နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label မိုဘိုင်းဖုန်းလမ်းညွှန်. Show all posts
Showing posts with label မိုဘိုင်းဖုန်းလမ်းညွှန်. Show all posts

Sunday, September 27, 2015

Android Phone ကို ကားရဲ့ Audio System နဲ့ ချိတ်ဆက်နည်းများ



ယာဉ်မောင်းသူ အများစုက ကားမောင်းနေစဉ် သီချင်းများကို နားထောင် ခံစားလေ့ ရှိပါတယ်။ ဒါပေမယ့် ရေဒီယိုများက သင်နားထောင် ချင်တဲ့ သီချင်းကို ဖွင့်ပေးမှာ မဟုတ်ပါဘူး။

CD တွေကလည်း ပျက်ဆီးလွယ်တဲ့ အတွက် အဆင် မပြေပါဘူး။ Android Phone မှာ စိတ်ကြိုက် သီချင်းများစွာ ထည့်သွင်း ထားသူများ အတွက် ဖုန်းမှ သီချင်းများကို ကားရဲ့ Audio System နဲ့ ချိတ်ဆက် နားထောင် ချင်ရင် နည်းလမ်း များစွာ ရှိပါတယ်။

Analogue Cable

လူအများစု အသုံးပြုကြတာက 3.5mm Mini Jack Cable ဖြစ်ပါတယ်။ ကြိုးရဲ့ တစ်ဖက်ကို သင့်ဖုန်းရဲ့ Headphone Jack မှာ တပ်ဆင်ရမှာ ဖြစ်ပြီး နောက်တစ်ဖက်ကို ကားရဲ့ Audio System မှာ တပ်ဆင် ရမှာပါ။ ဒီလို ချိတ်ဆက်ဖို့ နည်းများစွာ ရှိပါတယ်။ Car Audio System ရဲ့ အရှေ့ဖက် သို့မဟုတ် Dashboard ရဲ့ အနောက်ဘက်မှာ တပ်ဆင်နိုင်ပါတယ်။
Cassette Tape Player တပ်ဆင် ထားတဲ့ ကားများမှာတော့ Cassette Adapter ကို အသုံးပြုနိုင် ပါတယ်။ ဈေးနှုန်းသက်သာပြီး MP 3 Player သို့မဟုတ် ဖုန်းမှ Headphone နဲ့ ချိတ်ဆက်နိုင် ပါတယ်။ ပြီးရင်တော့ ဖုန်းမှ သီချင်း များကို ကားရဲ့ စပီကာ ကနေ ခံစားနားထောင် နိုင်ပါပြီ။ ဖုန်းမှသာ မက အင်တာနက်မှ သီချင်းများ ကိုတောင် နားဆင်နိုင် ပါတယ်။



Bluetooth

ခေတ်ပေါ် ကားများရဲ့ Audio System မှာ Bluetooth ပါရှိ ကြပြီး သင့်ဖုန်းနဲ့ ချိတ်ဆက် အသုံးပြုနိုင် ပါတယ်။ ဒီလို ချိတ်ဆက်ဖို့ အတွက် သင့်ကားရဲ့ Audio System မှ Bluetooth ကိုဖွင့်ပါ။ Discoverable ဖြစ်အောင် ပြုလုပ်ပါ။

သင့်ရဲ့ Android Device မှာ Settings>Wireless and Networks>Bluetooth Settings ထဲသွားပြီး Bluetooth ကိုဖွင့်ပါ။ Scan ပြုလုပ်ပြီး ကားရဲ့ Audio System ကို ရှာဖွေပြီး Pair လုပ်ပါ။

Bluetooth ရဲ့ အားသာချက်က တစ်ခါသာ ချိတ်ဆက် ရပြီး နောက်ပိုင်းမှာ ချိတ်ဆက်စရာ မလိုတာပါ။ အားနည်းချက်က သင့်ဖုန်းရဲ့ ဘက်ထရီကို အကုန်မြန်စေတာပါ။ ဒီနည်းနဲ့ သီချင်းနားထောင်ရင်တော့ ကားထဲမှာ ဖုန်းကို အားသွင်းထားရင် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ဖုန်းမှသာမက အင်တာနက်မှ သီချင်းများနဲ့ ရေဒီယိုများကို နားဆင်နိုင်ပါတယ်။



USB

Bluetooth လိုပဲ ခေတ်သစ်ကားအချို့ရဲ့ Audio System မှာ ပြင်ပ Storage Device များကို ချိတ်ဆက်နို်င်တဲ့ USB Cable ပါရှိပါတယ်။ အဲဒီကြိုးကနေ သင့်ဖုန်းနဲ့ ကားရဲ့ Audio System ကို ချိတ်ဆက်နိုင်ပြီး သီချင်းများ နားဆင်နိုင်ပါတယ်။

ချိတ်ဆက်ပြီးရင်တော့ သင့်ဖုန်းမှာ Storage Mode ကိုပြောင်းပေးရမှာပါ။ ဒီလိုလုပ်ဖို့ Notification Bar ကို ဆွဲချပြီး USB Mass Storage သို့မဟုတ် USB Connection Mode ကို ပြောင်းပေးပါ။ ဒါကတော့ ဖုန်းထုတ်လုပ်သူတွေ အပေါ်မူတည်ပြီး အခေါ်အဝေါ် ကွဲပြားပါတယ်။ ပြီးရင်တော့ ကားရဲ့ Audio System မှာ ဖုန်းမှ သီချင်းများကို တွေ့မြင်နိုင်ပါပြီ။

ဒီနည်းလမ်းရဲ့ အားနည်းချက်က သင့်ဖုန်းမှာ သိမ်းထားတဲ့ MP3 သီချင်းများကိုသာ နားထောင်နိုင်တာ ဖြစ်ပြီး အင်တာနက်မှ သီချင်းများကို နားဆင်လို့ မရတာပါ။ ဒါပေမယ့် သီချင်းနားဆင်နေစဉ်မှာ ဖုန်းကို အားသွင်းပေးနေမှာပါ။



FM Transmitter

အချို့ ဖုန်းများမှာ FM Transmitter စွမ်းဆောင်ချက် ပါရှိပါတယ်။ ဒါကို အသုံးပြုနိုင်သလို Quick FM Transmitter လို App များကို အသုံးပြုပြီး သင့်ဖုန်းမှ သီချင်းများကို ကားရဲ့ စပီကာကနေ နားထောင်နိုင်ပါတယ်။

နောက်တစ်နည်းက ဈေးနှုန်း သက်သာတဲ့ FM Transmitter ကိရိယာကို ၀ယ်ယူရမှာပါ။ အဲဒီ ကိရိယာကို ဖုန်းရဲ့ Headphone Jack မှာ တပ်ဆင်ရမှာပါ။ အလုပ်လုပ်ပုံက Analogue Cable နဲ့ တူညီပေမယ့် FM Transmitter ကို ကားရဲ့ အားသွင်းစက်မှာ တပ်ဆင်ထားရမှာပါ။



ရွေးချယ်စရာ နည်းလမ်း များစွာ ရှိပေမယ့် အများစုက Analogue Cable , Cassette Adapter တို့ကို အသုံးပြုနေ ကြပါတယ်။ ဒါဟာ ကားရဲ့ Audio System မှာ Bluetooth ပါရှိတယ် ဆိုတာ မသိကြလို့ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် Cassette Player များ တပ်ဆင်ထားတဲ့ ကားအဟောင်းများ အသုံးပြုနေ ကြလို့ ဖြစ်နိုင် ပါတယ်။ သင့်ရဲ့ ကားမှာ Digital Sound System ပါရှိတယ် ဆိုရင် Analogue Cable နည်းလမ်းဟာ အသံ အရည်အသွေး အပြည့်အ၀ မရနိုင် တာကို မှတ်သားထားပါ။

Myanmar digital life By Thu Ya

Original link - http://www.myanmardigitallife.com/?p=4493

Read More »

စမတ်ဖုန်းမှာ လက်ချောင်းများနဲ့ စာရေးနိုင်မယ့် Google Handwriting Input



စမတ်ဖုန်းမှာ On-Screen Keyboard တွေနဲ့ စာရိုက် ရတာကို မနှစ်သက်ဘဲ လက်နဲ့ စာရေး ရတာကို နှစ်သက် သူများ အတွက် Google က Google Handwriting Input App ကို ဖြန့်ချီပေး ထားပါတယ်။

ဘာသာစကား ၈၂ မျိုးနဲ့ စာရေး သားနိုင် ပါတယ်။ လက်ချောင်း အပြင် Stylus နဲ့ပါ ရေးသားနိုင်တဲ့ အတွက် Stylus ပါတဲ့ ဖုန်းများမှာ ဆိုရင် ပိုမို အဆင်ပြေ ပါတယ်။

စာသားများ အပြင် Emojis များကိုပါ လက်နဲ့ ရေးသားနိုင် တာက ပျော်စရာ ကောင်းပါတယ်။ Voice Input လည်းပါရှိပြီး စကားပြောပြီး စာရေးသား နိုင်ပါတယ်။ Google Handwriting Input ရဲ့ လက်ရေးများကို စာသားများ အဖြစ်ပြောင်းလဲ ပေးနိုင်တဲ့ စွမ်းရည်က အလွန်ကောင်းမွန်ပြီး တိကျပါတယ်။ အနည်းငယ်သာ အမှားအယွင်း ရှိတာကို တွေ့ရပါတယ်။

Google Handwriting Input ကို ပထမဆုံး အကြိမ်ဖွင့်ရင် Google Terms of Services and Privacy Policy ကို သဘော တူညီဖို့ Box တစ်ခု ကျလာပါမယ်။

အိုကေကို နှိပ်ပြီးရင် ပြုလုပ် ရမယ့် အဆင့် သုံးဆင့်ကို လမ်းညွှန်ပေး ထားပါတယ်။ Google Handwriting Input ကို သင့်ဖုန်းမှာ Enable လုပ်ခိုင်း တာဖြစ်ပြီး အဆင့် တစ်ကို နှိပ်ပြီး Enable လုပ်ပါ။ သင့်ဖုန်းရဲ့ System Language ဟာ English ဖြစ်နေရင် အဆင့်နှစ်ဖြစ်တဲ့ Language ကို ဒေါင်းလုပ် ပြုလုပ်တဲ့ အဆင့်ကို အလိုအလျှောက် ပြုလုပ် ပေးမှာပါ။ အဆင့်သုံးမှာတော့ Google Handwriting Input ကို သင့်ဖုန်းရဲ့ Default Keyboard အဖြစ် သတ်မှတ် ခိုင်းတာ ဖြစ်ပါတယ်။


ပြီးရင်တော့ Google Handwriting Input ကို စမ်းသပ်အသုံးပြုဖို့ အဆင့်သုံးအောက်မှ Text Box ကို တစ်ချက်နှိပ်ပါ။ Write here ဆိုတဲ့ Box မှာ လက်ချောင်းနဲ့ စာများရေးသား ရမှာ ဖြစ်ပါတယ်။

ရေးသားရမယ့် ပုံစံကတော့ စကားလုံး တစ်ခုချင်း စီကို ရေးသား ရမှာပါ။ ဥပမာ အားဖြင့် “ How are you? “ လို့ ရေးသား ချင်တယ်ဆိုရင် How လို့ရိုက်ပြီး ခဏစောင့်ပါ။ App က အပေါ်မှာ အကြံပြုချက် သုံးခုကို ပြသပေးမှာ ဖြစ်ပြီး အလယ်မှ အကြံပြုချက်ကို အလို အလျှောက် ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။ သူရွေးချယ်တာ မှားနေရင် အကြံပြုချက် ထဲမှ အခြား တစ်ခုကို တစ်ချက်နှိပ်ပြီး ရွေးချယ်နိုင် ပါတယ်။

How လို့ ရိုက်ပြီး ခဏစောင့်ရတဲ့ အချိန်ဟာ အလွန်မြန်တဲ့ အတွက် စောင့်ရတယ် လို့တောင် မထင်ရ ပါဘူး။ How လို့ ရိုက်ပြီးတဲ့ နောက်မှာ အဲဒီ စကားလုံးကို ရှေ့ဘက်ကို ရွှေ့ပြီး Box မှ ဖယ်ရှားပေးလိုက်တဲ့ အတွက် Box မှာ စာရေးသားဖို့ နေရာကျဉ်းကျပ်တဲ့ ပြဿနာကို မတွေ့ရပါဘူး။

နောက်စကားလုံးတစ်ခုအနေနဲ့ are လို့ ရိုက်ရင် အလယ်မှ အကြံပြုချက်မှာ Space သင်္ကေတနဲ့ are ကို ကပ်လျက်ပြသပေး ထားပါတယ်။ App က How နဲ့ are ကြားမှာ Space ခြားရမယ် ဆိုတာကို အလို အလျှောက်သိပြီး ရွေးချယ်ပေးမှာပါ။


ရေးသားပြီးတဲ့ စကားလုံး တစ်ခုကို ဖျက်ချင်ရင် အောက်ခြေရှိ Space Bar ရဲ့ ညာဘက်မှ Backspace Key ကို နှိပ်နိုင် ပါတယ်။ ဒါမှ မဟုတ် Input Box မှာ ညာဘက် ကနေ ဘယ်ဘက်သို့ အလျားလိုက် ပွတ်ဆွဲပြီး လျှင်မြန်စွာ ဖျက်နိုင် ပါတယ်။ စကားလုံး တစ်ခုမှ အက္ခရာ တစ်ခုကိုသာ ဖျက်ချင် ရင်တော့ အောက်ခြေရဲ့ ဘယ်ဘက်ထောင့်စွန်းမှ Back Button ကို နှိပ်ပါ။ ဒါဆိုရင် ရေးသား ပြီးတဲ့ စကားလုံးကို ပြန်လည်ပြသ ပေးမှာ ဖြစ်ပြီး အက္ခရာ တစ်ခုကို ဖျက်ချင်ရင် Back Button ကို တစ်ချက်စီနှိပ်ပြီး ဖျက်နိုင်ပါတယ်။


ညာဘက် အောက်ထောင့်စွန်းမှ Emojis ခလုတ်ကို နှိပ်ပြီး Emojis များ ထည့်သွင်းနိုင် ပါတယ်။ စာရေးသူရဲ့ ဖုန်းမှာတော့ Emojis များထည့်သွင်း ကြည့်တာ အဆင် မပြေပါဘူး။ အွန်လိုင်းမှ Video Review တွေမှာ ကြည့်တဲ့ အခါမှာတော့ အဆင်ပြေ တာကို တွေ့ရပါတယ်။ Emojis များကို လက်နဲ့ ဆွဲပြီး ထည့်သွင်းနိုင် ပါတယ်။ ဥပမာ အားဖြင့် အောက်က ပုံမှာလို ရေးဆွဲ လိုက်ရင် Emoji သုံးခုကို အကြံပြု ပြသပေးမှာ ဖြစ်ပါတယ်။ နှစ်သက်ရာကို ရွေးချယ် ထည့်သွင်းနိုင်ပါတယ်။


အောက်ခြေမှ ကမ္ဘာလုံးပုံကို နှိပ်ရင် ကီးဘုတ်ကို ပြောင်းနိုင်ပါတယ်။ ဒါမှမဟုတ် Space Bar ကို ဖိထားနိုင်ပါတယ်။

Phone ရဲ့ Menu ခလုတ်ကို နှိပ်ပြီး Settings ထဲသွားရင် Input Language နဲ့ Theme ကို ပြောင်းလဲနိုင်ပါတယ်။ Auto selection ကတော့ စကားလုံးများကို App က အလိုအလျှောက် ရွေးချယ်ပေးတာဖြစ်ပါတယ်။ Default အားဖြင့် ၄၀၀ မီလီစက္ကန့်ကို ထားရှိပေးထားပြီး အဲဒီ Setting က အဆင်ပြေတာကိုတွေ့ရပါတယ်။


Google Handwriting Input ကို Android 4.0.3 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပြီး အောက်ပါလင့်မှာ ရယူနိုင်ပါတယ်။

ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ

myanmardigitallife

Original link - http://www.myanmardigitallife.com/?p=4559



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Sunday, September 20, 2015

iOS 9 တွင် နောက်ကွယ်မှ လုပ်ဆောာင်နေသည့် အချက် ၁၂ ချက်




Apple မှ iPhone နဲ့ iPad များ အတွက် နောက်ဆုံး ထုတ်ပေး လိုက်တဲ့ iOS Version 9 ရဲ့ စွမ်းဆောင်ရည် ကောင်းမွန်တဲ့ Feature အချို့ကို iOS 9 ကို အသုံးပြု သူများအနေနဲ့ သိပြီးသား ဖြစ်မှာပါ။ iOS9 ကို အသုံးပြု သူတို့ သိသိ သာသာ သတိထား မိတဲ့ Feature အချို့ ကတော့ အရင် ကထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန် လာတဲ့ Siri နဲ့ အရင် ကထက် ပိုပြီး တိုးတက်မှု ရှိလာတဲ့ Maps တို့ ဖြစ်ပါတယ်။

ဒါပေမဲ့ iOS 9 ရဲ့ အချို့ Feature တွေ ကိုတော့ အသုံးပြု သူတို့ သိသိသာသာ သတိထား မိဖို့ ခက်ခဲနေ ပါအုံးမယ်။ ဘာကြောင့်လဲ ဆိုတော့ အဆိုပါ feature တွေ ဟာ နောက်ကွယ် ကနေ အလုပ် လုပ်နေတာကြောင့် ဖြစ်ပါတယ်။ နောက်ကွယ် ကနေ အလုပ် လုပ်နေတဲ့ Feature တွေကတော့ Wi-Fi Assist, Smarter Calendar App, Flight Preview, Select Multiple Photo at once (finally), Organize your notifications, Organize your notes, Teach Siri Your Voice, Share and Send Voicemails, CarPlay, Audio App Suggestions, “Leave a message” for missed Face Time Calls, Navigating between apps စတဲ့ feature တွေပဲ ဖြစ်ပါတယ်။

1. Wi-Fi Assist



Wi-Fi Assist Feature ကို အသုံးပြု ထားမယ် ဆိုရင် မိမိဟာ Wifi Network တစ်ခု အသုံးပြုတဲ့ အခါ မိမိရဲ့ Wifi Network Connection ဟာ လိုင်းစွဲ အား အရမ်းနည်းနေတဲ့ အချိန်ရောက်ရင် မိမိ iPhone သို့မဟုတ် iPad ရဲ့ Cellular data ကို အလို အလျောက် အသုံးပြု ပေးသွားမှာ ဖြစ်ပါတယ်။ ဒါဟာ အင်တာနက် အသုံးပြုသူတွေ အတွက် စိတ်ပျက်စရာ Wifi လိုင်းစွဲအားနဲ့ ကြုံရတဲ့ အခါ မိမိ Celluar Data ကို သွားရောက် အသုံးပြုခြင်း အလုပ်ကနေ သက်သာအောင် ဖန်တီးပေး လိုက်ခြင်း ဖြစ်ပါတယ်။ ဒီ feature ကို အသုံးပြု လိုရင် Setting >>> Cellular data >>> Wifi Assist ဆိုပြီး အဆင့် အဆင့်ဖြင့် အသုံးပြုနို င်ပါတယ်။

2. Smarter Calendar App



ဒီ Feature ကတော့ အချိန်တွေ ၊ နေ့စွဲတွေ အတိအကျ နဲ့ အလုပ် လုပ်နေကြတဲ့ လုပ်ငန်းရှင်တွေ အတွက် အရမ်းကို အသုံး ဝင်စေတဲ့ feature တစ်ခု ဖြစ်ပါလိမ့်မယ်။ မိမိကို Email နဲ့ ဆက်သွယ် ဖိတ်ကြား ထားတဲ့ Event ပွဲတွေ ၊ လေယာဉ် ထွက်ချိန်တွေ စတဲ့ နေ့ရက်တွေကို iOS 9 မှာပါဝင်တဲ့ Calendar App ထဲမှာ အလို အလျောက် ထည့်သွင်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။

မိမိတကယ်သွားရမဲ့ Event တွေရှိလာတဲ့ အခါ တည်နေရာကို ထည့်သွင်းပေး ထားပါက တည်နေရာကို ဖော်ပြခြင်း ၊ လေယာဉ် ထွက်ချိန် တွေနဲ့ လေယာဉ် ကွင်းကို သွားမဲ့ ကြာချိန်တွေကို မိမိ တည်ရှိရာမြို့ရဲ့ လမ်းအကွာ အဝေး ၊ ယာဉ် ကြော ပိတ်ဆို့မှု အခြေအနေ တွေပေါ် မူတည်ပြီး notification နဲ့ ဖော်ပြပေးခြင်း တွေကို လုပ်ဆောင် ပေးမှာ ဖြစ်ပါတယ်။

3. Flight Previews



လေယာဉ်နဲ့ ပါတ်သက်တဲ့ သတင်း အချက်အလက် တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ မိမိခရီးသွား ခဲ့တဲ့ လေယာဉ် နံပါတ်တွေကို Email, Notes နဲ့ Safari တို့မှာ Link အနေနဲ့ ဖော်ပြ ထားတဲ့ အခါ အဆိုပါ Link ကို နှိပ်ကာ လေယာဉ်နဲ့ ခရီးသွားခဲ့တဲ့ မိမိရဲ့ ခရီးအကွာ အဝေး ထွက်သည့် နေ့ရက် ၊ ဆိုက်ရောက်သည့် အချိန်နဲ့ အခြား အချက်အလက် တွေကို ဖော်ပြ ပေးမှာ ဖြစ်ပါတယ်။

4. Select Multiple Photos at once (finally)


အရင် iOS version တွေတုန်းက ဓါတ်ပုံတွေကို Select လုပ်တဲ့ အခါ တစ်ပုံ ချင်းစီ Select လုပ်ရပြီး အခု iOS9 မှာတော့ ဓါတ်ပုံတွေကို Select လုပ်ချင်တယ် ဆိုရင် Select Button ကို နှိပ်ကာ နောက်ထပ် မိမိ Select လုပ်ချင်တဲ့ ပုံတွေပေါ် ဖိပြီး ပွတ်ဆွဲ လိုက်ရုံနဲ့ အားလုံး Select မှတ်ပြီးသား ဖြစ်သွားမှာပါ။

5. Organize your notifications



မိမိဖုန်းတွင် ဖော်ပြနေတဲ့ notifications တွေကို Control လုပ်ရတာ Feature ပိုပြီး စုံလာ ပါတယ်။ နေ့ရက် အလိုက် Notification တွေကို ပြသခြင်း ၊ မိမိအသုံးပြုလိုတဲ့ Notification တွေကို နှိပ်လိုက်ရုံနဲ့ Feature ထဲ ရောက်ရှိ သွားခြင်း ၊ Notification တစ်ခုချင်း စီကို ဖျက်နိုင်ခြင်း ၊ Social Media Application များတွင် ပြသော Notification ဆိုလျှင်လည်း notification တွင်ဖော်ပြထားတဲ့ Function ကို အသုံးပြုကာ Social Media Application ရှိ Function ထဲသို့ တိုက်ရိုက် ဝင်ရောက် အသုံပြုပေးခြင်း ၊ ဘယ်အချိန် တွေမှာ မိမိဆီကို notification တွေ ရောက်လာတယ် ဆိုတာကို အချိန်နဲ့ အတိအကျ ဖော်ပြပေးခြင်း စတဲ့ Notification နဲ့ ပတ်သက်တဲ့ Feature အသစ်တွေ အတော်ကို စုံလင် လာခဲ့ ပါတယ်။

မိမိဖုန်းတွင် ဖော်ပြနေတဲ့ notifications တွေကို Control လုပ်ရတာ Feature ပိုပြီး စုံလာပါတယ်။ နေ့ရက် အလိုက် Notification တွေကို ပြသခြင်း ၊ မိမိ အသုံးပြုလိုတဲ့ Notification တွေကို နှိပ်လိုက်ရုံနဲ့ Feature ထဲရောက်ရှိ သွားခြင်း ၊ Notification တစ်ခုချင်းစီကို ဖျက်နိုင်ခြင်း ၊ Social Media Application များတွင် ပြသော Notification ဆိုလျှင်လည်း notification တွင်ဖော်ပြထားတဲ့ Function ကို အသုံးပြုကာ Social Media Application ရှိ Function ထဲသို့ တိုက်ရိုက် ဝင်ရောက် အသုံပြုပေးခြင်း ၊ ဘယ်အချိန်တွေမှာ မိမိဆီကို notification တွေ ရောက်လာတယ် ဆိုတာကို အချိန်နဲ့ အတိအကျ ဖော်ပြပေးခြင်း စတဲ့ Notification နဲ့ ပတ်သက်တဲ့ Feature အသစ်တွေ အတော်ကို စုံလင် လာခဲ့ ပါတယ်။

6. Organize your notes



အရင် Version တွေတုန်းက Note ကို အသုံးပြုတဲ့အခါ မိမိ မှတ်ထား သမျှ Note များကို တန်းစီကာ ဖော်ပြ ပေးပါတယ်။ အခု iOS 9 မှာတော့ မိမိ မှတ်ထားသမျှ Note တွေကို folder တစ်ခုခြင်းစီ ခွဲပြီးဖော်ပြပေးခြင်း ၊ Note မှာ Sketchs Feature များပါဝင်လာခြင်း ၊ Sketchs Feature ကို အသုံးပြုတဲ့ အခါ Sketchs Pen ရဲ့ အရောင်များကို ရွေးချယ် အသုံးနိုင်ခြင်း ၊ Note မှာ ဓါတ်ပုံများ ဗီဒီယိုဖိုင်များကို ထည့်သွင်း မှတ်သားနိုင်ခြင်း ၊ စာလုံး ဒီဇိုင်းမျာ ရွေးချယ်နိုင်ခြင်း စတဲ့ Microsoft Word မှာလုပ်နိုင်တဲ့ အရာတွေကို iOS9 ရဲ့ Note မှာတင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

7. Teach Siri your voice


သင့်ရဲ့ အသံကို Siri မှတ်မိနိုင်စေဖို့ သင်ကြားပေးနိုင် ပါတယ်။ သင့်အသံနဲ့ Siri ကို အသုံးပြုကာ Hey , Siri လို့ခေါ်လိုက်တာနဲ့ မိမိရဲ့ နာမည်ကို Siri မှ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ သင့်အသံကို မှတ်မိနေစေဖို့ အတွက် သင့်ရဲ့ Siri ကို စာသား အနည်းငယ် သင်ပေးရမှ ဖြစ်ပါတယ်။ ဒီအတွက်တော့ Setting >>> General >>> Siri >> Allow “Hey Siri” ဆိုပြီး အသုံးပြုနိုင် ပါတယ်။

8. Share and Send Voicemails



Voicemail ဝန်ဆောင်မှု ရရှိတဲ့ နေရာများ တွင်တော့ မိမိ လက်ခံ ရရှိထားတဲ့ Voicemail တွေကို iOS Share Sheet အား အသုံးပြုကာ အခြားလူ တစ်စုံ တစ်ယောက် ဆီသို့ ပြန်လည် မျှဝေနိုင် ပါတယ်။

9. Car Play


Car Play ကတော့ အဓိက Siri ကို တွင်ကျယ်စွာ အသုံးပြုခြင်းမျိုးပါပဲ။ မိမိဟာ ကားမောင်းနေရင်းနဲ့ ဖုန်းပြောခြင်း၊ Message ပို့ခြင်း ၊ သီချင်းများဖွင့်နိုင်ခြင်း ၊ Apple Map ကို အသုံးပြုကာ လမ်းညွှန်ပေးခြင်း စတဲ့လုပ်ဆောင်ချက်များကို Siri ဖြင့် ခိုင်းစေလုပ်ကိုင် ခြင်းဖြစ်ပါတယ်။ Car Play ကို အသုံးပြုချင်တယ်ဆိုရင်တော့ မိမိရဲ့ ကားထဲမှာ CarPlay App ထည့်သွင်းထားတဲ့ Hardware အစိတ်အပိုင်းအချို့တော့လိုအပ်ပါလိမ့်မယ်။

10 . Audio App Suggestions


iPhone နဲ့ သီချင်းနားထောင်တဲ့ အခါ များသောအားဖြင့် နားကြပ် (Earpod) နဲ့နားထောင်တာ များကြပါတယ်။ နားကြပ်နဲ့ သီချင်းနားထောင် သူတို့အတွက် သီချင်းနားထောင်ဖို့ ဖုန်းကို နားကြပ် တပ်ထားပြီး lock ချခဲ့မယ် ဆိုရင် Lock Screen ရဲ့ အောက်ခြေ ဘယ်ဘက်ထောင့်လေးမှာ သီချင်းသင်္ကေတ လေးနဲ့ သီချင်း Application လေးကို အလွယ်တကူ ဖွင့်လို့ရအောင် ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီ feature ဟာ iOS 9 မှာသာ ပါဝင်လာတဲ့ feature အသစ်လည်း ဖြစ်ပါတယ်။

11. “Leave a message ” for missed Face Time calls


Face Time Call ကတော့ ရိုးရိုးသာမန် ဖုန်းခေါ်ဆိုမှုနဲ့ အားလုံး နီးပါး တူညီမှု ရှိပါတယ်။ အကယ်၍ အခြား တစ်စုံတစ်ယောက်မှ Face Time ဖြင့် မိမိဆီသို့ ဖုန်းခေါ် လာခဲ့တဲ့ အခါ မိမိဘက်မှ ပြန်မပြောမိတဲ့ အချိန်နဲ့ ကြုံကောင်းကြုံလာနိုင် ပါတယ်။ ဒီလို အချိန်တွေမှာ Message နဲ့ Reply ပြန်လုပ်နိုင်အောင် Face Time Call Feature မှာ Leave a message option ပါဝင်လာ ခဲ့ပါတယ်။

12. Navigating between apps


ဒီ Feature ကတော့ အားလုံး သိသာ ထင်ရှားအောင် မြင်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ လည်း အသုံးမပြုမိ လောက်အောင်ကို မေ့ကောင်း မေ့သွားနိုင် ပါတယ်။ ဒီ Feature ကတော့ မိမိဖုန်း အတွင်းမှာ Install လုပ်ထားတဲ့ Application များကို အလွယ်တကူ ရှာဖွေနိုင်အောင်နဲ့ မိမိနောက်ဆုံး အသုံးပြုထားတဲ့ Application တွေကို ပြသတဲ့ Navigating ဖြစ် ပါတယ်။

Ref : Mashable

Aung Ko Htet (MMA)

Original link - http://www.myanmarmobileapp.com

Read More »

Tuesday, September 15, 2015

ဖုန်းလိုင်း ဘယ်လောက် မိတယ် ဆိုတာကို တိတိကျကျ စစ်ဆေးတဲ့ နည်းလမ်း




ဖုန်းလိုင်း ဘယ်လောက် မိတယ် ဆိုတာကို တိတိ ကျကျ သိဖို့ အတွက် ဖုန်းအပေါ်မှာ ပြထားတဲ့ အတုံးတုံး များက မှန်မှန် ကန်ကန် မဖော်ပြ နိုင်ပါဘူး။ လုံးဝ မမှန်တာ မဟုတ်ပေမယ့် သူ့ရဲ့ ဖော်ပြမှုက တစ်ခါ တစ်လေမှာ မှားနေ တတ်ပါတယ်။ တစ်တုံးလောက် ပေါ်နေရင်လည်း ဖုန်းကောင်းကောင်း ပြောလို့ ရနေတာမျိုး တွေလည်း ရှိတာကြောင့် သူ့ရဲ့ အမှန်တကယ် အစစ်မှာ ၃ တုံးလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။

ယင်းကဲ့သို့ မှားယွင်းမှုများ မရှိအောင် စစ်ဆေးတဲ့ နည်းကတော့ Field Test သို့ ဝင်ခြင်း ဖြစ်ပါတယ်။

Android မှာဆိုရင်တော့ Setting>About Phone ကနေ ဝင်ပြီးတော့ Network, Status တို့မှာ dBm number ကို ပြနေ ပါလိမ့်မယ်။

အိုင်ဖုန်း သမားများအတွက်ကတော့ ပုံမှာ ပြထားတဲ့ ကုဒ်ကို နှိပ်ပီးတော့ Dail လုပ်လိုက်ရုံ ပါပဲ။ *3001#12345#* ကို ရိုက်ပြီးတော့ Call ကို Press လုပ်လိုက်ရင် ပုံမှာ ပြထားတဲ့ နေရာကို ပြပါလိမ့်မယ်။

လိုင်းဆွဲအား ဘယ်လောက်ရှိတယ် ဆိုတာကို တုံးတွေပြနေ ရှိတဲ့ နေရာမှာ သင်္ချာဂဏန်းနဲ့ ပြပါလိမ့်မယ်။ သူက dBm number ဖြစ်ပါတယ်။ – အနောက်က ဂဏန်း သေးလေလေ လိုင်းဆွဲအား ကောင်းလေလေ ဖြစ်ပါတယ်။ ဥပမာ -60 ရဲ့ လိုင်းဆွဲအားက -70 ထက် ပိုကောင်း ပါတယ်။ ပိုပြီးတော့ တိကျတဲ့ အဖြေကို လိုချင်ရင် Wi-Fi နဲ့ အင်တာနက် data ကို ပိတ်ပြီးတော့ စစ်နိုင်ပါတယ်။ သူက လိုင်းဆွဲအားတင် ပြတာ မဟုတ်ပဲ Telecommunication သမားတွေ အတွက် အရေးပါတဲ့ အချက်အလက်များကို ဖော်ပြပေးထား ပါတယ။်

ဒါကြောင့်မို့ ပုံမှာ တွေ့တဲ့ ရလဒ်ကို ကြည့်ခြင်းဖြင့် မိမိအိမ်မှာနေရင်ပဲ ဖြစ်ဖြစ် ရုံးထဲမှာ ဖြစ်ဖြစ် ဖုန်းလိုင်းဆွှဲအား အခြေအနေကို ခွဲခြား စစ်ဆေး နိုင်ပါတယ်။

အောင်ခမ်း (MMA)

Original link - http://www.myanmarmobileapp.com/2015/09/14/networkstrength/

Read More »

Saturday, February 07, 2015

ရန်ကုန်မြို့တွင်း အငှားယာဉ်များ ငှားရမ်းရ ခက်ခဲသည့် ပြဿနာကို ဖြေရှင်းပေးမည့် Hoho Mobile App အသုံးပြု နိုင်တော့မည်




ရန်ကုန်မြို့တွင်း အများပြည်သူ သယ်ယူ ပို့ဆောင်ရေး စနစ်တွင် နေ့စဉ် ဖြစ်ပေါ်လျက် ရှိသည့်
အငှား ယာဉ်များ ငှားရမ်းရ ခက်ခဲသည့် ပြဿနာကို ဖြေရှင်းနိုင်ရန် အတွက် ပြည်တွင်းအခြေ
စိုက် Myantel Co.,Ltd က Hoho အမည်ရှိ Mobile App တစ်ခုကို ယခုလ ၆ ရက်တွင် စတင်
ဖြန့်ချိတော့မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ကိုဓနက ပြောသည်။


အဆိုပါ Hoho App သည် ခရီးသည် များမှ မိမိ သွားလို သည့် ခရီးစဉ်ကို နီးစပ်ရာ အငှားယာဉ်
မောင်းများထံ Mobile App မှ တစ်ဆင့် ဆက်သွယ်ခြင်းဖြင့် ခေါ်ယူ ငှားရမ်းနိုင်မည့် ဝန်ဆောင်
မှု တစ်ခုဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုကို အငှားယာဉ်မောင်းနှင့် ခရီးသည်ဘက်မှ နှစ်ဦးစလုံး
အသုံးပြုမှသာလျှင် အသုံးပြုနိုင်မည်ဖြစ်ပြီး အင်တာနက်စနစ် ချိတ်ဆက်ထားကာ GPS ထည့်
သွင်း ထားသည့် စမတ်ဖုန်း အသုံးပြုသူတိုင်း ထည့်သွင်း ထားနိုင်မည် ဖြစ်သည်။


ရန်ကုန်မြို့တွင်း၌ အငှားယာဉ်ကိုအသုံးပြုရန် လိုအပ်လာပါက အဆိုပါ Mobile App ကို ထည့်
သွင်းထားရုံဖြင့် မိမိနှင့် နီးစပ်သည့် အငှားယာဉ်မောင်းကို ဆက်သွယ်ခေါ်ယူနိုင်မည်ဖြစ်ပြီး ဝန်
ဆောင်ခနှုန်းထားများကို ညှိနှိုင်းနိုင်သည့် Call Button ပါရှိကြောင်း သိရသည်။

အဆိုပါ ဝန်ဆောင်မှုသည် ခရီးသည်များအတွက် အခမဲ့စနစ်ဖြစ်ပြီး ဝန်ဆောင်မှုကို အသုံးပြုသော
အငှားယာဉ်မောင်းများအတွက် ခရီးစဉ်တစ်ခုပြီးဆုံးတိုင်း မြန်မာငွေ ၁၀၀ ကျပ်ကို ကောက်ခံ မည်
ဖြစ်ကြောင်း သိရသည်။


အဆိုပါ App ကို အသုံးပြုသည့် ခရီးသည်များ အနေဖြင့် ယာဉ်ပေါ်တွင် မိမိနှင့် အတူပါလာသည့်
ပစ္စည်း တစ်စုံတစ်ရာ မေ့ကျန်ခဲ့ခြင်းမျိုး ဖြစ်ပေါ် လာပါကလည်း ပျောက်ဆုံးမှု မဖြစ်စေဘဲ ပြန်
လည် ရရှိစေရန် ကုမ္ပဏီဘက်မှ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း
သိရသည်။

ယခုလတ်တလောတွင် အဆိုပါ Hoho App ကို Android OS ထုတ်ကုန်များတွင် အသုံးပြုနိုင်ရန်
အတွက် Google Play Store တွင် download ရယူသုံးစွဲနိုင်မည်ဖြစ်ပြီး အသေးစိတ်အချက် အလက်
များကို http://www.hohotransport.com/ တွင် ဝင်ရောက် လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Internetjournal
http://internetjournal.com.mm/

Read More »

Saturday, December 13, 2014

Viber ကို ကြိုက်ရာ ဖုန်းနံပါတ်နှင့် အသုံးပြုနည်း



Viber ကို တခြားနိုင်ငံ ဖုန်းနံပါတ်နှင့် ဝင်ရောက် အသုံးပြုနည်း....
.
ဖုန်းခေါ် / ပြောတဲ့ အခါ မိမိက တခြားနိုင်ငံ ရောက်နေ သလို အသုံးပြုနိုင်ပြီး... တစ်ချို့အတွက်လဲ မိမိ ဖုန်းနံပါတ်
နဲ့ မသုံးချင်တဲ့ သူများ အတွက် အရမ်းကို အဆင်ပြေစေမှာဖြစ်ပါတယ်။

မိမိ ကိုယ်ပိုင်ရန် အတွက် မိမိကြိုက်ရာ နိုင်ငံရဲ့ ကိုယ်ပိုင် ဖုန်းနံပါတ် တစ်ခု ရဖို့ရန် TextFree With Voice ဆော့ဝဲ
ထဲမှာ အကောင့် တစ်ခု သွားဖွင့် လိုက်ရုံပါပဲ ။ မိမိ အတွက် ကြိုက်ရာ နံပါတ် တစ်ခုကို ရွေးချယ်ခွင့် ချပေးမှာ ဖြစ်
ပါတယ် ။ ရွေးချယ်ပြီး ပြီဆိုရင်တော့ တခြားသူက ထိုနံပါတ်ကို ရိုးရိုး Call နဲ့ ခေါ်ရင်တောင် မိမိဆီ ဖုန်းဝင်လာမှာ
ဖြစ်ပါတယ် ။

ဖုန်း တစ်လုံး ထဲမှာ ကိုယ်ပိုင် ဖုန်းနံပါတ်နှစ်ခုနဲ့ အသုံးပြုနိုင် သလို 1500 တန်ကဒ်ကို 2 သိန်းပေးပြီးလဲ ဝယ်စရာ
မလိုတော့ဘူးပေါ့ :P

ကျနော် US နံပါတ် တစ်ခု ရယူပြီး ဖွင့်ပြထား ပါတယ် US အတွက် ဖြည့်ရမည့် Zip Code ကတော့ 20505 ပါပဲ။
လုပ်နည်း ကလဲ အရမ်းကို လွယ်ကူပါတယ် အောက်မှာ ပုံနှင့် တကွလည်း ပြသ ထားပါတယ် ။

မှတ်ချက် ။ ။ မြန်မာပြည်က ကိုကို မမများနှင့် ဖုန်းနံပါတ် ရွေးချယ်ခွင့် ပေးသော အခါ ထိပ်မှာ +95 ဆိုပြီးဖြစ်နေ
ပါက ဖုန်း Settings >>> Applications Manager >>> Textfree With Voice >>> Clear data ဆိုတာ နှိပ်ပြီး
ဆေးလိုက်ပါ။ ဆေးပြီးတဲ့အခါ ဆော့ဝဲကိုပြန်ဝင်ပြီး မိမိလုပ်ထားတဲ့ နာမည်နှင့် ပတ်စဝတ်ကို ဖြည့်ကာ ဝင်လိုက်
ပါ US နံပါတ် +1 နဲ့ ပေါ်နေတာကို တွေ့ရပါမယ် :)

>> အသုံးပြုတဲ့ အခါ မိမိ Viber မှာ မပေါ်တဲ့ သူငယ်ချင်းများ ရှိပါက ထိုသူထို့ရဲ့ ဖုန်းနံပါတ်ရှေ့မှာ + ကုဒ် ထည့်
ပေးလိုက်ပါ Viber မှာ ပေါ်လာပါမယ် :)

သဘောက 095555555 ဆိုတဲ့ နံပါတ်ကို မှတ်မယ်ထား ။ +9595555555 ဆိုပြီး ရေးသားရပါမယ် ။ ရှေ့က 0
ကိုဖြုတ်ပြီး +95 ကို ထည့်လိုက်ခြင်းပါ။





အသုံးပြုပုံ ပြုနည်းကို Video နဲ့ ရှင်းပြထား ပါတယ် ။


ဖုန်းနံပါတ် ကိုယ်ပိုင် တစ်ခု ပေးတဲ့ ဆော့ဝဲတွေ မားကပ်မှာ အများကြီး ရှိပါတယ်။

Apple အတွက်လည်း ဆော့ဝဲတွေ အများကြီးပါပဲ။ လောလောဆယ်တော့ ကျနော် အကြိုက်ဆုံးဖြစ်တဲ့ Android
အတွက် တစ်ခု တင်ပေး ထားပါတယ်။ ထိုဆော့ဝဲ အပြင် မားကပ်မှာ TxetPlus ဆိုတဲ့ ဆော့ဝဲနှင့် အသုံးပြု နိုင်ပါ
တယ် :) TextFree With Voice ဆော့ဝဲကို အောက်မှာ ကြိုက်ရာ လင့်ကနေ ဒေါင်းယူနိုင်ပါတယ် :)


အဆင်မပြေမှုများ ရှိပါက မေးမြန်းလိုပါက ( သို့ ) ဒေါင်းလော့လင့်များ ဒေါင်းမရတော့ပဲ သေသွားခဲ့ပါက။ MyanmarMobileForum(MMF) ဂရုမှာ လာရောက်မေးမြန်း တောင်းဆိုနိုင်ပါတယ်။ မန်ဘာဝင်ထားကြဖို့လဲ
ဖိတ်ခေါ်ပါတယ် :)


https://www.facebook.com/groups/mmmobileforum/

အားလုံးပဲ အဆင်ပြေကြပါစေ... :)

Post By : DjjoeMan(MMF)

From : Free Mobile Sharing
http://freemobilesharing.blogspot.com.au/2014/05/viber.html#.VIufhsmZFph


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Sunday, October 26, 2014

telenor လက်​ကျန်​​ငွေ လွှဲ​ပြောင်းခြင်းနှင့် အင်တာနက် SETTÌNG ချိန်​ရန်



တယ်လီနော ဖုန်းတစ်လုံးမှ အခြားတယ်လီနောဖုန်း တစ်လုံးသို့ လက်ကျန်ငွေ လွှဲပြောင်းပေးနိုင်သည်။

လက်​ကျန်​​ငွေ လွှဲ​ပြောင်းရန်​မှာ

☺ - သင့်တယ်လီနောဖုန်း ထဲမှ လက်ကျန်ငွေအား အခြားတယ်လီနောဖုန်း အသုံးပြုသူထံ လွှဲပြောင်းပေးနိုင်မှာ ဖြစ်
ပါတယ်။

☺ - ကျပ် ၅၀၀ မှ ၁၀၀၀၀ ကြားထိ လွှဲပြောင်းပေးနိုင်မှာ ဖြစ်ပါတယ်။

☺ - လက်ခံရရှိသူအတွက် ရရှိသော ပဏာမကို အသုံးပြုရမည့် အချိန် သတ်မှတ်ချက် မရှိပါ။

☺ - လွှဲပြောင်းပေးသူထံမှ လွှဲပြောင်းပေးသည့် ပဏာမ၏ ၅ ရာခိုင်နှုန်းကို ကောက်ခံသွားမှာဖြစ်ပါတယ်။

☺ - အသုံးပြုရန် *979# သို့ ခေါ်ဆိုပြီး ညွှန်ကြားချက်များ အတိုင်း ခေါ်ဆိုပါ။

ဒါကတော့ TELENOR INTERNET SETTÌNG ချိန်​ရန်​ အတွက်​ပါ။

အောကမှာ ပုံ​လေး​တွေနဲ့ ​ဖော်​ပြ​ပေး လိုက်​ပါတယ်​။




From : Pyae Phyo (MMiTD) by လွမ်းသူ


Read More »

Tuesday, October 21, 2014

Telenor SIM Card အချင်းချင်း ဖုန်း Bill လွှဲခြင်း



Telenor အချင်းချင်း ပိုက်ဆံ (ငွေ) လွှဲခြင်း

နည်းကတော့ (၂)နည်းရှိတယ် ….
E-Load နဲ့ Balance Transfer
E-Loadကတော့ဆိုင်သမားတွေပဲအကျုံးဝင်ပါတယ်….
အခုကျွန်တော် Telenor’s User အချင်းချင်း လွှဲတဲ့ Balance Transfer နည်းကို ပြောပြမယ်…..

၁။ Key Pad ကနေ *979# ကိုနှိပ်ပါ ….

၂။ ပေါ်လာတဲ့ Box မှာ 2.My Offers ဆိုတဲ့ “2” လို့ရိုက်ပါ …… OK နှိပ်ပါ ….

၃။ ပေါ်လာတဲ့ Box မှာ 4.Balance Transfer ဆိုတဲ့ “ 4” လို့ရိုက်ပါ ….. OK နှိပ်ပါ ….

၎။ ပေါ်လာတဲ့ Box ထဲမှာ ဖုန်းနံပါတ် (0979xxxxxxx) ထည့်ပါ …. OK နှိပ်ပါ ….

၅။ ပေါ်လာတဲ့ Box မှာ လွှဲမယ့် ငွေပမာဏ ထည့်ပါ ….. OK နှိပ်ပါ …..

၆။ နောက်ထပ် Box မှာ 1.Comfirm ဆိုတဲ့ “ 1” ကိုရိုက်ပါ …. OK…..

ငွေလွှဲပြီးပါပြီ ….

ငွေလွှဲခ က ၁၀၀၀ ကျပ်ကို ၅၀ ကျပ် ကျပါမယ် …

Telenor သုံးရင်း အဆင်ပြေ ကြပါစေ ….
Credit : (ဖြိုးဝေအောင်)

Ref & Credit to: Mobile Mother Facebook

Read More »

Saturday, October 04, 2014

Kingo Android One-Click ROOT



Android device များအတွက် အလွယ်ကူဆုံး Root လုပ်နှိင်မည့် One click ROOT software ဖြစ်ပါသည်။ One
click ဆိုသည်မှာ click တစ်ချက်နှိပ်ရုံမျှဖြင့် ROOT လုပ်ပေးသော application ဖြစ်ပါသည်။ Kingo ROOT နှင့်
Root လုပ်လျှင် warranty void ဖြစ်နိုင်ခြေနည်းပါသည်။ ဆိုလိုသည်မှာ Warranty ပျက်ပြယ်သွားနိုင်ခြေ နည်း
ပါသည်။

Warranty ပျက်ပြယ်မည်ဆိုလျှင် Root နေစဉ်တွင် warranty ပျက်မည်ဆိုသည့် message ပေါ်လာပါမည်။ ဖုန်း
warranty ပျက်ပြယ်သွားမည်ကိုမလိုလားလျှင် root ဆက်မလုပ်ဘဲ cancel လုပ်နိုင်ပါသည်။ Root လုပ်နှိင်သည့်
device များစာရင်းကို
http://www.kingoapp.com/android-root/devices.htm
တွင် လေ့လာနှိင်ပါသည်။

ပထမဆုံး Kingo Android ROOT ကို Download ဆွဲပါ။

▼ kingoapp ▼
(OR)
▼ usersfiles ▼

ပြီးလျှင် Computer တွင် install လုပ်ပါ။ run ပါ။


Run ပြီးပါက Root လုပ်လိုသော device နှင့် Computer ကို USB cable မှတဆင့် connect လုပ်ပါ။
Computer နှင့် မချိတ်ဆက်မှီ ဖုန်း၏ USB debugging ကို enable လုပ်ထားရန် လိုအပ်ပါသည်။
ဖုန်း၏ USB debugging ကို enable လုပ်ထားရန် အောက်မှပုံကို ကြည့်ပါ။

Setting >> Developer Option >> USB Debugging


အကယ်၍ Developer Option ရှာမတွေ့ ပါက အပေါ်ပုံတွင် မြှားပြထားသည့် About device ကိုနှိပ်ပါ၊ ပြီးလျှင်
About device ထဲမှ Build number ကို ၅ချက် ၆ချက်ခန့် ဆက်တိုက် Touch လုပ်ပါ။ About device ပေါ်တွင်
Developer Option ပေါ်လာပါမည်။ USB Debugging တွင် အမှန်ခြစ်လေးပေါ်လာအောင် တစ်ချက်နှိပ်ပါ။ ပြီး
လျှင် Ok နှိပ်ပါ၊ (အောက်ပုံ)


Computer နှင့်ချိတ်ဆက်လိုက်ပါ။
Computer တွင် Run ထားသော Kingo Android ROOT မှ driver install လုပ်ပါလိမ့်မည်။
Computer သည် အင်တာနက် Connection ရှိရပါမည်။


ပြီးလျှင် အောက်တွင် ပြထားသည့် အတိုင်း Device name နှင့် Root ဆိုသော Button လေးပေါ်လာ ပါက Root
ကိုနှိပ်ပါ။ သူ့ အလိုအလျှောက် download ဆွဲကာ Root လုပ်သွားပါမည်။




ပြီးလျှင် အောက် ပုံတွင် ဖေါ်ပြ ထားသည့် အတိုင်း Root succeeded ဆိုတာကို မြင်ရမှာ ဖြစ်ပါတယ်။ ဖုန်း
Restart ကျသွားပါမည်။ Root ဖြစ်သွားပါပြီ။


Android 4.3 version များ Root လုပ်နေစဉ်တွင် ဖုန်း အကြိမ်ကြိမ် restart ကျနိုင်ပါသည်။ သတိပြု ရန်မှာ
ဖုန်း Screenအား အမြဲတမ်း on ထားရန်လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နောက်ဆုံး ကြိမ် restart
ကျအပြီးတွင် Superuser request : ADB shell (2000) ဟု superuser request တောင်းပါလိမ့်မည်။

(အောက်ပုံ) Grant ကိုနှိပ်ပါ။ ၈ စက္ကန့်ခန့်သာ နှိပ်ရန် အချိန်ရပါသည်။ ပြီးလျှင် restart တစ်ကြိမ်ကျပါလိမ့်
မည် အောင်မြင်စွာ Root လုပ်ပြီးပါပြီ။




Knox security ပါသော firmware များတွင် Root လုပ်ပြီးသော်လဲ Root access မရဘဲ ဖြစ်တတ်ပါသည်။
Superuser update လုပ်ပေးလျှင် အဆင်ပြေသွားပါမည်။ အောက်တွင်ပေးထားသော link မှ Superuser
update download ရယူပါ။ ပြီးလျှင် ဖုန်းတွင် install လုပ်ပါ။ Superuser update လုပ်နေစဉ် ဖုန်း တွင်
internet connection ရှိရပါမည်။

▼ usersfiles ▼

UNROOT ပြုလုပ်နည်း

အကယ်၍ unroot ပြုလုပ်လိုပါက Kingo Android ROOT ကို computer တွင် Run ပါ။
ပြီးလျှင်အောက်ပုံတွင် ပြထားသည့်အတိုင်း Remove Root ကိုနှိပ်ပါ၊




မှတ်ချက်။ ။ Kingo Android ROOT ကို အသုံးပြုမည် ဆိုပါက Computer တွင် အင်တာနက် ကွန်နက်ရှင် ရှိ
ရန်လိုအပ်ပါသည်။

Warning။ ။ မိမိ device နှင့် ကိုက်ညီမှု ရှိမရှိကို အပေါ်တွင်ပေးထားသည့် Link မှ သွားရောက်စစ်ဆေးနိုင်ပါ
သည်။ Root လုပ်သောကြောင့်ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ဤဆိုဒ်မှ တာဝန်ယူဖြေရှင်း ပေးမည် မ
ဟုတ်ပါ။ အသုံးပြု သူ၏ တာဝန်သာ ဖြစ်ပါသည်။ သို့ပါ၍ Root မလုပ်ခင်တွင် အရေးကြီးသော Data များကို
back up လုပ်ထားရန် နှင့် မိမိ device ၏ Bulid number ကို မှတ်သားထားရန် အကြံပြုပါ သည်။

Source : http://www.kingoapp.com/

From: http://www.shwemyanmarlay.com/2012/11/blog-post_6504.html


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »