နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

Saturday, March 25, 2017

သမိုင်းထဲက မော်လမြိုင်


ရတနာဘုံမြင့် ကျောင်းတိုက်တွင်း မြန်မာနိုင်ငံ၏ အကောင်းဆုံးသော ပန်းပု လက်ရာများ ထဲမှ အချို့ ရှိ / ရဲနည် / ဧရာဝတီ

မော်လမြိုင် မြို့မှ စေတီတော် တဆူဆီသို့ သွားသည့် လှေခါး ထစ်များကို တက်ရင်း ကဗျာ တပုဒ် ရေးသား ရန် ဗြိတိသျှ စာရေးဆရာ ရုဒ်ယာ့ ကစ်ပလင် Rudyard Kipling စိတ်ကူး ရခဲ့သည်။ ထိုကဗျာက အင်္ဂလိပ် ဘာသာဖြင့် ရေးသားသော နာမည်ကျော် ကဗျာ များထဲမှ တပုဒ် ဖြစ်လာခဲ့သည်။

“Mandalay( မန္တလေး)” အမည်ရှိ ကဗျာ၏ ပထမပိုဒ်ကို “မော်လမြိုင်မြို့က ရှေးဟောင်း စေတီဘေးမှာ၊ ပင်လယ်ပြင်ကို ပျင်းရိစွာ ကြည့်ရင်း၊ အဲဒီမှာ ဗမာ မိန်းကလေး တယောက် ရှိတယ်။ သူက ငါ့အကြောင်း စဉ်းစားနေတာ ငါသိတယ်” စသည့် စာကြောင်းများဖြင့် စတင်ခဲ့ပြီး လေတိုက် ခတ်မှုကြောင့် လှုပ်ရှားနေသော အုန်းပင်များနှင့် စေတီမှ ဆည်းလည်း သံများက အင်္ဂလန်၏ မီးခိုးရောင် ကောင်းကင်ကို နောက်မှာ ချန်ထား ခဲ့ရသည့် လူငယ် ကဗျာ ဆရာ၏ လွမ်းဆွတ် တသမှုကို လှုံ့ဆော် ပေးခဲ့ သည့် အကြောင်းများဖြစ်သည်။

ရုဒ်ယာ့ကစ်ပလင် ခံစားခဲ့ရပြီး နောက်ထပ်နှစ်ပေါင်း ၁၂၈ နှစ်ကြာမြင့်ခဲ့သည့် ယခုချိန်အထိ ကျိုက်သလ္လန် ဘုရားက ဘုရား ဖူးများနှင့် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ထားနိုင်ဆဲဖြစ်သည်။

စိမ်းလန်းစိုပြည်သည့် မြို့ကို အပေါ်စီးမှမြင်ရသည့် တောင်ရိုးတခုပေါ်တွင် ရွှေရောင်တောက်ပစွာ တည်ရှိနေသော စေတီ က ရုဒ်ယာ့ကစ်ပလင် မှတ်တမ်းတင်ခဲ့သည့် ဗြိတိသျှ ကိုလိုနီခေတ်က အတိုင်းပင် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ ရုဒ်ယာ့ကစ်ပလင် သတိပြုမိခဲ့သည့် ဗမာမိန်းကလေးများကလည်း ရှိနေကြဆဲ ဖြစ်သည်။ အချို့က အာရှဒေသ အများစု တွင် မတွေ့မြင်ရသည်မှာကြာပြီ ဖြစ်သော ရိုးရာလုံချည်များ ဝတ်ဆင်ထားကြသည်။ အချို့က ဗုဒ္ဓဘာသာဝင်တို့ ထုံးစံ အတိုင်း စေတီတော်ကို လှည့်ပတ်ဖူးမျှော်ရင်း စမတ်ဖုန်းများဖြင့် စကားပြော နေကြသည်။

သံလွင်မြစ်သည် မော်လမြိုင်ဘေးမှ ဖြတ်သန်းပြီး ပင်လယ်ထဲ စီးဝင်

ခေတ်သစ်နည်းပညာတို့၏ သိမ်းပိုက်မှုကို နေရသည့်တိုင် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံး မြို့တော်ဖြစ်သည့် မော် လမြိုင်မြို့က ကမ္ဘာပေါ်တွင် အဓိက လူပြောများနေသည့် အဖြစ်အပျက် အကြောင်းအရာများနှင့် အလှမ်းကွာသည့် ဝန်း ကျင်ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။ ပထဝီ အနေအထားကြောင့်လည်း တစိတ်တပိုင်း ဖြစ်ပါသည်။ မော်လမြိုင် မြို့သို့ မြန်မာနိုင်ငံသို့ နိုင်ငံတကာ၏ အဓိက ဝင်ပေါက်ဖြစ်သော ရန်ကုန်မြို့မှ ဆက်သွယ်ထားသည့် ကားလမ်းက ၁၈၆ မိုင်ရှိပါ သည်။ အခြားရွေးချယ်စရာ အနေဖြင့်လည်း ခုန်ပေါက်နေသော ရထားလမ်း နှင့် ပုံမှန်ပြေးဆွဲခြင်း မရှိသော လေယာဉ် ခရီးစဉ် သာရှိသည်။

လက်နက်ကိုင် ပဋိပက္ခများကြောင့် ထိုဒေသို့ နိုင်ငံခြားသားများ သွားရောက်ခြင်းကို ဆယ်စုနှစ်များစွာ တားမြစ်ထားခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် စစ်အုပ်ချုပ်ရေး ပြီးဆုံးခဲ့ပြီး ပြီးခဲ့သည့် နှစ် ရွေးကောက်ပွဲတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အနိုင်ရရှိခဲ့ပြီးသည့် နောက်ပိုင်းတွင်ပင် မြန်မာနိုင်ငံ၏ အခြားဒေသများထက်စာလျှင် မော်လမြိုင်သို့ လာရောက် သည့် ကမ္ဘာလှည့် ခရီးသည် အရေအတွက်က နည်းပါးနေဆဲ ဖြစ်သည်။

မကြာသေးခင်က မော်လမြိုင်သို့ ရှုခင်းကြည့်ရန် အကောင်းဆုံး လမ်းကြောင်းဖြင့် ကျနော်တို့ အဖွဲ့ သွားခဲ့ကြပါသည်။ ရန်ကုန်မှ နေ၍ သာယာလှပသော ကရင်ပြည်နယ်၏ မြို့တော် ဘားအံသို့ ကားဖြင့် သွားကြသည်။ ထိုမှတဆင့် ကမ္ဘာပေါ်မှ အရှည်ဆုံးမြစ် များထဲတွင် တခု အပါအဝင် ဖြစ်ပြီး လွတ်လပ်စွာ စီးဆင်းနေဆဲ မြစ်များထဲတွင်လည်း ပါဝင်နေသည့် သံလွင်မြစ်ကြောင်း အတိုင်း လှေငှား၍ စုန်ဆင်းခဲ့ကြပါသည်။ ပင်လယ်အတွင်းသို့ စီးဝင်မသွားမီ အချိန်တွင် သံလွင်မြစ်က မော်လမြိုင်မြို့၏ သာယာလှပမှုကို ပိုမိုပြည့်စုံအောင် ဖန်တီးပေးထားသည်။ ကျယ်ပြန့်သော ရေပြင်ကို ဖြတ်ကျော်၍ နေဝင်ချိန် မြင်ကွင်းကို မိသားစုများ လာရောက်ကြည့်ရှုရာ နေရာဖြစ်သည့် ကမ်းနားလမ်းဘေးမှ ဖြတ်သန်း စီးဆင်း သွားသည်။

မော်လမြိုင်က လူသိနည်းသော နေရာတခု ဘယ်တုန်းကမျှ မဟုတ်ခဲ့ပါ။ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အပြီးတွင် ဗြိတိသျှတို့က သူတို့၏ မြို့တော် အဖြစ် ၁၈၂၆ ခုနှစ်မှ ၁၈၅၂ ခုနှစ် အထိ ရုံးထိုင်ခဲ့ပြီး အစိုးရရုံး အဆောက်အဦးများ၊ ဘုရားရှိခိုး ကျောင်းများနှင့် ကြီးမားသော အကျဉ်းထောင်တခုကို တည်ဆောက်ခဲ့သည်။ ဗြိတိသျှတို့၏ စီးပွားရေး လုပ်ငန်းများကို စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော သတင်းစာကိုလည်း ထုတ်ဝေခဲ့သည်။

ဗြိတိသျှ အုပ်စိုးသူတို့၏ အမွေအနှစ်များနှင့် အတူ အစ္စလမ် ဗလီများ၊ ဟိန္ဒူဘုရားကျောင်းများ နှင့် အမေရိကန် လက်ရာ အချို့ပင် ကျန်ရှိနေခြင်းက မော်လမြိုင်၏ ကြီးမားသော စုံလင်ကွဲပြားမှုကို ဖော်ပြနေခြင်း ဖြစ်သည်။

နိုင်ငံခြား တိုင်းပြည်များသို့ သွားရောက်သည့် အစောဆုံး အမေရိကန် သာသနာပြု များထဲမှ တဦးဖြစ်သည့် အဒိုနီရမ် ဂျက်ဆင် Adoniram Judson က မော်လမြိုင်မြို့၏ ပထမဆုံးသော နှစ်ခြင်း ဘုရားကျောင်းကို ၁၈၂၇ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ သူက အင်္ဂလိပ်-မြန်မာ အဘိဓါန် တခုကို ပြုစုခဲ့ပြီး မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ နီးပါး နေထိုင်ခဲ့စဉ် အတွင်း သမ္မာကျမ်းစာကို မြန်မာဘာသာသို့ ပြန်ဆိုရေးသားပေးခဲ့သည်။

အနီးတွင် ရှိသော St. Mathew အင်္ဂလီကန် ဘုရားကျောင်းမှာ ၁၈၈၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ယနေ တိုင် အသုံးပြုနေဆဲ ဖြစ်သည်။ သို့သော်လည်း မော်လမြိုင်မြို့မှ အခြားရှေးဟောင်းအမွေအနှစ် အဆောက်အဦးများ ကဲ့ သို့ပင် ယိုယွင်းပျက်စီးသည့် အခြေအနေတွင် ရှိနေသည်။ အင်္ဂတေ ကွာကျနေသည့် အုတ်နံရံများပေါ်တွင် သစ်ပင်များ ပေါက်နေပြီး မျှော်စင်ထက်မှ နာရီကလည်း ညနေ ၆ နာရီ ၅၄ မိနစ်ကို အမြဲတမ်းပြသနေသည်။

မော်လမြိုင်တွင် နိုင်ငံခြား ခရီးသွား များကို ဆွဲဆောင်ရန် ကိုလိုနီခေတ် ဗိသုကာ လက်ရာများ ကျန်ရှိနေ

မော်လမြိုင်မြို့တွင် ဗုဒ္ဓဘာသာ စေတီ ပုထိုးများ များသည့်အတွက် အကုန်လျှောက်သွားလျှင် ခြေကုန်လက်ပမ်းကျ သွားနိုင်ပါသည်။ ဗုဒ္ဓ၏ ဆံတော်ကို ဌာပနာထားသည်ဟု သိရပြီး ရုဒ်ယာ့ကစ်ပလင် ကလည်း စာဆို ညွှန်းခဲ့သည့် ကျိုက်သလ္လန် ဘုရားအပြင် သွားရောက်သင့်သည့် နေရာတခု ဖြစ်သော်လည်း အသွား နည်းကြသည့် နေရာမှာ ရတနာဘုံမြင့် ဘုန်းတော်ကြီး ကျောင်းဖြစ်သည်။ ကျောင်းတိုက်အတွင်းတွင် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော ပန်းပု လက်ရာများထဲမှ အချို့ ရှိနေပါသည်။ မြန်မာနိုင်ငံ၏ ဒုတိယနောက်ဆုံး ဘုရင်ဖြစ်သည့် မင်း တုန်းမင်း၏ မိဖုရား တဦး ဖြစ်သော စိန်တုန်း မိဖုရား၏ စီစဉ် ကြီးကြပ်မှုဖြင့် ထုလုပ်ခဲ့သော လက်ရာများဟု သိရပါသည်။

မန္တလေးမြို့ကို ဗြိတိသျှတို့ သိမ်းပိုက်ခဲ့ပြီးနောက်တွင် မော်လမြိုင်သို့ စိန်တုန်း မိဖုရားရောက်ရှိလာချိန်တွင် သူနှင့် အတူ မန္တလေးမြို့တော်မှ လက်မှုပညာသည်များကိုပါ ခေါ်ယူလာခဲ့သည်။ မန္တလေး နန်းတော်ကြီး နှင့် အနုပညာလက်ရာ အများစု မှာ ဒုတိယ ကမ္ဘာစစ်အတွင်းတွင် ပျက်စီးခဲ့ရသည့် အတွက် သူတို့ ဖန်တီးခဲ့သော မော်လမြိုင်မှ လက်ရာများက အထူးပင် တန်ဖိုး ရှိနေပြီ ဖြစ်သည်။

မော်လမြိုင်မှ ဗုဒ္ဓဘာသာ စေတီ ပုထိုးများကို ထိန်းသိမ်းစောင့်ရှောက်သင့်သည်မှာ အမှန် ဖြစ်သလို မော်လမြိုင်ရှိ ပျက်စီး လုနီးဖြစ်နေသော ကိုလိုနီ ခေတ်လက်ရာ အမွေ အနှစ်များ ကလည်း ထူးခြားသည့် အတွက် ထိန်းသိမ်း သင့်သည်ဟု မော် လမြိုင်တွင် ကာလရှည်ကြာစွာ နေထိုင်ခဲ့သူ တဦးဖြစ်သော ဒေါက်တာ တင်စိုးကပြောသည်။

သို့သော်လည်း ပေါ်ပေါက် လာခါစ ပြည်နယ် အစိုးရမှာ ကျွမ်းကျင်မှု အားနည်းနေပြီး ယခုတိုင် အာဏာပြင်းနေဆဲ ဖြစ်သည့် စစ်တပ်က အများပြည် သူပိုင် မြေများကို ကိုယ်ကျိုး အတွက်ရောင်းချခဲ့သလို ပြည်သူများကလည်း အဆောက်အဦးဟောင်းများကို တန်ဖိုး ရှိသည် ဟု မမြင်ကြဟု သူကဆိုသည်။

“အစိုးရမှာ အချိန်မရှိဘူး။ ဘတ်ဂျက်မရှိဘူး။ အကြံကောင်းပေးမယ့် သူလည်း မရှိဘူး” ဟု ဒေါက်တာ တင်စိုး က ပြောသည်။

သို့သော်လည်း ရန်ကုန် အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ဦးဆောင်၍ ရန်ကုန်မြို့ရှိ ကိုလိုနီ ခေတ် ဗိသုကာ လက်ရာ အဆောက်အဦးဟောင်းများကို ဖြိုဖျက်ခံရမည့် အန္တရယ်နှင့် ပျက်စီးပျောက်ကွယ်တော့မည့် အန္တရာယ်များမှ ကယ်ဆယ်ရန် ကြိုးစားမှုများ အောင်မြင်နေခြင်းကြောင့် မော်လမြိုင်မြို့အတွက်လည်း မျှော်လင့်ချက် ခပ်ရေးရေးတော့ ရှိနေပါသေးသည်။

( AP သတင်းဌာနမှ Denis D. Gray ၏ Myanmar’s ex-colonial capital captivates with faded glory ကို ဘာသာပြန်ဆိုသည်)

From : ဧရာဝတီ - By: Denis D.Gray

Originally published at - https://burma.irrawaddy.com

Read More »

Thursday, March 23, 2017

တိုင်ပေက မြန်မာစု


မြန်မာစားသောက်ဆိုင် အများဆုံး ရှိရာ ဟွာစင်လမ်း တစ်နေရာ (David Prentice)


ထိုင်ပေမြို့နန်ရှီဂျောင် ရ ထား ဘူတာကနေ ငါးမိနစ် လမ်းလျှောက် ရသော နေရာ၌ ဟွာစင် လမ်းရှိ၏။ သည်လမ်းသည် ကမ္ဘာ မှာလူဦးရေ အထူထပ်ဆုံး နေရာ များထဲမှ တစ်ခုဖြစ်သည်။ ထိုင်ပေ မြို့ ဆွန်ဟီး အရပ်မှာ တည်ရှိပြီး တိုင်ပေရှိ မြန်မာ လူမျိုးများ ဆယ် စုနှစ်များစွာ အခြေချ နေထိုင်လာ ခဲ့သော နေရာဖြစ်သည်။

ယခုအခါ ဟွာစင်လမ်းဟု ခေါ်သည့်နေရာမှာ မြန်မာလူမျိုး လေးသောင်းခန့် နေထိုင်နေကြပြီး အနီးတစ်ဝိုက် ၀န်းကျင် ကလည်း တိုင်ပေသို့နိုင်ငံခြားမှ ရွှေ့ပြောင်း အခြေချ ကြသူ အများဆုံးနေထိုင် ရာနေရာ တစ်ခုဖြစ်၏။

ထို့ကြောင့် ဟွာစင်လမ်း သည် မြန်မာ့အသိုင်းအ၀ိုင်း၏ အ ဓိကကျင်လည်ကျက်စားရာ နေ ရာဆိုသည်ကို ဒွိဟဖြစ်စရာမလို။ လမ်းထဲက ဈေးဆိုင်တွေရှေ့မှာ မြန်မာ ဘာသာဖြင့် ရေးထားသော ဆိုင်းဘုတ်များကို ချိတ်ထား၏။ လမ်းဘေးမှာ လက်ဖက်ရည် သောက်နေသော သက်ကြီးအမျိုး သားတစ်ဦးက သည်ပတ်ဝန်းကျင် ကို မြန်မာ့အငွေ့အသက်များ ယူ ဆောင်လာပေး၏။

ဟွာစင်လမ်း ဘေးတစ်လျှောက်ကစားသောက် ဆိုင်များနှင့် ဆိုင်ငယ်လေးများမှာ မြန်မာဟင်းများကနေအိန္ဒိယမုန့် အထိ အားလုံးရောင်းချနေ၏။ ဈေးချိုသော်လည်း အရသာရှိ သည့် ခေါက်ဆွဲများလည်းရ သည်။ ဒေသခံကုန်စုံဆိုင်များက လည်း ငှက်ပျောအူကဲ့သို့ အရှေ့ တောင်အာရှက အဓိကဟင်းချက် စရာများကို ရောင်းကြ သည်။ ငှက် ပျောအူသည် မြန်မာနိုင်ငံက အ ဓိက စားစရာဟုပြောနိုင်သည့် မုန့်ဟင်းခါးချက်ရာမှာ မပါမဖြစ် အမယ်တစ်ခုဖြစ်သည်။

ဟွာစင်(သို့မဟုတ်) ထိုင်ဝမ် က မြန်မာစုလေး၏ မူလအစမှာ တရုတ်ပြည်တွင်းစစ်အတွင်းက ဖြစ်သည်။ ၁၉၄၀ ခုနှစ်များနှောင်း ပိုင်းမှာ တရုတ်ပြည်တွင်းစစ်ပွဲပြီး ခါနီးမှာ ကွန်မြူနစ်တွေနှင့် တိုက် ခိုက်ကြသော ကူမင်တန် တပ်ဖွဲ့ များသည် နယ်စပ်ကနေ အိမ်နီး နားချင်းမြန်မာပြည်ထဲသို့ ထွက် ပြေးခဲ့ကြရသည်။

ထိုအချိန်က မြန်မာပြည်သည် ဗြိတိသျှပိုင် အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းအ ဖြစ် ရှိနေဆဲဖြစ်၏။ တရုတ်ပြည် တွင်းစစ်ပွဲပြီးသည့်အခါ ကူမင် တန်တို့၏ ခေါင်းဆောင် ချန်ကေ ရှိတ်သည် ရေလက်ကြားကိုကျော် ပြီး တိုင်ပေသို့ထွက်ပြေးခဲ့ရသည်။ ထိုအခါ ကူမင်တန်တပ်ဖွဲ့အ တော်များများအား မြန်မာပြည် မှာ နောက်ချန်ထားခဲ့သည်။

တရုတ်ပြည်မကြီးကို တစ်နေ့ပြန် လည်သိမ်းပိုက်ရန် ညွှန်ကြားချက် ကို သူတို့ကစောင့်စားနေခဲ့ကြ သည်။ ညွှန်ကြားချက်များက မည် သည့်အခါမျှ အကောင်အထည် မဖော်လာခဲ့တော့ပါ။ ထိုအခါသည်တပ်ဖွဲ့ဝင်များသည် မြန်မာပြည်မှာ သောင်တင်ပိတ်မိနေခဲ့ရတော့၏။

တရုတ်ပြည်မကြီးကိုကျူး ကျော်သိမ်းပိုက်မည့် ကူမင်တန် တို့၏ အိပ်မက်က သဲထဲရေသွန် ဖြစ်သွားခဲ့သည့်အခါ မြန်မာမှာ ကျန်ရစ်ခဲ့သူများက သူတို့ဌာနေ တိုင်ပေကို ပြောင်းလာခဲ့ကြသည်။

၁၉၅၄ တွင် မြန်မာပြည်က ကူ မင်တန်စစ်သား ၇၀,၀၀၀ ခန့်နှင့် မှီခိုသူများကို တိုင်ပေမှာလာ ရောက်နေထိုင်ခွင့် ပေးခြင်းခံရပြီး သူတို့သည် တိုင်ပေကိုပြောင်းရွှေ့ လာခဲ့ကြ၏။

တိုင်ပေကိုမြန်မာက နေ ပြောင်းရွှေ့လာသူများမှာ တရုတ်ပြည်တွင်းစစ်မတိုင်မီ နှစ် များစွာကတည်းက မြန်မာမှာ အ ခြေချနေထိုင်ကြသည့် ပြည်ပ ရောက်မြန်မာ တရုတ် များလည်း ပါသည်။

အများစုက တိုင်ပေကို သူတို့၏ နေရာသစ်အဖြစ် ရွေး ချယ်ခဲ့သော်လည်း တခြားရွေး ချယ်စရာများလည်းရှိခဲ့သည်။ ထို့ နောက် တချို့ကလည်း ဟောင် ကောင်နှင့် မကာအိုသို့ ပြောင်း သွားကြသည်။

တချို့ဆိုလျှင် ဘရာဇီးကဲ့သို့ ခပ်ဝေးဝေးအထိကို ပြောင်းသွားကြသည်။ ထိုကနေ နှစ်ပေါင်းများစွာကြာပြီးနောက် ပိုင်းမှာ ပိုပြီးလူများထောင်နှင့်ချီ ကာ တိုင်ပေကို ပြောင်းလာကြ သည်။

တိုင်ပေကို ပြောင်းရွှေ့လာ ခြင်းက အလွန်ဆင်းရဲဒုက္ခရောက် လှသည့်အတွက် ရွှေ့ပြောင်းလာ သူအတော်များများ ထိတ်လန့် တုန်လှုပ်ခဲ့ရသည်။ သူတို့ ပထမ ဆုံးရောက်လာစဉ်က အစိုးရဆီ က အခြေခံလိုအပ်ချက် အ ထောက်အပံများ မရဘဲနေခဲ့ရ သဖြင့် သူနှင့်မိသားစုနေ့တိုင်းလို လို ငိုခဲ့ရသည်ဟု ချန်မေဇူဆိုသည့် ဒေသခံကူမင်တန်ပါတီရုံးမှ အ မျိုးသမီးကပြောကြားသည်။

‘‘ကော်ဖီတို့၊ အိမ်သာသုံး စက္ကူတောင်မရှိခဲ့ဘူး’’ ထိုကုန် ပစ္စည်းများသည် ၁၉၅၀ ခုနှစ်များ ၌ မြန်မာနိုင်ငံမှာ ပေါပေါများများ ရသော ပစ္စည်းများဖြစ်သည်။ ထို အချိန်က မြန်မာမှ တိုင်ပေထက် ချမ်းသာနေသည့် အချိန်ဖြစ်၏။ ထို့အပြင် မြန်မာကပြောင်းလာသူ များသည် တိုင်ပေဒေသခံများဘ၀ နှင့် အသားတကျဖြစ်အောင် လုပ် ရာမှာလည်း မကြာခဏ ဒုက္ခတွေ့ ခဲ့ကြသည်။ ထိုစဉ်က သူတို့တတ် ထားသော မန်ဒရင်းတရုတ်စကား၊ မြန်မာစကားတို့နှင့်အတူ တိုင်ပေ သုံးတရုတ်စကားကိုပါ လေ့လာ ကြရသည်။

လတ်တလောမြန်မာနိုင်ငံ ၏ စီးပွားရေးနှင့် နိုင်ငံရေးအသွင် ပြောင်းလာခြင်းက တိုင်ပေက မြန်မာအသိုင်းအ၀န်းကို အခွင့်အ ရေးများစွာပေးခဲ့သည်။ မြန်မာက အခွင့်အရေးပေးလာသော စီး ပွားရေး အခြေအနေများအပေါ် မှာ အကျိုးအမြတ်ရရေးအတွက် သွင်းကုန်နှင့် ထုတ်ကုန်ကုမ္ပဏီ များက မြန်မာမှာ အလျင်အမြန် သွားဖွင့်ကြသည်။

ယခုအခါ မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ် ဆောင်နေသော တိုင်ပေကုမ္ပဏီ ၂၀၀ ကျော်ခန့်ရှိသည်။ တိုင်ပေ အမျိုးသားလေကြောင်းလိုင်းဖြစ် သော ချိုင်နားအဲဝေးသည် တစ် ပတ်ကို ရန်ကုန်အပြည်ပြည်ဆိုင် ရာ လေဆိပ်သို့ ငါးကြိမ်ကနေ ခြောက်ကြိမ်အထိ ပြေးဆွဲနေ သည်။ ထိုခရီးစဉ်များဖြင့် ၂၀၁၅ ခုနှစ်တွင် တိုင်ပေနိုင်ငံသား ၃၂,၀၀၀ တို့က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြသည်။

တိုင်ပေသမ္မတ ဆိုင်အင်းဝမ်၏ တောင်ပိုင်းအသားပေးမူ ၀ါဒအသစ်နှင့်အတူ တိုင်ပေနိုင်ငံ ၏ စီးပွားရေးကို ပြန်လည် အား ကောင်းအောင်လုပ်ဖို့ တာစူနေပါ သည်။ ထို့ကြောင့် နှစ်နိုင်ငံကြား က အချိတ်အဆက်များကလည်း ပိုပြီးအားကောင်းနက်ရှိုင်းလာ မည်မှာ မလွဲပါ။ ထိုအခါ ထိုင်ပေ မြို့က မြန်မာစုကလေးကလည်း သည်ဆက်သွယ်မှုလမ်းကြောင်း အသစ်များ၏ အချက်အချာဖြစ် လာနိုင်ပါသည်။

(Diplomat မှ ဆောင်းပါးရှင် David Prentice ၏ Taiwan’s little Burma ကို ထားထားမြင့်က ဘာသာပြန်ထားသည်။)

From : 7 day daily - By: ထားထားမြင့်

Originally published at - http://www.7daydaily.com/story/92270

Read More »

Tuesday, March 21, 2017

မြန်မာကို ပြန်လည် ဂုဏ်တက်လာစေမည့် အရာ




သည်အရာတွေ အားလုံး က ထမင်းကြော် တစ်ပန်းကန်ဖြင့် အစပြုခဲ့သည်။

ထိုထမင်းကြော်သည် ခပ်ရိုး ရိုးဖြင့် စားလို့ အရသာ ပြည့်စုံလှ သည့် စားဖွယ် တစ်ခုဖြစ်သည်။ လက်ဝါး အပြည့်ခန့် ခပ်တုတ် တုတ် ပုစွန်တုပ်များ၊ ကြက်သွန် နီ နည်း နည်းနှင့် ပါးပါးလှီးထား သော ဟင်းသီး ဟင်းရွက် များပါ သည်။ အနံ့မွှေးမွှေး ဒေသထွက် ဆန်ရှည် မျိုးဖြစ်သော ပေါ်ဆန်း ထမင်းပေါ်မှာ ဟင်းတွေ အားလုံး ကို ပုံပေးထား၏။ ပေါ်ဆန်း ထမင်းသည် ထမင်းတစ်လုံးချင်းစီ ကွဲနေပြီး ထမင်းစေ့အဖျားမှာ ကော့ညွတ်နေသည်မှာ ဘာစမာ တီဆန်ဖြင့် ချက်ထားသော ထမင်းကို ရှေးဥရောပခေတ် အနု ပညာလက်ရာနှင့် ဖန်ဆင်းထား သည်နှင့်တူလေ၏။

ရန်ကုန်မြို့ အနောက်ဘက် ကနေ ၁၉၅ ကီလိုမီတာကွာဝေး သည့် မြေဆီသြဇာကြွယ်ဝသော ဒေသ၏ အချက်အချာ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ပုသိမ်မြို့သို့ ကျွန်တော်ရောက်ခဲ့သည်။ တစ် ချိန်က ကမ္ဘာမှာ ပြိုင်ဘက်ကင်းခဲ့ သည့် မြန်မာ့ဆန်လုပ်ငန်း၏ အခြေအနေများ မည်သို့မည်ပုံရှိ နေသည်ကို ကိုယ်တိုင်တွေ့မြင် ချင်လိုလှသည့်အတွက်ဖြစ်သည်။

ဗိုလ်ချုပ်နေဝင်း အာဏာ သိမ်းခဲ့သည့် ၁၉၆၂ မတိုင်ခင် ၁၉၅၀ ပြည့်နှစ်များမှာ မြန်မာ သည် ကမ္ဘာမှာ ဆန်အများဆုံး တင်ပို့သည့်နိုင်ငံဖြစ်ခဲ့သည်။ ရန်ကုန်ကလည်း ကမ္ဘာတစ်ဝန်း သို့ ပို့ဆောင်ကြမည့် ဝန်အပြည့် ကုန်တင် သင်္ဘောများဖြင့် အာရှ ၏ အလုပ်အများဆုံးဆိပ်ကမ်း တစ်ခု ဖြစ်ခဲ့သည်။

သို့သော် ဦးနေဝင်း၏ တခြားတိုင်းပြည်များကို မနှစ်မြို့ ကြောက်ရွံ့စိတ်ဖြင့် ဖြစ်လာသော စီးပွားရေးဝါဒများဖြစ်သည့် မြန် မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် လမ်းစဉ်က တိုင်းပြည်၏ အလွန် အရေးပါလှသော ဆန်လုပ်ငန်း တစ်ခုလုံးကို အမြစ်လှန်ပစ်ခဲ့ သည်။ မြန်မာဆန်လုပ်ငန်းသည် ထိုင်းနှင့် တခြားနိုင်ငံများ၏ အပြိုင်အဆိုင်များ နောက်မှာ နောက်ကျကျန်ရစ်ခဲ့သည်။

ထိုကဲ့သို့ မအောင်မြင်သော လမ်းကြောင်းလွှဲ ဆောင်ရွက်မှု များနောက်မှာ သမိုင်းကြောင်း ဆိုင်ရာ အကြောင်းပြချက်တွေရှိ ခဲ့သည်။ ကိုလိုနီခေတ်ကောင်း စဉ်က ဆန်လုပ်ငန်းကို တခြား လုပ်ငန်းအများ စုကဲ့သို့ပင် မြန်မာ လူမျိုးမဟုတ် သူများက ကြီးစိုး ထားခဲ့သည်။ ဆန်စက်၊ ဂိုဒေါင် သိုလှောင်ခြင်း၊ သယ်ယူခြင်း၊ သင်္ဘောတင်ခြင်းများသည်ဗြိတိန် (သို့မဟုတ်) အိန္ဒိယနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များ လက် ထဲမှာ လုံးလုံး လျားလျားရှိနေခဲ့၏။ ဆန်စပါးစိုက်ပျိုးရာ အကောင်း ဆုံးမြေ အတော်များများသည် တောင် ပိုင်းအိန္ဒိယက ချစ်တီးငွေ ချေးသူများ၏ လက်ထဲ ကျ ရောက်ခဲ့ရသည်။ ထို့ကြောင့် မြန်မာလူမျိုးများကြားမှာ နိုင်ငံ ခြားသား နာကြည်းမုန်းတီးစိတ် များ ပိုဆိုးလာစေခဲ့သည်။ ယခု ၂၀၁၇ ၌ မြန်မာက တခြား အာဆီ ယံနိုင်ငံများနှင့် စိုက်ပျိုးရေးလုပ် ငန်းကို လုပ်ကိုင်နေဆဲဖြစ်သည့် နိုင်ငံ၏ လူဦးရေ ၆၁ ဒသမ ၂ ရာခိုင်နှုန်းကို လိုက်မီအောင် ကြိုး စားလာသည့်အချိန်မှာ နိုင်ငံ၏ အဓိကပို့ကုန်ဟောင်း တစ်ခုဖြစ် သည့် ဆန်၏အနာဂတ်ကို တိုး တက်အောင် ပြုလုပ်ရေးမှာ အရေးကြီးလာသည်။

လုပ်ငန်းစဉ်ကတော့ ထင် သလောက်မလွယ်ကူလှ။ မြေဆီ မြေသြဇာ ပေါကြွယ်ဝသော ဧရာ ဝတီဒေသသည် ဆန်စပါးစိုက်ပျိုး နိုင်စွမ်းရှိသည့် တိုင်းပြည်၏ မြေ ဧက ၅၀ ရာခိုင်နှုန်းကျော်ကို ပိုင် ဆိုင်ထားသည်။ သို့သော်လည်း နှစ်ပေါင်းများစွာကြာ လျစ်လျူရှု ထားခြင်းက ဆန်လုပ်ငန်းကဏ္ဍ ကို အတော်ဆိုးဆိုးရွားရွား ပြင် ဆင်မှုမရှိ ဖြစ်ကျန်စေခဲ့သည်။

နယ်ကျေးလက်ဒေသလမ်း များ၊ ဆည်ရေသွင်းမြောင်းများ၊ ဆန်စက်များ၊ သင်တန်းခန်းမများ နှင့် သုတေသနဌာနအများစုမှာ ပြိုကျပျက်စီးမှုမရှိလျှင်တောင် ပြု ပြင်ထိန်းသိမ်းမှု အခြေအနေမှာ အလွန်အားနည်းလှသည်။ ဆန် ကို တိုင်းပြည်၏ အဓိကအစား အစာအဖြစ် ကိုလိုနီခေတ်က ထက်စာလျှင် အရေအတွက် အမြောက်အမြား ထုတ်လုပ်နေ သော်လည်း မြန်မာ့ဆန်မှာ အရည်အသွေးညံ့ဖျင်းသည့် ဆန် အဖြစ် နာမည်ကျော်ကြားမှုကို သာ ရခဲ့သည်။

အလားအလာကောင်းသော ဈေးကွက်ကြီးနှစ်ခု ဖြစ်သည့် တရုတ်နှင့် အိန္ဒိယအကြားမှာရှိ သော သူ၏ မဟာဗျူဟာကျသည့် အနေအထားကို မြန်မာက အသုံး မချနိုင်ခဲ့ပေ။ ထိုဈေးကွက်များကို ပို့မည့်အစား သူ၏ ပြည်ပပို့ဆန် များကို အနောက်အာဖရိကရှိ စား သုံးသူများဆီသို့ ဆန်ကွဲအနေဖြင့် သင်္ဘောတင်ပို့ခဲ့သည်။ အရည် အသွေး ညံ့ဖျင်းလှသည့်အတွက် ကမ္ဘာ့ပေါက်ဈေးထက် များစွာ လျှော့ရောင်းခဲ့ရသည်။

သည်အကြောင်းအရာတွေ က ထမင်းစားအပြီး မကြာခင်မှာ ပင် ကျွန်တော့်ကို ဦးကိုအေးဆီ ရောက်သွားစေခဲ့သည်။ ဦးကို အေးသည် အောင်မြင်သည့် လယ်သမားတစ်ဦးဖြစ်ပြီး ပုသိမ် မြို့လယ်က နာရီဝက်ခန့်သာသွား ရသော နေရာမှာ နေထိုင်သည်။ အိမ်ထောင်ရှင်ဖြစ်ပြီး သမီးနှစ်ဦး ရှိသည်။ သူသည် လယ်ခုနစ်ဟက် တာခန့်ကို ပိုင်ဆိုင်ထားသည်မှာ အနှစ်ငါးဆယ်ကျော်နေပြီဖြစ်၏။

ရေစုပ်စက်ငယ်လေးကို ဝယ်ယူပိုင်ဆိုင်ထားသည့် အ သက် (၅၉)နှစ်ရှိ ဦးကိုအေးက သီးနှံတွေကို တိုးချဲ့စိုက်နိုင်၏။ တစ်နှစ်ကိုနှစ်ခါ စပါးရိတ်သိမ်းရ သည်။ အိမ်နီးနားချင်းများလိုပင် ကြားကာလမှာ သူက ပဲနှင့်ကန် စွန်းကိုလည်း စိုက်ပျိုးသည်။ သည်အပင်တွေက ဖြစ်ထွန်းဖို့ တစ်လမျှသာ အချိန်ယူရ၏။

လယ်ယာအလုပ်က မလွယ် လှပေ။ အောက်ပိုင်းကလယ်များ သည် ရေကောင်းကောင်းရလင့် ကစား ဦးကိုအေးတို့ လယ်သမား များသည် ရာသီဥတုနှင့် ရေအနေ အထား၏ မျက်နှာသာပေးမှု အပေါ်မှာ ရှိနေသည်။ သူက ဓာတုဗေဒ ဆေးဝါးများမသုံးပါ။ ခပ်ရိုးရိုးပုံစံဖြစ်သော်လည်း အခိုင် အခံ့ဆောက်ထားသည့် တိုက် အိမ်မှာ ရေမီးအပြည့်အစုံဖြင့် နေ ထိုင်သူ ဦးကိုအေးက မြန်မာမှာ ဘာတွေဖြစ်လာမလဲဆိုသည့် ရှေ့ပြေးပုံစံတစ်ခု ဖြစ်နိုင်၏။ သို့ သော် အဝေးအဆောက်အအုံများ သို့ သူ့မျက်လုံးကို ဝေ့ဝဲကြည့် လိုက်သောအခါ သူ၏ယုံကြည်မှု တွေက ကျဆင်းသွားသည်။

‘‘လယ်အလုပ်ကရတဲ့ငွေ ထက် လစာကနည်းပေမယ့် လူ ငယ်တွေက အဲကွန်းတပ်ထားတဲ့ စက်ရုံတွေကိုပဲ စိတ်အားသန်ကြ တယ်။ သူတို့တွေ စက်ရုံဆောက် ဖို့ ကျွန်တော်တို့ မြေတွေကို သိမ်းလာမှာကို စိတ်ပူတယ်’’ ဟု ဦးကိုအေးက ရှင်းပြသည်။

သူက ပေါ်ဆန်းစပါးမျိုး တချို့ကိုလည်း စိုက်ထားသည်။ သည်စပါးများက အထူးဂရုစိုက်ဖို့ လိုသလို အကျိုးအမြတ်လည်း ပို များ၏။ တခြား သာမန်စပါးမျိုး ထက် ၂၅ ရာခိုင်နှုန်းလောက် သူ့ ကို ငွေပိုရစေသည်။ အမှန် တကယ်ပင် ပေါ်ဆန်းထမင်းသည် ကျွန်တော် ယခင်ကစားဖူးသမျှ မည်သည့်ထမင်းနှင့်မျှ လုံးဝမတူ ပါ။ ထိုကဲ့သို့ ထင်မြင်မိသည်မှာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ချေ။

၂၀၁၁ တွင် ကမ္ဘာ့ဆန် ညီ လာခံက မြန်မာပေါ်ဆန်းသည် ကမ္ဘာမှာ အရသာအရှိဆုံးဆန်ဖြစ် သည်ဟု ကြေညာခဲ့၏။ ယခင်က နှစ်ကြိမ်ဆက်တိုက် အရသာအရှိ ဆုံးဆန်ဆုကို ဆွတ်ခူးခဲ့သည့် ထိုင်းနိုင်ငံက စပယ်ဆန်ကို အနိုင် ယူခဲ့ခြင်းဖြစ်သည်။

မချက်ခင်က ပေါ်ဆန်းဆန် သည် အီတလီထမင်းကြော်မှာ သုံးသည့် အာဘိုရီယိုဆန်လုံးပုနှင့် တူသည်။ ပုပြီးတို၏။ သို့သော် လည်း ချက်လိုက်ခြင်းက ပေါ် ဆန်းဆန်သည် ဆန်ကိုနှစ်ဆ၊ သုံးဆလောက် အလျားလိုက် ရှည်သွားကာ အညှောင့်ထွက်လာ ပြီး တင့်တယ်လှပသော ဘာစမာ တီဆန်ပုံစံကဲ့သို့ ဖြစ်လာစေ၏။

ယခုအခါတွင် မြန်မာ့စိုက် ပျိုးရေးကဏ္ဍတစ်ခုလုံးကို ပြန် လည်ပြုပြင်တည်ဆောက်ခြင်း စိန်ခေါ်မှုက အလွန်ကြီးမားကျယ် ပြန့်၏။ သို့သော် မဖြစ်နိုင်သည့် အရာတော့ မဟုတ်ပါ။ ယခင်က လည်း လုပ်ခဲ့ကြဖူးပါသည်။ အနှစ် ၃၀ ကြာ နိုင်ငံ၏ ပဋိပက္ခ များအပြီးမှာ ဗီယက်နမ်လူမျိုးများ ဘာတွေအောင်မြင်ခဲ့သလဲ ကြည့် ပါ။

လျှောက်ရမည့်လမ်းက တော့ ရှင်းပါသည်။ ပွင့်လင်းမြင် သာသည့် မူပိုင်ခွင့် အခွင့်အရေး များ၊ ကျေးလက်ဒေသကို ငွေချေး ပေးနိုင်မှုနှင့် အခြေခံဖွံ့ဖြိုးမှု အဆောက်အအုံများမှာ ရင်းနှီး မြှုပ်နှံမှုတို့သည် ဆောင်ရွက်ရ မည့် မူဝါဒမှာ အတူပါဝင်သည့် အရာများဖြစ်သည်။ သို့ရာတွင် အရည်အသွေးညံ့သည့် နာမည် သတင်းကို အလွယ်နှင့် ဖျောက် ပစ်ရန် ခက်ခဲလှ၏။ ဗီယက်နမ် သည် ပြန်လည်နာလန်ထူလာ သော်လည်း သူတို့၏ စိုက်ပျိုးရေး ထုတ်ကုန်များအတွက် ပိုကောင်း သော ဈေးနှုန်းကိုရရှိရန် ရုန်း ကန်နေရသည်။

သို့သော်လည်း မြန်မာမှာ ပေါ်ဆန်းဆန်သည် နိုင်ငံ၏ အမှတ်တံဆိပ်တစ်ခုအနေဖြင့် အဓိကနေရာကို ယူလာနိုင်သည်။ သူ၏ ထူးခြားရှားပါးသည့် အရည် အသွေးကြောင့် ဒေသတွင်းနှင့် ကမ္ဘာ့ဒေသများကပင် အာရုံစိုက် တာကို ခံရနိုင်သည်။ သေချာ သည်က ကျွန်တော်သည် ပေါ် ဆန်းမွှေးကို နှစ်ခြိုက်သူတစ်ဦး ပါ။ များသောအားဖြင့် ကျွန်တော် သည် ကိုယ်စားနေသောဆန်ကို သတိထားမိလေ့မရှိ။ တကယ် တမ်းတွင်မူ ရန်ကုန်မြို့သို့ ပြန် ရောက်သောအခါ နောက်တစ်နေ့ ၌ သိမ်ကြီးဈေးထဲမှာ ပေါ်ဆန်း ဆန်ကို နာရီပေါင်းများစွာ လိုက် ရှာဖွေခဲ့ရသည်။ အိမ်ကိုယူသွား ရန် ဆန်ကီလိုအနည်းငယ်ကို ထုပ်ပိုးခဲ့သည်။ သည်လိုမျိုး ကျွန် တော့်တစ်သက်မှာ တစ်ခါမျှ မလုပ်ဖူးချေ။

ထို့ကြောင့် မြန်မာနိုင်ငံ၏ လက်ရှိ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ အခြေအနေကို စိတ်ဓာတ် ကျနေသူများအတွက် ကိုယ်ပိုင် ဒေသထွက်ပစ္စည်းစစ်မှန်ပြီး ရိုးရာ ဆန်သော အဓိကကျသည့် ထုတ် ကုန်မှာ ပေါ်ဆန်းဆန်သာဖြစ်၏။ သူ၏ မြင့်မားလှသော အဆင့် အတန်းသည် မြန်မာ့ဆန်လုပ်ငန်း ကို ပြန်လည်တည်ဆောက်ပေး နိုင်ပြီး ထိပ်ဆုံးနေရာကို ရယူပေး နိုင်ပါလိမ့်မည်။

(The Straits Times သတင်း စာပါ ဆောင်းပါးရှင် Karim Raslan The grain of rejuvenation in Myanmar ကို ထားထားမြင့် ဘာသာပြန်ဆို သည်။)

(PHOTOS: KARIM RASLAN)

From : 7 day daily - By: ထားထားမြင့်

Originally published at - http://www.7daydaily.com/story/92250


Read More »

Tuesday, March 14, 2017

မြန်မာပြည် မြောက်ဖျားပိုင်းက ကမ္ဘာ့အန္တရာယ် အကြီးဆုံး ကျောက်စိမ်းတူး လုပ်ငန်းကြီး၏ ထိတ်လန့်ဖွယ် ဇာတ်လမ်းများ အကြောင်း




မြေပြိုမှု ဖြစ်ပေါ်သည့် အခါ ရဲမင်းနိုင်သည် တောင်စောင်း ပေါ်တွင် ရှိနေ ခဲ့သည်။ မိုးနှောင်း ကာလ ဖြစ်သော လွန်ခဲ့သည့် ခြောက်လ ခန့်က ဖြစ်ပါသည်။

လူတစ်ရပ်စာခန့် အမြင့်ရှိ ဘီးများ တပ်ဆင်ထားသော ယာဉ်တစ်စီးသည် တောင်စွန်း၌ ကျောက်တုံး များကို စုပုံ ထားရှိ ခဲ့သည်။ ထို့နောက် ရာနှင့်ချီ ရှိသော ကျောက်တူး သမားများကို အဖိုးတန်ကျောက်စိမ်း တွေ့ရှိရန် အလို့ငှာ ယင်းနေရာသို့ စေလွှတ် ခဲ့ကြသည်။

ရဲမင်းနိုင်သည် မြေပြိုမှုကို မမြင်ရခင်က ယင်းအသံကို ကြားဖူးပြီးသား ဖြစ်သည်။ မိုးခြိမ်းသံကဲ့သို့ အသံမျိုးဖြစ်သည်။ သူဘေးနားရှိ လူဖော်ကိုင်ဖက် သူငယ်ချင်း တစ်ဦးမှာ မြေများဖြင့် လုံးဝ ဖုံးအုပ် သွားခဲ့သည်။ ရဲမင်းနိုင်လည်း ထို့အတူပင် ဖြစ်သည်။ အခြားသော ကျောက်တူး သမားများက သူတို့အား ကယ်ထုတ်ခဲ့ကြသည်။

အသက် ၁၉ အရွယ်ခန့် ရှိပြီ ဖြစ်သော သူ့သူငယ်ချင်း ကတော့ ယင်းမြေပြိုမှုကြောင့် မသန်မစွမ်း ဖြစ်သွား ခဲ့ရသည်။ ရဲနိုင်မင်းကတော့ လူသုံးဦး အသက်သေဆုံး သွားခဲ့သည်ဟု ထင်သည်။ သို့သော် မည်သူမှ အတိအကျ မသိကြပါ။ မြန်မာပြည်မြောက်ပိုင်းရှိ ဖားကန့်မြို့တွင် မိုင်းတူးဖော်ရင်း အသက်ဆုံးရှုံး သွားခဲ့ရသည့် အဖြစ် အပျက်များနည်းတူ ယင်းမြေပြိုမှုကိုလည်း ဘယ်သတင်း ဌာနများမှ ဖော်ပြခဲ့ခြင်း မရှိပေ။

ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်းများကို ရှာဖွေတူးဖော်နေကြသည့် ကျောက်တူးသမား အများစုသည် ဆေးစွဲနေကြသူများဖြစ်ပြီး မိသားစုကို စွန့်ခွာ၍ လာရောက် အလုပ် လုပ်နေကြသူများ ဖြစ်ကြသည်။

သဘာဝသယံဇာတများ ထုတ်လုပ်မှုအပေါ် စောင့်ကြည့်လေ့လာသည့် Global Witness အဖွဲ့အစည်းက မြန်မာနိုင်ငံတွင် ၂၀၁၄ ၌ ကျောက်စိမ်းကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၃၁ ဘီလီယံ ရှိသည်ဟု ခန့်မှန်းသည်။

ယင်းပမာဏသည် မြန်မာနိုင်ငံ၏ GDP ထက်ဝက်နီးပါးခန့် ရှိသည်။ ယင်းပြည်နယ်တွင် နေထိုင်ကြသည့် ကချင်တိုင်းရင်းသားများသည် ကျောက်စိမ်းတူးဖော်ရေးကို ထိန်းချုပ်ခွင့် အနည်းငယ်သာ ရှိပါသည်။ ၁၉၉၀ တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် ဖားကန့်တစ်ဝိုက်ရှိ သူတို့ထိန်းချုပ်ထားသည့် နယ်မြေများကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

မော်ဒန်သမိုင်းထဲက သယံဇာတ လုယက်မှုကြီး

ယနေ့အခါတွင်တော့ တပ်မတော် အရာရှိကြီးများနှင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီးများ၊ ကုမ္ပဏီများသာ ကျောက်စိမ်းတူးဖော်ခွင့် ရရှိကြသည်။

ကျောက်စိမ်းသည် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲအတွက် အဟန့်အတားတစ်ရပ်လို ဖြစ်နေသည်။ ကျောက်စိမ်းအများစုကို အိမ်နီးချင်း တရုတ်နိုင်ငံ နယ်စပ်မှ တစ်ဆင့် တရားမဝင် ကုန်သွယ်မှုများပြုလုပ်ခဲ့ကြသည်။

တရားဝင် ရောင်းချသည့် ကုန်သွယ်ခွန် အနည်းငယ်ကိုသာ အစိုးရက ရရှိသည်။ ထို့ကြောင့် Global Witness က မြန်မာ့ကျောက်စိမ်းစီးပွားရေးသည် ‘ခေတ်သစ် သမိုင်းတွင် အကြီးမား ဆုံးသော သဘာဝသယံဇာတ ခိုးဆိုး လုနှိုက်မှုကြီး’ ဖြစ်သည်ဟု ဆိုခဲ့သည်။

နိုင်ငံတကာတွင် စိန်တူးဖော်ထုတ်လုပ်မှုနှင့် ပတ်သက်သော ပဋိပက္ခများကိုသာ အာရုံရနေသဖြင့် မြန်မာနိုင်ငံက ကျောက်စိမ်းတူးဖော် ထုတ်လုပ်မှုမှာ နိုင်ငံ တကာ၏
စောင့်ကြည့်ဝေဖန်မှု ကနေ လွတ်နေသလို ဖြစ်နေသည်။

၂၀၁၆ အောက်တိုဘာလတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာ့ကျောက်စိမ်းနှင့် ပတ္တမြားတင်ပို့မှုအပေါ် ထားရှိခဲ့သည့် အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပစ်ခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲ အောင်မြင်မှုအပေါ် ဆုလာဘ်တစ်ခု ပေးအပ်သည့် အနေနှင့် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် အရပ်ဘက် လူ့အဖွဲ့အစည်းများက ယင်းသို့ အရေးယူ ပိတ်ဆို့မှုကို ဖယ်ရှားလိုက်ခြင်းအပေါ် အံ့သြမှင်တက်ခဲ့ရပြီး ကျောက်စိမ်းလုပ်ငန်းစုတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသေးသည်ဟု ဆိုကြသည်။

မြန်မာအစိုးရသည် သယံဇာတ ထုတ်လုပ်သည့် လုပ်ငန်းစုအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှု ကနေဦး အဖွဲ့အစည်းတွင် လက်မှတ်ရေးထိုး ထားခဲ့သော်လည်း ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် လက်တွေ့အခြေအနေများကတော့ အားရစရာ မကောင်းလှပါ။

ကျောက်စိမ်းတူးဖော်ခွင့် လုပ်ကွက်အနည်းငယ်သာ ရရှိထားသည့် လုပ်ငန်းရှင်တစ်ဦးက “သူတို့တွေ ဒီပုံစံအတိုင်းတာ ဆက်တူးနေရင် နောက် အနှစ် ၂၀ ကြာရင် ကျောက်စိမ်းတွေ ကုန်သွားလိမ့်မယ်။ ၁၀ နှစ်နဲ့တောင် ကုန်သွားကောင်း ကုန်သွားနိုင်တယ်” ဟု ဆိုသည်။

ကချင်ပြည်ရဲ့ ကျိန်စာ

ဆိုးဆိုးရွားရွား မတော်တဆ ဖြစ်ရပ်များလည်း ဖားကန့်တွင် မကြာမကြာ ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၅ အောက်တိုဘာတွင် မြေပြိုမှုကြောင့် ကျောက်တူးသမား ၂၀၀ ခန့် သေဆုံးသွားခဲ့ရသည့် ကြီးကြီးမားမား ဖြစ်ရပ်မျိုးသာ သတင်းမီဒီယာများတွင် ဖော်ပြကြသည်။

ဖားကန့်မြို့ရှိ အစိုးရ အရာရှိများက ထုတ်ပြန်သည့် မှတ်တမ်းများအရ လွန်ခဲ့သည့် တစ်နှစ်ခွဲအတွင်း ကျောက်စိမ်းတူးဖော်မှုကြောင့် ဖြစ်ပေါ်ခဲ့ရသည့် မတော်တဆများကနေ လူပေါင်းရာနှင့်ချီ သေဆုံးခဲ့ရသည်ဟု သိရသည်။

သို့သော် ဒေသခံများကတော့ ဒီထက်ပိုများသည်ဟု ဆိုသည်။ ကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIA အဖွဲ့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်လျက် ရှိသည်။

“ကချင်ပြည်နယ်မှာ ကျောက်စိမ်းမရှိရင် စစ်ပွဲတွေလည်း ရှိမှာမဟုတ်ပါဘူး၊ ကျွန်တော်တို့ဟာ ဒီကျောက်စိမ်းမြေပေါ်မှာ နေတယ်၊ အိပ်တယ်။

ဒါပေမဲ့ ကျောက်စိမ်းကတော့ ကချင်ပြည်နယ်ရဲ့ ကျိန်စာလို ဖြစ်နေတယ်” ဟု တပ်မတော်က ဖားကန့်ကို မထိန်းချုပ်ခင် ကျောက်စိမ်းတူးဖော်ခွင့် လုပ်ကွက် ကြီးကြီးမားမား ရရှိခဲ့သည့် ကချင်တိုင်းရင်းသား Yup Zaw Hkawng က ဆိုသည်။

ယခုအခါတွင် အတိုက်အခံ ခေါင်းဆောင်များနှင့် ယခင်ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက မြန်မာအစိုးရ ဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။

သို့သော် တပ်မတော်မှာ ယခုအချိန်ထိတိုင် နိုင်ငံ၏ အာဏာကို တစ်စိတ်တစ်ပိုင်း ရယူထားဆဲ ဖြစ်သည်။ “ကျောက်စိမ်းစီးပွားရေး သတင်းအချက်အလက်တွေ အပြင်ကို ပေါက်ကြားခွင့် ပေးလိုက်ရင် ပြုပြင်ပြောင်းလဲလူသူတွေ အတွက် ဒီကျောက်စိမ်းလုပ်ငန်းစုကို ထိန်းချုပ်ထားတဲ့ သူတွေကို ဖိအားပေးဖို့ ခက်ခဲသွားစေလိမ့်မယ်” ဟု Global Witness အဖွဲ့၏ အကြီးတန်း စည်းရုံးလှုံ့ဆော်ရေး အရာရှိ Juman Kubba ကဆိုသည်။

သူသည် မြန်မာနိုင်ငံရှိ ကျောက်စိမ်းကုန်သွယ်ရေး အကြောင်းကို နှစ်များစွာ လေ့လာခဲ့သူတစ်ဦး ဖြစ်သည်။ မနှစ်က သူနှင့် သူ့လုပ်ဖော်ကိုင်ဖက်များသည် ဖားကန့်သို့ သွားရောက်ခွင့်မရခဲ့ပါ။ ဇန်နဝါရီတုန်းကလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ရန်ဟီးလီသည် ဖားကန့်သို့ သွားရောက်ခွင့် ပိတ်ပင်ခံခဲ့ရခြင်းအပေါ် စောဒက တက်ခဲ့သည်။

တစ်ချိန်က နတ်ပြည်၊ ခုတော့ ငရဲ. .

ပြီးခဲ့သည့် ဇူလိုင်လက NLD အစိုးရသည် ကျောက်စိမ်းတူးဖော်ရေး လိုင်စင်အသစ်များ ထုတ်ပေးခြင်းနှင့် တည်ဆဲလုပ်ငန်းများ သက်တမ်း တိုးပေးခြင်း တို့ကို ခေတ္တ ရပ်နားမည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။

ဖားကန့်တွင် သဘာဝပတ်ဝန်းကျင် သက်ရောက်မှု စစ်တမ်းကောက်ယူမှုများ ပြုလုပ်နေစဉ်အတွင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းပေါင်း ၂၀၀၀ ကျော်ခန့်အား တူးဖော်ရေး လုပ်ငန်းများကို ရပ်နားရန် အမိန့်ထုတ်ပြန်ခဲ့သည်။ အဆက်အသွယ်ကောင်း ရှိသော ကျောက်စိမ်းတူးဖော်ရေးကို အကြီးအကျယ် လုပ်ဆောင်နေသည့် လုပ်ငန်းတချို့မှာမူ ယခုထိတိုင် တူးဖော်နေဆဲ ဖြစ်သည်ဟု လုပ်ငန်းရှင်အချို့က ဆိုသည်။

“NLD အစိုးရမှာ ဘာအာဏာမှ မရှိပါဘူး။ ဘာနဲ့သွားတူနေသလဲဆိုရင် ကျွန်တော်တို့မှာ အစိုးရလုံးလုံးကြီး မရှိသလို ဖြစ်နေတယ်။ စစ်တပ်က သူတို့ကြိုက်တာ လုပ်လို့ရနေတယ်” ဟု ကချင်ရပ်ရွာအရေး တက်ကြွလှုပ်ရှားသူ Lamai Gum Ja က ဆိုသည်။ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်အနည်းငယ်ကို ရရှိထားသည့် လုပ်ငန်းရှင်တစ်ဦးက “ကျွန်တော် ဒီနေရာကို လာတဲ့အချိန်တိုင်း ကျောက်တူးသမားများ ကျောက်တူးခွင့်ကို ဘယ်လိုလျှောက်ရမလဲ၊ မြေပြိုတဲ့ အန္တရာယ်က ကာကွယ်နိုင်အောင် ဆောင်ရ၊ ရှောင်ရမယ့် အချက်တွေ အစရှိတဲ့ လုံခြုံရေး စည်းမျဉ်းများအတိုင်း လိုက်နာခြင်း မရှိတာကို တွေ့လိုက်ရတယ်။

အရင်တုန်းက ဒီဒေသက အရမ်းလှတယ်။ အခုတော့ ငရဲလို ဖြစ်သွားပါပြီ” ဟု ဆိုသည်။

ဖားကန့်သည် အပြင်လောကနှင့် အဆက်သွယ်ပြတ်ပြီး ဥပဒေမဲ့ နေရာလို ဖြစ်နေရသည်။ ဖော်ထုတ်ရှင်းလင်း မပြနိုင်တဲ့ လူသေဆုံးမှုများကလည်း ပုံမှန်လို ဖြစ်ပေါ်လျက် ရှိသည်။ များမကြာခင်တုန်းက ကျောင်းဆရာမတစ်ဦး၏ ဦးခေါင်း သေနတ်ထိမှန်ခဲ့သည်။

အဲ့မတိုင်ခင်နေ့က ကျောက်စိမ်းကုန်သည်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့သည်။ မနှစ်က ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီနှစ်ခု၏ ရုံးချုပ်များ ဗုံးခွဲခံခဲ့ရသည်။

နိုဝင်ဘာလတုန်းက Hmaw Sisar လုပ်ကွက်တွင် ကျောက်တူးသမားတစ်ဦးကို စစ်ထောက်လှမ်းရေး (သို့မဟုတ်) KIA (ယင်းအကြောင်း ပြောပြသည့် သူအပေါ် မူတည်ပြီး) က ပစ်သတ်သွားခဲ့သည်။ “ဖားကန့်မှာ ဥပဒေမရှိဘူး။ ကျွန်တော်တို့ ဘယ်သူ့ကို ယုံကြည်ရမလဲ မသိဘူး” ဟု လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ဦးက ဆိုသည်။

ကျောက်စိမ်းဆိုတာ သူတို့ရဲ့ စစ်သုံးစရိတ်

တပ်မတော်နှင့် KIA အကြား ဖြစ်ပေါ်နေသည့် တိုက်ပွဲများကလည်း ယင်းအခြေအနေကို မီးလောင်ရာ လေပင့်သလို ဖြစ်နေသည်။ ခရစ်ယာန် ဘာသာဝင် အများစု
နေထိုင်သည့် ကချင် တိုင်းရင်းသား ဒေသခံ များက ဗုဒ္ဓဘာသာ ဗမာတိုင်းရင်းသား များ၏ အုပ်ချုပ်မှုကို သည်းမခံနိုင် ဖြစ်ခဲ့သည်မှာ ကြာမြင့် ခဲ့ပြီ ဖြစ်သည်။

မြန်မာအစိုးရနှင့် ၁၇ နှစ်အကြာ နှစ်ဖက်အပစ်ရပ်ခဲ့ရာမှ ၂၀၁၁ တွင် တိုက်ပွဲများ တစ်ဖန်ဖြစ်ပွားခဲ့သည်။ ဖားကန့်ဒေသ အနီးတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ရာ လူပေါင်း တစ်သိန်းကျော် နေရပ်မှ စွန့်ခွာကာ စစ်ဘေးရှောင်ခဲ့ရသည်။ ဖေဖော်ဝါရီလတွင် KIA က တပ်မတော်မှ ဖားကန့်အနီးတစ်ဝိုက်ကို ထိုးစစ်များ ဆင်နေကြောင်း ထုတ်ဖော်ပြ ခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုး ကြရန် တိုက်တွန်းခဲ့သည်။

ပဋိပက္ခတွင် နှစ်ဖက်စလုံးက သူတို့၏ အသုံးစရိတ်ကို ဖြည့်တင်းနိုင်ရန် ကျောက်စိမ်းကို အသုံးပြုကြသည်။ ကချင်လူမျိုးများ မဟုတ်သည့် ကျောက်တူးသမား အများစုက တိုက်ပွဲတွေ ပြင်းထန်လာစဉ် ကတည်းက KIA သည် ၎င်းတို့အား ကျောက်စိမ်းရောင်းရငွေကနေ ကောက်ခံသည့် ဆက်ကြေးငွေကို မြှင့်တင်ခဲ့သည်ဟု စောဒက တက်သည်။

Kayin Gyaungကျောက်တွင်းမှ ကျောက်တူးသမား အောင်သာထွန်းက “ဒီမြေက သူတို့မြေဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ သူတို့ကို ပိုက်ဆံပေးရမယ်လို့ KIA က ပြောတယ်။ ကျွန်တော်တို့က မပေးဘူးဆိုရင် သူတို့က ကျွန်တော်တို့ကို သတ်လိမ့်မယ်” ဟု ဆိုသည်။

KIA အဆင့်မြင့်အရာရှိများက ကျောက်စိမ်းကနေ ရရှိသည့် အခွန်ငွေမှာ KIA ၏ အဓိက ရန်ပုံငွေ ဖြစ်သည်ဟု ဆိုသည်။ သို့သော် တပ်မတော်နှင့် ခရိုနီများသည်
ကျောက်စိမ်းကနေ အကျိုးအမြတ် ပိုမိုရရှိလျက်ရှိသည်။

Global Witness က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖားကန့်ဒေသရှိ အဓိက ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များကို လက်ဝါးကြီး အုပ်ထားသည့် ကုမ္ပဏီများမှာ ယခင်တပ်မတော်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ယခင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်တို့ အပါအဝင် တပ်မတော် အရာရှိကြီး များနှင့် ၎င်း၏ မိသားစုများက ပိုင်ဆိုင်သည့် ကုမ္ပဏီများဖြစ်ကြောင်း ဆိုထားသည်။

တပ်မတော်နှင့် ချိတ်ဆက်နေသည့် လုပ်ငန်းစုကြီး ဖြစ်သော ဦးပိုင်ကုမ္ပဏီသည်လည်း ကျောက်စိမ်းလုပ်ကွက် များစွာကို ပိုင်ဆိုင်ထားသည်။ မြန်မာနိုင်ငံတွင် အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည့် ‘ဝ’ ပြည် တပ်မတော်၏ ခေါင်းဆောင်ဟောင်း Wei Hsueh-Kang သည်လည်း ဖားကန့်တွင် အရေးပါသူ တစ်ဦး ဖြစ် သည်ဟု ဒေသခံများက ဆိုသည်။

အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက သူ့အား အရှေ့တောင်အာရှနှင့် တစ်ကမ္ဘာလုံးတွင် ဘိန်းမှောင်ခို ကုန်သွယ်မှုကို အဓိက ကြီးစိုးထားသူဟု စွပ်စွဲထားပြီး သူရှိရာ နေရာကို သတင်းပေးနိုင်သူအား အမေရိကန်ဒေါ်လာ ၂ သန်း ချီးမြှင့်မည်ဟု ထုတ်ပြန်ကြေညာထားသည်။

ဗမာပိုင်တာ ဆံချည်တစ်မျှင်မျှသာ၊ တရုတ်ကသာ. .

ဒေသခံ ကုမ္ပဏီများသည် (ဗမာက ပိုင်ဆိုင်သည်ဖြစ်စေ၊ တိုင်းရင်းသားက ပိုင်ဆိုင်သည်ဖြစ်စေ) ကျောက်စိမ်းတူးဖော်ရေးကို တရားဝင် လုပ်ခွင့်မရသည့် တရုတ် ကုမ္ပဏီများ အတွက် မကြာခဏ အလုပ် လုပ်ပေးနေကြခြင်း ဖြစ်သည်။

ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦးက “ကျောက်စိမ်းလုပ်ငန်းစု၏ ခေါင်းတွင် ဆံပင်များ ရှိနေဆိုကြပါစို့၊ ဆံချည်တစ်မျှင်ဟာ ဗမာဆိုရင်၊ ကျန်တာတွေက တရုတ်ဟာတွေ ချည်းပဲ” ဟု ဆိုသည်။

များမကြာမှီ နှစ်များက တရုတ်က တည်ဆောက်မည့် ရေကာတာနှင့် ကြေနီး တူးဖော် ထုတ်လုပ်မှုများ မပြုလုပ်ရန် ဆန့်ကျင် ဆန္ဒပြပွဲများကို ကျင်းပပြုလုပ်ခဲ့ကြသည်။

သို့သော် ကျောက်စိမ်းစီးပွားရေး လုပ်ငန်းမှာ ရှုပ်ထွေးမှုများစွာ ရှိနေသည့် အတွက် မြန်မာများသည် ဘယ်အရာကို ဆန့်ကျင်ရမလဲဆိုတာ သိဖို့ ခက်ခဲနေသည်။

“တရုတ်ဟာ ကျောက်စိမ်းလုပ်ကွက် အားလုံးနီးပါး ထိန်းချုပ်ထားတယ်ဆိုတာ လူတိုင်းက သိတယ်။ ကျွန်တော်တို့ သိတယ်။ ဒါပေမဲ့ အဲ့ဒါနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်နိုင်ပါဘူး” ဟု ကချင်အရေး တက်ကြွလှုပ်ရှားသူ Lamai Gum Ja က ဆိုသည်။

ကျောက်တူးသမား ၇၅ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအကြား ဘိန်းစွဲနေကြသည်ဟု ဖားကန့်ဒေသခံများက ဆိုသည်။ သူတို့သည် ဆေးထိုးအပ်များကို အမြဲပင် မျှဝေသုံးစွဲကြသည်။ သိန်းသန်းမျိုးသည် Hmaw Sisar လုပ်ကွက်တွင် ၁၂ နှစ် အလုပ်လုပ်ခဲ့သူဖြစ်သည်။ သူ့တွင် HIV ရောဂါရှိကြောင်း သူသိပြီး နောက်ပိုင်းလည်း ဘိန်းကို ဆက်လက်သုံးစွဲနေခဲ့သည်။ ကချင် NGO တစ်ခုက ဖားကန့်ကျောက်တူးသမား ထက်ဝက်ကျော်သည် ရောဂါပိုးများ ရှိသည်ဟု ဆိုသည်။

ဒီဇင်ဘာလတုန်းက သိန်းသန်းမျိုးသည် ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားသို့ သွားရောက်ကာ ကက်သလစ် HIV ကုသရုံတွင် ရောဂါကုသမှု ခံယူခဲ့သည်။

သီတင်းပတ်အနည်းခန့် အကြာတွင် သူသည် နေပြန်ကောင်းလာပြီး လုပ်ငန်းခွင် ပြန်ဝင်ရန် ဖားကန့်သို့ ပြန်လာခဲ့သည်။ သူ့အား လွန်ခဲ့သည့် လအနည်းငယ်ခန့် Hmaw Sisar လုပ်ကွက်တွင် မြေပြိုစဉ်အခါက ကျောက်တုံးများအကြား လည်ပင်းထိ နစ်မြုပ်သွားခဲ့သည့် သူနှင့် တွေ့ဆုံခဲ့ ကြောင်းပြောသည့်အခါ သူပခုံးကို တွန့်ပြပြီး ယခုလို ဆိုသည်။

“ကျွန်တော်မျက်စိရှေ့မှာ လူတွေ သေတာကို တွေ့ခဲ့ရတယ်။ ကျောက်စိမ်းလုပ်ကွက်တွေ အတွင်းမှာ လူတွေအမြဲပဲ သေဆုံးနေရတာပါ၊ ဒါပေမဲ့ ကျွန်တော့် အိပ်မက်တွေ ကိုတော့ အပျက်စီး မခံဘူး။ ကချင်ပြည်နယ် ကျောက်စိမ်းမြေမှာ ကျောက်သွား တူးရင် ချမ်းသာသွားကြတဲ့ လူတွေ အများကြီး ရှိပါတယ်။ နောက်ဆုံး တစ်ကြိမ် ကျွန်တော် သွားဦးမယ်။ ချမ်းသာကြွယ်ဝအောင် ကျွန်တော် လုပ်နိုင် ပါသေးတယ်ဗျ”

Ref: Time Magazine

From : The Voice Myanmar

Originally published at - http://thevoicemyanmar.com/article/6947-mnp

Read More »

Friday, February 10, 2017

အမေရိကန်ရှိ တရုတ် ရင်းနှီးမြှုပ်နှံမှု စံချိန်တင်၊ သို့သော် ရှေ့တွင် အတားဆီးများ ရှိလာနိုင်




အမေရိကန် ပြည်ထောင်စုရှိ တရုတ် ရင်းနှီး မြှုပ်နှံမှုမှာ ၂၀၁၆ ခုနှစ် တွင် ယခင်နှစ် စုစုပေါင်း တန်ဘိုးထက် ၃ ဆ ရှိသည့် ဒေါ်လာ ၄၅ ဘီလီယံ အထိ ရောက်ရှိ ခဲ့သည်။

ရည်မှန်း ထားသော M&A (ကုမ္ပဏီများ ပူးပေါင်းခြင်းနှင့် ပိုင်ဆိုင်မှု လွှဲပြောင်းခြင်း) လုပ်ဆောင် ချက်များနှင့် အမေရိကန် စီးပွားရေး မျှော်မှန်းချက် များက ၂၀၁၇ ခုနှစ်ကို စီးပွားရေး စန်းထ ဦးမည့် နှစ်တနှစ် အဖြစ် ရှုမြင်ကြသည်။

သို့သော်လည်း နိုင်ငံရေးရာသီဥတု အပြောင်း အလဲကြောင့် တရုတ် ရင်းနှီးမြှုပ်နှံမှု များအဖို့ ကောင်းသော ကြိုဆိုမှု ဖြစ်နိုင်မည် မဟုတ်ချေ။

“တရုတ် ရင်းနှီးမြှုပ်နှံ သူတွေကို အမေရိကန် အစိုးရ အရာရှိတွေက အထူး ဂရု တစိုက် စောင့်ကြည့် နေတယ်။ ကွန်ဂရက် လွှတ်တော် ထဲမှာလည်း တရုတ်နဲ့ ဆက်စပ်
နေတဲ့ လုပ်ငန်းတွေကို အာရုံစိုက်ဖို့ တိုက်တွန်းနေတဲ့ အမတ် တော်တော် များများ ရှိနေတယ်။”ဟု ကရိုလ် အကြံပေး အဖွဲ့ လက်ထောက် အုပ်ချုပ်မှု ဒါရိုက်တာ ဒန်နီယယ် ရို့စ်ဆင်သယ်က ဆိုသည်။

ရိုစ့်ဆင်သယ်မှာ ယခင်က အိုဘားမား အစိုးရအဖွဲ့ အတွက် သမ္မတ ကိုရော အမျိုးသား လုံခြုံရေး အကြံပေးများ ကိုပါ အကြံပေး တာဝန်ယူ ခဲ့သူဖြစ်သည်။

လွန်ခဲ့သောငါးနှစ်ကာလအတွင်း အမေရိကန်ပြည်ထောင်စုရှိ တိုးတက်လာနေသော တရုတ်ရင်းနှီးမြှုပ်နှံမှုများအပေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မတီက သုံးသပ် စစ်ဆေးသည့် အကြိမ်ပေါင်း မှာလည်း တိုးများလာခဲ့သည်။

အဆိုပါကော်မတီ (CFIUS committee on Foreign Investment in the United States ) မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများက အမျိုးသား လုံခြုံရေးဆိုင်ရာအပေါ် သက်ရောက်မှုများကို သုံးသပ်သည့် ပြည်ထောင်စု အဖွဲ့အစည်း ဖြစ်သည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုများ တချိန်လုံးမြင့်တက်လာ

၂၀၁၆ ခုနှစ် အတွင်း ပြည်တွင်း စီးပွားရေး ပြဿနာများနှင့် တရုတ်ငွေ တန်ဖိုး ကျဆင်းမှု များကြောင့် တရုတ်ပြည်မှ နိုင်ငံခြား တိုင်းပြည်များသို့ အရင်းအနှီး စီးထွက် မှုမှာ မြင့်တက်ခဲ့ သည်။

ရိုဒီယမ်အုပ်စု သုတေသနအဖွဲ့၏ အစီရင်ခံစာအရ တရုတ်အရင်းအနှီးများ ထွက်ပြေးရာတွင် အမေရိကန်ပြည်ထောင်စုမှာ အများဆုံးအကျိုးအမြတ်ရခဲ့သူဟု ဆိုလေသည်။

“အမေရိကန်စီးပွားရေးအတွင်း တရုတ်တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၀၀ ခုနှစ်မှ ယခုချိန် အထိ အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ အထိရှိလာသည်” ဟု အစီရင်ခံ စာတွင် ဖော်ပြ ထားသည်။

တရုတ်ရင်းနှီးမြှုပ်နှံသူများ ပစ်မှတ်ထားသော စက်မှုလုပ်ငန်းအမျိုးအစား များမှာလည်း ၂၀၁၆ ခုနှစ်အတွင်းတိုးများလာသည်။ အိမ်ခြံမြေလုပ်ငန်းနှင့် ဟိုတယ်ခရီးသွား လုပ်ငန်းများအတွင်း ရင်းနှီးမြှုပ်နှံမှုမှာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၃၇ ရာခိုင်နှုန်း ရှိသည်။

ကုမ္ပဏီများပူးပေါင်းခြင်းနှင့် ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းနည်းဖြင့် ရင်းနှီးမြှုပ်နှံသည့် အများစုမှာ တရုတ်ကုမ္ပဏီများ ဖြစ်ကြသည်။ ဂရင်းဖီးလ်ပရောဂျက်ခေါ် မူလကဘာမျှ မရှိသည့် နယ်မြေပေါ်တွင် ကုမ္ပဏီလုပ်ငန်းများ စတင်တည်ထောင်ရသည့် လုပ်ငန်းများကိုလည်း တရုတ်ကုမ္ပဏီများက တိုးချဲ့လုပ်ကိုင်လာကြသည်။ သို့သော် မူလ လည်ပတ်နေ ပြီးသား ကုမ္ပဏီကို ဝယ်ယူပြီး လုပ်ကိုင်သော ကုမ္ပဏီ လုပ်ငန်းများနှင့် နိုင်းယှဉ်ပါက အဆိုပါ ဂရင်းဖီးလ် ပရောဂျက်များမှာ ပမာဏ အားဖြင့် သေးငယ် ကြသည်။

လုပ်ငန်းလွှဲပြောင်းရောင်းချမှုများ၏ ၂၁ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံတော်ပိုင်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများဖြစ်ပြီး မဟာဗျူဟာကျသည့် ရင်းနှီးမြှုပ်နှံများမှာ ငွေကြေး ဆိုင်ရာ ရည်မှန်းချက်များထက် ပိုမိုလွန်ကဲသည်။ အကယ်၍ စီးပွားရေးအခြေအနေများ အပြောင်းအလဲ မရှိပါက အမေရိကန်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများမှာ ယခုနှစ်တွင် ဆက်လက်ကြီးထွားလာပေလိမ့်မည်။

“အမေရိကန်၏ တိုးတက်နိုင်ခြေရှိမှုအလားအလာမှာ ဥရောပနှင့်အခြားဖွံ့ဖြိုးပြီး နိုင်ငံများမှာ ထက် ပိုမိုကောင်းမွန်သည်။ တရုတ်ယွမ်ငွေ တန်ဖိုးနှင့် ယှဉ်သည့် ဒေါ်လာ တန်ဖိုး မြင့်တက် လာနိုင်ခြေရှိမှုကလည်း အမေရိကန် အက်ဆက်များကို တရုတ်တို့ တိုး၍ ဝယ်ယူ လာစေသည့် အခြေခံ အကြောင်းရင်းတရပ်ဖြစ်သည်” ဟု ရိုဒီယမ် အစီရင်ခံစာက ဆိုလေသည်။

ထို့အပြင် တရုတ်ကုမ္ပဏီများနှင့် ၂၁ ဘီလျံဒေါ်လာတန်ဖိုးရှိသည့် M&A (ကုမ္ပဏီများ ပူးပေါင်းခြင်းနှင့် ပိုင်ဆိုင်မှု လွှဲပြောင်းခြင်း) အရောင်း အဝယ်များ ပြုလုပ်ရန်
စောင့်ဆိုင်းလျက်ရှိနေပြီး စုစုပေါင်းတန်ဖိုးအားဖြင့် ၇ ဘီလျံဒေါ်လာ တန်ဖိုးရှိသည့် ဂရင်းဖီးလ် ပရောဂျက်များမှာလည်း ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း အစီရင်ခံစာက ဆိုလေသည်။

မည်သို့ပင်ဆိုစေ တရုတ်ပြည်တွင်းနှင့် အမေရိကန်၏ နိုင်ငံရေး မသေချာမရေရာမှုများက M&A (ကုမ္ပဏီများပူးပေါင်းခြင်းနှင့် ပိုင်ဆိုင်မှုလွှဲပြောင်းခြင်း) အရောင်းအဝယ် စန်းပွင့်မှုကို အဟန့်အတားဖြစ်စေလိမ့်မည်။

မကြာသေးခင်က ပီကင်းအစိုးရအနေဖြင့် နိုင်ငံရပ်ခြား သွားရောက်ရင်းနှီးမြှုပ်နှံမှု အတည်ပြုချက်ရယူရန်ကိစ္စကို ပိုမိုခက် ခဲအောင်လုပ်လိုက်ခြင်းမှာ အရင်းအနှီး စီးထွက် မှုများကို ကန့်သတ် ထိန်းချုပ်ရန်ဖြစ်ဖို့ များလေသည်။

ထို့အပြင် အမေရိကန်ပြည်ထောင်စုကလည်း အမျိုးသားလုံခြုံရေး ခြိမ်းခြောက်လာနိုင်သည့်အတွက် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံရေးအရရော ဥပဒေစည်းကမ်းများ အရပါ အနီးကပ် စောင့်ကြည့်ခြင်းကို တိုးမြှင့်လုပ်ဆောင် လာနေသည်။

ထရမ့်၏ အုပ်ချုပ်ရေးအောက်မှ CFIUS

အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စများအပေါ်တွင် အရွေးကောက်ခံအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် သမ္မတအိုဘားမားထက် ပိုမို၍ တင်းတင်းမာမာ ရပ်တည်သွားလိမ့်မည် ဟု အများက မျှော်လင့်ထားကြသည်။

မည်သို့ဆိုစေကာမူ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအတွက် တံခါးဖွင့်ထားခြင်းက အမေရိကန်အစိုးရ၏အဓိက ပေါ်လစီတရပ်အဖြစ် အနည်းဆုံး နှစ်ပေါင်း ငါးဆယ်ခန့် ရှိနေခဲ့ပြီး ဖြစ်ပေသည်။

“ကာတာလက်ထက်မှစ၍ သမ္မတတိုင်းက အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု(FDI)အတွက် တံခါးဖွင့်ထားသည့် ပေါ်လစီကို အတည်ပြုကြောင်း တရားဝင် ကြေညာချက်ထုတ်ပြန်လေ့ရှိခဲ့သည်။

လာမည့် သမ္မတကလည်း ဤပေါ်လစီကိုပင် ဆက်လက်စွဲကိုင်လိမ့်မည်ဟု ယုံကြည်ရန် အကြောင်းရင်းများစွာရှိသည်”ဟု ကွန်ဗင်တန်နှင့် ဘာလင်း LLP ဥပဒေအကျိုးဆောင်အဖွဲ့က သူတို့၏ ဘလော့တွင် ရေးသားထားသည်။

ထို့အပြင် ထရမ့်အစိုးရအနေဖြင့် CFIUS (committee on Foreign Investment in the United States) ၏လုပ်ပိုင်ခွင့်များကို တိုးချဲ့မည်လား သို့မဟုတ် စစ်ဆေး သုံးသပ်သည့် လုပ်ထုံးလုပ်နည်းများကို ပြောင်းလဲပစ်မည်လား ဆိုသည်ကို မှန်းဆပြောဆိုရန် ယခုအချိန်မှာ စောလွန်းနေသေးသည်ဟု ဥပဒေအကျိုးဆောင်အဖွဲ့က ဆိုသည်။

CFIUS မှာ ဘဏ္ဍာရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် “နိုင်ငံခြားလွှဲပြောင်း ရောင်းချမှုများနှင့် ပတ်သက်၍ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာနိုင်ခြေရှိမှုများအား သုံးသပ်စစ်ဆေးသည့်” အင်တာ-အေဂျင်စီ (ဌာနဆိုင်ရာနှင့်အေဂျင်စီများပူးပေါင်း) ကော်မတီ ဖြစ်သည်။

သို့သော်လည်း ချက်ချင်းလက်ငင်း အပြောင်းအလဲလုပ်ရန်လိုအပ်သော ကဏ္ဍများလည်း ရှိနေသည်။ ဥပမာ CFIUS က စစ်ဆေးသုံးသပ်နိုင်သည့် လွှဲပြောင်းရောင်းချမှု များ၏ နယ်ပယ် အဝန်း အဝိုင်းကို ထရမ့် အစိုးရက တိုးချဲ့လာနိုင်သည်ဟု ရို့စ်ဆင်သယ်ကဆိုသည်။

“CFIUS က အခုလောလောဆယ် ဂရင်းဖီးလ် ရင်းနှီးမြှုပ်နှံမှုတွေကို စစ်ဆေးသုံးသပ်ပိုင်ခွင့် မရှိသေးပါဘူး။ ကုမ္ပဏီတခုဟာ အမေရိကန်ပြည်တွင်းမှာ လုပ်ငန်းသစ် တခုကို စတင်နိုင်ပြီး အခြားကုမ္ပဏီကလူတွေကို ငှာရမ်းအသုံးပြုနိုင်တယ်။ နောက်ပြီး ယှဉ်ပြိုင်နိုင်အောင် ကူညီ ထောက်ပံ့မှု ပေးမယ်။ ဒီလိုနဲ့ ဖြည်းဖြည်းချင်း အမေရိကန်ကုမ္ပဏီတခုအဖြစ်တည်ထောင်၊ နောက်တော့ အမေရိကန်အစိုးရအတွက် အထိခိုက်မခံနိုင်တဲ့ လုပ်ငန်းတွေ လုပ်လာတယ်” ဟု သူကပြောလေသည်။

ထို့ပြင် CFIUSတွင် – အမေရိကန်နိုင်ငံတွင်းသို့ (သို့မဟုတ်) အမေရိကန်ပိုင်လက်ခွဲ ကုမ္ပဏီများသို့ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ရောင်းချသည့် နိုင်ငံခြား ကုမ္ပဏီ များ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ် တရားစီရင်ပိုင်ခွင့်အာဏာ မရှိချေ။ CFIUS ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်အရ သမ္မတကသာလျှင် အဆိုပါအရောင်းအဝယ် ကိစ္စ မျိုးကို တားဆီး ပိုင်ခွင့် ရှိလေသည်။

လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလက သမ္မတအိုဘားမားသည် ဂျာမနီ၏ Aixtron ကို တရုတ်ကုမ္ပဏီက ဝယ်ယူမှုကို တားဆီးခဲ့ဖူးသည်။ အဆိုပါ Axitron ကုမ္ပဏီမှာ တပိုင်းလျှပ်ကူးပစ္စည်း (semiconductor) ထုတ်လုပ်ထောက်ပံ့သည့် ခေါင်းဆောင် ကုမ္ပဏီ ဖြစ်သည်။ Axitron ကုမ္ပဏီတွင် အမေရိကန်၏ လက်ခွဲကုမ္ပဏီတခုရှိသဖြင့် အဆိုပါ ကုမ္ပဏီနှစ်ခု (တရုတ်ကုမ္ပဏီနှင့် ဂျာမန်ကုမ္ပဏီ) ပေါင်းစည်းခြင်းက အမေရိကန် အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိသည်ဟု CFIUS က သုံးသပ်သည်။

မည်သို့ပင်ဆိုစေ ထရမ့်အစိုးရသစ်အနေဖြင့် CFIUS ၏ စစ်ဆေးသုံးသပ်ချက်မတိုင်မီ အဆိုပါကိစ္စတွင် မှားယွင်းသုံးသပ်ကြောင်း အထောက်အထား ရှိမှုမှအပ
ပြန်လည်ဖွင့်ပေးရန် မဖြစ်နိုင်ဟု ရို့စ်ဆင်သယ်က ဆိုသည်။

CFIUS တွင် တရားရေးဌာန၊ ကုန်သွယ်ရေးဌာန၊ ကာကွယ်ရေးဌာန၊ စွမ်းအင်ဌာန၊ ပြည်တွင်းလုံခြုံရေးဌာနများ အပါအဝင် အမေရိကန်အစိုးရ ဌာနဆိုင်ရာနှင့် အေဂျင်စီိ ၁၆ ခုတို့မှ ကိုယ်စားလှယ်များ ပါဝင်သည်။ သို့ဖြစ်၍ ကော်မတီတွင် စီးပွားရေးနှင့် လုံခြုံရေး အေဂျင်စီများအကြား အာဏာချိန်ခွင်လျှာ မျှခြေရှိသည်ဟု ဆိုရပါမည်။

မည်သို့ပင်ဆိုစေ ယခုအေဂျင်စီများတွင် သမ္မတသစ်၏ တာဝန်ပေးခန့်အပ်မှုများက အမျိုးသားလုံခြုံရေးဆိုင်ရာနှင့် ပတ်သက်သည့် အငြင်းအခုံဖြစ်မှုများကို ပိုမိုကြားလာရဖွယ် ရှိပြီး စီးပွားရေးရင်းနှီးမြှုပ်နှံမှုများနှင့် FDI ( နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု) ကို တံခါးဖွင့် ပေးလိုသည့်ဘက်မှ အသံများတိမ်သွားစေနိုင်သည်ဟု ရိုဆင်သယ်က ဆိုပါသည်။

“တကယ်လို့ ထရမ့်က အေဂျင်စီလက်ထောက်အတွင်းဝန်နေရာများမှာ နိုင်ငံခြားလွှဲပြောင်း ရောင်းချမှုများအပေါ် ပိုမိုသံသယကြီးသူတွေကို ခန့်ထားခဲ့မယ်ဆိုရင်တော့၊ အဲဒီ ချိန်ခွင်လျှာက အမျိုးသားလုံခြုံရေးဆိုင်ရာ ဘက်ကိုရွေ့သွားနိုင်ပါတယ်။”

ရဲထွန်း (သီပေါ)

Epoch Times တွင် ဖော်ပြ ပါရှိသော ဆောင်းပါးရှင် Emel Akan ၏ Chinese Set Record for US Investments, but Face More Resistance Ahead ကို ဆီလျော်အောင် ဘာသာ ပြန်ဆို ပါသည်။

From : ဒီဗွီဘီ by အိမမမွန်

Originally published at - http://burmese.dvb.no/archives/188545

Read More »

Sunday, November 27, 2016

ထရန့်ကို ဆန့်ကျင်ရန် SpaceX ၏ ဌာန အကြီးကဲ ရာထူးကို စွန့်လွှတ်ခဲ့သော မြန်မာရွှေ့ပြောင်း နေထိုင်သူ တစ်ဦး၏ သား


မစ္စတာ ဒက်စ်တောရစ်ခ် ဘာတန်


ဆီလီကွန် တောင်ကြား အခြေစိုက် တခြားသော ပညာရှင်တွေ နည်းတူ အမေရိကန် ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် အနိုင်ရခဲ့ တာကို ဒက်စ်တောရစ်ခ် ဘာတန်လည်း မပျော်ပိုက် နိုင်ပါဘူး။ သူက တခြားသူ အများစု လုပ်နိုင်ဖို့ ခက်ခဲတဲ့ လမ်းကြောင်း တစ်ခုကနေ ဒီအခြေအနေကို တုံ့ပြန်ဖို့ ရွေးချယ် ခဲ့ပါ တယ်။

ဗြိတိန်နိုင်ငံကနေ တစ်ဆင့် အမေရိကန်ကို ကူးပြောင်းလာတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းနေ ထိုင်သူတစ်ဦးရဲ့ သားလည်းဖြစ်တဲ့ တောရစ်ခ်ဘာတန်ဟာ အာကာသ စူးစမ်းလေ့လာရေးနည်း ပညာကုမ္ပဏီကြီး SpaceX ရဲ့ ဆက်သွယ်ရေးဌာန အကြီးအကဲ အဖြစ်ကနေ နုတ်ထွက်လိုက်ပါ တယ်။

သူဟာ ဖေ့စ်ဘွတ်ခ်နဲ့ ဂူးဂဲလ်တို့လို ကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်ခဲ့ပြီး ကမ္ဘာကြီးရဲ့ ဆက်သွယ်ရေးကဏ္ဍကို မြှင့်တင်ရာမှာ ပါဝင်ကူညီခဲ့သူ တစ် ယောက်ပါ။

ရွေးကောက်ပွဲကြိုကာလမှာ တုန်းက တောရစ်ခ်ဘာတန်ဟာ ပွင့်လင်းမြင်သာမှုနဲ့ လိုက်လျော ညီထွေ နေထိုင်မှုတွေကို ဖော် ဆောင်ဖို့ အမေရိကန်ဟာ ဟီလာရီ ကလင်တန်ကို သမ္မတ အဖြစ် မဲပေးရွေးချယ် သင့်ကြောင်း အထင်ကြီး လေးစားစရာ ဘလော့ဂ် တစ်ခုကို ရေးသား ခဲ့ပါသေးတယ်။

ဒါပေမဲ့ အမှန်တကယ် ရွေး ကောက်ပွဲရလဒ်အရ ထရန့်အောင်ပွဲခံခဲ့တဲ့ အချိန်မှာတော့ သူ့အတွက် နာကျင်စရာဖြစ်လာ တယ်။

နောက်ဆုံးမှာတော့ တော ရစ်ခ်ဘာတန်ဟာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို အရင်းစစ် လေ့လာဖို့အတွက် အရေးအပါဆုံး ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်လိုက်ပါပြီ။

သူဟာ SpaceXကနေ အလုပ်ထွက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ SpaceX ရဲ့ ဆက်သွယ်ရေးဌာန အကြီးအကဲ ရာထူးဟာ သူသိပ်မြတ်နိုးတဲ့ အလုပ်နေရာတစ်ခုပါ။

ဒါပေမဲ့ အခုတော့ ပိုအရေးကြီးတဲ့ စီမံကိန်း တစ်ခုအတွက် အချိန်ပေးဖို့ တောရစ်ခ်ဘာတန်က ဆုံးဖြတ်လိုက်ပါတယ်။ သူက ထရန့်ရဲ့ ကြီးမြင့် လာမှုကို ရင်ဆိုင် တိုက်ခိုက်ဖို့၊ ပြီးတော့ ဆီလီကွန်တောင်ကြားမှာ အခြေချနေတဲ့ လူနည်းစုကို Glo-balization ကြောင့် နောက်ကျကျန်နေတဲ့ ပြင်ပ လူ့အသိုက်အ ဝန်းနဲ့ ပိုပြီး ထဲထဲဝင်ဝင် ချိတ် ဆက်ပေးနိုင်ဖို့ အချိန်ပေးကြိုးစား သွားမယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ပရောဂျက်ကို On-wards လို့ နာမည်ပေးထားပြီး အမေရိကန်ပြည်သူအများအပြား က ထရန့်ကို ဘာကြောင့် မဲပေးရွေးချယ်ခဲ့သလဲ ဆိုတာကို နားလည် သိရှိနိုင်ဖို့ စနည်းနာမယ့် ခရီးစဉ်တွေနဲ့ အစပြုမှာ ဖြစ်ပါတယ်။ ပြီးတော့ နည်းပညာသစ်တွေက အမေရိကန်တွေရဲ့ လူနေမှုဘဝတွေကို ဘယ်လိုဘယ်ပုံ ရိုက်ခတ်ခဲ့တယ်၊ ဘယ်လို အပြောင်းအလဲ တွေကို လိုလားတယ်ဆိုတဲ့ အချက်တွေကိုပါ ဆန်းစစ်ဖို့ ဖြစ်ပါ တယ်။

ရရှိလာတဲ့ အသိအမြင် ဗဟုသုတတွေကို ပေါင်းစည်းပြီးတဲ့ အခါ ထရန့်ကို ဆန့်ကျင်တဲ့ လူမှုအသိုက်အဝန်း လှုပ်ရှားမှုတွေကို ထောက်ပံ့ပေးနိုင်ဖို့ မျှော်လင့် ထားကြောင်း တောရစ်ခ်ဘာတန်က CNN ကို ပြောပါတယ်။

‘‘ကျွန်တော့်ဘဝရဲ့ အိပ်မက်လို့တောင် ပြောနိုင်တဲ့အလုပ်ကို စွန့်ခွာဖို့ဆိုတာ အကြောင်းရင်း တစ်ခုပဲ ရှိတယ်။ အဲဒါက အိပ်မက် ဆိုးတွေကို တွန်းလှန်ဖို့ပဲ။ ဘယ်လို အိပ်မက်ဆိုးမျိုးလဲဆိုတော့ ပွင့်လင်းမှု တဖြည်းဖြည်း လျော့ကျ လာပြီး အဆုံးသတ်မှာ လုံးဝလမ်းပိတ်သွားမယ့် ကမ္ဘာမြေမျိုးပဲ’’ လို့ တောရစ်ခ်ဘာတန်က CNNနဲ့ အင်တာဗျူးမှာ မှတ်ချက်ပေးပါ တယ်။

‘‘အခြေခံအကျဆုံး အ ပြောင်းအလဲတွေကို အာရုံစိုက် ဆန်းစစ်မှသာ အကြီးမားဆုံး ခြားနားမှုတွေကို လုပ်နိုင်မယ်လို့ ကျွန် တော်ထင်တယ်’’လို့လည်း သူက ဆိုတယ်။

နည်းပညာ အသိုက်အဝန်း က ထရန့်ကို ကျယ်ကျယ်လောင် လောင်ဝေဖန်နေပြီး ထရန့်သမ္မတ ဖြစ်လာချိန်မှာ သူ့ရဲ့ အငြင်းပွားဖွယ် မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ အကောင်အထည်ပေါ်လာမှာကို စိုးရိမ်နေကြတယ်။ အခုဆိုရင် ကယ်လီဖိုးနီးယား ပြည်နယ်ကို နိုင်ငံရဲ့ တခြားအစိတ်အပိုင်းတွေ ကနေ ခွဲထွက်နေတဲ့ ရပ်တည်မှု မျိုး ပုံဖော်နိုင်ဖို့ နည်းပညာလုပ် ငန်းရှင်ကြီးတွေက ကြိုးစားနေ ပါတယ်။

တောရစ်ခ်ဘာတန်ကတော့ ဒီအားထုတ်မှုမျိုးကို သူ့အမြင်မှာ သဘောမတူနိုင်ဘူးလို့ ဆိုတယ်။ ‘‘ဒါဆိုရင် ကျွန်တော်တို့ရဲ့ပြဿနာ တွေကို ဖြေရှင်းရာမရောက်တော့ ဘူး။ ထွက်ပြေးတဲ့ သဘောမျိုး ဖြစ်သွားမှာပေါ့’’လို့ သူက ထောက် ပြတယ်။ ‘

‘ဒီရွေးကောက်ပွဲဟာ ဆီလီကွန်တောင်ကြား အသိုက် အဝန်းအနေနဲ့ တခြား အမေရိကန် ရဲ့ဒေသတွေနဲ့ပတ်သက်လို့ ပိုပြီးနားလည်ဖို့၊ ပိုပြီး ချိတ်ဆက်ဖို့ လိုပါတယ်။ ငှက်ကုလားအုတ် တွေလို သဲထဲကို ခေါင်းနှစ်ထား တာမျိုး မဖြစ်သင့်ဘူး’’လို့လည်း သူက ဝေဖန်ခဲ့တယ်။ ပြီးတော့ သူစတင်တဲ့ ခြေလှမ်းကို တခြားသူ တွေလည်း လိုက်ပါလာဖို့ တောရစ်ခ်ဘာတန်က မျှော်လင့်နေပါ တယ်။

‘‘ဒီလမ်းကြောင်းကို တခြားသူတွေ လိုက်မလာဘူးဆိုရင် ကျွန်တော်တော့ အံ့ဩမိမှာပဲ’’လို့ သူက ဝန်ခံတယ်။ ပြီးတော့ တော ရစ်ခ်ဘာတန်က ဆီလီကွန်တောင် ကြားရဲ့ ပညာရှင်တချို့ဟာ သူနဲ့အတူ ပူးပေါင်း အလုပ်လုပ်ကြ မယ်လို့လည်း ပြောပါတယ်။ ဘယ်သူဘယ်ဝါတွေ ဆိုတာကိုတော့ သူက ထုတ်မပြောခဲ့ဘူး။

Tesla ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ အီလွန်မတ်စ်ခ် စတင်ထူထောင် ခဲ့တဲ့ SpaceXကို မချိတ်ဆက် ခင်က တောရစ်ခ်ဘာတန်ဟာ ဖေ့စ်ဘွတ်ခ်အမှုဆောင်ချုပ် မက် ဇူကာဘက်နဲ့ ဂူးဂဲလ်အမှုဆောင် ဥက္ကဋ္ဌ အဲရစ်ရှမစ်ဒ်တို့ရဲ့ မိန့်ခွန်းရေးသားပေးသူအနေနဲ့လည်း အ လုပ်လုပ်ခဲ့ဖူးပါတယ်။

ထရန့်ရဲ့ အောင်ပွဲနဲ့အတူ အမေရိကန် တစ်နံတစ်လျားက အမျိုးသမီးတွေ၊ လူနည်းစုတိုင်း ရင်းသားအနွယ်တွေ၊ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့ ဘဝလုံခြုံမှုလျော့ကျလာသလို ခံစားနေ

ရတဲ့ လက်ရှိအချိန်အခါမျိုးမှာ နည်းပညာအမှုဆောင်ကြီးတွေ အနေနဲ့ ဘယ်လိုတုံ့ပြန်သင့်သလဲ လို့ CNNက တောရစ်ခ်ဘာတန်ကို မေးပါတယ်။

‘‘ဒီနယ်ပယ်ကို ဦးဆောင်နေသူအားလုံးဟာ လူတွေရဲ့ စိုးရိမ် မှု၊ မေးခွန်းထုတ်မှုတွေနဲ့ ပိုပြီး နီးနီးကပ်ကပ် ထိတွေ့နိုင်ဖို့ လိုပါတယ်။ ပါးစပ်ပိတ်နေတာ၊ ဒါမှမဟုတ် အသာလေး ဘေးဖယ်နေ တာဟာ တာဝန်ခံမှုကို ရှောင်လွှဲတဲ့ သဘောမျိုး ဖြစ်ပါလိမ့်မယ်’’ လို့လည်း သူက ပြောကြားသွားပါ တယ်။

—Ref: CNN

From : 7 day daily - By : ဇွဲရဲဝင့်

Originally published at - http://www.7daydaily.com/story/81894

Read More »

Saturday, November 19, 2016

ဘ၀ကို အဆုံးသတ်မည့်အစား ပြစ်မှုကို မည်သို့အဆုံးသတ်မည်ကို အလေးထား ကြပါစို့




ဥရောပ သမဂ္ဂသည် သေဒဏ်ကို ဆန့်ကျင်သည့် ခိုင်မာသော မူအရ ရပ်တည် မှုကို ကိုင်စွဲ ထားပါသည်။

ယခုနှစ်တွင် ကျွန်ုပ်တို့မှ မြန်မာ နိုင်ငံသည် ဤပြစ်ဒဏ်ကို ဆန့် ကျင်ရာတွင် ဥရောပနှင့် အတူ လက်တွဲ မည်ဟု မျှော်လင့် ထားပါ သည်။ သေဒဏ်သည် လူသား ဂုဏ်သိက္ခာနှင့် လုံးဝ လိုက်ဖက်မ ညီပေ။ လူမဆန်သလို ဂုဏ်ငယ် စေသော ဆက်ဆံမှုဖြစ်ပြီး ပြစ်မှု ကျူးလွန်သော အပြုအမူကိုအ ဟန့်အတားပြုနိုင်ကြောင်း သက် သေအထောက် အထား တစ်စုံတစ်ရာ မရှိသည့် အပြင် တရားစီရင်ရေး ဆိုင်ရာ အမှားများကို နောက်ပြန် မသွားနိုင်သလို အသက်ဆုံးရှုံးစေ ရန် ခွင့်ပြုပေးပါသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင်ကုလသမဂ္ဂအထွေထွေညီလာခံ သည် သေဒဏ်အသုံးပြုခြင်းအပေါ် တရားဝင်ဆိုင်းငံ့ထားခြင်းအ တွက် ဆုံးဖြတ်ချက်တစ်ရပ်ကို ထပ်မံမဲပေးကြပါမည်။

ဤသည်မှာသေဒဏ်ကို တစ်ကမ္ဘာလုံးတွင် တရားဝင် ဆိုင်းငံ့ခြင်း အမိန့်အတွက် ဆဋ္ဌမအကြိမ်မြောက် ဆုံး ဖြတ်ချက်ဖြစ်ပေမည်။

အပြည်ပြည်ဆိုင်ရာ သေဒဏ်ဖျက်သိမ်း ခြင်းဆီသို့ အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် သေဒဏ် ကို လက်ရှိလက်တွေ့တွင် ဖျက် သိမ်းရေးဝါဒီ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၁၉၈၈ မှစပြီး သေဒဏ်ပေးထား သူများကိုစီရင်ခဲ့ကြောင်း မကြား ဖူးပေ။

ယနေ့အထိ ကမ္ဘာအနှံ့မှ နိုင်ငံ ၁၀၂ နိုင်ငံသည် ပြစ်မှုအား လုံးအတွက် သေဒဏ်ကိုဖျက်သိမ်း ထားပြီး ခြောက်နိုင်ငံတွင် သာမန် ပြစ်မှုများ အတွက် သေဒဏ် မပေး
တော့သော်လည်း ၃၂ နိုင်ငံတွင် သေဒဏ် ဖျက်သိမ်းရေး ၀ါဒီကို လက်တွေ့ကျင့်သုံးနေ ကြသည်။

ဆိုလိုသည်မှာ ထိုနိုင်ငံများတွင် လွန်ခဲ့သော ဆယ်နှစ်တာကာလ အတွင်း မည်သူ့ကိုမျှ မကွပ်မျက်ခဲ့ ကြသလို သေဒဏ်ကိုစီရင်ခြင်းမ ပြုရန် မူဝါဒဖြစ်စေ၊ ကတိ က၀တ် ဖြစ်စေ ရှိကြသည်။

ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယား အာဆီယံနိုင်ငံနှစ် နိုင်ငံသာ သေဒဏ်ကိုလုံးဝဖျက် သိမ်းထားပါသည်။ ဘရူနိုင်း၊ လာ အိုနှင့် မြန်မာနိုင်ငံများတွင် တရား ၀င်သည်ဖြစ်စေ၊ တရားမ၀င်သည် ဖြစ်စေ သေဒဏ်ကို တရားဝင် ဆိုင်ငံ့ခြင်းရှိပါသည်။

မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့သည် ယခုအ ချိန်အထိ သေဒဏ်ကိုတက်ကြွစွာ ကျင့်သုံးနေကြဆဲ ဖြစ်ပါသည်။

သို့သော် သေဒဏ်ဖျက်သိမ်းခြင်း ဆီသို့ ဦးတည်သွားနေသော ကမ္ဘာ့ လမ်းကြောင်းသည် နောက်ပြန် သွားမည်မဟုတ်ပေ။ အဘယ် ကြောင့်ဆိုသော် ပို၍များပြား လာ သော နိုင်ငံများမှ သေဒဏ်သည် လူသားဂုဏ်သိက္ခာကို ပျက်ပြား စေပြီး လူ့အခွင့်အရေးများနှင့် လည်း မကိုက်ညီကြောင်း၊ အထူး သဖြင့် အသက်ရှင်နေ ထိုင်ခွင့်ဟူ သော လူ့အခွင့်အရေး များအားလုံး ထဲမှ အရေး အကြီးဆုံး အခွင့်အ ရေးနှင့် လုံးဝ မကိုက်ညီကြောင်း အသိအမှတ်ပြု ကြသောကြောင့် ဖြစ်ပါသည်။

အခြားသော အာဆီယံအဖွဲ့ ၀င်နိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံ သည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါသည်။ အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေ ညာစာတမ်းအပိုဒ်(၃)တွင် ‘‘လူ တိုင်း၌ အသက်ရှင်ရန် လွတ်လပ် ခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။

အပိုဒ်(၅)တွင် ‘‘မည်သူ့ကိုမျှ ညှဉ်း ပန်းနှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန် စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှု မပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ်မပေးရ’’ဟု ဖော်ပြထားပါသည်။

သေဒဏ်ပေးခြင်းကို ထောက်ခံသောသူများမှ သေဒဏ်သည် ပြစ်မှုကို အဟန့်အတားအဖြစ် ဆောင်ရွက်သည်ဟု ငြင်းခုံဆွေးနွေးသော်လည်း ထိုအချက်ကို ထောက် ခံသည့် သက်သေအထောက်အထားရှင်းရှင်းလင်းလင်း မရှိချေ။ သို့ရာတွင် အင်ဒိုနီးရှား မူးယစ်အသုံးပြုသူ ကွန်ရက်မှ အချက်အလက်များအရ ဥပမာပေးရလျှင် မူးယစ်ဆေးဝါးရောင်းဝယ် ခြင်းအတွက် ပထမနှင့် ဒုတိယအကြိမ် ကွပ်မျက်မှုများ လုပ်ပြီးသောအခါ မူးယစ်ဆေးဝါးအသုံးပြုခြင်းသည် အမှန်တကယ် ထိုးတက် သွားခဲ့သည်။

ကမ္ဘာအနှံ့ သုတေသနများမှ တွေ့ရှိသည်မှာ သေဒဏ်သည် ဆင်းရဲသားများ၊ ပညာမတတ်သူ များ၊ ဖယ်ကြဉ်ခံထားရသူများ၊ အ သားအရောင် ခွဲခြားခံရသူ များအ ပေါ်
ပြင်းထန်စွာကျရောက်သည်။ ကြိုးတိုက်မှ အကျဉ်းသားများ ကျူးလွန်ခဲ့သော ထိခိုက်နစ်နာသူများ ထံသို့လည်း ပြည်ဖုံးကားချနိုင်မှု များ ယူဆောင်မပေးနိုင်ပေ။ မည် သည့်အတွက်ကြောင့် သေဒဏ်ကို ကျွန်ုပ်တို့ ဆက်လက်အသုံးပြုနေ ပါနည်း။

သေဒဏ်ဖျက်သိမ်းရေးအ တွက် မဟာမိတ်အဖွဲ့ (Coalition for the Abolition of the Death Penalty or 'CADPA' ) ခေါ်ဒေသ တွင်း အစိုးရမဟုတ်သော အဖွဲ့အ စည်းများ၏ ဒေသတွင်း မဟာမိတ် အဖွဲ့မှ နယူးယောက်မြို့တွင် အ ခြေစိုက်သော ဂျပန်ဓာတ်ပုံပညာ ရှင် တိုရှီကာဇာမာ၏ ဓာတ်ပုံများ ကို ပြပွဲငယ်တစ်ခုဖြင့် နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ခင်းကျင်းပြသခဲ့ပါသည်။

ဓာတ်ပုံပြပွဲသည်CADPA အဖွဲ့၏ ပြစ်မှုကိုအဆုံး သတ်၊ ဘ၀ကိုအဆုံးမသတ်နဲ့ စည်းရုံးလှုံ့ဆော်ပွဲ၏ စိတ်ဝင်စားဖွယ်အ ကောင်းဆုံးတစ်ခု ဖြစ်ပါသည်။

တရားမျှတမှုဟူသော ခေါင်းစဉ်အောက်တွင် လူအများကို သေဒဏ်ကွပ်မျက်ခြင်း၏ အချည်းနှီးပြစ်မှုကို ပြည်သူလူထု တေ့တေ့ဆိုင်ဆိုင် တွေ့မြင်ရစေရန် CADPA အဖွဲ့သည် အရှေ့တောင် အာရှနိုင်ငံများအသင်း (သို့မဟုတ်) အာဆီယံအဖွဲ့ဝင် ဆယ်နိုင်ငံစလုံး တွင် ဓာတ်ပုံပြပွဲကို ခင်းကျင်းပြသ သွားပါမည်။

မကြာသေးမီက မြန်မာ နိုင်ငံသည် တရာဥပဒေစိုးမိုးရေးကို မြှင့်တင်မည့်၊ မြန်မာပြည်သူလူထု ၏ လူ့အခွင့်အရေးများကို ကာ ကွယ်ပေးမည့် ဒီမိုကရေစီတစ်ရပ် ကို တည်ထောင်ရန် ရည်မှန်းချက် ကြီးသော လမ်းခရီးကို စတင်ခဲ့ပါ သည်။

ဥရောပမှ ကျွန်ုပ်တို့သည် သေဒဏ်သည် အခြေခံကျသော လူ့အခွင့်အရေးများကို ချိုးဖောက် ခြင်းတစ်ခု၊ အသက်ရှင်နေထိုင်ခွင့် ကို အန္တိမပိတ်ပင်ခြင်းဟု ယုံကြည် ကြပါသည်။

ယခုအခါ မြန်မာနိုင်ငံ သည် နိုင်ငံရေးခေတ်သစ်တစ်ရပ် သို့ ၀င်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အား စံနမူနာကောင်းအဖြစ် ဦး ဆောင်ရန်၊ အသက်ရှင်နေထိုင်ခွင့် နှင့်
သေဒဏ်ချမှတ်ခြင်းကို ဆန့် ကျင်ရေးအတွက် ကျွန်ုပ်တို့၏ တိုက်ပွဲတွင် လက်တွဲပါဝင်ရန် တစ်ကမ္ဘာလုံးမှ မျှော်လင့်စောင့်စား ကြည့်ရှုနေကြပါသည်။

ဤနိုင်ငံ အတွင်း ဖြေရှင်းရန် ခက်ခဲရှုပ် ထွေးသော ပြဿနာများစွာရှိသည့် အပြင် အစိုးရသည် စိန်ခေါ်မှု မြောက်မြားစွာကို ရင်ဆိုင်နေရပါ သည်။ အချို့သော ကိစ္စများတွင် ပြောင်းလဲမှုသည် နေ့ချင်းညချင်း ဖြစ်မလာပေ။

သို့သော် သေဒဏ် ဖျက်သိမ်းခြင်းသည် ဤခေတ်သစ် တွင် လူသားဂုဏ်သိက္ခာနှင့် အ ခြေခံကျသော အသက်ရှင်နေထိုင် ခွင့်တို့ကို ဦးစားပေးကြောင်း ရိုးရှင်းသော်လည်း အားကောင်းသော သတင်းစကားတစ်ခု ဖြစ်ပေသည်။

(ယခုဆောင်းပါးရှင်သည် ဥရောပသံအမတ်ကြီး ရိုလန်ကိုဘီးယား ဖြစ်ပြီး၊ ဆောင်းပါးပါအကြောင်းအရာမှာ ၎င်း၏ အာဘော်သာဖြစ် ပါသည်)

From : 7 day daily - By : ရိုလန်ကိုဘီးယား

Originally published at - http://www.7daydaily.com/story/81281

Read More »

Sunday, November 13, 2016

အမေရိကန်ရဲ့ အိုးမဲ့ အိမ်မဲ့ ခံစားချက်




ရွေးကောက်ပွဲ ညက စာရေးတဲ့ အခါ ကော်လံ တစ်ခုကို ကျွန် တော့် သူငယ်ချင်း ရွှေ့ပြောင်း အခြေချ နေထိုင်သူ တစ်ယောက်ဆီ က စကားလုံးတွေနဲ့ အစပြု ခဲ့ပါ တယ်။ သူက ၁၉၈၀ ပြည့်လွန်နှစ် တွေမှာ ဇင်ဘာဘွေ ကနေ အ မေရိကန်ကို ရောက်လာတဲ့ လက်စ် လေ ဂိုးလ်ဝက်ဆာပါ။ သူ့စကား က ဒီလိုပါ။

‘‘မင်းတို့ အမေရိကန် တွေက ကိုယ့်နိုင်ငံကိုယ် ဘောလုံးလို ကျုံး ကျုံး ကန်နေကြ တာကိုး။ တကယ် တော့ အဲဒါ ဘောလုံး မဟုတ်ဘူး။ ဖာဘာဂီဥ (ရတနာ စီခြယ် ထားတဲ့ ထီးသုံး နန်းသုံး ဥပုံ သေတ္တာငယ်) တစ်လုံးပဲ။ အချိန် မရွေး ကွဲသွား နိုင်တယ်’’ တဲ့။

ဒေါ်နယ်ထရန့် သမ္မတ ဖြစ် လာတဲ့နောက် ကျွန်တော်ဖြတ် သန်းခဲ့တဲ့ ၆၃ နှစ်တာ ကာလ ထက်ကို လောလော လတ်လတ် အခြေ အနေမှာ ကိုယ့်နိုင်ငံ ထိ ခိုက် ပြိုကွဲ သွားမှာကို ပိုကြောက် နေမိ ပါတယ်။

ကိုယ့်နိုင်ငံ အစိုးရ က မှန်ကန်တဲ့ လုပ်ငန်းဆောင် ရွက်မှုမျိုး မရှိရင် နိုင်ငံကလည်း ပြင်ဆင်လို့ မရအောင် ပျက်စီး သွားနိုင်ပါတယ်။

ထရန့်က သမ္မတလောင်း တစ်ယောက် အဖြစ် ထွက်ပေါ် လာချိန် ကတည်းက သူသာနိုင် သွားရင် ဆိုတဲ့ ကိစ္စကို အလေး အနက် စဉ်းစား ရမယ့် ဖြစ်နိုင်ခြေ တစ်ရပ်လို့ ကျွန်တော် သဘော ထားခဲ့ ပါတယ်။

ကျွန်တော့်အနေ နဲ့ ကိုယ့်ကော်လံ ဆောင်းပါးမှာ ဖြစ်နိုင်ခြေ ကိစ္စကို အမှန်တကယ် ဖြစ်မြောက် လာသလို သုံးသပ်ခဲ့ တာတွေ ရှိပါတယ်။ ဒါပေမဲ့ အ မှန်တကယ် ဖြစ် လာချိန် မှာတော့ တုန်လှုပ်နေ တုန်းပါပဲ။

ဒါဟာ ထည့် မတွက်လို့ မရ တဲ့ ဖြစ်နိုင်ခြေ တစ်ခုပဲလို့ ကျွန် တော် ယူဆ ခဲ့တဲ့ အချက်ကတော့ အမေရိကန် အများ အပြားဟာ အစွန်းရောက်ပြီး ကဖျက် ယဖျက် နိုင်တဲ့ အပြောင်း အလဲ မျိုးတွေကို တောင် အသည်း အသန် လိုချင်နေ တာကို သဘောပေါက် လို့ပါပဲ။

သူတို့က ဒီအပြောင်း အလဲရဲ့ အ ထောက် အပံ့ဟာ ဘာလဲ၊ ကိုယ့် ကလေးတွေ အတွက် စံနမူနာ အ ဖြစ် ညွှန်ပြ ဆုံးမ သင့်တဲ့ ပုဂ္ဂိုလ်က ဘယ်သူလဲ၊ အဲဒီပုဂ္ဂိုလ်ဟာ သူ့ ရည်မှန်းချက် တွေကို လက်တွေ့ အထမြောက်အောင် လုပ်ပြနိုင် တဲ့ အရည် အချင်း တကယ်ပဲ ရှိပါ့ မလား၊ ဒါမှမဟုတ် အထမြောက် အောင် အကောင် အထည်
ဖော်ဖို့ ဖြစ်ဖြစ် မြောက်မြောက် အစီအစဉ် တွေကော သူ့ဆီမှာ ရှိနေရဲ့လား ဆိုတဲ့ မေးခွန်းတွေ ကိုတောင် ဂရု မစိုက် ကြတော့ပါဘူး။ တကယ့် ကို စိတ်ထိခိုက် စရာပါပဲ။

ကျွန်တော် တွေးကြောက်ခဲ့ တဲ့ ကိစ္စတွေကို အိတ်သွန်ဖာ မှောက် သွန်မချခင်တုန်းက ထရန့်ကို ထောက်ခံခြင်းနဲ့ ပတ် သက်ပြီး မျှော်လင့်ချက် အနား သတ်ကလေး တစ်ခုတလေများ ရှိမလားလို့ ကျွန်တော် ရှာဖွေ ကြည့်ခဲ့ပါတယ်။ နာရီပေါင်းများ စွာ လေ့လာခဲ့တယ်။ ကျွန်တော် နောက်ဆုံး ရှာတွေ့လာတာက တော့ ဒီတစ်ချက် ပါပဲ။

ထရန့်ဟာ သူ့ရွေးကောက်ပွဲကာလမှာ ပြော ဖူးသမျှ စကားတွေ၊ ပေးဖူးသမျှ ကတိတွေ တစ်ခုကိုမှ အမှန်တ ကယ် တည်မြဲအောင် ထိန်းသိမ်း နိုင်မှာ မဟုတ်ပါဘူး။ ခြွင်းချက် အနေနဲ့ တစ်ခွန်းပဲ ရှိပါတယ်။ အဲဒါကတော့ ‘‘ဒီပွဲမှာ ကျုပ်နိုင် ချင်တယ်’’ ဆိုတဲ့ သူ့စကားပါပဲ။

ဒါပေမဲ့ ထရန့်ဟာ ပုဂ္ဂိုလ် ရေး အမြင်အရ၊ မူဝါဒ ရေးရာအရ အလုံးစုံ မပြောင်းလဲသရွေ့ ဒီရွေး ကောက်ပွဲမှာ စစ်မှန်တဲ့ အောင်နိုင် သူ ဖြစ်လာမှာ မဟုတ်ပါဘူး။ သူ ဟာ သွေးခွဲမှုတွေ လုပ်နေမယ့်အ စား အခြေအနေတွေကို ကုစားသူ ဖြစ်ရပါမယ်။

မုသားစကားတွေကို ကျလောက်အောင် ပြောတတ်သူ တစ်ယောက်အစား အမှန်တရား တွေကို စိတ်လိုလက်ရ ပြောတတ် သူတစ်ယောက် ဖြစ်ရပါမယ်။

ပြဿနာတွေကို အတွင်းကျကျ ဆန်းစစ် လေ့လာတတ်ပြီး ခိုင်မာ တဲ့ အချက်အလက် အထောက် အထားတွေကို အခြေခံပြီး ဆုံး ဖြတ်ချက်တွေ ချမှတ်နိုင်သူ ဖြစ် ရပါမယ်။

လူတွေ ကြားချင်တဲ့ စကားမျိုးထက် လူတွေ ကြား သိဖို့ လိုအပ်တဲ့ စကားမျိုးကို ပြော ရဲသူ ဖြစ်ရပါမယ်။ ပြီးတော့ ကိုယ့် တစ်ဘို့တည်း မကြည့်ဘဲ နှစ်ဦး နှစ်ဖက် မျှတတဲ့ အပေးအယူ ဝါဒ မျိုးနဲ့သာ စည်ပင်ထွန်းကားတဲ့ ကမ္ဘာမြေတစ်ခုကို လက်တွေ့ တည်ဆောက်နိုင်တယ် ဆိုတာကို နားလည်ဖို့ လိုပါတယ်။

သူ့အနေနဲ့ ဒီလိုပုံစံတွေ လုပ် ဆောင်လာပါစေလို့ မျှော်လင့်ကြ ရုံပဲ ကျွန်တော်တို့ တတ်နိုင်ပါတော့ တယ်။ တကယ်လို့ သူက ဖြစ် မြောက်အောင် မလုပ်နိုင်ဘူးဆို ရင် သူ့အတွက် မဲပေးခဲ့သူတွေဟာ ထရန့်ရဲ့ မြင်သာလွန်းတဲ့ အနာအ

ဆာတွေကို မျက်စိမှောက်ခဲ့ကြ တယ်လို့ပဲ ပြောရပါမယ်။ ခင်ဗျား တို့ဟာ အခြေခံကအစ ဖြစ်က တတ်ဆန်း ပြောင်းလဲမှုတိုင်းကို တစ်ရှိုက်မက်မက် တောင်းဆိုခဲ့ တာကိုး။ ဒီတော့ အကျိုးဆက်ကို ခင်ဗျားတို့ လက်ခံရုံပဲ။

ကျွန်တော်ကတော့ ထရန့် ဟာ သမိုင်းတစ်လျှောက် အဆိုးဆုံး သမ္မတဆိုတဲ့ ဂုဏ်ပုဒ်မျိုးနဲ့ ရာထူးကနေ ပြန်ဆင်းချင်မယ် မထင်ပါဘူး။ ဒီတော့ ပြည်တွင်း စစ်နောက်ပိုင်း အမေရိကန်မှာ ပြစ်ချက်အများဆုံး သမ္မတ ဆိုတာ လောက်ပဲ ထားလိုက်ဦးတော့။ တစ်ကမ္ဘာလုံးကို လှုပ်ခတ် သက်ရောက်မှုတွေက ရှိနေမှာပါ ပဲ။

ဒီတော့ ကျွန်တော့်အနေနဲ့ တစ်ခုတည်းသော မျှော်လင့်ချက် က သမ္မတအနေနဲ့ ထရန့်ဟာ ဖြစ် နိုင်ခြေ ရှိသမျှ အကောင်းဆုံး လူ ပုဂ္ဂိုလ်တွေကို သူ့ဘေးမှာ စုစည်း ထားနိုင်ဖို့ပါပဲ။ သူ့ရွေးကောက်ပွဲ တုန်းက အစွမ်းကုန် လိုက်အား ဖြည့်ခဲ့တဲ့ လက်ယာစွန်း ဝါဒစွဲသ မားတွေဖြစ်တဲ့ ရူဒီဂူလီယာနီနဲ့ နယူတန် ဂင်ဂရစ်ခ်ျတို့လူတွေ မပါဖို့ အရေးကြီးပါတယ်။

နောက်ပြီး အလေးအနက် စိုးရိမ်စရာကောင်းတဲ့ ရှုထောင့် တစ်ခု ရှိပါသေးတယ်။ အဲဒါက တော့ အနိုင်ရဖို့ကို ထရန့်က အ ပြင်းအထန် အစွဲအလမ်းကြီးနေ တတ်တာပါ။ သူ့အမြင်မှာ ဘဝ ဆိုတာ တစ်ဖက်ကအနိုင်၊ တစ် ဖက်က လုံးဝအရှုံးဆိုတဲ့ ကစားပွဲ တစ်ခု သက်သက်သာ ဖြစ်ပါ တယ်။ ကျုပ်နိုင်ရင် ခင်ဗျားရှုံး မယ်။ ဒါမျိုးပါ။ ဒါပေမဲ့ အမေရိ ကန် ပြည်ထောင်စုကို ဦးဆောင် တော့မယ်ဆိုရင် ကိစ္စတိုင်းက အ နိုင်အရှုံး သီးခြားစီ ဖြစ်နေတဲ့ ကစားပွဲ မဟုတ်တော့ပါဘူး။

‘‘နှစ်ဦးနှစ်ဖက် ဘက်မျှစွာ အကျိုးဖြစ်ထွန်းတဲ့ ဆက်ဆံရေး မျိုးတွေ ရှိနေမှသာ ကမ္ဘာကြီးဟာ တည်ငြိမ်နေမယ်၊ ကျန်းမာနေ မယ်၊ အပြန်အလှန် အမှီသဟဲ ပြုနိုင် လိမ့်မယ်’’ လို့ ကုမ္ပဏီ အ ကြီးအကဲတွေကို အုပ်ချုပ်မှုဆိုင် ရာ အကြံပေးအဖြစ် တာဝန်ယူနေ သလို ‘How’ ဆိုတဲ့ စာအုပ်ကို ကိုယ်တိုင် ရေးသားဖူးတဲ့ LRN အ မှုဆောင်ချုပ် ဒွန်ဆိဒ်မန်းက ပြော ဖူးပါတယ်။

အမေရိကန်ဟာ ဒီသဘော တရားကို ကောင်းကောင်းနား လည်ပြီး လက်တွေ့အသုံးချနေခဲ့ ပါတယ်။ ဒုတိယ ကမ္ဘာစစ်အပြီး မှာ ဥရောပကို ဒေါ်လာငွေတွေ သန်းပေါင်းများစွာ ပေးပို့ပြီး ထောက်ပံ့ခဲ့တယ်။ ဥရောပနိုင်ငံ တွေ ပြန်လည်ထူထောင်ရေးမှာ ကူညီရင်း ကုန်သွယ်ဖက်တွေ အ

နေနဲ့ ရပ်တည်ခဲ့တယ်။ ဒီဆက် ဆံရေးဟာ နှစ်ဦးနှစ်ဖက် ကောင်း ကျိုးဖြစ်ထွန်းစေတဲ့ ရလဒ်မျိုး ထွက်ပေါ်လာပါတယ်။ ဒါကို ထရန့် က နားလည်ရဲ့လား။ သူ့ကို မဲပေး ခဲ့တဲ့ လူတွေကကော အမေရိကန် မှာ သူတို့ရနေတဲ့ အလုပ်နေရာ တွေဟာ ကမ္ဘာ့နိုင်ငံ အားလုံးနဲ့ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ရပ် တည်မှုမျိုးနဲ့ တိုက်ရိုက် ဆက်နွှယ် နေ တယ်ဆိုတာကို နားလည်ကြ ရဲ့လား။

ထရန့် နိုင်သွားပြီးတဲ့နောက် ဘာတွေ ဆက်ဖြစ်ကြမလဲ။ ကျွန် တော့်အတွက်တော့ ဒါဟာ ကြို ပြောဖို့ စောလွန်းသေးတယ် ထင် ပါတယ်။ ဒါပေမဲ့ ကျွန်တော့် အ တွင်းစိတ်ကတော့ ဒီအပိုင်းမှာကုန်သွယ်ရေးတွေ၊ ဝင်ငွေကွာဟ မှု ကဏ္ဍတွေထက် ယဉ်ကျေးမှု အစဉ်အလာပိုင်းမှာ ပိုပြီး ရိုက်ခတ် မှု ပြင်းလိမ့်မယ်လို့ ပြောပြနေသ လိုပါပဲ။ အမေရိကန် နိုင်ငံသား မြောက်မြားစွာဟာ မှီတွယ်စရာ နေအိမ် ပျောက်ဆုံးနေတဲ့ အိမ် ခြေရာမဲ့တွေလို ခံစားချက်မျိုး ဖြစ် လာလိမ့်မယ်။

လူတွေအတွက် ကိုယ်ပိုင် အိမ်ရာ ပျောက်ဆုံးသွားခြင်းထက် ပိုပြီး စိတ်ဆိုးစရာ၊ စိတ်ရှုပ်ထွေး စရာ အခြေအနေမျိုး မရှိပါဘူး။ အမေရိကန်ဟာ လူများစု-လူ နည်းစု ကွဲပြားရပ်တည်တဲ့ နိုင်ငံ တစ်ခု ဖြစ်လာပြီဆိုရင် လူဖြူ လူ လတ်တန်းစား အများစုအပေါ် ခြိမ်းခြောက်မှု အငွေ့အသက်တွေ ရှိလာနိုင်တယ်။ သူတို့က အများ အားဖြင့်တော့ မြို့ကြီးပြကြီးတွေ မှာ နေလေ့ရှိပါတယ်။

အခုချိန်မှာ နည်းပညာပိုင်း တိုးတက်ပြောင်းလဲမှုတွေကို အမီ လိုက်ရင်း လူတွေက ချာချာလည် နေကြရပါတယ်။ နည်းပညာ မြင့် မားလာခြင်းက လူတွေရဲ့ အလုပ် အကိုင် နေရာတွေကို ဆုံးရှုံးစေ သလို လုပ်ငန်းခွင် နေရာတွေမှာ လည်း အပြောင်းအလဲတွေ ဖြစ် လာစေတယ်။ ဘဝတစ်လျှောက် လုံးမှာလည်း ခေတ်ကို အမီလိုက် ဖို့ သင်ယူမှုတွေနဲ့ ဖိစီးလုံးထွေး နေတယ်။ ကိုယ့်ရဲ့ လုပ်ငန်းခွင်နေ ရာနဲ့ အခြေတည်တဲ့ လူ့အသိုက် အဝန်းဟာ ဘဝမှာ အရေးအပါ ဆုံး ညွှန်းကိန်းနှစ်ခု ဖြစ်ပါတယ်။

သဘောထား တင်းမာလွန်းသူ တစ်ယောက် သမ္မတဖြစ်လာတဲ့ အခါ လူတွေရဲ့ အလုပ်အကိုင်နဲ့ အခြေတည် နေထိုင်မှုတွေမှာ ပြီး စလွယ် ဖြေရှင်းပေးတာမျိုးတွေ လုပ်လာနိုင်ပါတယ်။ ဒီအခါမှ စိတ်ပျက် ဒေါသထွက်မှုတွေ ကြုံ လာရင်လည်း မဆန်းတော့ပါဘူး။

အခုဆိုရင် ထရန့်ရယ်၊ ရီ ပက်ဘလေကန် ပါတီရယ်ဟာ အ စိုးရရဲ့ ရာထူးနေရာ အဆင့်ဆင့် ကို ထိန်းချုပ်ကိုင်တွယ်ပါတော့ မယ်။ တရားရုံးတွေကစလို့ လွှတ် တော်ထိ၊ အိမ်ဖြူတော်ထိ သူတို့ ခြယ်လှယ်ပါတော့မယ်။ ဒါဟာ အံ့ဩအားကျလောက်စရာ တာ ဝန်ခံရမှုမျိုးပါ။ ဒီကိစ္စ အားလုံးကို သူတို့ တာဝန်ခံရပါမယ်။ ဒါကို သူတို့ကိုယ်တိုင်ကော သေချာနား လည်နိုင်ပါရဲ့လား။

ပုဂ္ဂိုလ်ရေး ရှုထောင့်က ပြော ရရင်တော့ သူတို့တွေ အခြေအ နေ မလှတာမျိုး ကျွန်တော် မကြုံ စေချင်ပါဘူး။ သူတို့ယူထားတဲ့ နေရာဟာ ကျွန်တော့်နိုင်ငံ၊ ကျွန် တော့် မျိုးဆက် ကလေးငယ်တွေ အတွက် သိပ်ကို အရေး ကြီးပါ တယ်။

အရင် ရှစ်နှစ်တုန်းက ရီ ပက်ဘလေကန် ပါတီနဲ့ မတူတာ ကတော့ ကျွန်တော်က ကိုယ့်သမ္မတကို ကျရှုံးတာမျိုး မမြင်ချင် တော့ပါဘူး။ သူကျရှုံးရင် ကျွန် တော်တို့ အားလုံးလည်း သွားပြီ သာမှတ်ပါ။

ဒီတော့ ထရန့်ဟာ သမ္မတ ဖြစ်လာချိန်မှာ ရွေးကောက်ပွဲ တုန်းက ထရန့်ထက် ပိုကောင်းမွန် ပြည့်စုံလာဖို့ မျှော်လင့်ရုံပါပဲ။ အ ခုအချိန်ထိတော့ ကိုယ့်နိုင်ငံအ တွက်၊ စည်းလုံးစွာ ရပ်တည်မှုအ တွက် ကျွန်တော် နာကျင်နေဆဲ၊ တုန်လှုပ် စိုးရိမ်နေဆဲပါ။ ပြီး တော့ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်မှာ အိုးမဲ့အိမ်မဲ့ တစ် ယောက်လို ကျွန်တော် ခံစားနေမိ ပါပြီ။

(New York Times မှ Thomas L. Friedman၏ Homeless in America ဆောင်းပါးကို ပြန်ဆို သည်။)

From : 7 day daily - By : ဇွဲရဲဝင့်

Originally published at - http://www.7daydaily.com/story/80652

Read More »

Monday, November 07, 2016

ကလေးများနှင့် အဆိုတော်များပါ စင်ပေါ် ရောက်လာသည့် မဲဆွယ်ပွဲများ




၂၀၁၆ခုနှစ် အမေရိကန် သမ္မတ ရွေးကောက် ပွဲ မဲပေးရက် နောက်ဆုံးနေ့ များမှာ ပြိုင်ဘက် သမ္မတ လောင်းနှစ်ဦးက မဲဆွယ်ရာမှာ ကလေးငယ် များနှင့် နာမည်ကျော် အဆိုတော်များ၊ အားကစား သမားများ၏ အင်အားကိုပါ ရယူလာ ကြသည်။

ထရန့်၏ နောက်ဆုံးအခြေအနေ

ဖလော်ရီဒါ ပြည်နယ်မှာ မဲဆွယ် နေသော ရီပက်ဘလေကန် သမ္မတ လောင်းထရန့်က စင်ပေါ်သို့ကလေး တစ်ယောက်ကို ခေါ်လာခဲ့သည်။

ထို့နောက် ကလေးကို အနာဂတ်၏ ဆောက်လုပ်ရေး လုပ်သားကြီးဟု ခေါ်ဝေါ်ကာ ကလေးများ အပေါ်သူချစ်ခင်ကြောင်း ပြသခဲ့၏။ ထရန့်သည် အဓိက အား ဖြင့် လူဖြူ အမေရိကန်ရှေးရိုးဝါဒီ များကို ဦးတည် မဲဆွယ်နေသည်။

သူသည် ယခုအခါ ပြိုင်ဘက်ဒီမို ကရက် တစ်ပါတီကို အားပေးသော နယူးယောက်နှင့် မက်ဆာ ချူးဆက် ပြည်နယ်ကဲ့သို့ အမေရိ ကန်အရှေ့မြောက်ပိုင်း
ပြည်နယ် မားကို ဦးတည် မဲဆွယ်နေသည်။

စနေနေ့ည(မြန်မာပြည်၏ တနင်္ဂနွေနံနက်ပိုင်းတွင်) ထရန့် ကနီဗာဒါးပြည်နယ် ရေနိုးမြို့မှာ မဲဆွယ် စည်းရုံး မိန့်ခွန်းပြောနေစဉ် အတွင်း ရုတ်ရုတ် သဲသဲဖြစ်ခဲ့သေးသည်။ ထရန့်ကို သူ၏ လုံခြုံရေး များက ၀န်းရံပြီးစင်အောက်သို့ ခေါ်ဆင်းသွားသည်ကို လူအများ မြင်ရသည်။ သို့သော်လည်း မိနစ် အနည်းငယ် အကြာမှာ ထရန့်က စင်ပေါ် တက်လာပြီး မိန့်ခွန်းကိုအ သုံးသတ်ခဲ့သည်။

ဖြစ်စဉ်မှာ အခန်းထဲ၌ ထရန့် မိန့်ခွန်းပြောစဉ် အနှောင့်အယှက်တစ်ခုဖြစ်ပုံရ၏။ ထရန့်က လူအုပ်ထဲက သူ့လူများကို မျက်ရိပ်ပြပြီး လှမ်းခေါ်ခဲ့သည်။

ထို့ကြောင့် သူ၏ သက်တော်စောင့်များကသူ့ကို စင်ပေါ်ကနေ ခေါ်ထုတ်သွားခြင်းဖြစ်သည်။ ပွဲရုတ်ရုတ်သဲသဲဖြစ်သွားပြီး လူအုပ်ထဲသို့ လုံခြုံရေးများက ၀င်လာခဲ့၏။ မကြာမှီ အရပ်ဝတ်စုံ ၀တ်ထားသော အမေရိကန် လျှို့ဝှက် ထောက်လှမ်းရေး များက လူအုပ်ထဲက လူတစ်ဦးအား ခုန်အုပ် ဖမ်းဆီးသွားသည်ကို တိုက်ရိုက်ရုပ်သံမှာ မြင်ခဲ့ရ၏။

သို့သော် စီအင်န်အင်န်ရုပ် သံသတင်းမှာ မည်သူ့ကိုမျှ လက် နက်ကိုင်ဆောင်လာသည်ကို မ တွေ့ပါဟု သတင်းကြေညာခဲ့ သည်။ ထရန့်ကလည်း သူ့ကိုကာ ကွယ်ပေးသော လုံခြုံရေးများကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့ ၏။ ထို့အပြင် သူ၏ပြောနေကျစ ကားကိုပါ ထပ်လောင်းပြောကြား သွားသည်။

‘‘ဘယ်သူမှ ကျွန်တော်တို့ကို တားလို့မရဘူး။ အမေရိကဟာ တစ်ဖန်ပြန်လည်ကြီးကျယ်ခမ်း နားစေရမယ်’’

စူပါစတားများနှင့် ဟီလာရီ

ထရန့်က ကလေးငယ်များကို စင် ပေါ်တင်မဲဆွယ်နေချိန်မှာ ဟီလာ ရီကလင်တန်ကလည်း နာမည် ကျော်အဆိုတော်များနှင့် အားက စားသမားများ၏ အင်အားကိုသုံး ပြီး အပြင်းအထန်မဲဆွယ်နေပါ သည်။

အိုဟိုင်းယိုးပြည်နယ် ကလိဗ် လန့်မြို့မှာ မဲဆွယ်ရာတွင်နာမည် ကျော်အဆိုတော်ဘီယွန်စေးနှင့် သူ၏ ခင်ပွန်းရက်ပ်အဆိုတော် ဂျေဇီးတို့က ဟီလာရီအတွက် ပရိ သတ်ကို မဲဆွယ်စကားပြောခဲ့ သည်။ ဟီလာရီနှင့်အတူ ကျွန်မ တို့အတူရှိနေမယ်ဟူသော စာ တန်းထိုးတီရှပ်ကိုဝတ်ဆင်ထား သော ဘီယွန်စေးက အမျိုးသမီး သမ္မတကို သူမြင်လိုကြောင်း ပြောကြားခဲ့သည်။

‘‘လွန်ခဲ့တဲ့ နှစ်တစ်ရာ လောက်က ကျွန်မတို့အမျိုးသမီး တွေက မဲပေးခွင့်မရခဲ့ဘူး။ ဒီလို ပြောခွင့်ဆိုခွင့်မရှိတဲ့အခြေအနေ ကနေ အခုလိုအခြေအနေဖြစ်လာ အောင် ကျွန်မတို့ဘယ်လိုဖြတ် သန်းခဲ့ရသလဲ။ အခုတစ်ခါအမျိုး သမီး သမ္မတကို ရွေးချယ်ကြရ တော့မယ်။ ဒါပေမဲ့ ကျွန်မတို့ မဲပေးမှ ရမှာနော်’’

ဟီလာရီ ကလင်တန်သည် နာမည်ကျော်အဆိုတော် ကေတီ ပယ်ရီနှင့်လည်း ဖီလာဒယ်ဖီးယားနှင့် ပင်ဆယ်ဗေးနီးယားပြည်နယ်များမှာ အတူမဲဆွယ် ခဲ့သည်။ ကေတီပယ်ရီ၏ နာမည်ကျော် Roarသီ ချင်းကို ပြည်နယ်များစွာ၌ ဟီလာ ရီအတွက် မဲဆွယ်ရာတွင်သုံးခဲ့၏။ ဒီမိုကရက်တစ် သမ္မတလောင်း အ ဖြစ်သူ့ကို အသိအမှတ်ပြုသည့်ပါ တီ ညီလာခံမှာလည်း ကေတီပယ် ရီအား အမှာစကားပြောစေခဲ့သည်။

အဆိုပါကေတီပယ်ရီကလည်း ရွေးကောက်ပွဲနေ့ကို သူမျှော်လင့်စောင့်စားနေသည်ဟုဆိုသည်။

‘‘အင်္ဂါနေ့(ရွေးကောက်ပွဲနေ့) က ပျော်စရာကောင်းလိမ့်မယ်။ ဗုဒ္ဓဟူးနေ့ကတော့ ပိုကောင်းသွားမှာပေါ့နော်’’

မနက်ဖြန်တနင်္ဂနွေနေ့မှာ လည်းဟီလာရီသည် အိုဟိုင်းယိုး ပြည်နယ်မှာ မဲဆွယ်ရာ၌ နာမည် ကြီးဘေ့စ်ဘောအားကစားသမား လီဘရွန်ဂျွိမ်းစ်နှင့်အတူ မဲဆွယ် မည်ဖြစ်သည်။

ဒေါ်နယ်ထရန့်က သူသည် ဟီလာရီကလင်တန်ကဲ့သို့ မည် သည့်နာမည်ကျော်စူပါစတားများ ၏ အကူအညီမလိုပါဟုဆိုသည်။

‘‘ကျွန်တော်တို့က အရင်ပုံစံ အဟောင်းအတိုင်းပဲသွားမယ်’’

တစ်ချိန်တည်းမှာပင် ရွေး ကောက်ပွဲကာလအတွင်း အယ် လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုကို ခံရနိုင်သည်ဆိုပြီး အမေရိကန်အစိုးရအာဏာပိုင်များက သတိပေးထားသည်။ အကြမ်းဖက်ခံရမှုဖြစ်နိုင်ခြေရှိသော မြို့များတွင် နယူးယောက်မြို့တော်၊ တက္ကဆက်ပြည်နယ်နှင့် ဗာဂျီးနီးယားပြည်နယ်တို့ပါဝင်သည်။ ထို့ကြောင့် သူတို့အနေဖြင့် စောင့်ကြည့်နေသည်ဟုဆိုသည်။

စနေညပိုင်းတက်လာသော ဖောက်စ်သတင်းဌာန၏ မဲစစ် တမ်းများအရ ဒီမိုကရက်တစ်ပါ တီမှ ဟီလာရီက မဲ ၂ ရာခိုင်နှုန်း ဖြင့်အရှေ့ကနေ ဦးဆောင်နေ သည်ကိုတွေ့ရ၏။

ထားထားမြင့်(ကိုးကား- ၀ါရှင် တန်ပို့စ်၊ စီအင်န်အင်န်၊ အင်န်ဘီစီနှင့် ဖောက်စ်နယူးသတင်းဌာန များ)

From : 7 day daily - By : မင်းတင်

Originally published at - http://www.7daydaily.com/story/80187

Read More »

Wednesday, October 26, 2016

ကုလအတွင်းရေးမှူးချုပ် အဖြစ် ခန့်အပ်ခံရသူ အန်တိုနီယို ဂူတာရက်စ်နှင့် တွေ့ဆုံခြင်း




၂၀၁၆ ဒီဇင်ဘာ ၃၁ ရက်နေ့ ဘန်ကီမွန်း ရာထူးက ဆင်းချိန်မှာ သူ့နေရာကို ဆက်ခံဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အသစ် အဖြစ် အန်တိုနီယို ဂူတာရက်စ်ကို ကုလ သမဂ္ဂ အထွေထွေ ညီလာခံက အောက်တိုဘာ ၁၃ ရက်က ခန့်အပ် ခဲ့ပါတယ်။

မစ္စတာ ဂူတာရက်စ် (၆၇)နှစ်ဟာ ၁၉၉၅ ကနေ ၂၀၀၂ အထိ ပေါ်တူဂီ ၀န်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ဇွန်လ ကနေ ၂၀၁၅ ဒီဇင်ဘာ အထိ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သူဖြစ်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင် စီရဲ့ ထောက်ခံမှုကို အထွေထွေ ညီလာခံက လုပ်ဆောင်ရာမှာ ညီ လာခံဥက္ကဋ္ဌ ပီတာသွမ်ဆင်က မစ္စ တာ ဂူတာရက်စ်ကို ၂၀၂၂ ဒီဇင် ဘာမှာ အဆုံးသတ်မယ့် ငါးနှစ်တာ ကာလ အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ တာဝန် ထမ်းဆောင်စေဖို့ အမည်စာရင်း တင်သွင်း ခဲ့ပါတယ်။

သူဟာ ၂၀၁၇ ဇန်န၀ါရီမှာ ကမ္ဘာ့ထိပ်တန်းသံတမန်ဖြစ်လာ မှာဖြစ်ပြီး လာမယ့် ငါးနှစ်အတွက် အတွင်းရေးမှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်ပါမယ်။

သူ့ကို အဲဒီရာထူးခန့်အပ် လိုက်တာနဲ့ပတ်သက်ပြီးတော့ အ တွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီ နေ့ခေတ်ကမ္ဘာရဲ့ မလုံခြုံမှုတွေ၊ မသေချာမရေရာ မှုတွေကို ဖြေရှင်း နေရတုန်းမှာ ပြီးခဲ့တဲ့ဆယ်စုနှစ်က ကျွန်တော်တို့ အခြေအနေ တိုးတက်အောင် လုပ်ဆောင်ထားချိန် မှာ ဒီအဖွဲ့အစည်းကို ပဲ့ကိုင်ဖို့အ တွက် ဂူတာရက်စ်ကို ရွေးချယ် တာဟာ သိပ်ကိုကောင်းပါတယ် လို့ ပြောကြားခဲ့ပါတယ်။

အတွင်းရေးမှူးချုပ်အဖြစ် မစ္စတာ ဂူတာရက်စ်ခန့်အပ်ခံရပြီး မကြာခင်မှာ ကုလသမဂ္ဂသတင်းဌာန (UN News Centre)က သူနဲ့ တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ပြီး ဇန်န၀ါရီ မှာ သူစပြီး တာဝန်ထမ်းဆောင် ချိန်မှာ ဘယ်ဟာက သူ့ကို ဖိအား အပေးဆုံး (ဒါမှမဟုတ်) ဦးစားအ ပေးဆုံးကိစ္စဖြစ်မလဲဆိုတာ ပထမဆုံးမေးမြန်းထားပါတယ်။

ခင်ဗျားရဲ့ မေးခွန်းကိုမဖြေခင် ကျွန်တော့်ကို ခွင့်ပြုမယ်ဆိုရင် ကုလသမဂ္ဂ၀န်ထမ်းတွေ အားလုံးနဲ့ ကျွန်တော်အများကြီး စည်းစည်းလုံးလုံးရှိတယ်ဆိုတာ ဒီကုလသမဂ္ဂသတင်းဌာနကနေ ပြောချင်ပါတယ်။

UNHCR မှာ ဆယ်စုနှစ်ကြာ တာဝန်ထမ်း ဆောင်ခဲ့တုန်းက လုပ်ဖော်ကိုင် ဖက်တစ်ဦးဖြစ်ဖို့ အထူးအခွင့်အ ရေးတစ်ရပ် ကျွန်တော်ရခဲ့ပါ တယ်။ ပြီးတော့ ဇန်န၀ါရီ ၁ ရက်မှာ နောက်ထပ်တစ်ခါ လုပ်ဖော်ကိုင်ဖက် တစ်ယောက် ဖြစ်လာနိုင်တာကြောင့် ကျွန်တော်ဝမ်းသာမိပါတယ်။

ကမ္ဘာ့နေရာတိုင်းမှာရှိ တဲ့ ကုလသမဂ္ဂ၀န်ထမ်းတွေအား လုံးနဲ့ လက်တွဲလုပ်ကိုင်ဖို့ ကျွန်တော် မျှော်လင့်နေတယ်လို့ ပြောချင်ပါတယ်။

အခုခင်ဗျားရဲ့ မေးခွန်းကို ပြန်ဖြေပါမယ်။ ပထမဆုံးဦးစားပေး ကိစ္စက ငြိမ်းချမ်းရေးနဲ့ ဆက်စပ် နေတယ်လို့ ကျွန်တော်ထင်ပါ တယ်။ ငြိမ်းချမ်းမှုမရှိတာဟာ ဒီ နေ့ခေတ်ကမ္ဘာကြီးမှာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အသိသာဆုံး ပြဿနာပဲဖြစ်ပါတယ်။

ပဋိပက္ခ အဟောင်းတွေ လုံးဝနိဂုံးချုပ်မ သွားဘဲ ပဋိပက္ခအသစ်တွေအများ ကြီးတိုးပွားလာတာကို ကျွန်တော် တို့ မြင်တွေ့နေရတယ်။ ဆိုမာလီ ယာ (ဒါမှမဟုတ်) အာဖဂန်နစ္စတန် (ဒါမှမဟုတ်) ကွန်ဂိုပြည်သူ့ဒီမိုက ရက်တစ်နိုင်ငံကို ကြည့်လိုက်။ ကမ္ဘာကြီးက ပြောင်းလဲသွားပြီ။ ပြစ်ဒဏ်ကင်းလွတ်ခွင့်နဲ့ ကြိုတင် မပြောဆိုနိုင်တဲ့ ခံစားချက်တစ်ခုရှိ နေပြီး နိုင်ငံတကာအသိုင်းအ၀ိုင်း ဟာ ပဋိပက္ခတွေကို ကာကွယ်ဖြေ ရှင်းဖို့ သူတို့ရဲ့ စွမ်းပကားအများ ကြီးဆုံးရှုံးသွားတယ်။

ဒါကြောင့် ငြိမ်းချမ်းရေးအတွက် သံတမန် နည်းပရိယာယ်တွေ ပိုများလာစေ ရေးဟာ ကျွန်တော့်ရဲ့ ဦးစားပေး ကိစ္စဖြစ်ပါလိမ့်မယ်။

အဲဒါဟာ အဖွဲ့ဝင်နိုင်ငံတွေအပေါ် အများကြီး မူတည်နေတယ်ဆိုတာ ပြီး တော့ အတွင်းရေးမှူးချုပ်မှာ လုပ် ဆောင်နိုင်စွမ်းအကန့် အသတ်ရှိ နေတယ် ဆိုတာတွေကို ကျွန်တော် သိပါတယ်။

ဒါပေမဲ့ ဦးဆောင် စည်းရုံးသူတစ်ယောက်၊ ပြုပြင် ပြောင်းလဲစေသူတစ်ယောက်၊ ရိုးသားတဲ့ ကြားခံညှိနှိုင်းသူတစ် ယောက်အနေနဲ့ လုပ်ဆောင်မယ် ဆိုရင် အဖွဲ့ဝင်နိုင်ငံတွေကို ပိုပြီးတော့ တစုတစည်းတည်း ဆောင် ကြဉ်းနိုင်မယ်လို့ ကျွန်တော်မျှော် လင့်ပါတယ်။

ဒီနေ့ခေတ်ကမ္ဘာမှာ ကျွန်တော်တို့ ကြုံတွေ့ နေရတဲ့ စစ်ပွဲတွေပိုပြီးဆိုးရွားလာတယ်။ ခံစားနေရတဲ့ လူတွေအခြေအနေ ပိုဆိုးလာတယ်ဆိုတာ နားလည်ပါ တယ်။ ဒါပေမဲ့ အဲဒါထက်ပိုဆိုးတာက ကျွန်တော်တို့ရဲ့စုပေါင်းလုံခြုံမှုမှာ အဲဒီစစ်ပွဲတွေရဲ့ ရိုက်ခတ်မှုဟာ တကယ့်ကို အရမ်းအန္တရာယ် ရှိလာပါတယ်။

ပဋိပက္ခတွေမှာ ပါဝင်နေတဲ့သူတွေ (ဒါမှမဟုတ်) ပဋိပက္ခထဲက အဖွဲ့တွေအပေါ် သြဇာလွှမ်းမိုးမှုရှိသူတွေ ဆက်စပ်သူတွေအားလုံးအတွက် အရေး ကြီးတဲ့အချိန်ကို ရောက်ပါပြီ။ အတူတကွ ပူးပေါင်းဆောင်ရွက် ဖို့နဲ့ ကမ္ဘာ့လုံခြုံရေး အတွက် ဘုံအကျိုး စီးပွားဟာ သူတို့တွေကြား ရှိနေနိုင်တဲ့ သဘောထားကွဲလွဲမှု တွေထက် အများကြီး ပိုအရေး ကြီးတယ်ဆိုတာကို နားလည်ထား ရမယ့် အရေးကြီးတဲ့အချိန်ကို ရောက်ပါပြီ။

ဒါဆို . . . ခင်ဗျားငြိမ်းချမ်းရေးကို ယုံကြည်လား (ဒါမှမဟုတ်) ငြိမ်းချမ်းရေး မရှိတာဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ၊ ဘဏ္ဍာရေး ပြဿနာ တွေ ဒုက္ခသည်ပြဿနာတွေ စတဲ့ ကမ္ဘာ့ပြဿနာ အများစုရဲ့ နောက်ကွယ်က အကြောင်းရင်းဖြစ်တယ်လို့ ခင်ဗျား ယုံကြည်သလား။

ဒီဟာတွေအားလုံးဟာ တစ် ခုနဲ့ တစ်ခုဆက်စပ်နေတယ်ဆိုတာ ရှင်းနေပါတယ်။ သံတမန်နည်း ပရိယာယ်တွေ ပိုများလာတာဟာ အကောင်းဆုံး နည်းလမ်းပဲဆိုတာ ရှင်းပါတယ်။

တစ်ချိန်တည်းမှာ လူသားတွေ ခံစားနေရတာတွေ ကို ဘက်ပေါင်းစုံကနေ ကျွန်တော် တို့ ထိန်းချုပ်ရာမှာ အထောက်အ ကူဖြစ်လာမယ်ဆိုတာ ရှင်းပါ တယ်။ ပြီးတော့ ဒုက္ခသည်ပမာဏ ဟာ အဆိုးရွားဆုံးကိစ္စတွေထဲက တစ်ခုဖြစ်ပါတယ်။

ခင်ဗျားရဲ့ အလုပ်တာဝန်သစ်နဲ့ ပတ်သက်လို့ စဉ်းစားတဲ့အချိန်မှာ ခင်ဗျားစိတ်ထဲမှာ ပေါ်လာတဲ့ အဓိ ကစိုးရိမ်စရာ (ဒါမှမဟုတ်) စိန်ခေါ်မှုတွေက ဘာဖြစ်မလဲ။

လက်ရှိအချိန်မှာ အဓိကစိန် ခေါ်မှုကတော့ ကျွန်တော်ပြောခဲ့ သလိုပဲ ငြိမ်းချမ်းမှုအတွက် သံတ မန်နည်းပရိယာယ်တွေနဲ့ ဆက်စပ် လို့ ကျွန်တော်တို့ပိုပြီး ထိရောက် အောင် လုပ်ဖို့ပဲဖြစ်ပါတယ်။

ဒါပေမဲ့ ဒီအဖွဲ့အစည်းကို ပြုပြင် ပြောင်းလဲမှုလုပ်တာနဲ့ ဆက်စပ်ပြီး တော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေရှိ နေပါတယ်။ အဖွဲ့အစည်းကို ထိ ရောက်အောင် လုပ်ဖို့နဲ့ ကမ္ဘာတစ် ၀န်းလုံးက ကျွန်တော်တို့ စောင့် ရှောက်ရမယ့် လူတွေနဲ့ ဆက်စပ် လို့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကနဦးလုပ်ဆောင်ခဲ့တဲ့ ၂၀၃၀ စီမံကိန်းနဲ့ ရာသီဥတုဆိုင်ရာ သဘောတူညီမှုတွေစတဲ့ ပြီးခဲ့တဲ့ ကာလမှာဖြစ်နိုင်ခဲ့တဲ့ အရေးကြီး အောင်မြင်မှုတွေကို သေချာ အောင်ဆောင်ရွက်ဖို့ စိန်ခေါ်မှုတွေရှိနေပါတယ်။

အထင်ကရဆုံး ဖြတ်ချက်တွေကို အကောင်အ ထည်ဖော်ဖို့ သေချာအောင်လုပ် ဆောင်ရာမှာလည်း စိန်ခေါ်မှုတွေ ရှိနေပြီး ထိရောက်အောင်လုပ်ရ မယ့် နောက်ဆက်တွဲကိစ္စတွေရှိပါ တယ်။ ပြီးတော့ လူ့အခွင့်အရေး ဟာ လူသားတွေရဲ့ ဘုံတာဝန်တစ် ခုဖြစ်တယ်။ အဖွဲ့ဝင်နိုင်ငံအားလုံး ရဲ့ တာဝန်ဖြစ်တယ်လို့ ယူဆလာ အောင်လုပ်ဖို့ မေးမြန်းစရာတွေရှိ နေပါတယ်။

ပထမဆုံးအကြိမ်အနေနဲ့ ကုလသ မဂ္ဂအတွင်းရေးမှူးချုပ် ရွေးချယ် ရေးလုပ်ငန်းစဉ်မှာ အမျိုးသမီး ကိုယ်စားလှယ်အများအပြားကို စဉ်းစားဖို့ တင်ပြထားတာတွေ တွေ့မြင်ခဲ့ပါတယ်။ ထိပ်တန်းရာ ထူးနေရာတွေမှာ အမျိုးသမီးတွေ ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ခင်ဗျားရဲ့ အမြင်ကို မေးမြန်းချင် ပါတယ်။

အရင်ဦးဆုံးအနေနဲ့ ကမ္ဘာ တစ်ဝန်းဘယ်နိုင်ငံမှာမဆို နိုင်ငံ့ ခေါင်းဆောင်အဖြစ်နဲ့ ဒါမှမဟုတ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အဖြစ်နဲ့ အမျိုးသမီးတစ်ယောက် ရှိတဲ့ ထင်ရှားတဲ့တန်ဖိုးကို ကျွန် တော်အပြည့်အ၀အသိအမှတ်ပြု ပါတယ်။ ဒါပေမဲ့ အဲဒါနဲ့ပတ်သက် ပြီး ကျွန်တော်ဘာမှမလုပ်နိုင်ပါ ဘူး။ ကျွန်တော်ဟာ အမျိုးသမီး တစ်ယောက်မဟုတ်ဘူး။ ကျွန် တော်ကို ခွင့်လွှတ်ပါ။

ဒီအဖွဲ့အ စည်းအတွက် ကျွန်တော်သေချာ အောင် လုပ်နိုင်တာကတော့ ကမ္ဘာတစ်ဝန်းလုံး ကျွန်တော်တို့လုပ်နေ တာတွေ အားလုံးထက် အရင် ဆုံးအမျိုးသမီးတွေနဲ့ မိန်းကလေး တွေ လုပ်ပိုင်ခွင့်အာဏာအပ်နှင်း တာနဲ့ ကာကွယ်ပေးတာပဲဖြစ် ပါတယ်။ ဒုတိယအနေနဲ့ အနီးစပ် ဆုံးဖြစ်နိုင်တဲ့ အနာဂတ်မှာ ရာထူး အဆင့်အားလုံးမှာ ယောက်ျားနဲ့ မိန်းမကြား တန်းတူအကျိုးခံစား ခွင့်ရရှိဖို့ အဖွဲ့အစည်းမှာ ကျွန် တော်တို့ ဆောင်ရွက်ဖို့ပဲဖြစ်ပါ တယ်။

ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော့်ရဲ့ လိင်ကွဲပြားမှုနဲ့ပတ် သက်လို့ ကျွန်တော်ဘာမှ မလုပ် နိုင်ပေမယ့် ကုလသမဂ္ဂက ဆက်စပ်တဲ့ အရာအားလုံးမှာ ကျား၊မညီမျှမှုရှိစေဖို့ ကျွန်တော်အရမ်းခိုင် မာတဲ့ ကတိကိုပေးနိုင်ပါတယ်။

ဒါဆိုခင်ဗျားရဲ့ ဒုတိယအတွင်းရေး မှူးချုပ်အနေနဲ့ အမျိုးသမီးတစ် ယောက်ခန့်ဖို့ ခင်ဗျားစဉ်းစားမှာ လား။

အဲဒါဟာ လုံးဝလိုအပ်မှုလို့ ကျွန်တော်ထင်တယ်။ တန်းတူအ ကျိုးခံစားခွင့်ဆိုတာ တကယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဟာ အမျိုးသမီးတစ်ယောက်ဆို ရင် ဒုတိယအတွင်းရေးမှူးချုပ်ဟာ အမျိုးသားဖြစ်သင့်တယ်။ တကယ် လို့ အတွင်းရေးမှူးချုပ်ဟာ အမျိုးသားဖြစ်နေရင် ဒုတိယအတွင်း ရေးမှူးချုပ်ဟာ အမျိုးသမီးတစ် ယောက်ဖြစ်သင့်တယ်လို့ ဆိုလို တာပါ။

ခင်ဗျားဟာ ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီး အဖြစ်နဲ့ ၁၀ နှစ်ကြာ တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ ဒုက္ခသည်တွေ ရွှေ့ ပြောင်းနေထိုင် သူတွေရဲ့ လိုအပ် ချက်တွေကို ဖြေရှင်းရာမှာ အတွင်းရေးမှူးချုပ် တစ်ယောက်အနေနဲ့ ခင်ဗျားရဲ့ စွမ်းဆောင်ရည် အသစ် ထဲက ဒီနယ်ပယ်မှာ ခင်ဗျားရဲ့ အတွေ့အကြုံကို ဘယ်လိုသုံး သွားမလဲ။

ကမ္ဘာရဲ့ အစိတ်အပိုင်းအ များကြီးမှာ ရွှေ့ပြောင်းနေထိုင်မှု နဲ့ ဆက်စပ်လို့ လူပြိန်းကြိုက်တွေ နိုင်ငံခြားသားမုန်းတီးရေးချဉ်းကပ်မှုတွေနဲ့ အခြေအနေ
ပြင်းထန်မှု မြင့်မား လာတာတွေနဲ့အတူ ကမ္ဘာ မှာ သိပ်မကြာသေးခင်က ဒုက္ခ သည်ကာကွယ်ရေး ယိုယွင်းနေ တာကို မြင်တွေ့ရတဲ့အတွက် ကျွန်တော် အရမ်းစိုးရိမ်ခဲ့မိပါ တယ်။

ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း နေထိုင်မှုတွေနဲ့ ဆက်စပ်လို့ သိပ် မကြာခင်က လုပ်ခဲ့တဲ့ ညီလာခံ တွေဟာ အဲဒီလမ်းကြောင်း
တွေကို ပြောင်းလဲ ရာမှာ အထောက်အကူ ဖြစ်ဖို့ ကျွန်တော်မျှော်လင့်တယ်။ ပြီးရင် အဲဒီလမ်းကြောင်းတွေ ပြောင်းပြန်ဖြစ်စေဖို့ ကျွန်တော် လုပ်နိုင်တာ အားလုံးလုပ်မယ်။

ဒုက္ခသည်တွေကို ကာကွယ်ဖို့ဆို တာကို ကမ္ဘာကြီးရဲ့ တာဝန်တစ်ခု အနေနဲ့ ယူဆလာစေဖို့ လုပ်မယ်။ အဲဒါဟာ ဒုက္ခသည်တွေနဲ့ ပတ် သက်တဲ့ အစဉ်အလာပဲမဟုတ် ဘူး။

အဲဒါဟာ ကမ္ဘာတစ်ဝန်းလုံး က ယဉ်ကျေးမှုအားလုံး၊ ဘာသာ တရားအားလုံးမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်
နေတဲ့ ကိစ္စပါ။

အစ္စလာမ်ဘာသာမှာ ကြည့် လိုက်၊ ခရစ်ယာန်ဘာသာမှာ ကြည့်လိုက်၊ အာဖရိကမှာ ကြည့် လိုက်၊ မတူတဲ့ ဘာသာတွေကို ကြည့်လိုက် ဗုဒ္ဓဘာသာမှာ၊ ဟိန္ဒူ ဘာသာမှာ ဒုက္ခသည်တွေကို လက်ခံဖို့ ခိုင်မာတဲ့ ကတိတစ်ခုကို တွေ့ ရတယ်။

ဒါကြောင့် နိုင်ငံတကာ ဥပဒေအရသာမဟုတ်ဘဲ နိုင်ငံတွေလေးစားသမှုရှိလာနိုင်ဖို့ သေချာ အောင်လုပ်ဖို့အတွက်ပဲမဟုတ်ဘဲ ကျွန်တော်တို့ မျက်မြင်တွေ့နေရ တဲ့ ဆိုးရွားတဲ့ ပဋိပက္ခတွေက ထွက်ပြေးလာတဲ့ သူတွေကို ကာကွယ် ဖို့ လိုအပ်နေတာတွေနဲ့ ပတ်သက် လို့ အပြည့်အ၀တစ်သားတည်း ဆောင်ရွက်ဖို့ ကိစ္စဟာ တကယ့် ကို ဦးစားပေးကိစ္စတစ်ခုပဲဖြစ်ပါ တယ်။

ရွှေ့ပြောင်းနေထိုင်မှုကို လူသားဆန်တဲ့ အမြင်နဲ့ ကြည့်ဖို့နဲ့ ရွှေ့ပြောင်းနေထိုင်မှုဟာ ကမ္ဘာ့ ပြဿနာတွေကို ဖြေရှင်းဖို့ရာမှာ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာ အသိအမှတ်ပြုဖို့ကလည်း ဦးစား ပေးကိစ္စဖြစ်ပါတယ်။ အဲဒါကို ထိ ထိရောက်ရောက်ထိန်းချုပ်ဖို့ပဲလို အပ်တာပါ။

ဒါကို နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှု အပေါ် အ ခြေခံဖို့ပဲ လိုအပ် ပါတယ်။ လူတွေ မသေအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ တစ်ချိန်တည်းမှာပဲ လူ မှောင်ခိုကူးသူတွေ၊ မှောင်ခိုသမား တွေ ပိုများလာတာဟာ မူလနိုင်ငံ တွေ၊ ခရီးတစ်ထောက်နားတဲ့ နိုင်ငံတွေ၊ နောက်ဆုံးရောက်ရှိ မယ့်နိုင်ငံတွေကြားမှာ ထိရောက် တဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိလို့ပဲ ဖြစ်ပါတယ်။

ရွှေ့ပြောင်းနေထိုင် မှုကိစ္စကို ကမ္ဘာကြီးက ပြဿနာ တွေကို ဖြေရှင်းတဲ့နေရာမှာ ကြုံ နေကျ ကိစ္စတွေထဲက တစ်ခုလို့ မမှတ်ယူထားတဲ့အတွက်ပဲဖြစ်ပါ တယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အလုပ်ကို လူအများက မဖြစ်နိုင် တဲ့ အလုပ် တစ်ခုလို့ ပြောထား ကြပါတယ်။ အခု ခင်ဗျားဟာ မဖြစ်နိုင် တာကို ဖြစ်နိုင် တာတွေ အဖြစ် ပြောင်းလဲ ပစ်မှာလား။

ကျွန်တော် အကောင်းဆုံး လုပ်ဆောင်သွားပါမယ်။ အဲဒါ တစ်ခုတည်းပဲ ကျွန်တော်ပြောနိုင် တယ်။ ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂ ပဋိညာဉ်ရဲ့ လေးနက်တဲ့ တန်ဖိုး တွေနဲ့ လေးနက်တဲ့အကြောင်း ရင်းတွေအတွက် တာဝန် ထမ်းဆောင်ရာမှာ ကျွန်တော်အစွမ်းရှိ သလောက် အားလုံးကို လုပ် ဆောင်သွားပါမယ်။

—Ref:UN News Centre

From : 7 day daily - By : ကျော်သူမောင်

Originally published at - http://www.7daydaily.com/story/79146


Read More »

Monday, October 10, 2016

ထိုင်း နိုင်ငံရေး သမိုင်းမှာ မေ့လို့မရတဲ့ ဓာတ်ပုံ


၁၉၇၆ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့ ဖြစ်ပေါ်ခဲ့သည့် သွေးလွှမ်း သော ဖြစ်ရပ်များကို အမြဲတမ်း အမှတ်ရ စေခဲ့သည် (ဓာတ်ပုံ – Neal Ulevich)

ဒဏ်ရာ အပြည့်ဖြင့် သေဆုံး နေသည့် အလောင်း တလောင်းကို သစ်ပင်တွင် ချိတ်ဆွဲ ထားပြီး လူတယောက်က သူ၏ ခေါင်း ပေါ်တွင် ခေါက်ကုလားထိုင် တလုံးကို ဝှေ့ရမ်းရင်း ရိုက်နှက်ရန် ပြင်ဆင်နေသည်။ ပွဲကြည့် ပရိသတ်များ ကတော့ မလှမ်း မကမ်းမှ စောင့်ကြည့် နေကြသည်။ ရုပ်သေးပွဲ ကြည့်နေ သလိုမျိုး အချို့က ပြုံးရယ် နေကြ၏။ ထိုအဖြစ်ကို ရိုက်ကူးထားသည့် ဓာတ်ပုံတပုံက ၁၉၇၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် သွေးလွှမ်း သောဖြစ်ရပ်များကို အမြဲတမ်း အမှတ်ရစေခဲ့သည်။ လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဘန်ကောက်မြို့ရှိ သမ္မာဆတ် တက္ကသိုလ်ဝင်းထဲတွင် သေနတ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကျောင်းသား အမြောက် အများ သေဆုံးခဲ့ရသည်။ ထွက်ပြေးရန် ကြိုးစားသူများကို လက်ယာယိမ်းအဖွဲ့ဝင်များက ဖမ်းဆီးနှိပ်စက်ခဲ့ကြသည်။ ထိုမျှ အထိ ဖြစ်ခဲ့ရသည်ကိုပင် ထိုင်းနိုင်ငံမှ အချို့သောသူများက ဘာကြောင့် ဖြစ်ခဲ့ရသည်၊ ဘာတွေဖြစ်ခဲ့သည် ဆိုခြင်းကို မေ့ လျော့ခဲ့ကြသည်။ “ထိုင်းလူငယ်တွေက ဓာတ်ပုံကို ကြည့်ပြီးတော့ ဘယ်ကပုံလဲလို့ မေးကြတယ်” ဟု သြစတြေးလျ ရုပ်ရှင် ထုတ်လုပ်သူ တဦး ဖြစ်သည့် David Tucker ကပြောသည်။ သူက အဆိုပါ သတ်ဖြတ်မှုများ အကြောင်းကို မှတ်တမ်းတင်ရုပ်ရှင် ရိုက် ကူးနေသူ ဖြစ်သည်။ “သူတို့(ထိုင်းလူငယ်များ)က အောက်တိုဘာ ၆ ရက်အကြောင်း မသိကြဘူး။ တချို့ကဆိုရင် တခြား နိုင်ငံက ဓာတ်ပုံ ဖြစ်ရမယ်။ ထိုင်းနိုင်ငံမှာ မဖြစ်နိုင်ဘူးလို့ ပြောကြတယ်။ အောက်တိုဘာ ၆ ရက်ကို မှတ်မိနိုင်တဲ့ အသက် အရွယ် ရှိတဲ့သူတွေကတော့ ဘယ်ကပုံဆိုတာ ခန့်မှန်းနိုင်ကြတယ်။ တချို့က အဲဒီပုံကို အရင်ကထဲက မြင်ဖူးကြတယ်။ ဒါပေမယ့် ယေဘုယျ အားဖြင့်တော့ လူတွေက ပြောဖို့ တွန့်ဆုတ်နေကြတယ်” ဟုသူက ဆိုသည်။ မည်မျှ တွန့်ဆုတ်ကြပါသနည်း။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ က AP သတင်းဌာန၏ ဓာတ်ပုံဆရာ Neal Ulevich ရိုက်ကူး ခဲ့ပြီး Pulitzer ဆုလည်း ရရှိခဲ့သော အဆိုပါဓာတ်ပုံတွင် ပါဝင်သည့်သူများ (အလောင်း၊ တိုက်ခိုက်နေသူ နှင့် ဒါဇင်နှင့် ချီသော ပွဲကြည့် ပရိသတ်များ) ထဲမှ တယောက်ကိုမျှ ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိပါ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက မျက်နှာများကို အမည်တပ်ရန် ကြိုးစားနေသည့် ထိုင်းသုတေသီများနှင့် ပူးပေါင်း ဆောင် ရွက်နေသော David Tucker စိတ်ဝင်စားသည်ကလည်း ထိုအချက်ပင် ဖြစ်သည်။ လူမှုကွန်ရက်များ၏ အစွမ်းကို အသုံး ပြု၍ သတင်းအချက်အလက်များ ရရှိနိုင်ရန်လည်း သူတို့က မျှော်လင့်ထားသည်။ ယခုအပတ်အတွင်း သူတို့၏ ၀က်ဘ် ဆိုက်ဖြစ်သော http://www.6Oct-photo.com ကို စတင်ခဲ့သည်။ “အစိုးရကလည်း သူတို့ကို ဒီအကြောင်း မပြောစေချင်ဘူး။ ဒါပေမယ့် ထိုင်းနိုင်ငံသားတွေ အနေနဲ့ သူတို့ကိုယ်သူတို့ ပြန် မြင်ပြီးတော့ စိတ်သက်သာရာ ရဖို့ခက်ခဲတာကြောင့် မပြောချင်ကြတာလို့လည်း ကျနော်ထင်တယ်။ သူတို့တွေက ယဉ်ကျေးပြီး ဟန်ချက်ညီမျှတဲ့ အသိုင်းအ၀ိုင်းတခု အဖြစ် ကျော်ကြားတယ်။ ဒါပေမယ့် သူတို့ သမိုင်းထဲမှာတော့ ဒီဖြစ်ရပ်က ဘန်ကောက်မြို့လယ်ခေါင်မှာ ဖြစ်သွားတဲ့ ရက်စက်တဲ့ အကြမ်းဖက်မှုတခုပါ” ဟု David Tucker က ပြောသည်။ အောက်တိုဘာလ ၆ ရက်နေ့ အဖြစ်အပျက်ကို သရုပ်ဖော်သည့် ရုပ်ရှင်ဇာတ်ကားတကား ရိုက်ကူးခဲ့သော ထိုင်းလူမျိုး ဒါရိုက်တာ တဦးဖြစ်သည့် Anocha Suwichakornpong ကတော့ ခေတ်သစ် ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်၍ မြင်ခဲ့သည်။ ၂၀၁၄ ခုနှစ် မေလ တွင် ထိုင်းစစ်တပ်က ရွေးကောက်ခံ အစိုးရထံမှ အာဏာသိမ်းယူခဲ့ပြီး နောက်ပိုင်းလများတွင်း ကြမ်းတမ်းသော ဆန္ဒပြပွဲများ တခါတရံ ဖြစ်ပေါ်ခဲ့ပြီး စစ်တပ်က ထိန်းချုပ်မှုကို နောက်နှစ်ပေါင်းများစွာအထိ ခိုင်မာအောင် ပြုလုပ်မည့် အသွင်လည်း ရှိနေသည်။ “လတ်တလော နှစ်တွေ အတွင်းမှာ နိုင်ငံရေး အခြေအနေက ၁၉၇၀ နှစ်တွေက ထိုင်းနိုင်ငံ နဲ့ အတော်လေးကို တူပါတယ်။ အထူးသဖြင့် နောက်ဆုံး အာဏာသိမ်းခဲ့တဲ့အချိန် ၂၀၁၄ ရဲ့ အစောပိုင်း ရက်တွေမှာ ဖြစ်ပါတယ်။ လက်ယာယိမ်းသူတွေ နဲ့ ဘုရင်ကို သစ္စာစောင့်သိသူတွေက သဘောထားပိုပြီး ပြင်းထန်လာခဲ့တယ်။ တချိန်ထဲမှာပဲ စစ်တပ်က ပိုပြီး အာဏာရ လာခဲ့ တယ်။ ကျမတို့တွေက အတိတ်ကို ပြန်ရောက်သွားသလိုပဲ” ဟု Anocha Suwichakornpong က ပြောသည်။ ၁၉၇၆ ခုနှစ် သတ်ဖြတ်မှုများ မပေါ်ပေါက်မီ ၃ နှစ် အလိုက ထိုင်းနိုင်ငံတွင် ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။ လူကြိုက်နည်းသည့် စစ်အာဏာရှင်များတိုင်းပြည်မှ ထွက်သွားရန် နှင့် စစ်မှန်သော ပါလီမန် ဒီမိုကရေစီ ရရှိရေးအတွက် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ အသွင်ကူးပြောင်းရေး တခုအတွက် ကြမ်းတမ်းခက်ခဲခဲ့သော ကာလ လည်း ဖြစ်ပါသည်။ ၁၉၇၅ ခုနှစ်က အိမ်နီးချင်းနိုင်ငံ ၃ ခုဖြစ်သည့် ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယား တို့တွင် ကွန် မြူ နစ်များ အာဏာရလာခဲ့သည်။ ထိုင်းနိုင်ငံကမူ ဗီယက်နမ်စစ်ပွဲ ကာလတွင် အမေရိကန်၏ မဟာမိတ်အဖြစ်ရပ်တည်ခဲ့ သည်။ သို့သော်လည်း ယခုအခါတွင် အမေရိကန် အစိုးရက အရှေ့တောင်အာရှကို စွန့်ခွာနေပြီ ဖြစ်ပြီး ၎င်း၏ အကာ အကွယ်ကလည်း အာမခံချက် မရှိနိုင်တော့ပါ။ ထိုအချိန်တွင် ထိုင်းနိုင်ငံရေးတွင် ဒီမိုကရေစီက ရှုပ်ထွေးနေသည်။ ကွဲပြားနေသည်။ လယ်သမားများက မြေပိုင်ရှင်များကို ဆန့်ကျင်နေ ကြသည်။ အလုပ်သမားများက အလုပ်ရှင်များကို ဆန့်ကျင်နေကြသည်။ တက်ကြွလှုပ်ရှားသော ကျောင်းသား များ၏ မာ့က်စ်ဝါဒ ဟောပြောမှုများကလည်း အန္တရာယ် ရှိကြောင်း ဖော်ပြနေသည်။ ၁၉၇၆ ခုနှစ် ဆောင်းဦးရာသီတွင် ယခင်အာဏာရှင် ဟောင်းတဦး ထိုင်းနိုင်ငံသို့ ပြန်ရောက်လာသည်ကို ကျောင်းသားများ က ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။ ထိုဖြစ်ရပ်တွင် ရဲအဖွဲ့ကြောင့် တက်ကြွလှုပ်ရှားသူ ကျောင်းသား ၂ ဦး သေဆုံးခဲ့ရသည်ကို လက်ယာယိမ်း မီဒီယာက တိုင်းပြည်၏ လေးစားရာဖြစ်သော တော်ဝင်မိသားစုကို စော်ကားခြင်း ဖြစ်သည်ဟု မှားယွင်းဖော် ပြမှုတခုလည်း ဖြစ်ခဲ့သည်။ စစ်တပ်က ကျောထောက် နောက်ခံပေးထားသော လက်ယာယိမ်းသည့် အဖွဲ့များက တိုက်ခိုက် ချေမှုန်းရန် စတင်၍ တောင်းဆိုလာကြသည့်တိုင် ကျောင်းသားများက ဆက်လက် ဆန္ဒပြခဲ့ကြသည်။ ၁၉၇၆ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ ညသန်းခေါင် ရောက်သည့် အချိန်တွင် သမ္မာဆတ် တက္ကသိုလ် ၀င်းအတွင်း ရှိ ဆန္ဒပြ ကျောင်းသား ၃၀၀၀ ကျော်မှာ ၀ိုင်းရံပိတ်ဆို့ခြင်း ခံလိုက်ရသည်။ ဒေါသထွက်နေသည့် အစိုးရသစ္စာခံများ၊ စုစည်း ထားသည့် ရာဇ၀တ်သားများက ကျောင်းသားများက သူတို့လုံခြုံရေးအတွက် ပိတ်ဆို့ထားသော ဂိတ်တံခါးများ တွင် စုရုံးလာခဲ့ကြသည်။ ချေမှုန်းရေးအတွက် လေ့ကျင့်ထားသော အထူးတပ်ဖွဲ့များ အများစုပါဝင်သည့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ရဲအဖွဲ့ဝင်များက ခြောက်လုံးပြူးများ၊ ရိုင်ဖယ်များ၊ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်ခဲ့ကြသည်။ ကျောင်း သားများကို ပစ်ခတ်ရန် တင့်ကားပစ် လက်နက်များကို ပင် အသုံးပြုခဲ့ကြသည်ဟု သိရသည်။ ကျောင်းသားများထဲမှ လက် တဆုပ်စာခန့်ကသာ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်နိုင်ခဲ့သည်ဟု ယူဆရပါသည်။ မနက်ပိုင်းရောက်သည့် အခါ ရဲအဖွဲ့က တက္ကသိုလ်ဝင်း နှင့် အဆောက်အဦးများကို ၀င်ရောက်သိမ်းပိုက်ပြီး ကျောင်းသား များကို အကျဉ်းသား အဖြစ်ဖမ်းဆီး၍ အင်္ကျီများချွတ်စေပြီး အားကစားကွင်းထဲတွင် မှောက်ခိုင်းထားခဲ့သည်။ အဟန့် အတား မရှိ ၀င်ရောက်လာသော ရာဇ၀တ်သားများက အကာအကွယ်မဲ့ကျောင်းသားများကို နှိပ်စက်ခဲ့ကြသည်။ ဆေးရုံ ကားများပေါ်မှ ဒဏ်ရာရ သူများကိုပင် မချန်ခဲ့ပါ။ ချိတ်ဆွဲထားသည့် အလောင်းများမှာ ရိုက်နှက်ထားသဖြင့် လူကို မှတ်မိနိုင်စရာ မရှိတော့ပါ။ အလောင်းများတွင်လည်း အချွန်များနှင့် ထိုးစိုက်ထားကြသည်။ အားလုံးကို တက္ကသိုလ် အပြင်ဘက် လူမြင်ကွင်းတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ကြိုးဖြင့်ဆွဲထားသည့် အလောင်းကို Neal Ulevich က ဓာတ်ပုံရိုက်ခဲ့သည်။ တက္ကသိုလ်ဝင်းထဲမှ မထွက်ခွာမီ ရိုက်ကူး ခဲ့သည့် ပုံ ၁၂ ပုံအနက်မှ တပုံဖြစ်ပြီး ထိုပုံကြောင့် Pulitzer ဆုလည်း ရခဲ့သည်။ အကယ်၍ တက္ကသိုလ်ဝင်းထဲတွင် အချိန် ကြာမြင့်စွာနေခဲ့လျှင် သူ၏ ဖလင် သိမ်းယူခြင်းခံရမည်ကို သူစိုးရိမ်ခဲ့သည်။ “ကျနော် တက္ကသိုလ် ဂိတ်ပေါက်ကိုရောက်တဲ့ အချိန်မှာ ကွင်းပြင်ကျယ်ထဲက သစ်ပင် ၂ ပင် အောက်မှာ ၀ရုန်းသုန်းကား ဖြစ်နေတဲ့ အခြေအနေတခုကို မြင်ခဲ့ရတယ်။ အဲဒါက ဘန်ကောက်မြို့ အလယ်မှာပါ” ဟု သူက Colorado ရှိ သူ၏ နေ အိမ်တွင် ပြီးခဲ့သည့် အပတ်က ပြုလုပ်ခဲ့သော အင်တာဗျုးတွင်ပြောသည်။ “ကျနော်က သစ်ပင်တပင်ဆီ လျှောက်သွားတဲ့ အခါ လူတယောက်က သစ်ပင်မှာ ချိတ်ထားတဲ့ ခန္ဓာကိုယ်တခု ကို ကုလားထိုင်နဲ့ ရိုက်နှက်နေတာကို မြင်ရတယ်။ နောက်ထပ် သစ်ပင် ၂ ပင် အကွာမှာတော့ နောက်ထပ် တယောက်ကို ချိတ် ထားတာတွေ့တယ်။ အဲဒီအချိန်မှာတော့ သူတို့ ၂ ယောက်လုံး သေနေပါပြီ။” သေဆုံးသူ ၄၆ ဦး ရှိသည်ဟု တရားဝင် ထုတ်ပြန်ကျေညာခဲ့သော်လည်း ပညာရှင်များက ၁၀၀ ကျော်ရှိနိုင်သည်ဟု ခန့်မှန်း ခဲ့ခြင်းက ပို၍ လက်ခံနိုင်ဖွယ်ရာ ရှိသည်။ ထိုနေ့ နောက်ပိုင်းတွင် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး နောက် သတင်းမှောင်ချ ပစ်ခဲ့သည်။ သတင်းစာများကိုလည်း ယာယီပိတ်သိမ်းခဲ့ပြီး သတင်းထောက်များထံမှ ဖလင်များ မှတ်စုများကိုလည်း သိမ်းယူခဲ့သည်။ အစုအပြုံလိုက်သတ်ဖြတ်မှု သက်သေများကို ထုတ်လွှင့်ခဲ့သည့် ရုပ်မြင်သံကြား တင်ဆက်သူတယောက်ကို ချက်ချင်း အလုပ်ထုတ်ပစ်ခဲ့သည်။ သို့သော်လည်း နိုင်ငံတကာ သတင်းများ နှင့် အသံလွှင့်ဌာနများက ပုံများက သတင်းမှောင်ချမှုကို အနိုင်ယူနိုင်ခဲ့သည်။ ကမ္ဘာတလွှားမှ သတင်းစာများတွင် ထိတ်လန့်စရာ ရုပ်ပုံများကို ဖော်ပြခဲ့ကြသည်။ နောက် နှစ်ပေါင်း ၂၀ ကြာမြင့်သည့် အခါ ထိုင်းနိုင်ငံတွင် အဆိုပါ လူသတ်ပွဲအတွက် အမှတ်တရ ပွဲများ စတင်ပြုလုပ်လာ ခဲ့ကြသည်။ သမ္မာဆတ် တက္ကသိုလ်တွင် လူပေါင်းများစွာ စုဝေး၍ အထိမ်းအမှတ်ပွဲပြုလုပ်ကြသည်။ စာအုပ်များ ထုတ်ဝေ ဖြန့်ချီခဲ့ကြသည်။ အခန်းအနားငယ်လေး တခု အခြေအနေမှ အစဉ်အလာတခု ဖြစ်လာခဲ့သည်။ သို့သော်လည်း ၂၀၁၄ ခု နှစ်တွင် စစ်အစိုးရက ထိုကိစ္စနှင့် ကင်းကင်းနေရန် နိုင်ငံရေး အဖွဲ့အစည်းများကို အမိန့်ထုတ်ခဲ့သည်။ စစ်အစိုးရက ယခုနှစ်တွင် ကျင်းပမည့် အခန်းအနားကို တားဆီးနှောက်ယှက်မည့် အရိပ်လက္ခဏာ မပြခဲ့သော်လည်း ပထမ ဆုံး အကြိမ်အဖြစ် ဘန်ကောက်မြို့မှ အခြားသော တက္ကသိုလ် ၂ ခုတွင်ပါ တိုးချဲ့ပြုလုပ်ခဲ့ခြင်း အတွက် စီစဉ်သူများကို ဝေဖန်ခဲ့သည်။ ယခုနှစ် ကျရောက်မည့် နှစ် ၄၀ မြောက် အခန်းအနားအတွက် ပိုစတာများတွင် Neal Ulevich ၏ ဓာတ်ပုံက အဓိကနေရာ မှ ပါဝင်ခဲ့သည်။ “By the Time It Gets Dark” ဇာတ်ကားကို ရိုက်ကူးခဲ့သည့် Anocha အပါအ၀င် ထိုင်းအနုပညာရှင်များ ဉာဏ်ကွန့်မြူးစရာလည်း ဖြစ်ခဲ့သည်။ အဆိုပါ ရုပ်ရှင်ကားမှာ ၁၉၇၀ နှစ်များအတွင်းက တက်ကြွလှုပ်ရှားသူ ကျောင်းသား တယောက် ဖြစ်ခဲ့သော စာရေးဆရာတယောက်၏ အကြောင်းကို အခြေခံသည့် ရုပ်ရှင်ကို ထုတ်လုပ်ခဲ့သူ တယောက် အ ကြောင်း ဖြစ်ပါသည်။ Neal Ulevich ၏ ဓာတ်ပုံနှင့် ပတ်သက်၍ “မေ့လျော့နေသူတွေ အတွက် သတိပေးချက်တခု လိုပါပဲ။ ဒီကိစ္စတွေကို မကြုံခဲ့ရတဲ့ လူတွေ အတွက်လည်း ဒီလို ရက်စက်မှုမျိုးတွေ နောက်တကြိမ် ပေါ်ပေါက် မလာနိုင်အောင် တားဆီးနိုင်ရေး အတွက် အ ထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်” ဟု Anocha က အီးမေးလ်မှ တဆင့်ပြောခဲ့သည်။ (1976 lynching photo both dark mark and blind spot for Thais ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်) From : GRANT PECK / AP Originally published at - http://burma.irrawaddy.com/article/2016/10/08/124672.html
Read More »

Saturday, September 17, 2016

ဒေါ်အောင်ဆန်းစုကြည်၏ တန်ဖိုးအရှိဆုံး တစ်နယ်သား နိုင်ငံရေး မဟာမိတ်




မြန်မာ့ ဒီမိုကရေစီ လှုပ်ရှား မှု၏ အထင် ကရ သင်္ကေတနှင့် လက်ရှိ မြန်မာ အစိုးရ အဖွဲ့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်း စု ကြည်သည် ယခု သီတင်းပတ် အ တွင်း အမေရိကန် နိုင်ငံ ဝါရှင်တန် မြို့တော်သို့ ရောက်ရှိ လာခဲ့သည်။

ဒေါ်အောင်ဆန်း စုကြည်၏ ဝါရှင် တန် ခရီးစဉ်ကို ရင်းနှီးပြီးသား မျက်နှာသိ နိုင်ငံရေး သမား တစ်ဦး ကလည်း တက်ကြွစွာ စောင့်ကြို နေသည်။ လွှတ်တော်အမတ် မစ်ခ်ျမက်ကော်နဲလ်သည် ဒေါ် အောင်ဆန်းစုကြည်၏ နိုင်ငံရေး လှုပ်ရှားမှုများကို ဆယ်စုနှစ်များ စွာ စောင့်ကြည့် ကူညီခဲ့သူ ဖြစ် သည်။

ကင်တက်ကီမှ ရီပက်ဘ လေကန် အမတ်တစ်ဦးဖြစ်သူ မက်ကော်နဲလ်သည် မြန်မာနိုင်ငံ ၏ ဒီမိုကရေစီဖြစ်ထွန်းအောင်မြင် ရေးကဏ္ဍတွင် အဝေးတစ်နေရာမှ ဆယ်စုနှစ် သုံးခုကြာ ကူညီလှုပ် ရှားခဲ့သူတစ်ဦးဟု ဆိုနိုင်သည်။

‘‘ကျွန်တော့်ဘဝမှာ ဘယ်ကိစ္စကို မှ အခုလောက် စိတ်ရောကိုယ်ပါ အချိန်အကြာကြီး အားထုတ်တာ မျိုး မရှိခဲ့ဖူးဘူး’’ ဟုပင် ၎င်းက မှတ်ချက်ပေး ခဲ့ဖူးသည်။

မက်ကော်နဲလ်သည် ယခင် မြန်မာစစ်အစိုးရအပေါ် အမေရိ ကန်က အရေးယူပိတ်ဆို့မှုများ ပြု လုပ်ပြီး ဒီမိုကရေစီဖော်ဆောင်ရေး တွန်းအားပေးနိုင်ရန် လူမြင်ကွင်း
နောက်ကွယ်မှ တိတ်တဆိတ်နှင့် မမောနိုင်မပန်းနိုင် စည်းရုံးဆော် ဩခဲ့သူ တစ်ဦးဖြစ်သည်။

၂၀၀၂ တွင် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ် ကျခံနေ ရစဉ် အတောအတွင်းမှာပင် နိုင်ငံ ပြင်ပသို့ လျှို့ဝှက်စာတစ်စောင် ပေးပို့ပြီး ၎င်း၏အားထုတ်မှုများ အတွက် ကျေးဇူးတင်ရှိကြောင်း မက်ကော်နဲလ်ထံ ဆက်သွယ် ပြောကြားခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း နှစ်ပေါင်း များစွာ နေအိမ် အကျယ်ချုပ်ဖြင့် ထားရှိ ခံရမှုကို စိတ်ဓာတ် ကြံ့ခိုင် စွာကျော်ဖြတ် ခဲ့ရာ မက်ကော်နဲလ် အတွက် အထင်တကြီး လေးစားမှု မျိုး ဖြစ်ပေါ်စေခဲ့သည်။

ထို အတောအတွင်း ဒေါ်အောင်ဆန်း စုကြည်၏ခင်ပွန်းသည် ကွယ်လွန် သွားသည့်တိုင် ဒေါ်အောင်ဆန်းစု ကြည်က မြန်မာနိုင်ငံကို စွန့်ခွာရန် ငြင်းဆန် ခဲ့သည်မှာ
လေးစား စရာ ဖြစ်ကြောင်း နိုင်ငံရေးအသိုက်အ ဝန်းတွင် ထင်ရှားသည့် လွှတ် တော်အမတ်က ဆိုသည်။

‘‘ဒေါ်အောင်ဆန်းစုကြည် က မဟတ္တမဂန္ဒီလို ငြိမ်းချမ်းရေး သင်္ကေတတစ်ခုအဖြစ် ရပ်တည် နိုင်တဲ့ လမ်းကြောင်းမျိုးရွေးချယ် ခွင့် ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီအစား သူက မာဂရက်သက်ချာရဲ့ လမ်း ကို ရွေးခဲ့တယ်။ နိုင်ငံရဲ့အမှောင် ခေတ်မျိုးမှာ သူ့ရဲ့တာဝန်ကို မ ရှောင်လွှဲဘဲ လက်ခံယူခဲ့တယ်’’ဟု မက်ကော်နဲလ်က မကြာသေးမှီ က အင်တာဗျူးတစ်ခုတွင် ဒေါ် အောင်ဆန်းစုကြည်အား ချီးကျူး ခဲ့သည်။

မက်ကော်နဲလ်သည် မြန်မာ့ အရေးကို ၁၉၈၀ ပြည့်လွန်နှစ်များ နှင့် ၁၉၉၀ အစောပိုင်းနှစ်များတွင် ပထမဆုံးအကြိမ် စိတ်ဝင်စားလာ သည်။

ထိုစဉ်က မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံသား အများစု ကြားပင် မကြားဖူးသေးချေ။ မြန်မာနိုင်ငံတွင် စစ်တပ်က ရွေး ကောက်ပွဲရလဒ်ကို အသိအမှတ် မပြုဘဲ အာဏာကို သိမ်းပိုက်ထား ခဲ့ရာ ‘‘အဲဒီတုန်းကဆို ဘာကြောင့် ဒီလို လုပ်တယ် ဆိုတာမျိုးက အကြောင်းရင်း မသိတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့တယ်လေ’’ ဟု မက်ကော် နဲလ်၏ ကာလ ရှည်ကြာ နိုင်ငံရေး အကြံပေး အဖြစ် ဆောင်ရွက်ဖူး သူ ရိုဘင်းကလိဗ်လန်းက ပြော ကြားခဲ့သည်။

‘‘တောင်အာဖရိက နိုင်ငံရေး ကျတော့ မဲဆန္ဒရှင်အများစုက အ သားအရောင်ခွဲခြားမှုကို ဆန့်ကျင် လှုပ်ရှားလာကြတာ။ အကြောင်း ရင်းကမြင်သာတယ်။ မြန်မာနိုင်ငံ ကိစ္စကျတော့ အမေရိကန်မှာ တက်တက်ကြွကြွ လှုပ်ရှားသူ သုံး ယောက်လောက်ပဲ ရှိခဲ့တာ။ မက် ကော်နဲလ်ကတော့ ဒီကိစ္စမှာ စိတ် နှစ်ပြီး အာရုံစိုက် တွန်းအားပေးခဲ့ တာဖြစ်ပါတယ်’’ ဟုလည်း၎င်းက မှတ်ချက်ပြုခဲ့သည်။

နှစ်ပေါင်း၂၀အတွင်း မက်ကော်နဲလ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဆက်ဆံရေးသည် ဖုန်းဖြင့်ဖြစ်စေ၊ အခြားသောကြားခံပုဂ္ဂိုလ်များ အကူအညီဖြင့်ဖြစ်စေ ပိုမို တိုးတက် ခိုင်မာလာသည်။

၂၀၁၂တွင် ရန်ကုန်မြို့တွင် ဒေါ်အောင် ဆန်းစုကြည်ထံသို့ မက်ကော်နဲလ် အလည်အပတ်ရောက်ရှိခဲ့သည်။ ထို့နောက် များမကြာမီတွင်ပင် အမေရိကန် ခရီးစဉ်၌
ဒေါ်အောင် ဆန်းစုကြည်က ကန်တက်ကီထိ သွားရောက်ပြီး မက်ကော်နဲလ်ထံ လည်ပတ်ခဲ့သည်။

မြန်မာ့အရေးတွင် မက် ကော်နဲလ်၏ လှုပ်ရှားမှုများသည် တောင်အာဖရိကကို ပိတ်ဆို့အ ရေးယူမှုများ ပြုလုပ်ရန် တွန်း အားပေးခြင်းနှင့် ကွာခြားခဲ့ သည်။ သမ္မတ ရော်နယ်လ်ရေဂင် အပါအဝင် ရီပက်ဘလေကန်တို့ အကြားတွင် မက်ကော်နဲလ်၏ ကြိုးစားမှုများက လူကြိုက်မများ ခဲ့ချေ။ လွှတ်တော်အမတ်များက အမေရိကန်ပြည်သူတို့၏ အခြေခံ အခွင့်အရေးကိုသာ အဓိက စိတ် ဝင်စားခဲ့သည်။

‘‘သူ့ကိုကြည့်ရင် မြန်မာ့အ ရေးနဲ့ပတ်သက်ပြီး အလေးအနက် ခံစားမှုရှိတယ်လို့ ဆိုရလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် သူက တကယ့်ကို နှစ်နှစ်ကာကာ
လေးစားပြီး အလေးထားခဲ့တယ် ဆိုတာ သိသာပါတယ်။ အထူးသ ဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေသတ်မှတ်ဖို့ ကြိုး စားလုပ်ဆောင်ရာမှာ ဒီအချက် က ပိုပေါ်လွင်တယ်’’ ဟု မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် သံ အမတ်ကြီးဟောင်း ဒဲရစ်မစ် ချယ်လ်က မှတ်ချက်ပြုခဲ့သည်။

မက်ကော်နဲလ်သည် မြန်မာ့ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ အက်ဥပဒေကို ၂၀၀၃ တွင် စတင်တင်သွင်းခဲ့သည်။ ယင်းက ထိုစဉ်က မြန်မာအစိုးရအပေါ် အ ရေးယူ ပိတ်ဆို့မှုများကို ပိုမိုမြှင့် တင် ကျပ်တည်းစေခဲ့သည်။

ထို နှစ်တွင်ပင် ဒေါ်အောင်ဆန်းစု ကြည် စီးနင်းလိုက်ပါလာသော ယာဉ်တန်းကို စစ်အစိုးရ လက်ပါး စေများက တိုက်ခိုက်ခဲ့သည်။ အ ကျိုးဆက်အနေဖြင့် နောက်ဆက် တွဲ ပိတ်ဆို့မှုများ ထွက်ပေါ်လာ သည်။

၂၀၀၈ တွင် မက်ကော်နဲလ် နှင့် ကယ်လီဖိုးနီးယားမှ ဒီမိုကရက် လွှတ်တော် အမတ် ဒီယန်နေးဖိန်း စတိန်းတို့က လွှတ်တော်၏ ဂုဏ် ထူးဆောင် ရွှေတံဆိပ် ချီးမြှင့်
နိုင်ရေး အဆိုကို ဦးဆောင်တင် သွင်းခဲ့သည်။

၂၀၀၉ အစောပိုင်းတွင် ထို စဉ်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံသို့ သံတမန်ခရီးစဉ် မလာရောက်မီ ရုံးခန်းသို့ မက် ကော်နဲလ်ကို အရေးတယူ ခေါ်ယူ ဆွေးနွေးခဲ့သည်။

ထိုစဉ်ကမြန်မာ့ နိုင်ငံရေး အခြေအနေအပေါ် မက် ကော်နဲလ်က သံသယကြီးကြီး ရှိခဲ့ သော်လည်း ပိတ်ဆို့ရေး မူဝါဒ တစ်ခုတည်းဖြင့် ရလဒ်ကောင်း များ ဖော်ဆောင်နိုင် မည် မဟုတ် ဟု နားလည်လက်ခံခဲ့ကြောင်း ကလင်တန်ကဆိုသည်။ ထို့ ကြောင့်လည်း အမေရိကန်နှင့် မြန်မာအစိုးရများကြား သံတမန် ဆက်ဆံရေး ပြန်လည် ထူထောင် ရန် ကလင်တန်၏ အားထုတ်မှု များကို တတ်အားသရွေ့ ကူညီ ပေးခဲ့သည်။

၂၀၁၁ တွင် မက်ကော်နဲလ် သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် ဖုန်းဆက်သွယ် ပြောဆိုခွင့်ရလာသည်။ ထိုအချိန် တွင် မက်ကော်နဲလ်သည် အခြေ အနေ အပြောင်းအလဲများ ဖြစ် လာသည့် အရှေ့တောင်အာရှ နိုင်ငံနှင့်ပတ်သက်၍ ပြန်လည် ဆန်းစစ် ချဉ်းကပ်မှုများပြုလုပ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ကလင်တန် တို့နှင့် ထဲထဲဝင်ဝင် ပူး ပေါင်း ဆောင်ရွက်နေပြီဖြစ်သည်။

၂၀၁၂ တွင်မူ လွှတ်တော် အမတ် ကြီးသည် ရန်ကုန်ရှိ ဒေါ်အောင် ဆန်းစုကြည်၏ နေအိမ်သို့ သွား ရောက် လည်ပတ်ခဲ့သည်။ နှစ် ပေါင်းများစွာ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည့် နေအိမ် တွင် ဒေါ်အောင်ဆန်းစုကြည်က မက်ကော်နဲလ်ကို ရင်းနှီးခင်မင်စွာ ကြိုဆိုခဲ့သည်။ ‘‘သိပ်ကို စိတ်လှုပ် ရှားစရာကောင်းတဲ့ အခိုက် အတန့် တစ်ခုပါပဲ’’ဟု မက်ကော်နဲလ်က အမှတ်တရဆိုသည်။

ထိုနှစ်နှောင်းပိုင်းတွင် ဒေါ် အောင်ဆန်းစုကြည်က အမေရိ ကန်သို့ သွားရောက်ခဲ့ပြီး သီးခြား ခရီးစဉ်အဖြစ် ကင်တက်ကီထိ သွားရောက်ကာ မက်ကော်နဲလ် နှင့် တွေ့ဆုံ ခဲ့ပြန်သည်။ မတူညီ သည့် ဒေသနှစ်ခုမှ နိုင်ငံရေးသမား နှစ်ဦးသည် မူဝါဒရေး၊ နိုင်ငံရေး ကိစ္စများနှင့် မသက်ဆိုင်သော မိတ်ဆွေရင်းချာ ဆွေးနွေးပြောဆို မှုများကို ပြုလုပ်ခွင့်ရခဲ့သည်။

မက်ကော်နဲလ်က ၎င်းမွေးထား သည့်မြင်းများကို ဒေါ်အောင်ဆန်း စုကြည်ထံ ဂုဏ်ယူစွာ ပြသခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည် သည် ငယ်ဘဝကတည်းက တိရစ္ဆာန် ချစ်တတ်သူ တစ်ဦးမှန်း ၎င်းကသိရှိထားသည်။

‘‘ကင်တက်ကီကို ကျွန်မလာ ခဲ့တာ လွှတ်တော်အမတ် မက် ကော်နဲလ်ကြောင့်ပါ။ သူ့အိမ်က ဘယ်လိုဘယ်ပုံ ရှိတယ်ဆိုတာ လည်း ကျွန်မစပ်စုကြည့်ချင်တယ် လေ။ ပြီးတော့ ဆယ်စုနှစ် နှစ်ခု လောက်အတွင်းမှာ ကျွန်မတို့အ တွက် သူလုပ်ပေးခဲ့သမျှ အားလုံး ကို သေချာကျေးဇူးတင်ကြောင်း ပြောချင်တာလည်းပါတယ်။ တ ကယ့်ကို ကြာညောင်းခဲ့တဲ့ အချိန် တွေပါပဲ’’ ဟု ထိုစဉ်က ဒေါ် အောင်ဆန်းစုကြည်က ပြောကြား ခဲ့သည်။

ထိုခရီးစဉ်တွင် ဒေါ် အောင်ဆန်းစုကြည်သည် ၂၀၀၈ အတွင်း မက်ကော်နဲလ်နှင့် ဖိန်း စတိန်းတို့ အဆိုတင်သွင်းပေး ခဲ့သည့် ဂုဏ်ထူးဆောင် ရွှေတံ ဆိပ်ကိုလည်း ဝါရှင်တန်တွင် လက်ခံယူခဲ့သည်။

စက်တင်ဘာ ၁၄ ရက်တွင် မက်ကော်နဲလ်သည် လွှတ်တော် အမတ် အနည်းငယ်နှင့်အတူ ဒုတိယသမ္မတ ဂျိုးဘစ်ဒန်၏ နေအိမ်တွင်စုရုံးကာ ဒေါ်အောင် ဆန်းစုကြည်နှင့် အတူ နံနက်စာ သုံးဆောင် ခဲ့သည်။

၎င်းတို့အနက် တစ်ဦးဖြစ်သည့် တင်နက်ဆီမှ ရီ ပက်ဘလေကန် အမတ်နှင့် လွှတ် တော်၏ နိုင်ငံခြားဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဘော့ဘ်ကော့ ကာက
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် သက်တမ်းနုနယ် သေးသော အစိုးရ၏ လုပ်ဆောင် မှုများနှင့်ပတ်သက်၍ အချို့သော အမေရိကန် အမတ်များနှင့် လူ့ အခွင့်အရေး လှုပ်ရှားသူများ၏ အမြင်မရှင်းမှုများကို ပြောကြားခဲ့ သည်။

မြန်မာနိုင်ငံတွင် ဘင်္ဂါလီ မျိုးနွယ်များကို စနစ်တကျဖိနှိပ်မှု များပြုလုပ်နေပြီး ယင်းကို ဒေါ် အောင်ဆန်းစုကြည်ကမျက်ကွယ် ပြုနေကြောင်း ဝေဖန်မှုများနှင့် ပတ်သက်၍ ကော့ကာက ဆွေး နွေးခဲ့သည်။

‘‘မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ကူးပြောင်းရေး လုပ်ငန်းစဉ်တစ် ရပ် ဖော်ဆောင်ဖို့ ဒေါ်အောင် ဆန်းစုကြည် လုပ်ဆောင်ခဲ့တာ တွေကို ကျွန်တော်တို့ အလေးအ နက် အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လူမှောင်ခို ပြဿနာလို ကျွန်တော်စိုးရိမ်တဲ့ ကိစ္စတွေအပေါ် သိပ်အရေးမ ထားတဲ့သူ့ရဲ့ တုံ့ပြန်မှုကိုတော့ နည်းနည်း စိတ်ပျက်မိပါတယ်’’ဟု သတင်းထောက်များအား ပြော ကြားခဲ့သည်။

မက်ကော်နဲလ်က လက်ရှိ မြန်မာ့နိုင်ငံရေး၏ ပြုပြင် ပြောင်းလဲမှု အရှိန်အဟုန်အရ စိတ်အနှောင့်အယှက်ဖြစ်စရာ အ ခြေအနေများကို မလွဲမသွေ ကြုံ လာနိုင်ကြောင်း ကာကွယ်ပြော ဆိုခဲ့သည်။

အထူးသဖြင့် ဒေါ် အောင်ဆန်းစုကြည် တာဝန်ယူ ရမည့် လုပ်ငန်းဆောင်တာများကို နိုင်ငံခြားသားများက ဘေးအမြင် ဖြင့် စိတ်မရှည်နိုင်မှုမျိုး ရှိမည်သာ ဖြစ်ကြောင်း ၎င်းကသုံးသပ်ခဲ့ သည်။

စက်တင်ဘာ ၁၅ ရက်တွင်မူ မက်ကော်နဲလ်သည် ဝါရှင်တန်ရှိ လွှတ်တော် အဆောက်အအုံတွင် ၎င်း၏ ရပ်ဝေးမှမိတ်ဆွေနှင့် နောက်တစ်ကြိမ် ဆုံတွေ့ခဲ့သည်။

မြန်မာနိုင်ငံအပေါ် အမေရိကန် အစိုးရ၏ပိတ်ဆို့အရေးယူမှု မူဝါဒ အပြောင်းအလဲများတွင် ဒေါ် အောင်ဆန်းစုကြည်၏ အကြံ ဉာဏ်ကို အလေးထား ခံယူမည်
ဖြစ်ကြောင်း မက်ကော်နဲလ်က ကြိုတင်ပြောဆို ထားခဲ့သည်။

‘‘ဒီအမျိုးသမီးက တကယ့် ကိုသူရဲကောင်းဆန်တဲ့သူပါ။ အိုး၊ ပြီးတော့ သူ့ကို ဒီနေ့လို အခြေ အနေမျိုး၊ မြန်မာအစိုးရရဲ့ ဦးစီး ခေါင်းဆောင် အနေနဲ့ မြင်ခွင့်ရ တာဟာ အင်မတန် ကြည်နူးစရာ ပေါ့ဗျာ’’ ဟု မက်ကော်နဲလ်က ကျေကျေနပ်နပ် မှတ်ချက်ပေးခဲ့ သည်။

(New York Times သတင်း စာမှ Myanmar’s Leader Has a Longtime Champion in Mitch McConnell ဆောင်းပါးကို ပြန်ဆိုသည်။)

From : 7 day daily - By : ဇွဲရဲဝင့်

Originally published at - http://www.7daydaily.com/story/75717

Read More »

Monday, August 22, 2016

ကလေးဘ၀က သေနတ်ပစ် ခံရပြီး မသန်စွမ်းဖြစ် ခဲ့ရသူ အိုလံပစ် ရွှေတံဆိပ် မျှော်မှန်း




အရင် ၁၄ နှစ်လောက်က ထိုင်း - မြန်မာ နယ်စပ်က ကလေး ၃ ဦး သေဆုံးခဲ့တဲ့ ကျောင်းဘတ်စ်ကားကို ပစ်ခတ်မှုမှာ အသက်ရှင် ကျန်ရစ်သူ တဦးက လာမယ့်လ ဘရာဇီးမှာ ကျင်းပမယ့် မသန်စွမ်း အိုလံပစ် ပြိုင်ပွဲမှာ ရွှေတံဆိပ် ဆွတ်ခူး ရရှိဖို့ မျှော်မှန်းနေ ပါတယ်။

အိုလံပစ် ပြိုင်ပွဲတွေ ကျင်းပ ပြီးတိုင်း မသန်စွမ်း အိုလံပစ် ပွဲတော်ကိုလည်း ကျင်းပလေ့ရှိပြီး စက်တင်ဘာ ၇ ရက်ကနေ ၁၈ ရက် အထိ ကျင်းပမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက် ရန်ကာဟန်က အားကစား အဖွဲ့ ဌာနချုပ်မှာ အသက် ၂၇ နှစ် အရွယ် ဘီးတပ် ပြေးခုန်ပစ် သမား ၀ိဂျစ်ထရာ ဂျိုင်းအွန်က နေ့စဉ် လေ့ကျင့် မှုတွေ ပြုလုပ် နေပါတယ်။

စားပွဲတင်တင်းနစ် ပြိုင်ပွဲဝင်ဖို့ အတွက် သူက တနေ့ကို ၆ နာရီလောက် လေ့ကျင့်နေတာ ဖြစ်ပါတယ်။

“ထိုင်းတွေရဲ့ မျှော်လင့်ချက်ကို ကျမက သယ်ဆောင် ထားရပါတယ်။ ဒီလိုအခြေအနေ မျိုးက အလွယ်တကူ ဖြစ်လာတာ မဟုတ်ပါဘူး” လို့ ၂၀၁၄ ခုနှစ် ကိုရီးယား အင်ချွန် အာရှ မသန်စွမ်းပြိုင်ပွဲမှာ ကြေးတံဆိပ် ရရှိခဲ့တဲ့ ၀ီဂျစ်ထရာက ပြောပါတယ်။

ဝီဂျစ်ထရာဟာ ကံကြမ္မာကို အရှုံးပေးဖို့ ငြင်းဆန်ထားပြီး ၂၀၀၂ ခုနှစ် ဇွန် ၄ ရက် ဘန်ကောက် အနောက်ဘက် ကီလိုမီတာ ၁၀၀ ကျော်ဝေးတဲ့ ရပ်ချဘူရီခရိုင် ဆွမ်ဖန် ဘတ်စ်ကား တိုက်ခိုက်မှုမှာ ရှင်သန် ကျန်ရစ်တဲ့ သူတဦးလည်း ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သူ့ရဲ့ဘ၀ဟာ ထာဝရ ပြောင်းလဲ သွားခဲ့ တာပါ။

ဘန်ခါဝီထရာကျောင်းကို သွားဖို့ ကျောင်းသား ၂၇ ဦး တင်ဆောင်လာတဲ့ ဘတ်စ်ကားနဲ့ စီးနင်းလိုက်ပါလာစဉ်မှာ ကျယ်လောင်တဲ့ သေနတ်သံကို ကြားခဲ့ရပြီး လူ ၃ ဦးက ဘတ်စ်ကားကို ပစ်ခတ်ခဲ့ပါတယ်။

ကရင်လွတ်မြောက်ရေး တိုက်ခိုက်ရေးသမားလို့ သံသယရှိသူ ၃ ဦးက အမ် ၁၆ ရိုင်ဖယ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဘတ်စ်ကားရှေ့ကနေ ပစ်ခတ်နေတဲ့ သေနတ်သမား ၃ ဦးဆီကနေ ရှောင်ကွင်းဖို့ ကားဆရာက ကားကို ဘေးကို ချိုးကွေ့ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကျောင်းသား ၃ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အချိန်မှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒီအချိန်ကနေ စတင်ပြီး ၀ီဂျစ်ထရာကတော့ ဒုက္ခိတဘ၀ကို ရောက်ရှိ သွားခဲ့ပါတယ်။ ဒီနေ့ အထိ တိုက်ခိုက်မှု ကျူးလွန်တဲ့ သူတွေကို ဖမ်း မမိသေးပါဘူး။

ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ကတော့ တစုံတရာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ပြောဆို ထားပါတယ်။

အဲဒီအချိန်တုန်းက ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ် အသေးစိတ်ကို အခုချိန်အထိ ၀ီဂျစ်ထရာက မှတ်မိနေပါတယ်။

ကျည်ဆန်က ဗိုက်ကိုထိသွားပြီး ရှပ်အင်္ကျီက သွေးတွေ စွန်းထင်းကုန်တယ်လို့ သူက ပြန်ပြောင်းပြောပြပါတယ်။

တခြားကျောင်းသား ၂ ယောက်က သူ့ကို ဆွဲချပြီး အနီးက ရွာထဲကို ခေါ်သွား တယ်လို့ ဆိုပါတယ်။

“ဒေသခံဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် သွေးအရမ်းထွက်တာကြောင့် ကုသဖို့ ခက်ခဲတဲ့အတွက် ခရိုင်ဆေးရုံကို ပို့ဖို့ ညွှန်းဆိုခဲ့ပါတယ်” လို့ ၀ီဂျစ်ထရာက ပြောပါတယ်။

ခရိုင်ဆေးရုံကို ရောက်တဲ့အချိန်မှာ ခွဲစိတ်ခန်းက မီးလုံးကြီးကြီးတွေကို မှတ်မိနေသလို သူ့ရဲ့ရှပ်အင်္ကျီကို မဖြတ်ဖို့ ဆရာဝန်တွေကို ပြောခဲ့တာကို မှတ်မိတယ်လို့ ၀ီဂျစ်ထရာက ပြောပါတယ်။

“အိုင်စီယူထဲမှာ နိုးလာတဲ့အချိန်မှာတော့ ကျည်ဆန်ကြောင့် နောက်ကျောက နာ့ဗ်ကြောတွေ ပျက်စီးသွားပြီဆိုတာ သိလိုက်ရပါတယ်။ အရင်လို မတ်မတ်ထိုင်နိုင်တော့မှာ မဟုတ်ဘူးလို့လည်း ဆရာဝန်တွေက ပြောပါတယ်” လို့ သူက ပြောပါတယ်။

ဝီဂျစ်ထရာက သေချင်လောက်အောင် စိတ်ပျက်သွားပေမယ့် လယ်သမားဖြစ်တဲ့ ဖခင်ကတော့ စိတ်မပျက် အရှုံးမပေးခဲ့ပါဘူး။

“နေ့တိုင်း ကာယကုထုံးတွေကို လုပ်ဖို့ သူက တိုက်တွန်းခဲ့ပါတယ်။ သူနဲ့သိတဲ့ သူတွေ တိုင်းကိုလည်း ကျမအတွက် ကုသနိုင်မယ့် နည်းလမ်းတွေရဖို့ ဆွေးနွေးခဲ့ပါတယ်” လို့ ၀ီဂျစ်ထရာက ပြောပါတယ်။

ဆေးရုံမှာ ၅ လလောက် ကုသခံ ခဲ့ရပါတယ်။ ဆေးရုံက ဆင်းပြီးတဲ့နောက် ဘန်ခါဝီထရကျောင်းကို ပြန်မသွားချင်ပေမယ့် မိသားစုနဲ့ သူငယ်ချင်းတွေက ပြန်သွားဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ဝီဂျစ်ထရာက အလားအလာရှိတဲ့ ပြေးခုန်ပစ်သမားတဦးဖြစ်ပြီး ဘောလီဘောနဲ့ ဆီပတ်တာကရောမှာ ထူးချွန်တဲ့သူလည်း ဖြစ်ပါတယ်။

အိမ်ကနေထွက်လာရင် အရမ်းကို စိတ်ဆင်းရဲရတယ်လို့ ၀ီဂျစ်ထရာက ပြောပါတယ်။

“တဦးတယောက်ကိုမှ ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်ပါဘူး။ ဒါကြောင့် အပြင်ကို မထွက်ချင်ဘူး။ လူတွေက အကြည့်တမျိုးနဲ့ ကြည့်ကြတော့မယ်” လို့ သူက ပြန်ပြောပါတယ်။

တနှစ်လောက်ကြာတဲ့အခါမှာတော့ ပညာရေးဌာနက အမြဲတမ်း အတွင်းရေးမှူး ခူယင်း ကာဆာမာဗိုရာဝမ်နာ အယုဒ္ဓယက ၀ီဂျစ်ထရာကို နောင်သဘူရီခရိုင်မှာရှိတဲ့ မသန်စွမ်းတွေ တက်ရောက်ရမယ့် ဆီရိဆ၀မ်ကျောင်းမှာ တက်ရောက်နိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။

“ကျမ အရမ်းငိုမိပါတယ်။ မိသားစုကို မခွဲချင်ပါဘူး။ မိဘတွေနဲ့အတူ အမြဲအိပ်ချင်ပါတယ်။ ဒါပေမယ့် အဖေက ဆီရီဆ၀မ်းကျောင်းမှာ သွားတက်တာ ပိုကောင်းမယ်လို့ ထင်ပါတယ်” လို့ ၀ီဂျစ်ထရာက ပြောပါတယ်။

တကယ်တော့ သူ့အဖေ မှန်ပါတယ်။ ကျောင်းက မတ်မတ်ထိုင်နိုင်မယ့်ကုထုံး၊ ဘီးတပ်ကုလားထိုင်နဲ့ လွတ်လွတ်လပ်လပ် သွားနိုင်မယ့်နည်းကို ပေးအပ်ခဲ့ပါတယ်။

ဆီရီဆ၀မ်ကျောင်းက ကျောင်းသားကျောင်းသူတွေက လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်နေတာကို တွေ့ခဲ့ရပါတယ်။

“ရုပ်ပိုင်းဆိုင်ရာ အကန့်အသတ်ရှိတဲ့ ကျောင်းသားတွေ အားကစားအမျိုးမျိုးကို ကစားနိုင်တော့ ကျမ အံ့အားသင့်မိတယ်” လို့ ၀ီဂျစ်ထရာက ပြောပါတယ်။

တနေ့တော့ ကျောင်းသားအဖွဲ့တဖွဲ့က စားပွဲတင်တင်းနစ် ကစားနေတာကို တွေ့မိပြီး ဒါက သူ့စိတ်ကို နှိုးဆွခဲ့ပါတယ်။

“သူတို့ အရမ်းပျော်ပြီး ဆူညံနေပါတယ်” လို့ ၀ီဂျစ်ထရာက ပြောပါတယ်။ အဲဒီအချိန်က စပြီးတော့ စားပွဲတင်တင်းနစ်ကို စတင်လေ့ကျင့်တာ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်မှာ နိုင်ငံကိုယ်စားပြု ကစားသမားတဦးဖြစ်လာပြီး သြစတြေးလျမှာ သွားရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံရပါတယ်။

ဒီနောက်မှာတော့ ကံကြမ္မာက ပိုမိုမျက်နှာသာပေးလာပြီး နိုင်ငံတကာပွဲတွေ အမြောက်အမြားမှာ ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။

အာရှ မသန်စွမ်းပြိုင်ပွဲမှာလည်း ကြေးတံဆိပ် ရရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမှာ ကျင်းပမယ့် မသန်စွမ်း အိုလံပစ်ပြိုင်ပွဲမှာ ပထမဆုံး ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရပြီး ရွှေတံဆိပ်ရဖို့ သူက မျှော်မှန်းနေပါတယ်။

၂၀၁၂ ခုနှစ် လန်ဒန် မသန်စွမ်း အိုလံပစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ အခွင့်အရေး ရရှိခဲ့ပေမယ့် ငြင်းပယ်ခဲ့ပြီး တက္ကသိုလ်မှာ သတင်းနဲ့ နည်းပညာလေ့လာဖို့
ရွေးချယ် ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကောလိပ်ကျောင်းကနေ ပညာသင်ပြီးဆုံးသွားပြီ ဖြစ်သလို ဘန်ကောက်က အထူးပညာရေးဌာနမှာ အလုပ်လုပ်ကိုင်နေပါတယ်။

“မသန်စွမ်းအိုလံပစ်ပြိုင်ပွဲနဲ့ ဝေးနေတဲ့ အချိန်မှာ အကူအညီပေးထားတဲ့ သူငယ်ချင်းတွေကို ကျမတောင်းပန်ချင်ပါတယ်။ တခုခု ထိခိုက်ခံစားခဲ့ရတဲ့သူတွေ အနေနဲ့ ကျမရဲ့ ဘ၀ကို စောင့်ကြည့်စေချင်တယ်။ ကျမတို့ လုပ်နိုင်ပါတယ်ဆိုတာ ကျမ ဖြစ်ခဲ့တာတွေက ပြနေပါတယ်” လို့ ၀ီဂျစ်ထရာက ပြောပါတယ်။

သြဂုတ် ၂၁ ရက် ဘန်ကောက်ပို့စ် သတင်းစာပါ Shooting victim takes aim at Paralympic gold in Rio ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/165017

Read More »