နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label မိုဘိုင်းဖုန်းသတင်း. Show all posts
Showing posts with label မိုဘိုင်းဖုန်းသတင်း. Show all posts

Monday, January 23, 2017

Galaxy Note 7 မီးလောင်ခြင်းမှာ ဘတ်ထရီ ပြစ်ချက်ကြောင့် ဟု ဆမ်းဆောင်း ပြော




ဆိုးလ်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

လွန်ခဲ့သော သုံးလကျော် အကြာက မီးလောင် ကျွမ်းလေ့ ရှိသဖြင့် ရောင်းချမှု ရပ်ဆိုင်း ထားရသော ဆမ်ဆောင်း Galaxy Note 7 ဖုန်းသည် ဘတ်ထရီ ပြစ်ချက် ရှိခြင်းကြောင့် မီးလောင် ကျွမ်းရခြင်း ဖြစ်ကြောင်း ဆမ်ဆောင်း အီလက် ထရောနစ်က ဇန်နဝါရီလ ၂၃ ရက်က ပြောကြား လိုက်သည်။

ဆိုးလ်မြို့ရှိ ဆမ်ဆောင်း ရုံးချုပ်၌ ပြုလုပ်သော သီးသန့် သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပါးလွှာသည့် ဘတ်ထရီ ဒီဇိုင်းဖြင့် ရောစပ် ထုတ်လုပ်ထားခြင်း၊ အခြား ထုတ်လုပ်ရေး ဆိုင်ရာ အကြောင်း အချက် များကြောင့် Note 7 ဖုန်းများ ပေါက်ကွဲခြင်း သို့မဟုတ် မီးလောင် ကျွမ်းရခြင်း ဖြစ်ကြောင်း ဆမ်ဆောင်းက ပြောကြားခဲ့သည်။

အဆိုပါ တွေ့ရှိချက်ကို အမေရိကန် အခြေစိုက် UL နှင့် Eponent လုပ်ငန်းများက စစ်ဆေး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ဂျာမန် ကုမ္ပဏီ TUV Rheinland ကလည်း ပါဝင် ဆန်းစစ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Note 7 ဖုန်းများ၏ ပထမအုပ်စုအတွင်း ထည့်သွင်းထားသည့် ဘတ်ထရီများတွင် Positive (+) နှင့် Negative (-) တို့အား ပိုင်းခြားထားသည့် အလွှာက ပါးလွှာနေပြီး အတွင်းပိုင်း ဆားကစ် ပတ်လမ်းတို ဖြစ်ပေါ်နိုင်ခြေ မြင့်တက်နိုင်ခြင်း စသော အကြောင်းရင်းကြောင့် ယခုလို မီးလောင်ကျွမ်းမှုများလာခြင်း ဖြစ်ကြောင်း UL စစ်ဆေးမှုအရ သိရသည်။

ထိုသို့ ပါးလွှာသော ဘတ်ထရီကလည်း ဆမ်ဆောင်းဖုန်း အပူလွန်ကဲကာ မီးလောင်ကျွမ်းရသည့် အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်း ပြောကြားထားသည်။

အထူးသဖြင့် ဘတ်ထရီ၏ ညာဘက် အပေါ်ပိုင်းထောင့်များတွင် အတွင်းပိုင်း ဆားကစ် ပတ်လမ်းတို ကာကွယ်ထားသည့် စွမ်းရည် အားနည်းနေခြင်း စသော ပုံသဏ္ဍာန်မမှန်မှုများအား ရှာတွေ့ခဲ့ကြောင်း သိရသည်။

Note 7 ဖုန်းများ၏ ဒုတိယ အသုတ်အတွင်း ထည့်သွင်းထားသော ဘတ်ထရီများတွင်မူ လျှပ်ကာ တိပ် မပါရှိခြင်း၊ လျှပ်ကာများ မူမမှန်ခြင်း၊ ပါးလွှာသော အလွှာရှိခြင်း စသည့် ထုတ်လုပ်ခြင်းဆိုင်ရာ ပြဿနာများစွာ ရှိခဲ့ကြောင်း သိရသည်။

From : Xinhua-Myanmar

Originally published at - http://xinhuamyanmar.com/world/asia/8756-galaxy-note-9.html

Read More »

Monday, September 19, 2016

Samsung Galaxy Note 7 ဖုန်းကြောင့် ပေါက်ကွဲမီးလောင်မှု ဖြစ်ပွား




ဝါရှင်တန်၊ စက်တင်ဘာ ၁၈

Samsung ကုမ္ပဏီ ထုတ် Galaxy Note 7 ဖုန်းများကို ဘက်ထရီ ပေါက်ကွဲ မှုကြောင့် မူရင်း ကုမ္ပဏီက ပြန်လည် သိမ်းဆည်း နေသည့်ကြားမှ အမေရိကန်
ပြည်ထောင်စု၊ တောင်ပိုင်း ဖလော်ရီဒါ ကမ်းခြေတွင် ရပ်နားထားသည့် ကားတစ်စီးသည် ဖုန်းကြောင့် ပေါက်ကွဲ မီးလောင်မှုကို ဖြစ်ပွားသည်ဟု ယူဆ ရကြောင်း ပို့စိန့်လူစီ ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို The Washington Post သတင်းတွင် ဖော်ပြ ထားသည်။

ကားကိုမီးလောင်နေမှ တွေ့ရှိရပြီး ယာဉ်မောင်းသူမှာ မီးလောင်ခြင်း မရှိဘဲ ကားထဲတွင် Note 7 ဖုန်းကို အားသွင်းထားစဉ် ပေါက်ကွဲပြီး မီးလောင်ရခြင်း
ဖြစ်ကြောင်း ပြောကြားသည်ဟု ယင်းသတင်းက ဆိုသည်။

မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက ဖုန်းပေါက်ကွဲခြင်းကြောင့် မီးလောင်ရသည် ဆိုခြင်းကို အတည်ပြုချက် မပေးနိုင်သေးကြောင်း၊ မိမိတို့ စစ်ဆေးလျက်ရှိကြောင်း ပြောကြားသည်။

စက်တင်ဘာလ ၉ ရက်နေ့ကလည်း ဖလော်ရီဒါမှ လူတစ်ဦးသည် Galaxy Note 7 ဖုန်းပေါက်ကွဲမှုကြောင့် မိမိပေါင်နှင့် ဘယ်လက်မတစ်ချောင်း မီးလောင်ကျွမ်းခဲ့ရသဖြင့် Samsung ကုမ္ပဏီကို အရေးယူပေးပါရန် တရားစွဲမှု ဖြစ်ပွားခဲ့ကြောင်း Reuters သတင်းတွင် ရေးသားထားသည်။

ယော်နာသန် စထိုဘဲလ်ဆိုသူက မိမိသည် Note 7 ဖုန်းကို ဘောင်းဘီရှေ့ အိတ်ထဲတွင် ထည့်ထားပြီး လမ်းလျှောက်လာစဉ် ဖုန်းက ပေါက်ကွဲပြီး ဘောင်းဘီကို မီးလောင်ရာ ဖုန်းကို ဖယ်ရှားစဉ် မိမိပေါင်နှင့် လက်မကိုပါ ထိခိုက်ခဲ့ရကြောင်း ပြောကြားသည်။

စက်တင်ဘာလ ၂ ရက်နေ့ကတည်းက Samsung ဖုန်းများဖြစ်သည့် နောက်ဆုံးထုတ် Galaxy Note 7 ဖုန်းများတွင် ဘက်ထရီ ပြဿနာရှိကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ကုမ္ပဏီကလည်း ဖုန်းများကို ပြန်လဲလှယ်ပေးမည်ဟု ပြောကြားနေသည့်ကြားမှ ပေါက်ကွဲမီးလောင်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေခဲ့သည်။

စက်တင်ဘာလ ၁ ရက်နေ့တစ်နေ့တည်းမှာပင် ကမ္ဘာတစ်ဝန်းလုံးတွင် Note 7 ဖုန်း ဘက်ထရီ ပေါက်ကွဲမှုပေါင်း ၃၅ မှု ဖြစ်ပွားခဲ့ပြီး ကုမ္ပဏီကလည်း အရောင်းများရပ်ကာ အရေးယူ စုံစမ်းမှုများကို လုပ်ဆောင်ခဲ့သည်။

Samsung သည် နောက်ပိုင်းတွင် Note 7 ဖုန်းများကို လုံးဝသုံးရန် ထုတ်ပြန်ပြီး ကမ္ဘာတစ်ဝန်းလုံးရှိ ဖုန်းများကို ပြန်သိမ်းနေသည့်ကြားမှ နှစ်ပတ်အတွင်း ဆက်လက်ပေါက်ကွဲမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် Samsung Galaxy Note 7 ဖုန်းများကို ကိုင်ဆောင်ထားသူ အားလုံး ပါဝါကိုပိတ်၊ ဘက်ထရီကို ဖြုတ်ကာ နီးစပ်ရာ အရောင်းစင်တာများသို့ ပြန်ပို့ရန် ညွှန်ကြားထားကြောင်း The Washington Post တွင် ရေးသားထားသည်။

From : The Voice Myanmar

Originally published at - http://thevoicemyanmar.com/opinion/1968-awy

Read More »

Thursday, September 08, 2016

ရေစိမ်ခံပြီး နားကြပ်ပေါက် သီးသန့်မပါတော့သည့် iPhone 7 မိတ်ဆက်




Apple နည်းပညာ ကုမ္ပဏီက နောက်ဆုံး ထုတ်လုပ် လိုက်တဲ့ iPhone 7 ကို စက်တင်ဘာ ၇ ရက်နေ့က ဆန်စရန် စစ္စကိုမြို့ Apple ကုန်ပစ္စည်း သစ် မိတ်ဆက် ပွဲမှာ ပြသ ခဲ့ပါတယ်။

iPhone 7 ရဲ့ အထူးခြားဆုံး Feature တခုကတော့ နားကြပ်ပေါက်ကို သီးသန့်မထားတော့ဘဲ Lighting အားသွင်းပေါက်နဲ့ တပေါက်တည်း အသုံးပြုထားတာ ဖြစ်ပါတယ်။

နားကြပ်ပေါက်ကို ပေါင်းလိုက်လို့ တခြားအစိတ်အပိုင်းတွေ အတွက် နေရာပို ရလာတယ်၊ Apple ကပဲ ထုတ်လုပ် လိုက်တဲ့ Wifi နားကြပ် Airpods ပိုပြီးအသုံးပြုဖို့ အားပေး မယ်လို့ Apple က ပြောပါတယ်။

ဒီနားကြပ်ပေါက်ကို ပေါင်းလိုက်ဖို့ Apple က အတော်လေး စဉ်းစားခဲ့ရပြီး လက်ရှိ iPhone အသုံးပြုသူတွေဆိုရင် ဒီ Airpods ကိုသုံးဖို့ သီးသန့် Adapter တခုနဲ့ ၀ယ်ရမှာ ဖြစ်ပါတယ်။

အခု Apple ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲဟာ iPhone တွေ အရောင်းကျပြီး Apple ဈေးကွက်ဝေစု တနှစ်လုံးလုံး ကျဆင်းခဲ့ချိန်မှာ ကျင်းပတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တပတ်ကလည်း အိုင်ယာလန်နိုင်ငံမှာ အခွန်လျော့ပေါ့ခွင့် ရခဲ့မှုအတွက် ယူရိုငွေ ၁၃ ဘီလီယံ ဒဏ်ကြေးပြန်ဆောင်ဖို့ ဥရောပကော်မရှင်က ဆုံးဖြတ်ခဲ့ပါသေးတယ်။

အခုနှစ်ထဲမှာပဲ လီနိုဗိုကုမ္ပဏီနဲ့ တခြား တရုတ်နည်းပညာကုမ္ပဏီတွေက စမတ်ဖုန်းတွေမှာ နားကြပ်ပေါက်တွေကို iPhone တွေထက်စောပြီး အရင်ဖြုတ်ချခဲ့ကြတာပါ။

အခု iPhone 7 ဟာ ရေ ၁ မီတာအနက်မှာ နာရီဝက် အစိမ်ခံပြီး iPhone 7 plus မှာတော့ မှန်ဘီလူး ၂ ခုပါတဲ့ ကင်မရာတခု ပါဝင်ပါတယ်။

Apple Wifi နားကြပ်ဖြစ်တဲ့ Airpods ကိုတော့ အမေရိကန်ဒေါ်လာ ၂၀၀ ကျော်နဲ့ ရောင်းချမှာဖြစ်ပါတယ်။

ဓာတ်ပုံ - ရိုက်တာ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/167540

Read More »

Sunday, July 24, 2016

ဆမ်ဆောင်း Galaxy A9 Pro (2016) စမတ်ဖုန်း ပြည်တွင်း၌ စတင်ရောင်းချ


ဆမ်ဆောင်း Galaxy A9 Pro စမတ်ဖုန်း


မျက်နှာပြင် ကြီးမား သော စမတ်ဖုန်း နှစ်သက် သူများ အတွက် ဖုန်းတစ်လုံး အနေဖြင့် သာမကဘဲ Tablet အနေဖြင့်ပါ တွဲဖက် အသုံးပြုနိုင်မည့် ခြောက်လက်မ မျက်နှာပြင်ရှိ GalaxyA9 Pro(2016) စမတ်ဖုန်းကို ပြည်တွင်း၌ စတင် aရာင်းချမည် ဖြစ်ကြောင်း Samsung မြန်မာမှ သတင်းရရှိသည်။

‘‘အခုနောက်ပိုင်းမှာ မျက်နှာ ပြင်ကြီးပြီး စွမ်းဆောင်ရည်မြင့်တဲ့ စမတ်ဖုန်းကို လိုချင်တဲ့သူတွေ များလာတာကြောင့် ဒီ Galaxy A9 Pro ဟာ တကယ်ကို သင့်တော်တဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပါတယ်။ 4G နဲ့ 3G စနစ် နှစ်မျိုးစလုံးကို တစ်ပြိုင်နက် အသုံးပြုနိုင်တဲ့ Dual SIM အမျိုးအစားဖြစ်ပါ တယ်’’ဟု Samsung မြန်မာ၏ မိုဘိုင်းဌာန အကြီးအကဲ ဦးဇာနည် ဝင်းထက်က ပြောသည်။

Galaxy A9 Pro 2016 သည် Tablet နီးပါး ကြီးမားသည့် Full Resolution ရှိသော ခြောက်လက်မမျက်နှာပြင်ကို တပ်ဆင်ထားပြီး သတ္တုနှင့် ဖန်သားပြင်တို့ကို ပေါင်းစပ် ထား၍ သေသပ် ပြီး ကျစ်လျစ်သော ဒီဇိုင်းဖြင့် ပုံဖော်တည်ဆောက်ထားသည်။

စွမ်းဆောင်ရည်ပိုင်းတွင် Snapdragon 652 CPU ကို RAM 4GB နှင့် တွဲဖက်ထားပြီး Android နောက်ဆုံးဗားရှင်း Version 6.0ဖြင့် လည်ပတ်မည်ဖြစ်၍ များပြား သည့် လုပ်ဆောင်ချက်များကို တစ်ချိန်တည်းတွင် လျင်မြန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ဖုန်းတွင်းမှတ်ဉာဏ်အနေ ဖြင့် 32GB ပါရှိပြီး မလုံလောက်ပါက Micro SD ကတ်ဖြင့်128GB အထိ တိုးချဲ့အသုံးပြုနိုင်မည်ဖြစ်ကာ ကြီးမားသည့်မျက်နှာ ပြင်ပါရှိ၍ ကြာရှည်စွာ အသုံးပြု နိုင်စေရန် 5000 mAh ရှိသော ဘက်ထရီကို တပ်ဆင်ထားသည်။

ကင်မရာပိုင်းအနေဖြင့် အ လင်းဝင်ပေါက် f/1.9 ရှိသော 16 MP ကျောဘက်ကင်မရာနှင့် 8MP ရှေ့ကင်မရာတို့ကို တပ်ဆင်ထား၍ ကောင်းမွန်သည့်ပုံရိပ် များကို ရိုက်ကူးနိုင်မည်ဖြစ်သည်။

Galaxy A9 Pro 2016 ကို မြန်မာနိုင်ငံတွင် ဇူလိုင် ၂၂ ရက်မှစ၍ ကျပ် ၅၅၅,၀၀၀ (ငါးသိန်း ငါးသောင်းငါးထောင်)ကျပ်ဖြင့် စတင်ဝယ်ယူနိုင်မည်ဖြစ်သည်။

From : 7daydaily By - နိုင်လင်းအောင်

Originally published at - http://www.7daydaily.com/story/71009

Read More »

Friday, July 22, 2016

Galaxy A series နောက်ဆုံးထွက် စမတ်ဖုန်းသစ် Samsung Galaxy A9 Pro 2016


Samsung Galaxy A9 Pro စမတ်ဖုန်း


Samsung Galaxy A series ရဲ့ နောက်ဆုံးထွက် စမတ် ဖုန်းသစ် “Samsung Galaxy A9 Pro 2016” ကို မြန်မာပြည် ဈေးကွက်မှာ စတင် မိတ်ဆက် လိုက်ပြီလို့ Samsung Myanmar က ယနေ့၊ ဇူလိုင်လ ၂၁ ရက်နေ့မှာ သတင်း ထုတ်ပြန် လိုက်ပါတယ်။

Galaxy A9 Pro 2016 စမတ်ဖုန်းက မျက်နှာပြင် အရွယ်အစား ၆ လက်မရှိပြီး 1920 x 1080 Pixels နဲ့ Full HD အရည်အသွေးရှိ Gorilla Glass 4 Protection မျက်နှာပြင်နဲ့ ဖန်တီးပြုလုပ်ထားပါတယ်။ မျက်နှာပြင်ကျယ်ပြီး စွမ်းဆောင်ရည် မြင့်တဲ့ စမတ်ဖုန်း ကိုင်ချင်သူတွေအတွက် အရည်အသွေးမြင့် Phablet အမျိုးအစားတခု ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာ အနောက်ဘက် ကင်မရာကို f/1.9 aperture၊ LED flash နဲ့ OIS တို့ပါဝင်တဲ့ 16 Mega Pixel အရည်အသွေးရှိ ကင်မရာကို ထည့်သွင်းအသုံးပြုထားပြီး အရှေ့ဘက် Selfie ကင်မရာကိုလည်း ထပ်တူညီတဲ့ aperture နဲ့ sensor ပါဝင်ပြီး 8 Mega Pixel အရည်အသွေးရှိ ကင်မရာတို့ကို အသုံးပြုထားပါတယ်။

CPU အနေနဲ့ စွမ်းဆောင်ရည်မြင့် 1.8 GHz ရှိတဲ့ Octa-core Qualcomm Snapdragon 652 chipset နဲ့အတူ 4GB RAM ထည့်သွင်း အသုံးပြုထားတာတွေ့ရပြီး ဖုန်းတွင်း မှတ်ဥာဏ်သိမ်းဆည်းမှု ပမာဏ 32 GB ပါဝင် ပါတယ်။ microSD ကဒ် 128 GB အထိ ထပ်မံတိုးမြှင့် အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

ဘက်ထရီအားပမာဏ 5,000 mAh ပါဝင်ပြီး Android Version က 6.0 Marshmallow ဖြစ်ပါတယ်။ Samsung ရဲ့ ကိုယ်ပိုင် TouchWiz UI လည်း ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Galaxy A9 Pro 2016 စမတ်ဖုန်းက 3G, 4G စနစ် နှစ်မျိုးလုံး တပြိုင်တည်း အသုံးပြုနိုင်တဲ့ Dual SIM၊ ဆင်းမ်ကတ်နှစ်ကတ်ထိုး ဖုန်းအမျိုးအစား ဖြစ်ပြီး အရောင်အားဖြင့် ရွှေရောင်၊ အဖြူရောင်၊ အနက်ရောင် စသဖြင့် အရောင် ၃ ရောင် ရရှိနိုင်ပါတယ်။

Samsung Galaxy A9 Pro 2016 စမတ်ဖုန်းကို ဈေးနှုန်း မြန်မာငွေ ကျပ် ၅၅၅,၀၀၀ ဒီနေ့ စတင် ရောင်းချပြီလို့ သိရပါတယ်။

From : ဧရာဝတီ by Hsu Wai Linn

Originally published at - http://burma.irrawaddy.com/lifestyle/2016/07/22/118882.html


Read More »

Thursday, April 28, 2016

အက်ပဲလ် အိုင်ဖုန်း အရောင်းကျဆင်း




အခု ဘဏ္ဍာရေး ၃ လပတ်မှာ အက်ပဲလ် အိုင်ဖုန်း (Apple iPhone) တွေ အရောင်း ကျဆင်း ခဲ့လို့ ကုမ္ပဏီ ၀င်ငွေလည်း ၁၃ ရာခိုင်နှုန်း ကျဆင်း သွားတယ်လို့ အက်ပဲလ် ကုမ္ပဏီက ဧပြီ ၂၆ ရက်နေ့မှာ ထုတ်ပြန် ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒုတိယ ၃ လပတ်မှာ ကုမ္ပဏီဝင်ငွေ အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံ ရှိခဲ့တာကနေ အခုနှစ် ဒုတိယ ၃ လပတ်မှာတော့ ဘီလီယံ ၅၀ ကျော်ပဲ ၀င်ခဲ့တဲ့အတွက် ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံး စံချိန်တင် ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒုတိယ ၃ လပတ်တုန်းက အိုင်ဖုန်းအလုံးရေ ၆၁ သန်းကျော် ရောင်းချခဲ့ရပြီး အခုနှစ် ဒုတိယ ၃ လပတ်မှာတော့ ၅၁ သန်းကျော်ပဲ ရောင်းချနိုင်ခဲ့တဲ့အတွက် ဖုန်းအလုံးရေ ၁၀ သန်းတိတိ အရောင်းကျခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ အိုင်ဖုန်းအရောင်း ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့တာက ၀င်ငွေကျဆင်းရခြင်းရဲ့ အဓိကအချက်ဖြစ်ခဲ့ပြီး အမေရိကန်ဒေါ်လာငွေ မာနေတာကြောင့်လည်း ပါတယ်လို့ ဆိုပါတယ်။

ဧပြီ ၂၆ ရက်နေ့ စတော့ဈေးတွေ ပိတ်ချိန်မှာ အက်ပဲလ်ရှယ်ယာတွေ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ပြီးခဲ့တဲ့ ၁၂ လတာအတွင်း အက်ပဲလ်အစုရှယ်ယာတွေ ၂၀ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့ပြီ ဖြစ်ပါတယ်။

အက်ပဲလ်ရဲ့ စီအီးအို တင်မ်ကွတ်ခ် (Tim Cook) ကတော့ ကမ္ဘာ့စီးပွားရေး ခက်ခဲရုန်းကန်နေရချိန်မှာ အက်ပဲလ်ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်က တက်ခဲ့ပါတယ်လို့ ပြောဆိုပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/147171

Read More »

Thursday, January 28, 2016

ဆမ်ဆောင်း စမတ်ဖုန်းနှင့် ပရိုဆက်ဆာ အရောင်း ကျဆင်း



ဓာတ်ပုံ - အေအက်ဖ်ပီ>

ပြီးခဲ့တဲ့နှစ် နောက်ဆုံး ၃ လပတ်က စပြီး ဆမ်ဆောင်း စမတ်ဖုန်းတွေနဲ့ ပရိုဆက်ဆာ အရောင်း သိသိ သာသာ ကျဆင်း လာတယ်လို့ ဆမ်ဆောင်း ကုမ္ပဏီက ထုတ်ပြန် ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အထိ စတုတ္ထ ၃ လပတ် အတွင်း ဆမ်ဆောင်း ကုမ္ပဏီရဲ့ အသားတင် အမြတ် ၄၀ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ ကျဆင်း သွားခဲ့ပြီး လက်တလော ကမ္ဘာ့ စီးပွားရေး နှေးကွေး လာမှုနဲ့ အိုင်တီ ပစ္စည်း ၀ယ်လိုအား သိသိ သာသာ ကျဆင်း လာလို့ ဆိုပါတယ်။

အခု ၂၀၁၆ ခုနှစ်မှာ ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ အသားတင်အမြတ်ကို ဆက်ထိန်းထားဖို့ မနည်းကြိုးစားရမယ်လို့ ဆမ်ဆောင်းကုမ္ပဏီက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလည်း အရင်တနှစ် ၂၀၁၄ ခုနျစ်ကနဲ့စာရင် ကုမ္ပဏီရဲ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၆၅ ဒသမ ၅ ဘီလီယံအထိ ကျဆင်းခဲ့တာပါ။

တန်ဖိုးနည်းဖုန်းလိုင်းမှာ တရုတ်စမတ်ဖုန်းတွေဖြစ်တဲ့ ရှောင်းမီနဲ့ ဟွာဝေးဖုန်းတွေရဲ့ အကြိတ်အနယ် ပြိုင်ဆိုင်ခံရပြီး အမြင့်စားဖုန်းလိုင်းမှာတော့ Apple iPhone တွေရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တာကြောင့် ဆမ်ဆောင်းစမတ်ဖုန်း အရောင်းကျဆင်းရတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလက ဆမ်ဆောင်းကုမ္ပဏီက နောက်ဆုံးထုတ်လုပ်လိုက်တဲ့ Galaxy S6 ဟာလည်း စမတ်ဖုန်းဈေးကွက်ထဲမှာ ဖုန်းသုံးစွဲသူတွေကို ထင်သလောက် မဆွဲဆောင်နိုင်ခဲ့ဘဲ ဈေးကွက်ကို ဆက်ထိန်းထားဖို့ မနည်းကြိုးစားခဲ့ရတယ်လို့ နည်းပညာသတင်းတွေမှာ ဖော်ပြကြပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/132744


Read More »

အိုင်ဖုန်း အရောင်းကျဆင်းဟု ကုမ္ပဏီ ထုတ်ပြန်




Apple နည်းပညာ ကုမ္ပဏီက ထုတ်လုပ် ခဲ့သမျှ Device တွေထဲမှာ ရေပန်း အစားဆုံး device တခုဖြစ်တဲ့ အိုင်ဖုန်း အရောင်း စထုတ် ခဲ့တဲ့ ၂၀၀၇ နောက်ပိုင်း ပထမဆုံး အရောင်း ကျလာ တယ်လို့ Apple ကုမ္ဗဏီက ထုတ်ပြန် ပါတယ်။

အခုနှစ်ထဲမှာ အိုင်ဖုန်း အရောင်း ထပ်ကျ လာနိုင်သေး တယ်လို့ Apple က ဆိုပါတယ်။

Apple ကုမ္ပဏီဟာ အိုင်ဖုန်းတွေကို ၂၀၁၅ ပထမ ၃ လပတ်အတွင်း အလုံးရေ ၇၄.၅ သန်း ရောင်းချနိုင်ခဲ့ပြီး အခုနှစ် ၃ လပတ်မှာလည်း ၇၄.၈ သန်းရောင်းချနိုင်ခဲ့တဲ့အတွက် ရောင်းချနိုင်ခဲ့တဲ့ အိုင်ဖုန်းအလုံးရေ မကွာတာတွေ့ရပါတယ်။

ဒါပေမယ့် လာမယ့် ဒုတိယ ၃ လပတ်အတွင်း Apple ရဲ့ ၀င်ငွေ ၅၀ ဘီလီယံနဲ့ ၅၃ ဘီလီယံကြားပဲ ခန့်မှန်းထားတဲ့အတွက် ပြီးခဲ့တဲ့နှစ် ဒုတိယ ၃ လပတ်ရရှိခဲ့တဲ့ အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံနဲ့ စာရင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကနေ ၈ ဘီလီယံ လျော့ပြီး ခန့်မှန်းထားပါတယ်။

ဒါဟာ အိုင်ဖုန်းတွေ ပထမဆုံး စတင်ရောင်းချခဲ့တဲ့ ၂၀၀၇ ခုနှစ်နောက်ပိုင်း Apple အတွက် ပထမဆုံးဝင်ငွေ ကျဆင်းမယ့်လက္ခဏာလည်း ဖြစ်ပါတယ်။

အခုနှစ် ပထမ ၃ လပတ်မှာ အိုင်ဖုန်းရောင်းရတဲ့ အလုံးရေ ၇၅ သန်းအောက် ကျဆင်းသွားပေမယ့်လည်း ကုမ္ပဏီအတွက်ကတော့ စံချိန်တင်အရေအတွက်ဖြစ်နေဆဲပဲလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် နောက်ဆုံး ၃ လပတ်က ကုမ္ပဏီရဲ့ ၀င်ငွေဟာ အမေရိကန်ဒေါ်လာ ၇၆ ဘီလီယံ၊ အသားတင်အမြတ်ငွေ ၁၈.၄ ဘီလီယံရရှိခဲ့တာဟာ ၀င်ငွေအရရော၊ အသားတင်အမြတ်ငွေအရပါ ကုမ္ပဏီအတွက် စံချိန်တင်ဖြစ်ခဲ့တာပါ။

အိုင်ဖုန်းအရောင်းက ရတဲ့ဝင်ငွေဟာ Apple ရဲ့ ၀င်ငွေအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းလောက် ရှိခဲ့ပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/132720


Read More »

Wednesday, September 30, 2015

သုံးရက်အတွင်းမှာ ဖုန်းအလုံးရေ ၁၃ သန်း ရောင်းချပြီး Apple အရောင်း စံချိန်သစ် တင်



အရောင်း စတင်ပြီး ပထမဆုံး သုံးရက် ဖြစ်တဲ့ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့ မှာတင် iPhone 6S နဲ့ 6S Plus ဖုန်း အလုံးရေ ၁၃ သန်းကို ရောင်းချ ခဲ့ရ တယ်လို့  Apple က တင်္နလာနေ့ က ထုတ်ဖော် ကြေငြာ ခဲ့ပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်က iPhone 6 ထွက်ရှိ ပြီးမှာလည်း အလားတူ အချိန်ကာလ အတွင်းမှာ ဖုန်းအလုံးရေ ၁၀ သန်းရောင်းချ ခဲ့ရတဲ့ Apple အတွက် ဒီပမာဏက စံချိန်သစ် ဖြစ်ပါတယ်။

ယခု အပတ်မှာလည်း Apple ရဲ့ အရောင်းသွက်မှု အရှိန်အဟုန်ဟာ ဆက်လက်မြင့်တက် လျက်ရှိပြီး ကုမ္ပဏီ ၀င်ငွေရဲ့ သုံးပုံနှစ်ပုံလောက်ကို ဆောင်ကျဉ်းပေး ထားပါတယ်။ အခုလို Apple ရဲ့အောင်မြင်မှုဟာ ဈေးကွက်ဖွံ့ ဖြိုးမှုနှေးကွေးနေပြီး၊ တန်ဖိုးနည်း ဟန်းဆက်တွေက ဈေးကွက် ယှဉ်ပြိုင်မှုတွေ တစ်ပုံ တစ်ပင်ကြုံနေရတဲ့ တခြား မိုဘိုင်းဖုန်း ဈေးကွက်နဲ့ စာရင် သိသိသာသာ များပြားနေတာကို တွေ့ ရှိရ ပါတယ်။

“ iPhone 6S နဲ့ 6S Plus တို့ ရောင်းချရမှုဟာ အံ့သြစရာ ကောင်းလောက်အောင်ပါပဲ။ Apple သမိုင်းရဲ့ အရင်က ပထမ တစ်ပတ်ရောင်းချ ရမှုစံချိန်တိုင်းကို ကျော်ဖြတ် သွားပါတယ်” လို့ Apple CEO Tim Cook က ပြောကြား ခဲ့ပါတယ်။

Apple ရဲ့ နောက်ဆုံးမော်ဒယ် iPhones တွေကိုမှ ကိုင်ချင်ကြတဲ့ ၀ယ်လို အားကြောင့် Apple ရဲ့ ထုတ်ကုန် အသစ်တွေဟာ အရင်လိုပဲ အရောင်း ပမာဏ အလွန်များပြားပေမယ့်၊ တစ်ပတ်ရောင်းချ ရမှုစံချိန်ဟာ ရေရှည်အောင်မြင်မှုရဲ့ လက္ခဏာလို့ မဆိုနိုင်ပါဘူး။

ဒါပေမယ့်လည်း လွန်ခဲ့တဲ့ နှစ်က ဒီဇိုင်းအသစ်နဲ့ အရွယ်အစား ကြီးကြီး ထွက်ခဲ့တဲ့ iPhone 6 နဲ့ 6 Plus တို့ ဟာ အစောပိုင်း ရောင်းအား ကောင်းခဲ့ ပြီးနောက်မှာလည်း အချိန်ကြာ လူကြိုက် ဆက်များ နေခဲ့ ပြီး ကုမ္ပဏီရဲ့ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း အဖြစ်တောင် မှတ်တမ်းဝင် ခဲ့တာဖြစ်ပါတယ်။

( Ye Wint )

သစ်ထူးလွင်(နည်းပညာ)

Ref: Cnet

Original link - http://technology.thithtoolwin.com/2015/09/6s-6s-plus-apple.html

Read More »

Monday, September 28, 2015

ကမ္ဘာအနှံ့ တန်းစီ ဝယ်ယူ ခဲ့ကြတဲ့ iPhone 6S နှင့် 6S Plus




ကမ္ဘာ တစ်လွှားက Appl Store နဲ့ Apple နဲ့ ချိတ်ဆက် အခြားသော Vender များရဲ့ Store တွေမှာ iPhone 6S နဲ့ 6S Plus ကို တန်းစီး တိုးဝေ့လို့ ဝယ်ယူ ခဲ့ကြ ပါတယ်။




ပြီးခဲ့တဲ့ စနေနေ့ကမှ စတင် ရောင်းချခြင်း ဖြစ်ပြီး သော်ငြား အချို့ဟာ တစ်ပတ်၊ နှစ်ပတ် မတိုင်ခင် ကတည်းက အတန်းစီ နေရာ ဦးထား ကြပါတယ်။

ယင်း ယဉ်ကျေးမှု ဖြစ်လာခြင်းက ရောင်းချပြီး ရက်ပိုင်း အတွင်း ပစ္စည်း ကုန်တာကြောင့် ဖြစ်ပါတယ်။ ပစ္စည်း မကုန် ရင်တောင် မိမိ လိုချင်တဲ့ အရောင်နဲ့ အမျိုးအစားကို မရမှာ စိုးလို့ ဖြစ်ပါတယ်။ စင်္ကာပူမှာ ဆိုရင် စတင် ရောင်းချတဲ့ နေ့မှာပဲ iPhone 6S Plus 64 GB ဗားရှင်း Rose Gold အရောင် ကို မရတော့တဲ့ အထိ ဖြစ်ကြောင်း ကြားသိရ ပါတယ်။

iPhone 6S Plus Rose Gold က ရောင်းအား အကောင်းဆုံး ဖြစ်နေပြီး iPhone 6S Rose Gold က ဒုတိယ လိုက်ပါတယ်။ ကမ္ဘာ တစ်လွှား စတိုးတွေမှာ ပေါ်ပြူတာ ဖြစ်မှု အနည်းဆုံး ကတော့ ငွေရောင် အိုင်ဖုန်းများ ဖြစ်ပါတယ်။ ယင်းထဲမှာမှ 16GB က ပေါ်ပြူလာ ဖြစ်မှု အနည်းဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် လည်း အချို့ဟာ စတိုးမှာ အတန်းစီပြီး မိမိလိုချင်တာ မရတော့လည်း ရတဲ့ အရောင်နဲ့ ဗားရှင်းများကို ရွေးချယ် သွားကြ ပါတယ်။

ယင်းကဲ့သို့ ဖြစ်မှာစိုးလို့ စတိုးဆိုင်မှာ တစ်ပတ်၊ ၁၀ ရက်မက ကြိုတင် ထိုင်ခုံနဲ့ အိပ်ရာခင်းလို့ စောင့်ဆိုင်းကြ ပါတယ်။ ပစ္စည်းကုန်လို့ pre order ပြန်တင်ရင် အနည်းဆုံး တစ်ပတ် ကြာလို့ ဖြစ်ပါတယ်။ အချို့က ဒါကို မစောင့်နိုင် ပါဘူး။ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာဆိုရင် လူအစားထိုးပြီးတော့ စက်ရုပ်ကို တန်းစီ စောင့်ဆိုင်းစေ တာမျိုးလည်း ပြုလုပ်ခဲ့ကြ ပါတယ်။ စက်ရုပ်ကို အိမ်ကနေ ထိန်းချုပ်ပြီး အိုင်ဖုန်းကို ချိတ်ပေး လိုက်တဲ့ အခါ ကားပေါ်ကို ပြန်တင် ပေးရတဲ့ စက်ရုပ် ဖြစ်ပါတယ်။ စက်ရုပ် အိုင်ဖုန်းရတာနဲ့ ပိုင်ရှင်ဟာ သူ့သူငယ်ချင်းကို ကားနဲ့ သယ်လာပေးဖို့ အကူညီ တောင်းခဲ့ ပါတယ်။

အိုင်ဖုန်းကို ဂျပန်မှာ မိုးရွာတုန်း မိုးရေထဲမှာ စောင့်ဆိုင်းဝယ်ယူသူ ၅၀ ကျော် ရှိခဲ့ ပါတယ်။ တရုတ်ပြည်က မြို့ကြီး အချို့တွေမှာလည်း တန်းစီစောင့်ဆိုင်း သူများ ရာဂဏန်း ရှိခဲ့ ပါတယ်။ ဒါကြောင့်မို့ ယခု iPhone 6S နဲ့ 6S Plus ဟာ ဆိုရင်လည်း Apple အတွက် အရင်နှစ်တွေ အတိုင်း အောင်မြင်တဲ့ ကုန်ပစ္စည်း တစ်ခု ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားကြ ပါတယ်။

Ref: dailymail

အောင်ခမ်း (MMA)

Original link - https://www.facebook.com/mwdtech

Read More »

Sunday, September 27, 2015

စက်တင်ဘာ ၂၉ ရက်နေ့ မှာ Nexus စမတ်ဖုန်းအသစ်နှစ်မျိုးကို Google စတင် မိတ်ဆက်မည်



Google ဟာ Nexus 6P နဲ့ Nexus 5X လို့ အမည် ပေးထားတဲ့ စမတ်ဖုန်း အသစ် နှစ်မျိုးကို စက်တင်ဘာလ ၂၉ ရက်နေ့ မှာ စတင် ပြသဖို့ ပြင်ဆင် နေတယ်လို့ သိရ ပါတယ်။

အမေရိကန် နည်းပညာ ကုမ္ပဏီ ဖြစ်တဲ့ Google ဟာ Nexus စီးရီးရဲ့ ၂၀၁၃ ခုနှစ် ထုတ် Nexus 5 ကို တစ်ဖန် ပြန်ဆန်းသစ် ထားတဲ့ Nexus 5X နဲ့ Nexus 6 ကို update လုပ်ထားတဲ့ Nexus 6P တို့ ကို LG နဲ့ Huawei တို့ နဲ့ အသီးသီး ဖက်စပ် ထုတ်လုပ် ထားတာ ဖြစ်ပါတယ်။

စမတ်ဖုန်း နှစ်မျိုးလုံးမှာ Android စနစ် အသစ်ဖြစ်တဲ့ open-source mobile operating system Android 6.0 Marshmallow ပါဝင် လာမှာ ဖြစ်တယ်လို့ Google က ကြေငြာ ထားပြီး ဖြစ်ပါတယ်။

လက်ဗွေရာ စကန်နာ နဲ့ OnePlus Two မှာ စတင် ပါဝင်ခဲ့တဲ့ USB type-C port ပါ ပါဝင် လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီဇိုင်းပိုင်း မှာတော့ Nexus 5X က နည်းနည်း ပိုသေးမှာ ဖြစ်ပြီး ၅.၂ လက်မ Full HD Display ဖြစ်ပါတယ်။

Huawei က ထုတ်လုပ်တဲ့ Nexus 6P ကတော့ ၅.၇ လက်မ ရှိပြီး Quad HD display ဖြစ်ပါတယ်။ Qualcomm SnapDragon 820 ပရိုဆက်ဆာကို ဖုန်းနှစ်လုံး လုံးမှာ ထည့်သွင်း ထားနိုင်ခြေ ရှိပြီး RAM ကလည်း 3GB ပါဝင် လာမယ်လို့ သတင်း ထွက်နေ ပါတယ်။

Google ဟာ ဒီဖုန်းတွေ မှာလည်း microSD ထပ်မံ စိုက်လို့ ရမှာ မဟုတ် သလို internal storage ကတော့ 128 GB အထိ ပါရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ USB Type-C အပေါက်နဲ့ အားမြန်မြန် သွင်းနိုင်ပြီး အကြွေးဝယ်ကတ် သဖွယ် ငွေပေးချေလို့ ရတဲ့ ငွေပေးချေမှု စနစ် အသစ် Android Pay ပါဝင် လာမှာ ဖြစ်ပါတယ်။

ဒီဖုန်းနှစ်မျိုး လုံးကို ဆန်ဖရန် စစ္စကိုမှာ ပြုလုပ်မယ့် Google Event မှာ စတင် မိတ်ဆက် သွားမှာ ဖြစ်တယ်လို့  သိရပါတယ်။

( Ye Wint )

သစ်ထူးလွင်(နည်းပညာ)

Original link - http://technology.thithtoolwin.com/2015/09/nexus-google.html

Read More »

Saturday, September 26, 2015

Apple က တရားဝင် မဖြန့်သေးမှီမှာ iPhone 6s အတုတွေကို တရုတ်မှာ စတင် ရောင်းနေ



Apple ရဲ့ iPhone 6s နဲ့ 6s Plus တို့ ဟာ ၂၅ ရက်နေ့ စက်တင်ဘာ မှာမှ ဆိုင်တွေကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းအတုတွေ ကတော့ တရုတ်နိုင်ငံ တောင်ပိုင်းက တစ်ချို့ ဆိုင်တွေမှာ ပုန်းလျှိုးကွယ်လျှိုး ရောင်းချနေပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း၊ Shenzhen မြို့ နည်းပညာကုန်တိုက်က ဈေးဆိုင်တွေဟာ iPhone အတုတွေကို ကောင်တာမှာ ပေါ်ပေါ်ထင်ထင် ပြသထားတာမျိုးမဟုတ်ဘဲ၊ ဆိုင်မှာ ရှိတဲ့ ကုန်ပစ္စည်း စာရင်းထဲ ကနေ သိုသို သိပ်သိပ် ထုတ်ရောင်း ချနေတာ ဖြစ်ပါတယ်။

တန်ဖိုးငွေ ယွမ် ၅၈၀ ( ၉၁ ဒေါ်လာ) ရှိတဲ့ ဖုန်းအတုတွေဟာ တကယ့် iPhone ဈေးရဲ့ ဆယ်ပုံတစ်ပုံသာ ရှိပြီး ရွှေရောင်ဖုန်းအတုက အစစ်နီးပါးထင်ရပြီး နောက်ကျောမှာ ‘s’ ဆိုတဲ့ စာလုံးကိုတောင် ထွင်းထားပါသေးတယ်။ ရောင်းချသူတွေရဲ့ပြောကြားချက်အရ ဒီဖုန်းတွေဟာ Android စနစ်သုံးဖြစ်ပေမယ့် iOS display နဲ့ တူတယ်လို့ ဆိုပါတယ်။ ဖုန်းတွေဟာ အသစ်ဆိုပေမယ့် လုပ်ဆောင်ချက်လေးလံနေပြီး ဓာတ်ပုံရိုက်ရင်လည်း မှုန်ဝါးနေတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်မတိုင်ခင်က ဖုန်းအတုတွေ ဆိုင်ကိုရောက်လာပြီးနောက်မှာ အလုံးရေ ၁၀၀ ထက် မနည်း ရောင်းချပြီးဖြစ်တယ်လို့ သိရပါတယ်။
Apple ထုတ်ကုန်တွေရဲ့ လက်ကားရောင်းချသူတစ်ဦးဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် Zheng Zhuangjian က ဒီဖုန်းအတုတွေကို ၀ယ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

“ ငွေလည်း မလိုက်နိုင်၊ 6s လည်းကိုင်ချင်တဲ့လူတွေကတော့ ဖုန်းအတုတစ်လုံး ၀ယ်ဖြစ်ရင်ဝယ်ဖြစ်ပါလိမ့်မယ်။ 6s နဲ့ ၉၉.၉ ရာခိုင်နှုန်းလောက် ပုံပန်းတူနေတယ်လေ။ ၀ယ်တဲ့သူပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်သာ ဆိုရင်တော့ ၀ယ်မှာမဟုတ်ဘူး။ အတုကိုအားပေးရင်၊ အစစ်ကို ထိခိုက်အောင် လုပ်သလိုဖြစ်နေမှာပေါ့” လို့ Zheng က ပြောကြားခဲ့ပါတယ်။

အဆိုပါ ကုန်တိုက်အတွင်းမှာ စတိုးဆိုင်ပေါင်း ၃၀ ကျော်လောက်၊ ၁ ကီလိုမီတာအရှည်လောက် တစ်တန်းကြီး ရှိနေပြီး အကုန်လုံးက Apple ရဲ့ အဖြူရောင်ပန်းသီးတံဆိပ်ကြီးကို တပ်ထားကြပါတယ်။ ဒါပေမယ့် Apple ကုမ္ပဏီဟာ Shenzhen မြို့ မှာ တရားဝင်စတိုးတစ်ခုသာ ရှိပြီး တရားဝင်ခွင့်ပြုချက်နဲ့  ရောင်းချခွင့်ရတဲ့ဆိုင်ပေါင်းက အဲဒီကုန်တိုက်မှာ ငါးခုသာရှိတယ်လို့ သိရပါတယ်။

( Ye Wint )

သစ်ထူးလွင်(နည်းပညာ)

Original link - http://technology.thithtoolwin.com/2015/09/apple-iphone-6s.html

Read More »

Thursday, September 24, 2015

ရေထဲကျလည်း ရေမဝင် ရေမမြှုပ်နိုင်တဲ့ စမတ်ဖုန်း Comet




Comet လို့ အမည် ရတဲ့ ရေမဝင် ရေမမြှုပ်နိုင်တဲ့ Android စမတ်ဖုန်း ကို အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနိးယား အခြေဆိုက် Prashanth Raj Urs အမည်ရ ကုမ္ဗဏီက ထုတ်လုပ် ရောင်းချ ပြီ ဖြစ်ပါတယ်။

  • ဖုန်းဟာ အတွင်း Spec အရလည်း အတော်လေးမြင့်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။
  • ၄.၇ လက်မ အရွယ် 720p AMOLED ဖန်သားပြင်ကို အသုံးပြုထားပါတယ်။
  • RAM 4GB, 2GHz Octa Core Processor ကို အသုံးပြုထားပါတယ်။
  • ဘက်ထရီကလည်း 2800 mAh ရှိပါတယ်။
  • Internal memory 32GB နဲ့ 64GB ဆိုပြီးတော့ နှစ်မျိုး ထုတ်ထား ပါတယ်။
  • ကင်မရာကလည်း 16 Megapixel ရှိပါတယ်။
  • Android 5.1 OS ကို အသုံးပြုထား ပါတယ်။
  • အခြးသော ယနေ့ထွက် အဆင့်မြင့် စမတ်ဖုန်းများမှာ ပါဝင်တဲ့ Feature များစွာ ပါဝင်ပါတယ်။

သူ့ကို ရေထဲ ကျတဲ့ အခါ မြှုပ်မသွားအောင်၊ ရေ မဝင်အောင် စွမ်းဆောင် ပေးတာက IPx7 water-resistant အဆင့်ကြောင့်မို့ ဖြစ်ပါတယ်။ ရေလည်းမဝင်တဲ့ အပြင် အပေါ်မှာ ပြန်ပေါ်အောင် သတ္တုများကို သေချာ ရောစပ် အသုံးပြု ထားပါတယ်။

Comet ဖုန်းဟာ ဒီဇိုင်းအားဖြင့်လည်း လှပါတယ်။ ဈေးနှုန်းကတော့ 32GB ကို 279 ဒေါ်လာနဲ့ စတင်ပြီး နောက်ဆိုရင်တော့ 399 နဲ့ 469 ဒေါ်လာ အဖြစ် 32GB နဲ့ 64GB ကို ရောင်းချ သွားမှာ ဖြစ်ပါတယ်။ နောက်နှစ် ဧပြီလမှ ရောင်းချမှာ ဖြစ်ပါတယ်။

မြန်မာပြည်ဆိုရင် သင်္ကြန်နဲ့သွားတိုက်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ရောက်မယ် မရောက်မယ်ကတော့ မသိပါ။

အွန်လိုင်း အော်ဒါဆိုရင်တော့ စင်္ကာပူကနေဆိုရင် ရနိုင် ပါတယ်။

Ref: dailymail

အောင်ခမ်း (MMA)

Original link - http://www.myanmarmobileapp.com/2015/09/22/comet/

Read More »

Saturday, September 19, 2015

ခေါက်သိမ်းလို့ ရမယ့် စမတ်ဖုန်း Samsung က ထုတ်မည်




လာမယ့် ၂၀၁၆ မှာ ထွက်ရှိနိုင်ချေ ရှိတဲ့ ထူးခြားတဲ့ စမတ်ဖုန်း တစ်ခု တည်းမှာ ခေါက်သိမ်း လို့ရတဲ့ Samsung စမတ် ဖုန်းလည်း ပါဝင် ပါလိမ့်မယ်။ Dual Screen ဖြစ်ပြီး ဖန်သားပြင် နှစ်ခုကို ဖြန့်သုံးလည်း ရသလို တစ်လုံးနဲ့ တစ်လုံး ခေါက်ပြီးတော့ သုံးလည်း ရပါတယ်။

သူ့ကို Project Valley သို့မဟုတ် Project V လို့ အမည်ပေး ထားပါတယ်။

Snapdragon 620 သို့မဟုတ် 820 chipset အသုံးပြု ထားဖွယ် ရှိကြောင်း ဆိုပါတယ်။ RAM 3GB ပါဝင်ပြီး built in memory တစ်ခုတည်းနဲ့ အတူ ထပ်ဖြည့်လို့ရမယ့် SD ကဒ် အပေါက် လည်း ပါဝင် ပါတယ်။

ဖုန်းက လက်ရှိ Samsung Galaxy S6 တို့လို အရွယ် အစား ဖြစ်ပေမယ့် ခေါက်ထားတာ ဖြစ်တဲ့ အတွက်ကြောင့် သူက ဖုန်းနှစ်လုံးစာ ဖြစ်နေ ပါတယ်။ သူ့မှာ ဖုန်းနှစ်လုံးစာ ကျယ်တဲ့ အတွက် အခြားသော ထူးခြားတဲ့ Feature များလည်း ပါဝင် ပါလိမ့်မယ်။

ယင်း သတင်းကို တရုတ်ပြည်ရဲ့ ဆိုရှယ်မီဒီယာ Weibo မျာ သတင်းထွက် ရှိခဲ့ပြီး လက်တလော ရေပန်းစား နေပါတယ်။

Ref: Pocketlint

အောင်ခမ်း (MMA)

Original link - http://www.myanmarmobileapp.com/2015/09/17/samsung/

Read More »

Monday, September 14, 2015

၁၂ လ တစ်ကြိမ် iPhone အသစ် တစ်လုံး လဲကိုင်နိုင်မယ့် AppleCare+ အစီအစဉ်အသစ်




သင်ဝယ်ယူ ထားတဲ့ iPhone ဟာ ကျိုးပဲ့ ပျက်စီး သွားတာမျိုး ၊ ထိခိုက် သွားတာမျိုးတွေ အတွက် ဖုန်း အသစ် တစ်လုံးနဲ့ လဲလှယ်ပေးတဲ့ AppleCare+ ဆိုတဲ့ ၀န်ဆောင်မှုဟာ iPhone 6 အတွက်တုန်း ကတော့ ၁ နှစ်ကို ဒေါ်လာ ၁၀၀ ကျသင့် ခဲ့ပါတယ်။

ဒါပေမယ့် အခုအသစ် ထပ်မံ ထုတ်လုပ် လိုက်တဲ့ iPhone 6s နဲ့ 6s Plus တို့ အတွက်တော့ AppleCare+ ရဲ့ ၁ နှစ်တာ ၀န်ဆောင်ခမှာ ဒေါ်လာ ၁၃၀ ဖြစ်ပါတယ်။ ဒါ့အပြင် မတော်တဆ ထိခိုက်မှု တွေအတွက် ၀န်ဆောင်ခ ကိုလည်း iPhone 6 အတွက် တုန်းက ဒေါ်လာ ၈၀ ပဲ ကျသင့်ခဲ့ ရာကနေ iPhone 6s နဲ့ 6s Plus တို့မှာတော့ ဒေါ်လာ ၁၀၀ အထိ ပြန်လည် ကျသင့်ခဲ့ပါတယ်။

"iPhone တိုင်းဟာ ၁ နှစ်တာ စက်ပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းဖို့ သတ်မှတ် အာမခံချက်ပါရှိပြီး ရက်ပေါင်း ၉၀ အထိ အသေးစိတ် ပြုပြင် စောင့်ရှောက်မှု တွေလုပ်ပေးပါတယ်။ AppleCare+ ကတော့ သင်ဝယ်တဲ့နေ့ကစပြီး ၂ နှစ်အထိ အာမခံချက်ကို တိုးပေးမှာ ဖြစ်သလို မတော်တဆ ထိခိုက်မှု တွေအတွက်လည်း iPhone 6 အတွက် ၇၉ဒေါ်လာ ၊ iPhone 6s နဲ့ iPhone 6s Plus တို့အတွက် ၉၉ဒေါ်လာ ကျသင့်မှာ ဖြစ်တယ်" လို့ Apple က ထုတ်ပြန်ကြေညာထားပါတယ်။

iPhone 6s နဲ့ 6s Plus တို့ကို မိတ်ဆက်ပြသခဲ့တဲ့ အခမ်းအနားမှာလည်း Apple က AppleCare+ ပါဝင်တဲ့ iPhone upgrade အစီအစဉ်တစ်ခုကို ချပြခဲ့ကြပါတယ်။

ထို အစီအစဉ်အရတော့ သုံးစွဲသူတွေဟာ နှစ်စဉ် iPhone အသစ်လဲလှယ်နိုင်မယ့် အခွင့်အရေး ရရှိမှာဖြစ်ပြီး 16GB iPhone 6s တွေအတွက် တစ်လ ကို ၃၂ ဒေါ်လာ ကျသင့်မှာ ဖြစ်ပြီး 128 GB ရှိတဲ့ iPhone 6s Plus အတွက်တော့ ၄၅ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ ၁၂ လ ပြည့်တဲ့အခါမှာ သုံးစွဲသူတွေဟာ အသစ်စက်စက် iPhone တစ်လုံးကို ရယူနိုင်မှာ ဖြစ်ပြီး ထို အစီအစဉ်ကို အစကနေ ပြန်စလို့ ရနိုင်မှာ ဖြစ်ပါတယ်။

Mario

Read More »

Thursday, September 10, 2015

6S နှင့် 6S plus အိုင်ဖုန်း မိတ်ဆက် (ရုပ်သံ)




နာမည်ကျော် နည်းပညာ ပစ္စည်းထုတ် ကုမ္ပဏီ အက်ပဲလ် (Apple) က နောက်ဆုံး ထုတ်လိုက်တဲ့ 6S နဲ့ 6S plus အိုင်ဖုန်း (iPhone) တွေကို စက်တင်ဘာ ၉ ရက်နေ့မှာ အသစ် မိတ်ဆက် လာပါတယ်။

အခုတခေါက် ထုတ်လိုက်တဲ့ ဖုန်းမှာ 3D touch နည်းပညာကို ထည့်သွင်း ထားပါတယ်။

ဖုန်း အသုံးပြုတဲ့ အခါ ဖုန်းမျက်နှာပြင် ဖန်သားကို အဖိအဖော့ အတိုင်းအဆ အပေါ် မူတည်ပြီးတော့ တုံ့ပြန်တဲ့ display နည်းပညာကို အသုံးပြု ထားပါတယ်။

ကင်မရာ အရည် အသွေးကိုလည်း 12 megapixel အထိ မြှင့်တင် ထားပြီး 4K ဗွီဒီယို အရုပ် ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

အဲဒီပစ္စည်း အသစ်တွေ မိတ်ဆက်တဲ့ ပွဲမှာပဲ အရွယ်အစား ပိုကြီးတဲ့ အိုင်ပက် (iPad) ကိုလည်း မိတ်ဆက် ပါတယ်။

အိုင်ပက်ပရို (iPad Pro) ဟာ မျက်နှာပြင် အရွယ် ၁၂ ဒသမ ၉ လက်မ ရှိမှာဖြစ်ပြီး နှစ်ဆနီးပါး ပိုမြန်ကာ ဘက်ထရီက ၁၀ နာရီအထိ ခံမယ်လို့ ဆိုပါတယ်။

video

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/111486

Read More »

Wednesday, September 09, 2015

ကမ္ဘာ့အား အသွင်း အမြန်ဆုံး စမတ်ဖုန်းများက Asus နှင့် Samsung ထုတ်များ ဖြစ်




ကမ္ဘာ့ အားအသွင်း အမြန်ဆုံးက ဘယ် စမတ်ဖုန်း ဖြစ်မယ် ဆိုတာကို brand တစ်ခုချင်း စီရဲ့ အကောင်းဆုံး စမတ်ဖုန်း များကို ယှဉ်လို့ ဝဘ်ဆိုဒ် တစ်ခုမှ စမ်းသပ် ပြသခဲ့ ပါတယ်။ ယင်း စမ်းသပ်ပြသမှု အရ ကမ္ဘာ့ အား အသွင်း အမြန်ဆုံး စမတ်ဖုန်း စာရင်းထဲမှာ Asus နဲ့ Samsung တို့ရဲ့ နောက်ဆုံးပေါ် ဖုန်းများက ရပ်တည်ပါတယ်။

ငါးမိနစ် အတွင်း အားသွင်းရင် ဘယ်လောက် ဝင်မလဲ ဆိုတာကို စမ်းသပ်တဲ့ အခါ Asus Zenfone 2 ဟာ ၁၇ ရာခိုင်နှုန်း ပြည့်ပြီး Samsung Galaxy S6 ကတော့ ၁၁ ရာခိုင်နှုန်း ပြည့်ပါတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်း ပြည့်အောင် သွင်းတဲ့ အခါမှာ ကျတော့ Samsung Galaxy S6 ဟာ ၁ နာရီနဲ့ ၂၂ မိနစ်သာ ကြာပြီး အမြန်ဆုံး စမတ်ဖုန်း အဖြစ် စံချိန်တင် ပါတယ်။

Zenfone 2 ကတော့ Google Nexus 6 နဲ့ အတူတူ ၁ နာရီ ၄၉ မိနစ်မှာ သွားရပ်တည်ပါတယ်။ ဝမ်းနည်းစရာပဲ iPhone 6 က ငါးမိနစ် အတွင်းမှာ ၆ ရာခိုင်နှုန်းပဲ ပြည့်သလို ၁၀၀ ရာခိုင်နှုန်းပြည့်အောင် သွင်းတဲ့အခါ ၂ နာရီနဲ့ ၃၅ မိနစ် တိတိ ကြာမြင့် ပါတယ်။



စုစုပေါင်း စမတ်ဖုန်း ၇ လုံး ပါဝင်ပြီး One Plus 2 ဟာလည်း အားသွင်းမြန်တဲ့ စမတ်ဖုန်း အဖြစ် ရပ်တည် ပြန်ပါတယ်။ ယင်း ၇ လုံးဟာ ဈေးကွက် ထဲမှာ အားအသွင်း အမြန်ဆုံးများ အဖြစ် သတ်မှတ် ထားပြီး iPhone 6 က အောက်ဆုံးမှာ ရှိနေပါတယ်။

ဒါကြောင့်မို့ အားမြန်မြန်သွင်းပြီး မြန်မြန် သုံးရတာကို ကြိုက်နှစ်သက်ရန် Zenfone 2 သို့မဟုတ် Samsung Galaxy S6 ကို ရွေးဖို့ ဝဘ်ဆိုဒ်မှ အကြံပေးထားပြီး သူတို့ brand က စမတ်ဖုန်း များကိုလည်း overall အရ အားသွင်း မြန်တယ်လို့ အသိမှတ် ပြုပေးထား ပါတယ်။

Ref: dailymail
အောင်ခမ်း (MMA)

Original link - http://www.myanmarmobileapp.com/2015/09/07/smartphonecharge/

Read More »

Friday, September 04, 2015

အသစ်ထွက်ရှိမဲ့ iPhone 6S နဲ့ 6S Plus တို့ရဲ့ Memory ဟာ 16 GB ဖြင့် စတင်မည်




မကြာခင် ထွက်လာတော့မဲ့ iPhone 6s နဲ့ iPhone 6s Plus တို့ရဲ့ Memory ပမာဏဟာ 16 GB ကနေ စမှာ ဖြစ်ပါတယ်။ အခုလက်ရှိ ထုတ်လုပ် ထားတဲ့ iPhone 6 နဲ့ 6 Plus တို့ရဲ့ Memory ဟာ 16 GB နဲ့ စတင်တာ ဖြစ်တဲ့ အတွက်ကြောင့် iPhone User တို့ရဲ့ အငြင်းပွားမှုကို ခံနေရတဲ့ Apple ဟာ နောက်ထပ် ထွက်ရှိလာမဲ့ iPhone 6s နဲ့ iPhone 6s Plus တို့ရဲ့ Memory ကိုလည်း 16 GB နဲ့ ထုတ်လုပ် အုံးမှာ ဖြစ်ပါတယ်။ 16 GB , 64 GB နဲ့ 128 GB ဆိုပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။

အရင် ထွက်ရှိ လာတဲ့ ကောလဟာလများ အရ မကြာခင် ထွက်ရှိလာ တော့မဲ့ iPhone တို့ကို အသုံးပြုသူ Apple ချစ်သူတို့က အပြောင်း အလဲ တွေနဲ့ ထွက်ပေါ် လာမယ်လို့ မျှော်လင့် ထားကြ ပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်း ထွက်ပေါ် လာတဲ့ ကောလဟာလ တွေအရတော့ နောက်ထွက်မဲ့ iPhone ရဲ့ ဒီဇိုင်းတွေဟာ အခုလက်ရှိ iPhone 6 နဲ့ 6 Plus တို့နဲ့ ဘာမှ ကွဲပြားမှု မရှိပါဘူး။

အသစ်ထွက်လာမဲ့ iPhone တွေရဲ့ ဈေးနှုန်းတွေ ကိုလည်း လက်ရှိ iPhone 6 နဲ့ 6Plus ကို Apple Website မှာရောင်းချနေတဲ့ ဈေးနှုန်းနဲ့ပဲ ရောင်းချ သွားနိုင်ပါတယ်။ ဒီလို ဘာမှ ကွာခြားမှု မရှိတဲ့ iPhone 6s နဲ့ 6s Plus တို့ရဲ့ ထွက်ရှိလာမဲ့ နေ့ကို Apple ချစ်သူတို့က အရိပ် တကြည့်ကြည့်နဲ့ စောင့်ကြည့်နေ ကြရပါတယ်။

ဒီလို ထူးခြားမှုတွေ မရှိတဲ့ ကြားထဲကနေ ထူးခြားတဲ့ အချက်တစ်ချက် ရှိနေပါတယ်။ အဲ့ဒီ ထူးခြားချက် ကတော့ မကြာခင် ထုတ်လုပ်တော့မဲ့ iPhone 6s နဲ့ 6s Plus တို့ရဲ့ ကိုယ်ထည်မှာ အသုံးပြု ထားတဲ့ အလျူမီနီယံ အမျိုးစား 7000 series Aluminium ကို Apple Watch Sport မှာ အသုံးပြု ထားခြင်းပဲ ဖြစ်ပါတယ်။ Apple ဟာ စက်တင်ဘာလ ကိုးရက်နေ့မှာ ထုတ်လုပ်ဖြန့်ချိမဲ့ iPhone 6s, iPhone 6s Plus တို့နဲ့ အတူတူ Apple Watch Spot Bands ကိုလည်း တစ်ပြိုင်နက် ထုတ်လုပ် သွားမှာ ဖြစ်ပါတယ်။

Ref : theverge

Aung Ko Htet (MMA)

Original link -

Read More »

Monday, August 24, 2015

iPhone 6 Plus ရဲ့ ကင်မရာများကို အသစ်ပြန်လဲပေးမည့် Apple




စက်တင်ဘာ 2014 ကနေ ဇန်နဝါရီ 2015 အတွင်းမှာ iPhone 6 Plus ကို ဝယ်ယူခဲ့တဲ့ Customer တွေဟာ iPhone 6 Plus ရဲ့ အပြင်ဘက်ကင်မရာနဲ့ ဓါတ်ပုံရိုက်တဲ့အခါ ပုံရိပ် မပီပြင်ခြင်းတွေကို ခံစားနေကြရပါတယ်။

ဒီအချက်တွေကြောင့် iPhone 6 Plus ဟာ အခြား Brand တွေရဲ့ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံခဲ့ရပါတယ်။ ဒါကြောင့် Apple ဟာ လက်ရှိအချိန်မှာတော့ Customer များကို ပြန်လည်တောင်းပန်တဲ့အနေနဲ့ စက်တင်ဘာ 2014 ကနေ ဇန်နဝါရီ 2015 အတွင်းမှာ ဝယ်ယူထားတဲ့ iPhone 6 Plus ရဲ့ ကင်မရာ များကို အသစ်နဲ့ ပြန်လည်အစားထိုးပေးသွားမှာဖြစ်ပါတယ်။

iPhone 6 Plus ရဲ့ကင်မရာတွေကို ပြန်လဲ ပေးမယ်ဆိုပေမဲ့ ကြေငြာထားတဲ့ ရက်အတွင်းမှာ ဝယ်ယူထားတဲ့ iPhone 6 Plus တွေကိုသာ လဲပေးသွားမှာဖြစ်ပြီး အဲ့ဒီအတွက်လဲ iPhone Plus ရဲ့ Serial Number တွေနဲ့ တိုက်စစ်သွားမှာဖြစ်ပါတယ်။

ကြေငြာထားတဲ့ ရက်အတွင်းမှာ ထုတ်လုပ်ထားတဲ့ iPhone 6 Plus များရဲ့ Serial Number ကိုများ မှန်ကန်ပါက ကင်မရာများကို လဲလှယ်ပေးသွားမှာဖြစ်ပါတယ်။

ဒါဟာ iSight ရဲ့ ပထမဦးဆုံးအကြိမ် လက်လီ စနစ်နဲ့ Product တစ်ခုခြင်းစီကို ပြန်လည်လဲလှယ်ပေးတဲ့ အစီစဉ်ဖြစ်တဲ့အပြင် iPhone 6 Plus ကိုလည်း နောက်ထပ် သုံးနှစ်နီးပါးလောက် ကာကွယ်ပေးသွားမှာဖြစ်ပါတယ်။

Customer တို့အနေနဲ့ မိမိ iPhone 6 Plus ကို ကြေငြာထားတဲ့ ရက်အတွင်းက ဝယ်ယူခဲ့ခြင်းကို သေချာ မသိရှိပါက Products ရဲ့ Series နံပါတ်ကို စစ်ဆေးနိုင်ဖို့ https://www.apple.com/support/iphone6plus-isightcamera/ ဆိုတဲ့ Link ကိုသွားရောက်ကာ စစ်ဆေးရမှာဖြစ်ပါတယ်။

Ref : Apple

အောင်ကိုထက် (MMAS)

Original link - http://www.myanmarmobileapp.com

Read More »

Friday, August 21, 2015

ကင်မရာ လှည့်လို့ရတဲ့ ဈေးသက်သာ နောက်ဆုံးပေါ် စမတ်ဖုန်း Honor 7i




Honor 7i လို့ အမည်ရတဲ့ စမတ်ဖုန်းကို တရုတ်ပြည်မှာ တရားဝင် မိတ်ဆက်ပြီး စတင် ရောင်းချ နေပါပြီ။ သူ့ကို နိုင်ငံတကာ ဈေးကွက် ဖြန့်ချိမှာ မဟုတ် ပါဘူး။ နိုင်ငံ တကာ ဈေးကွက် ရောက် ရှိမယ့် စမတ်ဖုန်း ကတော့ Honor 7 ဖြစ်ပါတယ်။ Honor 7i နဲ့ သိပ်မကွာတဲ့ ဗားရှင်းမျိုး ဖြစ်ပါ လိမ့်မယ်။

Honor ဆိုတာ Huawei ရဲ့ brand အခွဲ တစ်ခု ဖြစ်ပါတယ်။ ဈေးသက်သာပြီး Spec မြင့်တဲ့ စမတ်ဖုန်း ကိုင်ချင် သူများ အတွက် ရည်ရွယ် ထားပြီး ဥရောပနဲ့ ကမ္ဘာ့ ဈေးကွက်တွေ အထိပါ ရောက်ရှိ လာပါတယ်။

ယခု 7i မှာ ပါဝင်တဲ့ ကင်မရာဟာ 13 Megapixel ရှိပါတယ်။ RAM 2GB စမတ်ဖုန်း ဖြစ်ပေမယ့် 64bit Octacore processor ကို အသုံးပြုထား ပါတယ်။

internal storage 16GB ကနေ စတင်ပြီး micro SD ကဒ်ကတော့ 32GB အထိပဲ တိုးမြင့်လို့ ရပါတယ်။ ထူးခြားချက်ကတော့ ကင်မရာဟာ တစ်ခုတည်းပါဝင်ပြီး ယင်း ကင်မရာကို အရှေ့အနောက် လှည့်ယူ သုံးလို့ ရပါတယ်။

ဒါကြောင့်မို့ Selfie ကြိုက်သူများ အတွက် သင့်တော်ပါတယ်။ ယင်းကဲ့သို့ အလားတူ ပုံစံကို စတင်ခဲ့တာကတော့ OPPO ပါ။ OPPO ရဲ့ N စီးရီး ဖုန်းတစ်လုံးတည်းမှာ ကင်မရာကို အရှေ့အနောက် လှည့်နိုင်တာကို သုံးခဲ့ပြီး ရောင်းအားကောင်းခဲ့ ပါတယ်။ ယခု Honor 7i ရဲ့ ကင်မရာကတော့ အလယ်မှာ မဟုတ်ပဲ ဘေးဘက် နည်းနည်းကျ ပါတယ်။

မျက်နှာပြင် အရွယ်အစားနဲ့ အရွယ်အသွေးကတော့ 5.2 လက်မနဲ့ Full HD Display တို့ ဖြစ်ပါတယ်။ Android 5.1 သုံးထားပြီး Emotion UI 3.1 ကို အပေါ်မှာ ဖုံးထား ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၅၀ ဝန်းကျင်သာ ရှိတာကြောင့် ဈေးနှုန်းနဲ့ ပါဝင်တဲ့ Spec ယှဉ်လိုက်ရင် အတော်လေး တန်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

Brand ကို ခေါင်းထဲ မထည့်ပဲ spec မြင့်မြင့် ဈေးသက်သက်သာသာ သုံးချင်သူများအတွက်ဆိုရင်တော့ အဆင်ပြေ ပါလိမ့်မယ်။

Ref: pocketlint

အောင်ခမ်း (MMAS)

Original link - http://www.myanmarmobileapp.com/2015/08/21/honor7i/

Read More »