နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label မိုဘိုင်းနည်းပညာ. Show all posts
Showing posts with label မိုဘိုင်းနည်းပညာ. Show all posts

Wednesday, September 16, 2015

စမတ်ဖုန်းနှင့် တက်ဘလက်များမှာ ဘက်ထရီ သက်သာစေဖို့ Manual Refresh ပြုလုပ်နည်း




သင့်ရဲ့ စမတ်ဖုန်း၊ တက်ဘလက် များမှာ ဘက်ထရီ ကြာရှည်စွာ အသုံးခံ ချင်ရင်တော့ အီးမေး အသစ်တွေနဲ့ နောက်ကွယ်မှ ဒေတာတွေကို အလို အလျှောက် ရယူနေ တာကို ရပ်တန့်ရမှာ ဖြစ်ပါတယ်။ ဒီလို နောက်ကွယ်ကနေ ဒေတာတွေ လက်ခံ ရယူနေတာဟာ ဘက်ထရီကို ကုန်စေ သလို Mobile Data အသုံးပြုမှု ကိုလည်း များပြား စေပါတယ်။

ဒီနည်းလမ်းဟာ အချိန်တိုင်း သုံးလေ့ မရှိတဲ့ တက်ဘလက်တွေ အတွက် ပိုအသုံး ၀င်ပါတယ်။ စမတ်ဖုန်း တွေလို မဟုတ်ဘဲ တက်ဘလက် တွေကို အမြဲယူဆောင် အသုံးပြု နေတာ မဟုတ်လို့ နောက်ကွယ်မှာ ဒေတာ အသစ်တွေ အစဉ် အမြဲရယူ နေတာဟာ မလိုအပ် ပါဘူး။

iPad , iPhone

Apple ရဲ့ iOS ဟာ နည်းလမ်းမျိုးစုံနဲ့ ဒေတာ အသစ်တွေကို အလို အလျှောက် စစ်ဆေးနေ တတ်ပါတယ်။ သင့် iPhone , iPad မှာ Gmail လို အီးမေးအကောင့် တွေကို အသုံးပြုရင် ဆာဗာမှ ဒေတာ အသစ်တွေကို အမြဲ ရယူဖို့ ကြိုးစား နေမှာပါ။

အဲဒီ Settings ကို ပြောင်းလဲဖို့ အတွက် Settings Screen ကိုဖွင့်ပြီး Mail, Contacts, Calendars ကိုနှိပ်ပါ။ Fetch New Data ကို သွားပါ။ Fetch ကဏ္ဍမှာ Manually ကို ရွေးချယ်ပေးပါ။

ဒါဆိုရင် ဒေတာ အသစ်တွေကို အလို အလျှောက် ရယူနေမှာ မဟုတ်ဘဲ သက်ဆိုင်ရာ App ကို ဖွင့်မှသာ ဒေတာ အသစ်တွေကို ပြသပေးမှာ ဖြစ်ပါတယ်။



iOS 7 ကတည်းက Apps တွေဟာ အသုံးပြုခြင်း မရှိတဲ့ အချိန်မှာတောင် ဒေတာ အသစ်တွေကို အလို အလျှောက် ရယူကြ ပါတယ်။ ဒီလို ရယူနေ တာဟာလည်း ဘက်ထရီ ကုန်စေပါတယ်။ ဒါကိုပြောင်းလဲဖို့ အတွက် Settings Screen ကို ဖွင့်ပြီး General ကိုနှိပ်ပါ။ Background App Refresh ကိုနှိပ်ပါ။ Background App Refresh ကို ပိတ်ထားရင်တော့ System Level နဲ့ App အားလုံး နောက်ကွယ်မှာ ဒေတာ အသစ်များ ရယူနိုင်ခြင်း မရှိအောင် ပိတ်ပေး ထားမှာပါ။ အဲလို မဟုတ်ဘဲ အသုံးမလိုတဲ့ App တစ်ခုချင်း စီကို ပိတ်ထားနိုင်ပါတယ်။ ပိတ်ထားတဲ့ App ကို ဖွင့်မှသာ ဒေတာ အသစ်များကို ရယူပေးမှာ ဖြစ်တဲ့ အတွက် အသုံးပြုချိန်မှသာ ဘက်ထရီ ကုန်စေမှာပါ။



Android Tablet , Smartphone

Android မှာလည်း ဒီစွမ်းဆောင်ချက် ပါရှိပါတယ်။ Android 5.0 Lollipop မှာတော့ Settings ထဲသွားပြီး Accounts ကိုနှိပ်ပါ။ Menu ခလုတ်ကို နှိပ်ပြီး Auto-Sync Data မှာ အမှန်ခြစ် ဖြုတ်ပေးပါ။ ဒါဆိုရင် Google , Facebook နဲ့ အခြား အကောင့်တွေရဲ့ ဒေတာ အသစ်တွေကို နောက်ကွယ်မှာ အလို အလျှောက် ရယူနေ တာကို ပိတ်ထားနိုင်ပါပြီ။ ဒီလိုလုပ်ရင် အီးမေး အသစ် ၀င်လာရင် သင်မသိနိုင် ပေမယ့် Email App ကို ဖွင့်ရင်တော့ အီးမေး အသစ်များကို ရယူပေးမှာ ဖြစ်ပါတယ်။

Android 4 ထည့်သွင်း ထားတဲ့ Device တွေမှာ Settings ထဲက Data Usage ထဲသွားပါ။ Menu ခလုတ်ကို နှိပ်ပြီး Auto-Sync Data မှာ အမှန်ခြစ် ဖြုတ်ပေးပါ။ သင့်ရဲ့ ဖုန်းပေါ် မူတည်ပြီး ဒီစွမ်းဆောင် ချက်ကို ပိတ်နိုင်တဲ့ နေရာက ကွာခြားမှာ ဖြစ်ပါတယ်။



Android မှာတော့ နောက်ကွယ်မှာ Run နေတဲ့ App တွေကို ပိတ်ထားနိုင်တဲ့ စွမ်းဆောင်ချက် မရှိပါဘူး။ App တစ်ခုဟာ ဘက်ထရီကို ဘယ်လောက် အသုံးပြုနေလဲဆိုတာ သိချင်ရင် Battery Settings ထဲမှာ ကြည့်နိုင်ပါတယ်။ အဲဒီလို App မျိုးကို အသုံးမပြုဘူးဆိုရင် Uninstall လုပ်သင့်ပါတယ်။ ဒါမှမဟုတ် App ရဲ့ Settings ထဲသွားပြီး နောက်ကွယ်မှာ အလုပ်မလုပ်ဖို့ ပိတ်ထားလို့ရရင် ပိတ်ထားပါ။



အပေါ်မှ Tutorial ဟာ Apple iOS နဲ့ Google Android အတွက် ဖြစ်ပေမယ့် အခြား မိုဘိုင်း ကိရိယာများအားလုံးမှာလည်း ဘက်ထရီကြာရှည်ခံစေချင်ရင် ဒီနည်းလမ်းတွေကို အသုံးပြုသင့်ပါတယ်။ Laptops နဲ့ ပီစီများလို မဟုတ်ဘဲ စမတ်ဖုန်ုး ၊ တက်ဘလက်တွေဟာ စွမ်းအင် အနည်းငယ်သာ အသုံးပြုကြပေမယ့် နောက်ကွယ်မှ ဒေတာအသစ်တွေကို အလိုအလျှောက် ရယူနေကြလို့သာ ဘက်ထရီ အကုန်မြန်တာ ဖြစ်ပါတယ်။

ဘက်ထရီ သက်တမ်းကို ကြာရှည်စွာ အသုံးပြုချင်ရင်တော့ နောက်ကွယ်မှ ဒေတာအသစ်များ ရယူနေမှုကို ကန့်သတ်ရမှာ ဖြစ်ပါတယ်။ သင့် Device ရဲ့ Screen ဟာ Off ဖြစ်နေရင်တောင် နောက်ကွယ်ကနေ ဒေတာအသစ်တွေ ရယူနေကြတာ ဖြစ်ပါတယ်။

By Thu Ya

Original link - http://www.myanmardigitallife.com/?p=2444

Read More »

Thursday, May 14, 2015

လက်ကိုင်ဖုန်း ဘက်ထရီ အဟောင်းကို ပြန်သုံးနိုင်နည်း




ပုံမှန်သုံးလာတဲ့ လက်ကိုင်ဖုန်း ဘက်ထရီဟာ တဖြေးဖြေးနဲ့  အသုံး မခံတော့ တာတွေ့ ရ တတ်ပါတယ်။ အားသွင်း ထားပေ မယ့်လည်း ခဏလေးနဲ့  အားကုန် သွားတာဟာ ဘက်ထရီ မကောင်းတော့လို့ ဖြစ်ပါတယ်။ အဲ့ဒီ ဘက်ထရီကို အသုံး ခံအောင် အားပြည့်လာအောင် လုပ်ကြ ရအောင်ပါ။

အသုံးပြုရမယ့်ပစ္စည်းတွေကတော့...
၁) သတင်းစာစက္ကူအပွစား
၂) ကပ်ကြေး (လက်နဲ့ ဖြတ်လည်းရပါတယ်)
၃) သားရေကွင်း
၎) ပလပ်စတစ်အိတ်(ဟင်းထုတ်အိတ်အရွယ်)
၅) ရေခဲသေတ္တာ

ပြုလုပ်ပုံအဆင့်ဆင့်

- သတင်းစာ စက္ကူ အပွစားကို (A4) အရွယ်ရဲ့  တ၀က် စာလောက် အရွယ်ကို ဖြတ်ပါ။ (ဘက်ထရီ အကြီး အသေးပေါ် မူတည်ပြီး စက္ကူကို ဖြတ်ပါ)

- လက်ကိုင်ဖုန်း ဘက်ထရီ အဟောင်းကို ဖြတ်ထားတဲ့ စက္ကူ တစ်ရွက် နဲ့  အထပ်ထပ် ထုပ်ပါ။

- သားရေကွင်းနဲ့ စည်းပါ။

- စက္ကူနဲ့ ထုတ်ထားတဲ့ ဘက်ထရီကို ပလပ်စတစ်အိပ်နဲ့  လိပ်ပတ်ပြီးပြန်ထုပ်ပါ။

- ထုပ်ပြီးသား လက်ကိုင်ဖုန်းဘက်ထရီကို ရေခဲသေတ္တထဲက ပုံမှန်အခန်းမှာ ၃ ရက်ထဲ့ထားပါ။

- ရေခဲသေတ္တထဲမှာ ၃ရက်ပြည့်ပြီးနောက်ပြန်ထုတ်ပါ။ ပလပ်စတစ်အိပ်နဲ့ စက္ကူကို ဖြေပါ။

- ပုံမှန်အပူချိန်ရှိတဲ့ မိမိနေအိမ်ရဲ့ တနေရာရာမှ ၃ ရက်ထားပါ။

- ၃ ရက် ထားပြီးနောက် အဲ့ဒီဘက်ထရီကို ၈ နာရီကြာ အားသွင်းပါ။

အဲ့ဒီလိုအားသွင်းပြီးရင်တော့ အသုံးခံတဲ့ ဘက်ထရီဖြစ်လာပါလိမ့်မယ်။

Credit : BBC

Zaw Win Naing

Read More »

Wednesday, May 06, 2015

ဖုန်းအား အမြန်သွင်းနည်း




သိပြီးသား သူတွေလည်း သိပြီးသား ဖြစ်ကြ မှာပါ။ ဒါပေမယ့် မသိသေးတဲ့ သူများ အတွက်လည်း ထပ် သိရအောင် မျှဝေပေး လိုက်ရ ပါတယ်။

ဖုန်းကို အား ခပ်မြန်မြန် သွင်းချင်တယ် ဆိုရင် ဖုန်း ပါဝါ ပိတ်ပြီး သွင်းခြင်း ဖြစ်ပါတယ်။ ဖုန်း ပါဝါ ပိတ်ထား ခြင်းကြောင့် အတွင်းက ပစ္စည်း များက ဓာတ်အား ထုတ်ယူ စားသုံးခြင်း မရှိ တာကြောင့် အားသွင်းတာ အတော်လေး မြန်ပါတယ်။

နောက် တစ်နည်း ကတော့ Air Plane Mode ဖြစ် ပါတယ်။ Air Plane Mode ကတော့ ဆက်သွယ်ရေး ကိရိယာ များကိုသာ ပိတ်ပြီး ကျန်တဲ့ အစိတ် အပိုင်းများကို run နေစေ ပါသေးတယ်။ ဒါပေမယ့် သူကလည်း အား အဝင် မြန် ပါတယ်။

ဖုန်းအား ခပ်မြန်မြန်သွင်းချင်တယ် ဆိုရင် ဖုန်းဝယ်တဲ့ အခါ Original ကြိုးနဲ့ Cable ကိုသာ သုံးစေ ချင်ပါတယ်။ အခြားသော brand မတူတဲ့ ကြိုးနဲ့ Adapter တို့မှာ ပါဝင်တဲ့ regulator က ဘယ်လောက် ကောင်းကောင်း အလုပ် လုပ်တယ် ဆိုတာ မသိ ပါဘူး။

နောက်တစ်ထပ် တစ်နည်း အနေနဲ့ အားသွင်းတာ မြန်ချင်တယ် ဆိုရင် Power Bank တွေနဲ့ သွင်းနိုင် ပါတယ်။

ကွန်ပြူတာ USB ပေါက်ကို ဖုန်း Cable ထိုးပြီး အားသွင်း တာဟာ iPhone နဲ့ မြန်ပေမယ့် Android ဖုန်း အချို့ကတော့ နှေးပါတယ်။ အခြားသော အား ခပ်မြန်မြန် သွင်းလို့ ရတဲ့ နည်းလမ်းများ ရှိရင်လည်း comment မှာ Share ခဲ့ပေးပါ။

အောင်ခမ်း (MMAS)
Myanmar Mobile App Store မှ ကူးယူ မျှဝေသည်။
http://www.myanmarmobileapp.com/2015/05/02/phonebattery/

Read More »

Samsung Galaxy S6 မှာ Screenshot ဘယ်လို ရယူ မလဲ?




စတိုးတွေ၊ အီးမေးလ် တွေကို နေ့စဉ်နဲ့ အမျှ ပို့နိုင် ပေမယ့် သင့်ဖုန်း ထဲမှာ တွေ့ရတဲ့ တစ်ခုခုကို အခြား တစ်ယောက်ကို ပြချင် ရင်တော့ အဲဒါကို ဓာတ်ပုံ ရိုက်ပြီး ပြမှ ရမှာပေါ့။

တချို့ဖုန်းတွေ ကျတော့ Screenshot ရိုက်ရတာ နည်းနည်း ခက်ပါတယ်။ Samsung Galaxy S6 ဒါမှ မဟုတ် S6 Edge မှာ ကျတော့ ခလုတ် (၂) ခုကို တစ်ပြိုင်တည်း နှိပ်ရင် ရသလို Screen ကို လက်ဖ၀ါးနဲ့ ပွတ်ဆွဲ ပြီးတော့ လည်း ရိုက်လို့ ရပါတယ်။ လက်ဖ၀ါး စောင်းနဲ့ ပွတ်ဆွဲ ပြီးတော့ ရိုက်မယ် ဆိုရင် စခရင်ရဲ့ ညာဘက် ကနေ ဘယ်ဘက်ကို လက်ဖ၀ါး စောင်းနဲ့ ဖြေးဖြေးချင်း ပွတ်ဆွဲ ရမှာ ဖြစ်ပြီး စခရင် ပေါ်မှာ သေသေ ချာချာ ထိနေဖို့ လိုပါမယ်။

ခလုတ် (၂) ခု နှိပ်ပြီးတော့ Screen Shot ရိုက် မလား

ခလုတ် (၂) ခုကို တပြိုင်တည်း နှိပ်ပြီးတော့ ရိုက်ရင် ပိုမြန်ပြီးတော့ သေချာ ပါတယ်။ ဒါပေမယ့် သင့် လက်ချောင်းတွေက တစ်ပြိုင်တည်း နှိပ်ဖို့ တော့ လိုမှာပေါ့။

(၁) Power ခလုတ်မှာ လက်ချောင်း ၁ ချောင်း သေသေ ချာချာ ထောက်ထားပြီးရင် မနှိပ် လိုက် ပါနဲ့ဦး

(၂) နောက် လက်ချောင်း (၁) ချောင်းနဲ့ Home ခလုတ်ကို ထိထားပါ။

(၃) ခလုတ် (၂) ခု စလုံးကို တပြိုင်တည်း နှိပ်ပါ။ တကယ်လို့ ခလုတ် တစ်ခုတည်း ကိုသာ နှိပ်မိမယ် ဆိုရင်တော့ Screenshot မရိုက်ဘဲ Home ကို ရောက် သွားမယ်။ ဒါမှ မဟုတ် ဖုန်းက Sleep ဖြစ် သွားမှာပါ။ Screenshot ရိုက်ပြီး သွားလို့ ရှိရင် အောက်မှာ ဖော်ပြထားတဲ့ ပုံစံတွေကို တွေ့ ရမှာပါ။

Notification Drawer ကနေ Notification တစ်ခု ပေါ်လာမယ်။ ပုံကို ဖျက်မလား၊ ပြင်မလား၊ ကြည့်မလား၊ Share လုပ်မလား၊ ကြိုက်တာ လုပ်လို့ ရပါပြီ။ Gallery ထဲကို ရောက်သွားမယ်။ Phone Storage ထဲက DCMI၊ အဲဒီ အထဲက Screenshots folder ထဲမှာ ရောက် နေပါပြီ။

Credit : itizen Journal

Read More »

Tuesday, April 14, 2015

Blog တွေ Web Site တွေ ကို အလွယ်တကူ Android app ပြု လုပ်နည်း.




Blog တွေ Site တွေ အတွက် Android app လုပ်ဖို့ အတွက် http://appyet.com/ ဆိုတဲ့ ဆိုဒ် တစ်ခု ရှိပါတယ် ....

ရှေးဦးစွာ လုပ်ရမှာ က တော့ http://appyet.com/ ဆိုတဲ့ ဆိုဒ် ထဲ ကို ၀င်ပါ .... ပြီး ရင် Sign Up ကို ကလစ် ပါ ..... Email မှာ မိမိ Mail ကို ထည့်ပါ .... Password မှာ မိမိ နှစ်သတ် ရာ Password ပေးပါ ... First Name , Last Name ထည့်ပါ ..... Sign Up လုပ်ပါ .....



ဒီ တစ်ဆင့် မှာ က တော့ လို အပ်ချက် အနေနဲ့ နှစ်ခု ရှိပါတယ် ..... ပထမ တစ်ခု က တော့ မိမိ App ပြု လုပ်မယ့် ဆိုဒ် ကို ဖွင့် ထား ဖို့ လိုပါမယ် .... ဒုတိယ တစ်ခု က တော့ AppYet V3 နဲ့ AppYet V2 ဆိုတာ ပါပဲ .... AppYet V3 ထက် စာ ရင် AppYet V2 ပုံ စံ က ပို ပြီး အသုံးပြု ရ တာ ရိုးရှင်း လွယ်ကူ အဆင်ပြေ စေပါတယ် ..... AppYet V2 ပုံ စံ ကို သုံးမယ်ဆိုရင် AppYet V2 ကို ကလစ် လိုက်ပါ ..... ပေးလာတဲ့ Application Name မှာ မိမိ ပေးလို တဲ့ နာမည် ပေးပါ ..... Package Name ကတော့ ပေးစရာ မလို ပါဘူး .... Application Name နေရာက နေ Tab ခုန်လိုက်တာ ပဲ ဖြစ်ဖြစ် ၊ Package Name မှာ ကလစ် လုပ်လိုက်တာ ပဲ ဖြစ်ဖြစ် သူ့ အလိုလို ပေါ်လာ ပါလိမ့်မယ် ..... မိမိ App လုပ်မယ့် ဆိုဒ် ဖွင့် ထားတဲ့ Tab က Menu Bar က Tools > Page Info > Feeds > RSS / Atom Link တစ်ခုခု ကို ကလစ် လိုက်ပါ .... Link ကို Copy, Paste လုပ်လို့ မရ နိုင်လို့ ဖြစ်ပါတယ် .... Open Link in New Tab နဲ့ ဖွင့် ပြီး Link ကို Copy ကူး ပြီးတော့ RSS / Atom Feeds ဆိုတဲ့ အကွက်မှာ ထည့်ပါ ..... ပြီးသွား ရင်တော့ Create App ကို ကလစ် ပါ ....





ဒီ အဆင့်မှာ ကတော့ Icon ချိန်းချင်ရင် ချိန်း နိုင်ပါတယ် .... Content Rating မှာ မိမိ ရွေးချယ်လို တာ ကို ရွေး ချယ်ပါ .... ပြီး ရင် Save Changes ကို ကလစ်ပါ ...



ဒါဆိုရင် သင့် ရဲ့ Sign Up လုပ်ခဲ့တဲ့ Mail ထဲ ကို App.Yet ကနေ Mail တစ်စောင် ၀င်လာ မှာ ဖြစ်ပါတယ် .... Mail ထဲမှာ App လဲ ပါ မှာ ဖြစ်ပါတယ် .... ဒေါင်းလိုက်ပါ ... ပြီးရင် ဖုန်းထဲ ကို ထည့် ပြီး Install လုပ်လိုက်ပါ



အဆင်ပြေ ကြပါစေ ဗျာ ...

Read More »

Monday, March 16, 2015

စမတ်ဖုန်းများရဲ့ Automatic Photo Upload ကို ထိန်းချုပ်နည်း




စမတ်ဖုန်း ထုတ်လုပ် သူများနဲ့ Cloud Service များဟာ သင့် ဖုန်းမှာ ရိုက် လိုက်တဲ့ ဓါတ်ပုံ များကို Cloud ဆီသို့ အလို အလျှောက် Upload လုပ်စေ ချင်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ ဓါတ်ပုံ အားလုံးကိုတော့ လုံခြုံရေး အရ Cloud မှာ သိမ်းချင်ကြမှာ မဟုတ်ပါဘူး။ Apple နဲ့ Google တို့က သူတို့ရဲ့ ဖုန်းများမှာ ဓါတ်ပုံ များကို အလို အလျှောက် Upload ပြု လုပ်အောင် ပြုလုပ် ထားတာ ဖြစ်ပေမယ့် ဒါကို ပိတ်ပင်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

Automatic Photo Upload ကို ပိတ်နည်း
သင့်ဖုန်းမှာ ဓါတ်ပုံများကို အလိုအလျှောက် Cloud မှာ သိမ်းတဲ့ စွမ်းဆောင်ချက်နဲ့ Apps တွေရှိမှာပါ။ ဥပမာ အနေနဲ့ iPhone မှာ နဂိုကတည်းက ပါရှိတဲ့ iCloud Photos စွမ်းဆောင်ချက်နဲ့ Android မှာ နဂိုကတည်းက ပါတဲ့ Google Plus တို့အပြင် Dropbox , OneDrive တို့လို App တွေဖြစ်ပါတယ်။

iPhone နဲ့ iPad တို့မှာ iCloud Photo Library ကနေ တစ်ဆင့် ဓါတ်ပုံများကို အလိုအလျှောက် Upload ပြုလုပ်ကြပါတယ်။ iCloud ကို Enable လုပ်ထားရင်တော့ သင်ရိုက်လိုက်တဲ့ ဓါတ်ပုံများကို iCloud Storage ထံသို့ Upload ပြုလုပ်တဲ့ photo library feature ကို enable လုပ်ပြီးသား ဖြစ်နေမှာပါ။

အဲဒီစွမ်းဆောင်ချက်ကို ပိတ်ဖို့ Settings ထဲက iCloud ကဏ္ဍကိုသွားပါ။ Photos ကို တစ်ချက်နှိပ်ပြီး iCloud Photo Library (Beta) နဲ့ My Photo Stream ကို ပိတ်ပါ။


Android Device များမှာတော့ Photos App မှာပါတဲ့ Auto Backup စွမ်းဆောင်ချက်ကနေ ဓါတ်ပုံများကို အလိုအလျှောက် Cloud မှာ သိမ်းဆည်းတာပါ။ အရင်က Picasa Web Albums လို့ ခေါ်တဲ့ Google Plus Photos ကဏ္ဍမှာ သိမ်းဆည်း တာ ဖြစ်ပါတယ်။

အဲဒီစွမ်းဆောင်ချက်ကို ပိတ်ဖို့အတွက် Photos App ကိုဖွင့်ပါ။ Menu Button ကနေတစ်ဆင့် Settings ထဲသွားပါ။ Auto Backup ကိုတစ်ချက်နှိပ်ပြီး အပေါ်ဆုံးမှ On/Off ခလုတ်ကို Off ပြောင်းပေးပါ။


iPhone နဲ့ Android Phone များမှာ နဂိုကတည်းက ပါတဲ့ ဓါတ်ပုံများကို Cloud မှာ သိမ်းဆည်းတဲ့ စွမ်းဆောင်ချက်များ အပြင် Apps များကလည်း သင့်ရဲ့ ဓါတ်ပုံများကို အလိုအလျှောက် Cloud မှာ သိမ်းဆည်းကြပါတယ်။

Dropbox, OneDrive , Flickr တို့လို Apps များဖြစ်ပါတယ်။ ဒီလို ဓါတ်ပုံများ အလိုအလျှောက် သိမ်းဆည်းတာကို မနှစ်သက်ရင် App များရဲ့ Settings ထဲသွားပြီး Auto Upload ကို ပိတ်ထားသင့်ပါတယ်။

Cloud မှ ဓါတ်ပုံများကို ဖျက်ခြင်း
သင့်ဓါတ်ပုံများကို အရင်ကတည်းက Cloud မှာ Auto Backup လုပ်ထားရင်တော့ ဖုန်းမှာသာမက Cloud မှာပါ ဓါတ်ပုံများကို ဖျက်ပစ်ရမှာ ဖြစ်ပါတယ်။

Apple ရဲ့ iCloud အတွက်တော့ iOS Device များမှ Photos App ကနေ ဖျက်နိုင်ပါတယ်။ Mac မှ iPhoto ကနေလည်း ဖျက်ပစ်နိုင်ပါတယ်။ ၀င်းဒိုးမှာတော့ iCloud control panel မှ Photos sync စွမ်းဆောင်ချက်ကနေ ဖျက်နိုင်ပါတယ်။


Android သမားတွေအတွက် Google Plus ကိုသွားပြီး Photos ကဏ္ဍမှာ ဓါတ်ပုံများကို ဖျက်နိုင်ပါတယ်။


Dropbox နဲ့ OneDrive တို့လို ၀န်ဆောင်မှုတွေမှာတော့ သက်ဆိုင်ရာ ဓါတ်ပုံဖိုဒါထဲမှာ ဖျက်နိုင်ပါတယ်။ ဥပမာ အားဖြင့် Dropbox မှာဆိုရင် Camera Upload ဖိုဒါမှာ ဖျက်နိုင်ပါတယ်။ သင့်ကွန်ပြူတာနဲ့ ဖုန်းမှာ Dropbox Client ကို အင်စတောလုပ်ထားရင် အဲဒီကနေ ဖျက်နိုင်ပါတယ်။


စမတ်ဖုန်းများမှာ ပါတဲ့ Auto Photo Upload စွမ်းဆောင်ချက်က သင့်ရဲ့ ဓါတ်ပုံများကို Cloud မှာ ပွားပြီး သိမ်းပေးထားတာဖြစ်လို့ ဖုန်းမှာ ဓါတ်ပုံများ မှားယွင်းဖျက်ဆီးမိရင် Cloud ကနေ ပြန်ယူနိုင်တဲ့အတွက် အဆင်ပြေပါတယ်။ ဒါပေမယ့် Private Photo များအတွက်တော့ ဒီစွမ်းဆောင်ချက်က အန္တရာယ်များပါတယ်။ Private Photo များကို Cloud မှာ သိမ်းဆည်းခြင်းကို မနှစ်သက်ရင်တော့ အပေါ်ကနည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

Myanmar Digital Life Journal
https://www.facebook.com/MyanmarDigitalLife

Read More »

Sunday, February 22, 2015

မိုဘိုင်းဖုန်း Error များနှင့် ဖြေရှင်းနည်း အကျဉ်းချုပ် နုတ်များ (For Begineers) အပိုင်း 2




၁၆။ Touch, LCD များ မကွဲမရှဘဲ ဆွဲမရ LCD မလာ တို့ ဖြစ်နေပါက Touch /LCD socket
များအား တင်နာဖြင့်ဆေး အထိုင်ကျအောင်ဖိချပေးပါ။မရမှသာ အသစ်လဲပါ။

၁၇။ Touch IC မှာ C3H လို့ စာရေးထားပါတယ်။ huawei 8813 ရဲ့ Touch ic သည် ဘယ်ဘက် ဆင်းဒ်အထိုင်ရဲ့အပေါ်မှာရှိသည်။Huawei 8818 ရဲ့ Touch Ic သည် နားကြပ်ငုတ် ရဲ့ အောက်
ဘက်လိုင်းငုတ်ကလေး သုံးငုတ်ရဲ့ C3h ပါသောအိုင်စီဖြစ်သည်။8825 တွင် ဘယ်ဘက် ဆဒ်း
အထိုင်ရဲ့ အပေါ်ဘက်တည့်တည့်တွင်မြင်ရသော အိုင်စီအသေးမှာ Touch ic ဖြစ်သည်။

၁၈။ Huawei phone များတွင် wifi ic သည်ကင်မရာရဲ့ ဘေးမှာ အဖြူအမဲနှစ်ထပ် အိုင်စီရဲ့
အောက်မှာ ရှိပါတယ်။တစ်ခါတစ်ရံ သံပြားအုပ်ထားပါတယ်။ သံပြားခွာကြည့်ပါ။အဖြူအမဲနှစ်
ထပ်အိုင်စီသည် ဘလူတုသ်အိုင်စီဖြစ်ပါတယ်။

ပါဝါဖွင့်ပြီးscreen မှိတ်သွားပြီးပါဝါကျသွားသေ ဖုန်းများ ဘက်ထရီထုတ်ပြန် တပ်ပြီးမှာ ပါဝါပြန်
နိုးသောဖုန်းများတွင် ၀ိုင်ဖိုင်အိုင်စီ ဖြုတ်ပေးခြင်းဖြင့်ဖြေရှင်းနိုင်သည်။ဖြုတ်ထားသော ၀ိုင်ဖိုင်
အိုင်စီရဲ့ ငုတ်ကလေးများ ပူးသွားလျှင် ရှော့ကျတတ်သည်။ ခဲရှင်းပေးလိုက်ပါ။

၁၉။ အားစားသော ဖုန်းများဖြေရှင်းလိုလျှင် ဘက်ထရီထည့်တဲ့အခါ အောက်ခြေတွင် ပိုကျပ်
အောင် စက္ကူခံပေးပါ။ မရလျှင် supplyချိတ်ပြီး Ampx စားမစားကြည့်ပါ။များနေလျှင် ဘုတ်
ကြောင့်သာဖြစ်သည်။ ဘုတ်အား တင်နာဖြင့်ဆေးပြီး ဟော့ဂမ်းနဲ့ခြောက်အောင်အပူပေး
လိုက်ပါ။

၂၀။ Touch လဲပြီး Touch မရလျှင် ကြောင်နေလျှင် touch ကြိုးပြားခေါက်မခေါက် gnd ကျမကျ
ပြန်စစ်ပေး ပါ။ မရလျှင် socket လေးအား အသာအယာ ဓါးဖြင့်ခြစ်ပေးပါ။

၂၁။ huawei တွင် မိမိ မဖြုတ်ခင် ဆင်းဒ်ဖတ်ပြီး ပြန်တပ်ခါမှာမဖတ်တော့လျှင် ဖုန်းငုတ်များကို
သေချာစွာ ကြပ်ပေးကြည့်ပါ။

၂၂။ ငုတ်နှစ်ငုတ်အားလှပ်ပြီး ပါဝါနိုးသော်လည်း မနိုးပါက ထိုငုတ်နားရှိ R/C ထိပ်ကလေးများ
အား ဇာဂနာဖြင့်ထောက်ပြီးနိုးကြည့်ပါ။

၂၃။ Mic,Earpiece,Speaker, shockကျနေလျှင်လည်းပါဝါမလာပါ။

၂၄။ ဆော့ကက်နှင့်လာသော ပါဝါခလုတ်များအား ဆော့ကက်ဖြုတ်ပြီး ဆော့ကက်အထိုင်အား
supply အနီတံဖြင့်ပါဝါနိုးနိုင်သည်။နိုးပုံမှာ ဘုတ်အား supply ဖြင့်ချိတ်ပါ။supply ရဲ့ အလယ်
သံချောင်းအား ညာဘက်သို့ testပြောင်းပေးပြီး အနီတံခလုတ် ဆော့ကက်လေးအား ပါဝါ နိုး
သောငုတ်ကိုထောက် ကြည့်ပါ။ ပါဝါ လာသော ငုတ်အား သိလိုလျှင် ဆော့ကက်ခြေထောက်
လေး များအား ထောက်ကြည့်ရပါသည်။

၂၅။ အပေါ်ဘုတ်နှင့်အောက်ဘုတ် ခွဲပါသောဖုန်းများတွင် charging ခေါင်းလဲပြီး အားမ၀င်ပါက
အလယ်ဆက်ထားသော ကြိုးပြားကောင်းမကောင်း မိ မ မိစစ်ကြည့်ပါ။ Mic Speaker မရလျှင်
လိုင်းမတက် လျှင်လည်း ထိုကြိုးပြားအားစစ်ကြည့်နိုင်သည်။

၂၆။ ရေ၀င် ရှော့ကျုဖုန်းများအား တင်နာဖြင့်ရေဂျိုးများအားဆေးပေးရမည် တင်နာဖြင့်ဆေး
လျှင် အပြင်ဗန်း သာမက သံပြားများအားကိုလည်းခွာပြီးနေရာလွတ်မကျန်အောင်ဆေးပေးပါ။
သံပြားသည် အရှင် အသေနှစ် မျိုးရှိသည်။ အသေထိုင်ထားလျှင် HOT Gun 300 Air 6 ဖြင့်
ခွာချပါ။ပြီးနောက် တင်နာနှင့် ချော်ရည် များအားပြောင်အောင်ဆေးပေးပါ။မရလျှင် ဘုတ်အား
supplyတွငိချိတ်ပြီး အော်နေလျှင် supplyတွင်မအော် သည်အထိ လျှော့ချပါ။မအော်တော့လျှင်
ပူသော R / C ic များကိုရှာပါ။R/C များပူနေလျှင် ပူနေသော R/C များအားဖြုတ်ချပေးပါ။ Shock
လွှတ်သည်အထိ လုပ်ပါ။

၂၇။ Touch ပြားအကောင်းများကိုခွာလိုလျှင် java ဖုန်း touch တွင်ပါသော ကော်ပြား အား
ထောင့်လေးထောင့် ကတ်ကြေးဖြင့်ဝိုက်ညှပ်ပြီး ထိုကော်ပြားဖြင့်ခွာနိုင်ပါသည်။အပူ ၁၀၀
ပေးပြီးခွာ ရမည်။

၂၈။ လိုင်းမတက်လျှင် နက်ဝပ်အဖြူကြိုးနှင့်အထိုင်လိုင်း ပွိုင့်ငုတ်ကလေးများကိုသေချာစစ်ပေး
ပါ။ အပေါ် ဘုတ်နှင့်အောက်ဘုတ်တွင် အလယ်ကြိုးပြား ဆော့ကက်ကောင်းမကောင်း မိ မမိ
စစ်ပေးပါ။ ဖုန်းငုတ်များ မတပ်ရသေးလျှင်လည်း လိုင်မတက်တတ်ပါ။နက်ဝပ် အိုင်စီ ဖြစ်သော
RF/PA line အိုင်စီများကို အပူ 200 ခန့်ဖြင့်အပူပေးကြည့်ပါ။မရလျှင် JUMPER ကျော်ပေးနိုင်
သည်။

၂၉။ Earpiece ကိုလဲပြီးမရပါက ဘုတ်ကိုစစ်ပြီးမရပါက နားကြပ်ခေါင်းမှ JUMPER ကျော်ပေး
ရမည်။ ဘယ်သံညာသံလာသောငုတ်မှ earpiece အပေါင်းငုတ်သို့ ကျော်ပေးပါ။ အပေါင်းမရ
အနှုတ် ပို့ မရပါက နှစ်ကြိုးလုံးပို့ပါ။

၃၀။ ၀ယ်လို့မရသော ပါဝါခလုတ်များ နှင့် ဒီဂျစ်တယ်မိုက်များကို jumper ပြုလုပ်ပြီးဖြေရှင်းမည်
ဆိုပါက ပါဝါခလုတ်များနှင့် မိုက်များရဲ့ အလယ်ရှိ ကြေးဝိုင်း ကို အပေါင်းစ jumper ကျော်ပြီး
အပေါင်းငုတ်တွင် ဆက်ပါ။ ဘေးအ၀ိုင်းအပြင် အ၀ိုင်းကိ အနုတ် စ jumper ကျော်ကာ အနုတ်
ငုတ်တွင် သို့ Gnd ချပေးပါ။ တိုက်ရိုက်လည်း jumper လုပ်နိုင်ပါသည်။

၃၁။ ပါဝါဖွင့်ပြီး ပိတ်လိုက်လျှင် ပါဝါမလာတော့သည့် ဖုန်းများကို ဘက်ထရီဖြုတ်ပြီး ပြန်တပ်
သည့် အခါ ပြန်လာပြီး ပြန်ပိတ်လျှင် ပါဝါပြန်မလာပါက wifi ic နှင့် Bluetooth အိုင်စီကို ဖြုတ်
ချပြီး အကောင်းပြန် တပ်ပေးပါ။ ဒါတွေက ဖုန်းစတင် ပြုပြင်တော့မယ် လူတွေအတွက် အသုံး
ဝင်ကီးတွေဖြစ်ပါတယ်။ ဒီလို အခြေမျိုးတွေကိုပိုင်နိုင်အောင်လုပ်ပြီး မိမိဥာဏ်စွမ်းအလျှောက်
pro ဖက်သို့ ကူးပြောင်းနိုင်ကြပါစေ...

ဒါကတော့မီတာတိုင်းတဲ့နည်းလေးပါ

၁။ Condenser -တက်ပြီးပြန်ကျလျှင်ကောင်း တက်ပြီးပြန်မကျပါက မကောင်းပါ။နှစ်ဖက်လုံး
တက်ပြီး ပြန် မကျပါကမကောင်းပါ--X1 X10 X100

၂။ Resister -တက်ပြီးငြိမ်နေလျှင် ကောင်း မတက်ရင်မကောင်း X1 X10 X100

၃။ Coil -တက်ပြီးငြိမ်နေလျှင်ကောင်း မတက်လျှင်မကောင်း X1 X10 X100

၎။ Diode -တစ်ဖက်တက်ပြီး တစ်ဖက်မတက်လျှင်မကောင်း။ နှစ်ဖက်လုံးပြရင်ရှော့။ မကောင်း။
နှစ်ဖက် လုံးမပြရင် မကောင်း X1 တွင်ထားတိုင်း

၅။ Fuse -အဆုံးထိတက်ရင်ကောင်း ။ မတက်ရင်မကောင်း X1မှာတိုင်း။

မှတ်ချက်။ ။ ဗို့ လိုင်းမပြသောနေရာများတွင် coil ဒဲ့ ဆက်လို့မရပါ။အသံပိုင်းတွင်သာ ဒဲ့ဆက်
နိုင်ပါတယ်။

Credit: Original Aurthor

Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း
https://www.facebook.com/todaystechnology2012?fref=nf

Read More »

Friday, March 21, 2014

Phone ရဲ့ IMEI နံပါတ် သိရုံဖြင့် ၎င်း ဖုန်းနှင့် ပတ်သက်သမျှ ကို သိနိုင်မည့် Website



Phone ရဲ့ IMEI နံပါတ် သိရုံဖြင့် ၎င်း ဖုန်းနှင့် ပတ်သက်သမျှ ကို သိရှိနိုင်မည့် Website တစ်ခုကို လမ်း
ညွှန် ပေးလိုက်ပါတယ်...။

လိပ်စာကတော့ >> http://www.imei.info ဖြစ်ပါတယ်။


  1. Dial *#06# to see your device IMEI
  2. Enter IMEI to field above
  3. Get information about your device Enter IMEI to field above

ဒီအပြင် Nokia ဖုန်းတွေရဲ့ imei number ကိုလည်း စစ်ဆေးလို့ ရပါသေးတယ်...။

Nokia ဖုန်းတွေရဲ့ Warranty နဲ့ Unlock ကိုလည်း စစ်ဆေးနိုင်ပါတယ်.....။

လိပ်စာကတော့ >> http://www.imei.info/nokia-check-warranty-unlock ဖြစ်ပါတယ်။


လိုအပ်သလို အသုံးချနိုင်ပါစေ။

ရေသားသူ ကိုထူး

Come On! Mobile မှ ကူးယူမျှဝေသည်။
Read More »

Sunday, January 19, 2014

MTK Android Device ဆိုတာ ဘာလဲ ?



MTK Android Device ဆိုတာကို ဒီရက်ပိုင်း သူများ အပြောတွေ ကြားဖူးကြမယ်လို့ ထင်ပါတယ်။

MTK ဆိုတာကတော့ MediaTek လို့ ခေါ်တဲ့ Android CPU Chipset ကို ရည်ညွန်းခြင်းပါ။

MTK Android processor တွေဟာ Dual Core အဆင့်ရှိပြီး ဈေးနှုန်းချိုသာပြီး အရည်အသွေး သိပ်
မမြင့်တဲ့ Android CPU တွေဖြစ်ပါတယ် အရည်အသွေးမြင့်မားလှတဲ့ CPU Chipset မဟုတ်ပေမယ့်
Speed ပိုင်းမှာရော ၊ Graphic ပိုင်းမှာရော အရည်အသွေးမြင့် processor များကို ယှဉ်နိုင်အောင်ပြု
လုပ်ထားပါတယ်။


MTK Processor တွေကို အရည်အသွေးနိမ့် Android Phone/ Tablet များ (Clone ဖုန်းများ) မှာ
အများဆုံး အသုံးပြုပါတယ်။ MTK processor သုံးထားတဲ့ လူသုံးများ android ဖုန်းတစ်ချို့ကတော့
i Mobile IQ2 , Galaxy S3 (Clone) , Star N9970 Galaxy S2 Clone , Smart THL W3 အစရှိ
တဲ့ တရုတ် Clone ဖုန်းများမှာ အများဆုံး အသုံးပြုပါတယ်။

MTK Devices များဟာ Android version 4.0.4 မှစ၍ Android 4.1.2 အထိ အသုံးပြုထားကြတဲ့
Android Clone ဖုန်းများမှာ အသုံးပြုထားပါတယ်။

MTK Processor များကတော့ MTK6573, MTK6515,MTK 6577 စသည်ဖြင့် ထုတ်လုပ်ထားပါ
တယ်။ MTK Device တွေကို သာမာန် Root Tool တွေနဲ့ root လို့ မရတတ်ပါဘူး ။ Android 4.0
နောက်အသုံးအများဆုံး MTK Chipset ကတော့ MTK 6577 အမျိုးအစား Chipset ဖြစ်ပါတယ်။

နောက်ထပ် ထွက်ရှိလာတဲ့ MTK(MT 6589) Processor ကတော့ Quad Core Processor အ
ဆင့်ရှိပါတယ်။

ဒီလောက် ဆိုရင်တော့ MTK based android devices များအကြောင်းကို သိရှိကြမယ်လို့ထင်ပါ
တယ်။

Credit To : http://www.myanmarmobileapp.com/

by ဝင်းကမ္ဘာကျော်
Read More »

Thursday, December 19, 2013

ဖုန်း ဘက်ထရီနှင့် ပက်သက်၍ သိထားရန် အချက်များ



ဒီတစ်လော သတင်းတွေ ကြားနေရပါတယ်။ iPhone 5 ကြောင့် ဓာတ်လိုက်သေရတဲ့ လေယာဉ်မယ်
သတင်း၊ Samsung Galaxy S3 အိပ်ကပ်ထဲမှာ ပေါက်ကွဲတဲ့သတင်းတို့အပြင် ဖုန်းပေါက်ကွဲမှုနဲ့ ပက်
သက်တဲ့ သတင်းများ၊ လူသေမှုသတင်းများ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် ကစလို့ သိသိသာသာ မြင့်တက်လာတဲ့ သတင်းတွေပါ။ အဖြစ်များတာ ကတော့ တရုတ်
ပြည်မှာပါ။ အကြောင်းကတော့ အာမခံချက် နည်းတဲ့ ပစ္စည်းကြောင့်မို့ ဖြစ်ပါတယ်။ ဖုန်းကို အားသွင်း
နေ ရင်း ပြော တာကြောင့်ရော၊ အချိန်လွန်သွင်းတာတွေကြောင့်ရော ဖြစ်ပါတယ်။

Apple ကတော့ ပြန်လည်စစ်ဆေးမှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။ Apple ပစ္စည်းက ဓာတ်လိုက်တတ်
ပါတယ်။ အထူးသဖြင့် Macbook တွေမှာ သိသာပါတယ်။ သံမန်သလင်းပေါ်မှာ ဖိနပ်မစီးဘဲ အားသွင်း
ထားတဲ့ Macbook ကိုကိုင်ရင် ဓာတ်လိုက်တာ ကိုယ်တွေ့ပါပဲ။ iPhone ကတော့ မသိပါဘူး။

ဘယ်လိုပဲ ဖြစ်ဖြစ် ဖုန်းနဲ့ ပက်သက်လို့ ရှောင်သင့်တဲ့အချက်လေးတွေ ကတော့ -

- အားသွင်းစဉ် ဖုန်းပြောခြင်း

Safety Factor ဘယ်လိုပဲ ထားထား အားသွင်းစဉ် ဖုန်းပြောတဲ့ အမူအကျင့် ကို ရှောင်ကိုရှောင်ရမှာ ဖြစ်
ပါတယ်။ ဘက်ထရီရဲ့  အလုပ်ပိုပြီး အပူလွန်ကဲစေပါတယ်။

- အာမခံချက်မရှိသော ဘက်ထရီအစားထိုးခြင်း

ဘက်ထရီဝယ်တဲ့အခါ အော်ရီဂျင်နယ် သာ ဝယ်ရမှာ ဖြစ်ပါတယ်။ Power Voltage သတ်မှတ်ချက် တိ
တိကျကျရှိမှ ဖုန်းနဲ့သင့်တော်မှာပါ။ မဟုတ်ရင် ဖုန်းကိုလည်း ထိခိုက်ပြီး အသုံးပြုတဲ့သူကိုပါ ဆိုးကျိုးဖြစ်
စေပါတယ်။ ဈေး သက်သာတာကိုပဲ ကြည့်ပြီး ဘက်ထရီ အတုများ၊ Official ထုတ်ကုန်များ မဟုတ်တာ
ကို သုံးစွဲခြင်းဟာ recommend မပေးပါဘူး။

- ဖုန်းကို အပူချိန်ပြောင်းလဲထိတွေ့မှု သတိထားခြင်း

အားသွင်းပြီး ပူနေတဲ့ ဖုန်းကို ရုတ်တရက် အလွန်အေးတဲ့ ပတ်ဝန်းကျင်ဆီ ယူသွားလိုက်တာမျိုးကို ရှောင်
ဖို့ ဖြစ်ပါတယ်။ ဒါက အအေးပိုင်းဒေသတွေ မှာ ပိုဂရုစိုက်ရမယ့်အချက် ဖြစ်ပါတယ်။ အပူချိန် ရုတ်တရက်
ပြောင်းလဲမှုဒဏ်ကို ဘက်ထရီတို့ မခံနိုင်ပါဘူး။

- အားအလွန်အကျွံသွင်းခြင်း

အားပြည့်တဲ့အခါ ဖုန်းကို အားသွင်းခြင်း ရပ်တန့်စေဖို့ ဖြစ်ပါတယ်။ လျှပ်စစ် ဓာတ်အား ဆက်တိုက်ဆီးဝင်
နေမှုကြောင့် အားပြည့်ရင် ဖြတ်တောက်တဲ့ စနစ်မျိုး ဘယ်လိုပဲ ထားပေးထားပေး Manually လုပ်တာ
လောက် စိတ်မချ ရပါဘူး။ အခန့်မသင့်ရင် အပူချိန်လွန်ကွဲပြီး မီးလောင်ကျွမ်းမှု ပေါက်ကွဲမှု ဖြစ်စေပါတယ်။
အားပြည့်ရင် စမတ်ဖုန်းရယ်မှ မဟုတ်ပဲ ဘယ်အီလက်ထရောနစ် ပစ္စည်းမဆို ခလုပ်ပိတ်ပြီး ပစ္စည်းဖြုတ်ရ
မှာ အခြေခံ သိနေရ၊ လုပ်နေရမယ့် အချက်ပဲ ဖြစ်ပါတယ်။

- အားမသွင်းမှီ ရေစိုမစို စစ်ဆေးခြင်း

အားသွင်းချိန်တင်မကပါဘူး။ ဘက်ထရီသာ ရေစိုနေရင် ဘယ်အချိန်ဖြစ်ဖြစ် အသုံးပြုဖို့မသင့်တော်ပါဘူး။
ရေငွေ့အရမ်းများနေရင်လည်း လျှပ်စစ်ရှော့ ဖြစ်တတ်ပါတယ်။
.
ဒီလောက်ဆိုရင် စမတ်ဖုန်း ဘက်ထရီနဲ့ ပက်သက်လို့ ရှောင်ရှာသင့်တဲ့ အကြမ်းဖျဉ်း သိသင့်တဲ့အချက်များ
သိရှိပြီလို့ မျှော်လင့်ပါတယ်။
.
Credit >>> အောင်ခမ်း ( smart.com.mm )
Read More »

Sunday, December 08, 2013

Samsung ဖုန်းများတွင် RAM မြန်အောင် လုပ်ပေးသင့် တဲ့ အဓိက အချက်လေးတွေ



Samsaung ဖုန်း အသုံးပြုဖူး သူတိုင်း သိပြီး သလောက်ဖြစ်မှာပါ။ တစ်ချို့ မသိသေးတဲ့ Online များမှ တောင်းဆို
ထားတဲ့ မိတ်ဆွေများအတွက်လည်း အလွယ်တကူလုပ်တတ် ပြီးကိုယ့်ဖုန်းကို ထိန်းသိမ်းလို့ ရအောင် ပို့(စ်)လေး
တစ်ခုအဖြစ် ထပ်တင်ပေးလိုက်တာပါ။

ဒီလို လုပ်ဆောင်ပေးခြင်း အားဖြင့် ရရှိနိုင်သော အကျိုးရလဒ်များကတော့ Battery ကြားရှည်စွာ အသုံးပြုနိုင်ခြင်း
နဲ့ ဖုန်မြန်းဆန် ခြင်းများကို ကောင်းစွာ ခံစားရမှာပါ။ လုပ်နည်းကတော့ လွယ်လွယ်လေးပါ။ အောက်မှာ ပုံနဲ့ တ
ကွ ရှင်းပြပေးထားပါတယ်။

အဆင့် ၁။ Samsung ဖုန်းမှာ ပါတဲ့ Home Button (ခလုတ်) ကို ၃ စက္ကန့်လောက် ဖိထားပါ။ အောက်ပုံ အတိုင်းပါ။


မိမိ ဖွင့်ထား သမျှ အရာများ ပြပေး ပါလိမ့်မယ်။ ထိုအခါ ဖုန်းကို ခဏ မသုံးတော့ပဲ ထားတော့ မယ်ဆိုရင်
Background Run နေတဲ့ အရာများကို ဆေးရပါမယ်။

နံပါတ် ၂ ပုံစံ အတိုင်းလုပ်ပါ။ ပြီးရင် Samsung ဖုန်းမှာ ပါတဲ့ Home Button (ခလုတ်) ကို ၃ စက္ကန့်လောက်
ပြန် ဖိ ထားပါ။ ပြီးရင် အ၀ိုင်ပုံလေးနဲ့ နံပါတ် ၃ ထဲကို ၀င်ပါ။ အောက်ပုံ ကိုဆက်ကြည့်ပါ။


ပုံပါအတိုင်း RAM ကို ဖိပြီး အောက်က Clear Memory ခလုတ် ကိုနှိပ်ပေးလိုက်ပါ။ ဒုတိယ ပုံအတိုင်း RAM
ပို များတာကို တွေ့ရပါလိမ့်မည်။ ပြီးသွားပြီး ဆိုရင် Ok သွားပါပြီ။

မှတ်ချက်။ ။ မိမိဖုန်း ကို တစ်ပတ်တစ်ခါ (သို့မဟုတ်) နှစ်ပတ် တစ်ခါ လောက်တော့ Restart ချပေးသင့်ပါတယ်။
Restart ချတာနဲ့ Power Off တာက မတူဘူးနော်။

တချို့မိတ်ဆွေတွေက ပြောတော့ Power Off ခဏခဏ Off တာပဲ ဘာ Restart ချစရာလိုသေးလို့လဲတဲ့။

Power Off တာနဲ့ Restart ချတာက လုံးဝ မတူပါဘူး။ Restart ချတယ်တိုတာက ဖုန်းပြန် အားတင်တဲ့ သဘောပါ။

Power Off တာက ဖုန်း၏စက်ကို ပိတ်ပစ်လိုက်တဲ့ သဘောပါ။

Mr Thang Min

Ref : http://www.myanmarcnn.com
Read More »

Saturday, November 16, 2013

Huawei Y320C မှာ 1x လိုင်းမတက်တဲ့ ပြသနာ ဖြေရှင်းနည်း




ခုနောက်ပိုင်း Huawei Y320C မှာ 1x လိုင်း မတက်တဲ့ပြသနာတွေ ကိုတွေ့ရပါတယ်။ အရင်တုန်းက
ကျတော့ 73 ကဒ်ထည့်ပြီး ရှင်းလိုက်ရင် ရပါတယ်။ ခုဟာက 73 မရှိတဲ့ သူတွေ 73 လိုင်း မမိတဲ့ သူ
တွေ အတွက် ဒီပြသနာကို လွယ်ကူစွာ ဖြေရှင်းလို့ ရပါပြီ.....။
  • ပထမဦးဆုံး mec card ကို ဖုန်းထဲ ထည့်ပါ
  • 911 ကို ဖုန်းခေါ်ပါ။
  • ခေါ်ပြီးရင်ဖုန်းကို မချဘဲ Home ခလုပ်ကိုနှိပ်ပြီး setting ကိုသွားပါ။
  • ပြီးရင် more ကိုဝင်ပါ။
  • mobile network ကိုရှာပါ တွေ့ရင် ၀င်ပါ။
  • CDMA Network select ထဲဝင်ပါ။
  • ၀င်ပြီးရင် အရင်က မှိန်နေတာတွေ လင်းနေတာကို တွေ့ရပါမယ်။
  • empty filter network list ကိုနှိပ်လိုက်ပါ။
  • တချို့ကတော့ ဒီအဆင့်မှာ တင်ရပါပြီ မရသေးရင်တော့ warning စာတန်းတွေထွက်လာတာကို
    စောင့်လိုက်ပါ။
  • ပြီးရင်ရသွားပါပြီ.........ဖုန်းခေါ်ကြည့်လိုက်ပါ အဆင်ပြေသွားတာကိုတွေ့ရပါလိမ့်မယ်။

မရသေးဘူး ဆိုရင် ဖုန်းကို ပါဝါပိတ်ပြီး နောက်တစ်ခေါက် ထပ်လုပ်ကြည့်ပါ။

ရသွားပါလိမ့်မယ်..........အားလုံးအဆင်ပြေချောမွေ့ပါစေ.........။

ဒီနည်းလမ်းလေးကို စမ်းသပ်ပေးတဲ့ Ko Bo Bo San ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်.............။

Ref : www.zwmnna.com
Read More »

Sunday, April 28, 2013

1500တန် CDMA 800Mhz ဆင်းကဒ် စတင် အသုံးပြုနည်း




သတိပြုရန် – 450Mhz hendset အတွင်း ထည့်သွင်း မသုံးမိစေရန်

ပထမဦးစွာ ကဒ်ချိုးပြီး 800Mhz ဟန်းဆက်အတွင်းထည့်လိုက်ပါ။

ပြီးရင် လိုင်းပေါ်လာအောင် စောင့်ပါ။

လိုင်းတက်လာပြီဆိုလျှင် မိမိနီးစပ်ရာ ဖုန်းတစ်လုံးကို ခေါ်လိုက်ပါ။

လိုင်းမဝင်သော တီတီတီ အသံကြားလျှင် ပြန်ချလိုက်ပါ။ နောက်တစ်ကြိမ် ပြန်ခေါ်ပါ။ ပြီးလျှင် ပြန်ချထားလိုက်ပြီး ခေတ္တစောင့်လိုက်ပါ။

003456 မှ အောက်ပါအတိုင်း Message ပေးပို့ပါလိမ့်မည်။

Dear 959330—–, You have been Activated. Your balance is (credit)300.00and will be expired at 2013-05-09 00:00:00.

ထို message ဝင်လာလျှင် စတင် အသုံးပြုနိုင်ပါပြီ။

ဖုန်းအတွင်း ပါဝင်သော ၃၀၀ကျပ်မကုန်မီ ၅၀၀၀တန် ငွေဖြည့်ကဒ်ကို ထည့်သွင်း ပေးရမည် ဖြစ်ပါသည်။

ငွေဖြည့်ရန် code မှာ
*124*ခဲခြစ်နံပတ် ၁၈လုံး#
ဖြစ်သည်။ ငွေလက်ကျန် မေးရန်မှာ *123 ဖြစ်သည်။

အဆိုပါ ၁၅၀၀တန် ဆင်းကဒ် ပျောက်ဆုံး ပျက်စီးမှုရှိပါက သက်ဆိုင်ရာ ဖုန်းမန်နေဂျာရုံးသို့ ဆက်သွယ်
ပြီး အခမဲ့ ပြန်လည်လျှောက်ထားနိုင်သည်ဟု ကြေညာထားပါသည်။

အဝင်ခေါ်ဆိုမှုအတွက် ပေးဆောင်ရန်မလိုဘဲ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ၅၀ ကျပ်သာ ကျသင့်မည် ဖြစ်ပြီး အင်တာနက် သုံးစွဲမှု အတွက် တစ်မိနစ် လျှင် ၄ကျပ်ကုန်ကျမည် ဖြစ်ပြီး မကြာမီ
ကာလတွင် အင်တာနက်လျှောက်ထားနိုင်မည်ဟု သိရှိရပါသည်။

၁၅၀၀တန်ဖုန်းသုံးစွဲသူများ အဆင်ပြေကြပါစေ…

Ref & Credit to လင်းယံခ(မြန်မာစာ)

Forever Friends Myanmar Social Natwork မှ မူရင်းအတိုင်းသာ ပြန်လည် မျှဝေပါသည်။
Read More »

Monday, April 22, 2013

တန်ဖိုးနည်း မိုဘိုင်းဖုန်းဆင်းကဒ် မဲဖောက်ပြီ



ရန်ကုန်တိုင်း ဒေသကြီး အတွင်းက မြို့နယ်အတော် များများမှာ ဒီကနေ့ ကျပ် ၁,၅၀၀ တန် မိုဘိုင်း
ဖုန်းဆင်းကဒ်တွေကို မဲဖောက်ပေးတာမှာ အိမ်ထောင်စု ၁၀ စုမှာ တစုလောက် မဲပေါက်တယ်လို့ မဲ
နှိုက်သူတွေက ပြောကြပါတယ်။ လူထုစိတ်ဝင်စားတဲ့ ၁,၅၀၀ တန် မိုဘိုင်းဖုန်း ကဒ်တွေကို မနေ့က ရန်ကုန်မြို့လယ်တော်တော်များများကရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာမဲဖောက်ကြေညာခဲ့တာပါ။ ဒီလိုရောင်းချတဲ့ပုံစံက ရပ်ကွက်တခုကို ဆင်းကဒ် ရာဂဏန်းသာ ရတာကြောင့် ရပ်ကွက်ထဲမှာရှိတဲ့ လူဦးရေနဲ့မမျှတဲ့အတွက် မဲဖောက်ရတာလို့ မင်္ဂလာတောင်ညွှန့်မြို့နယ်ဖို့မြေရပ်ကွက် အုပ်ချုပ်ရေး
မှူးကပြောပါတယ် ဒီအကြောင်းအပြည့်အစုံကိုဆက်သွယ်မေးမြန်းထားတဲ့ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

နိုင်ငံတော်သမ္မတက ပြည်သူတွေ သင့်တင့်တဲ့ဈေးနှုန်းနဲ့ မိုဘိုင်းဖုန်းတွေ သုံးနိုင်အောင်ဆိုပြီး ညွှန်ကြား
ထားတဲ့အတွက်ရန်ကုန်တိုင်းဒေသကြီးအတွင်းကမြို့နယ်အတော်များများမှာဒီကနေ့ ကျပ် ၁,၅၀၀တန်
ဖုန်းတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ ရုံးမှာပဲ မဲဖောက်ပေးခဲ့တာပါ။

ရန်ကုန်တိုင်း ဒေသကြီးအပါအ၀င် အခြားပြည်နယ်နဲ့ တိုင်းတွေအားလုံးပေါင်းမှ တလကို ဆင်းကဒ် အ
လုံးရေ သုံးသိန်းခွဲသာ ချပေးနိုင်တဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် အခုလိုမဲဖောက်တဲ့ စနစ်ကို ကျင့်
သုံးပြီး တိုင်းဒေသကြီး အစိုးရတွေရဲ့ကွတ်ကဲမှုနဲ့ ရောင်းချပေးတာ ဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေး
ဌာနရဲ့ ပြောခွင့်ရှိသူ ပြန်ကြားရေးအရာရှိ ဦးကျော်စိုးက ပြောပါတယ်။

“မြို့နယ်တခုချင်းစီကို ဘယ်မြို့နယ် ဘယ်နှစ်ယောက်ဆိုတာ တိုင်းဒေသကြီးအစိုးရရဲ့ စီမံခန့်ခွဲနိုင်ခွင့်
ဖြစ်ပါတယ်။ တနိုင်ငံလုံးမှ သုံးသိန်းခွဲပဲ ပေးတာကိုး။ နောက်လမှာ လည်း မေမှာလည်း ရောင်းဦး မှာ
ပေါ့လေ။ ဆက်တိုက် ဒါလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။”

ရပ်ကွက်တခုက အိမ်ထောင်စုတစုကို မိုဘိုင်းဖုန်းတစ်လုံးချပေးနိုင်ဖို့ အစိုးရက စီမံထားတာဖြစ်ပေမဲ့ လက်ရှိအချိန်မှာ ချထားပေးနိုင်တဲ့ မိုဘိုင်းဖုန်းအရေအတွက်ဟာအရမ်းနည်းနေတဲ့အတွက်မဲဖောက်
ရောင်းချရဖြစ်ပြီးတော့ နောက်ပိုင်းမှာရပ်ကွက်အတွင်းမှာရှိနေတဲ့ ဖုန်းလိုအပ်သူတွေအားလုံးကို ဖုန်း
ရရှိနိုင်အောင် ချထားပေးနိုင်မှာဖြစ်တယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ဖို့မြေ ရပ်ကွက်အုပ်ချုပ်ရေး
မှူး ဦးရဲဝင်းက ပြောပါတယ်။

“ကျနော်တို့ နောက်လမှာ ကျန်တဲ့သူတွေကို ဆက် နှိုက်ပေးရင်း၊ နှိုက်ပေးရင်းနဲ့ တရပ်ကွက်လုံးစာ တအိမ်ထောင်ကို ဖုန်းတလုံးစီရသွားတဲ့အချိန်မှာ ပြန်ပြီးတော့ ပထမ ပေါက်ပြီးသား အိမ်ထောင်စု
တွေကနေ နောက်ထပ် လိုချင်တဲ့သူတွေရှိရင် ထပ်ပြီးတော့ ကျနော်တို့ ဖောက်ပေးပါမယ်။ အခုလ ကျနော်တို့ ၁၁၅ ခုကျပေမဲ့ ရှေ့လကျရင် ကျနော်တို့ ပိုတိုးပြီးတော့ ရမှာပါ။ ၁၅၀ ဖြစ်မလား၊ ၁၆၀
ဖြစ်မလား ကျနော်တို့လည်း မသိသေးဘူးပေါ့။”

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွေမှာ ဖုန်းအသုံးပြုခွင့် မဲပေါက်ခဲ့တဲ့သူတွေကတော့ သူတို့ရရှိမယ့် ဆင်း
ကဒ်တွေရဲ့နံပါတ်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးတွေမှာသွားပြီး မဲနှိုက်ရဦးမှာဖြစ်တယ်လို့လည်း ဦးရဲ
ဝင်းက ပြောပါတယ်။

“မနက်ပိုင်း ကျနော်တို့ဆီမှာ နှိုက်ပြီးတာနဲ့ မြို့နယ်ရုံးမှာသွားပြီးတော့ ဒီမဲပေါက်တဲ့သူတွေက ဆင်း
ကဒ်နံပါတ်ကို သူတို့က မဲနှိုက်ရမှာ။”

လက်ရှိအစိုးရက ရောင်းချပေးမဲ့ မိုဘိုင်းဖုန်း ဆင်းကဒ် အမျိုးအစားတွေ ကတော့ CDMA 800 အမျိုး
အစားဖုန်းတွေကို အရင်ချပေးမှာဖြစ်ပြီးတော့ ဆင်းကတ်အလုံးရေသုံးသိန်းခွဲကို ပြည်နယ်နဲ့တိုင်း ၁၁
ခုမှာ ဧပြီလ ၂၄ ရက်နေ့ စတင် ချပေးမှာဖြစ်ပါတယ်။

ဒီကနေ့ ဖုန်းအသုံးပြုခွင့် ရရှိဖို့အတွက် ရန်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ မဲနှိုက်ပြီး ဦးဆုံးမဲပေါက်ခဲ့တဲ့
လူတွေက ဒီလ ၂၄ရက်ကစပြီး တန်ဖိုးနည်း ၁,၅၀၀တန်ဖုန်းတွေကိုအသုံးပြုခွင့်ရမှာဖြစ်သလို မြို့နယ်
တွေအတော်များများမှာ ရရှိတဲ့ခွဲတမ်းဟာ အတော်နည်းတဲ့အတွက် ကံကောင်းတဲ့လူအချို့သာ ဖုန်းမဲ
ပေါက်ခဲ့တယ်လို့ ပုဇွန်တောင်မြို့နယ်အတွင်း နေထိုင်ပြီး ဒီကနေ့ဖုန်းမဲပေါက်ခဲ့တဲ့ မညိုကအခုလိုပြော
ပါတယ်။

“ဒီနေ့ ကျမတို့ရပ်ကွက်မှာ မိုဘိုင်းဖုန်းဆင်းကဒ်တွေ အသုံးပြုခွင့်ရဖို့အတွက် မဲဖောက်တယ်လေ။ လူဦးရေကတော့ ၈၀၀ ကျော်လောက်တော့ ရှိတာပေါ့ ပုဇွန်တောင် (၂)ရပ်ကွက်အတွက်က အလုံး ၈၀ လောက်ပဲရှိတယ်ထင်တယ် မနက်ပိုင်းကစပြီးတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ မဲဖောက် ခဲ့
တယ်လေ မပေါက်တဲ့သူတွေကတော့ ဒီတခါဖုန်းအသုံးပြုခွင့်ရမှာမဟုတ်ဘူးပေါ့ ကျမတို့ကတော့ ဒီ
နေ့ မဲပေါက်တယ် မြို့နယ်ရုံးမှာ နံပါတ်ရဖို့ သွားပြီးတော့ မဲနှိုက်ရတယ်လေ။ ကျမတို့လို တကယ်အ
သုံးပြုဖို့လိုအပ်နေတဲ့သူတွေအတွက်တော့ ကောင်းပါတယ် ရှေ့လမှာတော့အခုရပြီးသား သူတွေရဲ့ စာရင်းကတော့ မပါတော့ ဘူးပေါ့ အခုစာရင်းပေး ထားပြီးတော့ မပေါက်တဲ့ သူတွေ အတွက်တော့ ရမှာပေါ့နော်။”

အခုလို ဆင်းကတ်တွေ ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချနိုင်လာမယ့်အချိန်မှာ မိုဘိုင်းဖုန်း ဟန်း
ဆက်တွေ ဈေးမကစားနိုင်အောင်လည်း အစိုးရကဆောင်ရွက်မယ်လို့ နိုင်ငံတော်သမ္မတက ပြောခဲ့ဖူး
ပါတယ်။

လက်ရှိအချိန်မှာ ပြည်သူတွေလိုအပ်သလောက်ဖုန်းအလုံးအရေအတွက်ကို ရောင်းချပေးနိုင်ဦးမှာမ
ဟုတ်တဲ့အတွက် ဖုန်းရရှိတဲ့ လူတွေကနေ ဈေးကွက် အတွင်းမှာ လက်ရှိချပေးလိုက်တဲ့ ဖုန်းတွေ အ
တွက် ဈေးကြီးကြီးနဲ့ မှောင်ခို ပြန်ရောင်း ချတာတွေ ရှိလာနိုင်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသား
ဟောင်းများအဖွဲ့က ကိုထွန်းကြည်က အခုလို သုံးသပ်ပါတယ်။

“မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်မှာတုန်းကလုပ်တဲ့ပုံစံမျိုးပဲ မှောင်ခိုကိုမွေးဖွားပေးတဲ့ပုံစံမျိုးလို့ပဲ သုံး
သပ်တယ်။ မြင်လည်းမြင်တယ်။”

အစိုးရကတော့ တန်ဖိုးနည်းဆင်းကဒ်တွေ မှောင်ခိုဖြစ်မလာဖို့အတွက် တိုင်းဒေသကြီး အစိုးရတွေက
နေ ကြပ်မတ်တာတွေ လုပ်မှာဖြစ်သလို ၀ယ်ယူထားတဲ့ ဆင်းကဒ်တွေ ကို ဖုန်းဝယ်ယူပြီး ၁၅ ရက်အ
တွင်းမှာ ဖုန်းခေါ်ဆိုခ အနေနဲ့ ငွေကျပ် ၅,၀၀၀ ကို ထည့်သွင်း ရမှာဖြစ်တယ်လို့ တိုက်တွန်းနှိုးဆော်
ထားတာပါ။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ တယ်လီဖုန်း သိပ်သည်းစဟာ ၇ ရာခိုင်နှုန်းပဲရှိပြီး ရှေ့လာမယ့်နှစ်
တွေမှာ တယ်လီဖုန်း သိပ်သည်းဆကို တိုးမြင့်အောင်လုပ်ပြီး ၂၀၁၄ -၂၀၁၅ အရောက်မှာ လက်ရှိ
ထက် ၅၀ ရာခိုင်နှုန်း တိုးတက်အောင်လုပ်ဖို့ ရှိတယ်လို့လည်း သမ္မတက ပြောခဲ့ပါဖူးတယ်။

အောင်ရဲ မောင်မောင် (ဗွီအိုအေ)
Read More »

Thursday, January 24, 2013

Non-jailbroken iDevices တွေမှာ respring folder တစ်ခုတည်ဆောက်နည်း




Read More »