နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ဘုရားရှစ်ခိုး. Show all posts
Showing posts with label ဘုရားရှစ်ခိုး. Show all posts

Saturday, April 18, 2015

9NaWin application For IOS & Android




ကိုးန၀င်း မိုးလင်းမှ သိမယ် ဆိုတဲ့ ကိုးန၀င်း ပုတီး စိပ်နည်းလေး ကိုတော့ ဗုဒ္ဓ ဘာသာ ၀င်တိုင်း သိရှိ ပြီးသား ဖြစ်ပါတယ်။ အိမ်တိုင်းမှာ ရှိသလို တစ်ချို့ဆို အိပ်ဆောင်လေး အဖြစ် ဆောင်ထား တတ်ကြ ပါတယ်။

အခု ဖုန်းထဲမှာပါ ဆောင်ထားပြီး အသုံးပြုနိုင်ရန် ပြန်လည် မျှဝေပေး လိုက်ပါတယ်။



IOS ရော Android ရော လိုအပ်သူများ ဆောင်ထား လိုက်ကြပါ။

Download Here For IOS
OR
Download Here For Android

Myanmar Mobile App Store မှ ကူးယူ မျှဝေသည်။
http://www.myanmarmobileapp.com/2015/04/17/9nawin-application-for-ios-android/



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Saturday, February 09, 2013

ဘုရားရှိခိုး အမျိုးမျိုး မူဟောင်းနှင့် ဝတ်ရွတ်စဉ်




စာအုပ်ကိုဒီမှာဒေါင်းယူပါ။

မြန်မာစာအုပ်များ Facebook မှကူးယူမျှဝေသည်။
Read More »

Thursday, January 24, 2013

☼ဘုရားရှိခိုးရသည့် အကျိုးကျေးဇူးများ☼




Read More »

Wednesday, April 25, 2012

နမော ( ၆ ) မျိုးဂုဏ်တော်များ



Read More »

Sunday, February 19, 2012

ယုံကြည်စွာ ရွတ်ဖတ်ပူဇော်ပါက အကျိုးထူးများ ရစေသော အစွမ်းထက်ဂါထာတော်များ



ဗုဒ္ဓဘာသာဝင်တွေရဲ့  နေ့စဉ်ဘုရားရှိခိုးအပြီးမှာ ရွတ်ဖတ်ပူဇော်လေ့ရှိကြတဲ့ အစွမ်းထက်ဂါထာတော်များ ရှိပါတယ်..

ယုံယုံကြည်ကြည်နဲ့ နေ့စဉ်မပြတ်ရွတ်ဖတ်ပူဇော်ပါက အကျိုးထူးများခံစားရမှာ မလွဲဧကန်ပါ..

မင်းကွန်း ၊ လယ်တီ ၊ မန်လည် ၊ တောင်ဖီလာ ၊ စံကင်း ၊ မိုးညှင်း အစရှိသဖြင့် ဆရာတော်ကြီးများစွာမှာလည်းလက်စွဲရွတ်ဖတ်ခဲ့ကြတဲ့ ဂါထာတော်များစွာရှိပါတယ် ..
Read More »

Saturday, February 11, 2012

ဂုဏ်တော်ပုတီးစိပ်ခြင်း



ဤလောက၌ မည်သည့်လုပ်ငန်းကို ဆောင်ရွက်သည်ဖြစ်စေ လမ်းညွှန်သဘောတရား ခိုင်ခိုင်မာမာ သိရှိနားလည်ထားပြီးမှ ဆောင်ရွက်ဖို့ လိုပါသည်။

မိမိဆောင်ရွက်မည့် လုပ်ငန်းသည် နည်းစနစ်အားဖြင့် မှန်-မမှန်၊ အကျိုးသက်ရောက်မှု မည်သို့ရှိမည် ဆိုသည်ကို မပြုမီက ကြိုတင်လေ့လာဖို့ လိုပါသည်။ ကြိုတင် ဆန်းစစ်ဖို့ လိုပါသည်။

ဘာသာရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်း ထိုသို့ပင် ဖြစ်ပါ၏။ မိမိဆောင်ရွက်မည့် ဘာသာရေးကျင့်စဉ်မှာ နည်းလမ်း မှန်-မမှန်၊ ထေရ၀ါဒ ကျမ်းဂန်လာ ဟုတ်-မဟုတ် စသည်တို့ကိုကြိုတင်လေ့လာဖို့ လိုပါသည်။ ကြိုတင်ဝေဖန်ဆန်းစစ်ဖို့ လိုပါသည်။

 ခေတ်အလျောက် သူများလုပ်တိုင်း မဆင်မခြင် ရောယောင်၍ ဆောင်ရွက်ခြင်းမျိုး မဖြစ်သင့်ပါ။ သူများက ကြီးကိုးကြီးဆိုလျှင် မိမိပါလိုက်၍ ကြီးကိုးကြီး၊ သူများက မနောဆွမ်းအလှူဆိုလျှင်လည်း မိမိပါလိုက်၍ မနောဆွမ်းအလှူ စသည်ဖြင့် အများမိုးခါးရေသောက်တိုင်း မိမိကပါ လိုက်သောက်ခြင်းမျိုး လုံးဝ မဖြစ်သင့်ပါ။
Read More »

Saturday, October 29, 2011

ဆွမ်း+ရေ+ပန်း+မီးကပ်လှူပူဇော်ပုံနှင့် အကျိုးတရားများ



၁။ဆွမ်းတော်ကပ်ပုံ။
မနှိုင်းယှဉ်အပ်သော ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားအား အဆင်း၊အနံ့၊အရသာနှင့်ပြည့်စုံသောဤမွန်မြတ်သောဆွမ်းတော်ကိုလှူဒါန်းဆက်ကပ်ပါ၏အရှင်ဘုရား။ ဤဆွမ်းလှူရသောကောင်းမှုကြောင့် ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏အရှင်ဘုရား။ ဤဆွမ်းလှူရသော ကောင်းမှု၏ အဖို့ကို မိဘ၊ဆရာသမား အစထားလျက် များပြားလှကုန် အလုံးစုံသော သတ္တဝါတို့အား အမျှ အမျှ ပေးဝေပါကုန်၏။အမျှရ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေသော်။

(မှတ်ချက်)။ ။သစ်သီးလှူသောအခါ "ဆွမ်း" နေရာ၌ သစ်သီးကိုပြောင်းလဲဆိုပါ။
Read More »

Sunday, August 21, 2011

"အောင်တော်မူခြင်း ၃၃ ပါး"


 
က=ဟူသည်ကား...ကိလေသာမန်ကိုအောင်တော်မူသည်လည်းတစ်ပါး။

ခ=ဟူသည်ကား....ခန္ဓမန်ကိုအောင်တော်မူသည်လည်းတစ်ပါး။

ဂ=ဟူသည်ကား....ဂတိသစ္စမှန်သည်လည်းတစ်ပါး။
Read More »

Friday, July 15, 2011

လက်အုပ်ချီ ရှိခိုးခြင်းနှင့်ပတ်သတ်၍


လက်အုပ်ချီရှိခိုးခြင်းနှင့်ပတ်သတ်၍ ဦးဇင်းတို့ ဗုဒ္ဓဘာသာလူမျိုးများ သိရှိသူနည်းလို့လား။ ဒါမှမဟုတ် သိရဲ့သားနဲ့ မလိုက်နာကျတာလားတော့ မသိပါဘူး။ ရှိခိုးတဲ့အခါမှာ တစ်ဦးနှင့်တစ်ဦး မတူညီကြတာကို ဦးဇင်းမြန်မာပြည်နေစဉ်က ခဏခဏ တွေ့ဖူးပါတယ်။ ဦးဇင်းကလည်း လူတစ်ယောက်ရှိခိုးတဲ့အခါမှာ ဒီလူ ဘာသာရေးလိုက်စားလား မလိုက်စားဘူးလားဆိုတာ သိချင်လို့ အဲဒီရှိခိုးတဲ့ပုံစံကို လူတစ်ယောက်ရှိခိုးတဲ့အခါ သေချာကြည့်တာက များပါတယ်။ သို့သော်
Read More »

Friday, April 29, 2011

ခင်ပွန်းကြီး(၁၀)ပါး တောင်းပန်နည်း၊ ကန်တော့နည်း



ကျွန်တော်ရေးခဲ့တဲ့ ‘တကယ့်ကျေးဇူးရှင်ဆိုတာ’ နဲ့ပါတ်သက်ပြီး သူငယ်ချင်းအချို့က အားပေးကြတယ်။ တစ်ချို့ကတော့ သူတို့သိချင်တဲ့အချက်ကလေးတွေ မေးကြတယ်။
အခု ကျွန်တော့်သူငယ်ချင်းတွေအတွက် သိသင့်တယ်လို့ထင်တဲ့ ‘ခင်ပွန်းကြီးဆယ်ပါးအကြောင်းရယ်၊ တောင်းပန်နည်း၊ ကန်တော့နည်း’ တို့ကို ၀မ်းမြောက်စွာ တစ်ခုမကျန် ထပ်ပြီးတော့ ရေးလိုက်ပါတယ်။ ကျွန်တော့်ကိုအားပေးတဲ့ သူငယ်ချင်းတွေ အားလုံးပဲ ကြိုက်နှစ်သက်လိမ့်မယ်လို့ထင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့အပေါ် ဘာတစ်ခုမှ မျှော်လင့်ချက်မထားပဲ ထာဝရပေးဆပ်နေတဲ့သူတွေ၊ ကျွန်တော်တို အကျိုးကိုအမြဲလိုလားပြီး သူတို့ဘ၀နဲ့ ပေးဆပ်ခဲ့တဲ့သူတွေ၊ ပေးဆပ်နေတဲ့သူတွေဟာ ဟောဒီ ပုဂ္ဂိုလ် (၁၀)ပါးပါပဲ…..
Read More »

Sunday, April 03, 2011

လူတိုင်းအတွက် အကောင်းဆုံး ဘုရားရှိခိုး (၃)


စာဖတ်သူတွေကို ဘုရားဂုဏ်တော် အဓိပ္ပါယ်လေးတွေပြောပြပြီးတော့ ဒီတစ်ခါ တရားဂုဏ်တော် အဓိပ္ပါယ်လေးတွေ ဆက်ပြောချင်ပါသေးတယ်၊ တရားဂုဏ်တော် အ ဓိပ္ပါယ်လေးတွေကို ကြည်ညိုကြည့်ရအောင်ပါ၊

သွက္ခာတ ဂုဏ်တော်အဓိပ္ပါယ်၊
ဘဂ၀တာ- ထိုဘုန်းသခင်ရှင်တော်မြတ်ဘုရားသည်၊ ဓမ္မော-မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မခန် ဟု ဆယ်တန်သောတရားတော်မြတ်ကို၊ သွက္ခာတော-ကြားနာရုံပင် အပူစင်၍ ကျင့်လျှင် ချမ်းသာ ကျင့်ပြီးခါလည်း လွန်စွာငြိမ်းချမ်း နိဗ္ဗာန်နန်းနှင့် စခန်းသင့်အောင် မှန်းလင့်ရည် ရော် ကောင်းစွာဟောတော်မူအပ်ပါပေ၏။
Read More »

Monday, March 28, 2011

လူတိုင်းအတွက် အကောင်းဆုံး ဘုရားရှိခိုး (၂)



Read More »

Wednesday, March 23, 2011

လူတိုင်းအတွက် အကောင်းဆုံး ဘုရားရှိခိုး




တပည့်တော်စင်္ကာပူမှာအလုပ်လုပ်ပါတယ်ဘုရား၊ ဒီရောက်မှလည်း ဘာသာရေး ကိုလုပ်ဖြစ်တာပါ၊ တပည့်တော်ကိုကူညီတဲ့အနေနဲ့ အလွယ်အလွယ်ဆုံးအမြန်ဆုံးနဲ့ အထိရောက်ဆုံး ဘုရားရှိခိုးနည်းတစ်ခုလောက်ပေးပါဘုရား။

ကိုတင်ဝင်းနိုင်(စင်္ကာပူ)
ဒါလေးကတော့စင်္ကာပူမှာရောက်နေတဲ့ကိုတင်ဝင်းနိုင်ကလျှာက်ထားလာတာပါ၊
Read More »