နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label မိတ်ဆက်. Show all posts
Showing posts with label မိတ်ဆက်. Show all posts

Sunday, June 18, 2017

စစ်အာဏာ သိမ်းမှုများ၏ နောက်ကွယ်က ဖြစ်ရပ်မှန်များ


စာအုပ် မျက်နှာဖုံး

  • စာရေးသူ- ရော်နီငြိမ်း
  • စာအုပ်အမည်- တပ်မှူး တပ်သားပြောစကား
  • အမျိုးအစား- နိုင်ငံရေး
  • ထုတ်ဝေသည့်တိုက်- အဖြူရောင်စာပေ
  • ထုတ်ဝေသည့်ကာလ- ၂၀၁၇၊ မေလ
  • တန်ဖိုး- ၃၀၀၀ ကျပ်
  • ဗိုလ်ချုပ်ကြီး စောမောင် ရာထူးမှ ဖယ်ရှား ခဲ့ကြစဉ် အဖြစ်ပျက် များနှင့် အခြား နိုင်ငံရေး ဖြစ်ရပ်များ

မြန်မာ့ နိုင်ငံရေး သမိုင်းမှာ မေ့ဖျောက်လို့ မရ ကောင်းတဲ့ နေ့စွဲတွေ ထဲကမှ စစ်တပ်က အာဏာ သိမ်းခဲ့တဲ့နေ့ ၁၉၆၂ ခု မတ်လ (၂၇ )နဲ့ ၁၉၈၈ စက်တင်ဘာ (၁၈) တို့ ပါဝင် ပါတယ်။

၁၉၆၂ ခုနှစ် မတ်လ ( ၂၇ ) ရက်က ဗိုလ်ချုပ်ကြီး နေဝင်း အရပ်သား အစိုးရ ထံက အာဏာ သိမ်းပြီး ၂၆နှစ်ကြာ တိုင်းပြည်ကို သေနတ်မိုး အုပ်ချုပ် ခဲ့တာ ဖြစ်ပါတယ်။ (၁၉၈၈ စက်တင်ဘာ ၁၈) ကတော့ ဦးနေဝင်းရဲ့တပါတီ အာဏာရှင် စနစ်ကို တော် လှန်ရာမှ လူထု အုံကြွမှုကြီး ဖြစ်ပေါ် လာပြီးနောက် နဝတ (နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးနှင့် တည်ဆောက်ရေး အဖွဲ့) ဆိုပြီး စစ် တပ်တွင်း ကပဲ အာဏာ ပြန်သိမ်း ခဲ့တာ ဖြစ်ပါတယ်။

၁၉၈၈ အာဏာသိမ်းမှုကို အသက် ၄၀ နားနီး လူငယ်တွေလောက် သိမှီ နိုင်ပေမယ့် ၁၉၆၂ အာဏာ သိမ်းမှုကိုတော့ သက်ရှိ ထင်ရှား နိုင်ငံရေး သမားကြီး များနဲ့ စာအုပ် စာတမ်း များမှ ဖတ်မှတ် သိနိုင်ပါ တော့တယ်။

အာဏာသိမ်း ကိစ္စမှာ ပါဝင်ခဲ့တဲ့ တပ်ခေါင်းဆောင် ကြီးများ အကြောင်းကတော့ အရပ်သား ပြည်သူတွေ သိဖို့ ဆိုတာ ပိုလို့ တောင် ဝေးပါတယ်။

ဒီစာအုပ်ကတော့ VOA မြန်မာပိုင်းအသံလွှင့်ချက် (တပ်မှူးတပ်သားပြောစကားအစီအစဉ်)မှ မြန်မာနိုင်ငံတွင်း ဖြစ်ပျက် ခဲ့တဲ့ နိုင်ငံ့အရေးအခင်းတွေမှာ တပ်မတော် ထိပ်သီးပိုင်းတွေရဲ့ပါဝင်ပတ်သက်လုပ်ဆောင်မှုတွေအကြောင်းကို တပ်မတော် အတွင်း နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ဖူးတဲ့ ဗိုလ်မှူး၊ ဗိုလ်ချုပ်ကြီးများနဲ့ စကားပြောဆို ဆွေးနွေး ခန်းများပဲ ဖြစ်ပါ တယ်။

၂၀၁၀ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင်း VOA အသံလွှင့်ဌာနကနေ ဗိုလ်ချုပ်ကြီး သူရတင်ဦး၊ ဗိုလ်ကြီး ခင်မောင် ညွန်၊ ဗိုလ်ကြီး ဦးထွန်းစိန်၊ ဗိုလ်ကြီး စိန်သောင်း၊ ဗိုလ်ကြီး ဝင်းထိန်၊ ဗိုလ်ကြီး အောင်လင်းထွဋ်၊ ဗိုလ်ကြီး စိုင်းဝင်းကျော်တို့နဲ့ ၎င်းတို့ တပ်မတော်တွင်း တာဝန်ထမ်းဆောင်စဉ် ဖြစ်ပွားခဲ့တဲ့ အရေး အခင်းများအပေါ် VOAနဲ့ ပြောဆိုအသံလွှင့်ချက်များကို စာအုပ်အဖြစ် ပြန်လည်စုစည်းထားတာ ဖြစ်ပါတယ်။

VOA မှ ဦးရော်နီငြိမ်းက ဦးဆောင်ဆွေးနွေးထားပြီး ဆွေးနွေးတဲ့ အကြောင်းအရာများကတော့ ဗိုလ်ချုပ်ကြီးစောမောင်ကို နဝတဥက္ကဌ ရာထူးကနေ ဖယ်ရှား ခဲ့ကြစဉ်က (၁)၊(၂)၊ မြန်မာ-မြောက်ကိုရီးယားဆက်ဆံရေးနှင့် အာဇာနည်ဗိမာန် တိုက် ခိုက်ခံရမှု၊ မီးလျှံကြားမှာ ပြည်သူ့ရင်ခွင်ကိုခိုလှုံခဲ့သူ ဗိုလ်ကြီး စိုးဝင်းကျော်၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) သမိုင်း နောက်ခံနှင့် မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး၊ ၁၉၈၈ နောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေးကစားပွဲ၊ ဗမာ့ကာကွယ်ရေး တပ်မတော် (BDA)(Burma Defence Army) ကို မဝင်ရောက်မှီ နောက်ခံ သမိုင်း အကျဉ်းနဲ့ ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင် တန်း အပါတ်စဉ် (၃) တက်ရောက်ခဲ့ပုံ၊ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦး (၁၉၅၀ အစောပိုင်းနှစ်များ)၊ ၁၉၅၀ အလယ် ပိုင်းနှစ်များ၊ ၁၉၅၈-၁၉၆၂ ဖြတ်သန်းမှု၊ စစ်မှုထမ်း ဘ၀ ရခိုင်ပြည်နယ် အတွေ့ အကြုံ၊ ဒေါ်အောင်ဆန်း စုကြည်နှင့် အောင်စစ် သည်ဆုရ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်၊ ၁၉၈၀ လွတ်ငြိမ်း ချမ်းသာ ခွင့်နှင့် တပ်မှူးဟောင်း များ၏ အတွေ့ အကြုံ၊ တပ်မတော် နှင့် ပါတီစုံ ရွေးကောက် ပွဲများ အပိုင်း ၁၊၂၊၃ အစရှိတဲ့ အကြောင်းအရာများကို ဆွေးနွေး ခန်းများ ပါဝင် ပါတယ်။

ဆွေးနွေးခန်းများကို ၂၀၁၀၊ မတ်လ ၂၇ ရက်နေ့ ၆၅ နှစ်မြောက် တော်လှန်ရေးနေ့ကစပြီး ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်မှ တပ်မှူးတပ်သား ပြောစကား အပတ်စဉ် အစီအစဉ် ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၊ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်တို့အကြောင်းကတော့ စာဖတ်သူများ ရင်းနှီးသိနိုင်ပေ မယ့် ဗိုလ်ကြီး ခင်မောင်ညွန့်၊ ဗိုလ်ကြီး ဦးထွန်းစိန်၊ ဗိုလ်ကြီး စိန်သောင်း၊ ဗိုလ်ကြီး အောင်လင်းထွဋ်၊ ဗိုလ်ကြီး စိုင်းဝင်းကျော် တို့ကိုတော့ နောက်ခံဖြစ်ရပ်များနဲ့ပုံဖော်ထားပြီး သမိုင်းအထောက်အထားအဖြစ် ဖတ်ရပါတယ်။ဗိုလ်ကြီး ခင်မောင်ညွန့်နဲ့ ဆွေးနွေးခန်းကနေ ဗိုလ်ကြီး ခင်မောင်ညွန့်ဟာ စစ်တက္ကသိုလ် ဗိုလ်သင်တန်းအမှတ်(၁) ကျောင်း ဆင်းတဦးဖြစ်ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး(ယခုငြိမ်း) နဲ့ တပတ်စဉ်တည်းဆင်းတွေ ဖြစ်ခဲ့ကြပါတယ်။

ဗိုလ်ကြီး ခင်မောင်ညွန့်နဲ့ ဆွေးနွေးပြောဆိုကြတဲ့ အကြောင်းအရာကတော့ ရေကြည်အိုင် စစ်ကြောရေးစခန်းမှာ ညှဉ်းပန်း နှိပ်စက်လို့ သေဆုံးသွားရတဲ့ ဗိုလ်ကြီး မြင့်ထူးအကြောင်း ဖြစ်ပါတယ်။ ဗိုလ်ကြီးမြင့်ထူးဆိုတာ ဗိုလ်ချုပ်အောင်ဆန်း သက်ရှိ ထင်ရှားရှိစဉ်က အထက်ဗမာပြည် စစ်ရေးတာဝန်ခံ ဗိုလ်မှူးကြီး ဗထူးရဲ့သား ဖြစ်ပါတယ်။ ဗထူးမြို့လို့ ဂုဏ်ပြုမှည့်ခံရတဲ့ ဗိုလ်မှူးကြီး ဗထူး ဖြစ်ပါတယ်။

ဗိုလ်ကြီးမြင့်ထူးဟာ ၁၉၆၀ လောက်က ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ ဗိုလ်မှူးကြီး ကြည်မောင်တို့ ကြံစည်ခဲ့တဲ့ တပ်တွင်းပုန်ကန် မှုမှာ ပါဝင်ခဲ့တယ်ဆိုပြီး စစ်ထောက်လှမ်းရေးရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ဒါတွေက ဗိုလ်နေဝင်းလက်ထက် တပ် မတော်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်များ ဖြစ်ပါတယ်။

ဗိုလ်ကြီးအုန်းကျော်မြင့် အရေးအခင်းအကြောင်း မကြာသေးမီကမှ စာအုပ်ရေးသားထုတ်ဝေထားတဲ့ ဗိုလ်အုန်းကျော်မြင့် အပေါ် ဦးဝင်းထိန်ပြောဆိုချက်များနဲ့ ထိုအရေးအခင်းမှာ ပူးတွဲပါဝင်မှုကြောင့် အရေးယူခံရတဲ့ ဗိုလ်ကြီးစိန်သောင်းနဲ့ ဦး ရော်နီငြိမ်း ဆွေးနွေးခန်းက ကွဲလွဲနေတာတွေ့ရပါတယ်။

ဗိုလ်ကြီးအုန်းကျော်မြင့်အကြောင်းနဲ့ပတ်သက်ပြီး “ For the people,By the people,)Of the people ပြည်သူ့အတွက် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်နိုင်တဲ့ ပြည်သူကို ကိုယ်စားပြုတဲ့ ပုဂိုလ်တွေ ဦးဆောင်မှသာလျှင် တိုင်းပြည်ဟာ ပိုမိုပြီး တိုးတက်ကောင်းမွန်လာမယ်ဆိုတာတော့ သူ သိပုံပေါ်ပါတယ်” ဗိုလ်ကြီးစိန်သောင်းက ခုလိုပြောထားတာတွေ ဖတ် ရပါတယ်။ “

အငြိမ်းစားယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်းကိုတော့ စစ်ထောက်လှမ်းရေးအရာရှိ၊ သံတမန်ဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်နဲ့ ဆွေးနွေးခန်းမှာ “ပြောရရင်တော့ တရုတ်လို အမေရိကန်လို အိန္ဒိယလို အင်အားကြီးနိုင်ငံကြီးတွေကို သွားသွားပြီးတော့ နိုင်ငံရေးကစားနေတာက ခုချိန်ထိ ဗိုလ်ချုပ်ကြီး သန်းရွှေပဲ၊ ဒါတွေလုပ်နေတာ။ သူကိုယ်သူ လည်လှပြီ နိုင်ငံရေး နားလည်လှပြီ ထင်နေတာ။ ဟိုလူတွေက ပိုပြီးလည်တယ်။ သူ့ထက်ပိုပြီး ပညာရှိတယ်”လို့ဖတ်ရပါတယ်။

“အစိုးရတစ်ဖွဲ့လုံးရဲ့ပေါ်လစီဆိုတာကို ကျွန်တော်ကြားသိသလောက် ပြောရရင်တော့ ဒါက ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့စကား ပါပဲ။ ‘ဒီဘိန်းဖြူဆိုတာ ငါတို့ပြည်တွင်းမှာ ဘာမှဖြစ်တာမှ မဟုတ်တာ၊ ယိုးဒယားနဲ့ အမေရိကန်တွေ သေတာပဲ၊ သေပေ့စေ ပေါ့ကွာ’ ဆိုတဲ့ သူရဲ့နှုတ်စကားက လမ်းညွှန်ချက်တစ်ခုလိုဖြစ်ခဲ့ပါတယ်၊ အဲဒီအချိန်တုန်းက” ဆိုပြီး ရှမ်းပြည်တပ်မတော်-တောင်ပိုင်း သမိုင်းနောက်ခံနဲ့ မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး ခေါင်းစဉ်နဲ့ ဆွေးနွေးခန်းမှာ ဖတ်ရပါတယ်။

ဆိုရရင် မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၆၀ နီးပါး စစ်အာဏာရှင်စနစ်အောက် ရောက်ခဲ့ကြရတယ်။ အာဏာသိမ်းမှုများအ ကြောင်းကိုတော့ အမှန်သိဖို့ဆိုတာ မလွယ်ကူတဲ့အခြေအနေမှာ ယခုစာအုပ်ကတော့ ထိုအခက်အခဲတွေ လျော့သွားစေ ပါ တယ်။

အာဏာနဲ့ပတ်သက်ပြီး တပ်တွင်းလုပ်ကြံမှုတွေ ဥပမာ ဗိုလ်ကြီး အုန်းကျော်မြင့် အရေးအခင်းလိုမျိုးတွေကို သိနိုင်ဖို့ဆိုရင် တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ကြဖူးတဲ့ ပြည်သူ့ဘက် ရပ်တည်ခဲ့ကြတဲ့ တပ်မှူး တပ်သားတွေရဲ့ သမိုင်းဆိုင်ရာ စကားတွေပါဝင်တဲ့ အထောက်အထားတွေ ပါဝင်တဲ့ယခုစာအုပ်ကို ကိုးကားရတော့မှာ ဖြစ်ပါတယ်။

From : ဧရာဝတီ by ငြိမ်းချမ်း 18 June 2017

Originally published at - burma.irrawaddy.com

Read More »

Thursday, April 23, 2015

"တကယ်တော်တဲ့ လူငယ်နိုင်ငံရေး သမားတွေ ပေါ်ထွန်းစေချင်တယ်"



အောင်ဇင်
အသက် (၂၂) နှစ်
Chairman (Myanmar Youths Capacity Building Network)

ကျနော် “မြန်မာလူငယ်များ စွမ်းဆောင် ရည် မြှင့်တင်ရေး ကွန်ရက် (Myanmar Youths Capacity Building Network)” မှာ ဥက္ကဌ အဖြစ် တာဝန်ယူ ပြီး အလုပ် လုပ်နေတယ်။ ကျနော့် ပညာ အရည် အချင်းက AGTI (CNC, Computer Numerical Control) နဲ့ ပြီး ထားတယ်။ ပြီးတော့ ကျနော် ကျောင်းနား လိုက်ရတယ်။ လက်ရှိ ပြီးခဲ့တဲ့ နှစ်နှစ် လောက်က စပြီး ကျနော် ဒုတိယနှစ် ဥပဒေ ပြန်တက် နေတယ်။ Diploma in IT လည်း တက်ထားတယ်။

ကျနော် Myanmar Youths Capacity Building Network မှာ မလုပ်ခင်က တခြား လူငယ်အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ခဲ့ဖူးတယ်။ အဲဒီမှာ အဖွဲ့အစည်းတခုမှာ ကျနော်လုပ်ရင်းလုပ်ရင်းနဲ့ အားမရတာတခုကို သွားတွေ့တယ်။ ဘာကို အားမရတာလဲဆိုတော့ ကျနော်က Capacity Building ကို သွားချင်တယ်။ ဒါပေမယ့် အခုနောက်ပိုင်း Youth တွေက Charity တို့ ဘာတို့ဖက်သွားတယ်။

အဲဒါနဲ့ ကျနော်က ကိုယ့်ဘာသာကိုယ် လုပ်ကြည့်ချင်တယ်ဆိုပြီး ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျနော် ဒီ “မြန်မာလူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေးကွန်ယက် (Myanmar Youths Capacity Building Network)” ကို ကျနော် အပါအဝင် ကျနော်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ စပြီး ထူထောင်ခဲ့ကြတယ်။

ကျနော်တို့ အဖွဲ့အစည်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူငယ်နိုင်ငံရေးသမား များများပေါ်စေချင်တယ်။ Capacity Building Network လို့သုံးပြီး ဘာကြောင့် နိုင်ငံရေးသမားလို့သုံးလဲဆိုတော့ ကျနော်တို့ဆီမှာ တခြား Management ဘာညာ၊ အဲဒီလို Capacity တွေများတယ်။ ကျနော်က အဲဒါထက် လူငယ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ အဲဒီလိုမျိုးတွေ များများပေါ်ထွက်လာစေချင်တယ်။ အဲဒါကြောင့် ဒီအဖွဲ့အစည်းကို စပြီး တည်ထောင်ခဲ့တာပါ။

အဖွဲ့အစည်း အင်အားအနေနဲ့က မြန်မာတနိုင်ငံလုံး အနေနဲ့ဆို အဖွဲ့ဝင်အင်အား ၇၀၀ ကျော်လောက် ရှိပါပြီ။ ကျနော်တို့ အဖွဲ့က ရန်ကုန်ကို အခြေစိုက်ပြီး တိုင်းနဲ့ပြည်နယ်တွေမှာ အဖွဲ့တွေ ဆက်ဖွဲ့ပေးထားပါတယ်။ ကျနော့အဖွဲ့က Activity အနေနဲ့ ပုံမှန်အားဖြင့် Myanmar Youths Capacity Building Network အပြင် Myanmar Youth Leadership Academy ဆိုပြီးတော့ မြန်မာ့လူငယ်ခေါင်းဆောင်မှု သင်တန်းကျောင်းဆိုပြီး ဖွင့်ထားပါတယ်။

အဲဒီမှာ သုံးလတကြိမ် Leadership သင်တန်းတွေ ပေးတယ်။ Leadership ဆိုတဲ့ နေရာမှာ Political Leadership သင်တန်းတွေ ကျနော် များများပေးဖြစ်တယ်။ နောက်ပြီး ကျနော် နယ်တွေမှာ လူငယ်တွေကို အဓိကထားပြီး Civil Education နဲ့ Voter Education တွေ သင်တန်းပေးဖြစ်တယ်။ နောက်ပြီး ကျနော် Understanding the Law လို့ခေါ်တဲ့ ဥပဒေနဲ့ ပတ်သက်တဲ့ သင်တန်းတွေ လိုက်ပြီး ပေးဖြစ်ပါတယ်။

ကျနော့် ဝါသနာကို ပြောရရင် ကျနော်ငယ်ငယ်တုန်းက ဆယ်တန်းအောင်ပြီးခါစက ဥပဒေနဲ့ ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်းပြုချင်တာ။ ရှေ့နေပဲဖြစ်ဖြစ်၊ တရားသူကြီးပဲဖြစ်ဖြစ် ကျနော်ဖြစ်ချင်ခဲ့တာ။ အသက်ကြီးလာတဲ့ အခါ ပိုပီပြင်လာတာက ကျနော် ရှေ့နေတယောက် ဖြစ်ချင်ခဲ့တာ။ အဲဒီမှာ ကျနော့်မိသားစုက ဆယ်တန်းအမှတ်စာရင်းကို ကြည့်ပြီး ကျနော့်ကို နည်းပညာတက္ကသိုလ် GTC ကို အတင်းပို့တယ်။ အဲဒီမှာ ကျနော်က စိတ်မဝင်စားတော့ AGTI အထိပဲ တက်ခဲ့ပြီး အခုလက်ရှိမှာ ဥပဒေကိုပဲ ပြောင်းတက်ခဲ့တယ်။

အားကစားကိုတော့ ကျနော်ငယ်ငယ်ကတည်းက ဟုတ်တိပတ်တိ မလုပ်ခဲ့ဘူး။ ကျနော် စိတ်ဝင်စားတာက စာဖတ်တာကို ပိုပြီး စိတ်ဝင်စားခဲ့တယ်။ ကျနော် မြန်မာသီချင်းအေးအေးလေးတွေ၊ ဒါမှမဟုတ် စန္ဒရားသံ အေးအေးလေးတွေ နားထောင်ပြီး စာဖတ်ရတာကို သဘောကျတယ်။ ဘယ်လို စာပေအမျိုးအစားတွေ ဖတ်ဖြစ်လဲဆိုရင် ကျနော် သမိုင်း၊ နိုင်ငံရေးသိပ္ပံ၊ ဥပဒေ အဲဒီစာအုပ်တွေ ဖတ်တယ်။ ဝတ္ထုဘက်ဆိုရင် ကျနော် ကြိုက်တဲ့ စာရေးဆရာက ဆရာမ ဂျူးပါ။ ကျနော် အားလပ်တဲ့အချိန်တွေကို စာအုပ်တွေ ဖတ်တယ်။

ကျနော့် အနာဂတ် ရည်မှန်းချက်ပန်းတိုင်ကို ပြောပါဆိုရင် ကျနော် မြန်မာပြည်မှာ တကယ် အရမ်းကိုတော်တဲ့ ရှေ့နေတယောက်ဖြစ်ချင်ပါတယ်။ ကျနော် အများကြီး မျှော်မှန်းမထားပါဘူး။ ကျနော်တို့ အဖွဲ့အစည်းလေးကို ဒီထက်ပိုကောင်းအောင် လုပ်သွားချင်တယ်။ လက်ရှိမှာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး Funding လုပ်နေတာတွေ ရှိတယ်။ ဥပမာ- Civil Education နဲ့ Voter Education သင်တန်းတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ Fund တွေနဲ့ လုပ်ပေးတယ်။ လူငယ်တွေနဲ့ ပတ်သက်ပြီး သင်တန်းတွေ များများ ပေးသွားချင်တယ်။

ကျနော့် အနေနဲ့ လူငယ်တွေအပေါ် အမြင်ဆိုရင် ဒီနေ့ လက်ရှိ ၂၁ ရာစုမှာ ရပ်တည်နေတဲ့ လူငယ်တွေ ကျနော့်ထက် အကုန်တော်ကြတယ်။ သူတို့တွေ များများလုပ်နိုင်တယ်။ ကျနော်တို့ ငယ်ငယ်က မြင်ခဲ့ကြတဲ့ လူငယ်တွေနဲ့ လက်ရှိ ကျနော်တို့မြင်နေရတဲ့ လူငယ်တွေ မတူကြဘူးဗျ။ ကျနော်တို့ ငယ်ငယ်တုန်းက မြင်ခဲ့တဲ့ လူငယ်တွေဆိုတာက ခေတ်ကာလကလည်း အရမ်းကြီး မတိုးတက်သေးတော့ ဘာမှ မလုပ်နိုင်ကြသေးဘူး။ အခုခေတ် လူငယ်တွေ အားလုံးလုပ်နိုင်ကြတာကို တွေ့ရပါတယ်။

နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူငယ်တွေလို့ ဆိုရင် ကျနော်တို့ ဒီနေ့ခေတ်မှာလေ နိုင်ငံရေးကို စိတ်ဝင်စားတာလား ပေါ်ပြူလာဖြစ်ဖို့ကို စိတ်ဝင်စားတာလားဆိုတာကို အရင်မေးရပါမယ်။ ကျနော်တို့ အဖွဲ့က လူငယ်နိုင်ငံရေးသမားများများ ပေါ်ထွန်းစေချင်တယ်ဆိုတာ တကယ်တော်တဲ့ လူငယ်နိုင်ငံရေးသမားတွေ ပေါ်ထွန်းစေချင်တာ။ တကယ့်ကိုတော်ပြီး တတ်သိတဲ့ လူငယ်နိုင်ငံရေးသမားတွေ အများကြီး ရှိလာစေချင်တယ်။ ပေါ်ပင်ဖြစ်ချင်ရုံ သက်သက်နဲ့ နိုင်ငံရေးလုပ်နေတာမျိုးတွေတော့ ကျနော် မဖြစ်စေချင်ပါဘူး။

ဒီနှစ်သင်္ကြန်ကျနော်တို့ လုပ်ခဲ့တာလေးတခုရှိတယ်။ သင်္ကြန်မတိုင်ခင် ရှေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲအကြိုဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်ကနေ အကြိုမဲစာရင်း ရန်ကုန်က မြို့နယ် ၁၀ မြို့နယ်မှာ ကပ်တယ်။ ကပ်တဲ့အခါမှာ ပြည်သူလူထု စိတ်ဝင်စားမှုရှိမရှိ လေ့လာကြည့်တဲ့အချိန်မှာ လူထုစိတ်ဝင်စားမှု နည်းတယ်။ လူငယ်တွေ စိတ်ဝင်စားမှု လုံးဝ မရှိဘူး။

အဲဒီလို အနေထားမျိုး ရှိတဲ့အတွက် သင်္ကြန်မှာ လူငယ်တွေ မဲပေးမှုအပေါ်ကို စိတ်ဝင်စားအောင် လူငယ်တွေ စိတ်ဝင်စားတဲ့ အနုပညာနဲ့ သင်္ကြန်မှာ အလှပြယာဉ်ထွက်ပြီး လူငယ်တွေကို တိုက်တွန်းကြရအောင်ဆိုပြီး ရည်ရွယ်ခဲ့ကြတယ်။ အဲဒီမှာ ကံအားလျော်စွာပဲ International Republican Institute ကနေ ကျနော်တို့ကို Fund ပေးတဲ့အတွက် ကျနော်တို့ သင်္ကြန်တွင်းမှာ “We Vote For Us’’ ဆိုပြီး လူငယ်တွေကို မဲပေးဖို့ တိုက်တွန်းတဲ့ သင်္ကြန်အလှပြယာဉ် ထွက်ပြီး ဖျော်ဖြေတဲ့ အစီအစဉ်လေး လုပ်ဖြစ်ခဲ့ပါတယ်။

သီဟတိုး

The Irrawaddy's Blog by thae thae
http://blog.irrawaddy.org/2015/04/blog-post_46.html

Read More »