ်တို့ဖြင့် ဟောပြော ဆွေးနွေးကြ
မည် ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ကြကြောင်း စီစဉ်သူများထံမှ သိရှိရသည်။

၂၀၁၄ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ ဆောင်ပုဒ်မှာ Raise
Taxes No Tobacco (ဆေးလိပ်သုံးစွဲမှု လျှော့ချဖို့ အခွန်တိုးမြှင့် ကောက်ခံစို့) ဟူ၍ ဖြစ်သည်။

The Voice Weekly မှကူးယူမျှဝေသည်။


Read More »

Tuesday, May 20, 2014

မဟာစည်မှာ ပြုလုပ်မယ့် ဦးဝင်းတင် အမှတ်တရ အစီအစဉ်



ဒီရက်ပိုင်း ရန်ကုန်မှာ ဦးဝင်းတင် ကွယ်လွန်ခြင်း တလပြည့် အမှတ်တရ အစီအစဉ်တွေ ဆက်တိုက် တွေ့ရ
ပါမယ်။

မနက်ဖြန် မနက် ၁၀ နာရီ ဗဟန်းမြို့နယ် မဟာစည် သာသနာ့ ရိပ်သာမှာ ပြုလုပ်မယ့် အစီအစဉ် ဖိတ်စာကို
ကူးယူ ဖော်ပြလိုက်ပါတယ်။



The Irrawaddy's Blog by zarny win

Read More »

Saturday, May 17, 2014

ဆရာ မင်းသစ်ရဲ့ အိပ်မက် ကွန်ဖရင့်



ဆရာမင်းသစ်ရဲ့“အိပ်မက်ကွန်ဖရင့် ၀တ္တုတိုစု” စာအုပ်မိတ်ဆက်ပွဲ နဲ့ စာပေ စကားဝိုင်း ကို ဒီနေ့ ရန်ကုန်
မြို့ ၃၅ လမ်းမှာ ပြုလုပ်ပါမယ်။

အစီအစဉ် နေရာ နဲ့ အချိန်ကို ဖော်ပြပေး လိုက်ပါတယ်။

နေ့ရက်-စနေနေ့ (၁၇.၅.၂၀၁၄)
နေရာ-၃၅လမ်း (အလယ်ဘလောက်) ပေါ်ပြူလာ ဂျာနယ် တိုက်
အချိန်-နေ့လယ် (၁)နာရီမှ (၃)နာရီ

The Irrawaddy's Blog by zarny win

Read More »

Thursday, May 15, 2014

အမှတ်တရ ကိုအောင်ကျော်မိုး



ဗိုလ်ချုပ်ကြီးတွေ မိုးကောင်းတဲ့ ကာလအတွင်း ထောင်ထဲမှာ သေဆုံးသွားရတဲ့ နိုင်ငံရေး အကျဉ်းသား
အများအပြား ရှိပါတယ်။

အထင်ရှားဆုံးတွေထဲက တယောက်ကတော့ ကိုအောင်ကျော်မိုးပါပဲ။

သူ ကွယ်လွန်တာ ၁၆ နှစ် ပြည့်ပါပြီ။

သူ့အတွက် အမှတ်တရ အစီအစဉ် တခု မနက်ဖြန် သောကြာနေ့ ရန်ကုန်မြို့မှာ ပြုလုပ် ကြပါမယ်။
မနက် ၉းဝဝ ကနေ ၁၂းဝဝ အထိ တောင်ဥက္ကလာပ စိတ်တိုင်းကျ ခန်းမမှာ ပြုလုပ်ပါမယ် တဲ့။

ဖိတ်စာကို ကူးယူ ဖော်ပြလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာ သေဆုံးရခြင်းက ဗိုလ်ချုပ်ကြီးတွေမှာ တာဝန်ရှိပါတယ်။

တိုက်ရိုက်တာဝန်ရှိသူအများအပြား အငြိမ်းစားယူသွားကြသူတွေ ရှိသလို လက်ရှိ အစိုးရအဖွဲ့ထဲ ရောက်
နေသူတွေလည်း ရှိပါတယ်။

The Irrawaddy's Blog by zarny win

Read More »

Wednesday, May 07, 2014

ဒီဗီဘီ သတင်းဌာန DVB Multimedia Group ဖိတ်ကြားလွှာ



ဒီဗီဘီသတင်းဌာန DVB Multimedia Group ဖိတ်ကြားလွှာ

လူကြီးမင်းခင်ဗျား

မြန်မာ့ တရား စီရင်ရေး စနစ် အတွင်း လွဲမှားဆောင်ရွက်ချက် များနှင့် ပတ်သက်၍ DVB မှ စုံစမ်း ဖော်ထုတ် မှုတစ်ခု ပြုလုပ် ခဲ့သည်။ သက်သေနှင့် မှတ်တမ်း အတု များကို အသုံးပြုကာ တရား စီရင်ရေ­း စနစ်ကို စနစ်
တကျ အလွဲ သုံးစား လုပ်ခဲ့ ပုံများ အကြောင်းကို "တရားမကြီး အမှု အမှတ် ၄၁၆ နှင့် ၄၁၇" ဟု အမည်ပေး
ထားသော စုံစမ်း ဖော်ထုတ် မှတ်တမ်း ရုပ်ရှင် (investigative documentary)တွင် တင်ပြ ထားသည်။

အဆိုပါ စုံစမ်းဖေါ်ထုတ် မှတ်တမ်းရုပ်ရှင် အကြောင်း မီဒီယာ များသို့ ရှင်းလင်း တင်ပြပွဲ တရပ် အောက်ပါ
အစီအစဉ် အတိုင်း ကျင်းပမည် ဖြစ်ရာ တက်ရောက် ချီးမြှင့်ပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။

နေ့ရက်။ ။မေလ ၈ ရက်၊ ၂၀၁၄ ခုနှစ် (ကြာသပတေးနေ့)
အချိန်။ ။မနက် ၁၀ နာရီ၊
နေရာ။ ။DVB ရုံး၊ အမှတ် (၁၈)၊အခန်း(၄)၊ နှင်းဆီလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်

အစီအစဉ်

၀၉း၄၅-၁၀း၀၀-သတင်းသမားများ၊ ဧည့်သည်များ ရောက် အအေးသုံးဆောင်ရန်
၁၀း၀၀-၁၀း၄၀-မှတ်တမ်းရုပ်ရှင် "တရားမကြီးအမှုအမှတ် ၄၁၆ နှင့် ၄၁၇" ပြသခြင်း၊
၁၀း၄၀-၁၁း၃၀-သတင်းထောက်များ၏ မေးမြန်းချက်များကိုဖြေကြားခြင်း၊

ဖြေကြားမည့်သူများမှာမှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ဦးခင်မောင်ဝင်း၊ ဥပဒေပညာရှင် ဦးမောင်မောင်ဝင်း၊ နှင့်
တရားမကြီး အမှုအမှတ် ၄၁၆ နှင့် ၄၁၇ တရားပြိုင်နှင့် မှတ်တမ်းရုပ်ရှင်ထဲမှ အဓိကဇတ်ဆောင်တဦးဖြစ်သူ
ခြံစောင့် ဦးဝင်းထွန်း တို့ဖြစ်သည်။

ဆက်သွယ်ရန်
၁။ ဦးခင်မောင်ဝင်း၊ ဖုန်း၀၉ ၇၃၂ ၅၇ ၀၀၁
၂။ ဒေါ်ကေခိုင်ကျော်၊ ဖုန်း၀၉ ၄၃၁ ၆၂ ၁၁၅
၃။ DVB ရုံးဖုန်း၀၁ ၂၉ ၉ ၆၄၄

"တရားမကြီးအမှုအမှတ် ၄၁၆ နှင့် ၄၁၇" ဟုအမည်ပေးထားသော စုံစမ်း ဖော်ထုတ် မှတ်တမ်း ရုပ်ရှင်
(investigative documentary) ကို ဒီဗီဘီ ရုပ်မြင် သံကြားတွင် မေလ (၈) ရက် ကြာသာပတေးနေ့
ည ၈း၄၅ နာရီမှာ ထုတ်လွှင့် ပြသ သွားမည်။


From: DVB Burmese Video Channel - YouTube


Read More »

Friday, April 04, 2014

မင်းကျော်ခိုင် ခြစ်တဲ့ ပြည်သူ့ ဘက်တော် သားများ


နယူးယောက်မှာ ရောက်နေတဲ့ ပန်းချီဆရာ မင်းကျော်ခိုင်က သူ့ရဲ့ ပုံတူခဲခြစ်တွေကို ရန်ကုန်မှာ ပြပွဲ
လုပ်ပါတော့မယ်။


 သူကိုယ်တိုင်ကတော့ ရန်ကုန်ပြပွဲကို ရောက်လာမယ် မထင်ပါဘူး။
သူရေးထားတဲ့ သူ့ရဲ့ ပြပွဲမိတ်ဆက်ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
အပေါ်ပုံတွေကတော့ အင်တာနက်မှာ တွေ့ရတဲ့ သူ့လက်ရာတွေထဲက တချို့ကို ဆက်စပ် ဖော်ပြပေးလိုက်တာပါ။ ပြပွဲမှာ အဲဒီပုံတွေလည်း ပါဝင်မယ်လို့ ယူဆရပါတယ်။

ကျနော့်ရဲ့ ကျနော်ခြစ်တဲ့ "ပြည်သူချစ်သော ပြည်သူ့ဘက်တော် သားများ" ပြပွဲက ခုလ ဧပြီ ၅ ရက်
နေ့မှာ စမှာပါ၊ အဲဒီ ဧပြီ ၅ ရက်နေ့ ဖွင့်ပွဲ (စာနယ်ဇင်း မိတ်ဆက်ပွဲ) မှာ ကျနော့်သူငယ်ချင်း လူမှုရေး သူရဲကောင်း ပြည်သူတွေချစ်တဲ့ ပြည်သူတွေ အားကိုးတဲ့ နာရေး ကူညီမှု အသင်းဥက္ကဌ ကျော်သူက
ကျနော့်အတွက် သူကိုယ်တိုင်ရေးစပ်ထားတဲ့ ကဗျာရွတ်ပါမယ် သူက သူရွတ်မဲ့ကဗျာ ကျနော့်ဆီလှမ်း
ပို့တယ် ဖတ်ကြည့်ပြီးကျနော်တော်တော်ဖျားသွားတယ် မထင်မှတ်လောက်အောင်ကောင်းလွန်းလို့ပါ။

ကျနော်တို့ ငယ်စဉ်ကျောင်းသားဘဝ သူနာမည်ကျော်ရုပ်ရှင်မင်းသားဘဝတွေတုန်းက နဲ့ တခြားစီပါ...

ဟိုး..တချိန်တုန်းက ဆိုးခဲ့ပေခဲ့ တေခဲ့မိုက်ခဲ့ကြတာပေမဲ့ ခုချိန်မှာ သူဟာ ပြည်သူတွေအတွက်ပေးဆပ်
နေတာ လူမှုရေးတင်မဟုတ်ဘူး နောက်မျိုးဆက်သစ်တွေအတွက်ကိုပါ ပြည်သူ့ ဘက်တော် သားတွေ
ဖြစ်စေချင်တဲ့ဆန္ဒတွေ သူ့မှာရှိနေတယ်။

နောက် ပြည်သူ့ဘက်တော်သားတွေဆိုတာ ပြည်သူတွေရဲ့မေတ္တာ စေတနာတွေ ရောင်ပြန်ဟပ်တယ်၊
ပြည်သူတွေအပေါ် ဘယ်တော့မှ သစ္စာမဖေါက်ရဘူး ကျေးဇူးမကန်းရဘူး ဒါမှ ပြည်သူချစ်တဲ့ ပြည်သူ့
ဘက်တော်သားပီသမှာကိုး...

မိမိ နာမည်ကြီးဘို့ ပြည်သူ့ ဘက်တော်သား ဆိုပြီး ဟန်ပြ လူမှုရေးတွေ လုပ်တာ သူမကြိုက်ဘူး....

တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမည် ဆိုတဲ့ ဘဘ ဦးသုခ ရဲ့ အဆုံးအမအတိုင်း သူ ပြည် သူတွေအတွက် ပြည်သူ့ဘက်တော်သားဖြစ်အောင် လုပ်ခဲ့တယ်၊ လုပ်နေဆဲ၊ သေသည်အထိလုပ်
သွားမဲ့သူ..ကျော်သူ။ ဒါကြောင့် သူ့ကို ပြည်သူတွေကချစ်တယ်၊ အားကိုးတယ်။

သူက ကျနော့်ပြပွဲမှာ သူငယ်ချင်းတယောက်အနေနဲ့ ကျနော့်ကိုယ်စားမိတ်ဆက်စကားပြောပြီး ကျ
နော့်အတွက် သူ့ကဗျာရွတ်မယ်ဆိုတော့ ကျနော်အတိုင်းအဆမရှိ ဝမ်းသာဂုဏ်ယူမိပါတယ်။

ဒါ့အပြင် ကျနော့်အပေါ် ညီငယ်တယောက်လို အမြဲဆက်ဆံတဲ့ ကိုရဲ (ရဲလွင်- မဇျ္စိမလှိုင်း- ပန်းရဲ့လမ်း)
နဲ့ ညီငယ် သားထွေး (ပန်းရဲ့လမ်း) တို့က နောက်ခံတီးလုံးတီးပေးကြမယ်ဆိုလို့ ကျနော်အလွန်မှ ဝမ်း
သာပီတိဖြစ်ရပါတယ်....။

ကိုရဲနဲ့ သားထွေးတို့ရဲ့ နောက်ခံဂီတနဲ့ ကျော်သူရွတ်မဲ့ ကဗျာကို ပြပွဲအဖွင့်မှာ ခံစားကြဖို့ မိတ်ဆွေ သူ
ငယ်ချင်း ညီအကိုမောင်နှမတွေကို လေးစားချစ်ခင်စွာ ဖိတ်ကြားအပ်ပါတယ်....။

ကျနော် ခြစ်တဲ့ ပြည်သူ့ ဘက်တော် သားများ
  • My scratches of Unconditional People Heroes
  • Date: 5.4.2014(Sat)~8.4.2014(Tue)
  • Time: 9:00am~5:00pm

Place:
  • Lokanat Aung Myint TunNo.62, First The 13th Floor ElevatorsPansodan Street,
  • Kyauktada Township, 11182
  • Yangon, Lemdy Myanmar
  • Telephone: 01-382269

Curator: Phyu Ei Thein ( Sunflower Art Gallery & Art Classes)
email: phyuei.thein7@gmail.com
Mobile: 09-4500-11956

အားလုံးကိုချစ်ခင်လျက် မေတ္တာများစွာဖြင့်
(မင်းကျော်ခိုင်)

The Irrawaddy's Blog by zarny win

Read More »

Tuesday, December 24, 2013

NLD ဗဟိုကော်မတီ အစည်းအဝေး အတွက် မီဒီယာတွေ သတင်းယူနိုင်


မြန်မာနိုင်ငံရဲ့ အကြီးဆုံး အတိုက်အခံ ပါတီကြီးတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ပထမ
အကြိမ် ဗဟိုကော်မတီ ဒုတိယအကြိမ်အစည်းအဝေး ကျင်းပဖို့ ရှိပါတယ်။


NLD အလံမူရင်း ( ပန်းချီ မျိုးမြင့်)

ဒီအကြောင်းကို NLD ပြန်ကြားရေး ဋ္ဌာနက အောက်ဖော်ပြတဲ့ အတိုင်းဖော်ပြထားပြီး မီဒီယာတွေ ကိုလည်း
ဖိတ်ခေါ်ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ၂၈၊၁၂၊၂၀၁၃
ရက်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊တော်ဝင်နှင်းဆီ သီရိခန်းမတွင် ကျင်းပမည်ဖြစ်ပါ
သည်။

ထို အစည်းအဝေးသို့တက်ရောက်သတင်းရယူလိုသော မီဒီယာများအနေဖြင့် ကြိုတင်စာရင်းပေးသွင်းရန် မ
လိုပဲ ယင်းနေ့ နံနက် ၉ နာရီတွင် သက်ဆိုင်ရာမီဒီယာတိုက်များမှ အသိအမှတ်ပြု ID Card ပြသပြီး တိုက်
ရိုက် ထုတ်ယူ ၀င်ရောက်ခွင့်ပြမည်ဖြစ်ပါသည်။

မီဒီယာရိုက်ကူးရန်အတွက် အခမ်းအနားစတင်ချိန်တွင် အချိန်ကန့်သတ်ဝင်ခွင့်ပြမည်ဖြစ်ပြီး အစည်းအဝေး
စတင်ချိန်တွင် ထွက်ခွါပေးရပါမည်။ ထို့နောက် အစည်းအဝေးပြီးဆုံးချိန် (ခန့်မှန်းအချိန်-ညနေ ၃ နာရီ)တွင်
သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။

ဗဟိုကော်မတီအစည်းအဝေးကျင်းပရေးကော်မတီ

The Irrawaddy's Blog by အိမ့်သံစဉ်
Read More »

Saturday, November 02, 2013

သာသနာရေး ဝန်ကြီး သတင်း သမားတွေနဲ့ တွေ့မယ်



သာသနာရေး ဝန်ကြီး ဦးဆန်းဆင့်

ဗဟိုအစိုးရ သာသနာရေး ဝန်ကြီးက သတင်းစာ ဆရာတွေနဲ့ တွေ့ဆုံဖို့ ဖိတ်ခေါ် ထားပါတယ်။

ဒီကနေ့ (နိုဝင်ဘာ ၂ ရက်နေ့) နေ့လယ် ၁းဝဝ နာရီ ရန်ကုန်မြို့ သာသနာရေး ဝန်ကြီးဌာန ရုံးမှာ တွေ့ပါမယ် တဲ့။


ပြောဆို ရှင်းလင်းမယ့် အကြောင်းအရာကတော့ "သာသနာရေးဆိုင်ရာ ကိစ္စရပ်များ" ပါ။

သတင်းဌာန အများအပြားကို ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

ဝန်ကြီး ဘာတွေပြောမယ်ဆိုတဲ့ အသေးစိတ် အကြောင်းအရာက ညနေပိုင်းမှာ အင်တာနက်သတင်း စောင့်ဖတ်ရင် သိရမယ်လို ထင်ပါတယ်။

The Irrawaddy's Blog by zarny win
Read More »

Sunday, October 27, 2013

ချင်းမိုင် ၀ပ်ဆိုင်းမွန်း ဘုံကထိန် ကျင်းပမယ်



ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းမှာ ၆ နှစ်မြောက် စုပေါင်း မဟာဘုံကထိန်
ပွဲကို လာမယ့် တန်ဆောင်မုန်း လဆန်း ၁ ရက်နေ့ ( နိုင်ဝင်ဘာလ ၃ ရက်နေ့ ) တနင်္ဂနွေနေ့ တွင် ကျင်းပ
ပြုလုပ်မှာဖြစ်ပါတယ်။


ထိုင်းနိုင်ငံရောက် မြန်မာပြည်သူ/ သား၊ တိုင်းရင်းသူ/ သားများ အားလုံးကို ၀ပ်ဆိုင်းမွန်း မြန်မာ ကျောင်းတိုက်
က ဖိတ်ကြားထားပါတယ်။

အိမ့်သံစဉ် ~

The Irrawaddy's Blog by အိမ့်သံစဉ်
Read More »

Sunday, October 20, 2013

ဗုံး ကိစ္စတွေနဲ့ ပတ်သက်ပြီး KNU သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်


ပြီးခဲ့တဲ့ ရန်ကုန်နဲ့ မြို့တချို့မှာ ဗုံးပေါက်ကွဲ ဗုံးတွေ့ရှိမှုတွေနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၂၀ ရက်နေ့
မှာ ကရင်အမျိုးသား အစည်းအရုံး KNU က သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ ရှိပါတယ်။


အောက်တိုဘာ ၁၈ ရက်နေ့ ရန်ကုန်မှာ အစိုးရရဲ့ သတင်းစာ ရှင်းလင်းပွဲ ဓာတ်ပုံ - ဂျေပိုင်/ ဧရာဝတီ

မနေ့ကတော့ သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် အပါအ၀င် ရဲချုပ်ဇော်ဝင်းတို့က
သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ KNU ရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်ပြီး မြန်မာ ငြိမ်း
ချမ်းရေး စင်တာက ဦးမင်းဇော်ဦးရဲ့ ဖေ့စ်ဘုတ်မှာ အခုလို ဖော်ပြထားပါတယ်။

Press Conference by Karen National Union (KNU) tomorrow Sunday October 20, 2013

ယခုရက်ပိုင်းများအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအပေါ်KNU ၏ သဘောထားရှင်းလင်းချက်ကို
သတင်းစာရှင်းလင်းပွဲပြုလုပ်ပါမည်။

  • အချိန်။ နေ့ခင်း ၃ နာရီ မှ ၅ နာရီ၊ တနင်္ဂနွေ၊ အောက်တိုဘာ ၂၀၊ ၂၀၁၃၊
    (Time: 3 p.m. Sunday, October 20, 2013)
  • နေရာ။ Myanmar Peace Center (အမှတ် ၁၁၊ ရွှေလီလမ်း၊ ရန်ကုန်မြို့)
လုံခြုံရေး အစီအစဉ် များကြောင့် စောစော ဝင်လိုသူများ အနဲဆုံး တစ်နာရီခန့် ကြိုတင်ရောက်ရှိ ကြပါရန် ပန်ကြားအပ်ပါသည်။

အိမ့်သံစဉ် ~

The Irrawaddy's Blog by အိမ့်သံစဉ်
Read More »

Tuesday, September 17, 2013

ရွှေဝါရောင် တော်လှန်ရေး ၆ နှစ်ပြည့် ဖိတ်ကြားခြင်း


နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေး ၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန် ကြည့်မြင်တိုင်
မှာ ကျင်းပမယ်လို့ သိရပါတယ်။


လာမယ့် ဗုဒ္ဓဟူးနေ့ (၁၈ ရက်နေ့) မနက် ၁၁ ကနေ နေ့ခင်း ၂ နာရီအထိ ကြည့်မြင်တိုင်၊ နတ်စင်လမ်း သာ
ဓုကျောင်းတိုက်၊ ဆရာတော်ကြီးကျောင်းမှာ ကျင်းပမယ်လို့ ဆိုပါတယ်။

ကျင်းပခြင်း ရည်ရွယ်ချက် ၄ ခု ထဲမှာ ပထမ ရည်ရွယ်ချက်ကတော့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ မ
ဖြစ်ပေါ်ရေး ဖြစ်ကြောင်း ဖိတ်စာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

The Irrawaddy's Blog by zarny win
Read More »

Thursday, June 27, 2013

တိုင်းမ်မဂ္ဂဇင်း ဂယက်ကို ဘယ်လို မြင်ကြသလဲ



တိုင်းမ်မဂ္ဂဇင်း ဆောင်းပါးကြောင့် ဝေဖန်တုံ့ပြန် သံတွေ ဆူညံသွားခဲ့
(ဓာတ်ပုံ – ကိုစိုး / ဧရာဝတီ)

တကြော့ပြန် ဆင်ဆာ ဖြတ်တောက်မှုလား …။

စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိန်းချုပ်ဆဲ လက္ခဏာလား …။

အမျိုးသားရေးဝါဒကို ကာကွယ်မှုလား …။

ဒါတွေကတော့ အခု ရက်ပိုင်းအတွင်း ညံနေတဲ့ အသံတွေ ဖြစ်ပါတယ်။ မန္တလေးက ဦးဝီရသူ အကြောင်းကို တိုင်းမ်မဂ္ဂဇင်းမှာ ဟန်နာဘိခ်ျကThe Face of Buddhist Terror ဆိုပြီး ရေးသားတဲ့အပေါ် တုံု့ပြန်မှုတွေ ထွက်လာတာ ဖြစ်ပါတယ်။

ဦးဝီရသူဘက်ကနေ ခုခံသူ၊ ဦးဝီရသူကို မထောက်ခံပေမယ့် တိုင်းမ်မဂ္ဂဇင်းရဲ့ ရေးသားမှုကို ကန့်ကွက်သူ၊ စာနယ်ဇင်း လွတ်လပ်ခွင့် ရှုထောင့်ကနေ ဝေဖန်သူ၊ အမျိုးသားရေးဝါဒ ဘက်ကနေ ကာကွယ်သူ စသဖြင့် အသံမျိုးစုံ ညံသွားပါတယ်။

ဒီ ဆောင်းပါးကိစ္စဟာ ပြည်တွင်းဂျာနယ်တွေမှာသာ မက နိုင်ငံတကာ သတင်းဌာနတွေကိုလည်း ဂယက်
ရိုက်သွားစေတဲ့ သတင်းဖြစ်ပါတယ်။ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ကလည်း ဒီကိစ္စအပေါ်မှာ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အစိုးရရဲ့ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟို ကော်မတီက “ဗုဒ္ဓသာသနာ အပေါ် အထင်အမြင် လွှဲမှား
စေနိုင်ပြီး နိုင်ငံတော်က ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့ အကြား ယုံကြည်မှု တည်ဆောက်နေ
ခြင်းကို ထိခိုက်စေနိုင်” ဆိုပြီး တိုင်းမ်မဂ္ဂဇင်း ပြည်တွင်း ဖြန့်ချိမှုကို ပိတ်ပင်လိုက်ပါတယ်။

ဒီလို ဂယက်ရိုက်မှုတွေနဲ့ ပတ်သက်လို့ တိုင်းမ်မဂ္ဂဇင်းကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာမှာ ပြောရေး
ဆိုခွင့် ရှိသူက “ဤသို့ အရေး ပါသည့် ဆောင်းပါးကို တင်ပြခြင်းကြောင့် ဆွေးနွေး ငြင်းခုံမှု ဖြစ် သည် ကို
တိုင်းမ်မဂ္ဂဇင်းက ကျေနပ်မိသည်” လို့ မှတ်ချက်ပေးပါတယ်။

ဆောင်းပါးရှင် ဟန်နာဘိခ်ျကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှုတွေ လုပ်မှာလားဆိုတာလည်း မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။

တိုင်းမ်မဂ္ဂဇင်းကို ပိတ်ပင်မှုဟာ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိပါးတာလား …။

တိုင်းမ်ဂ္ဂဇင်းပါ ဆောင်းပါးဟာ မြန်မာပြည်ရဲ့ အနယ်မထိုင်သေးတဲ့ ပဋိပက္ခတွေကို ပိုပြီး မီးထိုးပေးလိုက်
တယ်လို့ ထင်ပါသလား …။

အမျိုးသားရေး၊ ဘာသာရေးအရ တိုင်းမဂ္ဂဇင်းရဲ့ ရေးသားမှုကို ဘယ်လို ဝေဖန်ချက်၊ မှတ်ချက် ပေးချင်
ပါသလဲ …။

တိုင်းမ်မဂ္ဂဇင်း ပြည်တွင်း ဖြန့်ချိခွင့်ကို ပိတ်ပင်ပေမယ့် အဲဒီ ဆောင်းပါးကို ပြည်တွင်း မီဒီယာတွေက အပြည့်
အစုံ ဘာသာပြန်ဖော်ပြနေတာကို မတားဆီးကရော ဖြစ်သင့်တယ်လို့ ထင်ပါသလား …။

တိုင်းမဂ္ဂဇင်းရဲ့ ဆောင်းပါးက မြန်မာပြည်ရဲ့ ပွင့်လင်းစရှိလာမှုနဲ့ သည်းခံနိုင်စွမ်းကို စမ်းသပ်လိုက်တယ်
လို့ မြင်ပါသလား …။

ဒီဂယက်ရိုက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ဒီတပတ် ဖိုရမ်မှာ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

ဧရာဝတီ-သတင်းဋ္ဌာန by Nyatasay
Read More »

Saturday, March 23, 2013

လူအုပ်နဲ့မဟုတ်ဘဲ အကောင်းဆုံး ဘယ်လိုရှင်းမလဲ


ရဲတပ်ဖွဲ့ဝင်တွေက စောင့်ကြည့်ခဲ့ကြပေမယ့် စနစ်တကျ ထိန်းသိမ်းနိုင်တာမျိုးတော့ မရှိပါဘူး

မတ်လ ၂၀ ရက်က မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ မွတ်ဆလင်ပိုင် ရွှေဆိုင်တဆိုင်က အရောင်းအဝယ်
ပြဿနာဟာ သာမန် အရောင်းအဝယ်ကနေ နှစ်ဘက်အချင်းများပြီး၊ နောက်ဆုံး ပုဒ်မ ၁၄၄ ထုတ်ရ
တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

မျက်မှောက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေကို ထိပါးစေနိုင်တဲ့ အခုလို ဘာသာရေးနွယ်လာတဲ့
ပြဿနာတွေကို လူအုပ်စု ဖြေရှင်းနည်း မဟုတ်ဘဲ တရားဥပဒေ စိုးမိုးမှုအောက်ကနေ အကောင်းဆုံး ဘယ်လို ဖြေရှင်းနိုင်မယ်လို့ သောတရှင်တွေ ထင်မြင်၊ ယူဆပါသလဲ။

မတ်လ ၂၃ရက်၊ စနေညမှာ တင်ဆက်မယ့် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်
ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

BBC Burmese News မှကူးယူမျှဝေသည်။
Read More »

Thursday, February 07, 2013

မြန်မာ့ ယဉ်ကျေးမှု ပွဲတော်




မြန်မာ့ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ ပွဲတော်တခု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပ သွားဖို့ရှိပါတယ်။ ထိုင်းနိုင်ငံ မှာလည်း မြန်မာ့ယဉ်ကျေးမှုကို အရင်ကထက် ပိုမိုစိတ်ဝင်စားမှုတွေ များလာတာကြောင့် ထိုင်းကျောင်းသား လူငယ်တွေလည်း မြန်မာစာကို လေ့လာသင်ယူနေကြပါတယ်။

ဒါကြောင့်လည်း ချင်းမိုင် တက္ကသိုလ် မြန်မာစာဌာနက ကြီးမှူးကျင်းပမယ့် မြန်မာ့ယဉ်ကျေးမှု ပွဲတော် နဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ကျင်းပမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ မြန်မာစာသင်ယူနေကြတဲ့ ထိုင်းကျောင်းသူ၊ ကျောင်းသားများနှင့်
မြန်မာနိုင်ငံမှ ရောက်ရှိနေထိုင်ကြတဲ့ မြန်မာလူငယ်များ အတူတကွ ပူပေါင်းတင်ဆက်မယ့် မြန်မာ့ခေတ် (၇) ဆက် ၀တ်စားဆင်ယဉ်မှု ဖက်ရှင်ပြပွဲနှင့် အက ပဒေသာပွဲကိုချင်းမိုင်မြို့ ဘုရင့် ပန်းခြံ( Ratcha Phreuk) တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၇ နာရီမှ ၉ နာရီအထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

from The Irrawaddy's Blog by အိမ့်သံစဉ်
Read More »