နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ဖုန်းနည်းပညာ. Show all posts
Showing posts with label ဖုန်းနည်းပညာ. Show all posts

Sunday, September 27, 2015

Samsung Galaxy E7 ( Sm-E700H ) version 4.4.4 ROOT + CoC Myanmar Font



Samsung Galaxy E7 ( Sm-E700H ) ကို version 4.4.4 မှာ ROOT လုပ်ပြီး CoC မှာ မြန်မာစာ သုံးချင်လို့ တောင်းဆို ထားတဲ့ သူတွေ အတွက် ROOT လုပ်နည်းလေးနဲ့ CoC မြန်မာစာလေးကို တင်ပေး လိုက်ပါတယ်။

ROOT လုပ်ရန် အရင်ဆုံး လိုအပ်တာလေးကို ရယူလိုက်ပါ။

CF-auto root package
OR
<<< Odin v3.07 >>>

ROO)T အရင်လုပ်ကြရအောင်။

  1. Download ရယူထားတဲ့ Odin v3.07 ကိုအရင်ဖွင့်လိုက်ပါ။
  2. Odin ပွင့်လာပြီဆိုရင် Odin ရဲ့ PDA နေရာကို Click လိုက်ပါ။
  3. Broswe ကနေ Download ရယူထားတဲ့ Cf-auto root file လေးကို ရွေးပြီး ထည့်ပေးလိုက်ပါ။
  4. ဖုန်းကို Download mode သွင်းပြီး USB ကြိုး ထိုးပေး ရပါမယ်။
  5. ဖုန်းကို Download mode ၀င်နိုင်ရန် အောက်က key လေးတွေ အတိုင်းနှိပ် လိုက်ပါ။
  6. Download mode >>> Volume down + Home + Power
  7. အထက်ပါ key လေးကိုနှိပ်ပြီးရင် Volume up တစ်ချက်နှိပ် ပေးလိုက်ပါ။
  8. Download mode ကိုရောက်ပြီဆိုရင်တော့ Computer နဲ့ ချိတ်ဆက်ပေး လိုက်ပါ။
  9. Odin မှာ Device ကိုသိပြီဆိုရင် Odin က Start ဆိုတာကို နှိပ်ပေးလိုက်ပါ။
  10. Odin ကနေ အလုပ် လုပ်ပေးနေ ပါလိမ့်မယ်။ ခဏစောင့် ပေးလိုက်ပါ။
  11. Odin မှာ PASS ဆိုပြီး ပြလာပြီး ဖုန်းမှာ reboot ကျသွား ရင်တော့ ROOT လုပ်ခြင်းပြီးစီးပါပြီ။
  12. ဖုန်းပါဝါ ပြန်တက်လာပြီဆိုရင်တော့ USB Debugging mode တို့ Unknow Source တို့ကို on ပေး ထားလိုက်ပါ။
  13. CoC ကို မြန်မာစာ ထည့်ရန် လိုအပ် တာလေးကို Download ရယူ လိုက်ပါ။

Download Here For CoC Muanmar Font

ပြုလုပ်နည်းကတော့ …
  • Download ရယူထားတဲ့ CoC Myanmar Font bat file လေးကို Computer မှာ ဖွင့်လိုက်ပါ။
  • ပြီးရင် ဖုန်းကို USB ကြိုးထိုးပြီး Computer နဲ့ ချိတ်ဆက်ပေး လိုက်ပါ။
  • enter တစ်ချက်နှိပ်ပေးလိုက်ပါ။
  • ဖုန်းမှာ ROOT access တောင်းလာရင် Grant (or) Allow ကိုနှိပ်ပေးလိုက်ပါ။
  • ဖုန်းမှာ reboot ကျသွားပါမယ်။
  • ပါဝါပြန်တက်လာပြီဆိုရင်တော့ CoC လေးကို ၀င်ပြီး Myanmar Font စမ်းသပ်နိုင် ပါပြီ ခင်ဗျာ။

အဆင်ပြေပါစေ။

Ko Htoo ( MMAS )

Original link - https://www.facebook.com/ko.htoo.3323



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Tuesday, September 01, 2015

SM-N900 Lollipop v 5.0 Custom recovery သွင်းနည်း။




Samsung Galaxy Note 3 ( Sm-N900 ) ကို version 5.0 မှာ Custom recovery သွင်းချင်လို့ တောင်းဆို ထားတဲ့ အကို အတွက် တင်ပေး လိုက်ပါတယ်။ အရင်ဆုံး လိုအပ် တာကို အောက်ကလင့်မှာ Download ရယူ လိုက်ပါ။

Custom recovery ကို ဒီမှာ ဒေါင်းယူပါ


Recovery သွင်းနည်း

  1. ဒေါင်းလို့ ရလာတဲ့ Odin ကို အရင် ဖွင့်လိုက်ပါ။
  2. Odin က PDA ဆိုတဲ့ နေရာမှာ n900-cwm-recovery-6.0.5.0-kk_L5.0(0812).tar ဖိုင်ကို ထည့်လိုက်ပါ။
  3. ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
  4. Download mode >>> volume down + Home + power
  5. ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
  6. ဖုန်းမှာ Download mode ၀င်ပြီ ဆိုရင်တော့ computer နဲ့ ချိတ်ဆက် ပေးလိုက်ပါ။
  7. Odin မှာ ဖုန်းကို သိပြီ ဆိုရင် Odin က Start ဆိုတာလေး နှိပ်ပေး လိုက်ပါ။
  8. Odin မှာ PASS ပြပြီး ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
  9. ပါဝါ ပြန်တက် လာပြီ ဆိုရင်တော့ recovery mode သွင်းခြင်း ပြီးဆုံးပါပြီ။

အဆင်ပြေပါစေ။

Ko Htoo ( MMAS )

Original link - https://www.facebook.com/ko.htoo.3323



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Monday, August 31, 2015

ဖုန်းတွေမှာ အင်တာနက် ၀ိုင်ဖိုင် ဘာကြောင့် အော်တို ပွင့်နေတာ ဖြေရှင်းနည်း




ကျွန်တော်တို့ သူငယ်ချင်းတို့ ကြားနေရ မြင်နေရတာ ရှိမှာပါ ...

အဲဒါက ဘာလည်း ဆိုတော့ အင်တာနက် ပိတ်ထားလည်း အော်တို ပွင့်တယ် ၀ိုင်ဖိုင် ပိတ်ထားလည်း အော်တို ပွင့်တယ်။ ဒီထက် ဆိုးတာ ဆိုရင် အင်တာနက် သုံးလိုက် တာနဲ့ ဆောစ်ဝဲ တွေကို အော်တို Download လုပ် notifications မှာလည်း ဖျက်မရ Format ချလည်း ဖြစ်မြဲတိုင်း ဖြစ်ပြန် ဘာလုပ်လို့ လုပ်ရမှန်း မသိ ဆိုင်သွား ပြရင်လည်း ပိုက်ဆံ ကုန်အုံးမယ်။

တကယ်တော့ အဲဒါလေးဖြေရှင်းဖို့က လွယ်လွယ်လေးပါ အဲဒါက ဘာကြောင့် ဖြစ်သလည်း ဆိုတော့ ကျွန်တော် တွေ့ဘူး သလောက် ထင်မြင်ချက် လေးပါ facebook သုံးရင် တွေ့ကြမှာပါ။

DU Speed Booster (Cleaner) Holo luncher အခြား အချို့သော Free ဆောစ့်ဝဲလ်တွေ ကြာင့်ဖြစ်တာပါ။

နောက်ပြီးတော့ sexy apk တွေကြောင့်လည်း ပါတယ် ထားလိုက် ပါတော့ ဘာကြောင့် ဖြစ်ဖြစ် ဖြစ်လာရင် ကြုံလာရင် ဘယ်လို လုပ်မလည်း ဆိုတာ ပြောပြ ပါမယ်ခင်ဗျာ

အဲဒီလို ကြုံလာရင် မိမိဖုန်းက root လုပ်ထားပြီးသား ဖြစ်ရပါမယ် မလုပ် ရသေးရင် လုပ်လိုက်ဗျာ

လုပ်လို့ မရဘူး ဆိုရင်တော့ Firmware တင်တဲ့ နည်း တစ်နည်းဘဲ ရှိတယ်

Root ထားပြီးသား ဖုန်းဆိုရင် securit တစ်ခုခု ဒေါင်းပြီး ဖုန်းထဲကို Install လုပ်လိုက်ပါ

နမှုနာအနေနဲ့ 360 Security သွင်းလိုက်မယ် ဘယ် Security ဆောစ်ဝဲလ် သွင်းသွင်း, သွင်းပြီးရင် Root Accect ရအောင် လုပ်ပါ ပြီးရင် ဖုန်းထဲမှာ ဗိုင်းရပ် စစ်ပါ စစ်တဲ့ အချိန်မှာ အင်တာနက် ဖွင့်ထားပါ အဲဒါမှ စစ်တဲ့ အခါ တွေ့ရမှာမို့လို့ပါ။



360 Security နဲ့ နမှုနာ စစ်ထားတဲ့ ပုံလေးပါ Root မရှိလည်း စစ်ရင် တွေ့ရတယ် ဖြုတ်လို့ မရဘူး

တွေ့ရင် သူဖြုတ် ခိုင်းတာတွေ အကုန်ဖြုတ် လိုက်ပါ ဖြုတ်ပြီးရင် ဖုန်းကို Restart လုပ်ပြီး ပြန်စစ်ပါ

သုံးခေါက်လောက် စစ်လိုက်လို့ မတွေ့တော့ ရင် မိမိဖုန်းက လုံးဝ ကောင်းသွားပါပြီ။

အဆင်ပြေကျပါစေ မပြေရင်လည်း ကွန်မန့်ပေးသွားပါဗျာ ပြောပြပါ့မယ်

Original link - http://www.nayminnmaung.com/2015/08/blog-post_27.html

Read More »

Thursday, August 27, 2015

[Tools, Tips & Tutorials] Native Root Redmi Note 4G Dual SIM V.6.6.4.0




Redmi Note 4G Dual SIM ကို v6.6.4.0 ကို Root လုပ်ချင်လို့ တောင်းထားတဲ့ အကို အတွက် တင်ပေး လိုက်ပါတယ်။ အရင်ဆုံး လိုအပ် တာလေးကို Download ရယူ လိုက်ပါ။

Download Here >>> Root Enable.zip

Download ရလာတဲ့ zip ကို Internal Memory ထဲထည့် လိုက်ပါ။ ပြီးရင် Setting->System Update ကို သွားလိုက်ပါ။

menu လေးကိုနှိပ် လိုက်ပါ။ choose update package ကိုနှိပ် လိုက်ပါ။ ကိုယ်ထည့် ထားတဲ့ Root Enable.zip လေးကို ရွေးပေးလိုက်ပါ။ ဖုန်းမှာ သူ့ အလိုလို install လုပ်ပေး သွားပါလိမ့်မယ်။

တကယ်လို့ unroot ပြန်လုပ် ချင်ရင်တော့ အောက်ကလင့်က file လေးကို Download ရယူပြီး အပေါ်က နည်းလေး အတိုင်း လုပ်လိုက်ပါ။

Download Here >>> Root Disable.zip

အဆင်ပြေပါစေ။

Ko Htoo ( MMAS )

Original link - https://www.facebook.com/ko.htoo.3323



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Wednesday, August 19, 2015

Android KitKat အတွက် Tips and Tricks များ




Android Lollipop ဟာ နောက်ဆုံးထုတ် Android Version ဖြစ်ပေမယ့် KitKat ကိုသာ ရရှိသေးတဲ့ Android Phones နဲ့ Tablets များစွာ ရှိနေပါသေးတယ်။ သင်လည်း KitKat ကို အသုံးပြုနေရသေးတဲ့ လူတစ်ယောက်ဆိုရင်တော့ Android KitKat ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်တွေကို မျှဝေလိုက်ပါတယ်။

၁။ သင့်ရဲ့ မျက်နှာနဲ့ ဖုန်းကို Unlock လုပ်ပါ။

သင့်ရဲ့ မျက်နှာကို အသုံးပြုပြီး ဖုန်းကို Unlock လုပ်နိုင်ရင် Passcode , PIN တွေ ရိုက်ထည့်ရတဲ့ အလုပ်ရှုပ်မှု ကင်းဝေးမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ Settings>Security> Screen Lock ထဲသွားပြီး Face Unlock ကို Enable လုပ်ပါ။ ပြီးရင် ဖုန်းက သင့်မျက်နှာကို အရှေ့ဘက် ကင်မရာကနေ Scan ပြုလုပ်မှာ ဖြစ်ပြီး သင့်မျက်နှာကို မှတ်သား ထားမှာ ဖြစ်ပါတယ်။

Scan ပြုလုပ်ရာမှာ မတူညီတဲ့ အလင်းရောင် အခြေ အနေများဖြင့် သင့်မျက်နှာကို ခွဲခြား မှတ်သား ထားမှာပါ။ အဲဒီ အတွက် နေ့ဘက်တွင် ဖြစ်စေ၊ ညဘက်တွင် ဖြစ်စေ ဖုန်းက သင့်မျက်နှာကို ကောင်းစွာ ခွဲခြားနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းရဲ့ အားနည်းချက်က တစ်စုံ တစ်ယောက်က သင့်ရဲ့ ဓါတ်ပုံ တစ်ခုကို အသုံးပြုပြီး ဖုန်းကို Unlock လုပ်နိုင်တာကို သတိပြုပါ။

၂။ ART ကို အသုံးပြုပါ။

App Runtime ဟာ သင့်ရဲ့ Apps များကို မောင်းနှင်တဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ Lollipop မှာ Google က ယခင်အသုံးပြုခဲ့တဲ့ Dalvik Runtime ကို ဖယ်ရှားထားပြီး ပိုမို စွမ်းရည် ပြည့်ပြီး ချောမွတ်တဲ့ ART Runtime ကို အသုံးပြု ထားပါတယ်။ ART ကို KitKat မှာ အသုံးပြုနိုင် ပေမယ့် Default အားဖြင့် Enable လုပ်ထားတာ မဟုတ်ပါဘူး။ ဒါကိုပြောင်းဖို့ အတွက် Settings> Developer Options ထဲသွားပြီး Select Runtime မှာ ART ကို ရွေးချယ် ပေးပါ။ Reboot ပြုလုပ်ပြီးရင် သင့်ရဲ့ Apps များဟာ ပိုမိုကောင်းမွန်စွာ အလုပ် လုပ်ပေးမှာ ဖြစ်ပါတယ်။

၃။ Lock Screen Widgets များကို အသုံးပြုပါ။

KitKat ရဲ့ Lock Screen မှာ Widgets များကို အသုံးပြုနိုင်ပါတယ်။ Settings> Security> Enable Widgets မှာ ဖွင့်ပေးပါ။ ပြီးရင်တော့ Lock Screen မှာ ဘယ်ကနေ ညာဘက်သို့ ပွတ်ဆွဲပြီး + အိုင်ကွန်ကို နှိပ်ပါ။ အဲဒီမှာ သင်နှစ်သက်ရာ Widgets များကို ထည့်သွင်းနိုင်ပါတယ်။

၎။ SMS App ကို ရွေးချယ်ပါ။

Google က SMS App အတွက် သူ့ရဲ့ Hangouts App ကို အသုံးပြုစေချင်တဲ့ ပုံပေါ်ပါတယ်။ ဒါပေမယ့် Stock Messaging App ကို Default အနေနဲ့ အသုံးပြုချင်ရင် ပြောင်းလဲနိုင်ပါတယ်။ Settings> Wireless and Networks ထဲသွားပြီး Default SMS App ကို သတ်မှတ်နိုင်ပါတယ်။

၅။ Google Now ကိုယ်ရေးလက်ထောက်ကို နေရာတိုင်းမှာ ခိုင်းစေပါ။

Google က Android Device တွေမှာ Google Now ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို ထည့်သွင်းပေးထားပါတယ်။ Ok Google လို့ အသံနဲ့ ရွတ်ဆိုလိုက်တာနဲ့ ကိုယ်ရေးလက်ထောက်ကို ခိုင်းစေနိုင်ပါပြီ။ အဲဒီစွမ်းဆောင်ချက်ကိုလည်း KitKat မှာ Default အားဖြင့် Disable လုပ်ထားပါတယ်။ Google Settings> Search & Now > Voice ထဲသွားပြီး OK Google Detection ကို ရွေးပေးပါ။ ဘယ် App ကို အသုံးပြုနေသည်ဖြစ်စေ Ok Google လို့ ပြောလိုက်တာနဲ့ Google Now ကို ဖွင့်ပေးစေချင်ရင် From Any Screen Setting ကိုလည်း Enable လုပ်ပေးရမှာပါ။

၆။ ပျောက်ဆုံးသွားတဲ့ ဖုန်းမှ ဒေတာများကို ဖျက်ပါ။

ဖုန်းအခိုးခံရလို့ပဲ ဖြစ်ဖြစ်၊ ပျောက်ဆုံးသွားလို့ပဲဖြစ်ဖြစ် သင့်ဖုန်းမှ အရေးကြီးဖိုင်များကို အဝေးကနေ ဖျက်ဆီးနိုင်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ ဖုန်း မပျောက်ခင်မှာ စွမ်းဆောင်ချက်ကို ဖွင့်ထားဖို့ လိုပါတယ်။ Google Settings> Android Device Manager ထဲသွားပြီး “ Remotely Locate This Device “ နဲ့ “ Allow Remote Lock and Factory Reset “ ကို Enable လုပ်ပေးပါ။ ဖုန်းပျောက်သွားရင် Android Device Manger ၀က်ဆိုက် ဒါမှမဟုတ် အခြားဖုန်းတစ်လုံးကနေ ပျောက်သွားတဲ့ဖုန်းကို မြေပုံမှာ ခြေရာခံနိုင်တာ၊ Lock ပြုလုပ်တာ၊ ဒေတာများကို ဖျက်ဆီးတာတို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Myanmar digital life

Original link - http://www.myanmardigitallife.com/?p=4191

Read More »

Android ဖုန်းရဲ့ Memory Space အတွက် ဆောင်သင့်တဲ့ အချက်များ




ကျွန်တော်တို့ Smart Phone အသုံးပြုနေ ကြတဲ့ လူတွေ ထဲမှာ ရံဖန်ရံခါ Memory Space မလုံလောက်တဲ့ ပြဿနာ နဲ့ ရင်ဆိုင်ကြ ရပါတယ်။ ဖုန်းရဲ့ Built in Memory Space ကလည်း အတော် အသင့်အသုံးပြု နိုင်တယ်။ ဒ့ါအပြင် ဖုန်းမှာ Memory အသုံးပြုမှု များစေမဲ့ Application နဲ့ Data တွေကို အသုံးပြု မထားဘူး။ ဒါပေမဲ့ Memory Space က မလောက်တော့ပဲ Space လိုနေတယ်ပဲ ပြနေတယ် ဆိုရင် သင့်အတွက် စိတ်ညစ် စရာတွေဖြစ် လာပါတယ်။

အလွယ်တကူ Memory SD Card ကို ထပ်တိုး လိုက်မယ် ဆိုရင်တော့ အဆင်ပြေပေမဲ့ အချို့ အကြောင်း အမျိုးမျိုးကြောင့် Memory SD Card ထပ်တိုးရန် အခက်အခဲ ဖြစ်နေကြတဲ့ လူတွေ အတွက် နည်းလမ်း အချို့ကို ဖော်ပြပေး လိုက်ပါတယ်။

ကိုယ် install လုပ်ထားတဲ့ Application တွေကို အသုံးမပြုဖြစ်ဘူး ဆိုပေမဲ့လည်း Application ရဲ့ Cache တွေက ဖုန်းရဲ့ Memory Space ကို နေရာ ယူထား ပါတယ်။ ဒါတွေကို စစ်ဖို့ အတွက် Android ရဲ့ Setting ထဲမှာ ပါဝင်တဲ့ Storage ထဲမှာ အကြမ်းဖျဉ်း သွားရောက် စစ်ဆေးနိုင်ပါတယ်။

ဒါ့အပြင် Disk Usage (https://play.google.com/store/apps/details?id=com.google.android.diskusage) လို့ခေါ်တဲ့ Application နဲ့လည်း စစ်ဆေးနိုင် ပါတယ်။ စစ်ဆေးပြီးတဲ့ အခါ ရလာတဲ့ အဖြေပေါ်မှာ မူတည်ပြီး ဘယ်အရာက Memory ပိုစားနေလဲ ဆိုတာကို ကြည့်ရှုပြီး ဖြတ်သင့် ပါတယ်။ မိမိ Install လုပ်ထားတဲ့ Application တွေက Memory Space အတွက် နေရာယူမှု များနေတယ် ဆိုရင် တော့ Application ရဲ့ Cache ကို ရှင်းလင်း သင့်ပါတယ်။ Application ရဲ့ Cache ကို ရှင်းလင်းဖို့ အတွက်တော့ Setting ထဲက Application Manager ထဲမှာ သွားရောက် ရှင်းလင်းနိုင် ပါတယ်။

နောက်တစ်ခုကတော့ ဓါတ်ပုံ ၊ ဗီဒီယိုနဲ့ အချို့ Data တွေကို cloud storage ကိုအသုံးပြု သိမ်းထားပါ။ အခုနောက်ပိုင်းမှာ Cloud Storage တွေ အလကားပေးထားတဲ့ IT Company တွေ အများကြီး ရှိပါတယ်။ ဓါတ်ပုံတွေကို Cloud ပေါ်တင်ဖို့ အတွက် မကြာသေးမှီ ကမှ ကြေငြာခဲ့တဲ့ Google Photo နဲ့ အခြား Data တွေကို Cloud ပေါ် တင်ထားနိုင်တဲ့ Dropbox, OneDrive နဲ့ Google Drive စတဲ့ Application တို့ကို အသုံးပြုနိုင် ပါတယ်။ မိမိဖုန်းရဲ့ Memory Space ကို ဂရုစိုက် တတ်တဲ့ မိတ်ဆွေတို့ အနေနဲ့ အထက်ဖော်ပြပါ အချက်များဖြင့် ဖုန်းရဲ့ Memory space ပြဿ နာကို ဖြေရှင်းနိုင် ပါတယ်။

Ref : Geek

Aung Ko Htet (MMAS)

Original link - http://www.myanmarmobileapp.com

Read More »

Monday, August 17, 2015

SC8620 အမျိုးအစားသုံး ဖုန်းများအတွက် Reset ချနည်း။




SC8620 သုံးထားတဲ့ China Hanset များအပြင် Recovery ၀င်မရတဲ့ ဖုန်းတွေ အတွက် Pattern Lock တို့ Pin Lock တို့ ကျနေတဲ့ အချိန် reset ချနိုင်ရန် တစ်ခါ တင်ပေး ထားဖူး ပါတယ်။

အခု နောက်ပိုင်း SC8620 အမျိုးအစား သုံးထားတဲ့ My Phone တို့ Mobilo စတဲ့ ဖုန်းတွေ ထွက်လာတဲ့ နောက်ပိုင်း Screen Lock မေ့နေကြတဲ့ အခါ ပြန်ဖြည်ဖို့ တော်တော် အဆင်မပြေ တွေ့ရ ပါတယ်။

PC နဲ့ ချိတ်ပြီး software တွေနဲ့ ဖြည်ဖို့ အတွက် ကျတော့လဲ Debugging on မထားမိလို့ အဆင်မပြေ။ Recovery mode ၀င်ဖို့ အတွက် ကျပြန်ရင်လဲ Android ကောင်လေး ပေါ်လာပြီး recovery mode ကို မရောက်နဲ့ အဆင်မပြေ တာတွေတွေ့ နေလို့ပာ အရင် တင်ထားဖူးတဲ့ post အပောာင်းလေးကိုပြန်တင်ပေး လိုက်ပါတယ်။

သူ့ကို reset ချရန် အတွက် လိုအပ်တာ ကတော့ Wipe_userdata လေးပါပဲ။ ကျတော်လဲ အရင် က သူများဆီက ရထား တာလေးပါ။ တော်တော်လေး အဆင်ပြေပါတယ်။

လုပ်ပုံ လုပ်နည်း ကလဲ လွယ်ကူပါတယ်။
  • အရင်ဆုံး Computer ကနေ ResearchDownload ဆိုတဲ့ Downloader file လေးကို ဖွင့်လိုက်ပါ။
  • ပြီးရင် Wipe_userdata ကို ထည့်ပေး ရပါမယ်။ ResearchDownload ရဲ့အပေါ်ဆုံးက အရင်ဆုံးတွေ့ရတဲ့ စက်သွားပုံလေးကို Click လိုက်ပါ။
  • Box လေးတစ်ခု ကျလာ ပါမယ်။ အဲဒီ ကနေပြီး မိမိ Download ရယူထားတဲ့ Wipe_userdata လေးကို လမ်းကြောင်းလေး ရွေးပြီး ထည့်ပေး လိုက်ပါ။
  • ပြီးရင်တော့ Play logo လေးကို နှိပ်လိုက်ပါ။
  • ဒီအဆင့်ထိ ပြီးပြီ ဆိုရင်တော့ Screen Lock ကျနေတဲ့ C8620 အမျိုး အစားသုံး Handset ကို Power ပိတ်ပြီး Battery ခဏဖြုတ် လိုက်ပါ။
  • 30 seconds လောက် နေရင် Battery ပြန်တက်ပြီး volume down ကို ဖိထားရက်နဲ့ Computer နဲ့ ဖုန်းကို ချိတ်ဆက် လိုက်ပါ ( USB ကြိုးထိုးလိုက်ပါ။ )
  • ResearchDownload မှာ အလုပ်လုပ်နေပြီ ဆိုရင် volume down ကို လွှတ်လိုက်ပါ။
  • ResearchDownload မှာ အလုပ် လုပ်နေ တာပြီးသွားလို့ PASS ဆိုပြီး ပြလာရင်တော့ Reset ချတာပြီးပါပြီ။
  • Battery လေးပြန်ဖြုတ် / ပြန်တက် ပြုလုပ်ပြီး Power ဖွင့်လိုက်ပါ။ 
  • Screen Lock ပြုတ်ပြီး ဖုန်းကို reset ချထားတာတွေ့မြင် ရပါပြီ ခင်ဗျာ။

အပေါ်က data လေးတွေကို လိုအပ်မယ် ဆိုရင်တော့ အောက်ကလင့်လေး တွေမှာ Download ရယူလိုက်ပါ။

SC8620_Wipe_userdata >>> http://www.solidfiles.com/d/f5e50ef5c8/
ResearchDownload        >>> http://www.solidfiles.com/d/bccb5b9520/
SPD Driver                    >>> http://www.solidfiles.com/d/b44f098887/

Remark >>> Driver မသိခဲ့ပါက SPD Driver လေးကို Run ပေးလိုက်ပါ။

Ko Htoo ( MMAS )

Original link - https://www.facebook.com/ko.htoo.3323



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Friday, August 14, 2015

OnePlus 2 OxygenOS v2.0 Firmware [Download Link & Firmware Installation Tutorial]




OnePlus 2 ကိုင်သူတွေ အတွက် OxygenOS v2.0 Firmware ကို တင်ပေး လိုက်ပါတယ်။ ဒီ Firmware က OnePlus 2 H2OS Firmware ထက် သုံးရတာ ပိုမြန်ပြီး Google Service Apps တွေလည်း ပါပြီးသားပါ။ OnePlus ကနေ Official ထုတ်ပေး ထားတဲ့ Firmware လည်း ဖြစ်ပါတယ်။

မိမိတို့ရဲ့ ဖုန်းက China Edition ဖြစ်နေလို့ Google Service apps တွေ မပါသေးဘူး ဆိုရင် အခုပေး ထားတဲ့ ROM ကိုပြောင်းသုံး သင့်ပါတယ်။ ကျွန်တော်ကတော့ Google Apps တွေ မပါတဲ့ OnePlus2 (China edition) မှာ ဒီ ROM ကို တင်ကြည့်ပြီး ပါပြီ။ အဆင်ပြေ ပါတယ်။

Firmware ကိုအောက်က Link မှာရယူပါ။

OnePlus 2 OxygenOS v2.0 Firmware [Download Link]

Firmware တင်နည်းကတော့

☺☺☺ – အပေါ်မှာ Download ရယူခဲ့တဲ့ Firmware ဇစ်ဖိုင်ကို ဖုန်းရဲ့ Internal Storage ထဲကို ထည့်ထားပါ။

-ပြီးလျှင်ဖုန်းကို Power ပိတ်ပါ။ Vol Down Key နဲ့ Power ခလုတ်ကို တွဲနှိပ်ပါ။ Recovery ထဲ ရောက်သွား ပါမယ်။ Language သုံးမျိုးနဲ့ ပြပါလိမ့်မယ်။ English Language ကိုရွေးပါ။ (Vol Key များနဲ့ အထက်အောက် ဆင်းပြီး Power Key ဖြင့် Select လုပ်ရ ပါမည်)

☺☺☺ – Install from built-in SD Card upgrade file ကိုရွေးပါ။ ခုနက Storage ထဲမှာ ထည့်ထား ခဲ့တဲ့ Firmware ဇစ်ဖိုင်ကို ရွေးပေး လိုက်ပါ။ OK ကိုနှိပ်ပါ။ Firmware စတင်ပါပြီ။

Firmware တင်ပြီးရင်တော့ ဖုန်းက auto reboot ကျသွား ပါလိမ့်မယ်။ Firmware အသစ်ကို အောင်မြင်စွာ တင်ပြီး ပါပြီ။



စမ်းသပ်ကြည့်လိုက်ကြပါဦး။ အားလုံးပဲအဆင်ပြေကြပါစေ။

Author: သက်နိုင်စိုး August 12, 2015

Original link - https://www.facebook.com/thetnaing.mmas



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Monday, August 10, 2015

Step by Step ROOT For Huawei P8




Huawei P8 ကိုင်ဆောင်သူတွေအတွက် Root လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး Root လုပ်နိုင်ရန် ဖုန်းကို Bootloader unlock လုပ်ပေး ရပါမယ်။

အရင်ဆုံး Bootloader unlock code တောင်းလိုက်ပါ။ Bootloader unlock code တောင်းဆိုရန် ဖုန်းရဲ့ IMEI / SN / Product ID တို့ကို Huawei company သို့ Mail ကနေ တစ်ဆင့် ပို့ပေးရ ပါမယ်။

အောက်ကစာလေးတွေ အတိုင်း mobile@huawei.com ကို Mail ပို့ ပေးလိုက်ပါ။

Hello,
I’d like to request a bootloader unlock code for my Huawei device.

Information:
  • Product: HUAWEI model name
  • SN: XXX
  • IMEI: XXX
  • Product ID: XXX
Thank you!

Huawei ကနေ တစ်ဆင့် unlock code လေး ကိုယ့် Mail ထဲကို ပို့လာပြီ ဆိုရင်တော့ Adb command လေးနဲ Bootloader unlock လုပ်ကြတာပေါ့ :)

ADB Folder လေးကို ဖွင့်လိုက်ပြီး Shift + Right Click လေး နှိပ်လိုက်ပါ။
ပြီးရင်တော့ Open Command window here ပေါ့…….
ပြီးရင်တော့ ဖုန်းကို Fastboot mode လေး ခေါ်လိုက်ပါ။ Fastboot mode ခေါ်ရန် အောက်က key လေးတွေ အတိုင်း ဖုန်းမှာ နှိပ်ပေးလိုက်ပါ။

Fastboot mode >>> Volume down + Volume up + Power

ပြီးရင်တော့ ဖုန်းနဲ့ computer ကို ချိတ်ဆက် ပေးလိုက်ပါ။ computer ကနေ ဖုန်းကို usb သိတယ် ဆိုရင်တော့ ADB command လေးကို သွားလိုက်ပါ။
Command box လေးမှာ အရင်ဆုံး adb devices ဆိုတာလေး ရိုက်ပြီး enter နှိပ်လိုက်ပါ။

* daemon started successfully *
List of devices attached

အပေါ်က စာတန်းလေး အတိုင်းပြတယ် ဆိုရင် adb ကနေ ဖုန်းကို သိရှိပြီ jဖစ်တာကြောင့် ဆက်ပြီး လုပ်ဆောင် နိုင်ပါတယ်။
နောက် တစ်ဆင့် မှာတော့ အောက်က စာတန်းလေး အတိုင်း ရိုက်ရ ပါမယ်။

- fastboot oem unlock 123456xxxxxxx

unlock ရဲ့အနောက် ကတော့ ကိုယ့် Mail ထဲကို ပို့ထားတဲ့ Bootloader unlock code ကို ထည့်ရမှာပါ။
ပြီးရင်တော့ enter လေးနှိပ်လိုက်ပါ။
Command box မှာ အလုပ် ဆက်လုပ် ပေးပါမယ်။ Finish ပြပြီ ဆိုရင်တော့ Bootloader unlock လုပ်ခြင်း ပြီးဆုံးပါပြီ။
Command box မှာ fastboot reboot လို့ရိုက်ပြီး ဖုန်းကို reboot ချလိုက်ပါ။
နောက်တစ်ဆင့် အနေနဲ့ကတော့ ဖုန်းကို Custom recovery သွင်းပေး ရမှာပါ။
လိုအပ်တဲ့ data လေးကို အောက်ကလင့်မှာ အရင် Download ရယူလိုက်ပါ။

P8 Clockwork mod Revocery ကို ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ

Down လို့ ရလာတဲ့ cwm-p8-nogui.img လေးကို ADB Folder ထဲ ထည့်လိုက်ပါ။
ပြီးရင် Shift + Right Click နှိပ် Open command window here ကိုရွေးပြီး command box ကို ပြန်ခေါ်လိုက်ပါ။ ဖုန်းကို Fastboot mode ပြန်သွင်း လိုက်ပါ။
adb devices လို့ရိုက် enter ခေါက်ပြီး command box ကနေ ဖုန်းကို သိ မသိ ပြန်စစ် လိုက်ပါ။ ဖုန်းကို သိတယ် ဆိုရင်တော့ အောက်က command လေးကို ထပ်ရိုက်ပါ။

– fastboot flash recovery cwm-p8-nogui.img

command ရိုက်ပြီး ရင်တော့ enter လေး ခေါက်လိုက်ပါ။ Command box မှာ အလုပ်လုပ်ပြီး Finish ပြပါ လိမ့်မယ်။ ဒါဆိုရင်တော့ ဖုန်းကို custom recovery သွင်း
ခြင်း အောင်မြင်ပါပြီ။

ပြီးရင်တော့ fastboot reboot လေးရိုက်လိုက်ပြီး ဖုန်းကို reboot ချပေး လိုက်ပါ။

ဖုန်းမှာ power ပြန်တက် လာရင်တော့ USB Debugging တို့ Unknow source တို့ကို on ပေးပြီး iRoot (သို့မဟုတ်) Root Tool တစ်ခုခုနဲ့ Root ဖောက် ပေးလိုက်ပါ။

အဆင်ပြေပါစေ။

Original link - http://www.myanmarmobileapp.com/2015/08/10/step-by-step-root-for-huawei-p8/



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Tuesday, June 30, 2015

MTK ဖုန်းများအား အလွယ်ဆုံး နည်းလမ်း နဲ့ CWM ဖန်တီးပြီး သွင်းမယ်




MTK ဖုန်းများအား အလွယ်ဆုံး နည်းလမ်း နဲ့ CWM ဖန်တီးပြီး သွင်းမယ်။ Recovery.img နဲ့ Boot.img တွေကို သိမ်းထား ကြရအောင်။

လိုအပ်တာတွေ ကတော့...


လုပ်ဆောင် ရမည့် နည်းလမ်းများ

1. CWM သွင်းမယ့် MTK ဖုန်းအား PC ဖြင့်ချိတ်ပါ။

2. MTK VCOM Drivers ကို Install လုပ်ပါ။

3. USB Debugging ကို Enable လုပ်ပါ။(သိပြီးသား ဆရာများ ကျော်သွားပေးပါ)

Setting => About phone =>Build number ကို7ချက် မြန်မြန်လေးနှိပ်ပါ =>

Back key ကိုတစ်ချက်နှိပ်ပါ => Developer options => USB debugging ဘေးတွင် ရှိသော Box လေးကို အမှန်ခြစ်ပေးပါ။

ပြီးရင် back key ကို တစ်ချက်နှိပ် => Security => Unknow sources ဘေးတွင် ရှိသော Box လေးကို အမှန်ခြစ် ပေးပါ။

ဖုန်းမှာ လုပ်ဆောင်စရာ မကျန်တော့ရင် စလိုက် ကြမယ်နော်။

Install CWMR (ClockWorkMod Recovery) in MTK (Me diaTek) Smart Phone

Solfware တစ်ခုခု ကို စမ်းသပ် တော့မယ်ဆို အရေးကြီး ဆုံးက DATA တွေကို Backup လုပ်ထား ဖို့ပါ။ ကိုယ့်ကြောင့်ပဲ ဖြစ်ဖြစ် Solfware ကြောင့်ပဲ ဖြစ်ဖြစ် အကြောင်း တစ်စုံ တစ်ရာကြောင့်
DATA တွေ ပျက်သွား ခဲ့မယ် ဆိုရင် ပြန်ရ နိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် စမ်းသက် တော့မယ်ဆို ကိုယ့်ရဲ့ DATA တွေကို Backup လုပ်ထားပါလွှို စာရေးသူ မှာချင် ပါတယ်။ Data တွေ ပျက်သွား ခဲ့မယ် ဆိုရင်တော့ စာရေးသူလဲ ပြန်လုပ်ပေးဖို့ တက်နိုင်သူ တစ်ယေက် မဟုတ်ပါဘူး။

1. Download လုပ်ထားတဲ့ ဖိုင်ကို ဖြည်ပါ။ အထဲမှ MTK DroidTools ကို ဖွင့်ပါ။ ပြီးနောက် Root button ကိုနှိပ်ပါ။ (မှတ်ချက် ။ ။ ဖုန်းတိုင်း ရမည်ဟု မဆိုလိုပါ။Oneclick Root tool တစ်ခုခုနှင့် အရင်ဆုံး Root ဖောက် ထားကြည့်ပါ၊ Root Access ရပါက busy box.apk install လုပ်ထားပါ။ box တစ်ခု ကျလာပါ OK နှိပ်ပါ။Root permanson တောင်းလျှင် Allow လုပ်ပေးပါ။



ပြီးရင် Install လုပ်ပါ။ ခဏ စောင့်ပြီး ပါက Done ဖြစ်သွား ပါလိမ့်မယ်။ ပြီးရင်တော့ MTK Droid tool နဲ့ ပြန်ချိတ် လိုက်ပါ အစိမ်းရောင်လေး ဖြစ်သွား ပါလိမ့်မယ်။

2.MTK droid tool ရှိ root, backup, recovery ဆိုသော နေရာလေးကို တစ်ချက် ကလစ်ပေး လိုက်ပါ။ ပြီးတဲ့ နောက်မှာတော့ To use boot from phone ကို ရွေးပါ။
Recovery and Boot button ကိုနှိပ်ပါ။




3. ထိုနောက် to make CWM recovery automaticall? လို့ မေးခဲ့ရင် Yes button ကို နှိပ်ပေးပါ။



4. ထိုနောက် yes ကိုပဲ ရွေးပေးပါ။ သတိထား ရမှာ ကတော့ No ကို မနှိပ်မိ ပါစေနဲ့ ဘာကြောင်လဲ ဆိုတော့ Boot.img ကို Flash မှာဖြစ်တဲ့ အတွက်ပါ။



5. ထိုနောက် Install Created recovery to phone လို့မေးလာရင် YES ကိုပဲ နှိပ်ပေးပါ။

6. နောက်ဆုံး To reload phone in recovery? မေးခဲ့မယ် ဆိုရင် Yes ကိုပဲ ရွေးပေးပါ။ ပြီးရင် ဖုန်းဟာ Reboot ကျ သွားပါ လိမ့်မယ်။ ပြန်တက် လာရင်တော့ ပုံလေးထဲက အတိုင်း CWM သွင်းပြီး ပါပြီ။



Boot.img နဲ့ recovery.img ကိုတော့ MTK Droid tool file ထဲက recovery ထဲမှာ ၀င်ကြည့် လိုက်နော်။

လုပ်ကြည့်ပါ မခက် ပါဘူးနော်။

Credit : www.thutamedia.com



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Saturday, June 20, 2015

Accessibility setting ထဲက TalkBack မိနေရင် ဘယ်လို ပြန်ဖြေရှင်း မလဲ ???




Android Phone တွေ မှာရော iOS Phone တွေ မှာရော Customer တွေ တစ်ခါ တစ်လေ ဖြစ်ဖူးတဲ့ Accessibility ထဲက TalkBack မိတတ် ကြတဲ့ အခြေ အနေမှာ ပြန်လည် ဖြေရှင်းနည်း (ပြန်ပိတ်နည်း) လေးကို ပြန်လည် မျှဝေပေး လိုက်ပါတယ်။

TalkBack စနစ်ပာာ မသန်စွမ်း သူတွေ အတွက် ဖန်တီး ထားတဲ့ စနစ်လေး တစ်ခု ဖြစ်ပါတယ်။ ကြိုက်နှစ်သက်မှု ရှိရင်တော့ လူတိုင်း အသုံးပြု နိုင်ပါတယ်။ ဒါပေမဲ့ မသန်စွမ်း သူတွေမှ လွဲပြီး လူတော်တော်များများ အသုံးပြုခြင်း မရှိတဲ့ စနစ် တစ်ခုလည်း ဖြစ်ပါတယ်။

ဒီစနစ်လေးကို သူငယ်ချင်း တစ်ယောက်က စလိုက်လို့ ဒါမှ မပာုတ် အိမ်မှာ ရှိတဲ့ ကလေး တစ်ယောက်က မတော် တဆ လုပ်လိုက် မိတဲ့ အခါ အကြောင်း အမျိုးမျိုးကြောင့် on လိုက် မိပြီ ဆိုပါစို့။ အဲဒီ အခါ ကျရင် ကိုယ့်ရဲ့လက်က ဘယ်နေရာ ကိုပဲ ထိမိ ထိမိ အနောက် ကနေ စကားသံနဲ့ လိုက်ရွတ်နေပြီး Touch လဲရွှေ့ မရတော့တဲ့ အခါ တော်တော် များများ User တွေ အနေနဲ့ အခက်တွေ့ တက်ကြ ရပါတယ်။



တော်တော် များများ ကတော့ ဆိုင်ကိုပဲ သွားရောက် ဖြေရှင်း လိုက်တတ် ကြပါတယ်။ တစ်ချို့ ဆိုင်တွေ ကတော့ ဗပာုသုတ တစ်ခု အနေနဲ့ ပြန်လည် ရှင်းပြပေး တတ် ကြပါတယ်။ ပြောမပြ ပေးတဲ့ ဆိုင်တွေ ဆိုရင်တော့ User တွေ အနေနဲ့ ဘာမှ မသိလိုက် ရဘဲ အဆင်ပြန်ပြေ သွားတာပေါ့။

ကျွန်တော် ကတော့ အခု မသိသေးတဲ့ Mobile Phone User တွေ အတွက် ပြန်လည် ရှင်းပြပေး လိုက်ပါတယ်။ ဒီလို အခြေ အနေကြရင် ဘယ်လို ပြန်လည် ဖြေရှင်း ရမလဲ ဆိုရင်တော့ Double Touch စနစ်ကို အသုံးပြု ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ Phone Screen Lock ဖြည်တဲ့ နေရာ ဆိုပါစို့။ အဲဒီ ခါကျရင် ကိုယ့် password က 12345 လို့ ပေးလိုက် မိတယ် ဆိုရင် 1 ကိုအရင် တစ်ချက် ထောက်လိုက်ပါ။ 1 မှာ ကွက် လေးနဲ့ ပြပေး ပါမယ်။ နှစ်ချက် ဆက်တိုက် ထပ်နှိပ်လိုက်ပါ။ ဒါဆိုရင် 1 ကို ရွေးလိုက် နိုင်ပါပြီ။ ထိုနည်း အတိုင်းပဲ ကျန်တဲ့ ဂဏာန်း တွေပါ ရွေးချယ်ပြီး Lock ဖွင့် လိုက်ပါ။

ပြီးရင်တော့ Setting ထဲက Accessibility ကိုသွားပြီး TalkBack ကို ပိတ်ရ ပါမယ်။ Screen ပေါ်က Screen မျက်နှာလေး တွေကို လက်နှစ်ချောင်းနဲ့ တပြိုင်ထဲ ဆွဲပြီး setting icon လေးထဲ ၀င်လိုက်ပါ။ အပေါ်အောက်ရွှေ့ နိုင်ရန် လက်နှစ်ချောင်းနဲ့ပဲ ဆွဲလိုက်ပါ။ ပြီးရင်တော့ Accessilibity ကို တစ်ချက် ထောက်လိုက်ပါ။ ပြီးရင် Double Touch စနစ်နဲ့ ၀င်လိုက်ပါ။ TalkBack ကို ထပ်ဝင်ပါ။ ပြီးရင်တော့ on/off bar ကို တစ်ချက် ထောက်ပါ။ Double Touch စနစ်လေး နဲ့ပဲ ပိတ်ပေး လိုက်ပါ။ ဒါဆို ရင်တော့ မိမိ ဖုန်းကို ဆိုင်ပြေးနေ စရာမလိုပဲ အဆင်ပြေပြေ ပြန်လည် အသုံးပြု နိုင်ပါပြီ။

Ko Htoo (MMAS)

Original link - http://www.myanmarmobileapp.com/

Read More »

Tuesday, May 19, 2015

AutoMath Photo Calculator




AutoMath Photo Calculator က သင်္ချာ ညီမျှခြင်း တွေကို တွက်ချက်ပြီး အဖြေထုတ် ပေးနိုင်တဲ့ သင်္ချာ App တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ် လုပ်ပုံက ဒီလိုပါ။ App ကို ဖွင့်ပြီး ဖုန်းရဲ့ ကင်မရာနဲ့ သင်္ချာ ညီမျှခြင်းကို ဓါတ်ပုံ ရိုက်လိုက် တာနဲ့ အဖြေကို တွက်ချက် ပေးမှာ ဖြစ်ပါတယ်။ သူ့မှာ Math Functions ပေါင်း ၂၅၀ ကျော် Built-In ပါရှိပြီး အင်တာနက် ဆက်သွယ်မှု မလိုဘဲ အသုံးပြု နိုင်ပါတယ်။

AutoMath ကို အင်စတော လုပ်ပြီးရင် App က အသုံးပြုနည်းတွေကို ပြသပေးမှာ ဖြစ်ပါတယ်။ ညာဘက်ကနေ ဘယ်ဘက်သို့ ပွတ်ဆွဲပြီး ကြည့်ရှုနိုင်ပါတယ်။ ညီမျှခြင်း သို့မဟုတ် မေးခွန်းတစ်ခုကို ဓါတ်ပုံရိုက်တဲ့ အခါမှာ ညီမျှခြင်းနဲ့ အတတ်နိုင်ဆုံး ကပ်အောင် ဖရိမ်ကို လက်နဲ့ ပွတ်ဆွဲပြီး ချိန်ညှိဖို့ ပြောထားပါတယ်။
နောက်တစ်ခုက ဓါတ်ပုံရိုက်ရင် စာအုပ်နဲ့ ဖုန်းကို အနည်းဆုံး နှစ်လက်မ အကွာကနေ လက်ကိုငြိမ်အောင်ထားပြီး ဓါတ်ပုံရိုက်ကူးရမှာ ဖြစ်ပါတယ်။ ညီမျှခြင်းကိုလည်း ရေပြင်ညီ အနေအထားရအောင် ရိုက်ကူးရပါမယ်။

ဓါတ်ပုံရိုက်ရင် Flash Light ကိုဖွင့်ထားဖို့ ပြောပါတယ်။ Default အားဖြင့်တော့ Flash Light ကိုဖွင့်ပေးထားပါတယ်။ မဖွင့်ပေးထားရင် App ရဲ့ အောက်ခြေမှာ ဖွင့်ဖို့ ခလုတ်ပါရှိပါတယ်။

ရှုပ်ထွေးတဲ့ ညီမျှခြင်းတွေအတွက် Function ပေါင်း ၂၅၀ ကျော်ပါတဲ့ Calculator ကို အသုံးပြုဖို့ ညွှန်ကြားထားပါတယ်။

နောက်ဆုံး အသုံးပြုနည်း လမ်းညွှန်မှာတော့ App က လက်ရေးနဲ့ ရေးထားတဲ့ ညီမျှခြင်းတွေ၊ Calculus ၊ Complex Fractions ၊ Linear Questions တွေကို မတွက်ချက်ပေးနိုင်ဘူးလို့ ပြောထားပါတယ်။ ပေါင်း၊ နုတ်၊ မြှောက်၊ စားနဲ့ Fractions, Square Roots, Trigonometry, Inequalities, Polynomials, Powers, Algebra, Simplification တို့ကို တွက်ချက်ပေးနိုင်ပါတယ်လို့ ပြောထားပါတယ်။ ပြီးရင်တော့ Close ကိုနှိပ်ပါ။

ဒါဆိုရင် App ရဲ့ Main Screen ကို ရောက်သွားမှာ ဖြစ်ပြီး ကင်မရာကို ဖွင့်ထားမှာ ဖြစ်ပါတယ်။ အဖြေထုတ်ချင်တဲ့ ညီမျှခြင်းကို ဘောင်လေးထဲရောက်အောင် ကင်မရာနဲ့ ချိန်ရွယ်ပါ။ ဘောင်ရဲ့ ထောင့်စွန်းတွေကို လက်နဲ့ ဆွဲပြီး ညီမျှခြင်းကိုသာ ပါရှိအောင် ပြုပြင်ပါ။ ချိန်ညှိပြီးရင်တော့ အောက်ခြေမှ Answer ခလုတ်ကို နှိပ်ပါ။


ဒါဆိုရင် အထက်ပါ ညီမျှခြင်းမှ x ရဲ့ အခြေကို အောက်ကပုံမှာလို တွက်ချက်ဖော်ပြပေးမှာ ဖြစ်ပါတယ်။

တကယ်လို့များ App က Scan လုပ်လိုက်တဲ့ ကိန်းဂဏန်းတွေဟာ မှားယွင်းနေတယ်ဆိုရင် အဖြေကလည်း မှားယွင်းနေမှာပါ။ တစ်ခါတစ်လေမှာ အဲဒီလို အမှားလေးတွေကိုလည်း တွေ့ရပါတယ်။ အဲဒီအခြေအနေမှာ ဆိုရင် Edit ခလုတ်ကို နှိပ်ပြီး ကိန်းဂဏန်းတွေကို အမှန်ပြင်ပေးနိုင်ပါတယ်။ ဒါဆိုရင် အဖြေကို ပြန်လည်တွက်ချက်ပေးမှာပါ။

New ကိုနှိပ်ပြီး နောက်ထပ် ညီမျှခြင်းတစ်ခုကို တွက်ချက်ခိုင်းနိုင်ပါတယ်။


နောက်ထပ် ညီမျှခြင်း တစ်ခုကိုလည်း အထက်ပါ နည်းအတိုင်း ပြုလုပ်ပြီး အဖြေထုတ်ခိုင်းနိုင်ပါတယ်။


ဒါဆိုရင် x ရဲ့ တန်ဖိုးကို အောက်ကပုံမှာလို တွက်ချက်ပေးမှာပါ။


Main Screen ရဲ့ အောက်ခြေမှာ Calculator ခလုတ်ပါရှိပါတယ်။ အဲဒါကို နှိပ်ရင် ရှုပ်ထွေးတဲ့ ညီမျှခြင်းတွေကို တွက်ချက်နိုင်မှာပါ။ အဲဒီမှာတော့ ညီမျှခြင်းတွေကို လက်နဲ့ ရိုက်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် ညီမျှခြင်း ခလုတ်ကို နှိပ်ပါ။


ဒါဆိုရင် x ရဲ့ တန်ဖိုးကို တွက်ချက်ပေးမှာပါ။ ညာဘက် အပေါ်ထောင့်မှ Functions ကိုနှိပ်ရင်


Built-In ပါရှိတဲ့ Functions တွေကို ပြသပေးမှာပါ။ နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။


AutoMath ကို Android 2.3.3 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်လို့ ဖုန်းအဟောင်းတွေမှာတောင် အသုံးပြုနိုင်ပါတယ်။ Google Play Store မှာ အခမဲ့ ရယူနိုင်ပါတယ်။

play.google.com

Original link - http://www.myanmardigitallife.com/



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

စမတ်ဖုန်းနဲ့ ကွန်ပြူတာကို ချိတ်ဆက် အသုံးပြု နိုင်မယ့် Apps များ




သင့်ရဲ့ စမတ်ဖုန်းနဲ့ ကွန်ပြူတာ နှစ်ခု စလုံးဟာ စွမ်းဆောင် ရည်မြင့် အီလက်ထရောနစ် ပစ္စည်း များပါပဲ။ သူတို့ နှစ်ခုကို ချိတ်ဆက် အသုံးပြုနိုင်ရင် ပိုတောင်မှ စွမ်းဆောင်ရည် ကောင်းအုံး မှာပါ။ USB Cable နဲ့ ချိတ်ဆက် တာကို ပြောတာ မဟုတ်ပါဘူး။ သင့် ကွန်ပြူတာနဲ့ စမတ်ဖုန်းကို ချိတ်ဆက်ပြီး စွမ်းဆောင်ချက် များစွာ တိုးပွားပေးနိုင်တဲ့ Apps များစွာ ရှိပါတယ်။ အဲဒီ Apps များကို အသုံးပြုရင် ဖိုင်များ ပေးပို့ ရယူတာ၊ ဖုန်းမှ Notification များကို ကွန်ပြူတာမှာ ကြည့်နိုင်တာ၊ စမတ်ဖုန်းကို အသုံးပြုစရာ မလိုဘဲ ဖုန်း Message များကို ကွန်ပြူတာမှ ပေးပို့နိုင်တာ စတဲ့ စွမ်းရည်များ ရရှိနိုင်မှာပါ။

စွမ်းဆောင်ရည် မတူညီတဲ့ App သုံးခုကို ဒီဆောင်းပါးမှာ ဖော်ပြ ပေးမှာ ဖြစ်ပါတယ်။ App သုံးခုဟာ Android မှာ အသုံးပြုနိုင် ပေမယ့် အချို့ App များကို iPhone မှာလည်း အသုံးပြုနိုင် ပါတယ်။ iOS 8 အသုံးပြု သူများအနေဖြင့် စွမ်းဆောင်ချက် အသစ် တစ်ခုဖြစ်တဲ့ Handoff ကို အသုံးပြုခြင်းဖြင့် iPhone, iPad နဲ့ Mac များကို ချိတ်ဆက်နိုင်မှာ ဖြစ်ပြီး Mac ကနေ ဖုန်းခေါ်ဆို နိုင်သလို ဖုန်းမှာ ရေးထားတဲ့ အီးမေးကို iPad မှာ လက်စသတ်နိုင်မှာပါ။ ဒါ့အပြင် အခြား စွမ်းဆောင်ချက် အသစ်တွေလည်း iOS 8 မှာ ပါရှိ လာပါတယ်။

Pushbullet
Free, Android and iOS



Pushbullet ဟာ ပြီးခဲ့တဲ့ နှစ်မှာ များစွာ တိုးတက်လာပါတယ်။ လင့်များ၊ မှတ်စုများနဲ့ ဖိုင်များကို Device များကြားမှာ ပေးပို့နိုင်တဲ့ စွမ်းဆောင်ချက်များနဲ့ စတင်မိတ်ဆက်ခဲ့တဲ့ Pushbullet ဟာ အခုဆိုရင် သတင်းအချက်အလက်များ ပေးပို့ရယူနိုင်တဲ့၊ Android မှ Notification များကို ကွန်ပြူတာမှာ ပြသနိုင်တဲ့ စွမ်းဆောင်ရည်မြင့် Tool တစ်ခုဖြစ်လာပါပြီ။

မိုဘိုင်းဖုန်းများမှာ Pushbullet App ကို ထည့်သွင်းထားရမှာ ဖြစ်ပြီး ကွန်ပြူတာမှာတော့ Chrome နဲ့ Firefox တို့အတွက် Browser Extension များကို အင်စတော လုပ်ထားရမှာပါ။
အခမဲ့ အသုံးပြုနိုင်ပြီး မှတ်စုများ၊ လင့်များ၊ ဖိုင်များ၊ တည်နေရာများ၊ Checklist များကို ကွန်ပြူတာကနေ ဖုန်းသို့ ဒါမှမဟုတ် ဖုန်းကနေ ကွန်ပြူတာသို့ ပေးပို့နိုင်ပါတယ်။ Pushbullet ကို အသုံးပြုတဲ့ အခြားသူငယ်ချင်း တစ်ယောက်ထံသို့လည်း ပေးပို့နိုင်ပါတယ်။

ကျွန်တော် Pushbullet ကို အသုံးပြုရတဲ့ အဓိက ရည်ရွယ်ချက်က ဖုန်းမှ Notification များကို ကွန်ပြူတာမှာ ကြည့်နိုင်ဖို့ ဖြစ်ပါတယ်။ ဖုန်းဝင်လာရင် ကွန်ပြူတာက သိနိုင်တာက ကောင်းမွန်ပြီး ဖုန်းမှ Message များကိုလည်း ကွန်ပြူတာမှာ ဖတ်နိုင်ပါတယ်။ ကွန်ပြူတာမှာ ပြသမယ့် Notification များအတွက် ဖုန်းမှ Apps များကို ရွေးချယ်သတ်မှတ်နိုင်ပါတယ်။ အနားယူချိန်မှာ ကွန်ပြူတာမှာ အချက်ပြမှုများကို မပြသပေးအောင် ပိတ်ထားနိုင်ပါတယ်။ iPhone App မှာတော့ ဒီစွမ်းဆောင်ချက် မပါတာကို သတိပြုပါ။

အားသာချက်။ ။ Set Up လုပ်ရတာ လွယ်ကူပြီး ဖိုင်များ ၊ သတင်းအချက်အလက်များ ပေးပို့ရတာ ရိုးရှင်းပါတယ်။
အားနည်းချက်။ ။ App ရဲ့ ဒီဇိုင်းက အစပိုင်းမှာ ရှုပ်ထွေးတတ်ပါတယ်။

Moaxis
Free, Android and iOS



Pushbullet လိုပဲ Moaxis က သင့်ဖုန်းနဲ့ ကွန်ပြူတာကို ချိတ်ဆက်ပေးပြီး ဖုန်းမှ Notification များကို ကွန်ပြူတာမှာ ပြသပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း Moaxis ရဲ့ အဓိက ရည်ရွယ်ချက်က ဖုန်း Message များကို Windows, Mac, Chrome Apps များကနေ ပေးပို့နိုင်ဖို့ ဖြစ်ပါတယ်။

Moaxis ကို ဖုန်းမှာ အင်စတော လုပ်ပြီးရင် သင့်ကွန်ပြူတာကို Add လုပ်ပြီး Set Up လုပ်ရပါတယ်။ တစ်နည်းအားဖြင့် Sync လုပ်နိုင်ဖို့ပါ။ Set Up လုပ်ပြီးရင် App ကို ထပ်ဖွင့်စရာ မလိုတော့ပါဘူး။ Desktop App ကနေ Message များပေးပို့နိုင်ပြီး ဖုန်းရဲ့ Address Book ကိုလည်း ကြည့်ရှုနိုင်ပါတယ်။ ဖုန်းမှ SMS Conversation များကို ကွန်ပြူတာမှာ ပြသပေးနိုင်ပြီး ဆက်လက် စကားပြောနိုင်ပါတယ်။ အားနည်းချက်က Address Book ကို ကြည့်နိုင်ပေမယ့် Edit ပြုလုပ်လို့ မရတာ ဖြစ်ပါတယ်။

အားသာချက်။ ။ ကွန်ပြူတာကနေ ဖုန်း Message များကို လွယ်ကူစွာ ပေးပို့ ရယူနိုင်ပါတယ်။
အားနည်းချက်။ ။ Set Up လုပ်ရတာ ရှုပ်ထွေးပြီး Address Book ကို ကွန်ပြူတာကနေ Edit မလုပ်နိုင်ပါဘူး။

Airdroid
Free, Android Only



Airdroid ထွက်ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ သင့်ကွန်ပြူတာနဲ့ ဖုန်းကို Sync လုပ်ဖို့ နာမည်ကြီး ရွေးချယ်စရာ တစ်ခုအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ Airdroid ဟာ ဖိုင်များကို ကြိုးမဲ့ ဆက်သွယ်မှုဖြင့် ပေးပို့နိုင်တာ၊ ကွန်ပြူတာမှာ ဖုန်းမှ Notification များကို ကြည့်နိုင်တာနဲ့ ကွန်ပြူတာကနေ ဖုန်း Message များကို ပေးပို့နိုင်တာ အပြင် စွမ်းဆောင်ချက်များစွာ ပါရှိပါတယ်။

Airdroid က သင့်ဖုန်းကို ကွန်ပြူတာကနေ Manage ပြုလုပ်ဖို့ အဓိက ပံ့ပိုးပေးထားပြီး Call Logs နဲ့ Clipboard များကို ကွန်ပြူတာကနေ ကြည့်နိုင်တာကနေ၊ Apps များကို ကွန်ပြူတာကနေ အင်စတော လုပ်ဖို့နဲ့ ဖုန်းရဲ့ Screenshot ကို ကွန်ပြူတာကနေ ရိုက်ဖို့ အထိ ပြုလုပ်နိုင်ပါတယ်။ ဖုန်း Message များကို ကွန်ပြူတာကနေ ပေးပို့ရာမှာတော့ အလုပ်ကောင်းကောင်း မလုပ်နိုင်တာ တွေ့ရပါတယ်။ အခြား Tools အားလုံးက အလုပ်ကောင်းကောင်း လုပ်ပါတယ်။ ဖုန်းနဲ့ Apps များကို စီမံခန့်ခွဲဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

အားသာချက်။ ။ Airdroid ကို ဘရောက်စာကနေ အသုံးပြုနိုင်တဲ့ အတွက် ကွန်ပြူတာတိုင်းမှာ အသုံးပြုနိုင်ပါတယ်။
အားနည်းချက်။ ။ အသုံးပြုတိုင်း ဖုန်းနဲ့ Airdroid ကို ပြန်လည် ချိတ်ဆက်ပေးရတာပါ။

Original link - http://www.myanmardigitallife.com/

Read More »

သင် အသုံး မပြုသေးတဲ့ Android ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များ




Android မှာ Tools များစွာနဲ့ နှစ်သက် သလို ပြောင်းလဲ နိုင်တဲ့ Options များစွာ ရှိပါတယ်။ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင် ချက်တွေကို အသုံးပြု သူ အများ စုက မသိမြင်တဲ့ အတွက် အသုံး ချနိုင်ခြင်း မရှိပါဘူး။ အချို့ စွမ်းဆောင် ချက်တွေ ကိုတော့ ထင်သာ မြင်သာ ရှိအောင် ပြုလုပ်ပေး ထားပေမယ့် အချို့ ကိုတော့ လျှို့ဝှက် ထားတတ် ကြပါတယ်။ Power User တစ်ယောက် အနေနဲ့ Android ကို အသုံးပြု ချင်ရင်တော့ လျှို့ဝှက် နက်နဲတဲ့ စွမ်းဆောင်ချက် တွေကို အသုံးပြုနည်း များကို ရေးပေး လိုက်ပါတယ်။

Smart Lock ကို အသုံးပြုပါ။



သင့်ရဲ့ ဖုန်းကို လုံခြုံအောင် ပြုလုပ်ဖို့ အရေးကြီး ပါတယ်။ ဒါပေမယ့် ဖုန်းကို အသုံး ပြု ချင်တိုင်း Pin Code, Pattern တွေ ထည့်ပေး ရတာ အလုပ်ရှုပ် ပါတယ်။ Android 5.0 မှာ Smart Lock ပါရှိလာ ပါတယ်။ အဲဒီ စွမ်းဆောင် ချက်က သင့်ဖုန်းဟာ လုံခြုံတဲ့ အခြေ အနေမှာ ရောက်ရှိ နေရင် အလွယ် တကူ ပွတ်ဆွဲ လိုက်တာနဲ့ Unlock လုပ်ပေးနိုင် ပါတယ်။ သင့်ဖုန်းဟာ လုံခြုံတဲ့ အခြေ အနေမှာ ရှိသလား ဆိုတာ ဘယ်လို သိနိုင် တာလဲ ဆိုတာ စိတ်ဝင်စား စရာ ကောင်းပါတယ်။

Smart Lock ကို Android Device Manager လိုပဲ Play Services ကနေ ထည့်သွင်း ပေးတာ ဖြစ်ပါတယ်။ Locking Options တွေကတော့ Device အလိုက် ကွဲပြား ပေမယ့် Nexus Phone, Tablet မှာတော့ စုံလင် ပါတယ်။ Trusted Face, Trusted Location , Trusted Devices, On-Body Detection စတဲ့ Option တွေ ပါရှိ ပါတယ်။ အနည်း ဆုံးတော့ Trusted Devices, Trusted Location တို့ ပါရှိ တတ် ပါတယ်။

ဥပမာ အနေနဲ့ သင့်ရဲ့ ဖုန်းဟာ အိမ်မှာ ရှိနေရင် လုံခြုံတယ်လို့ သတ်မှတ် ထားနိုင်ပြီး မျက်နှာ ပြင်ကို ပွတ်ဆွဲ တာနဲ့ Unlock ပြုလုပ် နိုင်ပါတယ်။ ဒါပေမယ့် အပြင် သွားရင် တော့ ဖုန်းကို Unlock လုပ်ဖို့ PIN, Pattern တို့ကို တောင်း ဆိုမှာပါ။ Trusted Devices ကလည်း ဒီလို ပါပဲ။ Bluetooth, NFC ဆက်သွယ် မှုများ ကနေ သင့်ရဲ့ ဖုန်ုးဟာ သင့်ရဲ့ စမတ် နာရီ ၊ တက်ဘလက် တို့နဲ့ ချိတ်ဆက် နေတယ် ဆိုရင် ဖုန်းဟာ လုံခြုံတဲ့ အခြေ အနေမှာ ရှိတယ်လို့ သတ်မှတ် ထားနိုင် ပါတယ်။

Trusted Face ကတော့ ဖုန်းရဲ့ အရှေ့ ကင်မရာက သင့် မျက်နှာကို တွေ့မြင်နေ ရရင် အလွယ် တကူ Unlock ပြုလုပ် နိုင်မှာပါ။ On-Body Detection က သင့်ရဲ့ ဖုန်းဟာ သင့်လက်ထဲ ဒါမှ မဟုတ် အိတ်ကပ် ထဲမှာ ရှိနေ တာကို သိရှိပြီး ဖုန်ုးကို စားပွဲပေါ် သို့မဟုတ် တစ်နေရာမှာ ချလိုက် တာနဲ့ Lock ပြုလုပ် ပေးတာ ဖြစ်ပါတယ်။

Remote Security အတွက် Android Device Manager ကို အသုံးပြုပါ။



Google Play Service ဟာ Google ရဲ့ Android Phone တွေမှာ ထည့်ပေး ထားတဲ့ ၀န်ဆောင် မှုတွေ အားလုံးကို စီမံ ခန့်ခွဲ ပါတယ်။ Google က Play Service Framework ကို နောက်ကွယ် ကနေ အမြဲတမ်း Update ပြုလုပ် ပေးလေ့ ရှိပါတယ်။ အဲဒါ ကြောင့်ပဲ နဂိုက Android Device Manager မပါတဲ့ ဖုန်ုးတွေ မှာတောင် Play Service ကနေ တစ်ဆင့် ထည့်သွင်း ပေးနိုင်တာ ဖြစ်ပါတယ်။ Android Device Manager က သင့်ရဲ့ ဖုန်းပျောက် သွားရင် ဖုန်းရဲ့ တည် နေရာကို ခြေရာ ခံတာ၊ Ring သံမြည်အောင် လုပ်ပေး တာနဲ့ ဖုန်းမှ အရေးကြီး ဒေတာ များကို ဖျက်ပေး တာတို့ကို ပြုလုပ် ပေးနိုင် ပါတယ်။

Default အားဖြင့် Android Device Manager က သင့်ရဲ့ ဖုန်း တည် နေရာနဲ့ Ring သံ မြည်အောင်ပဲ ပြုလုပ် ပေးနိုင် ပါတယ်။ အရေးကြီး ဒေတာ တွေကို အဝေး ကနေ ဖျက်ပစ် နိုင်ဖို့ အတွက် သင့်ဖုန်းရဲ့ Main System Settings ထဲသွားပြီး Security ထဲဝင်ပါ။ Device Administrators Option ထဲဝင်ပြီး Android Device Manager ကို အမှန်ခြစ် ပေးပါ။

သင့်ရဲ့ ဖုန်းပျောက် သွားရင် Android Device Manager ကို အသုံးပြုပြီး ဖုန်းကို ပြန်ရှာနိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။ သင့်မှာ Android Device တစ်ခုပဲရှိရင် https://www.google.com/android/devicemanager ၀က်ဆိုက်ကိုသွားပြီး သင့် Google Account နဲ့ Login ၀င်ပါ။ အဲဒီဝက်ဆိုက်ကနေ ဖုန်းရဲ့ တည်နေရာကို မြေပုံမှာ ကြည့်တာ၊ အိမ်မှာ ပျောက် နေတာ ဆိုရင် Ring သံ မြည်ခိုင်း တာတို့ ကို ပြုလုပ် နိုင်သလို ဖုန်းကို Lock ပြုလုပ် တာနဲ့ အရေးကြီး ဒေတာ များကို ဖျက်ပစ် တာတို့ကို ပြုလုပ်နိုင် ပါ တယ်။ သင့်မှာ အခြား Android Device တစ်ခု ရှိရင် Android Device Manager App ကို ထည့်သွင်းပြီး ပျောက်နေတဲ့ ဖုန်းကို ရှာဖွေနိုင် ပါတယ်။

Screen Recording



Android Users များဟာ Screen Recording လုပ်ဖို့ အတွက် အရင်တုန်း ကတော့ Root ပြုလုပ် ကြရ ပါတယ်။ Android 5.0 Lollipop မှာတော့ Root လုပ်စရာ မလိုဘဲ Screen Recording လုပ်နိုင် ပါတယ်။ အဲဒီလို ပြုလုပ်ဖို့ App တစ်ခုသာ လိုအပ် ပါတယ်။ Google Play Store မှာ Screen Recording ပြုလုပ်တဲ့ အခမဲ့ App များစွာ ရှိပါတယ်။ ကျွန်တော်ရဲ့ အနှစ် သက် ဆုံး တစ်ခုက Rec ဖြစ် ပါတယ်။

Data Usage ကို စောင့်ကြည့် ရုံသာ မက ထိန်းချုပ်ပါ။



Android မှာ Data Usage ကို စောင့်ကြည့် နိုင်တဲ့ စွမ်းရည် ပါရှိ ပါတယ်။ ဒါပေမယ့် User အများ စုက ထိထိ ရောက် ရောက် အသုံး မပြုကြ ပါဘူး။ သာမာန် အားဖြင့် အချိန် ကာလ တစ်ခု အတွင်းမှာ သတ်မှတ် ထားတဲ့ Data Usage ရောက်ရင် Warning ပေးဖို့သာ ပြုလုပ် ထားကြ ပါတယ်။ Limit ပြုလုပ် ပေးမှသာ သတ်မှတ် ထားတဲ့ ပမာဏ ရောက်ရင် Mobile Data ကို အလို အလျှောက် ပိတ်ပေးမှာ ဖြစ်ပါတယ်။

Settings> Data Usage ထဲသွားပြီး Limit Check Box မှာ အမှန်ခြစ် ပေးပါ။ အနီရောင် မျဉ်းကြောင်းကို အပေါ်၊ အောက် ရွှေ့ပြီး သတ်မှတ် ပေးပါ။ Warning ကိုတော့ Limit ပမာဏ ထက် MB တစ်ရာ လောက် လျော့နည်းတဲ့ နေရာမှာ သတ်မှတ် ထားသင့် ပါတယ်။

Myanmar Digital Life Journal
Original link - https://www.facebook.com/MyanmarDigitalLife

Read More »