နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label မိုဘိုင်းဖုန်းဆောင်းပါး. Show all posts
Showing posts with label မိုဘိုင်းဖုန်းဆောင်းပါး. Show all posts

Tuesday, September 29, 2015

သင့်ရဲ့ ဖုန်းကြောင့် ချစ်သူတွေ ကွဲသွားစေနိုင်တဲ့ အရာများ




လက်ကိုင်ဖုန်း ကျေးဇူးကြောင့် ချစ်သူ ဘဝကို ရောက်သွား ပေမယ့် အမှားအယွင်း တစ်ခုခုကြောင့် အနှောင့် အယှက် ဖြစ်သွားနိုင် ပါတယ်။ ဒါကြောင့် အခု ဖော်ပြ ထားတဲ့ အချက်တွေ ကနေ သင်ယူ ပြီးတော့ သင့် လက်ကိုင်ဖုန်းကို တရားခံ မဖြစ်သွားအောင် ကြိုတင် သတိထားနိုင် ပါတယ်။

သူ့ရဲ့ Like ကို သေချာဆန်းစစ်ပါ။

ကိုယ်တင်ထားတဲ့ပုံ၊ စာတိုဖြစ်ဖြစ်ပေါ့ သူက Like လုပ်ပေးတိုင်း သူက အကုန်လုံးကို သဘောကျနေတယ်လို့ အဓိပ္ပာယ်ဖွင့်လို့မရပါဘူး။ ဒီလိုပြောလိုက်လို့ နည်းနည်းတော့ အောက်သွားလိမ့်မယ်။ သူပျော်နေလို့လည်း ဖြစ်မှာပေါ့။ ဒါပေမယ့် သင့်ရဲ့တချို့ပုံတွေ သူတကယ်သဘောကျနေတာတွေလည်း ရှိပါတယ်ဆိုတာ သတိရစေချင်ပါတယ်။

ခံစားချက်ကို ကိုယ်စားပြုတဲ့ သင်္ကေတလေးတွေကို အရမ်းအသုံးပြုခြင်း။

မိန်းကလေးတွေကတော့ သုံးရတာနှစ်သက်ပေမယ့် ယောင်္ကျားလေးတွေကတော့ သိပ်သဘောမကျတတ်ကြပါဘူး။ သင် လိုတာထက်ပိုသုံးတယ်ဆိုရင်တော့ တစ်ဖက်လူက ဒါမရင့်ကျက်တဲ့အပြုအမူ ဒါမှမဟုတ် သင်ချစ်စရာကောင်းအောင် တော်တော်ကြိုးစားနေတဲ့ပုံပဲ ဆိုပြီးတော့ ယူဆသွားနိုင်ပါတယ်။ တခါတလေတော့သုံးပါ…. အလွန်အကျွံမသုံးမိပါစေနဲ့ပေါ့။

မသေချာမစစ်ပဲ စာပို့လိုက်တာမျိုး။

သင်အလျင်လိုနေတဲ့အချိန်မျိုးမှာဆိုရင် ပထမစာလုံးတူတဲ့ နာမည်တွေဆီကို စာမှားပြီးပို့နိုင်ပါတယ်။ ပို့မိရင်တော့ ရှက်စရာကောင်းပါတယ်။ ဒါကြောင့် စာမပို့ခင်မှာ ဘယ်သူ့ဆီပို့နေလဲ ဘယ်လိုစာမျိုးလဲဆိုတာ သေချာစစ်ဆေးပြီးမှ ပို့ပါ။

ကိုယ့်အတွင်းကိစ္စနဲ့ပတ်သတ်ရင် စည်းကမ်းရှိပါ။

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ သင့်ရဲ့ဟာသရိုက်ထားတဲ့ပုံတွေကို သူ့သူငယ်ချင်း တစ်ယောက်ယောက်ကို သူပြကောင်းပြနိုင်ပါတယ်။ ဒါကြောင့် သူနဲ့ပတ်သတ်တဲ့ သူငယ်ချင်းတွေကြား မပျံ့စေချင်တဲ့ အကြောင်းတွေရှိရင် သူ့ကို မပို့ပါနဲ့။

SMS နဲ့ပဲစကားပြောခြင်း။

စာလေးတွေနဲ့ ချစ်စကားဖလှယ်ရတာလည်း ရင်ခုန်ဖို့ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဒီစာလုံးတွေဟာ လူချင်းချိန်းတွေ့ဖို့ အစီအစဉ်ချပေးတဲ့ စာတိုလေးတွေဆိုတာကို သတိရစေချင်ပါတယ်။ ဆိုလိုချင်တာကတော့ သင်တို့ချိန်းတွေ့တဲ့အချိန်မှာ စာမှာသုံးတဲ့စကားလုံးနဲ့ အပြင်မှာ ပြောတဲ့စကားလုံး ကွာခြားနေတာမျိုးပေါ့။ လူတစ်ယောက် အတွင်းနဲ့အပြင် ကွာခြားလွန်းတာကလည်း မကောင်းပါဘူး။

အားရပါးရ ဖုန်းကို Scroll လုပ်တယ်ဆိုရင်…

Touch-screen ဖုန်းတွေမှာဆို အဖြစ်များပါတယ်။ အောက်ကစာတွေကို ဖတ်ချင်လို့ အပေါ်ကို ဆွဲတင်နေတုန်း လက်လွန်သွားပြီး Like သွားနှိပ်မိတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖုန်းအထိအတွေ့မှာ သတိထားပါ။

ပုံတွေတင်တဲ့အခါမှာ


ကိုယ့်ချစ်သူ သဝန်တိုသွားအောင် ဆိုပြီးတော့ အပြင်မှာရိုက်ထားတဲ့ပုံတွေကို တင်တာမျိုးမလုပ်သင့်ပါဘူး။ သူတကယ်လို့ စိတ်တိုသွားပြီး ပြဿနာဖြစ်လာမှ ဒုက္ခရောက်သွားနိုင်ပါတယ်။

ကိုယ့်အလှအပကိုအလေးပေးပြီးရိုက်ထားတဲ့ပုံများနေရင်….

ကိုယ့်ကိုယ်ကို သဘောကျတာက ကောင်းပါတယ်… ဒါပေမယ့် ကိုယ့်အလှအပကို အလေးပေးပြီး ရိုက်ထားတဲ့ ချစ်စရာပုံတွေ အင်တာနက်ပေါ် Post တာများနေတာမျိုးက မကောင်းပါဘူး (အထူးသဖြင့် ကောင်းလေးတွေကို စိတ်ပျက်လွယ်စေပါတယ်)။ အလှရိုက်ထားတဲ့ပုံတွေ Post လုပ်တာကို ခဏရပ်ထားပြီးတော့ အခြား သူငယ်ချင်းတွေနဲ့ အပျော်ရိုက်ထားတဲ့ ကြည့်လို့ကောင်းတဲ့ပုံတွေကို တင်လိုက်ပါ။

သင်တို့ရန်ဖြစ်နေတဲ့အကြောင်း အားလုံးသိအောင် ဖြန့်ချလိုက်ပြီဆိုရင်…

သင့်ချစ်သူအပေါ် စိတ်ဆိုးတယ်ဆိုရင် အွန်လိုင်းပေါ် Post လုပ်ပြီး ပေါက်ကွဲတာမျိုး မလုပ်ပါနဲ့။ သင်တို့ ရန်ဖြစ်ရခြင်း အသေးစိတ်အကြောင်းကို တစ်ကမ္ဘာလုံး အသိပေးချင်တယ်ဆိုရင်တော့ ဒီနည်းကတော့ အကောင်းဆုံးပေါ့။

Credit : Trend Myanmar

Original link - http://www.achitabout.ga/#sthash.ILT6T3oh.dpuf

Read More »

Monday, July 27, 2015

ဖုန်းစွဲနေ သူများ အတွက် အကူအညီ




ဒီနေ့ခေတ် လူပေါင်း များစွာလိုပဲ Susan Butterက သူ့ရဲ့စမတ် ဖုန်းကို အချိန် ကြာမြင့်စွာ ကြည့်နေလေ့ ရှိပါတယ်။ လူအများ စုနဲ့ မတူ တာက သူဟာ ဒီပြဿနာ အတွက် ကိုင်တွယ် ဖြေရှင်းဖို့ ကြိုးစားတယ်။ ဖုန်းကို လူနဲ့ ဝေးရာမှာ ထားပြီး စိတ်အေး ချမ်းသာမှု ရစေမယ်လို့ ကတိ ပြု ထားတဲ့ Ringly ကုမ်္ပဏီက ၁၉၅ ဒေါ်လာတန် လက်စွပ်ကို ၀ယ်ယူ ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

Ringly က ဒီကိစ္စ အတွက် သူ့ရဲ့လက်စွပ် တွေကို စမတ်ဖုန်း filter နဲ့ ချိတ်ဆက် ထားခြင်း အားဖြင့် ပြုလုပ် ပါတယ်။ ကလေးထိန်း ဆီက text messages တွေလို အရေး ကြီးတဲ့ သတိပေး မှုတွေကို ခွင့်ပြုပြီး လက်စွပ်ကို မီးလင်း၊ တုန်ခါစေတဲ့ အခါ Gmail နဲ့ Facebook Notification တွေကို အသံတိတ် ပေးပါတယ်။ “ဒါက ကျွန်မ ရဲ့ဖုန်းနဲ့ ကျွန်မရဲ့လက်ကို အနည်းငယ် အလှမ်းဝေးအောင် ထိန်းသိမ်း ပေးထား မယ်လို့ မျှော်လင့် ရပါတယ်”” လို့ လုပ် ငန်းငယ်လေး တွေအတွက် နည်းပညာ အတိုင်ပင်ခံ Butter က ပြော ပါတယ်။

လက်ကိုင်ဖုန်း တွေက လူတွေရဲ့ ဘ၀ကို ယခုလို လျှင်မြန်စွာနဲ့ ကြီး စိုး သိမ်းပိုက် သွားတဲ့ အခါ ဒီနည်း ပညာက နှိုင်းရ သဘောအားဖြင့် အသစ် ဖြစ်နေ သေးတယ် ဆိုတာ အလွယ် တကူမေ့လျော့ သွားနိုင် ပါတယ်။ ပထမဆုံး iPhone က လွန်ခဲ့တဲ့ ရှစ်နှစ် ကမှ ထွက်ရှိ ခဲ့တာဖြစ်ပြီး ယခုအခါ မှာတော့ အမေရိကန် လူဦးရေရဲ့ တစ်ဝက် ကျော်ကျော်က စမတ်ဖုန်း တစ်လုံး ပိုင်ဆိုင်နေ ကြပါပြီ။ ဒါပေမယ့် လူတွေက မိုဘိုင်းလ် screen ကို ကြည့်ရှုရင်း အချိန်ကုန် ဆုံးစေတဲ့ အတိုင်း အတာ တစ်နေ့ကို သုံးနာရီ နီးနီးရောက်နှင့် ပြီးနေပါပြီ။ ဒါက သူတို့ ဖုန်းပေါ်မှာ အမှန်တ ကယ် စကားပြောတဲ့ အချိန် မပါသေး ပါဘူး။

မကြာသေးခင်က Bank of Ameraica ကပြုလုပ်ခဲ့တဲ့ လေ့လာချက် စစ်တမ်းအရ ဖြေကြားသူတွေရဲ့ သုံးပုံတစ်ပုံဟာ သူတို့ရဲ့စမတ်ဖုန်းတွေ အမြဲမပြတ်စစ်ဆေးနေကြတယ်လို့ ပြောပါတယ်။ သုံးပုံနှစ်ပုံကျော် ကျော်က သူတို့ရဲ့အိပ်ရာဘေးကို စမတ်ဖုန်းယူဆောင်အိပ်စက်တယ်လို့ ဖြေကြားပါတယ်။ ဒီလိုမျိုးအကျင့်ဆိုးတွေကို လျှော့ချပယ်ဖျောက်နိုင် ဖို့ လူတွေကိုကူညီခြင်းအားဖြင့် ရလာနိုင်တဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အခွင့်အရေးတွေကို ကုမ်္ပဏီအသစ်တွေက မြင်လာကြပါတယ်။

“နည်းပညာရဲ့ ဆင့်ကဲတိုးတက်ဖွံ့ဖြိုးမှုနှုန်းက အရမ်းကိုလျင်မြန် တာကြောင့် ထိန်းချုပ်လိုမရနိုင်အောင် ဖြစ်လာတယ်။ ဒါက လူတွေရဲ့ ဘ၀တွေအပေါ် ဘယ်လိုရိုက်ခတ်လာမလဲဆိုတာ မစဉ်းစားဘဲ မနေ နိုင်အောင်ဖြစ်လာကြတယ်”လို့ ဗြိတိသျှက Kovert ကို ထူထောင်သူ Kate Unsworth ကပြောပါတယ်။ ဒီကုမ်္ပဏီကလည်း အရေးအကြီး ဆုံး ကိစ်္စတွေကလွဲလို့ ကျန်တာအားလုံးစစ်ချဖယ်ထုတ်ပေးတဲ့ အဆင့် မြင့်နည်းပညာသုံး လက်ဝတ်ရတနာတွေပြုလုပ်ပါတယ်။

ဒီစိတ်အာရုံအနှောက်အယှက်တွေကို လျှော့ချပေးတဲ့ ထုတ်ကုန် ပစ္စည်းများစွာဟာ ကြီးထွားလာနေတဲ့ “၀တ်ဆင်နိုင်တဲ့ နည်းပညာ” နယ်ပယ်အထဲမှာ ရှိပါတယ်။ Apple Watch လို Smartwatches တွေက ဖုန်းကိုစစ်ဆေးကြည့်ရှုတာထက် တစ်ချက်စောင်းငဲ့ကြည့်ဖို့ ရာကို အားပေးဖို့ ဒီဇိုင်းဆင်ထားတယ်။ ပြီးခဲ့တဲ့လကတော့ Google ရဲ့ နာမည်ကျော်ဂျင်းအ၀တ်အထည် ကုမ္ပဏီ Levi တို့ကလူတွေ အနေနဲ့ ဂျက်ကက်အင်္ကျီလက်ကောက်ဝတ်ကို ယမ်းလိုက်တာနဲ့မြည် နေတဲ့ဖုန်းကိုပိတ်ပေးမယ့် အဆင့်မြင့်နည်းပညာသုံး အ၀တ်အထည် တွေအတွက် အစီအမံကိုကြေညာခဲ့တယ်။

“ကျွန်တော်တို့ နှစ်သက်မြတ်နိုးပြီးသား အ၀တ်အထည်တွေက ဒီနေ့ခေတ် ဒစ်ဂျစ်တယ်ကမ်္ဘာကြီးမှာ အကောင်းဆုံးနဲ့ အလိုအပ်ဆုံး အရာတွေထောက်ပံ့ပေးနိုင်ဖို့ အခွင့်အလမ်းရှိလာမယ်ဆိုရင် ကျွန်တော် တို့နဲ့ ညစာအတူစားနေတဲ့သူတွေနဲ့ မျက်လုံးချင်းဆုံတွေ့မှုကို ဆက် ထိန်းထားနိုင်မယ်ဆိုရင် ဒါက တကယ့်စစ်မှန်တဲ့ တန်ဖိုးဖြစ်လာမှာပါ” လို့ Levi ရဲ့ ကမ္ဘာလုံးဆိုင်ရာထုတ်ကုန် ဆန်းသစ်တီထွင်မှု ဌာနအကြီး အကဲ Paul Dillinger က ပြောပါတယ်။

Offtime လို့ခေါ်တဲ့ application က သုံးစွဲသူအနေနဲ့ သူတို့ အလွန်အကျွံအသုံးပြုတဲ့ app တွေရယူသုံးစွဲမှုကို ကန့်သတ်ပြီး သူတို့ ရဲ့ဖုန်းအပေါ်အချိန်ဘယ်လောက်ကြာကြာ သုံးစွဲတယ်ဆိုတာ အချိန် ဇယား chart ဆွဲပေးပါတယ်။ Moment လို့ခေါ်တဲ့ အခြား app ကတော့ ဖုန်းသုံးစွဲမှုနှုန်းကို မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဝေမျှပြီး ဘယ်သူကဖုန်းကို အချိန်အနည်းဆုံးသုံးသလဲဆိုတဲ့ ကစားပွဲကိုယှဉ် ပြိုင်ဖို့ အားပေးပါတယ်။ ပြီးတော့ မကြာသေးခင်က နယူးယောက်မြို့ က ဒီဇိုင်နာက Light Phone လို့ခေါ်တဲ့ ပရောဂျက်ပြုလုပ်ဖို့ အများ ပြည်သူရန်ပုံငွေစုဆောင်းမှု အောင်မြင်ပြီးစီးခဲ့တယ်။ ဒီအကြွေးဝယ် ကတ်အရွယ်ဖုန်းက ဖုန်းလက်ခံတာနဲ့ခေါ်ဆိုတာကလွဲလို့ ကျန်တဲ့ဘာမှ မလုပ်ဘဲ ဖြစ်နိုင်သမျှအနည်းဆုံးသာ သုံးစွဲဖို့ ဒီဇိုင်းဆင်ထားပါတယ်။

အထူးခြားဆုံးဖြစ်ကောင်းဖြစ်နိုင်တာက NoPhone ပါ။ ၁၂ ဒေါ် လာတန်ပလပ်စတစ်တုံးက စမတ်ဖုန်းတစ်လုံးနဲ့တူပေမယ့် ဘာဆိုဘာမှ ကိုပြုလုပ်မပေးပါဘူး။ ဒီပစ္စည်းကို ဖန်တီးတဲ့ နယူယောက်ကြော်ငြာ အေဂျင်စီက art director Van Gould က NoPhone ကို လုံးရေ ၃,၂၀၀ နီးနီး ရောင်းရပြီးပြီလို့ ဆိုပါတယ်။ သူက ဒါကိုဖုန်းစွဲလမ်းမှု ကို ပယ်ဖျောက်ချင်ပေမယ့် လက်ထဲတစ်ခုခုကိုင်မထားရဘဲ အိမ်က ထွက်ခွာလာရမှာကို ကြောက်လန့်နေသူတွေအတွက် အသုံးဝင်မယ့် ပစ္စည်းအဖြစ် ဈေးကွက်တင်ခဲ့ပါတယ်။ များစွာသောသူတွေကတော့ ဒီလိုမျိုး ပစ္စည်းကိုထုတ်လုပ်သူတွေကိုရော ၀ယ်ယူသူတွေကိုပါ ရယ်စ ရာအဖြစ်ရှုမြင်ကြမှာ မလွဲပါဘူး။ ဒါပေမယ့် “လူအများစုကတော့ ဖုန်းစွဲလမ်းမှုဟာ တကယ်ရှိတဲ့အရာလို့မထင်ကြဘူး။ နောက်တော့ မိတ်ဆွေအပေါင်းအသင်းတွေအပေါ် အလေးထားမှုတွေ ပျက်ယွင်းမှာ စိုးလို့ ပလပ်စတစ်စတွေ ၀ယ်ယူလာရတဲ့အထိ မျက်ကလူးဆန်ပြာဖြစ် လာမယ်လို့ Gould က ပြောပါတယ်။

ဆန်ဖရန်စစ္စကိုမြို့ University of California က အာရုံကြော ပညာရှင်နဲ့ ပါမောက္ခဖြစ်သူ Adam Gazzaley က “လူတွေက ဒီနည်း ပညာကို နှစ်သက်မြတ်နိုးပါတယ်။ ဒါပေမယ့် ပေးဆပ်ရမှုတွေရှိနေသလိုပဲ။ သမီးရည်းစား၊ လင်မယားဆက်ဆံရေးပဲဖြစ်ဖြစ်၊ အလုပ်အတွက် ပဲဖြစ်ဖြစ်၊ ကားမောင်းရင်းစာရိုက်လို့ ဘေးကင်းလုံခြုံရေးအတွက်ပဲဖြစ် ဖြစ် ထိခိုက်မှုတွေဖြစ်လာနိုင်တယ်လို့ စပြီးပြောလာတဲ့သူတွေများလာ တယ်”” လို့ ပြောပါတယ်။

Apple မတိုင်ခင်နေ့ရက်တွေတုန်းက လူတွေဟာ သူတို့လိုချင် တာကို အွန်လိုင်းအပေါ်ကရှာပါတယ်။ ပြီးတော့ ဒီလောက်နဲ့တင် ပြီးသွားပါတယ်။ ဒါပေမယ့်အခုတော့ အင်တာနက်က ရွှေ့ပြောင်းနိုင် တဲ့ မိုဘိုင်းလ်ကိရိယာပုံစံပိုဖြစ်လာတဲ့အခါ ကုမ်္ပဏီတွေက အသုံးပြု သူတွေရဲ့ နောက်ကြောင်းရာဇ၀င်နဲ့ ကြိုက်နှစ်သက်မှုတွေ ခြေရာခံ လိုက်ဖို့ပိုပြီး အဆင့်မြင့်စွမ်းဆောင်နိုင်လာတယ်။ ဒီအခါမှာ နည်းပညာက Google ရှာဖွေမှုကနေ လူတွေဘက်က “ဆွဲယူ” မှုပုံစံမျိုးဆက်ဖြစ် မနေတော့ပါဘူး။ အဲဒီအစား လူတွေဘက် “တွန်းပို့” တဲ့ပုံစံပိုဖြစ်လာ ပါတယ်။ စမတ်ဖုန်း notification တွေဟာ ဖုန်းတွေကို မီးလင်းပြီး အသံမြည်စေတဲ့အတွက် သတိမထားမိဘဲ နေနိုင်မှာမဟုတ်လို့ပါပဲ။

အချို့သောထုတ်ကုန်တွေက မျှခြေတစ်ခုကိုရှာတွေ့ဖို့ကြိုးစား နေပါတယ်။ ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက်တစ်မျိုးဖြစ်တဲ့ Google Now လိုမျိုးဖြစ်ပါတယ်။ ဒီ app က တည်နေရာLocation, Gamil နဲ့ ရှာဖွေကြည့်ရှုမှု activity တွေအသုံးပြုပြီး user က နောက်ဆက်ပြီးဘာကို လိုချင်မလဲဆိုတာ ခန့်မှန်းချက်ထုတ်ပါတယ်။ ဒီစိတ်ကူးအိုင်ဒီယာက လိုအပ်တဲ့အချိန်ကျမှ ကြားဝင်နှောက်ယှက်ဖို့ ဖြစ်ပါတယ်။ “ကျွန်တော်က ကျွန်တော့်ကလေးရဲ့မွေးနေ့ကို မေ့တော့ မလိုဖြစ်နေပြီး အဲဒီအတွက် တစ်ခုခုမလုပ်ဘဲနေတဲ့အခါ ဖုန်းက သတိ ပြုမိလောက်အောင် အသည်းအသန်သတိပေးတာမျိုး ကျွန်တော်လို ချင်ပါတယ်” လို့ Google ရဲ့ Senior vice president of product ဖြစ်သူ Sundar Pichai က ပြောပါတယ်။

ဒါက စီးပွားရေးလုပ်ငန်းအပိုင်းအရ အဓိပ္ပါယ်ရှိပါတယ်။ အသုံး ပြုသူတွေရဲ့ဘ၀အထဲ Google က မွှေနှောက်ရှာဖွေတာကို လူတွေက ပိုပြီးယုံကြည်လာလေလေ သူတို့က Google Calendar နဲ့ Gmail app တွေပိုတိုးပြီး သုံးလာလေလေပါပဲ။ ပြီးတော့ Google ကသူ့ရဲ့ user တွေအကြောင်းကို ပိုပြီးနားလည်လာတဲ့အခါ သူ့ရဲ့ ကြော်ငြာတင်ဆက်မှု advertising engine ကို ပိုပြီးအနုစိတ်ချိန်ညှိလာနိုင်မှာဖြစ် ပါတယ်။

Pichai ရဲ့ တွေးခေါ်စဉ်းစားပုံက လူတွေကို ရွေးချယ်စရာတွေ အများကြီးပေးထားပြီး သူတို့ဘာသာသူတို့ တွက်ချက်ရွေးထုတ်နိုင်ဖို့ ပါပဲ။ “ကျွန်တော်တို့က user တွေကို အမှန်တကယ်ဗဟိုပြုတဲ့ ထုတ်ကုန်ပစ္စည်းတွေ ဒီဇိုင်းဆင်ဖို့လိုပါတယ်။ ပြီးတော့ user တွေအနေနဲ့ သူတို့ရဲ့ ဘ၀တွေကိုသူတို့ဘာသာ ရွေးချယ်ရှင်သန်ဖို့ ခြားထားတဲ့ မျဉ်းလိုင်းတစ်ခုရှိနေပါတယ်။ ဒါက သူတို့ရဲ့ရွေးချယ်မှုအရာသာဖြစ်ပြီး ဆုံးဖြတ်ချက်တွေချမှတ်ညွှန်ကြားတဲ့ ပုံစံမျိုးမဖြစ်ဘဲ ဂရုစိုက်ချင်ပါ တယ်’’ လို့ Pichai က ပြောတယ်။

ဒါပေမယ့် စမတ်ဖုန်းတွေဟာ လူသားတွေရဲ့အခြေခံအကျဆုံး လှုံ့ဆော်မှုတွန်းအားနှစ်ခုအတွက် အကြီးအကျယ်ဖြေသိမ့်ပေးတဲ့ နည်းလမ်းဖြစ်တယ်လို့ University of Kansas က စိတ်ပညာ ပါမောက္ခ Paul Atchley က ပြောပါတယ်။ စိတ်အာရုံပျံ့ လွင့်နစ်မျော စရာ အသစ်အဆန်းနဲ့ စိတ်ဝင်စားစရာတွေ ရှာတွေ့ဖို့ရှာပုံတော် ခရီးနဲ့ လုပ်ငန်းတာဝန်တွေ အပြီးသတ်ဖို့ စစ်ဆေးပြီးကြောင်း သေချာစေချင် တဲ့ စိတ်ဆန္ဒတွေဖြစ်ပါတယ်။

“ဒီကိရိယာတွေနဲ့အတူ ကျွန်တော်တို့ကဖြစ်မြောက်ပြီးစီးမှုရဲ့ စိတ်ကျေနပ်မှုသဘောကို တစ်မိနစ်အတွင်း အကြိမ်များစွာခံစားရနိုင်ပါတယ်။ ဦးနှောက်က ဒါကိုပဲပြုလုပ်ဖို့အသားကျသွားအောင် အမှန်တ ကယ်ပြုပြင်ခံရသလိုဖြစ်သွားပါတယ်။ ဆန်းသစ်ထူးခြားမှုတွေအဆက် မပြတ်ရှာဖွေနေရင်းက ဖုန်းကိုအောက်သို့ချထားဖို့ရာ ခက်ခဲအောင် လုပ်နေတယ်” လို့ သူကပြောတယ်။

ဒီဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ Butter ဟာ အခြားများစွာ သော သူတွေမှာလည်းဖြစ်နေတဲ့ ဆရာဝန်ရဲ့တွေ့ဆုံအပြီး ထွက်လာ တဲ့အခါ လူမှုမီဒီယာတွေက နောက်ဆုံးအခြေအနေ update တွေ အသားငမ်းငမ်းဖြစ်နေကြောင်း တွေ့လာရတယ်။ သူဟာ ၀က်ဘ်ဆိုက် တစ်ခုကိုဖွင့်၊ ပြန်ပိတ်၊ ပြီးတော့ အသစ်တစ်ခုခုပေါ်လာမလား မျှော်လင့်ချက်နဲ့ ချက်ချင်းပြန်ဖွင့်အောင် တစာစာလုပ်နေတဲ့အကျင့်လည်း ရှိနေပါသေးတယ်။ စွဲနေတာဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဒီအခြေအနေနဲ့တင် သူ့အနေနဲ့ Ringly ဆီက အကူအညီကိုရှာဖွေ ဖို့ လုံလောက်တဲ့တွန်းအားရှိသွားပါတယ်။

စိတ်ပညာ ပါမောက္ခ Atchley ကတော့ သံသယရှိနေပါတယ်။ “စွဲလမ်းမှုဆိုတာ ပြင်းထန်တဲ့တစ်ကိုယ်ရေကိစ္စဖြစ်ပါတယ်။ အောင်မြင်တဲ့ ကုသဖြေရှင်းမှုဆိုတာ ကျွန်တော်တို့ရဲ့ အတွင်းစိတ်မကောင်းဆိုး ၀ါးကို ထိန်းချုပ်နိုင်ဖို့အတွက်နဲ့ပဲ သက်ဆိုင်ပါတယ်။ Message ကို စစ်ချဖို့ ပြင်ပနည်းလမ်းတွေအားကိုးလို့မရဘူးလို့ သူက ပြောပါတယ်။ ဘ၀နေနည်းအပေါ် နည်းပညာနဲ့ကြီးစိုးကျွန်ပြုမှုကို တွန်းလှန်ဖို့က ခိုင်မာတဲ့စိတ်ဓာတ်ခွန်အားနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။

Written by Kyaw Zeya(MIT)

Myanmar DigitalLife Journal

Original link - https://www.facebook.com/MyanmarDigitalLife

Read More »

စမတ်ဖုန်း စွဲလမ်းမှု လက္ခဏာများ




Q. ကျွန်တော်ဟာ ဖုန်းကို လွန်လွန် ကဲကဲ အသုံး ပြုမိ နေတယ်လို့ ကိုယ့် ကိုယ်ကို သံသယ ရှိနေ ပါတယ်။ ဖုန်းကို အစွဲလွန် နေတယ်လို့ ပြသနေတဲ့ လက္ခဏာတွေ အကြောင်း ပညာရှင် တွေက ပြောထားတာ ရှိသလား သိချင် ပါတယ်။

A. စမတ်ဖုန်း တွေက ဘ၀ရဲ့အရေးကြီးတဲ့ အစိတ် အပိုင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းနဲ့ တက်ဘလက် အသုံးပြု မှုကို ကန့် သတ် သင့်တယ် ဆိုတဲ့ အချက်က ထင်ရှား လာပါတယ်။ ဖုန်းကို လွန်လွန် ကဲကဲ အသုံးပြု တာဟာ လူမှုရေးနဲ့ ကျန်းမာရေး ဖရိုဖရဲ ဖြစ်စေ နိုင်တယ်လို့ ယုံကြည် စရာဖြစ် လာတယ်။ အချိန် မလွန်ခင် ဖုန်းကို စွဲလမ်း နေပြီလား ဆိုတာ သိရအောင် အောက်ပါ အချက် (၁၀) ချက်နဲ့ တိုက်ဆိုင် စစ်ဆေး ကြည့်နို င်ပါတယ်။

၁ ။ ဖုန်းစွဲလမ်းနေတဲ့သူတွေဟာ သူတို့ရဲ့ဖုန်းကို နေရာအထား မှားပြီးဆိုတာရှာဖွေတွေ့ရှိတာနဲ့ ထိတ်ထိတ်ပျာပျာဖြစ်သွားကြတယ်။ ဖြစ်နိုင်သမျှ နေရာတိုင်းမှာလိုက်ရှာပြီး မတွေ့မချင်းရပ်နားမှာမဟုတ်ပါဘူး။ ရှာမတွေ့ဘူးဆိုရင် စိတ်ဓာတ်ကျနေပြီး အခြားသူတွေနဲ့ရက် အနည်းငယ်ကြာအောင် ခပ်ခွါခွါနေပါလိမ့်မယ်။

၂ ။ သူတို့က ဖုန်းကိုအိမ်မှာချန်ထားခဲ့မိရင် စိတ်ထဲဟာတာတာခံစားနေရမယ်။ အရေးကြီးတဲ့ကလေးငယ်ကို အစောင့်အရှောက်မရှိဘဲ အိမ်မှာချန်ထားခဲ့ရသလို ခံစားရမယ်။ သူတို့က အိမ်ကိုပြန်ဖုန်းကို ကောက်ယူပြီး notification တွေစစ်ဆေးဖို့ မစောင့်နိုင်အောင် ဖြစ်နေနိုင်တယ်။

၃ ။ အိပ်ရာကနိုးလာတာနဲ့ ဖုန်းကိုဘယ် လောက်မြန်ဆန်စွာနဲ့ စစ်ဆေးပါသလဲ။ လေ့လာ မှုအချို့က လူအများစုဟာ အိပ်ရာကနိုးပြီး တစ်နာရီအတွင်း သူတို့ဖုန်းကိုစစ်ဆေးကြတယ် လို့ဆိုပါတယ်။ အချို့ကိစ္စတွေမှာ လူတွေက အိပ် ရာကနေထဖို့ မနည်းလုပ်နေရတဲ့အချိန်မှာ အိပ်ချင်မူးတူးနဲ့ ဖုန်းကိုစစ်ဆေးကြတာတွေ့ရပါ တယ်။

၎ ။ အိမ်သာတက်တဲ့အခါ သတင်းစာအစား ဖုန်းကိုယူသွားပါသလား။ ဒီအချက်က အထက်ကိစ္စ အပေါ် အခြေခံပေမယ့် အနည်းငယ်ကွာခြားပါတယ်။ ဒီနေရာမှာ ထောက်ပြလိုတဲ့အချက်က သတင်းအတွက် တကယ့်သတင်းစာအစား ဖုန်းနဲ့တက်ဘလက်တွေ အသုံးပြု တာဖြစ်ပါတယ်။

၅ ။ ရေချိုးတဲ့နေရာ ဖုန်းကိုယူသွားပါသလား။ လူတွေက ရေလုံ water-proof cover တွေသုံးပြီး ဖုန်းတွေကို ရေပန်းဒါမှမဟုတ် ရေချိုးကန်ထဲ ယူဆောင်သွားကာ chatting နဲ့ အလားတူဆင်တူတာတွေ လုပ်တဲ့ကိစ္စတွေရှိနေပါတယ်။

၆ ။ Notification တွေအတွက် ဖုန်းကိုမကြာခဏ စစ်ဆေးနေပြီး ဘာတစ်ခုမှ မတွေ့ရတဲ့အခါ စိတ်ပျက်သွားတာ မျိုးဖြစ်လာလိမ့်မယ်။ လူတစ်ယောက်က ဖုန်းကိုလွန်လွန်ကဲကဲ စွဲနေပြီဆိုတာပြောနိုင်တဲ့ လက္ခဏာများစွာထဲကတစ်ခုက user ဟာ အပြင်မှာ ဘာပဲလုပ်နေနေ သူတို့ရဲ့ဖုန်းတွေနဲ့ အဆက်မပြတ်တုံ့ပြန် ဆက်သွယ်မှု လိုချင်နေတာပါပဲ။

၇ ။ ဒီတစ်ခုက အထက်ကအချက်ကိုချဲ့ထွင်ထားတာပါ။ သင်ဟာ လက်ရှိအချိန်မှာ စကားပြောစရာသက်ရှိထင်ရှား လူတစ်ယောက် ရှေ့မှာရှိနေတာတောင် texting and chatting တွေလုပ်ဆောင်နေ တုန်းပဲလား။ အခြားတနည်းပြောရရင် တကယ့်ပြင်ပလူတစ်ယောက်နဲ့ စကားပြောနေတဲ့အထိ ဖုန်းကိုဆက်ပြီး အသုံးပြုနေတုန်းပဲလား။

၈ ။ ယခုအခါမှာ ဖုန်းတွေနဲ့ယှဉ်ရင် ကွန်ပျူတာသုံးတဲ့အချိန်ပို နည်းလာသလား။ လူတွေကဖုန်းကို စွဲလမ်းလာတဲ့အခါ သူတို့က အရာ ကိစ်္စအားလုံးနီးပါးအတွက် ပုံမှန်ကွန်ပျူတာကနေ ဖုန်းတွေနဲ့တက်ဘ လက်တွေဆီက တဖြည်းဖြည်းရွှေ့ပြောင်းသုံးစွဲလာကြတယ်။ ၀က်ဘ် ဆိုက်တစ်ခုကို လည်ပတ်ကြည့်ရှုဖို့၊ မေးလ်စစ်တာ၊ chatting ပြော တာတွေနဲ့ အခြားကိစ်္စတွေအတွက်ဖြစ်ပါတယ်။ ပုံမှန်ကွန်ပျူတာအသုံး ချမှုအချိန် ရုတ်တရက်ကြီးကြီးမားမားကျဆင်းသွားမှုနဲ့ ဖုန်းတွေကို သုံးစွဲတဲ့အချိန်ကြာမြင့်လာမှုအပေါင်းအစပ်က ဖုန်းစွဲလမ်းမှုကိုညွန်ပြ နေပါတယ်။

၉ ။ Chat လုပ်တာ၊ စကားပြောတာ၊ Facebook လို social site တွေကြည့်တာတွေနဲ့ ညဥ့်နက်သွားတာမျိုးကြိမ်ရေဘယ်လောက် များများဖြစ်ဖူးပါသလဲ။ လက်ထဲမှာဖုန်းကိုင်းရင် ပြန်နိုးလာတာမျိုးဖြစ် ဖူးပါသလား။

၁၀။ နောက်ဆုံးအချက်ကတော့ နေ့တစ်နေ့ရဲ့အဆုံးမှာ ဘယ်လို ကုန်ဆုံးဖို့နှစ်သက်ပါလဲ။ ဖုန်းပေါ်မှာတစ်ခုခုလုပ်ရင်းအိပ်ရာထဲမှာ နေဖို့လား။ ဒါမှမဟုတ် မိသားစုနဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ကုန်ဆုံးစေဖို့လား။

Myanmar Digital Life Journal



by: Nyi Nyi

Original link - http://www.myanmardigitallife.com/?p=3958

Read More »

Friday, July 17, 2015

တစ်နေ့ကို စမတ်ဖုန်း ၆၈ မိနစ်ခန့် သုံးစွဲခြင်းဟာ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်စေနိုင်




စမတ်ဖုန်းတွေဟာ လူတွေကို စိတ်ဖိစီးမှု တွေဖြစ်ပေါ်အောင် ပြုလုပ်နေတယ်လို့ သုတေသန အသစ် တစ်ခုက ဖော်ပြလိုက်ပါတယ်။

ဖုန်းအသုံးပြုတဲ့ မိနစ် အရေအတွက် နဲ့ တည်နေရာကို ခြေရာခံကြည့်ခြင်းဟာ သုံးစွဲသူရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို သဲလွန်စ ပေးနိုင်ပါတယ်။ ဖုန်း သုံးစွဲချိန် များလေလေ ၊ ဖုန်းအသုံးပြုသူတွေမှာ စိတ်ဖိစီးမှု ဖြစ်ဖို့ အခွင့်အရေးပိုများလေလေ ပဲ ဖြစ်တယ်လို့ သုတေသီတွေက အခိုင်အမာဆိုကြပါတယ်။

သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့ကြတာကတော့ တစ်နေ့ကို ပျမ်းမျှအားဖြင့် စမတ်ဖုန်း ၆၈ မိနစ်ခန့် သုံးစွဲသူတွေဟာ စိတ်ဖိစီးမှု ကို ဖြစ်ပေါ်စေနိုင်ပြီး ၁၇ မိနစ် သာ သုံးမယ်ဆိုရင်တော့ ပျော်ရွှင်မှု တစ်ခုကို ဖန်တီးနိုင်လိမ့်မယ်ဆိုတာပါပဲ။

ဒါ့အပြင် GPS ခြေရာခံ စနစ်နဲ့ တိုင်းတာမှု အရလည်း မိမိနေအိမ်မှာပဲ စမတ်ဖုန်းသုံးစွဲသူတွေ အများစုဟာ စိတ်ဖိစီးမှု လက္ခဏာတွေကို ပိုမိုတွေ့မြင်ရပါတယ်။ အနာဂတ် ကာလတွေမှာလည်း စမတ်ဖုန်းတွေဟာ လူတွေရဲ့ စိတ်ဖိစီးမှုတွေကို စောင့်ကြည့်နိုင်ဖို့ အသုံးပြုလာဖွယ်ရာရှိနေပါတယ်။

လေ့လာမှု ပြုလုပ်တဲ့အခါမှာတော့ သုတေသီတွေဟာ အမျိုးသား နဲ့ အမျိုးသမီး ၂၈ ယောက်ရဲ့ ၂ ပတ်အတွင်း ဖုန်းအသုံးပြုနှုန်းနဲ့ အသုံးပြုတဲ့နေရာတွေကို စောင့်ကြည့်မှတ်တမ်းတင်ခဲ့ကြပါတယ်။ အဲဒီနောက် သူတို့ရဲ့ ၀မ်းနည်းမှု နဲ့ စိတ်ဖိစီးမှုတွေကို ၁ ကနေ ၁၀ အထိ အဆင့်သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီအခါမှာ မိမိနေအိမ်မှာပဲ စမတ်ဖုန်းသုံးစွဲမှု အများဆုံး သူတွေဟာ အားလုံးထဲမှာ ၀မ်းအနည်းဆုံး ၊ စိတ်အဖိစီးဆုံး လူသားတွေ ဖြစ်နေခဲ့ကြပါတယ်။

ဒါ့အပြင် စိတ်ဖိစီးမှု အများဆုံး သူတွေရဲ့ စမတ်ဖုန်း အသုံးပြုပုံတွေကို ထပ်မံ လေ့လာခဲ့တဲ့အခါမှာတော့ ထို စိတ်ဖိစီးမှု များသူတွေဟာ အင်တာနက်သုံးခြင်း နဲ့ ဂိမ်းကစားခြင်းတွေကို ဖုန်းပြောခြင်းထက်ပိုမို အသုံးပြုကြပြီး သူတို့ရဲ့ အဓိက စိတ်ဖိစီးရတဲ့ အကြောင်းအရင်းကတော့ သူတို့ဟာ အပြင်မထွက်ပဲ တစ်နေရာတည်းမှာပဲ ဖုန်းအသုံးပြုနေခြင်းကြောင့် တက်ကြွမှု မရှိတော့ပဲ စိတ်ဖိစီးရတာဖြစ်တယ်လို့ သုတေသီတွေက ရှင်းပြခဲ့ကြပါတယ်။

ထိုလေ့လာမှုကိုတော့ Medical Internet Research ဆိုတဲ့ ဂျာနယ်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

( Mario )

Original link - http://www.thithtoolwin.com/

Read More »

Monday, July 13, 2015

ဒီနေ့ပဲ စမ်းသပ် အသုံးပြု သင့်တဲ့ Android ရဲ့ စွမ်းဆောင်ချက် လေးခု


Android Phone တွေဟာ ဖုန်းပြောရုံ သက်သက် တီထွင် ပေးထားတာ မဟုတ်ပါဘူး။ စမတ်ဖုန်း တွေဟာ အရွယ်သေး အိတ်ဆောင် ကွန်ပြူတာတွေ ဖြစ်ကြ ပါတယ်။ ကွန်ပြူတာ တွေ ဖြစ်ကြတဲ့ အတွက် လျှို့ဝှက် နက်နဲတဲ့ စွမ်းဆောင်ချက် တွေလည်း ပါရှိလာ ကြပါတယ်။ အဲဒီ အထဲက လူတွေ သိပ်အသုံး မပြုမိတဲ့ အသုံးဝင်တဲ့ စွမ်းဆောင်ချက် တွေကို ရေးသားပေး လိုက်ပါတယ်။



၁။ လျှို့ဝှက် စွမ်းဆောင်ချက် တွေကို အသုံးပြုပါ။

Android Device တွေမှာ Developer Options ကို လျှို့ဝှက်စွာ ထည့်သွင်း ပေးထား ပါတယ်။ နာမည်ကြား ရင်တော့ အသုံးပြုရမှာ ကြောက်စရာ ဖြစ်ပေမယ့် အသုံးဝင်တဲ့ စွမ်းဆောင် ချက်တွေ ပါရှိ ပါတယ်။ Developer Options မှာ Animation တွေကို ပိတ်ခြင်းဖြင့် သင့်ရဲ့ ဖုန်းကို မြန်ဆန်အောင် လုပ်နိုင်ခြင်း၊ ဂိမ်း ကစားရာမှာ ဂရပ်ဖစ် စွမ်းရည်ကို မြှင့်တင် ပေးနိုင်ခြင်း၊ USB Debugging နဲ့ အခြား အသုံးဝင် စွမ်းဆောင် ချက်တွေ ပါရှိ ပါတယ်။

လျှို့ဝှက်ထားတဲ့ Developer Options ကို Enable လုပ်ဖို့ အတွက် Settings> About Phone ထဲသွားပြီး Build Number ကို ခုနစ်ချက် နှိပ်ပါ။ ဒါဆိုရင် Settings အောက်မှာ Developer Options ကို တွေ့မြင် အသုံးပြု နိုင်ပါပြီ။



၂။ သင့်ဖုန်းကို နှေးကွေး စေတဲ့ Apps များကို ရှာဖွေ ဖော်ထုတ်ပါ။

Process Stats ဟာ Developer Options ထဲမှ အကောင်းဆုံး စွမ်းဆောင်ချက် တွေထဲက တစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ Android Device မှ Running Processes တွေနဲ့ ပတ်သက်တဲ့ အခြေ အနေ အားလုံးကို ဖော်ပြ ပေးနိုင် ပါတယ်။ လက်ရှိမှာ Run နေတဲ့ Process အားလုံးကို ပြသပေးမှာ ဖြစ်ပါတယ်။ တစ်ခုချင်း စီကို နှိပ်ရင် RAM Usage , Run Time နဲ့ Running Processes List တို့ကို တွေ့နိုင် ပါတယ်။ RAM စားသုံးမှု များတဲ့ App တွေကို Force Stop လုပ်ခြင်းဖြင့် သင့်ရဲ့ ဖုန်းကို မြန်ဆန် စေမှာ ဖြစ်ပါတယ်။



၃။ မှန်ဘီလူးကို အသုံးပြုပါ။

Android ရဲ့ Accessibility Settings ထဲမှာ ရိုးရှင်းပြီး အသုံး ၀င်တဲ့ မှန်ဘီလူး စွမ်းဆောင်ချက် ပါရှိ ပါတယ်။ မှန်ဘီလူးကို On လုပ်ပြီးရင် ဖုန်းရဲ့ မည်သည့် စကရင်မှာ မဆို သုံးချက် နှိပ်လိုက် တာနဲ့ Zoom In လုပ်ပေးမှာ ဖြစ်ပါတယ်။ သုံးချက် နှိပ်ပြီး နောက်ဆုံး အချက်မှာ ဖိထားရင် ခဏတာ Zoom လုပ်ပေးပြီး ဖိထားတာကိုလွှတ်လိုက်ရင် နဂိုအတိုင်း ပြန်မြင် ရမှာပါ။ သာမာန် အတိုင်း သုံးချက် နှိပ်ရင်တော့ Magnification Mode ကို ပြောင်းပေးမှာပါ။ Magnification Mode ကနေ ထွက်ဖို့ သုံးချက် ပြန်နှိပ် ပေးပါ။ Magnification Mode မှာ နေရာ ပြောင်းရွှေ့ကြည့်ရှုဖို့ လက်ချောင်း နှစ်ချောင်းကို ပွတ်ဆွဲရမှာ ဖြစ်ပါတယ်။

Settings> Accessibility > Magnification gestures (Or) Settings > Accessibility > Vision > Touch Zoom ထဲကနေ မှန်ဘီလူးကို အသုံးပြု နိုင်ပါတယ်။



၎။ ဖုန်းကို စာတွေ ဖတ်ခိုင်းပါ။

Text-to-Speech လို့ ခေါ်တဲ့ စာသားတွေကို အသံထွက် ဖတ်ပြ ပေးတဲ့ စွမ်းဆောင်ချက် ကိုလည်း လူသိနည်း ကြပါတယ်။ Settings > Accessibility > Text-to-Speech Output ထဲသွားပြီး နှစ်သက်ရာ TTS Engine ကို ရွေးပေးပါ။ Engine ရဲ့ Settings ထဲသွားပြီး Language ကို ရွေးပေးနိုင် ပါတယ်။ ပြီးရင်တော့ TTS ကို အထောက် အပံ့ပေးတဲ့ App များမှာ စာတွေကို အသံထွက် ဖတ်ပြ ခိုင်းနိုင် ပါတယ်။

ဥပမာအားဖြင့် Pocket မှာ သိမ်းထားတဲ့ အင်တာနက်မှ ဆောင်းပါးတွေကို အသံထွက် ဖတ်ပြ ခိုင်းနိုင် ပါတယ်။



Original link - http://www.myanmardigitallife.com/?p=3811

Read More »

Friday, July 10, 2015

amsung Galaxy Tab A 8.0 ရဲ့ အားနည်းချက် ၊ အားသာချက် ၊ သုံးသပ်ချက်




တန်ဖိုး - ကန်ဒေါ်လာ ၁၉၉

အားသာချက်
Premium App တွေထည့်သွင်းပေးထားပြီး ဈေးနှုန်းပိုင်းလည်း မျှတအောင် စီစဉ်ပေးထားတဲ့ Tablet အမျိုးအစားတစ်ခုဖြစ်ပြီး microSD Card ကို 128GB အထိ ထည့်သွင်းအသုံးပြုနိုင်စေရန် စီစဉ်ပေး ထားတဲ့ tablet အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။

အားနည်းချက်
အသံပိုင်းမှာ စပီကာတစ်လုံးတည်း အသုံးပြုထားတဲ့အတွက် အသံပိုင်းမှာ အနည်းငယ် အားရ ဖွယ် ရှိမှာမဟုတ်သလို ပလတ်စတစ်ကိုယ်ထည်နဲ့ တည်ဆောက်ထားတဲ့အတွက် ဈေးပေါတယ်လို့ ခံစားမှု ရှိစေမှာဖြစ်ပါတယ်။

သုံးသပ်ချက်
ဈေးနှုန်းမျှတပြီး ၈ လက်မ အရွယ်အစားရှိတဲ့ tablet တစ်ခုဖြစ်တဲ့အတွက် သုံးစွဲသူတွေ စိတ်တိုင်းကျစေမယ့် tablet တစ်လုံးလည်း ဖြစ်ပါတယ်။ ပါးလွှာတဲ့ ဒီဇိုင်းပုံစံနဲ့ ဖွဲ့စည်းထားတာကို တွေ့မြင်ရ မှာဖြစ်ပြီး ကင်မရာပိုင်းကလည်း ဓာတ်ပုံရိုက်ဝါသနာပါသူများအတွက် နှစ်သက်စေမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်
Quad Core Processor ကို အသုံးပြုထားပြီး၊ Processor ရဲ့ အမြန်နှုန်းကတော့ 1.2 GHz ရှိမှာ ဖြစ်ပါတယ်။ RAM ကို 1.5GB ထည့်သွင်းပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 16GB ပမာဏရှိတဲ့ Storage ပါဝင်မှာဖြစ်ပါတယ်။

Tablet ကို အသုံးပြုနိုင်ဖို့အတွက် အသုံးပြုထားတဲ့ System ကတော့ Android 5.0 Version ကို အသုံးပြုထားပြီး Display Screen မှာ TFT capacitive Touchscreen ကို အသုံးပြုထားပါတယ်။

Resolution ကတော့ 1024 x 768 resolution ရှိမှာ ဖြစ်ပါတယ်။ Screen အရွယ်အစားမှာ ၈လက်မ ခန့်ရှိမှာဖြစ်ပြီး အသံပိုင်းမှာတော့ စပီကာတစ်လုံးတည်းကိုသာ အသုံးပြုထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာလည်း rear camera မှာ 5 Megapixels ရှိမှာဖြစ်ပြီး Front Camera ကတော့ 2 Megapixels ရှိမှာဖြစ်ပါတယ်။ ဘက်ထရီကို Li-lon အသုံးပြုထားပါတယ်။ ဘက်ထရီရဲ့ သိပ်သည်းဆကတော့ 4200mAh ရှိမှာဖြစ်ပါတယ်။

ဒီဇိုင်း
microSD Card ထည့်သွင်းတဲ့ Slot ကို ညာဘက်အခြမ်းဘောင်ဘေးမှာ ထည့်သွင်းထားပြီး USB Port, Microphone Jack Pin နဲ့ စပီကာတို့ကို tablet ရဲ့ အောက်ခြေမှာ ထည့်သွင်းပေးထားတာ ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Ref : CNET

Internet Journal

Original link - http://www.facebook.com/InternetJournal

Read More »

Monday, July 06, 2015

မိုဘိုင်းဖုန်း အသုံးပြုလျှင် သတိထားရန် အချက်များ




ယနေ့ ခေတ်မှာ လူတော်တော် များများ ဟန်းဖုန်း ကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေး ဗဟုသုတ အချို့  မျှဝေ လိုက်ပါတယ်။

မိုဘိုင်းဖုန်းကို အိပ်ယာဘေး ထားမအိပ် ပါနှင့်

ဆဲလ်ဖုန်းကို အိပ်ယာဘေးထား မအိပ်သင့်ပါဘူး။ ဖုန်းက ထွက်လာတဲ့ ရေဒီယို လိုင်းများက ဦးနှောက်ကို ထိခိုက် စေပါတယ်။ အကျိုးဆက် များကတော့ - skin rashes-အရေပြား အနီကွက် ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်း ကိုက်ခြင်း) , skin irritation (အရေပြား ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံ စူးစိုက်မှု နည်းခြင်း), fatigue (ပင်ပန်းနွမ်းနယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖု ထခြင်း), indigestion reddening of skin (အရေပြားမှ ရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။

ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်

မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာ ဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မား ပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေ ပြောရမယ် ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်း ပြောပြီး ဖုန်းချ သင့်ပါတယ်။ အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်း အသက် ၁၆ နှစ်အောက် ကလေးငယ်များ အနေနဲ့ မိုဘိုင်းဖုန်း အသုံး မပြုသင့် သေးပါဘူး။ သူတို့ရဲ့  ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာ ဖြစ်ပြီး ဦးခေါင်းခွံ ပါးနေ ပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန် လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။

မိုဘိုင်းဖုန်းကို ဘောင်းဘီ အိပ်ထဲ မထည့်ပါနှင့်

မိုဘိုင်းဖုန်းကို ဘောင်းဘီ အိတ်ကပ် ထည့်တဲ့ အလေ့ အကျင့်ရှိရင် ရှောင်ရှား စေလိုပါတယ်။ ရေဒီယို လှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့ အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ် တွေကို သေစေပြီး ကလေး မရနိုင်တဲ့ အမြုံ ဖြစ်စေနိုင် ပါတယ်။

မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီ ဆိုင်များ အတွင်း အသုံးမပြုပါနှင့်

ဒါက အင်မတန် အရေးကြီး ပါတယ်။ နိုင်ငံတကာ ကလည်း တားမြစ် ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ် ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ static electricity ဖြစ်ပေါ် စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့ အတွက် လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့ အထိ မီးကူး သွားပါတယ်။ အကျိုးဆက် ကတော့ ပေါက်ကွဲမှု ကြီးကို ဖြစ်ပေါ်လာနိုင် စေပါတယ်။ လောင်စာဆီတွေမှ မဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်း ထားသိုရာ နေရာ အချို့ မှာတောင် အန္တရာယ် ရှိတဲ့ အတွက် တားမြစ် ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ် ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ

မိုဘိုင်းဖုန်း ကြာကြာ အသုံးပြု သူတွေဟာ ရေဒီယို လှိုင်းများ ကြားမှာ အသက်ရှင်နေ ကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက် သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ ပက်သက်တဲ့ အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်း အမြဲအ သုံးပြုသူဟာ စိတ်ကျ ရောဂါမျိုးလည်း ခံစားတတ် ရပြီး ကိုယ်ခံ အားပါ ကျဆင်းစေပါတယ်။

ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်း ထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက် ပြောဆိုတဲ့ အလေ့ကျင့် ကိုလည်း မလုပ်ဖို့ တားမြစ် ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်း အတွင်း ပြောဆိုခြင်းသာ သင့်တော် တယ်လို့ ဆိုပါတယ်။

အထက်ပါ အချက်အလက် များကို WHO မှ ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးထား အိပ်ခြင်း၊ ကားပေါ်တွင် ဖုန်းပြောခြင်း၊ ဘောင်းဘီ အိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။

ref: ဖုန်းချစ်သူ

Read More »

Saturday, June 13, 2015

Android Phone အတွက် microSD Card ရွေးချယ် ၀ယ်ယူနည်း




Android Phone တစ်လုံး ၀ယ်ယူပြီ ဆိုရင် microSD Card ကိုပါ တစ်ခါတည်း ၀ယ်ယူလေ့ ရှိကြပါတယ်။ ဒါပေမယ့် microSD Card ၀ယ်ယူတဲ့ အခါမှာ လူအများ စုက ၀င်ဆန့်တဲ့ ပမာဏ ကိုသာ ကြည့်ရှုလေ့ ရှိကြပါတယ်။ microSD Card ဟာ သူ့ရဲ့ Class, Speed ပေါ် မူတည်ပြီး သင့်ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေး နိုင်ပါတယ်။ အဲဒီ အတွက် microSD Card ရွေးချယ်တဲ့ အခါမှာ သိထား သင့်တဲ့ အကြောင်း အရာ များကို ရေးသားပေး လိုက်ပါတယ်။

microSD Card တစ်ခုကို အမေဇုန်မှာ ကြည့်ရှုတဲ့အခါမှာ သတင်းအချက်အလက်အပြည့်အစုံကို ပြသပေးထားပါတယ်။ အောက်ပါပုံမှာတော့ microSD Card ရဲ့ အသေးစိတ်အချက်အလက်နဲ့ သူတို့ရဲ့ အဓိပ္ပါယ်ကို ပူးတွဲဖော်ပြထားပါတယ်။ microSD Card ပေါ်မှာလည်း အသေးစိတ်အချက်အလက်တွေကို တွေ့နိုင်ပါတယ်။



ပိုကောင်းတဲ့ microSD Card ဟာ ဖုန်းကို လျှင်မြန်စေပါသလား ?
ဒီလိုမေးရင်တော့ အတိုချုပ်အနေနဲ့ ဟုတ်တယ်လို့ ဖြေရမှာပါ။
Apps နဲ့ ဓါတ်ပုံတွေကို microSD Card မှာ သိမ်းဆည်းတဲ့ အခါမှာ ပိုမိုလျှင်မြန်တဲ့ microSD Card ဟာ ဓါတ်ပုံတွေ သိမ်းဆည်းရာမှာ ပိုမိုလျှင်မြန်ပြီး Device တွေကြားမှာ ဒေတာကူးပြောင်းရာမှာလည်း ပိုမိုမြန်ဆန်ပါတယ်။ ဒါ့အပြင် စွမ်းဆောင်ရည်မြင့်တဲ့ microSD Card ဟာ သူ့မှာ သိမ်းထားတဲ့ Apps တွေကို ဖွင့်ရာမှာလည်း လျှင်မြန်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ တစ်ခုမှတ်ထားရမှာက microSD Card မှာ သိမ်းထားတဲ့ Apps တွေကို ဖွင့်ရင် Internal မှာ သိမ်းထားတဲ့ Apps တွေကို ဖွင့်တာထက် အနည်းငယ် ပိုမိုကြာနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ microSD Card နဲ့ သင့်ရဲ့ ဖုန်းတို့ ချိတ်ဆက်အလုပ်လုပ်ဖို့ အလုပ်တစ်ခုပိုလုပ်ရလို့ ဖြစ်ပါတယ်။

SDHC နဲ့ SDXC တို့ရဲ့ ကွဲပြားချက်
microSD Card ၀ယ်တဲ့အခါမှာ SDHC သို့မဟုတ် SDXC ကိုရွေးချယ်ရမှာပါ။ ကွဲပြားချက်က သိမ်းဆည်းနိုင်တဲ့ ဒေတာပမာဏ ဖြစ်ပါတယ်။ SDHC ( Secure Digital High Capacity ) ဟာ 32GB အထိ သိမ်းနိုင်ပြီး SDXC ( Secure Digital Extended Capacity ) ဟာ 64GB နဲ့ အထက် သိမ်းနိုင်ပါတယ်။

စွမ်းဆောင်ရည်နိမ့်ဖုန်းများမှာ SDXC microSD Card တွေကို ထောက်ပံ့ခြင်းမရှိပါဘူး။ အဲဒီအတွက် microSD Card မ၀ယ်ခင်မှာ သင့်ဖုန်းရဲ့ Specification ကို သေချာစွာ လေ့လာပါ။ SDXC Cards အများစုဟာ 128GB အထိ ၀င်ဆန့်ပေမယ့် Sandisk က ကမ္ဘာ့ ပထမဆုံး 200GB ၀င်ဆန့်တဲ့ microSD SDXC Card ကို မကြာမီက ပြသခဲ့ပါတယ်။



Class ဆိုတာဘာလဲ?
ဒီတစ်ခုက အရေးကြီးပါတယ်။ microSD Card တွေမှာ ကွဲပြားတဲ့ Class တွေ ပါရှိပါတယ်။ Class 2,4,6,10 တို့ ဖြစ်ပါတယ်။ Class တွေဟာ ဒေတာကူးပြောင်းတဲ့ အနိမ့်ဆုံးနှုန်းတွေ ဖြစ်ပါတယ်။ Class 2 ရဲ့ Read/ Write Speed ဟာ တစ်စက္ကန့်လျှင် 2MB ဖြစ်ပြီး Class 10 ကတော့ 10MB ဖြစ်ပါတယ်။
Class ဟာ အနိမ့်ဆုံး Write Speed နဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။ စွမ်းဆောင်ရည်မြင့် ကတ်တွေဟာ ပိုလို့တောင် မြန်ပါသေးတယ်။ SanDisk Extreme Pro ဆိုရင် တစ်စက္ကန့်လျှင် 95MB/s အထိ လျှင်မြန်ပါတယ်။



UHS ဆိုတာဘာလဲ?
၂၀၀၉ ခုနှစ် ကတည်းက microSD Card အချို့ဟာ UHS-1 or UHS-3 Compatible ဖြစ်ကြပါတယ်။ သီအိုရီအရ UHS Card တွေဟာ အမြင့်ဆုံးအနေနဲ့ ဒေတာကူးပြောင်းနှုန်း 312MB/s အထိ ရှိကြပါတယ်။ အနိမ့်ဆုံးနှုန်းတွေကိုတော့ အောက်ပါ ပုံမှာ ကြည့်နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိ စမတ်ဖုန်းတွေဟာ UHS စံနှုန်းကို ထောက်ပံ့ပေးခြင်းမရှိတော့ပါဘူး။ အဲဒီအတွက် UHS ကွဲပြားမှုဟာ သင့် microSD Card လျှင်မြန်မှုကို အနည်းငယ်သာ အကျိုးသက်ရောက်စေပါတယ်။



နိဂုံး
စာဖတ်သူ တွေ့ရှိတဲ့ အတိုင်းပဲ microSD Card တစ်ခု ၀ယ်ယူရင် ထည့်သွင်း စဉ်းစား ရမယ့် အကြောင်း အရာတွေ များစွာ ရှိပါတယ်။ အပေါ်မှာ ဖော်ပြပေး ထားတဲ့ နည်းလမ်း aတွက စာဖတ်သူ အတွက် microSD Card ၀ယ်ယူရာမှာ အထောက်အကူ jပုမှာ ဖြစ်ပါတယ်။ နောက်ပြီး SanDisk, Samsung, Kingston တို့လို နာမည်ကြီး ထုတ်လုပ် သူတွေရဲ့ ကတ်တွေဟာ အခြား ထုတ်လုပ် သူတွေထက် ဈေးပိုများ aပမယ့် အရည်အသွေး jမင့်မားတဲ့ အတွက် ဦးစာပေး ရွေးချယ် သင့်ပါတယ်။

Myanmar Digital Life Journal

Original link - https://www.facebook.com/MyanmarDigitalLife

Read More »

Android Developer Options ဆိုတာဘာလဲ! အဲဒါနဲ့ ဘာတွေ သုံးလို့ ရသလဲ?




Android စမတ် ဖုန်းနဲ့ တက်ဘလက် တိုင်းမှာ လျှို့ဝှက် ထားတဲ့ ရွေးစရာ options အစုအဝေး တစ်ခု ပါရှိ ပါတယ်။ အဲဒါကတော့ Android Developer Options ပါပဲ။ အမည်က ညွှန်းဆိုတဲ့ အတိုင်း ဒါတွေက အဓိက အားဖြင့် developer တွေ အတွက် ရည်ရွယ် ပါတယ်။ Android ကိရိယာတွေ အတွက် ရေးထားတဲ့ software နဲ့ App တွေ စမ်းသပ်ဖို့ အပို ထပ်ဆောင်း လုပ်ဆောင် ချက်တွေ လိုအပ်နေ သူတွေပဲ ဖြစ်ပါတယ်။

App တွေရဲ့ ဖိအားဒဏ်ကို ပုံစံတူပြုလုပ်ပေးမယ့် ရွေး စရာတွေများစွာပါမယ်။ Debugging options ကိုလည်း ဖွင့်ပေးနိုင်ပါတယ်။ အဲဒီကိစ္စတွေထဲမှာ USB ကနေ ကွန်ပျူတာနဲ့ဆက်သွယ်ပြီး debugging လုပ်နိုင်စွမ်းကို ခွင့်ပြုဖို့၊ သင့်ရဲ့ Android ကိရိယာပေါ်က bug report တွေဖမ်းယူဖို့ သင့် software ရဲ့ ရိုက်ခတ်မှုကို တိုင်းတာနိုင်အောင် CPU အသုံးပြုမှုကို screen အပေါ် ပြပေးဖို့တွေ ပါဝင်တယ်။ တကယ်တမ်းမှာ ဒီ option အစုအဝေးထဲ လုပ်ပေးနိုင် တာတွေက အများကြီးပါပဲ။ ဒါပေမယ့် ပထမဆုံး Android Developer Options ကို ရယူသုံးစွဲနိုင်ဖို့ လိုအပ်ပါတယ်။

Android Developer Options ကို Android ကိရိယာတွေ အားလုံးမှာ ရနိုင်ပေမယ့် OEM တွေက အဲဒါကိုရယူသုံးစွဲနိုင်မယ့်နည်း ကို အနည်းငယ်ကွဲပြားအောင်လုပ်ပေးထားတယ်။ သူတို့ကို မတော် တဆရယူသုံးစွဲခွင့် ရသွားဖို့မဖြစ်နိုင်အောင် လုပ်ထားတာဖြစ်ပါတယ်။ အဲဒီအတွက်အကြောင်းရင်းကောင်းလည်း ရှိပါတယ်။ ဘာဖြစ်လို့လဲဆို တော့ ဒီ options ကကြီးမားတဲ့ စွမ်းပကားတွေပေးကမ်းထားတယ်။ လူအများစုကောင်းကောင်း အသုံးမချနိုင်တဲ့ အစွမ်းတွေဖြစ်နေလို့ပါ ပဲ။ ဒါပေမယ့်အခု ဖော်ပြထားတဲ့နည်းက ဖုန်းအတော်များများအတွက် အလုပ်ဖြစ်ပါတယ်။

Settings>>System>> About device အထဲကိုသွားပါ။ အဲဒီ အထဲမှာ Build Number ဆိုတဲ့ အပိုင်းအကန့်ကိုရှာပါ။ အခု အဲဒီ အကွက်အပေါ်မှာ ခပ်သွက်သွက်ငါးကြိမ်ခေါက်ပါ။ “You are now a developer” ဆိုတဲ့ message ကိုမြင်ရရင် Android Developer Options ကို ဖွင့်ပြီးသွားပြီဖြစ်ပါတယ်။ အချို့ OEM တွေက ငါးကြိမ်အစား ခုနှစ်ကြိမ်ခေါက်မှ ဖွင့်ပေးအောင်လုပ်ပေးထားတတ် ပါတယ်။ ပွင့်သွားတဲ့ Developer Options settings pane ရဲ့ အောက်ဆုံး About phone ရဲ့အထက်မှာ ရှိတတ်ပါတယ်။ အဲဒီအထဲ က စိတ်ဝင်စားစရာအချို့ကို ထုတ်နုတ်ဖော်ပြပေးလိုပါတယ်။


Process Stats
Process tats လို့ခေါ်တဲ့ စနစ်ဝန်ဆောင်မှုကို Android 4.4 KitKat မှာ မိတ်ဆက်ပေးခဲ့တယ်။ ဒါက app တွေက RAM resources တွေကို ဘယ်လိုအသုံးပြုတယ်ဆိုတာကို နားလည်အောင် ခွင့်ပြုထားပါတယ်။ Background မှာ အချိန်ဘယ်လောက်ကြာကြာ run ထားသလဲ။ အဲဒီကာလအတွင်း memory ဘယ်လောက်များများ သုံးစွဲတယ်ဆိုတာတွေ ပြသပေးပါတယ်။ ပုံသေအားဖြင့် ၃ နာရီကြာ ကာလအတွင်း သမိုင်းကိုပြထားပြီး ၁ ရက်အထိ menu ကရွေးပြီး ကြည့်လို့ရပါတယ်။

အခြေအနေကောင်းရင် ဘားတန်းတစ်ခုလုံး အစိမ်းရောင်လွှမ်း မိုးထားပြီး device memory နည်းတဲ့အခါ အ၀ါရောင်၊ အနီရောင်တွေ များလာမှာဖြစ်ပါတယ်။ စာရင်းချပြထားတဲ့ app တွေရဲ့ဘေးက ရာခိုင်နှုန်းနဲ့ပြထားတဲ့ ကိန်းဂဏန်းက စုစုပေါင်းကာလတာအတွင်း process တစ်ခုစီသုံးစွဲခဲ့တဲ့အချိန်ပမာဏကို ပြထားပါတယ်။ အပြာရောင် ဘားတန်းက process တစ်ခုစီရဲ့ နှိုင်းရ computed memory load ကိုညွှန်ပြတယ်။ အချို့ app တွေကို အကြိမ်ပေါင်းများစွာ ဖော်ပြထား နိုင်တယ်။ Process အနေနဲ့ ခွဲခြားဖော်ပြထားလို့ဖြစ်ပါတယ်။ ဥပမာ Google Play Service က process နှစ်ခုအနေနဲ့ run ပါတယ်။ Process အနည်းငယ်ကတော့ အချိန် ၁၀၀ ရာခိုင်နှုန်း run နေပြီး ထိပ်ဆုံးမှာရှိနေတာတွေ့ရမယ်။ ဒါပေမယ့် နှိုင်းရ memory သုံးစွဲမှု အရ မတူတဲ့ အလေးစတွေရှိနေပါတယ်။ app တစ်ခုချင်းစီအပေါ် နှိပ်ပြီး အသေးစိတ်အချက်တွေကြည့် နိုင်ပါသေးတယ်။


Limit background processes
Android Developer Options အတွက် အခြားအရေးပါတဲ့ သုံးစရာနည်းလမ်းက Limit background process ပါပဲ။ ပြည်တွင်း မှာ ဖြစ်တတ်တာက အင်တာနက်လိုင်းနှေးတဲ့အခါ စက်က hang သွားတတ်တယ်။ တစ်ခါတလေ အွန်လိုင်းနဲ့ ဆက်သွယ်နိုင်တဲ့ app တွေက အင်တာနက်ဆက်သွယ်မှုကို background မှာ ရယူပြီး သုံး စွဲနေလို့လည်းဖြစ်နိုင်တယ်။ စိတ်ဝင်စားလို့လားမသိပါ။ ကိုယ်တိုင်စမ်း သပ်ကြည့်ချက်အရတော့ background process ကို no background process မှာ ထားကြည့်တာအရမ်းကို သွက်လာသလိုခံစား ရပါတယ်။

အဲဒီလိုလုပ်ဖို့ Developer Options ထဲက Limit background process ကိုသွားပြီး Standard Limit ကနေ ၁ ခု၊ ၂ ခု၊ ၃ခု၊ ၄ ခု အများဆုံးနဲ့ background လုံးဝမထားတာအထိ ရွေးယူနိုင်ပါတယ်။ သိပ်ပြီးမလွန်ကဲချင်ရင် 4 process at most လောက်ထားပြီး စမ်းကြည့်နိုင်ပါတယ်။ ဒီလိုချိန်ညှိခြင်းအားဖြင့် background resources တွေထားရှိ လည်ပတ်စေတာနဲ့ ကိရိယာ ရဲ့ အမြန်နှုန်းအကြား မှန်ကန်တဲ့မျှခြေကို ထိန်းသိမ်းထားနိုင်ပါတယ်။

Myanmar Digital Life Journal

Original link - https://www.facebook.com/MyanmarDigitalLife

Read More »

Friday, June 12, 2015

Samsung Galaxy Tab A 8.0 ရဲ့ အားသာချက် အားနည်းချက် နှင့် အသေးစိတ် ဖော်ပြချက်များ




အားသာချက်
Samsung Galaxy Tab A သည် ဈေးနှုန်းသင့်တင့်သော tablet ဖြစ်ပြီး ပရီမီယံ app များလည်း ပါဝင်သည်။ ၎င်း tablet တွင် microSD slot ပါဝင်ပြီး 128GB အထိ ထည့်သွင်းအသုံးပြု နိုင်သည်။

အားနည်းချက်
Samsung Galaxy Tab A 8.0 ကို ပလတ်စတစ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားသည်။ စပီကာ တစ်လုံးပါဝင်ပြီး အသံပိုင်းဆိုင်ရာ အားနည်းလှသည်။ ထို့အပြင် အဆိုပါ tablet သည် စာသားများ ဖော်ပြရာတွင် ရုပ်ထွက်ပိုင်း အရည်အသွေး နိမ့်ပါးသည်။

အသေးစိတ်ဖော်ပြချက်
Samsung Galaxy Tab A သည် ဈေးနှုန်းသက်သာသည့် သာမန် tablet တစ်မျိုးဖြစ်သည်။ ၎င်း tablet ၏မျက်နှာပြင် အရွယ်အစားမှာ ၈ လက်မခန့်ရှိပြီး နောက်ဆုံးပေါ် Android ဗားရှင်းကို အသုံးပြုထားသည်။ Samsung Galaxy Tab A သည် သုံးစွဲရသည်မှာ အားပါးတရရှိလှပြီး သုံးစွဲသူများ ရင်းနှီးပြီးသား ဖြစ်သော Touch Wiz interface ကို အသုံးပြုထားသည်။

ထို့အပြင် သုံးစွဲရသည်မှာ အသုံးဝင်ပြီး စိတ်ပျော်ရွှင်စေသော software များပါဝင်သည်။ Tablet အတွင်း The Hobbit : Kingdoms နှင့် Pac Man Friends ကဲ့သို့ ဂိမ်းများလည်း မေတ္တာလက်ဆောင်အဖြစ် ပါဝင်လာသည်။ Tab A တွင် The New York Times, The Economist နှင့်အခြား ပုံနှိပ်သတင်းစာများကိုလည်း အခမဲ့ဖတ်ရှု နိုင်မည်ဖြစ်သည်။

Samsung Galaxy Tab A တွင် CPU 1.2 GHz quad-core Qualcomm Snapdragon APQ 8016 ပါဝင်သလို GPU မှာ Adreno 306 နှင့် RAM 1.5 GB, internal storage 16GB တို့ပါဝင်သည်။ Galaxy Tab A 8.0 ၏ရုပ်ထွက် အရည်အသွေးမှာ 4:3 1,024x768 pixel ဖြစ်သည်။ Galaxy Tab A 8.0 tablet ၏ကျောဘက် ကင်မရာမှာ 5 megapixel နှင့်ရှေ့ကင်မရာ 2 megapixel မှာရုပ်ထွက် ကြည်လင်မှုရှိသည်။

ဘက်ထရီ
Galaxy Tab Aသည် ၁၃ နာရီအထိ အသုံးပြုနိုင်ကြောင်း Samsung က ထုတ်ပြန်ထားသလို အားအပြည့် သွင်းထားပါက နှစ်ရက်ခန့် အသုံးပြုနိုင်ကြောင်း သိရသည်။

Internet Journal

Original link - http://www.facebook.com/InternetJournal

Read More »

Monday, June 01, 2015

အမေရိကန်ရဲ့ iPhone ကို China မှာ ထုတ်လုပ်နေတာ ဘာကြောင့်လဲ ?




(၂၀၁၀) ခုနှစ် လောက်မှာ အမေရိကန် သမတ အိုဘားမားက ညစာ စားပွဲတခုမှာ. Apple ကုမ္ပဏီရဲ. CEO ဖြစ်တဲ့ Steve_Jobs (စတစ်ဗ်) ကို မေးပါတယ်။. Apple ရဲ့Products တွေဖြစ်တဲ့. iPhone တို့. iPad တို့ကို့ တရုပ်ပြည်မှာ သွား ထုတ်လုပ်နေ တာကို (အမေရိကန် လူမျိုးတွေ အလုပ် ရအောင်). အမေရိကန် ကိုပြောင်း လာရင်ဖြစ် မလားလို့ မေးတယ်။. စတစ်ဗ်က.မဖြစ်နိုင် ဘူးလို့ ပြော လိုက် ပါတယ်။ .နောက်ပိုင်းမှာ သူ့ရဲ့လက်အောက် က Apple ကုမ္ပဏီ အရာရှိ တဦးက. စတစ်ဗ် ဘာကြောင့် အဲဒီ လိုပြောခဲ့ ရသလဲဆိုတာ. မီဒီယာကို အခုလို ရှင်းပြ ခဲ့ပါတယ်။

အချိန်က (၂၀၀၇) ခုနှစ်။ ပထမဆုံး ပေါ်တဲ့ iPhone. ကမ္ဘာကို ဖြန့်ဖို့ (၂) လလောက်ပဲ လိုတော့တဲ့ တနေ့မှာ. စိတ် ဆိုးနေပုံ ရတဲ့ စတစ်ဗ်က. သူ့လက်ထောက်တွေ အားလုံးကို. သူ့ ရုံးခန်းထဲ လာဖို့ ခေါ်လိုက် ပါတယ်။. အား လုံးရောက် လာတာနဲ့.စတစ်ဗ်က. သူ စမ်းသုံးကြည့်ဖို့ ယူထားတဲ့ iPhone. နမူနာ တလုံးကို. သူ့ဘောင်းဘီ ဘေးအိပ် ထဲကနေ.ဆွဲထုတ် ယူလိုက်ပြီး. အားလုံးမြင် သာအောင် ထောင်ပြရင်း. အခုလိုပြော လိုက်ပါတယ်။. "ဒီဖုံးရဲ့ မှန် သားပြင် (screen) ကို ကြည့်စမ်းပါ။ .ခြစ်ရာတွေ ပေါ်နေတယ်။.

လူတွေဟာ.လက်ကိုင်ဖုံးကို .ဘောင်းဘီ အိပ်ထဲ ထဲ့တတ် ကြတယ်။ .ဘောင်းဘီ အိပ်ထဲမှာ .သော့တွဲ့. ပိုက်ဆံ အကြွေစေ့ တွေလဲ. ထဲ့တတ် ကြတယ်။. ဒါတွေနဲ့ ထိလို့ ခြစ်ရာပေါ်နေတဲ့ ဖုန်းးမျိုး. ငါကမ္ဘာကို မဖြန့်ချင်ဘူး. ဒီPlastic_screen ကို.ခြစ်ရာ မထင်နိုင်တဲ့ မှန်သား Glass_scree n နဲ့ လဲပစ်ရမယ်။. အခု ထုတ်ပြီးသား ဖုန်းတွေ အားလုံးကို (၆) ပတ် အတွင်း ပြီးအောင် လဲလိုက်ကြ။. ကဲ.သွားကြတော့" လို့ပြော လိုက်တယ်။

သူ့လက်ထောက်တွေ အားလုံး. အရမ်းခေါင်းခြောက် သွားကြတယ်။. စတစ်ဗ်အကြောင်း. သူတို့ကောင်းကောင်း သိတယ်။.စတစ်ဗ်ဟာ. သူပြောပြီးတဲ့ စကားကို. ဘယ်တော့မှ အလျှော့မပေး တတ်ဘူး။. သူလိုချင်တာဖြစ်အောင်. လုပ်ကြရတော့မယ်။. ခက်တာက.iPhone စတင်ရောင်းမဲ့ ရက်ကို. ကမ္ဘာသိကြေငြာပြီးပြီ။- ၂လပဲ ကျန်တော့ တယ်။. ကမ္ဘာကို မဖြန့်ခင်.ဖုန်းတွေကို Glass_Screen နဲ့ အစားထိုး လဲဖို့ အချိန် (၆) ပတ် ပဲပေးတယ်။. လုပ်ပြီးသား. ဖုန်းအလုံး သိန်းချီပြီးကို (၆) ပတ်အတွင်း screen လဲ တပ်ဖို့ဆိုတာ. မဖြစ်နိုင်ဘူး။. အရင် Screen လုပ်ပေးနေကျ. အမေရိကန် ကုမ္ပဏီ Corning ကိုမေးကြည့်တော့. အချိန်(၆)လ ကြာမယ်တဲ့။

သူတို့ အထဲက. လက်ထောက် တယောက်က. စဉ်းစားတယ်။. ဒီလောက် အချိန်တိုတိုနဲ့. စတစ်ဗ်ဖြစ် ချင်တာရဖို့. အမေရိကန်နိုင်ငံမှာတော့ မဖြစ်နိုင်ဘူး။. ဒါကြောင့်. သူဟာ(၃)ရက် အကြာမှာ. တရုပ်ပြည်က မှန်ဖြတ် စက်ရုံ အများ အပြားရှိတဲ့. Shenzhenပြည်နယ်ကို .လေယဉ်နဲ့ ထွက်ခွာ သွားတယ်။ .Shenzhenပြည်နယ်က စက်ရုံမှူးတွေ နဲ့တွေ့ပြီး. သူလိုချင်တဲ့ Glass_screen ကို iPhoneတွေမှာ. သတ်မှတ်ရက် အတွင်းပြီးအောင် လုပ်ပေးနိုင်ရင်. အလုပ် အပ်မယ်လို့ ကမ်းလှမ်းတယ်။

နောက်ဆုံး. တရုပ်ကုမ္ပဏီ Foxconn နဲ့. သဘော တူညီမှု ရတယ်။. သဘောတူ စာချုပ်တောင် မချုပ် ရသေးဘူး. Foxcoon က.iPhone အတွက် screen လဲ တပ်ဖို့ စက်ရုံ အသစ်တခုကို အားချင်း ဆောက်လိုက်တယ်။. စတိုကြီး ထဲမှာလဲ. စမ်းသတ်ဖို့ မှန်ချပ်တွေ ဝယ်ပြီး. အမျိုး အစား အလိုက် ခွဲခြား သိုလှောင် ထားလိုက်တယ်။. စက်ရုံမှူးက. သူ့ အင်ဂျင်နီယာတွေကို. စက်ရုံဝင်း ထဲက. ဘားတိုက်တွေမှာ လာနေ ခိုင်းလိုက်တယ်။. အရေးကြီးရင်. အချိန် မရွေး.ခေါ်လို့ ရအောင်ပေါ့။. မှန်တွေကို. ပိုက်ဆံ မယူပဲ .ကြိုက်သလောက် စမ်းကြည့်နိုင်တယ် လို့ပြောပါတယ်။

စတစ်ဗ်လက်ထောက်ဟာ. အဲဒီစက်ရုံမှာ. တလကြာအောင်နေပြီး. တရုပ် အင်ဂျင်နီယာတွေနဲ့. မှန်မျိုးစုံ ကိုဖြတ် ကြည့်တယ်။. iPhone_Screenဖြစ်လာအောင် လုပ်ကြတယ်။.ခြစ်ရာပေါ်မပေါ် စမ်းကြည့်တယ်။ .နောက်ဆုံး .screen လုပ်နိုင်မဲ့ စိတ်ကြိုက်မှန်တွေ့ပြီ ဆိုတော့.Foxconn ကို အလုပ်အပ်တဲ့ စာချုပ်ချုပ် လိုက်တယ်။. အမေရိ ကန်. ကာလီဖိုးနီးယားမှာ ရှိတဲ့ Apple ကုမ္ပဏီကို. screenလဲတပ်ဖို့. iPhone ပထမတသုတ်ကို. Foxconn စက်ရုံ ကို ပို့လိုက်ဖို့ အကြေင်းကြား လိုက်တယ်။ တပတ်ကြာတော့. မှာထားတဲ့ iPhoneတွေထဲ့ ထားတဲ့ ကုန်သေ တ္တာတွေ. စက်ရုံကိုရောက်လာတယ်။ .ရောက်တဲ့ အချိန်က. မိုးအတော်ချုပ်နေပြီ။

iPhone.သေတ္တာတွေကို. စက်ရုံထဲ ချအပြီးမှာ. စက်ရုံမှူးဟာ .ဝီစီကို တတွီတွီနဲ့ မှုတ်လိုက်တယ်။. စက်ရုံဝင်းထဲက .ဘားတိုက်တွေမှာ. အနားယူနေကြ တဲ့ထောင်နဲ့ချီတဲ့ အင်ဂျင်နီယာတွေ. အလုပ်သမားတွေ. ဘားတိုက်ပေါ်က .ပြေးဆင်းလာကြပြီး. စက်ရုံရှေ့မြေကွက်လပ်မှာ တန်းစီလိုက်ကြတယ်။. စက်ရုံမှူးက. အခုအချိန်ကစပြီး. မှန် ချပ်တွေကိုဖြတ်ပြီး.iPhone_Screenတွေ လုပ်ဖို့ တညလုံး အလုပ်ဆင်းကြရမယ် လို့ပြောလိုက်တယ်။ .စ ကားပြောပြီးတာနဲ့. အားလုံးကို. စားပွဲတွေပေါ်က. လက်ဖက်ရည် တခွက်နဲ့ပေါင်မုန့်တချပ်စီကို တန်းစီယူစား ခိုင်း လိုက်တယ်။. အားလုံး. ကမန်းကတန်း ယူစားကြပြီး.စက်ရုံထဲ ဝင်သွားကြတယ်။

စက်ရုံတခုလုံး.ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ. ချက်ချင်းပဲ. အလုပ်စတင် လုပ်ကြတယ်။.နေ့ဆိုင်း. ညဆိုင်းတွေနဲ့ လုပ်လိုက်ကြတာ.
၃ရက်အတွင်းမှာ. iPhone အလုံး တစ်သောင်းရဲ့ plastic_screenတွေကို. glass_screenတွေနဲ့ လဲတပ်ပြီးသွားတယ်။

နောက် ၃လ အကြာမှာ .Appleကုမ္ပဏီဟာ. iPhone အလုံးပေါင်း တစ်သန်းရောင်းချ ခဲ့ပါတယ်။ .နောက်ပိုင်းမှာ. iPhoneကို. အမေရိကန်.ကာလီဖိုးနီးယားမှာ. ဒီဇိုင်းပဲဆွဲပြီး. ကုန်ကြမ်းကနေ. iPhoneဖြစ်တဲ့အထိ. တရုပ်ပြည်မှာ ပဲ.လုပ်ပါတော့တယ်။. -၄နစ်ကြာတော့. Appleဟာ .iPhone အလုံးပေါင်း သန်း(၂၀၀)ရောင်း ချနိုင်ခဲ့ပါတယ်။

မီဒီယာကိုပြောပြနေတဲ့ Apple ကုမ္ပဏီ အရာရှိက. ဆက်ပြောပြပါသေးတယ်။. ကုန်ကြမ်းကနေ .iPhoneတွေဖြစ် လာတဲ့အထိ. ထုတ်လုပ်ဖို့. အင်ဂျင်နီယာပေါင်း(၈,၇၀၀)နဲ့ အလုပ်သမားပေါင်း ၂သိန်း လိုအပ်ပါတယ်။. အင်ဂျ င်နီယာ (၈,၇၀၀)ရအောင် စုဖို့ အမေရိကန်မှာ .-၉လကြာမြင့် မှာဖြစ်ပြီး. တရုပ်ပြည်မှာ (၁၅)ရက်ပဲကြာ ပါလိမ့် မယ်။. အမေရိကန်မှာ. iPhone လုပ်ရင်. လုပ်ခဈေးကြီးတာရယ်. လူမရလို့ အချိပိုကြာအောင် လုပ်ရ မှာတွေကြောင့်. iPhone ကို. အခုတရုပ်ပြည်မှာ ထုတ်ပြီးရောင်းတာထက်. အများကြီးဈေးကြီးနေမှာ မို့.ဘယ်သူမှ ဝယ်ကြမှာ. မဟုတ်ပါဘူး တဲ့။

ဒီလောက်ဆိုရင် .iPhoneကို.China.မှာ ဘာကြောင့် ထုတ်လုပ်နေတယ် ဆိုတာ. သိနိုင်ပါပြီ။

လုပ်ခဈေးနူန်း သက်သာတယ်။.မြန်မြန်ဆန်ဆန် လုပ်တတ်တယ်။.မဖြစ်နိုင်ဘူး ဆိုတာကို.ဖြစ်အောင် လုပ်နိုင် တာတွေကြောင့်. တရုပ်ပြည်ဟာ. ယနေ့ကမ္ဘာမှာ. စီးပွားရေး ထိပ်တန်းနိုင်ငံ တခုဖြစ်နေပါပြီ။

မှတ်ချက်

၁။.အမေရိကန်နိုင်ငံထုတ် "The_New_York_Times" သတင်းစာမှာ ပါတဲ့ သတင်းတပုဒ်ကို မှီငြမ်းရေး ထားတာ ပါ။

၂။.Steve_Jobs ဟာ (၂၀၁၁)ခုနှစ်.အောက်တိုဘာလ (၅)ရက်နေ့မှာ. ကင်ဆာရောဂါနဲ့ ကွယ်လွန် သွားခဲ့ပါ တယ်။


Gold Fish

U Than Win

Original link - https://www.facebook.com/thanwin50

Read More »

Wednesday, May 27, 2015

HTC One 9 ရဲ့ အားနည်းချက် ၊ အားသာချက် ၊ နည်းပညာ ၊ သုံးသပ်ချက် နှင့် အသေးစိတ်ဖော်ပြချက်များ




အားသာချက်
ဖုန်းမှာ ထည့်သွင်း အသုံးပြု ဖွဲ့စည်း ထားတဲ့ CPU, GPU, Memory အစ ရှိတဲ့ စနစ်ပိုင်း တွေ မှာ မြင့်မား ကောင်းမွန် ပါတယ်။ ကင်မရာ ပိုင်း မှာလည်း Mega Pixel မြင့်မားတဲ့ ကင်မရာကို အသုံးပြု ထားတာ ဖြစ်ပြီး ရှေ့ကင်မရာ ပိုင်းမှာလည်း ပိုမိုကောင်းမွန် လာပါတယ်။

မြန်မာစာဖောင့် စနစ် အတွက် ပိုမို ကောင်းမွန်တဲ့ မြန်မာစာ စနစ်တွေ တိုးမြှင့် ပါဝင် လာတဲ့ အပြင် ကီးဘုတ် စနစ် ပိုင်းမှာလည်း အရင် ထွက်ခဲ့တဲ့ HTC တွေနဲ့ လုံးဝ ကွဲပြား ခြားနားတဲ့ မြန်မာစာ ကီးဘုတ် ပုံစံ အသစ်ကို မြင်တွေ့ ရမှာပါ။ အသံ စနစ်ပိုင်း အတွက် လည်း ပုံမှန် ပါဝင် နေကျ Boom Sound စနစ်ကို Dolby Audio Surround နဲ့အတူ အဆင့် မြှင့်တင် ပေါင်းစပ်ပေး ထားပါတယ်။

အားနည်းချက်
ဖုန်းတစ်ခုလုံးဟာ ချောမွေ့တောက်ပြောင်တဲ့ သတ္တုကိုယ်ထည်နဲ့ ဖွဲ့ စည်းတည်ဆောက် ထားတာဖြစ်တဲ့ အတွက် ကိုင်တွယ် အသုံးပြုချိန်မှာ လက်ထဲကနေ အလွယ်တကူ လွတ်ကျခြင်းတွေကို ဂရုစိုက်ရ ပါလိမ့်မယ်။

ဒီဇီုင်း
ပုံစံဒီဇိုင်း ပိုင်းမှာတော့ ဒီဖုန်းဟာ ရှေ့ကထွက်ခဲ့တဲ့ M8 လိုပုံစံမျိုးပဲ ဖြစ်ပေမယ့် ကိုယ်ထည် တည်ဆောက်မှု အပိုင်းမှာတော့ M8 နဲ့ ကွဲပြားခြား နားမှုရှိပါတယ်။ အနားထောင့် လေးဖက်အနည်းငယ် ဝိုက်တဲ့ပုံစံမျိုးနဲ့ ဖွဲ့စည်းတည်ဆောက် ထားတာဖြစ်ပြီး ကိုယ်ထည် တစ်ခုလုံးကိုတော့ Dual Metal Tone လို့ခေါ်တဲ့ နှစ်ရောင်စပ် သတ္တုကိုယ်ထည် ပုံစံမျိုး တည်ဆောက် ထားတာပါ။

ဖုန်းကိုယ်ထည် တစ်ခုလုံးဟာ သတ္တုကိုယ်ထည်ဖြစ်ပြီး လှပတဲ့ ကိုယ်ထည်ဖွဲ့စည်း တည်ဆောက်မှု ပုံစံမျိုးရှိပါတယ်။ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၄.၄၆ စင်တီမီတာရှိပြီး ဘေးတိုက် အကျယ်ကတော့ ၆.၉၇ စင်တီမီတာ ရှိပါတယ်။ အရွယ်အစားအရ လက်နဲ့ကိုင်တွယ် အသုံးပြုချိန်မှာ ကောင်းမွန်တဲ့ အရွယ်အစားမျိုးဖြစ်ပြီး ထုထည်ကတော့ ၀.၉၆ စင်တီမီတာ ရှိတဲ့အတွက် ပါးလွှာတဲ့ ဖုန်းအမျိုးအစားတော့ မဟုတ်ပေမယ့် နောက်ဘက် ကာဗာအနည်းငယ် ခုံးတဲ့ပုံစံကြောင့် ဘေးဘောင်တွေ ပါးသွားတဲ့အတွက် ဖုန်းဟာ အရမ်းထူတယ်လို့ သိပ်မခံစားရပါဘူး။

အလေးချိန်ကတော့ ၁၅၇ ဂရမ်ရှိပါတယ်။ ဖုန်းခလုတ်တွေရဲ့ ဖွဲ့စည်းပုံဟာလည်း ဆန်းသစ်လာပါတယ်။ ဖုန်းရဲ့ ညာဘက် ဘေးဘောင်မှာ အသံအတိုးအကျယ် Volume Key ဟာ အရင်လို အတန်းလိုက် ပုံစံမျိုး မဟုတ်တော့ဘဲ ခလုတ်တစ်ခုချင်းစီ ပြုလုပ်ထားတဲ့ အပြင် ပါဝါခလုတ်ကိုလည်း Volume Key ရဲ့အောက်နားမှာပဲ တပ်ဆင်ထားတာ တွေ့ရပါတယ်။ စပီကာတွေကိုတော့ ဖုန်းမျက်နှာပြင်ရဲ့ အထက်နဲ့အောက် နှစ်နေရာမှာ တပ်ဆင်ထားတာပါ။

ကွန်ရက်
GSM ကွန်ရက်စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး 2G/ 3G /4G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်ပါတယ်။ Nano Sim တစ်ကတ်သာ ထည့်သွင်း အသုံးပြုနိုင်မယ့် Single Sim ဖုန်းအမျိုးအစားပါ။

မြင်ကွင်း
Screen မြင်ကွင်းအကျယ် ၅.၀ လက်မရှိပြီး Super LCD3 capacitive touchscreen အမျိုးအစားပါ။ Screen Resolution အနေနဲ့ 1080 x 1920 Pixel (~441 ppi pixel density) ရှိပါတယ်။

နည်းပညာ
နည်းပညာ ပိုင်းမှာတော့ M9 ဟာ HTC ရဲ့နည်းပညာသစ် တော်တော်များများကို ပေါင်းစပ်ဖွဲ့စည်း လာတာတွေ့ရပါတယ်။ အသံစနစ်ပိုင်းမှာ အရင်က Boom Sound စနစ်ကိုပဲ အသုံးပြုခဲ့ပေမယ့် ဒီဖုန်းမှာတော့ Boom Sound ကို Dolby Audio Surround စနစ်နဲ့ပေါင်းစပ်ပြီး ပိုမိုကောင်းမွန်တဲ့ အသံစနစ်ပိုင်းကို ဖန်တီးထားတာ တွေ့ရမှာပါ။ OS ဟာ 5.0 ဖြစ်တဲ့အတွက် မြန်မာစာ ထောက်ပံ့မှု စနစ်ဟာ ယူနီကုတ် မြန်မာစာစနစ် ဖြစ်နေပေမယ့် ပြည်တွင်းက ဇော်ဂျီအသုံးပြု စနစ်တွေ အတွက် လည်း ဇော်ဂျီမြန်မာစာ စနစ်ကိုတစ်ပါတည်း ထည့်သွင်းပေး ထားတာတွေ့ရပါတယ်။

မြန်မာစာဖောင့် စနစ်မှာပုံမှန် ယူနီကုတ်မြန်မာနဲ့ ဇော်ဂျီမြန်မာစာ စနစ်တွေအပြင် English (Myanmar - Unicode) စနစ်နဲ့ English (Myanmar - Zawgyi) စနစ်တွေကိုပါ ဖြည့်စွက် ပေးထားတဲ့အတွက် ပြည့်စုံတဲ့ ဖောင့် စနစ်တွေလို့ ဆိုနိုင်ပါတယ်။ ကီးဘုတ် စနစ်မှာလည်း ကိုယ်အသုံးပြုတဲ့ မြန်မာစာပေါ်မူတည်ပြီး ကီးဘုတ်က အလိုအလျောက် ပြောင်းလဲပြုလုပ် ပေးနိုင်တဲ့စနစ်ပါ ဝင်ပါတယ်။

ဥပမာ Message ထဲကိုရောက်ရင် ကီးဘုတ်ဟာ ဇော်ဂျီဖြစ်မှာဖြစ်ပြီး ယူနီကုတ် ဝက်ဘ်ဆိုက်ပေါ် ရောက် ချိန်မှာတော့ ကီးဘုတ်ဟာ ယူနီကုတ် ဖြစ်နေမှာပါ။ ဒါ့အပြင် ထူးခြားချက် တစ်ခုကတော့ ကီးဘုတ် အသုံးပြုချိန်မှာ ဇော်ဂျီစနစ် အသုံးပြုတဲ့ ဖုန်း Message လိုနေရာမျိုးမှာ ယူနီကုတ် ကီးဘုတ်နဲ့စာ ရိုက်မယ် ဆိုရင်လည်း ဇော်ဂျီ လက်ကွက်အတိုင်း ရိုက်နိုင်တဲ့အပြင် ဖောင့်တွေကိုလည်း အမှန်အတိုင်း ဖော်ပြပေးနိုင် တာ တွေ့ရပါတယ်။ ဒါဟာလည်း ဖောင့်စနစ်နဲ့ ကီးဘုတ် နည်းပညာသစ် တစ်ခုပါပဲ။ Customisable Navigation bar လို့ခေါ်တဲ့ စနစ်ဟာလည်း HTC ရဲ့နည်းပညာသစ် တစ်ခုပါပဲ။

ဒီစနစ်ကတော့ ဖုန်းရဲ့အောက်ခြေမှာ ရှိနေတဲ့ Android Key တွေဖြစ်တဲ့ Home, Back, Menu အစရှိတဲ့ Key တွေကို ကိုယ်လိုအပ်သလို ဘယ်၊ ညာ၊ အလယ်၊ အစရှိသဖြင့် ရွှေ့ပြောင်း အသုံးပြု နိုင်ပါတယ်။ ဒီဘားတန်းထဲမှာ Key စနစ် ၄ မျိုးကိုထည့်သွင်း အသုံးပြုနိုင်ပြီး ပြောင်းလဲထည့်သွင်း အသုံးပြုနိုင်မယ့် Key စနစ် ၈ မျိုးရှိပါတယ်။

ရှေ့ကင်မရာဟာ Mega Pixel ကင်မရာ မဟုတ်ဘဲ Ultra Pixel ကင်မရာ ဖြစ်တဲ့ အပြင် မြင်ကွင်းကျယ် Wide Lense ကို အသုံးပြုထားပြီး အလင်းအားနည်းတဲ့ နေရာတွေမှာ Selfie ကို အကောင်းဆုံး ရိုက်နိုင်ဖို့အတွက် ကင်မရာရဲ့ အလင်းသိရှိနိုင်မှု နည်းပညာကိုလည်း ထည့်သွင်းထား တာ တွေ့ရမှာပါ။

Themes Store ပါဝင်လာပြီး Themes တွေကို နေ့စဉ်တိုင်းပြောင်းလဲ အသုံးပြုနိုင် တဲ့အပြင်Themes တစ်ခုကို ပြောင်းလဲလိုက်တဲ့ အချိန်တိုင်းမှာ ဖုန်းတစ်ခု လုံးမှာရှိနေတဲ့ Icon တွေ အားလုံးဟာလည်း ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

အသေးစိတ် ဖော်ပြချက်
Quad-core 1.5 GHz Cortex-A53 & Quad-core 2 GHz Cortex A57 CPU နဲ့ Qualcomm MSM8994 Snapdragon 810 Chipset တွေကို အသုံးပြုထားတာဖြစ်ပြီး ဂရပ်ဖစ်အတွက် Adreno 430 GPU ကို ထည့်သွင်း ပေးထားပါတယ်။ ဖုန်းမှတ်ဉာဏ်ကတော့ Internal Memory 32GB ပါဝင်ပြီး RAM ကတော့ 3GB RAM ပါ။ မှတ်ဉာဏ်ထပ်တိုး အသုံးပြုဖို့ အတွက်လည်း Micro SD Card 128GB ထိ ထပ်မံထည့်သွင်း အသုံးပြုနိုင်ပါတယ်။ နောက်ဘက် ကင်မရာကတော့ 20 Mega Pixel ကင်မရာဖြစ်ပြီး ရှေ့ကင်မရာကတော့ 2.0 Ultra Pixel Wide ကင်မရာပါ။

Android OS Version 5.0 ကိုအသုံးပြု ထားတာဖြစ်ပြီး Bluetooth v4.1, A2DP, apt-X နဲ့ microUSB v2.0 (MHL 3.0 TV-out), USB Host စနစ်တွေ ပါဝင်ပါတယ်။ ဖုန်းမှာထည့်သွင်း အသုံးပြုထားတဲ့ ဘက်ထရီဟာ Li-Po 2840 mAh ဘက်ထရီ အမျိုးအစားပါ။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ ဒီဖုန်းဟာ ဖုန်းတွင်းအသုံးပြု Hardware စနစ်ပိုင်းတွေနဲ့ ဖုန်းမှတ်ဉာဏ်ပိုင်း ကင်မရာ ပိုင်းတွေမှာ မြင့်မားကောင်းမွန် ပါတယ်။ ပုံစံဒီဇိုင်းနဲ့ အရောင်အသွေး လှပတဲ့အပြင် ကိုင်တွယ် အသုံးပြုချိန်မှာလည်း လက်ထဲမှာ အံဝင်ခွင်ကျ ရှိစေပါတယ်။

HTC ပရိသတ်တွေ အတွက်တော့ HTC ရဲ့ နည်းပညာသစ် တွေကို ထိတွေ့ရမယ့် ဖုန်းအမျိုးအစားဖြစ်ပြီး ဖုန်းမှာပါဝင်တဲ့ Themes Store ကြောင့် ဖုန်းအသုံးပြု မြင်ကွင်းတွေနဲ့ Icon တွေကို အမြင်ရိုးမသွားအောင် အသုံးပြုနိုင် ပါလိမ့်မယ်။ ဖုန်းရဲ့ Screen နဲ့ Hardware တွေ ကောင်းမွန်တာကြောင့် ဘက်ထရီက နည်းတယ်လို့ ခံစားရပါတယ်။

Internet Journal

Original link - http://www.facebook.com/InternetJournal

Read More »

iPhone သုံးစွဲသူ အများစု သတိ မထားမိသော မှော်ဆန်သည့် လုပ်ဆောင်ချက်များ




(၁) iPhone ကို လှုပ်ယမ်းပြီး undo လုပ်ခြင်း

စာရိုက်သည့် အခါ သို့မဟုတ် ဓာတ်ပုံ တစ်ပုံကို ပြင်ဆင်မှု ပြုလုပ်သည့် အခါ အမှား အယွင်း တစ်စုံ တစ်ရာ ပြုလုပ်မိ ပါက ဖုန်းကို အနည်းငယ် လှုပ်ယမ်းပြီး undo ပြုလုပ်နိုင်သည်။

(၂) Airplane mode သို့ပြောင်းပြီး ဘက်ထရီကို လျင်မြန်စွာ အားသွင်းခြင်း

Airplane mode သို့ ပြောင်းလဲခြင်းသည် ကြိုးမဲ့ စနစ်နှင့် ဆယ်လူလာ အသုံးပြုမှုကို ပိတ်ပေး သောကြောင့် ဖုန်း ဘက်ထရီကို ယခင်ထက် နှစ်ဆ ပိုမြန်သောနှုန်းဖြင့် အားသွင်း ပေးနိုင်သည်။

(၃) Email များကို အသံထွက်ဖတ်ရန် Siri ကို စေခိုင်းခြင်း

“Read my email” ဟု ပြောလိုက် ရုံဖြင့် Siri က message အားလုံးကို ကျယ်လောင်သော အသံဖြင့် ဖတ်ပေးနိုင်သည်။ မကြာသေးမှီက ဝင်ရောက် ထားသော email များကို ဖတ်ခိုင်း လိုပါက “Read my latest email” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။ ထို့အပြင် Maung Maung ၏ email ကို ဖတ်ရှုလိုပါက “Do I have email from Maung Maung?” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။

(၄) ကောင်းကင်တွင် ပျံသန်းနေသည့် လေယာဉ်များကို ရှာဖွေခြင်း

“What flights are above me?” သို့မဟုတ် “Planes overhead” ဟု ပြောလိုက်ရုံဖြင့် Siri က ပျံသန်းနေသည့် လေကြောင်း ခရီးစဉ်များကို ဖော်ပြပေးမည် ဖြစ်သည်။

(၅) စာလုံးအသံထွက် အတွက် Siri ကို သင်ကြားပေးခြင်း

Siri က မှားယွင်းသည့် အသံထွက်ဖြင့် ပြောကြားသည့်အခါ “That’s not how you pronounce [BLANK]” ဟု ပြောကြားပြီး အသံထွက်အမှန်ကို သင်ကြားပေးနိုင်သည်။

(၆) Timer ဖြင့် သီချင်းကို အလိုအလျောက် ပိတ်ခြင်း

ညဘက်တွင် သီချင်းနားထောင်သည့်အခါ သီချင်းကို အလိုအလျောက် ပိတ်ပေးနိုင်ရန်အတွက် Timer ဖြင့် အသုံးပြုနိုင်သည်။ Clock app ရှိ Timer တွင် “When Timer Ends” ၌ “Stop Playing” ကို ရွေးချယ်ပြီး သတ်မှတ်ထားသည့် အချိန်တွင် ဖွင့်ထားသည့် သီချင်းကို ပိတ်ပေးနိုင်သည်။

(၇) ဗီဒီယိုများနှင့် သီချင်းများကို မြန်နှုန်း (၃) မျိုးဖြင့် ကျော်ခြင်း

ဒီနည်းလမ်းက အလွန်ကို အသုံးတည့်သည့် နည်းလမ်းဖြစ်သည်။ သီချင်း နားထောင်ခြင်း သို့မဟုတ် ရုပ်ရှင်ကြည့်ရှုရာတွင် မိမိလိုချင်သည့် နေရာသို့ ရောက်အောင် ကျော်ခြင်းကို Apple က scrub လုပ်သည်ဟု သုံးနှုန်းထားသည်။ Default mode က high-speed scrolling ဖြစ်သည်။ ၎င်းသည် လိုချင်သည့် နေရာကို အတိအကျ ရရှိစေရန် ခက်ခဲနိုင်သည်။ သို့သော်လည်း scroll လုပ်သည့် အမြန်နှုန်းကို ထိန်းချုပ်နိုင်သည်။ Video screen ၏ ထိပ်ဘက်ပိုင်းရှိ slider ကို ဖိထားပြီး အောက်သို့ ဆွဲချခြင်းဖြင့် ချိန်ညှိနိုင်သည်။ Scrubbing speed ကို half-speed, quarter-speed, eighth-speed (fine scrbbing) ဟူ၍ ပြောင်းလဲ ချိန်ညှိနိုင်သည်။

(၈) Volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်ခြင်း

တစ်ခါတစ်ရံတွင် capture ခလုတ်ကို နှိပ်ဖို့ အခက်အခဲ ရှိနေချိန် ဓာတ်ပုံရိုက်လိုသည့်အခါ အသံအတိုးအကျယ် ပြုလုပ်နိုင်သည့် volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်နိုင်သည်။ နားကြပ်မှ အသံအတိုးအကျယ် ခလုတ်များဖြင့်လည်း ဓာတ်ပုံရိုက်နိုင်သည်။

(၉) ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ဓာတ်ပုံအများပြား ရိုက်ကူးခြင်း

ဓာတ်ပုံရိုက်ကူးသည့် captre ခလုတ်ကို ဖိထားခြင်းဖြင့် ဓာတ်ပုံအများအပြားကို အလျင်အမြန် ရိုက်ကူးပေးနိုင်သည်။ ၎င်းသည့် ရွေ့လျားနေသည့် အရာဝတ္ထုတစ်ခုကို ဓာတ်ပုံရိုက်ကူးရာတွင် အလွန်အသုံးတည့်စေသည်။

(၁၀) Text message များတွင် ပေးပို့ချိန်ကို ကြည့်ရှုခြင်း

Text bubble ကို ဘယ်ဘက်သို့ ဆွဲလိုက်သည့်အခါ text message တိုင်း၏ ပေးပို့ချိန်များကို သိရှိနိုင်သည်။

(၁၁) iPhone ကို ရေချိန်တိုင်း ကိရိယာအဖြစ် အသုံးပြုခြင်း

အိမ်နံရံမှာ ဓာတ်ပုံတစ်ပုံကို ချိတ်ဆွဲလိုသည့်အခါ သီးခြား ရေချိန်တိုင်းကိရိယာကို သုံးစရာမလိုပါဘူး။ Compass app ကို ဖွင့်ပြီး ဘယ်ဘက်ကို swipe ကာ ပြီးပြည်စုံသော ရေချိန်တိုင်း ကိရိယာအနေဖြင့် အသုံးပြုနိုင်သည်။

(၁၂) Select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်နိုင်ခြင်း

Settings > General > Accessibility > Speak Selection ကို ON ခြင်းဖြင့် စာသားများကို select လုပ်သည့်အခါ ပေါ်လာသည့် Speak ခလုတ်ကို နှိပ်ပြီး select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်စေနိုင်သည်။

(၁၃) Spacebar ကို နှစ်ချက်နှိပ်ပြီး ဝါကျအသစ်တစ်ကြောင်း စတင်ခြင်း

စာရေးသားရာတွင် ဝါကျအသစ်တစ်ကြောင်းဖြင့် စတင်လိုသည့်အခါ spacebar ကို နှိပ်ချက်နှိပ်ရုံဖြင့် ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်သည့်အခါ စာကြောင်းအဆုံးတွင် full stop တစ်ခုနှစ် space တစ်ခု အလိုအလျောက် ထည့်သွင်းပေးမည် ဖြစ်သည်။

(၁၄) Calendar app ကို အသေးစိတ် ကြည့်ရှုအသုံးပြုခြင်း

Calendar app ကို အသုံးပြုသည့်အခါ ဖုန်းကို landscape အနေအထားသို့ ပြောင်းလဲပြီး အသေးစိတ် ကြည့်ရှုနိုင်သည်။

(၁၅) ဓာတ်ပုံရိုက်ရာတွင် lock autofocus နှင့် exposure ဖြင့် အသုံးပြုခြင်း

ဓာတ်ပုံတစ်ပုံ ရိုက်ကူးသည့်အခါ iPhone ကင်မရာက focus နှင့် exposure ကို အမြဲချိန်ညှိပေးသည်။ သို့သော်လည်း screen ပေါ်တွင် အဝါရောင် စတုရန်းကို နှစ်ချက် မှိတ်တုတ်မှိတ် ပေါ်သည့်အထိ ဖိထားပြီး focus နှင့် exposure ကို lock ပြုလုပ်ထားနိုင်သည်။ Autofocus နှင့် exposure lock ဖြစ်သည့်အခါ AE/AF Lock ဆိုသည့် အဝါရောင် icon ပေါ်လာမည် ဖြစ်သည်။

(၁၆) Tap တစ်ချက်လုပ်ရုံဖြင့် web suffix များ ထည့်သွင်းခြင်း

Safari တွင် ဝက်ဘ်လိပ်စာတစ်ခု ရိုက်ထည့်သည့်အခါ keyboard အောက်ဘက်ရှိ “.” ကို ဖိထားပြီး ပေါ်လာသည့် web suffix များ (.com, .net, .edu စသည်များ) ကို ရွေးချယ်ထည့်သွင်းနိုင်သည်။

(၁၇) Email draft များကို အလျင်အမြန် အသုံးပြုခြင်း

Mail app တွင် screen ညာဘက် အောက်ထောင့်ရှိ Compose icon ကို ဖိထားပြီး အကြမ်းရေးထားသည့် email များကို အလျင်အမြန် အသုံးပြုနိုင်သည်။

(၁၈) တုန်ခါမှုကို စိတ်ကြိုက်ပြင်ဆင်ခြင်း

Settings > Sounds > Ringtone > Vibration > Create New Vibration လုပ်ပြီး သက်ဆိုင်ရာ contact များအတွက် vibration pattern ကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်။ ထိုသို့ vibration သတ်မှတ်ထားသည့်အခါ message သို့မဟုတ် ဖုန်းခေါ်ဆိုမှု ဝင်ရောက်လာသည့်အခါ တုန်ခါမှုအပေါ်မူတည်ပြီး contact ကို ခွဲခြားသိရှိနိုင်သည်။

(၁၉) Keyboard shortcut များ စိတ်ကြိုက်ဖန်တီးခြင်း

Settings > General > Keyboard > Shortcuts > Add New Shortcut ကိုသွားပြီး စကားလုံး တစ်လုံး သို့မဟုတ် စကားရပ်တစ်ခု ဖန်တီးပြီး သက်ဆိုင်ရာ shortcut ကို ဖန်တီးနိုင်သည်။ ထို့နောက် shortcut ကို ရိုက်လိုက်သည့်အခါ သက်ဆိုင်ရာ စကားလုံး သို့မဟုတ် စကားရပ်တစ်ခု ပေါ်လာမည်ဖြစ်သည်။ Emoji အတွက်လည်း shortcut များ ဖန်တီးနိုင်သည်။

(၂၀) Passcode တစ်ခုကို စာလုံးများဖြင့် ဖန်တီးခြင်း

Settings > General > Passcode Lock တွင် Simple Passcode ကို OFF လုပ်ပြီးနောက် passcode ကို စာလုံးများဖြင့် ဖန်တီးနိုင်သည်။ ထို့နောက်တွင် ဖုန်းကို unlock ပြုလုပ်ရာ၌ သတ်မှတ်ထားသည့် passcode စာလုံးများ ထည့်သွင်းရန် keyboard ပေါ်လာမည် ဖြစ်သည်။

(၂၁) သတိပေးချက်များကို LED flash ဖြင့် ဖော်ပြခြင်း

ဖုန်းခေါ်ဆိုမှု သို့မဟုတ် message တစ်စောင် ဝင်ရောက်လာသည့်အခါတွင် ဖုန်းမြည်သံ သို့မဟုတ် တုန်ခါမှုစနစ်ဖြင့် မဟုတ်ဘဲ LED flash ဖြင့် ဖော်ပြနိုင်သည်။ Settings > General > Accessibility တွင် “LED Flash for Alerts” ကို ON ပြီး အသုံးပြုနိုင်သည်။

refSakura Snow

Original link - https://www.facebook.com/profile.php?id=100006105285655&fref=photo


Read More »

Tuesday, May 19, 2015

စမတ်ဖုန်းနဲ့ ကွန်ပြူတာကို ချိတ်ဆက် အသုံးပြု နိုင်မယ့် Apps များ




သင့်ရဲ့ စမတ်ဖုန်းနဲ့ ကွန်ပြူတာ နှစ်ခု စလုံးဟာ စွမ်းဆောင် ရည်မြင့် အီလက်ထရောနစ် ပစ္စည်း များပါပဲ။ သူတို့ နှစ်ခုကို ချိတ်ဆက် အသုံးပြုနိုင်ရင် ပိုတောင်မှ စွမ်းဆောင်ရည် ကောင်းအုံး မှာပါ။ USB Cable နဲ့ ချိတ်ဆက် တာကို ပြောတာ မဟုတ်ပါဘူး။ သင့် ကွန်ပြူတာနဲ့ စမတ်ဖုန်းကို ချိတ်ဆက်ပြီး စွမ်းဆောင်ချက် များစွာ တိုးပွားပေးနိုင်တဲ့ Apps များစွာ ရှိပါတယ်။ အဲဒီ Apps များကို အသုံးပြုရင် ဖိုင်များ ပေးပို့ ရယူတာ၊ ဖုန်းမှ Notification များကို ကွန်ပြူတာမှာ ကြည့်နိုင်တာ၊ စမတ်ဖုန်းကို အသုံးပြုစရာ မလိုဘဲ ဖုန်း Message များကို ကွန်ပြူတာမှ ပေးပို့နိုင်တာ စတဲ့ စွမ်းရည်များ ရရှိနိုင်မှာပါ။

စွမ်းဆောင်ရည် မတူညီတဲ့ App သုံးခုကို ဒီဆောင်းပါးမှာ ဖော်ပြ ပေးမှာ ဖြစ်ပါတယ်။ App သုံးခုဟာ Android မှာ အသုံးပြုနိုင် ပေမယ့် အချို့ App များကို iPhone မှာလည်း အသုံးပြုနိုင် ပါတယ်။ iOS 8 အသုံးပြု သူများအနေဖြင့် စွမ်းဆောင်ချက် အသစ် တစ်ခုဖြစ်တဲ့ Handoff ကို အသုံးပြုခြင်းဖြင့် iPhone, iPad နဲ့ Mac များကို ချိတ်ဆက်နိုင်မှာ ဖြစ်ပြီး Mac ကနေ ဖုန်းခေါ်ဆို နိုင်သလို ဖုန်းမှာ ရေးထားတဲ့ အီးမေးကို iPad မှာ လက်စသတ်နိုင်မှာပါ။ ဒါ့အပြင် အခြား စွမ်းဆောင်ချက် အသစ်တွေလည်း iOS 8 မှာ ပါရှိ လာပါတယ်။

Pushbullet
Free, Android and iOS



Pushbullet ဟာ ပြီးခဲ့တဲ့ နှစ်မှာ များစွာ တိုးတက်လာပါတယ်။ လင့်များ၊ မှတ်စုများနဲ့ ဖိုင်များကို Device များကြားမှာ ပေးပို့နိုင်တဲ့ စွမ်းဆောင်ချက်များနဲ့ စတင်မိတ်ဆက်ခဲ့တဲ့ Pushbullet ဟာ အခုဆိုရင် သတင်းအချက်အလက်များ ပေးပို့ရယူနိုင်တဲ့၊ Android မှ Notification များကို ကွန်ပြူတာမှာ ပြသနိုင်တဲ့ စွမ်းဆောင်ရည်မြင့် Tool တစ်ခုဖြစ်လာပါပြီ။

မိုဘိုင်းဖုန်းများမှာ Pushbullet App ကို ထည့်သွင်းထားရမှာ ဖြစ်ပြီး ကွန်ပြူတာမှာတော့ Chrome နဲ့ Firefox တို့အတွက် Browser Extension များကို အင်စတော လုပ်ထားရမှာပါ။
အခမဲ့ အသုံးပြုနိုင်ပြီး မှတ်စုများ၊ လင့်များ၊ ဖိုင်များ၊ တည်နေရာများ၊ Checklist များကို ကွန်ပြူတာကနေ ဖုန်းသို့ ဒါမှမဟုတ် ဖုန်းကနေ ကွန်ပြူတာသို့ ပေးပို့နိုင်ပါတယ်။ Pushbullet ကို အသုံးပြုတဲ့ အခြားသူငယ်ချင်း တစ်ယောက်ထံသို့လည်း ပေးပို့နိုင်ပါတယ်။

ကျွန်တော် Pushbullet ကို အသုံးပြုရတဲ့ အဓိက ရည်ရွယ်ချက်က ဖုန်းမှ Notification များကို ကွန်ပြူတာမှာ ကြည့်နိုင်ဖို့ ဖြစ်ပါတယ်။ ဖုန်းဝင်လာရင် ကွန်ပြူတာက သိနိုင်တာက ကောင်းမွန်ပြီး ဖုန်းမှ Message များကိုလည်း ကွန်ပြူတာမှာ ဖတ်နိုင်ပါတယ်။ ကွန်ပြူတာမှာ ပြသမယ့် Notification များအတွက် ဖုန်းမှ Apps များကို ရွေးချယ်သတ်မှတ်နိုင်ပါတယ်။ အနားယူချိန်မှာ ကွန်ပြူတာမှာ အချက်ပြမှုများကို မပြသပေးအောင် ပိတ်ထားနိုင်ပါတယ်။ iPhone App မှာတော့ ဒီစွမ်းဆောင်ချက် မပါတာကို သတိပြုပါ။

အားသာချက်။ ။ Set Up လုပ်ရတာ လွယ်ကူပြီး ဖိုင်များ ၊ သတင်းအချက်အလက်များ ပေးပို့ရတာ ရိုးရှင်းပါတယ်။
အားနည်းချက်။ ။ App ရဲ့ ဒီဇိုင်းက အစပိုင်းမှာ ရှုပ်ထွေးတတ်ပါတယ်။

Moaxis
Free, Android and iOS



Pushbullet လိုပဲ Moaxis က သင့်ဖုန်းနဲ့ ကွန်ပြူတာကို ချိတ်ဆက်ပေးပြီး ဖုန်းမှ Notification များကို ကွန်ပြူတာမှာ ပြသပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း Moaxis ရဲ့ အဓိက ရည်ရွယ်ချက်က ဖုန်း Message များကို Windows, Mac, Chrome Apps များကနေ ပေးပို့နိုင်ဖို့ ဖြစ်ပါတယ်။

Moaxis ကို ဖုန်းမှာ အင်စတော လုပ်ပြီးရင် သင့်ကွန်ပြူတာကို Add လုပ်ပြီး Set Up လုပ်ရပါတယ်။ တစ်နည်းအားဖြင့် Sync လုပ်နိုင်ဖို့ပါ။ Set Up လုပ်ပြီးရင် App ကို ထပ်ဖွင့်စရာ မလိုတော့ပါဘူး။ Desktop App ကနေ Message များပေးပို့နိုင်ပြီး ဖုန်းရဲ့ Address Book ကိုလည်း ကြည့်ရှုနိုင်ပါတယ်။ ဖုန်းမှ SMS Conversation များကို ကွန်ပြူတာမှာ ပြသပေးနိုင်ပြီး ဆက်လက် စကားပြောနိုင်ပါတယ်။ အားနည်းချက်က Address Book ကို ကြည့်နိုင်ပေမယ့် Edit ပြုလုပ်လို့ မရတာ ဖြစ်ပါတယ်။

အားသာချက်။ ။ ကွန်ပြူတာကနေ ဖုန်း Message များကို လွယ်ကူစွာ ပေးပို့ ရယူနိုင်ပါတယ်။
အားနည်းချက်။ ။ Set Up လုပ်ရတာ ရှုပ်ထွေးပြီး Address Book ကို ကွန်ပြူတာကနေ Edit မလုပ်နိုင်ပါဘူး။

Airdroid
Free, Android Only



Airdroid ထွက်ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ သင့်ကွန်ပြူတာနဲ့ ဖုန်းကို Sync လုပ်ဖို့ နာမည်ကြီး ရွေးချယ်စရာ တစ်ခုအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ Airdroid ဟာ ဖိုင်များကို ကြိုးမဲ့ ဆက်သွယ်မှုဖြင့် ပေးပို့နိုင်တာ၊ ကွန်ပြူတာမှာ ဖုန်းမှ Notification များကို ကြည့်နိုင်တာနဲ့ ကွန်ပြူတာကနေ ဖုန်း Message များကို ပေးပို့နိုင်တာ အပြင် စွမ်းဆောင်ချက်များစွာ ပါရှိပါတယ်။

Airdroid က သင့်ဖုန်းကို ကွန်ပြူတာကနေ Manage ပြုလုပ်ဖို့ အဓိက ပံ့ပိုးပေးထားပြီး Call Logs နဲ့ Clipboard များကို ကွန်ပြူတာကနေ ကြည့်နိုင်တာကနေ၊ Apps များကို ကွန်ပြူတာကနေ အင်စတော လုပ်ဖို့နဲ့ ဖုန်းရဲ့ Screenshot ကို ကွန်ပြူတာကနေ ရိုက်ဖို့ အထိ ပြုလုပ်နိုင်ပါတယ်။ ဖုန်း Message များကို ကွန်ပြူတာကနေ ပေးပို့ရာမှာတော့ အလုပ်ကောင်းကောင်း မလုပ်နိုင်တာ တွေ့ရပါတယ်။ အခြား Tools အားလုံးက အလုပ်ကောင်းကောင်း လုပ်ပါတယ်။ ဖုန်းနဲ့ Apps များကို စီမံခန့်ခွဲဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

အားသာချက်။ ။ Airdroid ကို ဘရောက်စာကနေ အသုံးပြုနိုင်တဲ့ အတွက် ကွန်ပြူတာတိုင်းမှာ အသုံးပြုနိုင်ပါတယ်။
အားနည်းချက်။ ။ အသုံးပြုတိုင်း ဖုန်းနဲ့ Airdroid ကို ပြန်လည် ချိတ်ဆက်ပေးရတာပါ။

Original link - http://www.myanmardigitallife.com/

Read More »

Thursday, May 14, 2015

Key Specs Comparison Phone Samsung Galaxy S6 Vs LG G4




Samsung ရဲ့ ပလတ်စတစ် ကိုယ်ထည်ကို ကျောခိုင်း နိုင်ပြီး ဖုန်းရဲ့မျက်နှာပြင်နဲ့ ကျောဘက်ကို အကြမ်း ခံနိုင် ဖို့ Gorilla Glass 4 နဲ့ ဖွဲ့စည်းပေး ထားကာ ဘေးဘောင် တွေကို သတ္တုနဲ့ တည်ဆောက် ထားတာ ဖြစ်ပါတယ်။ ဖန်သားနဲ့ သတ္တုကြား အလွှာဟာ အလွန် သေးငယ်ပြီး ခြုံငုံကြည့် ရင်တော့ အမိုက်စား စမတ်ဖုန်းလို့ သတ်မှတ်နိုင် ပါတယ်။

Samsung Galaxy S6 ရဲ့ 16MP အရည် အသွေးရှိ အဓိက ကင်မရာရဲ့ ပုံစံဟာ ဖုန်းရဲ့ကျောဘက်မှာ အနည်းငယ် ထွက်နေ တာဖြစ်ပြီး S5 ထက်ပိုကောင်းတဲ့ Lens ကိုလည်း အသုံးပြု ထားပါတယ်။ ရှေ့ဘက်မှာတော့ wide-angle selfies တွေရိုက်နိုင်တဲ့ 5 MP ကင်မရာကို အလင်းရောင်နည်းတဲ့နေရာတွေမှာ ကောင်းကောင်းရိုက်နိုင်ပါတယ်။

LG G4 ရဲ့ ရှေ့ဘက်ကင်မရာက 8MP ဖြစ်ပြီး Full HD ဗီဒီယို တွေကို 30fps နဲ့ ရိုက်ကူးပေးနိုင်ပါတယ်။ အဓိက ကင်မရာဟာ S6 အတိုင်း 16MP ပါရှိပါတယ်။ Galaxy S6 နဲ့ LG G4 အတွက် Android OS 5.1 (Lollipop) ကို သက်ဆိုင်ရာ UI အသီးသီးရဲ့ကောင်းမွန်မှုနဲ့ တွဲဖက်အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။ S6 မှာ ဖြုတ် / တပ်လို့မရတဲ့ Li-ion 2550mAh ဘက်ထရီတပ်ဆင်ပေးထားပြီး G4 မှာ Li-Ion 3000mAh ဘက်ထရီ သုံးစွဲထားပါတယ်။

===> Design
အလူမီနီယမ်သတ္တုစပ် ဘေးဘောင်နဲ့ ဖုန်းရဲ့ရှေ့မျက်နှာပြင် အပါအ၀င် ကျောဘက်နှဏ်ခုစလုံးကို Gorilla Glass 4 နဲ့ ကာကွယ်ဖုံးအုပ်ထားတဲ့ Galaxy S6 မှာ ပုံမှန်သုံးနေကျ ပလတ်စတစ်ကိုယ်ထည်ကနေ သတ္တုကို ပြောင်းလဲဖွဲ့စည်းပေးထားပါတယ်။

LG G4 ရဲ့ကိုယ်ထည်ဟာ အနည်းငယ်ခုံးနေပြီး ကျောဘက်ကို ကြာရှည်အသုံးခံတဲ့ သားရေနဲ့ အပြစ်အနာအဆာမရှိအောင် ဖွဲစည်းထားတဲ့ ဒီဇိုင်းမျိုးပါ။ သတ္တုနဲ့ ကိုယ်ထည်ကို တည်ဆောက်ထားတာကြောင့် လက်ထဲမှာ သက်သောင့်သက်သာ သုံးစွဲနိုင်ပါတယ်။



===> Processor
Samsung Galaxy S6 မှာ Qualcomm ရဲ့ Snapdragon 810 Chipset အစား ကိုယ်ပိုင်ဖြစ်တဲ့ Exynos 7420 octa-core processor ကို အသုံးပြုဖို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားပြီး RAM 3GB နဲ့ ဂရပ်ဖစ် Mail-T760 MP8 ပါဝင်ပါတယ်။

LG G4 အတွက် Core 6 ခုပါဝင်တဲ့ Qualcomm Snapdragon 808 processor ကို သုံးပေးထားပြီး 3GB RAM ပါရှိပါတယ်။ G Flex 2 ထက်နိမ့်တဲ့ processor ကို တပ်ဆင်ပေးထားပေမယ့်လည်း G4 အတွက် 808chip ဟာ ပိုပြီး သင့်တောင်တယ်လို့ LG ကပြောကြားသွားပါတယ်။

===> Display
Samsung Galaxy S6 မှာ 5.1 လက်မအရွယ် display ကို Super AMOLED Capacitive touchscreen သုံးထားပါတယ်။ 577ppi ထိ ပါဝင်တဲ့ pixel သိပ်သည်းဆကြောင့် ကြည့်ရတာ ကြည်လင်ပြတ်သားစေပါတယ်။ ရုပ်ထွက်အရည်အသွေး 1440x2560 pixels ဖြစ်ပါတယ်။
LG G4 ဟာ 5.5လက်မအရွယ် display ဖြစ်ပြီး pixels သိပ်သည်းဆ 538 ppi ရှိတဲ့ IPS LCD အမျိုးအစားဖြစ်ပါတယ်။ G4 ရဲ့ IPS Quantum display ဟာ အရင် QHD Display ထက် ၂၅ ဆ ပိုမိုကြည်လင်တောက်ပမှုရှိပြီး Gorilla Glass 3 နဲ့ မျက်နှာပြင်ကို ကာကွယ်ပေးထားပါတယ်။

===> Verdict
Samsung Galaxy S6 မှာ တစ်မူထူးခြားစွာ တွေ့ရတဲ့ သွေးခုန်နှုန်း တိုင်းတာနိုင်တဲ့ app ပါဝင်မှာဖြစ်ပြီး သုံးစွဲရလွယ်ကူအောင် ပြုလုပ်ပေးထားပါတယ်။ လုံခြုံမှု အပြည့်အ၀ပေးနိုင်တဲ့ လက်ဗွေရာ ဖတ်နိုင်တဲ့ စနစ်ကိုလည်း Galaxy S6 မှာ တိုးတက်ကောင်းမွန်လာတာတွေ့နိုင်ပါတယ်။

LG G4 မှာ ပါဝင်တဲ့ display, design နဲ့ ကင်မရာရဲ့ ကောင်းမွန်မှုတို့က G4 ကိုရွေးချယ်သင့်၊ မသင့်ကို စဉ်းစားဆုံးဖြတ်ပေးနိုင်ပါလိမ့်မယ်။ LG ရဲ့ နောက်ထပ်အောင်မြင်မှုတစ်ခုအနေနဲပ ထင်ရှားကျော်ကြားမယ့် G4 ကို အကောင်းဆုံးပြင်ဆင်တင်ဆက်ပေးထားမို့ လက်မလွတ်သင့်တဲ့ စမတ်ဖုန်းစာရင်းမှာ ပါဝင်နေ ပါတယ်။

Credit : Net Guide Journal
https://www.facebook.com/netguidemyanmar

Read More »

Wednesday, April 22, 2015

ဖုန်း Power စဖွင့် တာနဲ့ အဆင့်ဆင့် ဘယ်လို အလုပ် လုပ်သလဲ ?




ပထမအဆင့်
Power စဖွင့် တာနဲ့ ROM ထဲမှာ ရှိတဲ့ Boot ROM Code က စပြီး အလုပ် လုပ်ပါတယ်၊ Boot ROM Code လုပ်တဲ့ အလုပ်က Bootlaoder ကို RAM ထဲကို ၀န်တင်တယ်၊ RAM ထဲ ရောက်တဲ့ Bootloader စတင် အလုပ် လုပ်တယ်၊

ဒုတိယ အဆင့်
Bootloader ဆိုတာ Software Program သေးသေးလေးပါ၊ သူ့ထဲမှာ ကုတ်တွေရေးထားတယ်၊ အဲ့ဒီ့ကုတ်တွေက Bootloader လုပ်မယ့် အလုပ်ဖြစ်တဲ့ ညွန်ကြားချက်တွေပါ၊ Bootloader စတင်အလုပ်လုပ်တဲ့ အခါမှာ အဆင့် နှစ်ဆင့် နဲ့ အလုပ်လုပ်ပါတယ်၊ ပထမအဆင့်က Network, Memory တို့လို လိုအပ်သမျှ Program တွေ အားလုံးကို External RAM ထဲကို ၀န်တင်ပါတယ်၊ ဒုတိယ အဆင့်မှာတော့ Kernel စတင် အလုပ်လုပ်ဖို့လိုအပ်တဲ့ Network နဲ့ Memory တို့ကို စတင်စေပါတယ်၊ ဒီဆင့်ကဲဖြစ်စဉ်နှစ်ခုကို ဖြစ်ပေါ်စေတာက init.S ဆိုတဲ့ Stack တွေခွဲခြားတဲ့ဖိုင်ပါ၊ သူက Stacks တွေကို ခွဲထုတ်ပီး BSS Segments တွေကို 0 ကနေစတင်စေတယ်၊ ပီးတော့ main.c ဖိုင်ထဲက _main() funciton ကိုခေါ်တယ်၊ _main() Function က Hardware အစိတ်အပိုင်းတွေဖြစ်တဲ့ Clock,borad,keyboard,console တို့ကို စတင်တယ် အဓိက ဖြစ်တဲ့ Linux Tag ကိုဖန်တီးတယ်၊ Linux Tag က linux kernel image ကို RAM ပေါ်မှာ ၀င်တင်ပီးတော့ စတင်အလုပ်လုပ်စေတယ်၊

တတိယအဆင့်
Kenel စတင်အလုပ်လုပ်ပီဆိုတာနဲ့ System စတင်တဲ့အလုပ်တွေဖြစ်တဲ့ cache, protected memory, scheduling နဲ့ Drivers ၀င်တင်ခြင်းတွေကိုစလုပ်တယ်၊ ပီးရင် System File ထဲက 'init' ဖိုင်ကိုရှာပီး System စတင်ဖို့အတွက် root process ကိုစတင်တယ်၊

စတုထ္ထအဆင့်
init process က System process အားလုံးရဲ့ မိခင်ပါပဲ သူက အားလုံးရဲ့ အရင် စလို့ပါ၊ init process က အလုပ်နှစ်ခုကိုလုပ်ပါတယ်၊ ၁. /sys, /dev, /proc တို့ကို စတင်ခြင်း၊ ၂. init.rc file ကိုစ Run စေခြင်းပါ၊

init process ကို init ရဲ့: android source/system/core/init မှာရှာတွေ့နိုင်ပါတယ်၊
init.rc ကို android source/system/core/rootdir/init.rc မှာရှာတွေ့နိုင်ပါတယ်၊
readme.txt ကို andorid source/system/core/init/readme.txt

init ဖိုင် အလုပ်စလုပ်မယ်၊ လုပ်တဲ့ အလုပ်တွေနဲ့ services တွေက အများကြီးပါပဲ၊

init နဲ့ oom_adj တို့ကို နေရာချခြင်း. the init process အတွက် security context ကို နေရာချခြင်း
Global environment Setting ချတယ်၊ cpu အတွက် cgroup ကိုတည်ဆောက်ပီးအလုပ်လုပ်စေတယ်
mtd အပိုင်းကို စတင်တယ်၊
System directories ရဲ့ permissions ကို ပြောင်းတယ်
data folders နဲ့ sub folders တွေရဲ့ Permission ကိုပြောင်းတယ်၊
Network ကိုစတင်တယ်၊ ,Memory Management စလုပ်တယ်၊
location, audio နဲ့ စိတ်ကြိုက် Share လုပ်မယ့် ၀န်ဆောင်မှူတွေကို စီစဉ်ဖို့အတွက် System Manager ကိုစတင်တယ်၊
zygote ကို app_process တစ်ခုအနေနဲ့ စတင်ပါပီ၊ ဒီအဆင့်မှာတော့ Android Logo ကို ဖုန်းမျက်နှာပြင်မှာ စတင်မြင်တွေ့ရပါပီ၊

ပဉ္စမအဆင့်
Zygote နဲ့ Dalvik Java မှာ Virtual Machine ရဲ့ Instance တစ်ခုစီက Applications တစ်ခုစီအတွက် Memory မှာ နေရာယူထားပါတယ်၊ အကယ်၍ Virtual Machine ထဲက Instance တွေအများ ကြီးရှိနေခဲ့မယ်ဆိုရင် Instance တစ်ခုစီအတွက် memory မှာ နေရာတွေအများကြီးပေးရမှာဖြစ်တဲ့ အတွက် အချိန်နဲ့ memory နေရာ အတော်များများကို ယူသွားပါလိမ့်မယ်၊ ဒီပြသနာကိုရှင်းဖို့အတွက် Zygote က ကူညီပေးပါတယ်၊

Zygote က Shared Code တွေကို Dalvik VM က တစ်ဆင့် အသုံးပြုနိုင်အောင်စီစဉ်ပေးပါတယ်၊ ဒီ့အတွက်ကြောင့် Memory အသုံးပြုမူ နည်းသွားပီး Application Run မယ့် အချိန်ကိုလဲ ချုံ့ပေးသွားပါတယ်၊ Zygote က Core library ကို ကို System Boot စတင်ကတည်းက ၀န်တင်ထားပါတယ်၊ Core Classes က Read-Only ဖြစ်ပီး Android Software Development Kid ရဲ့ အစိတ်အပိုင်းတစ်ခုသာလျှင်ဖြစ်ပါတယ်၊ Java Virtual Machine ထဲက instance တစ်ခုစီမှာ ကိုယ်ပိုင် Cole Library Class File တွေရှိပီး Objects တွေလဲ အများကြီးပါဝင်ပါတယ်၊

Zygote အလုပ်စတင်ပီဆိုတာနဲ့ ZygoteInit class ကိုဝင်တင်တယ်၊
Zygote Class ကို အောက်က လင့်မှာ ရှာနိုင်ပါတယ်၊
Android Source/frameworks/base/core/java/com/android/internal/os/ZygoteInit.java

Zygote Class တွေရဲ့ အလုပ်လုပ်မှုများ
registerZygoteSocket() - server socket မှာ Zygote Command Connection အတွက် Registers လုပ်တယ်၊
preloadClasses() - ကြိုတင်ဝန်တင်ဖို့လိုအပ်တဲ့ Classes တွေအားလုံးကို စာရင်းလုပ်ထားတဲ့ text File ကို တင် အလုပ်လုပ်စေတယ်၊
“preloaded-classes” ဖိုင်ကို /frameworks/base မှာရှာနိုင်ပါတယ်၊
preloadResources() - preloadReaources ဆိုတာကတော့ native themes and layouts, နဲ့ androd.R ဖိုင်မှာပါသမျှ Methods တွေကို ၀န်တင်ခြင်းပါ၊
ဒီအဆင့်မှာတော့ bootanimation ကိုစတင်မြင်နိုင်ပါပီ၊

ဆဋ္ဌမ အဆင့်
System Service or Services
အထက်က အဆင့်တွေအားလုံပီးသွားတော့ runtime က Zygote ကို System Servers ကိုစတင်ဖို့ လှမ်းပြောမယ်၊ System Servers ကို Assembler နဲ့ Java ကုတ်တွေ သုံးပီးရေးပါတယ်၊ System Server မှာ System Service တွေ အားလုံးပါပါတယ်၊ Zygote က မူရင်းလုပ်နေတဲ့ အလုပ်တွေအမြင် အခြား အလုပ်တစ်ခုအဖြစ် System Services ကိုစတင် ဖို့အတွက် startSystemServer Method ကိုခေါ်တယ်၊ startSystemServer မှာ အောက်ပါ အလုပ်တွေပါဝင်တယ်၊

1. Power Manager စတင်ခြင်း
2. Activity Manager ဖန်တီးခြင်း
3. Telephony Registry စတင်ခြင်း
4. Package Manager စတင်ခြင်း
5. System Process အဖြစ် Activity Manager Service နေရာချခြင်း
6. Context Manager စတင်ခြင်း
7. System Context Providers စတင်ခြင်း
8. Battery Service စတင်ခြင်း
9. Alarm Manager စတင်ခြင်း
10. Sensor Service စတင်ခြင်း
11. Window Manager စတင်ခြင်း
12. Bluetooth Service စတင်ခြင်း
13. Mount Service စတင်ခြင်း

အခြား ၀န်ဆောင်မှုများ

1. Status Bar Service စတင်ခြင်း
2. Hardware Service စတင်ခြင်း
3. NetStat Service စတင်ခြင်း
4. Connectivity Service စတင်ခြင်း
5. Notification Manager စတင်ခြင်း
6. DeviceStorageMonitor Service စတင်ခြင်း
7. Location Manager စတင်ခြင်း
8. Search Service စတင်ခြင်း
9. Clipboard Service စတင်ခြင်း
10. Service များစစ်ဆေးခြင်း
11. Wallpaper Service စတင်ခြင်း
12. Audio Service စတင်ခြင်း
13. HeadsetObserver စတင်ခြင်း
14. AdbSettingsObserver စတင်ခြင်း

သတ္တမဆင့်

Memory ထဲမှာ System Services စတင် အလုပ်လုပ်ပီဆိုရင်တော့ Booting process ပီးဆုံးသွားပါပီ၊ ACTION_BOOT_COMPLETED ဖြစ်တဲ့ အတွက် Broadcase Action စတင်ပါပီ၊

ဒီမှာရှင်းပြထားတာ တွေက နားမလည်မှူတွေ ရှိနေနိုင်ပါတယ်၊ ဒီ့အတွက် ကျွန်တော်တို့ နေ့စဉ် ကဏ္ဍ တစ်ခုစီအနေနဲ့ အရှင်းဆုံးပုံနဲ့ ပြန်ရှင်းပြသွားမှာပါ၊ System File Pratition နဲ့ ပက်သက်သမျှ ကို ရှင်းရာမှာ အထက်က Boot Process မှာပါတဲ့ အချက်တွေပြန်ပါလာမှာဖြစ်သလို အားလုံးကို တစ်ခုစီပြန်ရှင်းပြမှာဖြစ်တဲ့ အတွက် လက်တလော မရှင်းတာရှိရင် စိတ်မပျက်ပဲ နောက်ရက်တွေ တစ်ခုစီရှင်းပြတာကိုလာဖတ်စေချင်ပါတယ်ခင်ဗျာ၊

အမှားပါတာတွေ့ရင် brightermyanmar@gmail.com ကို စာပို့ပြီး အကြောင်း ကြားနိုင်ပါတယ်၊

ဒီpost ကို pdf ဖိုင်အနေနဲ့ ဒေါင်းယူချင်ရင် အောက်က လင့်မှာ ဒေါင်းယူနိုင် ပါတယ်ခင်ဗျာ။

http://goo.gl/KphWI7

Post by Mobile it News
Sharing by AungKhuntZaw

http://androidstudiopathein.blogspot.com

Read More »

Wednesday, April 08, 2015

သင့်ရဲ့ စမတ်ဖုန်းကို ရေစို ပျက်ဆီးခြင်းမှ ကာကွယ်နိုင်မယ့် နည်းလမ်းများ




မကြာမီမှာ သင်္ကြန် ကာလကို ရောက်ရှိ တော့မှာ ဖြစ်တဲ့ အတွက် စမတ်ဖုန်း တွေကို ရေစို ပျက်ဆီးမှု မရှိအောင် ကာကွယ် နိုင်ဖို့ အရေးကြီး ပါတယ်။ ဖုန်း ထုတ်လုပ် သူတွေက တန်ဖိုးကြီး စွမ်းဆောင် ရည်မြင့် စမတ်ဖုန်း အနည်းငယ် ကိုသာ ရေစို ခံနိုင်အောင် ပြုလုပ်ပေး ထားကြ တာပါ။ အဲဒီ အတွက် ရေစိုခံခြင်း မရှိတဲ့ စမတ်ဖုန်ုး ပိုင်ရှင် အများစု အတွက် စမတ်ဖုန်း ရေစို ပျက်ဆီးခြင်း မရှိအောင် ကာကွယ်နိုင်မယ့် နည်းလမ်းတွေ ကို ဖော်ပြပေး လိုက်ပါတယ်။

၁။ သင့်ရဲ့စမတ်ဖုန်းကို ရေစို ခံတဲ့ Waterproof Case ထဲကို ထည့်ပြီး အသုံးပြုပါ။ အဲဒီ ရေစိုခံ Case တွေကလည်း တန်ဖိုးကြီး စွမ်းဆောင် ရည်မြင့် စမတ်ဖုန်းတွေ အတွက်သာ ထုတ် လုပ်ပေးတာ ဖြစ်လို့ ဖုန်း အများစု အတွက်တော့ ၀ယ်ယူလို့ မရနိုင် တာကို မှတ်သားပါ။

၂။ သင်္ကြန် ကာလမှာတော့ ဖုန်းတွေ ရေစို ပျက်ဆီးမှု မရှိအောင် ဇစ်ပါတဲ့ ပလတ်စတစ် အိတ် အကြည်လေး တွေကို ရောင်းချ ပေးလေ့ ရှိပါတယ်။ တစ်ခု သတိပြု ရမှာက အဲဒီအိတ် ကလေး တွေက ဖုန်းကို ရေ မစိုအောင် အတန် အသင့် ကာကွယ်ပေး နိုင်ပေမယ့် အိတ်ကို ရေထဲနှစ် ရင်တော့ ရေမလုံ ပါဘူး။

၃။ သင့်ရဲ့ ဖုန်းကို ရေချိုးခန်းထဲ ယူဆောင် အသုံးပြုခြင်းကို မပြုလုပ်သင့်ပါဘူး။

၎။ အသုံးပြုခြင်းမရှိတဲ့ အချိန်မှာ ဖုန်းကို ရေနဲ့ ဝေးပြီး ခြောက်သွေ့တဲ့ နေရာများမှာ ထားရှိသင့်ပါတယ်။

၅။ ရေစိုနေတဲ့ လက်နဲ့ ဖုန်းကို မကိုင်ခင်မှာ သင့်လက်ကို ရေခြောက်အောင် အရင်ဆုံး ပြုလုပ်သင့်ပါတယ်။

၆။ မိုးရေ ထဲမှာ သင့်ဖုန်းကို အသုံးပြု မယ်ဆိုရင် ထီးနဲ့ ကာကွယ် ထားသင့် ပါတယ်။ ဒါမှ မဟုတ် ရေစိုခံတဲ့ မိုးကာ အင်္ကျီ အိတ်ကပ် ထဲထည့်ပြီး Headset နဲ့ ချိတ်ဆက် အသုံးပြုပါ။

၇။ လေ့ကျင့်ခန်း ပြုလုပ် နေစဉ်မှာ ဖုန်းကို အသုံးပြုချင်ရင် လက်မှ ချွေးတွေကို အရင်ဆုံး သုတ်ပစ်ပါ။

၈။ စမတ်ဖုန်း မျက်နှာပြင်ကို ရေစက် ကလေးတွေ ထိတွေ့ သွားရင်တော့ ခြောက်သွေ့နူးညံ့တဲ့ အ၀တ်စနဲ့ သုတ်ပေးပါ။

Myanmar Digital Life Journal
https://www.facebook.com/MyanmarDigitalLife

Read More »

စမတ်ဖုန်း များက သင့်ရဲ့ Voice Command ကို အချိန်ပြည့် နားထောင်စေမယ့် နည်းများ




Google က Android Phone များမှာ Google Now နဲ့ Apple က iPhone များမှာ Siri ဆိုတဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေး လက်ထောက် တွေကို ထည့်သွင်း ပေးထား ကြပါတယ်။ အဲဒီ ကိုယ်ရေး လက်ထောက် တွေကို အသံနဲ့ အမိန့်ပေး ခိုင်းစေနိုင် ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်း မှာတော့ သတ်မှတ် ထားတဲ့ ခလုတ်ကို နှိပ်ပြီးမှ ကိုယ်ရေး လက်ထောက် တွေကို Activate လုပ်ပြီး ခိုင်းစေနိုင် တာပါ။

စမတ်ဖုန်းကို လက်နဲ့ ကိုင်စရာ မလိုဘဲနဲ့ အသံနဲ့ အမိန့်ပေး ခိုင်းစေနိုင် ရင်တော့ အဆင်ပြေစေမှာပါ။ ဥပမာ အားဖြင့် ဖုန်းကို အိပ်ယာ ဘေးမှ စားပွဲခုံ ပေါ်မှာ ချထားတဲ့ အချိန်မှာ အိပ်ယာထဲ ကနေပဲ ပိုင်ရှင်က “ What time is it” လို့ မေး လိုက်တာနဲ့ ကိုယ်ရေး လက်ထောက်က အဖြေပေးမှာ ဖြစ်ပါတယ်။

iPhone and iPad
iPhone နဲ့ iPad တွေက သင့်ရဲ့ အသံအမိန့်ကို အမြဲတမ်းနားထောင်နိုင်တဲ့ စွမ်းရည် မရှိကြပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ Apple Device တွေမှာ စွမ်းအင် အနည်းငယ်သာ အသုံးပြုတဲ့ Audio Processing Chip မပါရှိလို့ပါပဲ။

ဒါပေမယ့် iPhone, iPad တွေကို အားသွင်းနေစဉ်မှာတော့ အသံနဲ့ အမိန့်ပေးခိုင်းစေနိုင်ပါတယ်။ ဒီစွမ်းဆောင်ချက်ကို Activate လုပ်ဖို့ Settings App ထဲမှ General ကို နှိပ်ပါ။ Siri ကို နှိပ်ပြီး Allow “ Hey Siri” ကို ဖွင့်ပါ။



ဒါဆိုရင် iPhone, iPad ကို အားသွင်းနေစဉ်မှာ “ Hey Siri” လို့ ပြောလိုက်တာနဲ့ Siri ကို စတင်ခိုင်းစေနိုင်ပါပြီ။ အဲဒီအတွက် ခလုတ်တစ်ခုမှ နှိပ်စရာမလိုတော့ပါဘူး။ “ Hey Siri” လို့ ပြောပြီးတာနဲ့ ရပ်နားစရာမလိုဘဲ အသံအမိန့်ကို ဆက်လက်ပြောဆိုနိုင်ပါတယ်။



Android
Android 5.0 Lollipop နဲ့ 4.4 KitKat တို့မှာ Screen ဟာ Off ဖြစ်နေရင်တောင် “ OK Google” လို့ ပြောလိုက်တာနဲ့ Google Now ကို စတင်ခိုင်းစေနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ ဖုန်းဟာ ဒီစွမ်းဆောင်ချက်ကို အထောက်အပံ့ပေးနိုင်တဲ့ Hardware လိုအပ်ပါတယ်။ သင့်ဖုန်းမှာ အဲဒီ Hardware မပါရင်လည်း Screen ဟာ On ဖြစ်နေရင် သို့မဟုတ် အားသွင်းနေရင် “ OK Google “ လို့ ပြောပြီး Google Now ကို စတင်ခိုင်းစေနိုင်ပါတယ်။

ဒီစွမ်းဆောင်ချက်ကို ဖွင့်ဖို့အတွက် Google App ကိုဖွင့်ပါ။ Menu ကိုနှိပ်ပြီး Settings ထဲသွားပါ။ Voice ကိုနှိပ်ပြီး “ OK Google “ detection ကို နှိပ်ပါ။



Default အားဖြင့်တော့ “From the Google app” ကိုပဲ Enable လုပ်ထားတဲ့အတွက် Google App ကိုဖွင့်ထားမှသာ “ OK Google” လို့ပြောပြီး Google Now ကို Activate လုပ်နိုင်တာပါ။ Screen ဟာ On နေတဲ့အချိန်နဲ့ အားသွင်းနေစဉ်မှာပါ Google Now ကို အသံနဲ့ Activate လုပ်ချင်ရင် “From any screen” မှာ Enable လုပ်ပေးပါ။ ဒီလိုပြုလုပ်ခြင်းအားဖြင့် Screen ဟာ On ဖြစ်နေတဲ့အချိန်၊ အခြား App တစ်ခုကို အသုံးပြုနေတဲ့အချိန်နဲ့ အားသွင်းနေတဲ့အချိန်များမှာ “ OK Google” လို့ ပြောလိုက်တာနဲ့ Google Now ကို Activate လုပ်နိုင်ပါပြီ။ အချို့ဖုန်းတွေမှာ ဆိုရင်တော့ “ Always On” ကို ရွေးချယ်နိုင်တဲ့အတွက် Screen ဟာ Off ဖြစ်နေရင်တောင် “ OK Google” command က အလုပ်ဖြစ်ပါတယ်။



Google နဲ့ Apple က သူတို့ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်တွေကို စွမ်းဆောင်ရည်များပြားအောင် အမြဲ တီထွင်နေကြပါတယ်။ Windows 10 မှာဆိုရင် Microsoft ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Cortana ကိုထည့်သွင်းပေးမယ်လို့ Microsoft က ကြေညာထားပါတယ်။ မိုဘိုင်းဖုန်းတွေကတော့ လူတွေ အမြဲတစ်စေ ကိုယ်နဲ့မကွာ ယူဆောင်သွားနေကြတဲ့ ကိရိယာတွေ ဖြစ်တဲ့အတွက် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ဟာ မိုဘိုင်းဖုန်းတွေအတွက် ပိုမို အသုံးဝင်မှာ ဖြစ်ပါတယ်။

Myanmar Digital Life Journal
https://www.facebook.com/MyanmarDigitalLife


Read More »